Saturday, January 25, 2014

ကမ္ဘာ့ရွှေနှင့် ငွေကြေးဈေးအတက်အကျခန့်မှန်း နည်းစနစ်သင်တန်းပြီးပါက အရောင်းအဝယ်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်မှန်ကန်စွာချနိုင်မည် ဟုဆို

Photo: ကမ္ဘာ့ရွှေနှင့် ငွေကြေးဈေးအတက်အကျခန့်မှန်း နည်းစနစ်သင်တန်းပြီးပါက အရောင်းအဝယ်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်မှန်ကန်စွာချနိုင်မည် ဟုဆို
Saturday, January 25, 2014

ကမ္ဘာ့ရွှေနှင့် ငွေကြေးဈေး အတက်အကျခန့်မှန်းနည်းစနစ် သင်တန်းတက်ပါက အရောင်း အဝယ်နှင့်ပတ်သက်သော ဆုံးဖြတ် ချက် မှန်မှန်ကန်ကန်ချနိုင်မည်ဖြစ် ကြောင်း လန်ဒန်မှငွေကြေးဈေးကွက် ခန့်မှန်းပညာရှင်ဦးအောင်သိန်းထွန်း ကပြောသည်။ 

ထိုသင်တန်းတွင် ဒီဇိုင်းဆွဲထား ပေးသည်မှာ အပြည်ပြည်ဆိုင်ရာ Financial မားကက်တွင် ဈေးကွက် များဘယ်ကိုသွားမည်ဆိုသည်ကို ခန့်မှန်းပြီးသုံးလို့ရကြောင်း၊ သင် ကြားမည့်စနစ်များမှာ စနစ်တကျ လေ့လာထားသော ဘာသာရပ်များ ဖြစ်ပြီး ထိုစနစ်များကို ပြည်ပက သာကျင့်သုံးကြောင်း၊ ပြည်ပတွင် ရှိသောရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင့် ပတ်သက်သော အဖွဲ့အစည်းများက လည်း ၄င်းစနစ်ကိုသုံးပြီး ယင်းနည်း စနစ်များကို ပြည်တွင်းတွင်သုံးခြင်း အားဖြင့် ဘက်မှန်သည့်နေရာတွင် နေနိုင်ပြီး အခြားသူများ၏ မှန်းဆ ချက်များကို အားကိုးစရာမလိုဘဲ ကိုယ်တိုင် ဝင်ရောက်ခန့်မှန်းကြည့် ၍ရကြောင်း ၄င်းကပြောသည်။

''ကျွန်တော်တို့လုပ်နေတာက ကမ္ဘာ့ Financial မားကက်တစ်ခု ထဲမှာတင်မဟုတ်ပါဘူး။ ကျွန်တော် တို့သုံးထားတဲ့ နည်းစနစ်တွေက မြန်မာ့ရွှေ၊ ငွေကြေးပေါ့။ ကမ္ဘာ့ ဈေးကွက်စနစ်တကျ ပက်ပလိတ် လုပ်ထားတဲ့ဈေးကွက်တွေ အကုန် လုံးကို ကျွန်တော်တို့ကခန့်မှန်းနိုင် ပါတယ်။ နောက် စတော့မားကက် ကြီးပေါ်လာရင် စတော့ဈေးကွက် တွေ၊စတော့ရှယ်ယာတွေ တစ်ရက် ရက်မှာ အတက်အကျတွေအများ ကြီးဖြစ်နေတော့မယ်။ ဖြစ်ရင်ဘယ် ရှယ်ယာတွေက ဝယ်သင့်လဲ၊ ဘယ် ရှယ်ယာတွေက ရောင်းသင့်လဲဆို တာကိုဘယ်သူ့ဆီမှ အားကိုးစရာ မလိုဘဲနဲ့ ကိုယ့်ဘာသာဆုံးဖြတ် ချက်ချနိုင်တဲ့အဆင့်၊ အဲဒါမျိုးကို ကျွန်တော်တို့ ဆွဲတင်ချင်ပါတယ်''ဟု ¤င်းကပြောသည်။ သင်တန်း သင်ကြားရသော အဓိကရည်ရွယ် ချက်မှာ ရွှေ၊ ငွေ ဆိုသောနေရာတွင် မြန်မာနိုင်ငံရွှေဈေးကွက်မဟုတ် သော အပြည်ပြည်ဆိုင်ရာတွင်ထုတ် သောနည်းစနစ်များကို ပြည်တွင်းရှိ ပြည်သူများကိုချပြပြီး နောင်တစ် ချိန်တွင် Financial မားကက်ကျယ် ကျယ်ပြန့်ပြန့်ဖြစ်လာသော အချိန် တွင် အများစုမှာအရောင်းအဝယ် နှင့် ပတ်သက်သော ဆုံးဖြတ်ချက် များ မှန်မှန်ကန်ကန်ချနိုင်ရန် ရည် ရွယ်ကြောင်း၊ ၄င်းဘာသာရပ်သည် မြန်မာပြည်တွင်မရှိသေးသောဘာ သာရပ်ဖြစ်သည့်အတွက် ပြည်သူ များ စနစ်မှန်မှန်ရစေချင်ကြောင်း ၄င်းကပြောသည်။

The Union Daily 
ကမ္ဘာ့ရွှေနှင့် ငွေကြေးဈေး အတက်အကျခန့်မှန်းနည်းစနစ် သင်တန်းတက်ပါက အရောင်းအဝယ်နှင့် ပတ် သက်သော ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချနိုင်မည်ဖြစ်ကြောင်း လန်ဒန် မှငွေကြေးဈေးကွက် ခန့်မှန်း ပညာရှင် ဦးအောင်သိန်းထွန်း ကပြောသည်။ 

ကျောင်းကုန်းမြို့နယ်ရှိ သောက်သုံးရေတွင် အာဆင်းနစ် ပါဝင်မှုနှုန်း မြင့်မားနေခြင်း လွှတ်တော် ကွင်းဆင်းစစ်ဆေးမည်

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ရှိ သောက်သုံး ရေတွင်းနှင့် ရေကန်များတွင် အာဆင်းနစ်ဓာတ် ပါဝင်နှုန်း မြင့်မားနေသောကြောင့် ကျန်းမာရေး ထိခိုက်မှု ရှိလာနိုင်သဖြင့် ယင်းမြို့နယ်ကို အထူးဇုန် သတ် မှတ်ကာ လွှတ်တော်က ကွင်းဆင်း စစ်ဆေးမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောကြားသည်။

စမ်းချောင်းမြို့နယ်သမဝါယမအသင်းကိုဆန္ဒပြမည်ဟုဆို

စမ်းချောင်းမြို့နယ် သမဝါယမအသင်းသည် မတရားမှုများရှိ သည်ဟုဆိုကာ အသင်း ဝင်ဟောင်း များက ယခုလ ၂၈ရက်တွင် ယင်းအသင်း၏ရုံးခန်းရှေ့တွင် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဦးဆောင်သူ ဦးကျင်ထက်ကိုက ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

ဘိတ်/ထားဝယ်ခရိုင်တွင် KNU မြေယာတိုင်းတာမည်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)၊ ဘိတ်/ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေရှိ မြေယာများ ကို မြန်မာအစိုးရမှ တရားဝင်အသိမှတ်ပြုနိုင်ရန် ဇန်န၀ါရီမှ ဖေဖော်ဝါရီလအထိ တိုင်းတာသတ်မှတ် သွား မည်ဟု KNU ဘိတ်-ထားဝယ်ခရိုင်၏ တွဲဘက်အတွင်းရေးမှူး ပဒိုစော အဲ့နာ က ပြောဆိုလိုက်သည်။

တရုတ်သီးနှံများ ဈေးတက်သော်လည်း အရောင်းလိုက်ဆဲ

တရုတ်ပြည်ဖက်မှ သီးနှံများ ယခုရက်ပိုင်းများအတွင်း ဈေးနှုန်းများ ရုတ်တရက် မြင့်တက် လာခဲ့ကြော င်း မြစ်ကြီး နား သစ်သီးပွဲရုံများက ပြောသည်။

နိုင်ငံတော်ကာကွယ်ရေးကို တပ်မတော်က တာဝန်ယူထားသောကြောင့် ကြည်း၊ ရေ၊ လေ ရဲအရာရှိများ မလိုအပ်ဟုဆို

နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်း တာဝန်များကို တပ်မတော်က တာဝန်ယူ ဆောင် ရွက်နေသောကြောင့် အခြားနိုင်ငံများကဲ့သို့ ကြည်း၊ ရေ၊ လေ ရဲအရာရှိများ လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန် မလို အပ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

ချင်းအမျိုးသားနေ့တွင် ချင်းတိုင်းရင်းသူကြီးများ သိန်း ၄၀ တန် ရိုးရာလည်ဆွဲ ဝတ်ဆင်၍ ပွဲတက်မည်

ချင်းတိုင်းရင်းသားတို့၏ ၂၀၁၄ ခုနှစ် ချင်းအမျိုးသားနေ့ကို ချင်းပြည် နယ်တောင်ပိုင်း မင်းတပ် မြို့တွင် ထူးခြားစွာ ကျင်းပမည်ဖြစ်ရာ မင်းတပ်ဒေသရှိ ဂုဏ်သရေရှိ အမျိုးသမီးကြီးများက သိန်း ၄၀ တန် ရှေးရိုးရာ လည်ဆွဲရတနာ ကိုဝတ်ဆင်ကာ ပွဲတက်မည်ဖြစ် ကြောင်း မင်းတပ်မြို့ တွင်နေ ထိုင်သည့် ဦးဝမ္မသူးမျိုးနွယ်စု မှ အမျိုးသမီးကြီး မောင်စိုးလာ (ခေါ်)ခေါလမ်းက ပြောသည်။

အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ

Photo: အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ
Saturday, January 25, 2014

သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာမှုတွင် ဖော်ပြ ထားသည်။

Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့သည်။ ၎င်းတို့အားလုံးမှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။ ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များ တွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့် နေခဲ့သည့် သင်တန်း တစ်ခုလည်း ဖြစ်သည်။

လက်ထပ်ထိမ်းမြားမှု၏ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုး သက်ရောက် ပုံကို လေ့လာ ခဲ့ကြသည်၊ သုတေသန ရလဒ်များကို လွှမ်းမိုးမှု ရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှု စီးပွားရေး အခြေအနေ တို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူ စသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ သုတေသနတွင် တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှ စ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံ များထက် အရွယ်မတိုင်မီ သေဆုံးရန် နှစ်ဆ အလားအလာ များကြောင်း သိရသည်။

တစ်ကိုယ်တည်း နေသူများ၊ ဇနီးခင်ပွန်းဆုံးပါးသွား သူများသည် သက်ကြီး ရွယ်အို ဘဝအထိ အသက်မရှည်နိုင်သည့် အလားအလာ များပြားသည်။ ထိုသက်ရောက်မှုသည် ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်သူများ၊ လူမှုစီးပွားရေး အခြေအနေ ကောင်းမွန်သူ များ၌ ပါတွေ့ရ တတ်သည်။

လက်မထပ်ဘဲ အတူ နေထိုင်တဲ့ ပုံစံကို အာရုံစိုက် လေ့လာတာဟာ ကလေးတွေ တစ်ပြုံကြီး မွေးနေသူတွေ အတွက် အရေးပါတဲ့ လေ့လာမှု ဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံ နေထိုင်သူ တွေဟာ စောစီးစွာ သေဆုံးမှုနှင့် ဆက်စပ်နေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အထောက် အပံ့တွေ ပိုမို ပေးအပ် သင့်ပါတယ်။ သက်လတ်ပိုင်း အရွယ်မှာ လူမှုရေးအရ တွယ်တာ နှောင်ဖွဲ့မှုတွေကို လေ့လာခြင်း အားဖြင့် အရွယ်မတိုင်မီ သေဆုံးရတဲ့ အကြောင်းရင်း တစ်ခုကို တွေ့ရှိ လာရပါတယ်ဟု သုတေသန စာတမ်းပြုစု သူများက ထည့်သွင်း ဖော်ပြ ထားသည်။

သုတေသနကို အပြုအမူဆိုင်ရာ ဆေးပညာ ဂျာနယ် (journal Annals of Behavioral Medicine) တွင် ဖော်ပြထားသည်။

သီဟ
Source:MDI
Health Updates Journal
သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများ သည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာမှု တွင် ဖော်ပြ ထားသည်။

ဒုချီးရားတန်း ကိစ္စ နိုင်ငံတကာမှာ ဂယက် ရိုက်ဆဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ အကြမ်းဖက်မှုတွေနဲ့ လူသေဆုံး ခဲ့တယ် ဆိုတာတွေအပေါ် အထူးပဲ စိတ်မချမ်းမြေ့ဖြစ်ရတယ်လို့ အမေရိ ကန်ပြည်ထောင်စု က ပြောလိုက် ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အလေးပေး စောင့်ကြည့်နေ ပြီး ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာ အစိုးရ ကို တောင်းဆိုနေတယ်လို့ ဥရောပသမဂ္ဂ EU ကလည်း ပြောပါ တယ်။ ဒါ့အပြင် ကုလသမဂ္ဂကလည်း အန္တရာယ် ကျရောက်နေတဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ မြန်မာ တာဝန်ရှိသူတွေ ကို ထပ်ပြီး တိုက် တွန်း ခဲ့ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

မလေးရှားမှာ မြန်မာတိုင်းရင်းဆေးတွေ စတင်ဖြိုခွင်း

Photo: မလေးရှားမှာ မြန်မာတိုင်းရင်းဆေးတွေ စတင်ဖြိုခွင်း
Saturday, January 25, 2014

မလေးရှားနိင်ငံမှာ တရားဝင်မှတ်ပုံမတင်ဘဲ ရောင်းချနေတဲ့ ကာမအားတိုးဆေးတွေ အပါအ၀င် မြန်မာတိုင်းရင်းဆေးတွေကို မလေးရှားအာဏာပိုင်တွေက ပထမဆုံးအကြိမ်အဖြစ် ရှောင်တခင် စတင်သိမ်းဆည်းနှိမ်နင်းနေပြီ ဖြစ်ပါတယ်။

မလေးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ အခုလိုနှိမ်နင်းနေတာဖြစ်ပြီး၊ အလေးချိန် ၁၀ တန် ကျော်၊ မြန်မာကျပ်ငွေ သိန်း ၆ ထောင်ကျော်တန်ဖိုးရှိတဲ့ တိုင်းရင်းဆေးတွေ သိမ်းဆည်းရမိကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောပါတယ်။

ကွာလာလာမ်ပူမြို့ပေါ်က ဆိုင် ၅ဆိုင်မှာ မနေ့ကစလို့ မြန်မာတိုင်းရင်းဆေးတွေကို ရုတ်တရက်စီးနင်း ၀င်ရောက်သိမ်းဆည်းနေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ မလေးရှားမှာ မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေတဲ့ သာရေးနာရေးအဖွဲ့က ကိုစမ်းဝင်းက အခုလို ပြောပါတယ်။

"မြန်မာပြည်ကနေပြီးတော့ မြန်မာတိုင်းရင်းဆေးတွေနဲ့ အခြားကိုယ်ပူပျောက်ဆေးတွေကို တင်ပို့တယ်။ တင်ပို့တဲ့အခါမှာ အဲဒီဆေးတွေဟာ တရားဝင်မှတ်ပုံတင်ထားတာ မရှိဘူး။ ဒီဆေးတွေကိုတင်ပို့နေတဲ့ Myanmar syndicate အဖွဲ့ကနေပြီးတော့ မလေးရှားနိုင်ငံဘာဆာမြို့မှာ ဆိုင်တစ်ဆိုင်ရှိတယ်။ ပါဆီယူနီယံ ပူထရီဆိုတဲ့ဆိုင်မှာ စတိုးဆိုင် ငါးခုရှိတယ်။ အဲဒီစတိုးဆိုင်တွေကို မလေးရှားဖမ်းဆီးရေးအဖွဲ့တွေက မနေ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးတယ်။ အလေးချိန် ၁၀တန်ခန့် ဖမ်းဆီးရမိခဲ့တယ်။ မြန်မာဆေးနဲ့ အခြားဟိုမုန်းဆေးများ၊ ကေသီပန်လိုဆေးမျိုးတွေကို ဖမ်းဆီးခဲ့တယ်။ မလေးရှားရင်းဂစ် နှစ်ဒဿမတစ်သန်း တန်ဖိုးရှိတယ်ပေါ့။"

အဲဒီဆေးတွေထဲမှာ အဖျားပျောက်ဆေး၊ ပဋိသန္ဓေတားဆေး၊ ကေသီပန်သွေးပုပ်ချဆေး၊ ဦးချန်တီလို အစာကျေဆေးတွေလည်း ပါဝင်တယ်လို့သိရပါတယ်။ ဆေးအများစုဟာ မြန်မာနဲ့အိန္ဒိယနိုင်ငံလုပ် ဆေးတွေဖြစ်တယ်လို့ မလေးရှားကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး Syed Fadzli က ပြောပါတယ်။

ဒီဆေးအားလုံးကို ကုန်းလမ်း၊ ရေလမ်းတွေကနေ မှောင်ခိုသွင်းယူခဲ့တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

RFA Burmese
မလေးရှားနိင်ငံမှာ တရားဝင်မှတ်ပုံမတင်ဘဲ ရောင်းချနေတဲ့ ကာမအားတိုးဆေးတွေ အပါအ၀င် မြန်မာ တိုင်း ရင်းဆေးတွေကို မလေးရှားအာဏာပိုင်တွေက ပထမဆုံးအကြိမ်အဖြစ် ရှောင်တခင် စတင်သိမ်းဆည်းနှိမ် နင်းနေပြီ ဖြစ်ပါတယ်။