Wednesday, April 30, 2014

ကိုယ်ဝန်ဆောင်ချိန် ဖြေထောက် ဖောရောင်မှု သက်သာစေရန်

ကိုယ်ဝန်ဆောင်ချိန် မှာ ခြေထောက်ဖောရောင်မှု အဖြစ်များပါတယ်။ ဒီလို ဖောရောင်မှု မဖြစ်စေဖို့ နေထိုင်မှု ပုံစံပြောင်းလဲ ပေးသင့်ပါတယ်။

Photo: ကိုယ်ဝန်ဆောင်ချိန် ဖြေထောက် ဖောရောင်မှု သက်သာစေရန်

ကိုယ်ဝန်ဆောင်ချိန် ဖြေထောက် ဖောရောင်မှု သက်သာစေရန် ကိုယ်ဝန်ဆောင်ချိန် မှာ ခြေထောက်ဖောရောင်မှု အဖြစ်များပါတယ်။ ဒီလို ဖောရောင်မှု မဖြစ်စေဖို့ နေထိုင်မှု ပုံစံပြောင်းလဲ ပေးသင့်ပါတယ်။

အနေအထားပြောင်းပါ

အကြာကြီး မတ်တတ်ရပ်တာမျိုးကို ရှောင်ပါ။ ထိုင်တဲ့အခါ ခြေထောက်တွေကို တတ်နိုင်သမျှ မြ§င့်ထားလို့ရအောင် ခုံပု တစ်ခုပေါ်မှာ တင်ထားပါ။ ခြေထောက်ဖောရောင်မှု သက်သာ စေဖို့ ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လှဲလျောင်းပါ။

လှုပ်ရှားမှု လုပ်ပါ

အနားယူပြီးတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ပါ။ ကိုယ်ဝန်ဆောင်ချိန်အတွင်း လေ့ကျင့်ခန်း အသင့်အတင့်လုပ်တာ ကြောင့် ခြေထောက်ဆီသို့ အရည်စီးဆင်းမှု လျော့ကျကာ ခြေ ထောက်ရောင်ရမ်းမှု လျော့ကျစေပါတယ်။ ရေကူးတာက ခြေထောက် ဖောရောင်မှုကို တွန်းလှန်နိုင်ပါတယ်။

အရည်စုဆောင်းမှု မရှိစေရန် သတိထားပါ

သောက်တဲ့ ရေများလေလေ၊ ကိုယ်တွင်း အထူးသဖြင့် ခြေကျင်း ဝတ်နဲ့ ခြေထောက်မှာ အရည်စုပုံနိုင်ခြေလျော့နည်းလေလေ ဖြစ် ပါတယ်။ တစ်နေ့မှာ ရေရှစ်ခွက်သောက်တာကြောင့် ဆီးသွားရာ က အညစ်အကြေး စွန့်ပစ်ပစ္စည်းတွေ ပါသွားနိုင်ပါတယ်။

ဆားကို အရသာရှိရုံ သုံးပါ

ဆားအသင့်အတင့်စားတာကြောင့် ခန္ဓာကိုယ်က အရည် ဓာတ်ကို ဟန်ချက်ညီအောင် ကူညီပေးနိုင်ပါတယ်။ ဆားအများ အပြားစားတာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြင် ခြေထောက် ဖောရောင်မှုကို ပိုဆိုးစေနိုင်ပါတယ်။

သက်သောင့် သက်သာ ရှိသော ဖိနက်ကို စီးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်နဲ့ ခြေကျင်းဝတ်ရောင် ရမ်းမှု သက်သာစေမယ့် ဖိနပ်ကို စီးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်တင်မက လက်နဲ့ မျက် နှာပါ ဖောရောင်နေရင် သတိထားပါ။ ဒါက သွေးတိုးနေသလား၊ သွေးဆိပ်တက်နေသလားဆိုတာ စမ်းသပ်ရမယ့် အခြေအနေ ဖြစ်တာကြောင့် ဆရာဝန်နဲ့ ပြသပါ။
မြ၀တီ
အနေအထားပြောင်းပါ

အကြာကြီး မတ်တတ်ရပ်တာမျိုးကို ရှောင်ပါ။ ထိုင်တဲ့အခါ ခြေထောက်တွေကို တတ်နိုင်သမျှ မြ§င့်ထားလို့ရအောင် ခုံပု တစ်ခုပေါ်မှာ တင်ထားပါ။ ခြေထောက်ဖောရောင်မှု သက်သာ စေဖို့ ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လှဲလျောင်းပါ။

ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ရပ်

Photo: ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ရပ်
********************************
******************************** 
(၁) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်
=============================
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရဖြစ်တဲ့ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုး ဝင်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာကို ထောက်ပံ့ပေးတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပါတယ်။ ပိန္နဲသီးတစ်ခွက်ကို စားတာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏကို ကောင်းကောင်း ရရှိစေနိုင်ပါတယ်။
(၂) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်
===========================
ပိန္နဲသီးမှာ ဗီတာမင်စီအပြင် လစ်ဂနင်၊ အိုက်ဆိုဖလေဗုန်းနဲ့ ဆာပိုနင်တို့လို ဖိုင်တိုအာဟာရဓာတ် များစွာ ပါဝင်တာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပြီး အိုမင်းမှုကို တားပေးနိုင်ပါတယ်။ ဖိုင်တိုအာဟာရ ဓာတ်တွေက ခန္ဓာကိုယ်ရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေပြီး ဆဲလ်ပျက်စီးမှုကို နှေးကွေးစေပါတယ်။
(၃) အစာကြေညက်စေပါတယ်
===================
ပိန္နဲသီးမှာ အနာမဖြစ်အောင် ကာကွယ်ပေးတဲ့ အာနိသင်တွေ ပါဝင်တာကြောင့် အစာအိမ်အနာနဲ့ အစာချေဖျက်မှုဆိုင်ရာ ဝေဒနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ကုသပေးနိုင်ပါတယ်။ ပိန္နဲသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဝမ်းချုပ်တာမဖြစ်အောင် ကာကွယ်ပေးပြီး အူလှုပ်ရှားမှု ကောင်းစေကာ ဝမ်းမှန်မှန်သွားစေပါတယ်။ အမျှင်ဓာတ်တွေက အူမကြီးရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေကို ကင်းဝေးစေတဲ့နည်းနဲ့ အူအမြှေးပါးတွေကို ကျန်းမာအောင် ကာကွယ်ပေးပါတယ်။
(၄) မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါတယ်
============================
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရ ဗီတာမင်အေ ပါဝင်တာကြောင့် မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါတယ်။ ဒါ့အပြင် မက်ကူလာ ယိုယွင်းပျက်စီးမှုနဲ့ ညဘက် မျက်စိမမြင်တာတွေလို အမြင်ပိုင်းဆိုင်ရာ ပြဿနာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
(၅) စွမ်းအင် တိုးစေပါတယ်
=================
ပိန္နဲသီးမှာ ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့လို သကြားဓာတ်တွေ ပါဝင်တာကြောင့် စွမ်းအင်ထွက်ရှိစေတဲ့ အသီးအဖြစ် နာမည်ကြီးပါတယ်။ စွမ်းအင်အားကောင်းစေတဲ့ အသီးဖြစ်ပေမယ့် ပြည့်ဝဆီနဲ့ ကိုလက်စထရော မပါဝင်ပါဘူး။
(၆) သွေးတိုးကို ကျစေပါတယ်
==================
ပိန္နဲသီးမှာ ပိုတက်စီယမ်ဓာတ် ပါဝင်တာကြောင့် သွေးတိုးနေသူတွေမှာ သွေးဖိအားကျစေပြီး နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
(၇) ရင်ကျပ်ပန်းနာကို ထိန်းချုပ်နိုင်ပါတယ်
=========================
ပိန္နဲသီးအမြစ်ဟာ ပန်းနာရင်ကျပ် ရောဂါ ခံစားနေရသူတွေအတွက် ဆေးဖက်ဝင်တယ်လို့ ဆိုကြပါတယ်။
(၈) အရိုးကို သန်စွမ်းစေပါတယ်
===================
ပိန္နဲသီးမှာ မဂ္ဂနီဆီယမ်ဓာတ် များစွာ ပါဝင်တာကြောင့် ကယ်လ်စီယမ် စုပ်ယူရေးအတွက် အသုံးဝင်ပါတယ်။ ဒါကြောင့် အရိုးတွေကို သန်စွမ်းစေပြီး အရိုးပါးရောဂါလို အရိုးနဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၉) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်
==================================
ပိန္နဲသီးမှာ သံဓာတ် ပါဝင်တဲ့အတွက် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ်မှု ကောင်းအောင် ကူညီပေးပါတယ်။
(၁၀) သိုင်းရွိုက်ကို ကျန်းမာစေပါတယ်
======================
ပိန္နဲသီးမှာ ပါတဲ့ ကြေးနီ (Copper) ဟာ သိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာအတွက် အရေးပါပါတယ်။ အထူးသဖြင့် ဟော်မုန်း ထုတ်လုပ်ရေးမှာ ပါဝင်ကူညီပေးပါတယ်။
ကြယ်စင်
(၁) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်
=============================
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရဖြစ်တဲ့ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုး ဝင်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာကို ထောက်ပံ့ပေးတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပါတယ်။ ပိန္နဲသီးတစ်ခွက်ကို စားတာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏကို ကောင်းကောင်း ရရှိစေနိုင်ပါတယ်။

ရန်ကုန်လေဆိပ်နှင့် ဆိပ်ကမ်းများကို ဖောက်ခွဲမှုပြု လုပ်ရန်ကြံစည်ထား သူများကို အင်တာပိုလ် ဖော်ထုတ်


ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်နှင့်ရန်ကုန်မြို့ ရှိ ဆိပ်ကမ်းများအား အကြမ်းဖက် ဖောက်ခွဲမှုပြုလုပ်ရန်ပါကစ္စတန်နိုင်ငံ မှ အစွန်းရောက်အဖွဲ့တချို့ကလုပ် ဆောင်ရန်ကြံစည်ထားခြင်းကို အပြည်
ပြည် ဆိုင် ရာ ရဲတပ် ဖွဲ့အင်တာပိုလ် က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း က ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးတစ်ဦးက ဒီမိုကရေစီ တူးဒေး သတင်းစာသို့ အတည်ပြုပြော သည်။

ပါကစ္စတန်ရဲတပ်ဖွဲ့နှင့် အင်တာ ပိုလ်တို့၏ ပူးပေါင်းဖော်ထုတ်ချက် အရ အဆိုပါအစွန်းရောက်အဖွဲ့ သည် ယင်းအစီအစဉ်ကို လတ်တလော အနေဖြင့် ကြံစည် ထားခြင်းသာဖြစ် ပြီး ယခုနှစ်အတွင်း အကောင် အထည် ဖော်ရန်ကြံစည်နေမှုများကို စာရွက် စာတမ်းအထောက် အထားများ ကို သိမ်းဆည်းရမိခဲ့သော်လည်း ကြံ စည်သူတချို့မှာ ထွက်ပြေး လွတ် မြောက်နေ ဆဲဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

Photo: ရန်ကုန်လေဆိပ်နှင့် ဆိပ်ကမ်းများကို ဖောက်ခွဲမှုပြု လုပ်ရန်ကြံစည်ထား သူများကို အင်တာပိုလ် ဖော်ထုတ်

 ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်နှင့်ရန်ကုန်မြို့ ရှိ ဆိပ်ကမ်းများအား အကြမ်းဖက် ဖောက်ခွဲမှုပြုလုပ်ရန်ပါကစ္စတန်နိုင်ငံ မှ အစွန်းရောက်အဖွဲ့တချို့ကလုပ် ဆောင်ရန်ကြံစည်ထားခြင်းကို အပြည်
ပြည် ဆိုင် ရာ ရဲတပ် ဖွဲ့အင်တာပိုလ် က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း က ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးတစ်ဦးက ဒီမိုကရေစီ တူးဒေး သတင်းစာသို့ အတည်ပြုပြော သည်။

ပါကစ္စတန်ရဲတပ်ဖွဲ့နှင့် အင်တာ ပိုလ်တို့၏ ပူးပေါင်းဖော်ထုတ်ချက် အရ အဆိုပါအစွန်းရောက်အဖွဲ့ သည် ယင်းအစီအစဉ်ကို လတ်တလော အနေဖြင့် ကြံစည် ထားခြင်းသာဖြစ် ပြီး ယခုနှစ်အတွင်း အကောင် အထည် ဖော်ရန်ကြံစည်နေမှုများကို စာရွက် စာတမ်းအထောက် အထားများ ကို သိမ်းဆည်းရမိခဲ့သော်လည်း ကြံ စည်သူတချို့မှာ ထွက်ပြေး လွတ် မြောက်နေ ဆဲဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါအရာရှိက ''အင်တာ ပိုလ်က အကြောင်းကြားတယ်။ မြန်မာ နိုင်ငံမှာ ဘာသာရေးနဲ့ ဆက်နွှယ်ပြီး ဖြစ်နေတဲ့ပြဿ နာတွေ ကို မကျေနပ် လို့လုပ် မယ့် ပါကစ္စတန်က အစွန်း ရောက်တချို့ကို တားဆီးနိုင်ခဲ့တယ် လို့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အကြောင်းကြား ထားလို့ပါ။ ဒီကိစ္စနဲ့ ပတ်သက် ပြီး လုံခြုံရေးတွေကိုလဲ စနစ် တကျလုပ်ဖို့ ညွှန်ကြားထား ပါတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံ ရှိ လေဆိပ်၊ ရေဆိပ် များတွင် လုံခြုံရေးများကို အထူးတင်း ကျပ်ထားကြောင်း၊ အထူးသဖြင့်    ပြည်ပ မှဝင်ရောက် လာသည့်   နိုင်ငံခြား သား များ ကို တစ်ဦးချင်းကျပ်မတ်စစ်ဆေး နေကြောင်း လေကြောင်းရဲတပ်ဖွဲ့ မှူး ရုံးမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသူတစ်ဦးက ''အခုတလော နိုင်ငံခြားသားတွေဆီက ကျည်ဆန် တွေ၊ ရွှေထည်တွေနဲ့ တရားမဝင်ပစ္စည်း တော်တော်များ များ ဖမ်းဆီးရမိတာ တွေတော့ရှိတယ်။ ဘလက် လစ်ဖြစ် နေတဲ့နိုင်ငံခြား သားတွေ့ရင် လေဆိပ် ကတာဝန်ရှိသူတွေကမေးမြန်းပြီး သံရုံးကနေတစ် ဆင့်   ပြန်လွှတ် တာ တွေလဲရှိတယ်။ လုံခြုံရေး တော့တင်း ကြပ်ထားတယ်''ဟု ပြောသည်။ 

မေလ ၁ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာ ထွန်းလွင်

ဧပြီ ၃၀ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။
မြန်မာနိုင်ငံပေါ်မှာကတော့ အရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတာကို တွေ့ရှိရပါတယ်။မေ ၁ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ မြန်မာ့ကမ်းရိုး တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပါတယ်။
ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၂ ပေလောက် ရှိနိုင်ပါတယ်။ ကျန် ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ ပေလောက် ရှိနိုင်ပါတယ်။ မေ ၁ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှု တွေ အနည်းငယ် ကျဆင်းနိုင်ပါတယ်။

Hilux ယာဉ်ငယ် နှင့်ပတ်သက်၍ ရွှေပြည်သာအပါအဝင် မြို့နယ် ၄ မြို့နယ်မှ ယာဉ်မောင်းများ ဆန္ဒပြ

Photo: Hilux ယာဉ်ငယ် နှင့်ပတ်သက်၍ ရွှေပြည်သာအပါအဝင် မြို့နယ် ၄ မြို့နယ်မှ ယာဉ်မောင်းများ ဆန္ဒပြ
Wednesday, April 30, 2014

ရွှေပြည်သာအပါအဝင် မြိုနယ် ၄မြို့နယ်မှာ ဟိုင်းလပ်ယာဉ်ငယ်(၈၀)စီး၊လူအင်အား (၂၅၀) နှင့် မဟာဗန္တုလပန်းခြံအနောက်ဘက် အမေရိကန်သံရုံးရှေ့တွင် ကျောက်တံတားမြို့နယ်ရဲစခန်းခွင့်ပြုချက်နှင့် (ယနေ့)ဧပြီ ၃၀ရက်က ကြွေးကြော်သံ အချက်(၃)ချက်ဖြင့်
ဆန္ဒပြခဲ့သည်။

လက်ရှိယာဉ်လိုင်းများအား ယခင်လမ်းကြောင်းအတိုင်း ဆက်လက်အသုံးပြု ပြေးဆွဲခွင့်ပြုရေး၊ ဥပဒေဘောင် အတွင်း လွတ်လပ်စွာ
စီးပွါးရှာပိုင်ခွင့်ပြုရေး၊ မ.ထ.သ (ဗဟို) မှ ထုတ်ပြန်ထားသော ယာဉ်လိုင်းပိတ်သိမ်းမည့် အချိန်အား (၁၈) လ တိုးမြှင့်ပေးရေး စသည့်
ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြကြောင်းသိရသည် ။

၎င်းဆန္ဒပြခြင်း၌ (၁)ဟိုင်းလပ်ယာဉ်ငယ်များမူလလမ်းအတိုင်းပြန်လည်ပြေးဆွဲခွင့်ပေးရန်၊
(၂)ဟိုင်းလပ်နှင့် မီနီဘတ်ပြောင်းလည်
ပြေးဆွဲခြင်းအား အချိန်(၁၈)လ ပေးရန်၊(၃)လွတ်လပ်စွာ စီးပွားရှာခွင့်ပေးရန်ဆိုသော အချက်(၃)ချက်ဖြင့် ရွှေပြည်သာမြို့နယ်၊တာမွေမြို့နယ်၊
တိုက်ကြီးမြို့နယ်၊သန်လျင်ကျောက်တန်းမြို့နယ်မှ ဟိုင်းလပ်ယာဉ်ငယ် (၈၀)စီးနှင့် လူအင်အား (၂၅၀)ဖြင့်လာရောက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“ အခုလိုမျိုးလုပ်လိုက်လို့ တာဝန်ရှိလူကြီးထဲကနေ နည်းနည်းပြန်စဉ်းစားပြီးတော့ ကျွန်တော်တို့တောင်းဆိုတဲ့ အချိန်ကာလလေးများ ထပ်ပေး
လာခဲ့မယ်ဆိုရင် မောင်းရောင်းယာဉ်တွေ အဓိက စားဝတ်နေရေးအားလုံး အဆင်ပြေအောင်လုပ်တဲ့သဘောပါပဲ နောက်တစ်ခုကယာဉ်ပိုင်ရှင်
တွေကို သူတို့ထုတ်ပြန် ထားသလို မီနီဘတ်စ်မလဲနိုင်ကြတဲ့ ယာဉ်ပိုင်ရှင်တွေကိုလည်း ၆ လဖြစ်ဖြစ် ၁ နှစ်ဖြစ်ဖြစ် ကျွန်တော်တို့ တောင်းထားတဲ့
အချိန်ကာလလေးများထပ်ရခဲ့ရင် ဒီကြားထဲမှာရတဲ့ဝင်ငွေလေးနဲ့စုဆောင်းပြီးတော့ မီနီဘတ်ကို ဝယ်နိုင်အောင် လဲနိုင်အောင် အဲဒီအတွက်
ရည်ရွယ်ပြီးတော့ အခုလို ဆန္ဒထုတ်ဖော်ရခြင်းလည်းဖြစ်ပါတယ် ”ဟု ဦးဆောင်သူ ကိုသန်းဇော်မင်းကပြောသည်။

၎င်းဟိုင်းလပ်ယာဉ်ငယ်များအား စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမပြေးဆွဲရန် ပြီးခဲ့သည့်နှစ် ၂၀၁၃ ဒီဇင်ဘာလက စတင်ပိတ်ပင်ခဲ့တာဖြစ်ပြီး
ယခုအချိန်ဆိုရင် အချိန်ကာလ(၄)လရှိသွားပြီးဖြစ်၍ အနည်းငယ်သာ ဟိုင်းလပ်ယာဉ်ငယ်အစား မီနီဘတ်စ်များကို ပြောင်းလဲပြေးဆွဲနိုင်ခဲ့ကြောင်း
သိရသည်။

စည်ပင်သာယာနယ်နိမိတ်အပြင်ဘက်တွင် ပြေးဆွဲရန်အတွက် ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တွေကို သွားရောက် လေ့လာကြည့်ခဲ့သော်လည်း
သူယာဉ်လိုင်း ကိုယ်ယာဉ်လိုင်းရှိတာကတစ်ကြောင်း၊ ဂတ်စ်လုံလောက်မှုမရှိတာ တစ်ကြောင်း၊မောင်းရောင်းတွေအနေနဲ့ ဝေးလို့သွားရောက်
မပြေးဆွဲနိုင်တဲ့ အခက်အခဲများ ကြုံတွေ့နိုင်သော ကြောင့် မူလပြေးဆွဲနေသော လမ်းအတိုင်းပြန်လည်ပြေးဆွဲနိုင်အောင် ဆောင်ရွက်ပေးစေလိုကြောင်း
ကိုသန်းဇော်မင်းက ဆက်လက်တောင်းဆိုခဲ့သည်။

ချစ်မင်းထွန်း

From..မြန်မာ့ခေတ် 
   ရွှေပြည်သာအပါအဝင် မြိုနယ် ၄မြို့နယ်မှာ ဟိုင်းလပ်ယာဉ်ငယ်(၈၀)စီး၊လူအင်အား (၂၅၀) နှင့် မဟာဗန္တုလပန်းခြံအနောက်ဘက် အမေရိကန်သံရုံးရှေ့တွင် ကျောက်တံတားမြို့နယ်ရဲစခန်းခွင့်ပြုချက်နှင့် (ယနေ့)ဧပြီ ၃၀ရက်က ကြွေးကြော်သံ အချက်(၃)ချက်ဖြင့်ဆန္ဒပြခဲ့သည်။
လက်ရှိယာဉ်လိုင်းများအား ယခင်လမ်းကြောင်းအတိုင်း ဆက်လက်အသုံးပြု ပြေးဆွဲခွင့်ပြုရေး၊ ဥပဒေဘောင် အတွင်း လွတ်လပ်စွာစီးပွါးရှာပိုင်ခွင့်ပြုရေး၊ မ.ထ.သ (ဗဟို) မှ ထုတ်ပြန်ထားသော ယာဉ်လိုင်းပိတ်သိမ်းမည့် အချိန်အား (၁၈) လ တိုးမြှင့်ပေးရေး စသည့်
ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြကြောင်းသိရသည် ။

အိမ်အကူကိုနှိပ်စက်ခဲ့သည့် ဇနီးဖြစ်သူ ၂နှစ်ကျော်ကြာ တိမ်းရှောင်နေဆဲဖြစ်သော်လည်း ခင်ပွန်းဖြစ်သူမှာ မြို့နယ်တရားသူကြီးအဖြစ် ရာထူးတိုးမှုအပေါ် ဝေဖန်ခံနေရ

အိမ်အကူအမျိုးသမီးငယ်အားထိခိုက်နာကျင်အောင်ပြုမူခဲ့ပြီး နှစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည့် ဒုတိယမြို့နယ်တရားသူကြီး၏ ဇနီးကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသော်လည်း ခင်ပွန်း ဖြစ်သူမှာမူ မြို့နယ် တရား သူကြီးအဆင့်သို့ ရာထူးတက်ခဲ့ ခြင်းအပေါ်ဝေဖန်မှုအချို့ရှိလာခဲ့သည်။၂ဝ၁၂ ခုနှစ်မတ်လ ၂၅ ရက်နေ့ က ပဲခူးမြို့ရဲစခန်းတွင် ပုဒ်မ ၃၂၄ (သာ မန်ထိခိုက်နာကျင်စေသောအမှု ပုဒ်မ)နှင့် အမှုဖွင့်ခံရပြီး အမှုလာ မရင်ဆိုင် သောကြောင့် ပဲခူးတရားရုံးက ပုဒ်မ ၅၁၂ ဖြင့် တရား ခံပြေးအဖြစ်ထပ်မံကာ ကြေညာခံထားရသော ယင်းအမျိုးသမီး ကိစ္စနှင့်ပတ်သတ်ကာ တရားဥပဒေစိုးမိုးဖို့ လိုလားနေသူတို့က
ဝေဖန်နေ ချိန်တွင်တရားခံပြေး၏ခင်ပွန်းဖြစ်သူက တောင်တွင်းကြီးမြို့ တရားရုံးတွင် ရာထူး ပင်တိုးသွားသည်က ထောက်ပြစရာဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦး ရောဘတ်စန်းအောင်က ဆိုသည်။

"အာဘွားတေးစီးရီး အမ်တီဗီ ရိုက်ကူးရေး အတွက် ရိုက်ကူးရေး စရိတ်ကို ကန့်သတ် မထားတဲ့ ဝိုင်းစုခိုင်သိန်း"


Photo: "အာဘွားတေးစီးရီး အမ်တီဗီ ရိုက်ကူးရေး အတွက် ရိုက်ကူးရေး စရိတ်ကို ကန့်သတ် မထားတဲ့ ဝိုင်းစုခိုင်သိန်း"

ဝိုင်းစုခိုင်သိန်း က အာဘွားတေး စီးရီးထဲက သီချင်းတွေကို အမ်တီဗီ စတင် ရိုက်ကူးပြီ ဖြစ်ပြီး သီချင်းပေါ် မှာ မူတည်ပြီး စဉ်းစားပြီး ရိုက်ကူးမှာ ဖြစ်ကာ ဇာတ်လမ်း ပုံစံတွေ နဲ့လည်း ရိုက်ကူး သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဒါရိုက်တာတွေနဲ့ တိုင်ပင်ညှိ နှိုင်းပြီး ရိုက်ကူး သွားမှာဖြစ်ပြီး အမ်တီဗီ ရိုက်ကူးရေး စရိတ်ကိုတော့ ကန့်သတ် မထားဘူးလို့ ဆိုတဲ့ ဝိုင်းစု ခိုင်သိန်းက “ဝိုင်းစုမက်လောက်စရာ စထွက်တုန်းက ဆိုရင် တအားခိုးကူး များတယ်။ အဲဒီအချိန်လောက် ခိုးကူး များတာ အဲဒီအချိန်ပဲ။ စစ တုန်းက သူများတွေ တော်တော်များများ ကဝိုင်းစုကို အရူး လို့တောင် ပြော တယ်။ အဲဒီခေတ်တုန်း က ဆိုရင် ဗီစီဒီ ရိုက်တဲ့ သူတွေက ၃၊ ၄၊ ၅ သိန်းထက် ပို မရိုက်ဘူး။ အဲဒီခေတ် ကတည်းက ဗီစီဒီနဲ့ ပတ်သက်ပြီး ဝိုင်းစု အများ ကြီး ပဲရိုက်ခဲ့တယ်။ ပေါက်တာ မပေါက်တာ အသာထား ဝိုင်းစု ရိုက်တဲ့ အခွေကို မှတ်တိုင် တစ်ခုအဖြစ် နဲ့ အကောင်း ဆုံးဖြစ်အောင် လုပ် ချင်တယ်။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်အတွက် အကောင်းဆုံး ရိုက် စေချင်တယ်။ ကုန်တာ ၊မကုန်တာ ထက် ကိုယ့်ရဲ့အနုပညာကို အ ကောင်းဆုံး ဖြစ်စေချင်တယ်။ ခိုးကူး ထွက်လည်း ခိုးကူး နဲ့ပရိသတ် လက်ထဲ ရောက်သွားလည်း ဝိုင်းစု အနုပညာ ကို ပရိသတ် လက်ထဲရောက်သွား တယ်လို့ပဲ သဘော ထားတယ်။ ဒါပေ မဲ့ ဝိုင်းစု တစ်ခုပြောချင်တာက အနု ပညာကို တန်ဖိုးထားတယ်။ ဝိုင်းစုကို ချစ်တယ် ဆိုရင် ခိုးကူးခွေကို အား မပေးဘဲ အခွေအစစ်ကို ဝယ်ပြီး အား ပေးပါ လို့ပဲ ပြောချင်တယ်။ ခိုးကူး ခွေနဲ့ အခွေ အစစ်က အစပေါင်းများ စွာကွာတယ်။ တကယ့်အခွေ အစစ် ထဲမှာ ဝိုင်းစုတို့ရဲ့ စေတနာတွေ ပါ တယ်။ အနုပညာ သမားတွေ အား လုံးရဲ့စေတနာတွေ ပါတယ်။
အာဘွား စီဒီ ထွက်တုန်း ကလည်း ဓာတ်ပုံတွေ ၁၅ ပုံလောက် ထည့်ပေးထား တယ်။ ခိုးကူးခွေ နဲ့ ကွာလတီ ချင်းလည်း မတူဘူး။ သူတို့ကတော့ လွယ် လွယ် လေး ကူးလိုက်တာ ပဲ။ ဝိုင်းစုတို့ ဒီအခွေလေး တစ်ခွေ ထွက်ဖို့ ကငွေ ကုန်ကြေးကျတွေ ခံရ တယ်။ အချိန်တွေလည်း ကုန်တယ်။ မနည်း ရင်း နှီးပြီး ရိုက်ရတာလေ။ ပရိ သတ်တွေ ပေးတဲ့ ချွေးနှဲစာ တွေနဲ့သေချာ ကြိုးစားပြီး လုပ်ထားရတာ။ တအား ပေါလျှံပြီး ဖြုန်းပစ်တဲ့ သဘော လုပ်တာ မဟုတ် ဘူး ။ဝိုင်းစုတို့ အနုပညာ ကို တကယ် အမြတ်တနိုး ထားပြီး လုပ်တဲ့အတွက် ဝိုင်းစုတို့ အခွေကိုလည်း တကယ် အမြတ်တနိုး ထားပြီး သိမ်းပေးကြပါ” လို့ပြောပါတယ်။
ဝိုင်းစု ခိုင်သိန်း ကစုံတွဲ အခွေ စီစဉ်တာ၂နှစ် လောက် ရှိနေပြီ ဖြစ်ပြီး စုံတွဲဆိုဖို့ ညှိ နှိုင်းနေတာ ကြောင့် ကြန့် ကြာနေတာ ဖြစ်ပြီး နောက်နှစ်ဗယ်လင် တိုင်းဒေးနေ့မှာ ထွက်နိုင်ဖို့ အားခဲ ထားကြောင်း၊ “အာ ဘွား” ဗီစီဒီ ကိုတော့ ဒီ နှစ်ထဲထွက် နိုင် အောင်ကြိုး စားမှာဖြစ် ကြောင်း ဝိုင်းစု ခိုင်သိန်းကပြော ပါတယ်။
ခိုင်ဝေလွင်

Popular
ဝိုင်းစုခိုင်သိန်း က အာဘွားတေး စီးရီးထဲက သီချင်းတွေကို အမ်တီဗီ စတင် ရိုက်ကူးပြီ ဖြစ်ပြီး သီချင်းပေါ် မှာ မူတည်ပြီး စဉ်းစားပြီး ရိုက်ကူးမှာ ဖြစ်ကာ ဇာတ်လမ်း ပုံစံတွေ နဲ့လည်း ရိုက်ကူး သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဒါရိုက်တာတွေနဲ့ တိုင်ပင်ညှိ နှိုင်းပြီး ရိုက်ကူး သွားမှာဖြစ်ပြီး အမ်တီဗီ ရိုက်ကူးရေး စရိတ်ကိုတော့ ကန့်သတ် မထားဘူးလို့ ဆိုတဲ့ ဝိုင်းစု ခိုင်သိန်းက “ဝိုင်းစုမက်လောက်စရာ စထွက်တုန်းက ဆိုရင် တအားခိုးကူး များတယ်။ အဲဒီအချိန်လောက် ခိုးကူး များတာ အဲဒီအချိန်ပဲ။ စစ တုန်းက သူများတွေ တော်တော်များများ ကဝိုင်းစုကို အရူး လို့တောင် ပြော တယ်။ အဲဒီခေတ်တုန်း က ဆိုရင် ဗီစီဒီ ရိုက်တဲ့ သူတွေက ၃၊ ၄၊ ၅ သိန်းထက် ပို မရိုက်ဘူး။ အဲဒီခေတ် ကတည်းက ဗီစီဒီနဲ့ ပတ်သက်ပြီး ဝိုင်းစု အများ ကြီး ပဲရိုက်ခဲ့တယ်။ ပေါက်တာ မပေါက်တာ အသာထား ဝိုင်းစု ရိုက်တဲ့ အခွေကို မှတ်တိုင် တစ်ခုအဖြစ် နဲ့ အကောင်း ဆုံးဖြစ်အောင် လုပ် ချင်တယ်။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်အတွက် အကောင်းဆုံး ရိုက် စေချင်တယ်။ ကုန်တာ ၊မကုန်တာ ထက် ကိုယ့်ရဲ့အနုပညာကို အ ကောင်းဆုံး ဖြစ်စေချင်တယ်။ ခိုးကူး ထွက်လည်း ခိုးကူး နဲ့ပရိသတ် လက်ထဲ ရောက်သွားလည်း ဝိုင်းစု အနုပညာ ကို ပရိသတ် လက်ထဲရောက်သွား တယ်လို့ပဲ သဘော ထားတယ်။ ဒါပေ မဲ့ ဝိုင်းစု တစ်ခုပြောချင်တာက အနု ပညာကို တန်ဖိုးထားတယ်။ ဝိုင်းစုကို ချစ်တယ် ဆိုရင် ခိုးကူးခွေကို အား မပေးဘဲ အခွေအစစ်ကို ဝယ်ပြီး အား ပေးပါ လို့ပဲ ပြောချင်တယ်။ ခိုးကူး ခွေနဲ့ အခွေ အစစ်က အစပေါင်းများ စွာကွာတယ်။ တကယ့်အခွေ အစစ် ထဲမှာ ဝိုင်းစုတို့ရဲ့ စေတနာတွေ ပါ တယ်။ အနုပညာ သမားတွေ အား လုံးရဲ့စေတနာတွေ ပါတယ်။

နိုင်ငံတကာသတင်းထောက်များအား ပြည်ဝင်ခွင့်ဗီဇာ ပြောင်းလဲသတ်မှတ်

Photo: နိုင်ငံတကာသတင်းထောက်များအား ပြည်ဝင်ခွင့်ဗီဇာ ပြောင်းလဲသတ်မှတ်
Wednesday, April 30, 2014

နိုင်ငံတကာသတင်းထောက်များကို ပြည်ဝင်ခွင့်ဗီဇာ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ဧပြီ ၃၀ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာက ထုတ်ပြန်လိုက်ပါတယ်။ဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေ ၀န်ကြီးအဆင့် အစည်းအဝေးတွေမှာ အဆင်ပြေစေဖို့ နိုင်ငံတွင်း သတင်းဌာန အခြေစိုက် ဖွင့်လှစ်ထားခြင်း မရှိတဲ့ နိုင်ငံတကာ သတင်းဌာနတွေက သတင်းထောက်တွေကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှု ပြောင်းလဲ တိုးမြှင့် ထောက်ခံပေးမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ဒီအစီအစဉ်အရ ၁ လသက်တမ်းရှိ အကြိမ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးမှာဖြစ်ပြီး ပြည်တွင်းမှာ ၁ လ သက်တမ်း ၂ ကြိမ် သက်တမ်းတိုးခွင့်ရရှိပြီး ၃ လ ထိနေထိုင်သတင်းယူခွင့်ရမှာဖြစ်ပါတယ်။ ၃ လပြည့်ရင်တော့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသည့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ ပြန်လည်ရယူ လျှောက်ထားရမယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်မတိုင်မီက ဌာနအခြေပြုမရှိတဲ့ သတင်းထောက်တွေဟာ သာမန်ပြည်ဝင်ခွင့် ဗီဇာ ၁ လနဲ့ နိုင်ငံတကာအစည်းအဝေး ကျင်းပတဲ့ ကာလအတွက် လုံလောက်တဲ့အချိန် သတ်မှတ်ပြီး ပြည်ဝင်ခွင့်ဗီဇာ ထောက်ခံပေးတာဖြစ်ပါတယ်။

သတင်းဌာန အခြေစိုက်ဖွင့်လှစ်ခွင့် ရရှိထားကြတဲ့ နိုင်ငံတကာသတင်းထောက်တွေကတော့ မူလသတ်မှတ်ချက်အတိုင်း ၆ လ ပြည်ဝင်ခွင့်ဗီဇာ ထောက်ခံပေးလျက်ရှိရာ ပြည်တွင်းမှာ သက်တမ်းတိုးခွင့်ကိုလည်း ၆ လ ၁ ကြိမ် ခွင့်ပြုပေးမယ်လို့ ဆိုပါတယ်။

DVB TV News 
 နိုင်ငံတကာသတင်းထောက်များကို ပြည်ဝင်ခွင့်ဗီဇာ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ဧပြီ ၃၀ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာက ထုတ်ပြန်လိုက်ပါတယ်။ဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေ ၀န်ကြီးအဆင့် အစည်းအဝေးတွေမှာ အဆင်ပြေစေဖို့ နိုင်ငံတွင်း သတင်းဌာန အခြေစိုက် ဖွင့်လှစ်ထားခြင်း မရှိတဲ့ နိုင်ငံတကာ သတင်းဌာနတွေက သတင်းထောက်တွေကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှု ပြောင်းလဲ တိုးမြှင့် ထောက်ခံပေးမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

အဝေးပြေးခရီးသည် အထူးခရီးသွားအာမခံ မဖြစ်မနေ ဝယ်ရမည်

Photo: အဝေးပြေးခရီးသည် အထူးခရီးသွားအာမခံ မဖြစ်မနေ ဝယ်ရမည်
Wednesday, April 30, 2014

အဝေးပြေး ခရီးသည်တင်ယာဉ် စီးနင်းကြသည့် မြန်မာနိုင်ငံရှိ ခရီးသွား ပြည်သူအားလုံး မေလ ၁ ရက်နေ့မှ စတင်ကာ အထူးခရီးသွား အာမခံကို မဖြစ်မနေ ဝယ်ယူရမည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ 

ယင်းခရီးသွား အမခံကြေးကို မိမိစီးနင်းမည့် ယာဉ်လိုင်း လက်မှတ် ဝယ်ရာတွင် တစ်ပါတည်း ပေးဆောင်ရမည် ဖြစ်ပြီး အာမခံကြေးကို ၃၀၀ ကျပ် သတ်မှတ်ထားကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ဘေးအန္တရာယ်နှင့် ကြုံတွေ့ပြီး အသက်သေဆုံးခဲ့ပါက ယင်းအာမခံအတွက် တစ်ဦးလျှင် လျော်ကြေးငွေ ကျပ်သိန်းသုံးဆယ် ပေးလျော် သွားမည်ဟု ၎င်းက ရှင်းပြသည်။

“မိုင်တစ်ရာနဲ့အထက် ပြေးဆွဲနေတဲ့ အဝေးပြေး လိုင်းတွေအားလုံး မဖြစ်မနေ ရောင်းရမှာ။ ဘုရားဖူးကားတွေ လည်း မဖြစ်မနေ၀ယ်ယူရမယ်။ လက်ရှိ သေဆုံးသူတွေကို သူတစ်ပါး ထိခိုက်မှု အာမခံအတွက် ငါးသိန်း လျော်ပေးနေတော့ စုစုပေါင်း ၃၅ သိန်း ဖြစ်သွားမယ်” ဟု ၎င်းကဆိုသည်။ 

အဝေးပြေး လမ်းမများတွင် မမျှော်လင့်သော ဘေးအန္တရာယ် များကြောင့် ခရီးသွား ပြည်သူများ မကြာခဏ အသက်သေဆုံးမှုများ ရှိနေသဖြင့် ယင်းအာမခံစနစ်ကို အကောင်အထည် ဖော်ရခြင်း ဖြစ်ပြီး အဝေးပြေး ယာဉ်လိုင်းများ သာမက သာမန် ခရီးသွား ကားများပါ ဝယ်ယူနိုင်အောင် စီစဉ်ပေးသွားမည်ဟု ၎င်းကဆိုသည်။ 

အထူးခရီးသွား အာမခံလုပ်ငန်းကို မြန်မာ့အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများနှင့် လက်တွဲ လုပ်ဆောင် သွားဖြစ်ပြီး လတ်တလောတွင် မြန်မာ့ အာမခံလုပ်ငန်းက ဦးဆောင်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly
အဝေးပြေး ခရီးသည်တင်ယာဉ် စီးနင်းကြသည့် မြန်မာနိုင်ငံရှိ ခရီးသွား ပြည်သူအားလုံး မေလ ၁ ရက်နေ့မှ စတင်ကာ အထူးခရီးသွား အာမခံကို မဖြစ်မနေ ဝယ်ယူရမည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ ယင်းခရီးသွား အမခံကြေးကို မိမိစီးနင်းမည့် ယာဉ်လိုင်း လက်မှတ် ဝယ်ရာတွင် တစ်ပါတည်း ပေးဆောင်ရမည် ဖြစ်ပြီး အာမခံကြေးကို ၃၀၀ ကျပ် သတ်မှတ်ထားကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ဘေးအန္တရာယ်နှင့် ကြုံတွေ့ပြီး အသက်သေဆုံးခဲ့ပါက ယင်းအာမခံအတွက် တစ်ဦးလျှင် လျော်ကြေးငွေ ကျပ်သိန်းသုံးဆယ် ပေးလျော် သွားမည်ဟု ၎င်းက ရှင်းပြသည်။ “မိုင်တစ်ရာနဲ့အထက် ပြေးဆွဲနေတဲ့ အဝေးပြေး လိုင်းတွေအားလုံး မဖြစ်မနေ ရောင်းရမှာ။ 

ရခိုင်လူထု၏ လုံခြုံရေး တာဝန်ယူရန် အဆင်သင့် ရှိနေသည်ဟု ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ်ဆို

ရခိုင် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် အမြဲတမ်း အဆင်သင့် ရှိနေကြောင်း ကျောက်ဖြူမြို့ ၌ ဧပြီလ ၂၉ ရက်နေ့တွင် ကျင်းပသည့် ရခိုင် အမျိုးသားညီလာခံတွင် ရက္ခိုင့်တပ်မတော် (Arakan Army) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောကြားသည်။ ရခိုင်ပြည်နယ် လုံခြုံရေး၊ လွတ်မြောက်ရေး၊ ရခိုင်တစ်မျိုးသားလုံး၏ ဘဝသာယာဝဖြိုး ငြိမ်းချမ်းရေး အတွက် ရက္ခိုင့်တပ်မတော်တွင် တာဝန်အပြည့်အဝ ရှိကြောင်း ၎င်းကဆိုသည်။“ပြည်သူလူထုရှေ့မှာ မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် မကြာခင် ကာလမှာ ရက္ခိုင့်တပ်မတော် အရောက်လာမယ်” ဟု ဒေါက်တာ ညိုထွန်းအောင်က ပြောဆိုသည်။
ရခိုင်ပြည်သူလူထု မျှော်လင့်သည့် ရခိုင်လက်နက်ကိုင် တပ်မတော်များ စုပေါင်းထားသည့် တစ်ခုတည်းသော အမျိုးသား တပ်မတော်အဖြစ် ပီပြင်စွာ တည်ဆောက် ရပ်တည်နိုင်ရန် အတွက်လည်း ဘက်ပေါင်းစုံက ကြိုးစား ဆောင်ရွက်နေကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ပဋိပက္ခများ ဖြေရှင်းရန် အစိုးရနှင့် ကေအိုင်အို မြစ်ကြီးနားတွင် သီးသန့်တွေ့မည်

တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သော ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့သည် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကို ဖြေရှင်းနိုင်ရန် အတွက် မေလ ဒုတိယပတ်အတွင်း မြစ်ကြီးနားတွင် သီးသန့် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။ နှစ်ဖက်တိုက်ပွဲ များကြောင့် ယင်းသို့ တွေ့ဆုံရန် ကေအိုင်အိုက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ ကမ်းလှမ်းခဲ့သဖြင့် တွေ့ဆုံရန် အသေးစိတ်ကို ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“မေလ ၁၀ ရက်နေ့မှာ မြစ်ကြီးနားမှာ တွေ့ဖို့ ကေအိုင်အိုက ကမ်းလှမ်းတယ်။ အဲဒီရက်က အာဆီယံ ထိပ်သီး အစည်းအဝေး ရှိနေတော့ ၁၀ ရက် နောက်ပိုင်းမှတွေ့ဖို့ အကြောင်းပြန်ထားတယ်” ဟု ၎င်းကရှင်းပြသည်။

HIV/AIDS တိုက်ဖျက်ရေး ယခုဘဏ္ဍာနှစ် ကျပ်လေးဘီလီယံကျော် သုံးမည်

ကျန်းမာရေး ဝန်ကြီးဌာန၏ HIV/AIDS တိုက်ဖျက်ရေး စီမံချက်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်လေးဘီလီယံကျော် အသုံးပြုမည် ဖြစ်ကြောင်း National AIDS Program ၏စီမံကိန်းမန်နေဂျာ ဒေါက် တာမြင့်ရွှေက The Voice သို့ ပြောကြားသည်။ယင်းအသုံးစရိတ်ဖြင့် ကိုယ်ခံအားစနစ် စစ်ဆေးသော CD4 စက်နှင့် HIV ပိုးစစ်ဆေးသော စက်များ ဝယ်ယူခြင်းတို့အပြင် HIV ပိုးရှိသူ လေးရာအတွက် ကျန်းမာရေး ဝန်ကြီးဌာန အသုံးစရိတ်နှင့် ပထမဆုံး ဆေးဝါး ပံ့ပိုးမှုတို့ ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြော ဆိုသည်။ကျန်းမာရေး အသုံးစရိတ်နှင့် နိုင်ငံတကာ အကူအညီများ ပိုများလာခြင်းကြောင့် ၂၀၁၄ ခုနှစ် တွင် နိုင်ငံတစ်ဝန်း HIV/AIDS ရှိသူ ခုနစ်သောင်းကျော် ART ဆေးဝါးများ ရရှိနိုင်ဖွယ် ရှိကြောင်း National AIDS Program ကခန့်မှန်းထားသည်။

မြို့တွင်းနှင့် နီးကပ်သော မြို့နယ်များမှ တိုက်ခန်းများ ဈေးတိုးမြင့်လာ


ရန်ကုန်မြို့၏ အိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်
တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်း များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အိမ်ခြံမြေ အကျိုးဆောင်များကို အလုပ်ဖြစ်စေပြီး အနီး အနားတွင် ရှိနေသည့် မြေကွက်များ၏ ဈေးနှုန်းကိုလည်း မြင့်တက်လာစေသည့် အပြင် မြို့တွင်းနှင့် နီးစပ်သော မြို့နယ်များမှ တိုက်ခန်းများပါ ဈေးတိုးမြင့်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။
အိမ်ရာ စီမံကိန်းများကို မြို့စွန် ဧရိယာများတွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး အိမ်ရာ စီမံကိန်းများကြောင့် စီမံကိန်း ပတ်ဝန်းကျင်ရှိ မြေကွက်ဈေးများသည် အဆမတန် မြင့်တက်လျက်ရှိကြောင်း၊ အိမ်ရာ စီမံကိန်းများသည် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများထဲမှ တစ်ခုဖြစ်ပြီး မူလက လယ်မြေအဖြစ် တည်ရှိခဲ့သော မြေပေါ်တွင် စီမံကိန်း အခြေစိုက် ထားခြင်း ဖြစ်ကြောင်း သိရသည်။

DKBA နောက် လိုက်ပါခဲ့သော အိမ်ထောင်စုအချို့ ပြန်လည် ပြောင်းရွှေ့ လာသည့်သတင်း မဟုတ်မှန်

လှည်းကူးမြို့နယ် ဖယ်ရှားခံ ကျေးရွာမှ အိမ်ထောင်စုများကို မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဝါးယားကုန်း ကျေးရွာအနီး ကျေးရွာ တည်ထောင်ကာ မြေကွက်နှင့် နေအိမ်များ အပိုင်ပေးပြီး ရေမီး စုံ ပေးမည် ဖြစ်သောကြောင့် DKBA နောက် လိုက်ပါသွားသည့် အိမ်ထောင်စုအချို့ ပြန်လည် ပြောင်းရွှေ့ လာသည်ဟု သတင်း ထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း မြဝတီမြို့အနီး ကျောက်ခတ် ကျေးရွာ သို့ ပြောင်းရွှေ့ နေထိုင်သူများက ပြောကြားသည်။
ဧပြီလ ၂ ရက်နေ့က DKBA အဖွဲ့နောက်သို့ လိုက်ပါ ပြောင်းရွှေ့သွား သော သမီးကလေးကျေးရွာ အပါအဝင် အင်းပတီး ကျေးရွာနှင့် ဒေါ်ကာလီ ကျေးရွာတို့မှ အိမ်ထောင်စုဝင် ၈၂ စုရှိ လူဦးရေ နှစ်ရာကျော် မှာ မြဝတီမြို့နယ် ဆုံဆည်းမြိုင်အနီး ကျောက်ခတ် ကျေးရွာတွင် DKBA အဖွဲ့၏ အကူအညီဖြင့် နေအိမ် များ ဆောက်လုပ် နေထိုင်လျက် ရှိပြီး လုပ်ငန်း အဆင်ပြေသောကြောင့် ပဲခူးတိုင်းအတွင်း ကျန်ရှိခဲ့သော မိသားစုဝင်များကို လိုက်ပါ ပြောင်းရွှေ့ရန် ပြန်ခေါ်နေမှုများ ရှိကြောင်း အဆိုပါ ကျောက်ခတ် ကျေးရွာသို့ လိုက်ပါ ပြောင်းရွှေ့လာသော သမီးကလေးကျေးရွာမှ ဦးအောင်ကြိုင်က ပြောပြသည်။

အခွန် နှုန်းထားသစ် အရ လစာ ဝင်ငွေခွန် ပေးဆောင် ရမည့် သတ်မှတ် ဝင်ငွေ ပြောင်းလဲ

မကြာမီက အတည်ပြုလိုက်သော အခွန်နှုန်းထားသစ်အရ လစာဝင်ငွေခွန် ပေးဆောင်ရမည့် ဝန်ထမ်းနှင့် အလုပ်သမားများ၏ တစ်နှစ်စာ သတ်မှတ်ဝင်ငွေ ပြောင်းလဲသွားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။ယခင်က တစ်နှစ်စာဝင်ငွေ ငွေကျပ် တစ်ဆယ့် လေးသိန်း လေးသောင်း ရရှိပါက သတ်မှတ်အခွန် ရာခိုင်နှုန်းအတိုင်း အခွန်ပေးဆောင်နေရာမှ ယခုနှုန်းသစ်အရ တစ်နှစ်လုံးတွင် ငွေကျပ် သိန်းနှစ်ဆယ်နှင့် သိန်းနှစ် ဆယ်အောက် ဝင်ငွေရှိသူများမှာ အခွန်ပေးဆောင်ရန် မလိုတော့ကြောင်း သိရသည်။အဆိုပါ အခွန်နှုန်းထားသစ် အရ လစာဝင်ငွေခွန် ပေးဆောင်ရမည့်သူများ လျော့နည်းသွားသော်လည်း အခွန် ပေးဆောင်ထိုက်သော လစာဝင်ငွေ ရှိသူများ၏ အခွန်ပေးဆောင်ရမည့် အခွန်ရာခိုင်နှုန်းမှာ များလာကြောင်း သိရသည်။ လစာဝင်ငွေခွန် ပေးဆောင်ရမည့် ဝန်ထမ်းနှင့် အလုပ်သမားများမှာ တစ်နှစ်စာဝင်ငွေ ငွေကျပ် သိန်းနှစ်ဆယ်အထက် ရရှိသူများ ဖြစ်ကြောင်းနှင့် ငွေကျပ် သိန်းနှစ်ဆယ်မှ သိန်းငါးဆယ် ဝင်ငွေရှိသူများမှာ အခြေခံ သက်သာခွင့်နုတ်ကာ အိမ်ထောင်ရှိသူ ဆိုလျှင် အကျိုးခံစားခွင့်နုတ်ပြီး အခွန် ၅ ရာခိုင်နှုန်း ပေး သွင်းရမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်တပ်မတော်တွင် ကမန်လူမျိုး အစ္စလာမ်ဘာသာဝင်များကို လက်ခံမည်

 ပြည်နယ်အတွင်း ဋိပက္ခများဖြစ်ပေါ်နေခြင်းသည် အစ္စလမ်ဘာသာဝင်များအပေါ်ရခိုင်တိုင်းရင်းသားတို့ က နှိပ်ကွက်ခြင့်ကြောင့် မဟုတ်ကြောင်း ကမ္ဘာကို သက်သေပြရန် ရက္ခိုင့်တပ်မတော်(Arakan Army)တွင် အစ္စလမ်ဘာသာဝင် ကမန်လူမျိုးဝင်ရောက်ခြင်းကို လက်ခံသွားမည်ဟု ဒုတိယဗိုလ်မှုးကြီး ကျော်ဟန်က ရခိုင်အမျိုးသားညီလာခံတွင် ပြောကြားလိုက်သည်။
"ကမ္ဘာသိအောင် အစ္စလမ်ဘာသာဝင်တွေကို ရက္ခိုင့်တပ်မတော်မှာ လက်ခံသွားပါမယ်။ ကန်မန်လူမျိုးတွေ ကို လက်ခံပါတယ်။ လွပ်လက်စွာ ကိုးကွယ်ခွင့်ပေးထားပါတယ်” ဟု ဗိုလ်မှုးကြီး ကျော်ဟန်က ဆက်ပြော သည်။ရခိုင်ပြည်နယ်ပဋိပက္ခများက အစ္စလမ်ဘာသာကြောင့် မဟုက်သကဲ့သို့ လူမျိုးရေးကြောင့်လည်း မဟုက်ဟု သုံးရက်မြောက်ပြုလုပ်သော ညီလာခံတွင် ခေါင်ဆောင်ဆွေးနွေးသူများက ပြောကြသည်။ ရခိုင်ပြည်နယ်အတွင်း ကမန်လူမျိုးများသည် အစ္စလမ်ဘာသာကိုးကွယ်လာသည်မှာ နှစ်ပေါင်း သုံးဆယ်ကျော်ရှိပြီး ယင်းကြောင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်းမရှိဟု ဆွေးနွေးကြသည်။
ယခုအချိန်တွင် ရခိုင်တိုင်းရင်းသားများနှင့် ကမန်လူမျိုးများ အတူပူးပေါင်းဆောင်ရွက်ရမည့် အချိန်ဖြစ်သည်ဟု ဆွေးနွေးပွဲက တိုက်တွန်းသည်။

ပြည်သူ့ဆေးရုံများတွင် အခြေခံဆေးဝါး ဝယ်ယူရေးအတွက် ကျပ်ဘီလီယံ ၁၆၀ သုံးစွဲမည်

ကျန်းမာရေး ဝန်ကြီးဌာန လက်အောက် ပြည်သူ့ဆေးရုံများတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း စရိတ် မျှပေး ကျန်းမာရေးစနစ်အတွက် အခြေခံဆေးဝါးများ ဝယ်ယူရန် ကျပ်ဘီလီယံ ၁၆၀ သုံးစွဲမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဦးဝင်းဦးက The Voice သို့ ပြောကြားသည်။
ယခင် ဘဏ္ဍာနှစ်ထက် ကျပ်ဘီလီယံ ၄၀ နီးပါး တိုးမြှင့်သုံးစွဲထားခြင်း ဖြစ်ပြီး ယင်းဆေးဝါး အသုံးစရိတ် အားလုံးသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ဆေးရုံများ၊ ပြည်သူ့ကျန်းမာရေး၊ ရောဂါနှိမ်နင်းရေးနှင့် ဓာတ်ခွဲဌာနများအတွက် အကျုံးဝင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။နှစ်စဉ် ဆေး ဝါးများ ထောက်ပံ့ ပေးထားသော်လည်း လိုအပ်ချက်များ ကျန်ရှိနေသောကြောင့် ယခုနှစ်အတွက် ထပ်မံ တိုးပေးခြင်း ဖြစ်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ ယင်းကျန်းမာရေး ဝန်ကြီးဌာန အတွက် အသုံးစရိတ် တိုးမြှင့်ပေးခြင်းကြောင့် ကိုယ်ခံအား စနစ်စစ်ဆေး သော CD4 စက်များ ဝယ်ယူနိုင် ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ART ဆေး ဝယ်ယူရန်အတွက် အစိုးရ အသုံးစရိတ်များ ထပ်မံချပေး ခဲ့ကြောင်း National AIDS Program ၏ စီမံကိန်း မန်နေဂျာ ဒေါက်တာမြင့်ရွှေက ပြောဆိုသည်။

ရခိုင်အမျိုးသားညီလာခံပိတ်ပွဲသို့ တက်ရောက်မည့် ပြည်သု့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဂွမြို့သို့ စတင်ရောက်ရှိ

Wednesday, April 30, 2014
ကျောက်ဖြူမြို့မှာ ကျင်းပနေတဲ့ ရခိုင်အမျိုးသားညီလာခံ နောက်ဆုံးနေ့မှာ တက်ရောက်အမှာစကား ပြောကြားမယ့် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဟာ မနေ့က ဧရာဝတီတိုင်းဘက်ကနေ ဂွမြို့နယ်သို့ ကားတန်းကြီး တစ်ခုနဲ့ အတူ စတင် ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့အတူ ကမ္ဘောဇ ဦးခင်ရွှေ ဦးဆောင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ မျက်စိအထူးကု ဆရာဝန်ကြီးတွေ လည်း အတူလိုက်ပါလာတယ်လို့ ပြောပါတယ်။
ဂွမြို့နယ် ကမ်းသာယာမှာတော့ ဒေသခံ လူထုနဲ့ တွေ့ဆုံပြီး စစ်တပ်က ကမ်းခြေတလျှောက် သိမ်းထားတဲ့ လယ်မြေတွေကို ပြန်ပေးဖို့ ဂတိပြု ပြောဆိုသွားတယ်လို့ ဒေသခံ လူကြီး တစ်ဦးက ပြောပါတယ်။
ခုလို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဂွမြို့နယ်ကို လာရောက်တာဟာ တချက်ခုတ် နှစ်ချက်ပြတ် ပုံစံမျိုးနဲ့ လာရောက်တာ ဖြစ်တယ်လို့ တရားရုံးရှေ့နေ (အငြိမ်းစား) ဦးတင်ညိုက ပြောပါတယ်။

တရုတ်လူမျိုးစု တစ်ခုတွင် သတို့သမီးလောင်း မိသားစုက တစ်လတိတိ ငို

တရုတ်ပြည် အလယ်ပိုင်းမှာ နေထိုင်တဲ့ Tujia လူမျိုးစု မှာ ထူးခြားတဲ့ ဓလေ့ တစ်ခု ရှိပါတယ်။ ယင်း ကတော့ သတို့ သမီးလောင်း နဲ့ သူမ မိသားစုက တစ်လ တိတိ ငိုကြွေးခြင်း ဖြစ်ပါတယ်။ သူ့မှာ ငိုရတဲ့ နည်းလမ်း အဆင့်ဆင့် ရှိပါတယ်။
Photo: တရုတ်လူမျိုးစု တစ်ခုတွင် သတို့သမီးလောင်း မိသားစုက တစ်လတိတိ ငို

ဧပြီလ ၃၀ ရက် ၂၀၁၄ ခုနှစ်

တရုတ်ပြည် အလယ်ပိုင်းမှာ နေထိုင်တဲ့ Tujia လူမျိုးစု မှာ ထူးခြားတဲ့ ဓလေ့ တစ်ခု ရှိပါတယ်။ ယင်း ကတော့ သတို့ သမီးလောင်း နဲ့ သူမ မိသားစုက တစ်လ တိတိ ငိုကြွေးခြင်း ဖြစ်ပါတယ်။ သူ့မှာ ငိုရတဲ့ နည်းလမ်း အဆင့်ဆင့် ရှိပါတယ်။

သတို့သားလောင်း မိသားစုနဲ့ သတို့သမီးလောင်း မိသားစုတို့ စေ့စပ် သဘောတူကြပြီးပြီ ဆိုရင် မင်္ဂလာဆောင်ကို တစ်လ ကြာမှာ ပြုလုပ် ရပါတယ်။ ယင်း ကြားမှာ ခံနေတဲ့ တစ်လကို ငိုဖို့ အတွက် အချိန်ပေးခြင်း ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ သတို့သမီးလောင်းက စငို ပါတယ်။ တစ်ရက်ကို တစ်နာရီ တိတိ ငိုရမယ့် ဓလေ့ ဖြစ်ပြီး ၁၀ ရက်ကြာတဲ့ အခါ သတို့သမီးလောင်းရဲ့ အမေ ဖြစ်သူက သူ့သမီး နဲ့ အတူ တစ်နေ့ တစ်နာရီ လိုက်ငို ပါတယ်။ နောက်ထပ် ဆယ်ရက် ကြာတဲ့အခါ သားအမိ တင် မကတော့ပဲ အဖွားရှိပါက အဖွား ဖြစ်သူ၊ ညီအမ များနဲ့ အဒေါ် ဖြစ်သူများက တစ်ရက် တစ်နာရီ အတူတူ လိုက်ငို ရပါတယ်။

အဲ့ဒီလို ငိုလို့ တစ်လ ပြည့်ပြီးတဲ့ အချိန်မှာ မင်္ဂလာပွဲ ကျင်းပ ပါတယ်။ မင်္ဂလာပွဲမှာကျတော့ သတို့သမီးက အသံစုံနဲ့ ငိုပြီး မင်္ဂလာပွဲလာ ပရိတ်သတ်တွေကို ဖျော်ဖြေ ရပါ သေးတယ်။ ယင်း အသံစုံ ငိုမှုက သီချင်း သံစဉ် လို့ ဖြစ်အောင် ဖန်တီးရတာ ဖြစ်ပါတယ်။ အကယ်၍ သာယာ နာပျော်ဖွယ် မငိုနိုင်ရင် သတို့သမီး မိသားစု ကော၊ သတို့သား မိသားစုပါ အရှက် ရတာကြောင့် ဒီအတွက်ကိုလည်း ကြိုတင် ပြင်ဆင် လေ့ကျင့် ရပါ သေးတယ်။

ငိုတာက ဝမ်းနည်း ပူဆွေးလို့ မဟုတ် ပါဘူး။ အင်မတန် သာယာ လှပ သွားမယ့် အနာဂတ် အတွင် ကြိုတွေး၊ ကြိုမြင်လို့ အဝမ်းသာ လွန်ပြီးတော့ ငိုကြွေးခြင်း ဖြစ်ပါတယ်။ မင်္ဂလာပွဲ သွားလေ့လာတဲ့ ကမ္ဘာလှည့် ခရီးသည် များအတွက် ကတော့ အထူးအဆန်း တစ်ခု အနေနဲ့ တည်ရှိ နေ ပါ သေးတယ်။ Tujia လူမျိုးစုများဟာ ယနေ့တိုင် ယင်း ဓလေ့ ရိုးရာကို ထိန်းသိမ်း ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref:dyknow
အောင်ခမ်း (ရိုးရာလေး)
သတို့သားလောင်း မိသားစုနဲ့ သတို့သမီးလောင်း မိသားစုတို့ စေ့စပ် သဘောတူကြပြီးပြီ ဆိုရင် မင်္ဂလာဆောင်ကို တစ်လ ကြာမှာ ပြုလုပ် ရပါတယ်။ ယင်း ကြားမှာ ခံနေတဲ့ တစ်လကို ငိုဖို့ အတွက် အချိန်ပေးခြင်း ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ သတို့သမီးလောင်းက စငို ပါတယ်။ တစ်ရက်ကို တစ်နာရီ တိတိ ငိုရမယ့် ဓလေ့ ဖြစ်ပြီး ၁၀ ရက်ကြာတဲ့ အခါ သတို့သမီးလောင်းရဲ့ အမေ ဖြစ်သူက သူ့သမီး နဲ့ အတူ တစ်နေ့ တစ်နာရီ လိုက်ငို ပါတယ်။ နောက်ထပ် ဆယ်ရက် ကြာတဲ့အခါ သားအမိ တင် မကတော့ပဲ အဖွားရှိပါက အဖွား ဖြစ်သူ၊ ညီအမ များနဲ့ အဒေါ် ဖြစ်သူများက တစ်ရက် တစ်နာရီ အတူတူ လိုက်ငို ရပါတယ်။

တိမ်းမှောက် နစ်မြုပ်နေသော တောင်ကိုရီးယား ဖယ်ရီ သင်္ဘော ၀န်ထမ်းအားလုံး ကို ဖမ်းဆီး ထိန်းသိမ်းထား

Wednesday, April 30, 2014
ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့က တိမ်းမှောက် နစ်မြုပ် ခဲ့သော တောင်ကိုရီးယား ဖယ်ရီ သင်္ဘော Sewol တွင် နစ်မြုပ်ချိန် ၌ တာဝန်ကျနေသော ၀န်ထမ်း(၁၅)ဦးလုံးကို ဖမ်းဆီးထိန်းသိမ်း ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ တာဝန်လစ်ဟင်းမှု၊ ခရီးသည်များအား ကယ်ဆယ်ရန် ပျက်ကွက်မှုတို့ဖြင့် တရားစွဲဆို ခံကြ ရမည်ဖြစ်ကြောင်းသိရသည်။ သင်္ဘောကပ္ပတိန် အပါအ၀င် (၁၁) ဦးကို ရှေ့ပိုင်းရက် များကတည်းက ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်ပြီး နောက်ထပ် လေးဦးကို စနေနေ့တွင် ထပ်မံထိန်းသိမ်းခဲ့သည်။ လူ (၄၇၆)ဦးပါသော ဖယ်ရီသင်္ဘောသည် တောင်ကိုရီးယား အနောက် မြောက်ပိုင်း အင်ချွန်းမှ တောင်ပိုင်းခြမ်း ရှိ အပန်းဖြေ ကမ်း ခြေမြို့ ဂျီဂျူးသို့ ဧပြီ (၁၆) ရက်နေ့တွင် ခုတ် မောင်းလာစဉ် တိမ်းမှောက် နစ်မြုပ်ခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိ သေဆုံးသူ ရုပ် အလောင်း (၁၈၃) လောင်းကို ရေငုပ်သမား များ ဆယ် ထုတ်ထားနိုင်ပြီ ဖြစ်သည်။

ကမ္ဘာ့ အရှည်ဆုံးငြိမ်းချမ်းရေး အရိပ်အရောင်

  နှစ်ပေါင်း (၆၀) ကျော်ကြာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ စစ်မီးလျှံကြီး ငြိမ်းသတ်တော့ မှာလား။ ဒီအတိုင်း တစ်ကယ်ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ တစ်ခု နိဂုံးချုပ်နိုင်တော့မယ်လို့ ကြိုတင်မြင်ယောင်မိလေသောအခါ လက်တွေ့မှာ ဘယ်လိုအခက် အခဲတွေ ရှိနေကြအုံးမှာလဲ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူမူကြမ်းတွေလဲ ထုတ်ပြန် ပြီးပါပြီ။ မကြာမီ မေလ တတိယအပတ်မှာ ကျင်းပပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲလဲ ပြုလုပ်မှာဖြစ်ပါတယ်။ ဒါ့ပြင် မြန်မာ့နိုင်ငံရေးသမားတွေ အပါ အဝင် နိုင်ငံ တကာ အသိုင်းအဝိုင်းတွေက မြန်မာရဲ့နိုင်ငံရေးကို စောင့်ကြည့်ပြီး သုံးသပ်နေတာထက် ပိုပြီး ဝင်ရောက်ပူးပေါင်းလာတာမျိုး မတွေ့ရသေးဘူး။ ဒါကို အားမလိုအားမရ ဖြစ်ရမှာလား၊ ဝမ်းသာ ရမှာလား။ အချို့ကတော့ မြန်မာ့ပြည်တွင်းရေး ပြသနာဟာ နိုင်ငံတကာ အစိုးရက ဖိအားပေး ဖြေရှင်း စေခြင်းကို လက်မခံနိုင်ကြသလို၊ အချို့ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ့နိုင်ငံရေး ဒုက္ခ တွေကို စာနာမှုမဲ့ကြောင်း ဝေဖန်ကြပါတယ်။

မူးယစ်ဆေးသုံးစွဲသည့် မီးရထားရဲ တချို့ကြောင့် မီးရထားရဲများ ဖမ်းဆီးခံရ

အမှတ်(၃)မီးရထားရဲဌာနချုပ် ကောလင်းတွင် ရထားရဲများအား ရွေးချယ်၍ ဆေးသုံးစွဲမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အချို့သော ရဲသားများမှာ သုံးစွဲမှုမရှိပါဘဲ ဆေးစစ်ချက်အရ တွေ့ရှိရသည်ဟုဆိုကာ (၁၇)ဦး ဖမ်းဆီးခံနေ ကြရကြောင်း၊အမှန်တကယ် မူးယစ်ဆေးဝါးသုံးစွဲနေသူ မီးရထားရဲသား (၂)ဦးမှာ လွတ်ကင်းနေကြောင်းနှင့် ယင်းတို့အား နောက်ထပ်တဖန် ပြန်စစ်ဆေးမှာ ဆေးစစ်ချက်အရ တွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီး ခဲ့ကြောင်း၊ယခု ၄-၄-၂၀၁၄နေ့တွင် ကောလင်း အမှတ်(၃)မီးရထားရဲဌာနချုပ်တွင် (၁၉)ဦး ဖမ်းဆီး ခံနေကြရကြောင်း ဖမ်းဆီးခံ မိသားစုမှ ပြောကြားခဲ့သည်။
မြစ်ကြီးနား အမှတ်(၁)မီးရထားရဲဌာနချုပ်တွင် ဆေးစစ်ဆေးချက်အရ မူးယစ်ဆေးဝါးသုံးစွဲသူဟုဆိုကာ (၈)ဦး ဖမ်းဆီးခံနေကြရကြောင်း၊သို့ရာတွင်- အမှန်တကယ် မူးယစ်ဆေးဝါးသုံးစွဲနေသူ မီးရထားရဲ အရာရှိကြီးနား နေသူ (၁)ဦးနှင့် လာဘ်ပေး ထားသူ (၁)ဦးတို့မှာ လွတ်ကင်းနေကြောင်း ဖမ်းဆီးခံ မိသားစုများထံမှာ သိရှိရသည်။ ဟိုပင် မီးရထားရဲဌာနတွင်လည်း ဆေးစစ်ချက်အရ မူးယစ်ဆေးသုံးစွဲ သည်ဟုဆိုကာ ရဲသား (၇)ဦး ဖမ်းဆီး ခံနေရကြောင်း ဖမ်းဆီးခံမိသားစုများမှ သိရှိရသည်။

၂၀၁၄ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း နဲ့ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း မှာ လေထုမငြိမ်မသက်ဖြစ်ပေါ်နှိုင်ပါတယ်။ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း နဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ အများအားဖြင့် သာယာနေပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း နဲ့ တောင်ပိုင်း ဒေသများ အတွင်းသို့ ရေငွေ့ပါဝင်သောလေများ ဆက်လက် ၀င်ရောက် လျက် ရှိနေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ
လှိုင်းအနည်းငယ် ရှိနှိုင်ပြီး၊ ရခိုင်ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၂)ပေခန့်နဲ့ ကျန် မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁)ပေခန့် ရှိနှိုင်ပါတယ်။

KIAမှ ရှမ်းမျိုးနွယ်စုများအပေါ် လူမျိုးရေးပြသနာနှင့်လူ့အခွင့်အရေးများ ဖန်တီးချိုးဖောက်နေ


မြန်ပြည်မြောက်ပိုင်း၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုဒေသရှိ ရှမ်းမျိုးနွယ်စုများသည် မိမိတို့၏ စားဝတ် နေရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲ အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။
၂၈-၄-၂၀၁၄နေ့ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုမြို့တွင် နေထိုင်သည့် ဦးအောင်ပိုက်နှင့်ဦးမြင့်ဦး -ဦးဆောင်သော အဖွဲ့(၁၁)ဦးသည် မိမိတို့စားဝတ်နေရေးအတွက် ၀မ်းစာအတွက် ရှာဖွေလုပ်ကိုင်စားသောက်ရန် ဆင်ဘိုဒေသ ခေါက်ဆာကွင်းသို့ သွားကြရာတွင် KIA တပ်ရင်း(၅)၊ တပ်ကြပ်ကြီး လဂတ်တူး ဆိုသူ ဦးဆောင်သောအဖွဲ့သည် ယင်းဦးအောင်ပိုက်နှင့်ဦးမြင့်ဦး- ဦးဆောင်သော(၁၁)ဦးပါအဖွဲ့အား ဤနေရာ၌ မင်းတို့ရှမ်းတွေကို လာရောက်လုပ်ကိုင် စားသောက်ခွင့်မပြုကြောင်း၊ လာရောက်လုပ်ကိုင်စားသောက်ပါက အသက်အန္တရာယ်တွက် တာဝန်မယူကြောင်း၊ ရှမ်းလူမျိုးများကို ဤနေရာတွင် လာရောက်လုပ်ကိုင်စားသောက်ခွင့်မပြုကြောင်း၊ ကချင်လူမျိုးများကိုသာ လုပ်ကိုင် စားသောက်ခွင့်ပြုထားကြောင်း လက်နက်အားကို ခြိမ်းခြောက် မောင်းထုတ်ခဲ့သည်။

အရှိန်မထိန်းနိုင်သောယာဉ် ချောက်ထဲသို့ထိုးကျတိမ်းမှောက်၍ ၁၃ ဦးသေ၊ ၂၂ ဦးဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူ-မုံးကျွတ်-မုံးထသွား ကားလမ်းပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်နေ ဖိုးဇော်(၂၉)နှစ်မောင်းနှင်လာသော ၈ဌ/xxxxxလေးလုံးထိုး ထော်လာဂျီယာဉ်သည် မုံးထ-မုံးကျွတ်မှ နားကောင်းမူသို့ပြန်လာစဉ် ရေပူစမ်းအနီး၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် အနက်(၁၅)ပေရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါ လာသူများအနက် မြင့်ဌေး(ခ)ဖိုးထောင်ပါ ကျား ၆ ဦး၊ မ ၇ ဦး၊ စုစုပေါင်း(၁၃)ဦးမှာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး မအေးအေးပါ ကျား ၁၁ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း(၂၂)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် မိုင်းတုံဆေးရုံသို့တင်ပို့ကုသခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဖိုးဇော်အား ပုံပါကျင်နယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
The Mirror Daily

ပျောက်ဆုံးလေယာဉ် ရှာဖွေသည့် နိုင်ငံတကာ စုံစမ်းထောက်လှမ်းရေး အဖွဲ့ခေါင်းဆောင် တစ်ဦး မလေးရှား ငှားရမ်း

မလေးရှားလေယာဉ် ပျောက်ဆုံးရခြင်း၏ အကြောင်းရင်းကို ရှာဖွေ ထောက်လှမ်းရန် တာဝန်ပေး ထားသော နိုင်ငံတကာစုံစမ်းထောက်လှမ်းရေးအဖွဲ့ကိုဦးဆောင်မည့်သူတစ်ဦး အဖြစ် လေကြောင်းညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်းဖြစ်သူ ကွတ်ဆူချွန်ကို မလေးရှားက ငှားရမ်းလိုက်ကြောင်း မလေးရှား အစိုးရက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာ သည်။
ယင်းနိုင်ငံတကာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အဖွဲ့ဝင်များအဖြစ် အမေရိကန် အမျိုးသားပို့ဆောင်ရေး လုံခြုံမှုအဖွဲ့၊ ဗြိတိန်လေကြောင်း မတော်တဆဖြစ်မှု စုံစမ်းရေးအဖွဲ့ခွဲ၊ တရုတ်လေကြောင်း မတော်တ ဆ ဖြစ်မှု စုံစမ်းထောက်လှမ်းရေးဌာန၊ ပြင်သစ်ကုန်းလမ်းပို့ဆောင်ရေး မတော်တဆဖြစ်မှု စုံစမ်းထောက် လှမ်း ရေးဗျူရို၊ သြစတြေးလျပို့ဆောင်ရေး လုံခြုံမှုဗျူရို၊ လေယာဉ်ထုတ်လုပ်သော ဘိုးရင်းကုမ္ပဏီနှင့် ဗြိတိသျှ ဂြိုဟ်တု ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော အင်ဗာဆက်တို့မှ ပုဂ္ဂိုလ်များအပြင် စင်ကာပူနှင့် အင်ဒိုနီး ရှား နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်သည်။

ဖမ်းဆီးစုဆောင်းခံ ရွှေကျင်လုပ်သားများ စစ်သင်တန်း တက်ရောက်နေရ

မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားခရိုင်၊ ဧရာဝတီမြစ်ဆုံ၊ တီယန်စွပ်ရွှေမှော်တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)၏ တပ်သားသစ်စုဆောင်းရေး ဖမ်းဆီးစုဆောင်းခြင်း ခံရသော ရွှေကျင် လုပ်သားများ KIA တပ်မဟာ(၁)တွင် စစ်သင်တန်းတက်ရောက်နေရကြောင်း ဖမ်းဆီးစုဆောင်းခြင်း ခံရသူ များကို ပြန်လွှတ်ပေးရန် သွားရောက်တွေ့ဆုံ တောင်းခံခဲ့တဲ့ မိဘများမှတဆင့် သိရှိရသည်။ ၄င်းတီယန် စွပ်ရွှေမှော်မှ ဖမ်းဆီးစုဆောင်းခြင်းခံရသူ အချို့ကို KIA မှ ပြန်လွှတ်ပေးခဲ့သော်လည်း အများစု ကိုတော့ ပြန်မလွှတ်ပေးသေးကြောင်း၊ မိဘများကိုယ်တိုင်က ငိုယိုတောင်းပန်သော်လည်း မရကြောင်း၊ အချို့မိဘများမှာ ယင်းသားသမီးများကို မှီခိုအားထားနေရသူများဖြစ်ကြောင်း၊ အချို့မိဘများမှာ မျက်မမြင် ဒုက္ခိတများဖြစ်၍ ပြန်လွှတ်ပေးစေလိုကြောင်း ပြောသော်လည်း မရခဲ့ကြောင်း သားဖြစ်သူ ကို ပြန်လွှတ်ပေးရန် ကိုယ်တိုင် သွားရောက်တွေ့ဆုံ တောင်းခံခဲ့တဲ့ ပင်လယ်ဘူးမြို့နယ်မှ မိဘတစ်ဦး က ပြောဆိုသည်။ အဆိုပါ ဧရာဝတီမြစ်ဆုံ-တီယန်စွပ်ရွှေမှော်မှ ရွှေကျင်လုပ်သားများကို ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)က (၉-၃-၂၀၁၄)ရက်နေ့တွင်တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းခြင်း ကို ပြုလုပ်ခဲ့ပြီး ဦးရေ(၇၀)ခန့် ပါသွားခဲ့ကြောင်းလည်း သိရှိသည်။
ဧရာဝတီမြစ်ဖျားဆီက

ဖုန်မကပ် ရေဆေးရန် မလိုသော ကားကို နစ်ဆန်း ကုမ္ပဏီမှ ပထမဆုံး ထုတ်လုပ်

Photo: ဖုန်မကပ် ရေဆေးရန် မလိုသော ကားကို နစ်ဆန်း ကုမ္ပဏီမှ ပထမဆုံး ထုတ်လုပ်
Wednesday, April 30, 2014

ဂျပန် ကားကုမ္ပဏီကြီးဖြစ်သော နစ်ဆန်းကုမ္ပဏီသည်
ကမ္ဘာပေါ်တွင် ပထမဆုံး ဖုန်မကပ်၊ ရေဆေးရန် မလိုသောကား (Self Cleaning Car) ကို ထုတ်လုပ်လိုက်ကြောင်း သိရသည်။ အဆိုပါကား အမျိုးအစား ယူနိုက်တက်ကင်းဒမ်း (UK) အင်ဂျင်နီယာများက နာနို ကားဆေးမှုတ် နည်းပညာကို တီထွင် စမ်းသပ်လိုက် ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ကားသုတ်ဆေးမှာ ဖုန်နှင့် အညစ်အကြေးများကို ကပ်ငြိခြင်း မရှိစေရန် ဖုန်နှင့် အညစ်အကြေးများကို လက်မခံသည့် သတ္တိမျိုးရှိကြောင်း သိရသည်။ ဤဆေးမပေါ်မီက ဆိုလျှင် ယာဉ်မောင်းသူများသည် ကားကို တစ်မိုင်လောက် မောင်းလိုက်လျှင်ပင် ဖုန်များ၊ အညစ်အကြေးများဖြင့် ကပ်ငြိနေ၍ ရေမြှုပ် (Sponge) သို့မဟုတ် ရေစိုဝတ်ဖြင့် သုတ်ရသည်။ သို့မဟုတ် ကားရေဆေးလုပ်ငန်းသို့ သွား၍ ကားကိုပြောင်အောင် ရေဆေး ခိုင်းရသည်။ ယခု ထိုသို့ လုပ်စရာမလိုတော့ဟု ဆိုသည်။

ယခု အဆိုပါ ဆေးမှုတ်ထားသော ကားကို ဗြိတိန်နိုင်ငံတွင် Sunderland-built Nissan Note အသစ်တွင် စမ်းသပ်နေသည်။ အောက်တိုဘာလတွင် ထွက်မည့် ၂ဝ၁၅ ကားသစ် Model များတွင် တစ်စီးလျှင် စတာလင် ပေါင် ၁၂၁ဝဝ မှ ၁၇၁ဝဝ ဈေးဖြင့် ရောင်းချသွားတော့မည် ဖြစ်သည်။

ယခုလို ရေဆေးရန် မလိုသောကားမျိုး မဝယ်လိုလျှင်လည်း ယခင်ကဲ့သို့ ရိုးရိုးကားမျိုး ဝယ်ယူနိုင်သည်။ အကယ်၍ ယင်းဆေးမျိုး Metalic Paint ကို သုတ်လိုသည် ဆိုလျှင် ဈေးနှုန်း အတည်မပြုရသေးသော်လည်း စတာလင်ပေါင် ၄၅ဝ အမေရိကန်ဒေါ်လာ ၇၅ဝ ခန့် ပေးနိုင်ကြောင်း သိရသည်။

ကားဆေးရသော ကိစ္စမှာလည်း တကူးတကလုပ်ရသော ကိစ္စဖြစ်၍ ကားဆေးခကလည်း ကုန်ကျနေရသည် ဖြစ်ရာ နစ်ဆန်း ကုမ္ပဏီမှ ကားကို ရေဆေးရန်မလိုသော သုတ်ဆေးနည်းပညာသစ် တီထွင်လိုက်ခြင်း ဖြစ်သည်။ ရွှံ့များ၊ ရေများနှင့် ဖုန် အညစ်အကြေးများ မကပ်တော့၍ ယာဉ်မောင်းများ ကားဖုန်သုတ်ရန်နှင့် ရေဆေးရန် အလုပ်မရှုပ်တော့ပေ။

သိပ္ပံပညာရှင်တွေက Super-hydrophobic နှင့် Oleophobic Paint ဆေးများသည် ရေများနှင့် ဆီများကို လက်မခံသဖြင့် Nissan Note ကားသစ် အားလုံးသည် ကမ္ဘာပေါ်တွင် ပထမဆုံး Self-Cleaning Car ၏ အံ့ဖွယ် တီထွင်မှုဟု ဆိုထိုက်ပေသည်။

နစ်ဆန်းမှ ပြောရေးဆိုခွင့် ရသူက ရှင်းပြရာတွင် ကားတွင် သုတ်ထားသော ဆေးနှင့် ပတ်ဝန်းကျင် အကြား အကာအကွယ် အလွှာအဖြစ် လေအလွှာကို ဖန်တီးထားခြင်းဖြစ်၍ ရေများ ကပ်တွယ်မနေနိုင်၊ ကားလမ်း ပေါ်မှလွင့်စင် ပေကျံမှုများကိုလည်း လက်မခံပေ။ ကား၏ နောက်ကြည့်ကင်မရာတို့၏ မှန်ဘီလူးများကိုလည်း မှုန်မှိုင်း မသွားအောင် လုပ်ထားသည်။ အရောင်း မန်နေဂျာချုပ် ဂျရယ်ဒင်းအင်းဟမ်က ပြောပြရာတွင် ကားကို မိသားစုနှင့် မောင်းသွားရာတွင်လည်း အဆင်ပြေအောင် လုပ်ထားကြောင်း သိရသည်။

ကျွန်တော်တို့က ကိုယ့်ဖောက်သည်တွေရဲ့ နေ့စဉ် ကြုံနေရတဲ့ အခက်အခဲတွေ ဘာရှိလဲ၊ ဒါကို ဘယ်လို ဖြေရှင်း ပေးမလဲဆိုပြီး အမြဲ စမ်းသပ် စစ်ဆေးနေတာပါ။ ဒါကြောင့် ယခုလို ဖုန်မကပ်၊ ရေဆေးရန်မလိုတဲ့ ကားကို တီထွင်လိုက်နိုင်တာပါဟု ဆိုသည်။

ဗြိတိန်တွင် နစ်ဆန်းက အလုပ်သမား ၈၅ဝဝ အနက် Sunderland စက်ရုံမှ အလုပ်သမား ၇၃ဝဝ၊ Cranfield Technical Center မှ အလုပ်သမား ၉၅ဝ နှင့် လန်ဒန်မြို့တော် ပက်ဒင်တန်ရှိ Nissan Eurpean Design ဌာနမှ အလုပ်သမား ၅ဝ တို့က ပါဝင် လုပ်ဆောင်လျက် ရှိကြောင်း တင်ပြ လိုက်ရပါသည်။ ။ 

သိပ္ပဟန်
မြ၀တီ 
ဂျပန် ကားကုမ္ပဏီကြီးဖြစ်သော နစ်ဆန်းကုမ္ပဏီသည်ကမ္ဘာပေါ်တွင် ပထမဆုံး ဖုန်မကပ်၊ ရေဆေးရန် မလိုသောကား (Self Cleaning Car) ကို ထုတ်လုပ်လိုက်ကြောင်း သိရသည်။ အဆိုပါကား အမျိုးအစား ယူနိုက်တက်ကင်းဒမ်း (UK) အင်ဂျင်နီယာများက နာနို ကားဆေးမှုတ် နည်းပညာကို တီထွင် စမ်းသပ် လိုက် ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ကားသုတ်ဆေးမှာ ဖုန်နှင့် အညစ်အကြေးများကို ကပ်ငြိခြင်း မရှိစေရန် ဖုန်နှင့် အညစ်အကြေးများကို လက်မခံသည့် သတ္တိမျိုးရှိကြောင်း သိရသည်။ ဤဆေးမပေါ်မီက ဆိုလျှင် ယာဉ်မောင်းသူများသည် ကားကို တစ်မိုင်လောက် မောင်းလိုက်လျှင်ပင် ဖုန်များ၊ အညစ်အကြေးများဖြင့် ကပ်ငြိနေ၍ ရေမြှုပ် (Sponge) သို့မဟုတ် ရေစိုဝတ်ဖြင့် သုတ်ရသည်။ သို့မဟုတ် ကားရေဆေးလုပ်ငန်းသို့ သွား၍ ကားကိုပြောင်အောင် ရေဆေး ခိုင်းရသည်။ ယခု ထိုသို့ လုပ်စရာမလိုတော့ဟု ဆိုသည်။

ချန်ပီယံဆုဖလား ငှားရန် ပရီးမီးယားလိဂ်အဖွဲ့ချုပ် ပြင်ဆင်နေ

Photo: ချန်ပီယံဆုဖလား ငှားရန် ပရီးမီးယားလိဂ်အဖွဲ့ချုပ် ပြင်ဆင်နေ
Wednesday, April 30, 2014

ရာသီပိတ်ပွဲစဉ်များတွင် အသင်း(၃)သင်းအတွက် ချန်ပီယံဆုပေးပွဲ အခမ်းအနား ပြင်ဆင်ပေးရန် လိုအပ်နေခြင်းကြောင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ပရီးမီးယားလိဂ် ဖလား(၁)လုံးငှားရန် စီစဉ်နေသည်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် လီဗာပူး၊ ချဲလ်ဆီး၊ မန်စီးတီး(၁ပွဲလျော့ကစားထား)တို့ကြား (၃)မှတ်သာ ကွာဟချက် ရှိနေပြီး မေလ (၁၁)ရက်တွင် ကစားမည့် နောက်ဆုံး ပွဲစဉ်မှသာ ချန်ပီယံအသင်း ထွက်ပေါ်လာနိုင်ခြင်းကြောင့် ထိုအသင်း(၃)သင်း ကစားမည့် ရာသီပိတ် ပွဲစဉ်များတွင် ချန်ပီယံဆုပေးပွဲ အခမ်းအနား ပြုလုပ်ပေးရန် လိုအပ်နေပြီး ပရီးမီးယားလိဂ် အဖွဲ့ချုပ်တွင် လက်ရှိချန်ပီယံ မန်ယူအသင်းထံမှ ဖလား(၁)လုံး၊ ယခုရာသီတွင် ချန်ပီယံအသင်းကို ပေးအပ်မည့် ဖလား(၁)လုံး စုစုပေါင်း ဖလား(၂)လုံးသာ ရှိနေသည်။

ယင်းအတွက် ပရီးမီးယားလိဂ် အဖွဲ့ချုပ်သည် အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး၊ ဘလက်ဘန်းတို့ထံမှ ချန်ပီယံဖလားများ ငှားယူရန် ပြင်ဆင်နေသည်ဟု ဒေးလီးမေးလ် သတင်းစာမှ ဖော်ပြသွားသည်။ ထို့အပြင် စပွန်ဆာကုမ္ပဏီ ဘာကလေကို အခမ်းအနားပွဲများအတွက် ပေးအပ်ထားသည့် ပရီးမီးယားလိဂ် ပုံတူဖလားကိုလည်း ငှားရမ်းအသုံးပြုဖွယ်ရှိနေကြောင်း သိရသည်။

ရိုးရာလေး 
 ရာသီပိတ်ပွဲစဉ်များတွင် အသင်း(၃)သင်းအတွက် ချန်ပီယံဆုပေးပွဲ အခမ်းအနား ပြင်ဆင်ပေးရန် လိုအပ်နေခြင်းကြောင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ပရီးမီးယားလိဂ် ဖလား(၁)လုံးငှားရန် စီစဉ်နေသည်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် လီဗာပူး၊ ချဲလ်ဆီး၊ မန်စီးတီး(၁ပွဲလျော့ကစားထား)တို့ကြား (၃)မှတ်သာ ကွာဟချက် ရှိနေပြီး မေလ (၁၁)ရက်တွင် ကစားမည့် နောက်ဆုံး ပွဲစဉ်မှသာ ချန်ပီယံအသင်း ထွက်ပေါ်လာနိုင်ခြင်းကြောင့် ထိုအသင်း(၃)သင်း ကစားမည့် ရာသီပိတ် ပွဲစဉ်များတွင် ချန်ပီယံဆုပေးပွဲ အခမ်းအနား ပြုလုပ်ပေးရန် လိုအပ်နေပြီး ပရီးမီးယားလိဂ် အဖွဲ့ချုပ်တွင် လက်ရှိချန်ပီယံ မန်ယူအသင်းထံမှ ဖလား(၁)လုံး၊ ယခုရာသီတွင် ချန်ပီယံအသင်းကို ပေးအပ်မည့် ဖလား(၁)လုံး စုစုပေါင်း ဖလား(၂)လုံးသာ ရှိနေသည်။ ယင်းအတွက် ပရီးမီးယားလိဂ် အဖွဲ့ချုပ်သည် အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး၊ ဘလက်ဘန်း တို့ထံမှ ချန်ပီယံဖလားများ ငှားယူရန် ပြင်ဆင်နေသည်ဟု ဒေးလီးမေးလ် သတင်းစာမှ ဖော်ပြသွားသည်။ ထို့အပြင် စပွန်ဆာကုမ္ပဏီ ဘာကလေကို အခမ်းအနားပွဲများအတွက် ပေးအပ်ထားသည့် ပရီးမီးယားလိဂ် ပုံတူဖလားကိုလည်း ငှားရမ်းအသုံးပြုဖွယ်ရှိနေကြောင်း သိရသည်။
ရိုးရာလေး

ပြည်သူ့အိမ်ရာဟောင်းများ အိမ်လခ အဆတစ်ရာ တိုးမြှင့်

မြန်မာ တစ်နိုင်ငံလုံးရှိ ပြည်သူ့ အိမ်ရာ အဟောင်းများမှ အခန်းပေါင်း တစ်သောင်းကျော်၏ အိမ်လခများကို ဧပြီလမှ စတင်၍ အဆ တစ်ရာကျော် တိုးမြှင့် ကောက်ခံ သွားမည်ဖြစ်သည်။နှစ်ပေါင်း ၅၀ ကျော် ကြာ မြင့်နေပြီဖြစ်သည့် ရန်ကုန်အပါ အ၀င် နယ်မြို့ကြီးများမှ အိမ်ရာ များ၏လက်ရှိကောက်ခံနေသော နှုန်းထားမှာ ယခင်နှစ်ပေါင်း ၂၀ ကျော်က ပေါက်ဈေးအတိုင်း ကောက်ခံနေခြင်းဖြစ်၍ ယခု ကာလပေါက်ဈေးနှင့် လိုက်လျော ညီထွေမှုရှိစေရန် တိုးမြှင့်ကောက် ခံလိုက်ခြင်းဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင် က ပြောသည်။

Photo: ပြည်သူ့အိမ်ရာဟောင်းများ အိမ်လခ အဆတစ်ရာ တိုးမြှင့်
Wednesday, April 30, 2014

မြန်မာ တစ်နိုင်ငံလုံးရှိ ပြည်သူ့ အိမ်ရာ အဟောင်းများမှ အခန်းပေါင်း တစ်သောင်းကျော်၏ အိမ်လခများကို ဧပြီလမှ စတင်၍ အဆ တစ်ရာကျော် တိုးမြှင့် ကောက်ခံ သွားမည်ဖြစ်သည်။

နှစ်ပေါင်း ၅၀ ကျော် ကြာ မြင့်နေပြီဖြစ်သည့် ရန်ကုန်အပါ အ၀င် နယ်မြို့ကြီးများမှ အိမ်ရာ များ၏ လက်ရှိကောက်ခံနေသော နှုန်းထားမှာ ယခင်နှစ်ပေါင်း ၂၀ ကျော်က ပေါက်ဈေးအတိုင်း ကောက်ခံနေခြင်းဖြစ်၍ ယခု ကာလပေါက်ဈေးနှင့် လိုက်လျော ညီထွေမှုရှိစေရန် တိုးမြှင့်ကောက် ခံလိုက်ခြင်းဖြစ်ကြောင်း

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင် က ပြောသည်။

‘‘အရင် ၅၅ ကျပ်နဲ့ ငှားနေ တဲ့အခန်းက အခု တစ်လကို ၅၅၀၀ လောက်တော့ ပေးရမှာ ပေါ့။ အခု ရန်ကုန်မှာ တိုက်ခန်း တွေ ငှားနေရတဲ့ ဈေးနဲ့ယှဉ်ရင် တော့ အများကြီး သက်သာနေပါ သေးတယ်’’ ဟု ဦးယုခိုင်က ပြော သည်။

အိမ်ရာနေထိုင်ခနှုန်းထား တိုးမြှင့်ရေးနှင့်ပတ်သက်ပြီး သက် ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအ ဖွဲ့၏ သဘောထား၊ မူလနေထိုင် သူတို့၏ သဘောထားတို့ကို ရယူကာ အိမ်ရာခကို တိုးမြှင့် ကောက်ခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဧပြီလမှစတင်ပြီး ကောက်ခံ မည့် အိမ်ရာခ နှုန်းထားသစ်များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲသွား မည်ဖြစ်ပြီး သက်တမ်းကြာအို ဟောင်းနေပြီဖြစ်သည့် ယင်းတိုက် ခန်းများ ပြန်လည်ပြုပြင် အဆင့် မြှင့်တင်ခြင်းကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ကပင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိအချိန်အထိ အဆိုပါ အိမ်ရာများတွင် နေထိုင်သူများ အနေဖြင့် အနည်းဆုံး အိမ်ငှားခ ၂၅ ကျပ်မှ အများဆုံး ၃၀၀ ကျပ် အထိသာ ပေးဆောင်နေရပြီး ယခု ပြောင်းလဲကောက်ခံမည့် နှုန်း ထားအရ အထပ်အမြင့်ပေါ် မူ တည်ပြီး အနည်းဆုံး ငွေကျပ် ၅,၀၀၀ မှ ၁၂,၅၀၀ အထိ တိုးမြှင့် သွားမည်ဖြစ်သည်။

  ‘‘တော်လှန်ရေးကောင်စီ လက်ထက်တုန်းက အခုလိုပဲ အိမ် လခတစ်ခါ တိုးကောက်ဖူးတယ်။ အဲဒီတုန်းက လိုအပ်တဲ့ ၀န်ဆောင် မှုတွေ ရပါတယ်။ ၁၉၈၈ ခုနှစ်က စပြီး ကိုယ်ထူကိုယ်ထနဲ့ ပြုပြင် နေရတယ်’’ ဟု ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ဦးဝိစာရအိမ်ရာ(မင်းမ နိုင်) တွင်နေထိုင်သူ အမျိုးသား တစ်ဦးက ပြောသည်။

ထို့ကြောင့် သက်တမ်းအား ဖြင့် ကြာမြင့်နေပြီဖြစ်ပြီး ၀န် ဆောင်မှုပိုင်း အားနည်းနေသေး သည့် အဆိုပါ အိမ်ရာများအတွက် အိမ်လခတိုးမြှင့်ကောက်ခံလိုက် ခြင်းကြောင့် ၀န်ဆောင်မှုများပါ တစ်ပါတည်းပေးရန် မျှော်လင့်နေ ကြကြောင်း ပြည်သူ့အိမ်ရာစခန်း များတွင်နေထိုင်သူအချို့က ပြော ကြားသည်။

အိမ်လခတိုးမြှင့်ကောက်ခံ မည့် အိမ်ရာများထဲမှ ရန်ကုန်အ  ပါအ၀င် နယ်မြို့ကြီးများမှ အိမ် ရာ အဟောင်း ၄၂ ခုကို ယခုအစိုးရ လက်ထက်တွင် အသစ်ပြန်လည်တည်ဆောက်သွားမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနက ရည်ရွယ်ထားသည်။

Author: မိုးညို / ရဲနိုင်

7Day Daily

ရန်ကုန်အစိုးရ၏ လွှတ်တော်ကော်မတီ ဖွဲ့စည်းရေး ကန့်ကွက်မှု အခြေခံဥပဒေ ခုံရုံးတင်မည်

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်စစ်ဆေးနိုင်မည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကော်မတီများ ဖွဲ့စည်းပေးရေး တင်ပြသည့် အဆိုတခုကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟုဆိုကာ ပယ်ချလိုက်မှုကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ တင်ပြ အဆုံးအဖြတ်ခံယူနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
Photo: ရန်ကုန်အစိုးရ၏ လွှတ်တော်ကော်မတီ ဖွဲ့စည်းရေး ကန့်ကွက်မှု အခြေခံဥပဒေ ခုံရုံးတင်မည်
Wednesday, April 30, 2014

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်စစ်ဆေးနိုင်မည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကော်မတီများ ဖွဲ့စည်းပေးရေး တင်ပြသည့် အဆိုတခုကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟုဆိုကာ ပယ်ချလိုက်မှုကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ တင်ပြ အဆုံးအဖြတ်ခံယူနိုင်ရေး  ကြိုးပမ်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

ဧပြီလ ၂၈ ရက်နေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက တိုင်းဒေသကြီး လွှတ်တော် အတွင်း ပြည်သူ့ငွေများ သုံးစွဲမှုကို စောင့်ကြည့်နိုင်မည့် ပြည်သူ့ငွေစာရင်း ကော်မတီ၊ ပြည်သူများ၏တိုင်ကြားစာ ကော်မတီ ၊ အစိုးရ၏ လွှတ်တော် တွင် ကတိပြုချက်များကို စောင့်ကြည့်မည့် ကော်မတီများ ဖွဲ့စည်း ပေးရန် တင်ပြခဲ့ပြီး ယင်းတင်ပြချက်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်နှင့် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း တို့က  ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းအစိုးရ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ” ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၆၇(က)အရ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေဟာ ဥပဒေရေးရာနဲ့ တိုင်းရင်းသားရေးရာ ကိစ္စတွေလေ့လာတင်ပြရာမှာ လိုအပ်သည့် ကော်မတီနဲ့အဖွဲ့ တွေကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းနိုင်တယ်။ နောက် တိုင်း ဒေသကြီး ဥပဒေ ပုဒ်မ ၂၃မှာ လွှတ်တော် သည် ကာလသတ်မှတ်ချက်နဲ့ လွှတ်တော်စည်းဝေး တခုနဲ့ တခု ကြားမှာ လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်များကိုရွေးချယ်ပြီး ကော်မတီဖွဲ့နိုင်တာ ပါပါ တယ်။  ဒီတော့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တင်ပြတာဟာ ဥပဒေနဲ့ မညီပါဘူး ” ဟု လွှတ်တော်တွင် ပြောဆိုသည်။

ရန်ကုန်တိုင်းအစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်း ကမူ ” တိုင်းဘတ်ဂျက်ကို သုံးစွဲတာမှာ စာရင်းစစ်ကစစ်ခံရပါတယ်။ ကန့်ကွက်တဲ့အပေါ်မှာလည်း ဖြုတ်ရတာတွေ ရှိပါတယ်။တိုင်ကြားစာနဲ့ ပတ်သတ်ပြီးလည်း လစဉ်ဖြေရှင်းပေးနေတာတွေရှိပါတယ်။ နောက်ဒီလိုဖွဲ့တာက ဖွဲ့စည်းပုံနဲ့မညီပါဘူး” ဟု ပြောဆိုကာ တိုင်းဒေသကြီး လွှတ်တော် ကော်မတီများ ဖွဲ့စည်းရေး အဆိုကို ကန့်ကွက်ခဲ့သည်။

နိုင်ငံတ၀န်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လွှတ်တော် ရေးရာကော်မတီများ ဖွဲ့စည်းပြီး ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်ရေးရာကော်မတီများ ဖွဲ့စည်းခွင့်မရှိဟုဆိုကာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ငြင်းပယ်လျက်ရှိကြောင်း ဒေါက်တာဒေါ်ညိုညိုသင်းက ထောက်ပြ ပြောဆိုသည်။

“အစိုးရအဖွဲ့က ဒီကော်မတီတွေဖွဲ့တာက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်လို့ တင်ပြလို့ ဖွဲ့ခွင့် မပေးဘူးဆိုရင် အခြေခံဥပဒေ ခုံရုံးကပဲ ဆုံးဖြတ်ပေးရပါမယ်။ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၁၆၇နဲ့ တိုင်းဒေသကြီး ဥပဒေပုဒ်မ ၂၃တို့ ဆန့်ကျင်တယ်၊ မဆန့်ကျင်တာက ခုံရုံးကပဲဆုံးဖြတ်ခွင့်ရှိတယ်။ အစိုးရက ဆုံးဖြတ်ခွင့် မရှိပါဘူး။ ဥပဒေချုပ် ကိုလည်း သဘောထား မှတ်ချက်တောင်းတာမှာလည်း သူကိုယ်တိုင်က အစိုးရနဲ့ သဘောထား မှတ်ချက်တူနေတာ စိတ်မကောင်း စရာပါပဲ “ဟု ဒေါက်တာဒေါ်ညိုညိုသင်းက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အနေဖြင့် လွှတ်တော် ငွေစာရင်း ကော်မတီများဖွဲ့စည်းခွင့် မပြုခြင်းမှာ အစိုးရ၏ အသုံးစရိတ် များ အပေါ် မေးခွန်းထုတ်စရာဖြစ်ကြောင်း၊ အစိုးရ၏ အာမခံချက် ၊ ကတိက၀တ်များကို စောင့်ကြည့်နိုင်သည့် ကော်မတီများကို ပြည်ထောင်စု အဆင့်တွင် ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း တိုင်းဒေသကြီး အဆင့်တွင် လက်မခံမှုမှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဒေါက်တာဒေါ် ညိုညိုသင်းက လွှတ်တော် အပြီး သတင်းမီဒီယာများအား ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး တာမွေမဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်က လွှတ်တော်တွင် အစိုးရ အနေဖြင့် ကိုယ်စားလှယ်များ၏မေးခွန်းများ ဖြေဆိုပေးရုံဖြင့် မလုံလောက်ကြောင်း၊ ဖြေရှင်းပေးမည်ဟု ကတိ ကဝတ် များ ပေးထားသော်လည်း မဖြေရှင်းသေးဘဲ ကျန်ရှိနေသော အရေးကိစ္စများစွာ ရှိကြောင်းထောက်ပြ ပြောဆိုခဲ့သည်။

“လွှတ်တော်အနေနဲ့ ရေးရာကော်မတီတွေကို ဖွဲ့စည်းပေးသင့်ပါတယ်။ ခုဆိုရင်အစိုးရပိုင်းက လုပ်ဆောင် ပေးမယ် ဆိုတဲ့ကတိကဝတ်တွေဟာ လုပ်ဆောင်ဖို့လိုအပ်နေသေးပါတယ်။ ဒီတော့ ဒီလိုသာ လုပ်ခွင့်မရှိရင် လွှတ်တော် ရာဇ၀င်ဟာ လွှတ်တော်သက်တမ်းတလျှောက်မှာ ရိုင်းတော့မှာဖြစ်လို့ စဉ်းစားပေးသင့်ပါတယ်”ဟု တင်ပြ ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်း လွှတ်တော်ရေးရာ ကော်မတီများ ဖွဲ့စည်းရေး အပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ငြင်းပယ်နေမှု အပေါ် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌမှတဆင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသို့ တင်သွင်းရေး တိုက်တွန်း ကြောင်း အဆိုတရပ် ထပ်မံ တင်သွင်းမည် ဖြစ်ကြောင်း၊ ထိုအဆို တင်သွင်းမှု ရှုံးနိမ့်ပါက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက လက်မှတ် ထိုးတင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဧရာဝတီ

ဖိလစ်ပိုင်နှင့် အမေရိကန်တို့ ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ချူပ် အမေရိကန်စစ်သားများ ပိုမိုချထားခွင့်ရမည် နိုင်ငံတကာသတင်း

Photo: ဖိလစ်ပိုင်နှင့် အမေရိကန်တို့ ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ချူပ် အမေရိကန်စစ်သားများ ပိုမိုချထားခွင့်ရမည် နိုင်ငံတကာသတင်း
Tuesday, April 29, 2014 

IMG_5E320D-A26656-C72110-93DB7A-CE7166-DAE19B
ဖိလစ်ပိုင် နိုင်ငံအတွင်း အမေရိကန်၏ စစ်အင်အား ပိုမိုချထားမည့် စစ်တပ်ဆိုင်ရာ သဘောတူညီချက် စာချုပ်တစ်ခုကို အမေရိကန်နှင့် ဖိလစ်ပိုင်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

အိုဘားမား၏ အာရှခရီးစဉ်တွင်း ဖိလစ်ပိုင်နိုင်ငံသို့ မလာရောက်မီ နာရီပိုင်းအလိုက ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဗော်လတိုင်းယား ဂက်ဇ်မင်နှင့် ဖိလစ်ပိုင်ဆိုင်ရာအမေရိကန် သံအမတ်ကြီး ဖီးလစ် ဂိုးလ်ဘာ့ဂ်ျတို့ ဖိလစ်ပိုင်နိုင်ငံအတွင်း အမေရိကန်စစ်သားများ ပိုမိုချထားရေး သဘောတူညီချက်အား လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။

ထိုသဘောတူညီချက်က နှစ်နိုင်ငံအကြား မဟာဗျူဟာကြသည့် ခိုင်မာသော မိတ်ဖက်နိုင်ငံအဖြစ် အသိအမှတ်ပြုမှုဖြစ်သည်ဟု ဖိလစ်ပိုင်အစိုးရက ဆိုသည်။ အမျိုးသားရေးဝါဒီများက ဆန့်ကျင်နေပြီး ဖိလစ်ပိုင်၏ ၁၉၈၇ အခြေခံဥပဒေကလည်း ခွင့်ပြုခြင်းမရှိသောကြောင့် ထိုသေဘာတူညီချက်တွင် အမေရိကန် စစ်စခန်းများ ပြန်လည်ဖွင့်လှစ်ရန် မပါဝင်ဟု ဂိုးလ်ဘာ့ဂ်ျက ဆိုသည်။

သို့သော်လည်း ထိုသဘောတူညီချက်အရ အမေရိကန်စစ်သားများမှာ ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်းရှိ ဖိလစ်ပိုင် စစ်စခန်းများအတွင်းသို့ ၀င်ထွက် သွားလာခွင့်ရမည်ဖြစ်သည်။

နိုင်ငံခြားရေးရာ ဖိလစ်ပိုင်ဆီးနိတ်ကော်မတီ ဥက္ကဌ မီရီယမ် ဒီဖန်ဆာ ဆန်တီယာဂိုကလည်း ယခုကဲ့သို့ သဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ခြင်းက ဖိလစ်ပိုင်နိုင်ငံအတွက် အကျိုးကျေးဇူးနည်းငယ်ရရှိပြီး အမေရိကန်အတွက် ပို၍ အကျိုးဖြစ်ထွန်းစေသည်ဟု ဆိုသည်။

ထို့ပြင် ဖိလစ်ပိုင်အပါအ၀င် ပတ်ဝန်းကျင်နိုင်ငံများက အမေရိနကန်နှင့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် အမေရိကန်မှာ တရုတ်အား ၀ိုင်းထားနိုင်ပြီဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံမှာ တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းတစ်ကျွန်း ပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနှင့် အချင်းများနေရသည်။

M-Media
IMG_5E320D-A26656-C72110-93DB7A-CE7166-DAE19B
ဖိလစ်ပိုင် နိုင်ငံအတွင်း အမေရိကန်၏ စစ်အင်အား ပိုမိုချထားမည့် စစ်တပ်ဆိုင်ရာ သဘောတူညီချက် စာချုပ်တစ်ခုကို အမေရိကန်နှင့် ဖိလစ်ပိုင်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။
အိုဘားမား၏ အာရှခရီးစဉ်တွင်း ဖိလစ်ပိုင်နိုင်ငံသို့ မလာရောက်မီ နာရီပိုင်းအလိုက ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဗော်လတိုင်းယား ဂက်ဇ်မင်နှင့် ဖိလစ်ပိုင်ဆိုင်ရာအမေရိကန် သံအမတ်ကြီး ဖီးလစ် ဂိုးလ်ဘာ့ဂ်ျတို့ ဖိလစ်ပိုင်နိုင်ငံအတွင်း အမေရိကန်စစ်သားများ ပိုမိုချထားရေး သဘောတူညီချက်အား လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။

အပစ်ရပ်ရေး ဆွေးနွေးပွဲကို မေလ တတိယပတ်ကုန်မှာ ပြုလုပ်ဖို့ရှိ

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြား ဆွေးနွေးပွဲကို လာမယ့်မေလ တတိယပတ်အကုန်မှာ ပြုလုပ်သွားဖို့ရှိပါတယ်။ဒီလာမယ့် တွေ့ဆုံပွဲနဲ့ပတ်သက်ပြီးတော့ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ ဆွေးနွေးပွဲကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Photo: အပစ်ရပ်ရေး ဆွေးနွေးပွဲကို မေလ တတိယပတ်ကုန်မှာ ပြုလုပ်ဖို့ရှိ
Wednesday, April 30, 2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြား ဆွေးနွေးပွဲကို လာမယ့်မေလ တတိယပတ်အကုန်မှာ ပြုလုပ်သွားဖို့ရှိပါတယ်။ဒီလာမယ့် တွေ့ဆုံပွဲနဲ့ပတ်သက်ပြီးတော့ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့  NCCT ခေါင်းဆောင်တွေ ဆွေးနွေးပွဲကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ခေါင်းဆောင်တွေ အကြား ပြေလည်မှုမရရှိသေးတဲ့ မတူညီတဲ့ အချက် တွေကို ပြန်လည် သုံးသပ်ခဲ့ကြတာ ဖြစ်ပြီး အပြန်လှန် ဆွေးနွေးခဲ့ကြပြီး နောက် ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့  NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ က အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို အခုလို ပြောပါတယ်။

“ဒီနေ့ ထူးထူးခြားခြားပေါ့ဗျားနော် အရေးကြီးဆုံး ရှေ့လုပ်ငန်းစဉ် ချမှတ်လိုက်တာကတော့ ဒီ UPWC အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ပေါ့လေ အန်ကယ်တို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ လာမည့် ဒီ မေလ တတိယအပတ် အကုန် စတ္တုထအပတ်အကူးလောက်မှာပေါ့နော် ဒီကြားထဲမှာ တွေ့ဆုံနိုင်ဖို့ အဲ့ဒါကို ဆုံးဖြတ်ချက် ချပါတယ်။ တွေ့ဆုံဖို့ ဆိုတဲ့ နေရာမှာလည်း NCCT နဲ့ UPWC ဆိုတဲ့ ကိုယ်စားလှယ် အပြည့်နဲ့သွားမှာမဟုတ်ပါဘူး၊ အန်အယ်တို့ ဒီ နှစ်ဖက် ညှိနိုင်းထားတဲ့ ဒီ single text ဖြစ်ဖို့ နော် အဲ့ဒီ ကော်မတီစု အနေနဲ့ပဲ သွားပြီးတော့ တွေ့ဆုံကြဖို့ အဲ့လို စီစဉ်ထားပါတယ်။”

ဆွေးနွေးပွဲမှာ စစ်ရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး code of conduct လိုက်နာရမယ့် ကျင့်ထုံးတွေကို ပြင်ဆင်ရေးစွဲဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

သဘောတူညီမှု မရရှိသေးတဲ့ အချက် တွေကို တိတိကျကျ သိရှိအောင် အစိုးရနဲ့ ထပ်မံတွေ့ဆုံဖို့ရှိပြီး အဲဒီအတွက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့  NCCT ဒုအဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ဦးဆောင်တဲ့ အဖွဲ့ဝင် ၈ ဦးကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ကချင်ပြည်လွတ်လပ်ရေးတပ်ဖွဲ့ ကေအိုင်အိုက ပြည်ထောင်စုငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီထံ အဆိုပြုလိုက်ပါတယ်။

လာမယ့် မေလ ၁၀ ရက်နေ့ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြန်လည်ဆွေးနွေးဖို့ အဆိုပြုထားတာဖြစ်တယ်လို့  KIO အဖွဲ့က ဒုစစ်ဦးစီးချုပ် ဗိုလ်ချူပ် ဆွမ်လွတ်ဂွမ်မော် က အခုလိုပြောပါတယ်။

“ကချင်ပြည်နယ်နဲ့ ဒီရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ သိပ့်များလာတဲ့ အခါကြတော့ ဒီတိုက်ပွဲတွေကြောင့် ကျနော်တို့ရဲ့ ဒီ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေမှာ တင်းမာမှုတွေ ဖြစ်လာနိုင်တယ်၊ ပြီးတော့ ကျနော်တို့ရဲ့ ပါဝင်မှုတွေကိုလည်း ကျနော်တို့က ပြန်စဉ်းစားဖို့ လိုအပ်လာတယ် အဲ့ဒါကြောင့် ဒီလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အရှိန်အဟုန်မပျက်အောင် ကျနော်တို့က ဆွေးနွေးပွဲတွေ လုပ်ချင်တဲ့ သဘောဖြစ်ပါတယ်၊ အဲ့ဒါကြောင့် အစိုးရကို ကျနော်တို့က ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။”

အစိုးရနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါကျရင် KIO အဖွဲ့အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက အာရှရေးရာ အထူးကိုယ်စားလှယ်တို့နဲ့အတူ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ခေါင်းဆောင်တွေနဲ့ NCCT ခေါင်းဆောင် တွေကို လေ့လာသူတွေအဖြစ် ဖိတ်ကြားသွားမယ်လို့ အဆိုပြုထားကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ ထားပါတယ်။

ABC Radio Australia 

ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးတွင် ခုံးကျော် တံတားများနှင့် ဆက်စပ်နေသည့် မီးပွိုင့်စနစ်များ ပြန်လည် သုံးသပ်မည်

ရန်ကုန်မြို့တော် အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်ရန် လှည်းတန်း ခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတား သုံးစင်းတို့ကို ၂ဝ၁၃ ခုနှစ်အတွင်း ဖွင့်လှစ် ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိသည့်အတွက် ယင်း ခုံးကျော်တံတား များနှင့် ဆက်စပ်နေသည့် မီးပွိုင့်စနစ်များ ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်မှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။အထူးသဖြင့် လှည်းတန်း ခုံးကျော်တံတား စတင် အသုံးပြုချိန်မှ စတင်ကာ ယာဉ်ကြောပိတ်ဆို့မှု များပြား နေသော ဟံသာဝတီ အဝိုင်းကို ဖျက်သိမ်း၍ မီးပွိုင့်စနစ် ပြောင်းလဲရန် ရှိသော်လည်း လက်ရှိတွင် မီးပွိုင့်နှင့် အဝိုင်းပတ်စနစ် နှစ်မျိုးစလုံးကို သုံးစွဲနေကြောင်း သိရသည်။

Photo: ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးတွင် ခုံးကျော် တံတားများနှင့် ဆက်စပ်နေသည့် မီးပွိုင့်စနစ်များ ပြန်လည် သုံးသပ်မည်
Wednesday, April 30, 2014

ရန်ကုန်မြို့တော် အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်ရန် လှည်းတန်း ခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတား သုံးစင်းတို့ကို ၂ဝ၁၃ ခုနှစ်အတွင်း ဖွင့်လှစ် ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိသည့်အတွက် ယင်း ခုံးကျော်တံတား များနှင့် ဆက်စပ်နေသည့် မီးပွိုင့်စနစ်များ ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်မှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

အထူးသဖြင့် လှည်းတန်း ခုံးကျော်တံတား စတင် အသုံးပြုချိန်မှ စတင်ကာ ယာဉ်ကြောပိတ်ဆို့မှု များပြား နေသော ဟံသာဝတီ အဝိုင်းကို ဖျက်သိမ်း၍ မီးပွိုင့်စနစ် ပြောင်းလဲရန် ရှိသော်လည်း လက်ရှိတွင် မီးပွိုင့်နှင့် အဝိုင်းပတ်စနစ် နှစ်မျိုးစလုံးကို သုံးစွဲနေကြောင်း သိရသည်။

ယင်းအတွက် ဟံသာဝတီအဝိုင်းကို ဖျက်သိမ်း၍ မီးပွိုင့်စနစ် ပြောင်းလဲရန် ယာဉ်သွားလာမှု စစ်တမ်း ကောက်ယူခြင်းကို နှစ်လ ထပ်တိုး ပြုလုပ် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှ သိရသည်။

ဟံသာဝတီအဝိုင်း အနီးတစ်ဝိုက်တွင် ယာဉ်သွားလာမှု အစီးရေ ကောက်ယူခြင်း လုပ်ငန်းကို ဇန်နဝါရီလမှ စတင်ကာ သုံးလကြာ ကောက်ယူခဲ့သော်လည်း အချက်အလက်များ ပိုမိုခိုင်မာစေရန် နှစ်လ ထပ်တိုး ကောက်ယူရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

''ခုံးကျော် တံတားတွေနဲ့ ဆက်စပ်နေတဲ့ မီးပွိုင့်တွေကြောင့် ယာဉ်ကြော ပိတ်ဆို့မှုကို ပိုမို ဖြစ်စေတယ်ဆိုတဲ့ စစ်တမ်းတွေ၊ အဖြေတွေ ထွက်ခဲ့ရင် မီးပွိုင့်တွေကို ဝေးဝေး ချဲ့ထုတ်ရမှာပေါ့။ တစ်ခါတလေမှာ မီးပွိုင့်ကြောင့် ယာဉ်တန်းဟာ ခုံးကျော်တံတား အလယ်အထိ ရောက်သွား တာမျိုး ရွှေဂုံတိုင်မှာ တွေ့နေရတယ်။ လှည်းတန်းမှာလည်း ဖြစ်တတ်တာ ရှိတယ်'' ဟု မြို့ပြ အင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ 

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာမှ ကျွန်းသစ်လုံး၊ သစ်မာလုံးများ အပါအ၀င် သစ်တောထွက်ပစ္စည်း စံချိန်တင် ဒေါ်လာတစ်ဘီလျံနီးပါးအထိ ပြည်ပတင်ပို့ခဲ့

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ကျွန်းသစ်လုံး၊ သစ်မာလုံးများအပါအ၀င် သစ်တောထွက်ပစ္စည်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၄၇ ဒသမ ၈၀၈ သန်းဖိုးအထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။ကျွန်းသစ်လုံး၊ ကျွန်းသစ်ခွဲသား၊ သစ်မာလုံး၊ သစ်မာခွဲသား၊ သစ်ပါးလွှာနှင့် အထပ်သား၊ အခြားသစ်တောထွက်ပစ္စည်းများအား ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၉၁၆ ဒသမ ၃၉၂ သန်းဖိုးနှင့် နယ်စပ်စခန်းများမှ ၃၁ ဒသမ ၄၁၆ သန်းဖိုးအထိ တင်ပို့ခဲ့သည်။