Sunday, September 8, 2013

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ပေါ်တွင် အဆင့်မြင့် ဆိပ်ကမ်းခြောက်ခု တည်ဆောက်ရန် စီစဉ်ထားသော်လည်း ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ မရှိသေး

T-8-9
မန္တလေးမြို့ ဧရာဝတီ ဆိပ်ကမ်းတစ်နေရာအား တွေ့ရစဉ်
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ပေါ်တွင် အဆင့်မြင့်ဆိပ်ကမ်း ခြောက်ခုအား ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ မှုများဖြင့် တည်ဆောက်ရန် စီစဉ်ထားသော်လည်း ယခုချိန်ထိ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ မရှိသေးကြောင်း သတင်းရရှိပါသည်။

မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေး အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သွားရောက်ဆွေးနွေးမည်

O-8-9
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်
မလေးရှားနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တရား ၀င်ဖြစ်ရေးအတွက် စက်တင်ဘာ ၉ ရက်တွင် အလုပ်သမား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သွားရောက်ဆွေးနွေးမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့သည်။

မြိတ်မြို့ ဘုရားကိုင်ချောင်းအတွင်း BA-63 သေနတ်နှင့် ကျည်ဆန်များတွေ့ရှိ

H-8-9
မြိတ်မြို့ ဘုရားကိုင်ချောင်းအတွင်း တွေ့ရှိရသော လက်နက်နှင့် ကျည်ဆန်များအား စစ်ဆေးမှု ပြုလုပ်နေစဉ်
စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက မြိတ်မြို့၊ ရေနံမြေနှင့် နောက်လယ်ကြားရှိ ဘုရားကိုင်ချောင်းထဲတွင် BA-63 သေနတ်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး တိမ်းရှောင်နေသည့် ကျူးလွန်သူများကို ဖမ်းမိနိုင်ရေး ပြည်သူများ ပူးပေါင်းပါဝင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ပြောကြား

B-8-9
ရန်ကင်းမြို့နယ်အတွင်း အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် လမ်းဘေးပလက်ဖောင်းအား ကျော်လွန်ကာ မြောင်းထဲ သို့ ပြုတ်ကျခဲ့သည့် ယာဉ်တစ်စီး (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
မြန်မာနိုင်ငံအတွင်း ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ကျူးလွန်သူများကို ဖမ်းဆီးရရှိမှု မရှိသည့် ဖြစ်စဉ်များ ရှိနေသဖြင့် ပြည်သူများ ပူးပေါင်းပါဝင်ရန် အထူးလိုအပ်နေကြောင်း မြန်မာနိုင်ငံ

ဘာသာရေး ပဋိပက္ခ မဖြစ်ပေါ်ရေး နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၆)နှစ်မြောက် အခမ်းအနား ပြုလုပ်မည်

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၆)နှစ်မြောက် အခမ်းအနား အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်တွင် သံဃာအပါး ၂၅၀ ကျော်ကို ဆွမ်းကပ်လှူဒါန်းမည်ဟု သိရသည်။

NLD ပါတီနှင့် တိုင်းရင်းသား ပါတီများကြား အထင်လွဲမှားမှု မဖြစ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

NLD ပါတီ ရုံးချုပ်တွင် စက်တင်ဘာ ၇ ရက်က ပြုလုပ်ကျင်းပသည့် တိုင်းရင်းသားပါတီများနှင့် တွေ့ ဆုံဆွေးနွေးသည့်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီနှင့် တိုင်းရင်းသား ပါတီများကြား အထင်လွဲ မှားမှုများ မဖြစ်ပေါ်စေချင်ကြောင်းနှင့် နားလည်မှုများသာ ရရှိစေချင်ကြောင်း ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD က တိုင်းရင်းသား ပါတီများအား ဖိတ်ကြားခဲ့ရာ အချိန်မမီသောကြောင့် ၁၄ ဖွဲ့တွင် ခြောက်ဖွဲ့သာ တက်ရောက်နိုင်ဟုဆို

V-8-9
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့်အတူ လာရောက်ဆွေးနွေးသော တိုင်းရင်းသား ပါတီ ခေါင်းဆောင်များအား တွေ့ရစဉ် (ဓာတ်ပုံ-NLD)
NLD ပါတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီ ၁၄ ဖွဲ့အား ဖိတ်ကြားခဲ့သော်လည်း ဖိတ်ကြားသည့် အချိန်မှာ နီးကပ်လွန်းသဖြင့် ပါတီခြောက်ဖွဲ့သာ တက်ရောက် ခဲ့ကြောင်းကို NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စက်တင်ဘာ ၇ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးသည့်ပွဲတွင် ပြောကြားသည်။

တရားစီရင်ရေး ကဏ္ဍတွင် အကျင့်ပျက်မှုများ အမြစ်တွယ်နေကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင် ၀န်ခံ

တရားဥပဒေ စိုးမိုးရေးအတွက် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်။