Tuesday, November 19, 2013

လွယ်ဂျယ်မြို့ တောင်ပေါ်ကျောင်းရှိ ဗုဒ္ဓဆင်းတုတော်များအားKIAဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ သံဃာတော်များအစည်းအဝေးပြုလုပ်

လွယ်ဂျယ်မြို့ တောင်ပေါ်ကျောင်းရှိ ဗုဒ္ဓဆင်းတုတော်များအား KIA ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ တရုတ်- မြန်မာ နယ်စပ်ရှိ သံဃာတော်များ အစည်းအဝေးပြုလုပ်

19.11.2013

ကျမ ချစ်ခဲ့ဖူးတဲ့ လိင်တူ ဆက်ဆံသူ မိန်းမ တစ်ယောက်လောက် သန်စွမ်းတဲ့ ယောက်ျား တစ်ယောက်ကိုမှ ချစ်နိုင်မယ်ဆိုတဲ့ လေဒီဂါဂါ

အမေရိကန်ပေါ့(ပ်) အဆိုတော် လေဒီဂါဂါ ဟာ လိင်ဆက်ဆံခဲ့တဲ့မိန်းမတွေနဲ့ တန်းတူစွမ်းအင်ရှိတယ်လို့ ယုံကြည်ရတဲ့ ယောက်ျားတစ်ယောက်ကို ရှာတွေ့မှ ချစ်နိုင်မှာ ဖြစ်ကြောင်း Watch What Happens Live ရုပ်သံအစီအစဉ်မှာ ၁၄-၉-၂၀၁၃ နေ့က ဖွင့်ပြောလိုက်ပါတယ်။

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကဏ္ဍတစ်ခု ကျပ်သိန်း ၅၀ ထက် ပိုမသုံးရန် ပြည်ထောင်စုလွှတ်တော် အမိန့်ထုတ်

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကဏ္ဍတစ်ခု ကျပ်သိန်း ၅၀ ထက် ပိုမသုံးရန် ပြည်ထောင်စုလွှတ်တော် အမိန့်ထုတ် 

ကလေး၊ နိုဝင်ဘာ ၁၈

နိုင်ငံတစ်ဝန်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သုံးစွဲရမည့် ရန်ပုံငွေကို ကဏ္ဍတစ်ခုလျှင် ကျပ်သိန်း ၅၀ ထက် ပိုမသုံးရန် ပြည်ထောင်စု လွှတ်တော်က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် (၈၂/၂၀၁၃) ဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း အဆိုပါ လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒေသခံများ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားသည်။

ယင်းရန်ပုံငွေကို ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေး၊ ကျေးလက်ဒေသ လမ်းတံတားများ ပြုပြင်ရေး၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပျက်စီးနေခြင်းတို့ကို ပြုပြင်ရန် စသော ကဏ္ဍများတွင် သုံးစွဲရမည် ဖြစ်ပြီး ယင်းကဲ့သို့ သုံးစွဲရာတွင် ပြည်ထောင်စု ဘဏ္ဍာငွေမှ ခွင့်ပြုထားသော လုပ်ငန်း၊ စီမံကိန်းများ၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးတို့က ချပေးထားသော လုပ်ငန်း၊ စီမံကိန်းများမှအပ ကျန်သော နေရာများတွင် သုံးစွဲရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
“ကျေးရွာ ၁၀၀ ရှိရင် ဆယ်သိန်းစီ ခွဲယူဖို့ မဟုတ်ဘူး။ မရှိတဲ့ နေရာမှာ ပေးဖို့၊ ရသွားတဲ့ နေရာအတွက် ကျန်တဲ့နေရာကလည်း မုဒိတာပွားဖို့ လိုတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

ဒေသဖွံ့ဖြိုးရေးနင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့် ငွေကြေး သုံးစွဲရန် ပြီးခဲ့သည့်နှစ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာငွေ အတည်ပြုခဲ့ပြီး မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကလေးမြို့၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောကြားသည်။  

နိုင်ငံတစ်ဝန်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် လက်ရှိ ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၇၅,၀၁၅ သန်းခန့် သုံးစွဲမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
နိုင်ငံတစ်ဝန်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သုံးစွဲရမည့် ရန်ပုံငွေကို ကဏ္ဍတစ်ခုလျှင် ကျပ်သိန်း ၅၀ ထက် ပိုမသုံးရန် ပြည်ထောင်စု လွှတ်တော်က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် (၈၂/၂၀၁၃) ဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း အဆိုပါ လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ကျောက်ဖြူတွင် မူးယစ်ရမ်းကားသူလူတစ်စု ဗလီတစ်လုံးအား ဖျက်ဆီးရန် ကြိုးပမ်းခဲ့ ၊ ရဲတပ်ဖွဲ့မှ အချိန်မှီ သွားရာက် ထိမ်းသိမ်းနိုင်ခဲ့သဖြင့် ဗလီဝင်းခြံစည်းရိုးသာ အနည်းငယ် ပျက်စီး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယမန်နေ့ သူခိုးကြီးများည ၈နာရီခွဲအချိန်ခန့်က မူးယစ်နေကြသော လူ ၃၀ ကျော်ခန့်သည် သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဗလီတစ်လုံးအား ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြပြီး ရဲတပ်ဖွဲ့က ည ၉နာရီခွဲခန့် အချိန်တွင် ရောက်သွားပြီး ထိမ်းသိမ်းနိုင်ခဲ့ သည်ဟု ကျောက်ဖြူ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

အလှအပဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အလှမယ်တို့ရဲ့တစ်ကိုယ်ရေ လူမှုဘဝအလှ

ခန္ဓာကိုယ် အချိုးအစားလိုက်ဖက်ညီပြီး အသားအရည်စိုပြည်နူးညံ့ဝင်းမွတ်လှပစေဖို့အပြင် ကိုယ်လက် ကြံ့ခိုင် ကျန်းမာရေးအတွက် ကိုယ်ကာယအခြေခံလေ့ကျင့်ခန်းများ အစဉ်သဖြင့်ပြုလုပ်ကာ ထိန်းသိမ်းစောင့်ရှောက် ကြရတာ အလှမယ်တို့အတွက် လူမှုဘဝမှာအရေးကြီးဆုံးအရာဖြစ် ပါတယ်။ နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေဆီကို ယှဉ် ပြိုင်နိုင်ခွင့် ရရှိနေကြ သူ မြန်မာ အလှမယ်ပြိုင်ပွဲ များကနေ တက်လှမ်းယှဉ်ပြိုင်နိုင်ခွင့် ရရှိနေကြသူမြန်မာ အလှမယ်တွေဖြစ်ကြတဲ့ နန်းခင်ဇေယျာ၊ ဂုဏ်ရည်အေးကျော်၊ ခင်ဝင့်ဝါနဲ့ခင်လပြည့်ဇော်စတဲ့ အလှမယ်များဟာကျန်းမာရေးကို အမြဲတမ်း ဂရုတစိုက် အဓိကထား လုပ်ဆောင် ကြရကြောင်းသူတို့ရဲ့ပြောစကားသံတွေကို စုစည်းဖော်ပြ လိုက်ပါတယ်။

အိမ်ဝိုင်းထဲဝင်၍ဓါးဖြင့်ခုတ်သူအား အရေးယူထား

၁၅-၁၁-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် နတ်မောက်မြို့နယ်၊ တွင်းကြီးကျေးရွာအုပ်စုနေ ဦးနေလင်း(၅၄)နှစ်သည် နေအိမ်အောက်ထပ်တွင် သားသမက်ဖြစ်သူ ဘိုဌေး၊ မရီးဖြစ်သူ မမြကြည် တို့နှင့်အတူ စကားပြောနေစဉ် တစ်ရွာတည်းနေ ခမည်းခမက်ဖြစ်သူ ခင်မောင်သိန်း(၄၅)နှစ်မှာ

လက်ပံတောင်းမှာ ရဲကင်းတွေ နေရာရွှေ့ပေး

Photo: လက်ပံတောင်းမှာ ရဲကင်းတွေ နေရာရွှေ့ပေး
Tuesday, November 19, 2013

လုံခြုံရေးရဲတွေနဲ့ ဒေသခံတွေကြား တင်းမာမှုတွေဖြစ်နေတဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဒေသ မိုးကြိုးပြင်ရွာထိပ်မှာ ရဲကင်းတွေ ဆောက်ထား တာကို အာဏာပိုင်တွေက ရွေ့ပေးလိုက်ပါတယ်။

လျော်ကြေးကိစ္စ မပြေလည်သေးတဲ့ မြေတွေပေါ်မှာ ရဲကင်း ဆောက်ပြီး ရွာကလူတွေရဲ့ အသွားအလာတွေကို မှတ်တမ်း ယူနေတာကို မကျေနပ်ကြတဲ့ ရွာသားတွေက နိုဝင်ဘာ ၁၄ ရက်ကတည်းက စပြီး တနင်္လာနေ့ ညနေပိုင်းထိ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် လယ်တီသိမ်အရေး သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်နေတဲ့ သံဃာတော်တွေရဲ့ ကြားဝင် ဖြန်ဖြေပေးမှုကြောင့် အာဏာပိုင်ဖက်က ရဲကင်းတွေကို ည ၁၀ နာရီကျော်မှာ ရွှေ့ပေး လိုက်ပါတယ်။

ရွာသားတွေဖက်ကတော့ ရွာထိပ်က ရဲကင်းရွှေ့သွားပြီ ဆိုပေမယ့် သူတို့ရွာတွေနဲ့ အနီးအနားမှာ ရဲကင်းတွေ ရှိနေသေးတဲ့အတွက် သူတို့ကို ယုံကြည်မှု မရှိလို့ လုံခြုံစိတ်ချတယ်လို့ မယူဆဘဲ စောင့်ကြည့်ဦးမယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့က ရဲကင်းတွေကိစ္စနဲ့ ပတ်သက်ပြီး တဖက်နဲ့တဖက် ခိုက်ရန်ဖြစ်ခဲ့ရာမှာ ရွာသား ၇ ဦး ဒဏ်ရာရခဲ့ပြီး ရဲဖက်ကလည်း ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

တာဝန်ကျရဲတွေဖက်က ရဲကားတွေ ပျက်စီးမှုနဲ့ ထိခိုက်နာကျင်ခဲ့ရတဲ့အတွက် ရွာသားတွေကို ဆားလင်းကြီး ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

BBC Burmese
လက်ပံတောင်းမှာ ဒေသခံတွေ အကြိမ်ကြိမ် ဆန္ဒပြခဲ့ကြ
လုံခြုံရေးရဲတွေနဲ့ ဒေသခံတွေကြား တင်းမာမှုတွေဖြစ်နေတဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဒေသ မိုးကြိုးပြင်ရွာထိပ်မှာ ရဲကင်းတွေ ဆောက်ထား တာကို အာဏာပိုင်တွေ က ရွေ့ပေး လိုက်ပါတယ်။

တပ်မတော်၏ အခွင့်အရေးများကို လျှော့ချလိုခြင်းမဟုတ်ဘဲ ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသည့်၊ ပြည်သူလေးစားချစ်ခင်သည့် မြင့်မြတ်သော တပ်မတော်ကောင်းတစ်ခု ဖြစ်စေလိုသည့် အတွက်သာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တိုက်တွန်းခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

8.1.1
နို၀၀်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် NLD ပါတီ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ပြည်သူ့ သဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းခဲ့ပြီး ပါတီဝင်များ ၊ ထောက်ခံသူများနှင့် ဒေသခံများ တက်ရောက်နေသည်ကို တွေ့ရစဉ်
တပ်မတော်၏ အခွင့်အရေးများကို လျှော့ချလို၍ မဟုတ်ဘဲ ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသည့် ပြည်သူ များ လေးစားချစ်ခင်သည့် မြင့်မြတ်သည့် တပ်မတော်ကောင်း တစ်ခု ဖြစ်စေလိုသည့် အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် တိုက်တွန်းခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲတွင် ပြောကြားသည်။

အပစ်အခတ်ရပ်စဲရေး မူကြမ်းတစ်စောင်အား ဒီဇင်ဘာမတိုင်မီ အစိုးရကို တင်ပြကာ မူကြမ်းညှိနှိုင်း ကြည့်မှသာ နိုင်ငံရေး ဆွေးနွေးပွဲအတွက် အာမခံချက် ရှိမရှိ သိရမည်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြား

တိုင်းရင်းသားအဖွဲ့ အသီးသီး၏ အမြင်များပါသည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်းတစ်စောင်အား ဒီဇင်ဘာမတိုင်မီ အစိုးရကို တင်ပြသွားမည်ဖြစ်ကာ ယင်းမူကြမ်း ညှိနှိုင်းသည့် အချိန်ရောက်မှ သာ နိုင်ငံရေး ဆွေးနွေးပွဲအတွက် အာမခံချက် ခိုင်မာမှု ရှိမရှိ သိရမည်ဟု ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က နိုဝင်ဘာ ၁၈ ရက် တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Business Alliance ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား သည်။

ဦးတေဇနှင့် တွေ့ဆုံခြင်းမှာ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုဖြင့်သာ တွေ့ဆုံခြင်းဟု ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ပြောကြား

ဦးတေဇနှင့် တွေ့ဆုံခြင်းမှာ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုဖြင့်သာ တွေ့ဆုံခြင်းဟု ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ပြောကြား
Tuesday, November 19, 2013

ဦးတေဇနှင့် တွေ့ဆုံခြင်းမှာ အလုပ်သဘောအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုဖြင့်သာ တွေ့ဆုံခြင်း ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Business Alliance Hotel တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများက ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇနှင့် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သတ်၍ မေးမြန်းစဉ် ဗိုလ်ချုပ်ဂွမ်မော်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဂွမ်မော်က ''ဦးတေဇနဲ့ တွေ့ဖို့ဆိုတာက အလုပ်တစ်ခုအနေနဲ့ မဟုတ်ပါ ဘူး။ ကျွန်တော်တို့ ဒီကိုဆင်းလာတဲ့ အခါမှာ သူ့အနေနဲ့ အကူအညီတချို့ ပေးပါတယ်။ အထူးသဖြင့် သွားရေးလာရေးပေါ့။ ပြီးရင်သူနဲ့ ကျွန်တော်နဲ့က အရင်ညီလာခံမှာလည်း တွေ့ကြပြီး ရင်းနှီးကြတဲ့ သူတွေပါ။ ဒီတော့ တွေ့ဖြစ်မယ် ဆိုရင်လည်း တွေ့မယ့်ဆိုတဲ့ သဘောပါ။ အလုပ်တစ်ခု အနေနဲ့ မဟုတ်ပါဘူး'' ဟု ပြောကြားသည်။

၂၀၁၀ ပြည့်နှစ် ဦးတေဇ ကချင်ပြည်နယ်သို့ သွားရောက်စဉ် ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ မည်သည့် ကိစ္စအတွက် သွားရောက်ခဲ့သည်ကို အများစုက စိတ်ဝင်စားမှု ရှိခဲ့သလို လက်ရှိတွင် ဦးတေဇ၏ ထူးလုပ်ငန်းစု အနေဖြင့် ကချင်ပြည်နယ်တွင် သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ ကျောက်မျက်ရတနာ လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းအပါအ၀င် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိခြင်းကြောင့် ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်သို့လာရောက်စဉ် ၎င်းတို့နှစ်ဦး တွေ့ဆုံမည့် အကြောင်းအရာအပေါ် မေးခွန်းထုတ်မှုများ ရှိနေခြင်းဖြစ်သည်။

@[114803668557265:274:Eleven Media Group] 

သတင်းစာရှင်းလင်းပွဲ၌ တွေ့ရသော ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် (ဓာတ်ပုံ - ဉာဏ်ဝင်းရှိန်)
ဦးတေဇနှင့် တွေ့ဆုံခြင်းမှာ အလုပ်သဘောအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုဖြင့်သာ တွေ့ ဆုံခြင်း ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားသည်။

စစ်ပွဲများကြောင့် ပိတ်မိနေသော ပြည်သူများအား ကယ်ထုတ်ရန် တပ်မတော်နှင့် ညှိနှိုင်းဆောင်ရွက်နေဟု ကေအိုင်အို ပြောကြား

ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တပ်များအကြား စစ်ပွဲများကြောင့် ပိတ်မိနေသည့် ပြည်သူများအား တပ်မတော်နှင့် ညှိနှိုင်း၍ ကယ်ထုတ် ရန် ဆောင်ရွက်နေ သည်ဟု ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ဆိုသည်။

တိုင်းပြည်၏ သယံဇာတများကို ဖျက်ဆီးသူသည် တိုင်းပြည်ကို ဖျက်ဆီးသူဖြစ်ဟု သမ္မတဦးသိန်းစိန် ပြောကြား

8.1.1
သမ္မတဦးသိန်းစိန် အမျိုးသားအဆင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေးမဟာဗျူဟာမူဘောင် အလုပ်ရုံဆွေးနွေး ပွဲ၌ မိန့်ခွန်းပြောကြားစဉ်
မြန်မာနိုင်ငံ၏ ရေသယံဇာတ၊ မြေသယံဇာတ၊ သစ်တောသတ္တု သယံဇာတ၊ သားငါးသယံဇာတများကို ဖျက်ဆီးသူသည် တိုင်းပြည်ကို ဖျက်ဆီးသူဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
၂၀၁၃ ခုနှစ်နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သော အမျိုးသားအဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။