Wednesday, June 18, 2014

PR ကျင့်သုံးမည်ဆိုပါက တိုင်းဒေသကြီးများ၌သာကျင့်သုံးသင့်ဟုဆို

လာမည့်ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးရန် အမျိုးသား လွှတ်တော်၌ ကော်မရှင် ဖွဲ့စည်း ဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ ယင်းစနစ်သည်ပြည်နယ်များအတွက် ကိုက်ညီမှုမရှိကြောင်း၊ မဖြစ်မနေ အသုံးပြုရန်လိုအပ်ပါက တိုင်း ဒေသကြီးများ၌သာ အသုံးပြုသင့် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြည်ထောင်စု နေ့စဉ်သို့ ယနေ့ပြောသည်။

အမြီးပေါက်နေတဲ့အတွက် နတ်ဘုရားအဖြစ် ကိုးကွယ်ခံရတဲ့ အိန္ဒိယဆယ်ကျော်သက်

အိန္ဒိယဆယ်ကျော်သက် ကောင်လေး Arshid Ali Khan ဟာ ဟိန္ဒူနတ်ဘုရား ဟာနုမာန် ၀င်စားတဲ့သူတစ်ယောက်အဖြစ် ကိုးကွယ်တာကိုခံနေရပါတယ်။ အကြောင်း ကတော့ သူ့ရဲ့ ၇ လက်မရှိတဲ့ အမြီးကြောင့်ဖြစ်ပါတယ်။

မြေပြင်မှထိန်းချုပ်နိုင်သည့် လေယာဉ်ငယ် စမ်းသပ်ပျံသန်းနိုင်

မိတ္ထီလာလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ကျောင်းသားများက မြေပြင်မှ ထိန်းချုပ်နိုင်သည့် လေယာဉ်ငယ်ကို စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး ယင်းလေယာဉ်သည် တက္ကသိုလ် သုတေသနဌာနနှင့် ကျောင်းသားများ ပူးပေါင်းဆောင်ရွက်သည့် ပရောဂျက်ဖြစ်သည်ဟု ယင်းတက္ကသိုလ်၏ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဇွန် ၁၇ ရက်က ပြောသည်။

ဖိနပ်ချုပ်သမားတစ်ဦး ငွေကြေးအခက်အခဲကြောင့် မိမိကိုယ်ကို သတ်သေ

ဖိနပ်ချုပ်သည့် အလုပ်လုပ်ကိုင်သည့် အမျိုးသားတစ်ဦး ငွေကြေးအဆင်မပြေသဖြင့် မိမိကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၁၇ ရက်၊ နံနက် ၅ နာရီဝန်းကျင်က သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

မင်္ဂလာဒုံတွင် လင်မယားနှစ်ဦး ဓားထိုးခံရ၊ ခင်ပွန်းဖြစ်သူ ပွဲချင်းပြီးသေဆုံး

လင်မယားနှစ်ဦး စကားများနေချိန်တွင် တစ်လမ်းတည်းတွင် နေထိုင်သူက လာရောက်၍ ၎င်းတို့နှစ်ဦးကို ဓားဖြင့်ထိုးသဖြင့် ခင်ပွန်းဖြစ်သူပွဲချင်းပြီး သေဆုံးသွားသော ဖြစ်စဉ်တစ်ခု ဇွန် ၁၆ ရက်၊ ည ၁၀ နာရီခွဲ ၀န်းကျင်ခန့်က မင်္ဂလာဒုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးဝင်းမြင့်က ပြောသည်။

သံတော်ဆင့်ဂျာနယ်တွင်ဖော်ပြမှုနှင့်ပတ်သက်၍ အလိုတော်ပြည့်ဆရာတော်စာနယ်ဇင်းကောင်စီသို့ တိုင်ကြား

ဇွန်လ ၁၄ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်တွင် သန္တိသုခကျောင်းတော်နှင့် ပတ် သက်၍ အလိုတော်ပြည့်ဆရာ တော် ဘုရားကြီး၏ ပြောကြား ချက်ဟု ဖော်ပြထားချက်မှာ ဆရာတော်ဘုရားက အမှန်တကယ်ပြောဆိုခဲ့ခြင်းမရှိဘဲ ရေးသားထားခြင်းဖြစ်သည့်အတွက် ယင်းဂျာနယ်အား ခေါ်ယူ သတိပေးဆုံးမရန် အလိုတော်ပြည့် ဆရာတော်ကြီးက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသို့ စာပေးပို့တိုင်ကြား ထားကြောင်း သတင်းရရှိသည်။

စိတ်တိုနေတဲ့ငှက်မကြီးလို့ပဲမြင်မိတယ်သမ္မတလုပ်ဖို့  ရည်မှန်းခဲ့ရင် အရင်တည်းက ဗိုင်းကောင်းကျောက်ဖိနေခဲ့ပေါ့

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ပြင်ဆင်ရေးအတွကNLD  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က နေပြည်တော်တပ်ကုန်းမြို့နယ်သို့ သွားရောက်ဟောပြောစဉ်တပ်ကုန်းမြို့အ၀င်၌ အသက် ၇၆ နှစ် 

အရွယ်အဘိုးအိုက ““လူထုကိုလမ်းပေါ်မတင်ရန် ဒေါ်အောင်ဆန်းစုကြည်ကိုပြော၍ ပုဒ်မ ၄၃၆ အားပြင်ဆင်ရန်မလိုကြောင်း၊ မပြင်လိုကြောင်း စတင်ပြောရာမှ ဒေါ်အောင်ဆန်းစုကြည်နှင့် အချေအတင် စကားများ ခဲ့ပြီး ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံရေးဖြတ်သန်း
မှုကာလတစ်လျှောက် ကြီးမားသောရိုက်ခတ်မှုတစ်ခုအဖြစ် အများကရှုမြင်ကြပြီး ပြည်သူ့အသံ နားထောင် သည်ဟုဆိုသော်လည်း အဘိုးအို၏ စကား အပေါ်ချေပပြောဆိုမှုများနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏အမြင်ကို နေပြည်တော်၌ ခေတ္တတွေ့ ဆုံစဉ် သဘောထားမေးမြန်းခဲ့ပါသည်။

ပြစ်ဒဏ်စေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦးကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေး

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ မောင်တောနယ်စပ်သို့ တရား မ၀င် ၀င်ရောက်လာမှုကြောင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး ပြစ်ဒဏ်စေ့၍လွတ်မြောက်လာသူ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား၃၂ ဦးကို ဇွန်လ နံနက် ၉နာရီခွဲက မောင်တောမြို့ ၀င်ထွက်စခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လွှဲပြောင်းပေးလိုက်ကြောင်း ခရိုင်လ၀ကဦးစီးဌာနမှူးရုံးမှ သတင်းရရှိသည်။

လကမ္ဘာပျားရည်ဆမ်းခရီးမှာရှက်စရာဟု လျော်ကြေးငွေကိစ္စနှင့် ပတ်သက်၍ရွှေလုပ်သားတို့ဆို


Photo: လကမ္ဘာပျားရည်ဆမ်းခရီးမှာရှက်စရာဟု လျော်ကြေးငွေကိစ္စနှင့်
ပတ်သက်၍ရွှေလုပ်သားတို့ဆို
Wednesday, June 18, 2014

ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် ချမ်းမီမီကိုနှင့်အမျိုးသားကြီးပွား တိုးတက်ရေးကုမ္မဏီဥက္ကဋ္ဌ ဦးစိုး ထွန်းရှိန်တို့မှလကမ္ဘာသို့ ဒေါ်လာ
 သန်း(၃၀) အကုန်ကျခံကာ ပျား ရည်ဆမ်းခရီးသွားရောက်မည့် ကုန်ကျစားရိတ်မှာ

မိုးထိမိုးမိရွှေ လုပ်သားတို့ကို ပေးရမည့်လျော် ကြေးအဆ ၁၀၀ မကရှိကြောင်း ရွှေလုပ်သားတို့က ဆိုသည်။

အမျိုးသားကြီးပွားတိုးတက် ရေးကုမ္ပဏီက ရွှေလုပ်သားများ အား လျော်ကြေးငွေမပေးဘဲ  အာဏာပိုင် အဖွဲ့အစည်းများမှ တစ်ဆင့် ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချခဲ့ပြီး ယခုလို အကုန်ကျခံကာ ခရီးထွက်ရန် ပြင်ဆင်ခြင်းမှာ ရှက်စရာအလွန် ကောင်းသည်ဟု ရွှေလုပ်သား မိသားစုတို့ကဆိုသည်။

““ဒီကိစ္စဟာ လူ့ကျင့်ဝတ်၊ လူ့သိက်္ခာအရ အင်မတန်ရှက်ဖွယ် ကောင်းတဲ့ကိစ္စပါ လကမ္ဘာပေါ် မှာအမေရိကန်ဒေါ်လာသန်း(၃၀) အကုန်ခံပြီး သွားနိုင်တဲ့လူက ရွှေ လုပ်သားတွေရဲ့ အနယ်နယ် အရပ်ရပ်က လယ်တွေ၊ မြေတွေ ပေါင်ပြီးတော့ ဆောက်ထားတဲ့ အင်းတွေကို လျော်ကြေးမပေး နိုင်ရတာ ဘာကြောင့်လဲ””ဟု အချုပ်ကျနေသည့် ရွှေလုပ်သား တစ်ဦး၏ဇနီးက အမျိုးသားကြီး ပွားတိုးတက်ရေးကုမ်္ပဏီဥက္ကဋ္ဌသို့ မေးခွန်းထုတ်လိုက်သည်။

လျော်ကြေးမပေးသော ကြောင့် ဆန္ဒပြတောင်းဆိုသော ရွှေလုပ်သားတို့အား ကုမ်္မဏီက ဖမ်းဆီးထောင်ချခဲ့ခြင်းသည် မိုးထိမိုးရွှေလုပ်သားတို့အတွက် ဘယ်သောအခါမှ ဖျောက်ဖျက် မရမည့် စိတ်ဒဏ်ရာတစ်ခုပင်ဖြစ် သည်ဟု ကျန်ရစ်သည့်မိသားစု များမှ ပြောဆိုကြသည်။

““ဒါဟာ တစ်ကိုယ်ကောင်း ဆန်လွန်းပါတယ်။ ကိုယ်တစ်ဦး တစ်ယောက်ကောင်းစားဖို့ ကျန် တဲ့သူတွေရဲ့ဘ၀တွေကို နင်းခြေ သွားတာပါ””ဟု မိုးထိမိုးမိ အရေး တွင် ပါဝင်လှုပ်ရှားခဲ့သည့် ဆရာ တော်ဦးဓမ္မသာရကမိန့်ကြားသည်။

လက်ရှိအဖြစ်အပျက်နှင့် မြန်မာနိုင်ငံက လူသန်း(၆၀) ကျော်ကို တဲပေါ်မှ တိုက်ပေါ်သို့ တင်ပေးမည်ဟု ပြောဆိုခဲ့သော ဦးစိုးထွန်းရှိန် စကားများမှာ ကွာဟနေကြောင်း၊ ယင်းကိစ်္စ များကို ကမ်္ဘာသိအောင် ချပြရ မည်ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် မိုးထိမိုးမိရွှေ လုပ်သားများ၏ ရွှေမြင်တင် သပိတ်စခန်းအား ရမည်းသင်း မြို့နယ်စခန်းမှူးဦးကျော်ကိုကိုနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင် မောင်အပါအ၀င် ရဲအင်အား (၂၀၀)ကျော်ဖြင့် ရွှေလုပ်သား (၄၅)ဦးအား ဖမ်းဆီးခဲ့ပြီး အမျိုး သားကြီးပွားတိုးတက်ရေးကုမ်္မဏီ အား နောက်ထပ်နစ်နာကြေး မတောင်းရန်နှင့် ထိုသို့နစ်နာ ကြေး မတောင်းဆိုတော့ပါက ၄င်းတို့အား စွဲဆိုထားသည့် (၅၀၅)။ ခ၊ ၁၄၃၊ ၁၄၇၊ ၁၈၈ စသည့်ပုဒ်မများအား ရုပ်သိမ်း ပေးမည်ဖြစ်ကြောင်း၊ ရွေလုပ် သား(၃၅)ဦးက နစ်နာကြေး ၅ သိန်းစီယူခဲ့ပြီး အမျိုးသားကြီးပွား တိုးတက်ရေးကုမ်္မဏီအား နစ်နာ ကြေးမတောင်းရန်နှင့် တောင်းဆို ခဲ့ပါက (၅၀၅)။ခ ပုဒ်မ ၁၄၃၊ ၁၄၇၊ ၁၈၈ တို့ဖြင့် တရားစွဲဆို ခံပါမည်ဆိုသည့် ခံဝန်ကတိထိုး ကာ ပြန်လည်လွတ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ဆူးလေလမ်းမ ပေါ်ရSule Shangri- La Hotel တွင် ဇွန်လ(၉)ရက်နေ့က ရုပ်ရှင် နှင့် ဗီဒီယိုသရုပ်ဆောင် ချမ်းမီ ကိုကိုနှင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ်္ပဏီဥက်္ကဌ ဦးစိုးထွန်းရှိန်တို့က မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် တစ်ဦးလျှင် ကန်ဒေါ်လာ ၁၅သန်း ကုန်ကျခံကာ လကမ်္ဘာသို့ ပျားရည်ဆမ်း သွားရောက် လည်ပတ်ရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့သည့်အပေါ်တွင် ရွှေလုပ်သားများဘက်မှ တုံ့ပြန်ပြောဆိုကြခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားကြီးပွားတိုးတက်ရေးကုမ်္ပဏီထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရပေ။

Hot News Journal 
ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် ချမ်းမီမီကိုနှင့်အမျိုးသားကြီးပွား တိုးတက်ရေးကုမ္မဏီဥက္ကဋ္ဌ ဦးစိုး ထွန်းရှိန်တို့မှလကမ္ဘာသို့ ဒေါ်လာသန်း(၃၀) အကုန်ကျခံကာ ပျား ရည်ဆမ်းခရီးသွားရောက်မည့် ကုန်ကျ စားရိတ်မှာ မိုးထိမိုးမိရွှေ လုပ်သားတို့ကို ပေးရမည့်လျော် ကြေးအဆ ၁၀၀ မက ရှိကြောင်း ရွှေလုပ်သား တို့က ဆိုသည်။

မျိုးချစ်စိတ်ဆိုင်ရာ အသိပညာပေးပွဲတွင် NLD ကို ပုတ်ခတ်ဟု စီစဉ်သူကို တရားစွဲ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ဧပြီ ၃၀ရက်က ကျင်းပခဲ့သော မျိုးစောင့်ဥပဒေနှင့် မျိုးချစ်စိတ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး၊ ဘာသာရေး ထိခိုက်စေသည့် အသုံးအနှုန်းများဖြင့် ပုတ်ခတ်ဟောပြောခဲ့သည်ဟုဆို၍ ပွင့်ဖြူမြို့နယ် NLD အဆိုပါပွဲစီစဉ်သူကို တိုင်ကြားထားသည်။
ယခုကဲ့သို့ တရားစွဲဆိုခြင်းမှာ NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ဆုံး ဖြတ်ချက်အရ လုပ်ဆောင် ခြင်းဖြစ်ပြီး ပွင့် ဖြူမြို့နယ် NLD ဦးအောင်ဝင်းက တရား စွဲဆိုခြင်းဖြစ်သည်။

ဇနီးဖြစ်သူ နှင့် ကလေးနှစ်ဦးကို သတ်ဖြတ်ပြီးနောက် ကမ္ဘာ့ဖလားဘောလုံးပွဲကို သွေးအေးစွာ သွားရောက် ကြည့်ရှုသည့် အမျိုးသားကို အီတလီရဲတပ်ဖွဲ့က တရားစွဲဆို

  

အီတလီနိုင်ငံ တွင် ဇနီးဖြစ်သူ နှင့် ကလေးနှစ်ဦးကို သတ်ဖြတ်ပြီးနောက် သွေးအေးအေးဖြင့်အရက်ဆိုင်သို့ သွားရောက်၍ အီလတီ နှင့် အင်္ဂလန် တို့၏ ကမ္ဘာ့ဖလား ဘောလုံးပွဲပြသမှုကို သွားရောက် ကြည့်ရှုခဲ့သူ အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆို ထားကြောင်း သိရသည်။

အမျိုးသမီးတစ်ဦး၏ အစာအိမ်အတွင်းမှ ရှစ်ပေအရှည်ရှိ တုတ်ပြားကောင်းကြီးကို ဖယ်ရှားနိုင်ခဲ့


Photo: အမျိုးသမီးတစ်ဦး၏ အစာအိမ်အတွင်းမှ ရှစ်ပေအရှည်ရှိ တုတ်ပြားကောင်းကြီးကို ဖယ်ရှားနိုင်ခဲ့
Wednesday, June 18, 2014

တရုတ်နိုင်ငံတွင် အမျိုးသမီး၏ အစာအိမ်အတွင်းမှ ၈ ပေအရှည်ရှိ တုတ်ပြားကောင်ကြီးကို ဆရာဝန် များက အောင်မြင်စွာဖယ်ရှား နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

မစ္စလီ အမည်ရှိ အသက် ၃၀ အရွယ် ယင်း အမျိုးသမီးသည် အားလပ်ရက် များအတွင်း အရှေ့တောင် အာရှသို့ ခရီးလှည့်လည် သွားလာ ပြီးနောက် ဖျားနာသည့် ဝေဒနာ များကို ခံစားခဲ့ရကြောင်း ၊ ထို့နောက် သူမ ၀မ်းသွားစဉ် တစ်မူထူးခြားသော အရည်များ ပါလာသည်ကို သတိပြုမိ ခဲ့ကြောင်း ၊ ထို့ကြောင့် ဖူကျန်းပြည်နယ် ၊ ရှန်မန်မြို့ ရှိ ဆေးရုံ တစ်ရုံသို့ သွားရောက်၍ ဆေးစစ်မှု ခံယူခဲ့သည်ဟု သိရသည်။

ဆေးစစ်မှု ပြုလုပ် ပြီးနောက် သူမ၏ အူအတွင်း ၈ ပေ အရှည်ရှိ တုတ်ပြားကောင်ကြီး တစ်ကောင်ကို တွေ့ရှိခဲ့ပြီး ဆရာဝန်များက ၄င်း တုတ်ပြားကောင်း ကို ဖယ်ရှား ပေးခဲ့သည်ဟု သိရသည်။

မစ္စလီ သည် ခရီးသွားစဉ် ကျက်အောင် ချက်ပြုတ် ထားခြင်း မရှိသော အမဲသားများ ကို စားသုံးခဲ့ကြောင်း ၊ ထို့ကြောင့် ၄င်း အမဲသားမှ တစ်ဆင့် ရောဂါပိုး ကူးစက်ခံ ရခြင်း ဖြစ်သည်ဟု ဆရာဝန်များက ယူဆခဲ့သည်။ ယင်း ကပ်ပါးကောင် များသည် ခန္ဓာကိုယ်၌ ဖြစ်ပွားသော အရည်များ အတွင်း၌ ဥများ ဥနိုင်ပြီး အသားများကို ကောင်းမွန်စွာ ချက်ပြုတ် စားသောက်ခြင်း မရှိပါက လူသားများ၏ ၀မ်းဗိုက်တွင် ဥပေါက်၍ အကောင်များ ကြီးထွား လာနိုင်ကြောင်း ဆရာဝန် များက သတိပေး ပြောကြား ခဲ့သည်ဟု သိရှိရသည်။

ပြည်ချစ်သာ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။ 
တရုတ်နိုင်ငံတွင် အမျိုးသမီး၏ အစာအိမ်အတွင်းမှ ၈ ပေအရှည်ရှိ တုတ်ပြားကောင်ကြီးကို ဆရာဝန် များက အောင်မြင်စွာဖယ်ရှား နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

မစ္စလီ အမည်ရှိ အသက် ၃၀ အရွယ် ယင်း အမျိုးသမီးသည် အားလပ်ရက် များအတွင်း အရှေ့တောင် အာရှသို့ ခရီးလှည့်လည် သွားလာ ပြီးနောက် ဖျားနာသည့် ဝေဒနာ များကို ခံစားခဲ့ရကြောင်း ၊ ထို့နောက် သူမ ၀မ်းသွားစဉ် တစ်မူထူးခြားသော အရည်များ ပါလာသည်ကို သတိပြုမိ ခဲ့ကြောင်း ၊ ထို့ကြောင့် ဖူကျန်းပြည်နယ် ၊ ရှန်မန်မြို့ ရှိ ဆေးရုံ တစ်ရုံသို့ သွားရောက်၍ ဆေးစစ်မှု ခံယူခဲ့သည်ဟု သိရသည်။

မလေးရှားတွင် ယာဉ်တိမ်းမှောက်၍ မြန်မာသုံးဦးသေဆုံး

မလေးရှားနိုင်ငံ ကွာလာ လမ်ပူမြို့နှင့် ကီလိုမီတာ ၁၃၀ ကျော် ကွာဝေးသော တေမာလိုအနီး အရှေ့ဘက်ကမ်းရိုးတန်း အဝေးပြေးလမ်းပေါ်တွင် ဇွန်လ ၁၆ ရက် နံနက် ၄ နာရီ ၂၉ မိနစ်တွင် မော်တော်ယာဉ် တိမ်းမှောက်ရာ လူလေးဦးသေဆုံးပြီး ခုနစ်ဦးအပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ဘနားမားက လာသည့် သတင်းအရ သိရသည်။

မြန်မာလုပ်သားများကို ဖမ်းဆီးမည်မဟုတ်ဟု ထိုင်းစစ်တပ် ကတိပေးထားကြောင်း မြန်မာသံအမတ်ပြော

 မြန်မာနိုင်ငံသားများကို   လုံးဝဖမ်းဆီးမည်မဟုတ်ဟု ထိုင်း စစ်တပ်က ကတိပေးပြောဆို ထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က 7Day သတင်းစာသို့ ဖုန်းမှ တစ်ဆင့် အတည်ပြုပြောကြား သည်။

ဆရာတော်များအား ဖမ်းဆီးထားခြင်းကို အစိုးရ လျစ်လျူရှု၍ မရဟု ဆရာတော်ဦးဝီရသူ မိန့်ကြား

မဟာသန္တိသုခကျောင်းမှ ဆရာတော် ငါးပါးအား လူဝတ်လဲ ဖမ်းဆီးထားခြင်း နှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရအနေဖြင့် လျစ်လျူရှု မရကြောင်း ဆရာတော် ဦးဝီရသူက The Messenger သတင်းစာသို့ မိန့်သည်။ သန္တိသုခကျောင်း ပိုင်ဆိုင်ခြင်း ကိစ္စက သံဃာ နာယက က ဆုံးဖြတ်ရမှာတော့ မှန်တယ်။ ဒါပေမဲ့ ဆရာတော်တွေကို ဖမ်းဆီး ထားတဲ့ ကိစ္စကိုတော့ အစိုးရက လျစ်လျူရှုလို့တော့ မရဘူး။ အစိုးရက ပြန်လွှတ် မလား၊ ဒါပဲ ပြောရမှာပဲ ဟု ဆရာတော်ဦးဝီရသူ က မိန့်ကြားသည်။ သံဃာတော် များအား ပြန်မလွှတ်ပါက ဆန္ဒပြမည် ဟုလည်း ဦးဝီရသူ က The Messenger ဂျာနယ် အင်တာဗျူး တွင် မိန့်ကြားထားသည်။ ဇွန်လ (၁၀) ရက်နေ့၊ နံနက် (၁) နာရီ အချိန်တွင် ပီနန် ဆရာတော်ဦးပညာဝံသ၏ မဟာသန္တိသုခ ကျောင်းတော်ကြီးအား နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့၏ ညွှန်ကြားချက်ဖြင့် တိုင်းသံဃာ့ နာယက အဖွဲ့မှ တာဝန်ရှိသူများ၊ စည်းကမ်း ထိန်းသိမ်းရေး သံဃာတော်များ၊ ရဲတပ်ဖွဲ့ဝင် အင်အားများသုံး၍ ကျောင်းတော်ကြီးတွင် သီတင်းသုံး နေထိုင်သော သံဃာ ခုနစ်ပါးအား ခေါ်ယူသွားခဲ့ပြီး၊ ကျောင်းတော်ကြီးကို ချိတ်ပိတ် ခဲ့သည်။

အုပ်ချုပ်မှုတွင် အမျိုးသမီးပါဝင်ခွင့်ပိုရရန် တောင်းဆို

အစိုးရ၏ အရွေးချယ်ခံ ရာထူးနေရာများ၊ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းများ စာရင်းများထဲတွင် အမျိုးသမီးများ သီးသန့်ပါဝင်နိုင်မှု အနည်းဆုံး အချိုးအစားကို သတ်မှတ်ပေးသည့်စနစ်ကို အစိုးရက အရေးတကြီး ထည့်သွင်းစဉ်းစားသင့်ကြောင်း မြန်မာနိုင်ငံ၏ ပြည်နယ်/ တိုင်းအဆင့် အုပ်ချုပ်မှုများတွင် အမျိုးသမီးများ ပါဝင်မှုကို သုတေသနပြုလုပ်ခဲ့သည့် မြန်မာဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(MDRI-CESD) မှ မစ္စတာပေါမီနိုလက်တီက ဇွန်လ ၁၇ ရက်တွင် ပြောသည်။

ပြည်သူများကြိုက်သည့် သမ္မတကိုသာ ရွေးချယ်ခွင့်ပေးရန် မြန်မာနိုင်ငံကို အမေရိကန်အစိုးရ တောင်းဆို

အေအက်ဖ်ပီ

မြန်မာအစိုးရအနေဖြင့် ယင်း၏ပြည်သူများအား ၎င်းတို့ ကြိုက်နှစ်သက်သူကို သမ္မတအဖြစ် မဲပေးရွေးချယ် ခွင့်ရရှိစေရေးအတွက် ဆောင်ရွက်ရန် အမေရိကန်နိုင်ငံက တောင်းဆိုလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဇွန်လ ၁၆ ရက်က ဖော်ပြထားသည်။

ကျေးရွာအုပ်စုများကို သုံးနှစ်ထောက်ပံ့မည့် ကမ္ဘာဘဏ်အစီအစဉ် စတင်တော့မည်

မြို့နယ်တစ်မြို့နယ်ရှိ ကျေးရွာအုပ်စုတစ်စုကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ၂၇,၀၀၀ နှင့် ညီမျှသည့် မြန်မာကျပ်ငွေကို သုံးနှစ်ထောက်ပံ့ပေးမည့် ကမ္ဘာဘဏ်၏ ဒုတိယနှစ် အစီအစဉ်ကို မကြာမီစတင်တော့မည် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဆင်းရဲမှုလျှော့ချရေး ဘဏ္ဍာရေးထောက်ပံ့မှုဆိုင်ရာ သဘောတူညီချက်အရ ရရှိထားသည့် ကန်ဒေါ်လာသန်း ၈၀ ထဲမှ သုံးစွဲခြင်းဖြစ်ပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အဓိကတာဝန်ယူ လုပ်ဆောင်နေခြင်းဖြစ်သည်။

တရားမ၀င်သတ္တုတူးဖော်နေသည့် တရုတ်၁၃ဦးကို ပြည်နှင်ဒဏ်ပေးမည်

ကလောမြို့နယ်၊ ဘော်ဆိုင်းကျေး ရွာအုပ်စုအတွင်း၊ သတ္တုတွင်းတူးဖော် လုပ်ကိုင်လျက်ရှိသည့် GPS Joint Venture Co.Ltd.,တွင် တာဝန်ထမ်းဆောင်နေသည့် တရုတ်နိုင်ငံသား ၁၃ ဦးကို ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် ဇွန် ၁၈ရက်တွင် ပြည်နှင်ဒဏ်ပေးသွားမည်ဟု တောင်ကြီးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနောင်က မဇ္ဈိမကို အတည်ပြု ပြောဆိုလိုက်သည်။

သန္တိသုခကျောင်း သံဃာများအတွက် MLN က အမှုလိုက်ပေးမည်

ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ တာမွေမြို့နယ် မဟာသန္တိသုခ ကျောင်းတိုက် က ဆရာတော် ဦးဥတ္တရ(အင်္ဂလန်) နဲ့ သံဃာ ၄ ပါး အတွက်မြန်မာနိုင်ငံရှေ့နေများကွန်ရက် က ရှေ့နေလိုက်ပေးမယ်လို့ သိရပါတယ်။

အမှုကိုလိုက်ပါဆောင်ရွက်ပေးမယ့် မြန်မာနိုင်ငံ ရှေ့နေ များကွန်ရက်က ရှေ့နေ ဦးအောင်သိန်းက အခုလိုပြော ပါတယ်။

တရားဝင် ကမ္ဘောဒီးယား အလုပ်သမားတွေ ထိုင်းကပြန်လက်ခံ

ထိုင်းနိုင်ငံထဲကို ကမ္ဘောဒီယား အလုပ်သမားတွေ တရားဝင်ပြန်လာရင် လက်ခံမှာဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက အင်္ဂါနေ့က ပြောလိုက်ပါတယ်။


ထိုင်းနိုင်ငံမှာ ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် တရားဝင် စာရွက်စာတမ်းမရှိတဲ့ အလုပ်သမားတွေကို ဖမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေကြတဲ့ ကမ္ဘောဒီးယား အလုပ်သမား အလုံးအရင်းနဲ့ ကမ္ဘောဒီးယားဘက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြန်ခဲ့ကြပါတယ်။

ဗုံးထောင်ရန်ပြင်ဆင်နေစဉ် ပေါက်ကွဲ နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာဖြင့်ထွက်ပြေး

 ဇွန် ၁၆- နမ့်ခမ်းမြို့နယ်အ တွင်း လူသုံးဦး ဗုံးထောင်ရန်ပြင်ဆင် နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူနှစ်ဦးသေဆုံး ခဲ့ကြောင်း နမ့်ခမ်း မြို့နယ်တွင် ဒေသလုံခြုံရေးအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် လုံခြုံ ရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုမှာ ဇွန် ၁၅ရက်က နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-မုံးဝီးကား လမ်းပေါ်၊ ဟိုနားကျေးရွာရှိ ဦးအိုက် လန်း ၅၂နှစ်(ဘ) ဦးတာနမ်ပို (ပလောင်/ ဗုဒ္ဓ)နေထိုင်သည့်နေအိမ်တွင် အိမ်ရှင် များမရှိခိုက် အမည်မသိလူစိမ်းသုံးဦး သည် ဖောက် ခွဲမှုပြုလုပ် ရာတွင် အသုံး ပြုသည့် မိုင်းများပြင်ဆင်ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ကြောင့် အမည်မသိလူနှစ်ဦးသေဆုံး ခဲ့ကြောင်း၊ ကျန်တစ်ဦးမှာ ဒဏ်ရာများ စွာဖြင့် ထွက်ပြေးသွားကြောင်း အဆို ပါလုံခြုံရေးတာဝန်ရှိသူက အတည်ပြု ပြောဆိုသည်။

ပွင့်ဖြူမြို့နယ်အတွင်း ပဋိပက္ခဖြစ်ပွား၊ နေအိမ်လေးလုံး ပျက်စီးဆုံးရှုံး

မကွေး၊ မဇ္ဈိမ။ ။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကုန်ဇောင်းကျေးရွာ၊ စက်တန်းရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင် နေအိမ် လေးလုံး ကို လူအင်အား ၂ဝဝခန့် လာရောက်ဖျက်ဆီးသည့် ဖြစ်စဉ် ဇွန် ၁၆ ရက် ည ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု ပွင့်ဖြူမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇွန် ၁၇ ရက်တွင် မဇ္စျိမ ကို အတည် ပြုသည်။

ချီလီအသင်းအနိုင်ရ၍ ကတိအတိုင်း အမျိုးသားတစ်ဦးနှင့် ၁၂ နာရီကြာ ချီလီပွန်းသရုပ်ဆောင် အိပ်စက်


Photo: ချီလီအသင်းအနိုင်ရ၍ ကတိအတိုင်း အမျိုးသားတစ်ဦးနှင့် ၁၂ နာရီကြာ ချီလီပွန်းသရုပ်ဆောင် အိပ်စက်
Wednesday, June 18, 2014

အရွယ်ရောက်ပြီးသူများသာကြည့်ရှုခွင့်ပြုတဲ့ဇာတ်ကား သရုပ်ဆောင် ချီလီပွန်းစတား မာလန်ဒေါလ် ဟာ ကမ္ဘာ့ဖလားမှာ သူ့နိုင်ငံအသင်းအနိုင်ရခဲ့တဲ့ အတွက် သူပေးထားတဲ့ ကတိအတိုင်း အောင်ပွဲခံခဲ့ပါတယ်။
သြစတြေးလျနဲ့ ကစားရတဲ့ အဲဒီပွဲမတိုင်မီမှာ မာလန်က အကယ်၍ ချီလီအသင်းအနိုင်ရရင် အမျိုးသား တစ်ဦးနဲ့ ရှစ်နာရီကြာ အတူအိပ်ပြီး အောင်ပွဲခံမယ်လို့ တွစ်တာမှာ သူ့ရဲ့ သူငယ်ချင်းတွေကို ကတိပေးခဲ့ပါတယ်။ တကယ်တမ်းပွဲကစားတဲ့အခါ ချီလီအသင်းက သြစတြေးလျကို ၃-၁ ဂိုးနဲ့ အနိုင်ရသွားခဲ့တာကြောင့် မာလန်တစ် ယောက် သူ့ကတိကို အကောင်းအထည်ဖော်ဖို့ လုပ်ရပါတော့တယ်။
အဲဒါကတော့ တွစ်တာကတစ်ဆင့် သူ့ရဲ့ ဖုန်းနံပါတ်ကို သူငယ်ချင်းတွေကို အသိပေးခဲ့တာပါ။ သူ့ဆီ လာတဲ့ ဖုန်းတွေထဲကမှ ကျဘမ်းကိုင်မိတဲ့ ဖုန်းနံပါတ်ပိုင်ရှင်နဲ့ အတူအိပ်မယ့် အစီအစဉ်ဖြစ်ပါတယ်။ အဲဒီနောက် မာလန်ဟာ သူကိုင်လိုက်မိတဲ့ ဖုန်းနံပါတ်ပိုင်ရှင်နဲ့ အတူ အောင်ပွဲခံမှု စတင်ပါတော့တယ်။ သူ့ကတိပေးထားတဲ့ ရှစ်နာရီထက်ကို စေတနာတွေပိုခဲ့ပြီး ၁၂ နာရီ ကြာအောင် မနားတမ်း အိပ်စက်ခဲ့တယ်လို့ မာလန်က တွစ်တာ မှာ ဇာတ်ကြောင်းပြန်ရေးသား ခဲ့ပါတယ်။

ရည်ညွှန်း 101greatgoals

Mizzima Sport News 
အရွယ်ရောက်ပြီးသူများသာကြည့်ရှုခွင့်ပြုတဲ့ဇာတ်ကား သရုပ်ဆောင် ချီလီပွန်းစတား မာလန်ဒေါလ် ဟာ ကမ္ဘာ့ဖလားမှာ သူ့နိုင်ငံအသင်းအနိုင်ရခဲ့တဲ့ အတွက် သူပေးထားတဲ့ ကတိအတိုင်း အောင်ပွဲခံခဲ့ပါတယ်။
သြစတြေးလျနဲ့ ကစားရတဲ့ အဲဒီပွဲမတိုင်မီမှာ မာလန်က အကယ်၍ ချီလီအသင်းအနိုင်ရရင် အမျိုးသား တစ်ဦးနဲ့ ရှစ်နာရီကြာ အတူအိပ်ပြီး အောင်ပွဲခံမယ်လို့ တွစ်တာမှာ သူ့ရဲ့ သူငယ်ချင်းတွေကို ကတိပေးခဲ့ပါတယ်။ တကယ်တမ်းပွဲကစားတဲ့အခါ ချီလီအသင်းက သြစတြေးလျကို ၃-၁ ဂိုးနဲ့

ကမ္ဘာ့ဖလားပွဲစဉ်များကြည့်ရန် မအိပ်ဘဲနေသည့် တရုတ်ဘောလုံးပရိသတ်တစ်ဦး အိပ်ရေးပျက်သေဆုံး

Photo: ကမ္ဘာ့ဖလားပွဲစဉ်များကြည့်ရန် မအိပ်ဘဲနေသည့် တရုတ်ဘောလုံးပရိသတ်တစ်ဦး
အိပ်ရေးပျက်သေဆုံး
Wednesday, June 18, 2014

အောင်သုတ
တရုတ်နိုင်ငံမှ ဘောလုံးပရိသတ်တစ်ဦးသည် ဘရာဇီးနိုင်ငံတွင် ကျင်းပနေသည့်
ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များကို ကြည့်ရှုရန်အတွက် မအိပ်ပဲ
စောင့်ဆိုင်းနေခဲ့ရာ အိပ်ရေးပျက်သည့်အတွက် အသက်ဆုံးရှုံးခဲ့ရသည်ဟု
ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။
အသက် ၂၅ နှစ်အရွယ် ယင်းဘောလုံးပရိသတ်ကို သောကြာနေ့က ကစားခဲ့သောစပိန်နှင့်ဟော်လန်အသင်းတို့၏ ပွဲစဉ်အပြီး တစ်နာရီခန့် အ ကြာတွင်ရှန်ဟိုင်းပြည်နယ်အနီးရှိ Suzhou မြို့ရှိ ၎င်း၏နေအိမ်၌ တီဗီရှေ့တွင်
သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းပွဲစဉ်ကစားခဲ့သော ဘရာဇီးနိုင်ငံ၊
ဆယ်လ်ဗေးဒိုးမြို့၏ စံတော်ချိန်မှာ ရှန်ဟိုင်းထက် ၁၁ နာရီနောက်ကျပြီး
ဘောလုံးပွဲပြီးဆုံးချိန်မှာ တရုတ်နိုင်ငံတွင် နံနက် ၅ နာ
ရီခန့်ရှိ အချိန်ဖြစ်ရာ ယင်းပရိသတ်အနေဖြင့် ဘောလုံးပွဲကြည့်ရှုရန် တစ်ညလုံး
မအိပ်ပဲစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ ၎င်း၏ သေဆုံးမှုကို စစ် ဆေးခဲ့သည့်
ဆရာဝန်ကလည်း ယင်းသေဆုံးမှုမှာ အိပ်ချိန်မလုံလောက်ခြင်းကြောင့်ဟု
ကောက်ချက်ချခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် တရုတ်နိုင်ငံရှိ ဘောလုံးပရိသတ်များအနေဖြင့်
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အိပ်ချိန်များကို ဂရုစိုက်ကြရန်နှင့် လုံ
လောက်သည့် အိပ်ချိန်မရှိပါက အန္တရာယ်ရှိနိုင်ကြောင်း
ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူများက သတိပေးထားသည်။ ယူရို ၂၀၁၂
ပြိုင်ပွဲအတွင်း ကလည်း တရုတ်ဘောလုံးပရိသတ်တစ်ဦးမှာ ဘောလုံးပွဲစဉ်များကို
ကြည့်ရှုရန် ၁၁ ညဆက်တိုက်မအိပ်ခဲ့သည့်အတွက် သေဆုံးခဲ့ရသည်။

ရည်ညွှန်း - Daily Mail
တရုတ်နိုင်ငံမှ ဘောလုံးပရိသတ်တစ်ဦးသည် ဘရာဇီးနိုင်ငံတွင် ကျင်းပနေသည့်ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များကို ကြည့်ရှုရန်အတွက် မအိပ်ပဲစောင့်ဆိုင်းနေခဲ့ရာ အိပ်ရေးပျက်သည့်အတွက် အသက်ဆုံးရှုံးခဲ့ ရသည်ဟုဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။
အသက် ၂၅ နှစ်အရွယ် ယင်းဘောလုံးပရိသတ်ကို သောကြာနေ့က ကစားခဲ့သောစပိန်နှင့်ဟော်လန် အသင်းတို့၏ ပွဲစဉ်အပြီး တစ်နာရီခန့် အ ကြာတွင်ရှန်ဟိုင်းပြည်နယ်အနီးရှိ Suzhou မြို့ရှိ ၎င်း၏နေအိမ်၌

မြေနီကုန်း နှင့် အင်းစိန် ခုံးကျော်တံတား ၂ စင်း တည်ဆောက်မည်

Photo: မြေနီကုန်း နှင့် အင်းစိန် ခုံးကျော်တံတား ၂ စင်း တည်ဆောက်မည်
Wednesday, June 18, 2014

ရန်ကုန်မြို့၏ ကားလမ်း ပိတ်ဆို့မှုများကြောင့် သွားလာရေး ခက်ခဲ လာသော မြေနီကုန်း လမ်းဆုံနှင့် အင်းစိန်မြို့နယ်တို့တွင် ခုံးကျော်တံတား ၂ စင်းကို ယခု ဘဏ္ဍာနှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မြောက်ဒဂုံမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တို့ကို ဖြတ်သန်းသွားသည့် ပြည်ထောင်စုလမ်းကို နှစ်လမ်းသွား လမ်းမကြီး အဖြစ် ချဲ့ထွင်တော့ မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ရန်ကုန်မြို့၌ အသစ်ထပ်မံ တည်ဆောက်မည့် ခုံးကျော်တံတားများနှင့် တောင်ဒဂုံ၊ မြောက်ဒဂုံ ဆက်သွယ်ရေး ပြည်ထောင်စု လမ်းမကြီး တိုးချဲ့ ဖောက်လုပ်သွားမည့် အစီအစဉ်တို့ကို မကွေးတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းရာ သမ္မတရုံး ဒုဝန်ကြီး ဦးအောင်သိန်းက ယခုဘဏ္ဍာနှစ် အတွင်း အကောင် အထည်ဖော် ဆောင်ရွက်သွား မည်ဟု ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက“အင်းစိန်နဲ့ မြေနီကုန်းမှာ ခုံးကျော်တံတား ထပ်လုပ်လိမ့်မယ်။ အင်းစိန် ရထား လမ်း ခုံးကျော်လို့ ပြောတယ်။ ဘယ်နေရာလည်းတော့ မသိဘူး။ မြေနီကုန်းကတော့ လမ်းဆုံမှာ လုပ်မှာ။ ခုံးကျော်လုပ်ရင် တခု တည်း မဟုတ်ဘဲနဲ့ ယှက်ဖြာပြီး နှစ်ခုသုံးခုလောက် တခါတည်း လုပ်စေချင်တာ။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ထဲမှာ စလုပ်မယ်လို့ ပြော တယ်”ဟု ဆိုသည်။

ရန်ကုန်မြို့တွင်း ကားလမ်းပိတ်ဆို့မှုကို မဖြေရှင်းနိုင်ခြင်းသည် အစိုးရတွင် Town Plan ၊ City Plan များ မရှိသောကြောင့် ဖြစ်ကြောင်း လည်း ၎င်းက ဆက်ပြောသည်။

တောင်ဒဂုံနှင့် မြောက်ဒဂုံ မြို့နယ်ကို ဖြတ်သန်းသွားသည့် အရှည်မိုင် ၅ မိုင်ရှိသော ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲယာရှိ ဈေးဆိုင်များကြောင့် နံနက်ပိုင်းနှင့် ညနေပိုင်း ရုံးတက် ၊ ရုံးဆင်းချိန်များတွင် ဆိုးဝါးစွာ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေသဖြင့် လမ်းချဲ့ထွင်ပေး ရန် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ရာ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း မြောက်ဒဂုံမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဌ ဦးကျော်အေး ကလည်း ဧရာဝတီသို့ ပြောသည်။

“မနက် ကျောင်းသွား ကျောင်းလာ ၊ ရုံးသွား ရုံးလာမှာ ကားအရမ်းပိတ်တဲ့ အတွက် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီကနေ လမ်းချဲ့ပေးဖို့ တောင်းဆိုတာ။ ၄ ခါလောက် တောင်းရတယ်။ နောက်ဆုံး ၀န်ကြီး ဦးစိုးသိန်းတို့က လုပ်ပေးမယ် ပြော တယ်”ဟု ဦးကျော်အေးက ဆိုသည်။

ရန်ကုန်မြို့တွင်း ကားလမ်း ပိတ်ဆို့မှု ပြဿနာမှာ မြို့လယ်ခေါင်တွင်သာ မဟုတ်ဘဲ ဆင်ခြေဖုံး မြို့နယ်များ ဖြစ်သည့် မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ သာကေတ ၊ သင်္ဃန်းကျွန်း ၊ အင်းစိန် ၊ လှိုင်သာယာနှင့် မင်္ဂလာဒုံ မြို့နယ်များပါ ဖြစ်ပွားလျက် ရှိသည်။

ရန်ကုန်မြို့တွင် မော်တော်ယာဉ်စီးရေ များပြားလာမှုကြောင်း လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေသကဲ့သို့ ယခုအခါ မိုးရွာသွန်းချိန်များတွင် မြောင်းများ ရေလျှံမှုကြောင့် ကားလမ်း ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။

ကိုယ်ပိုင် အငှားယာဉ်မောင်း တဦး ဖြစ်သူ ဦးမြင့်ထွေးက “လမ်းလုံးဝ မပိတ်အောင် ဆိုရင်တော့ ရှိနေတဲ့ လမ်းမကြီးတွေ အကုန်လုံး အပေါ်မှာ မိုးပျံတံတားတွေ လိုက်ထိုးပေးမှ ရမယ်။ ယိုးဒယားမှာ ဒွန်မောင်း လေဆိပ်ကနေ သုဝဏ္ဍဘူမိလေဆိပ်ကို သွားတာ တောက်လျှောက် တံတား ထိုးပေးထားတော့ နာရီဝက်အတွင်း ရောက်သွားတယ်။ ဒီမှာဆို ၂ နာရီလောက် မောင်းရမှာ”ဟု ၎င်း၏ အတွေ့အကြုံကို ပြောဆိုသည်။

ရန်ကုန်မြို့၌ လက်ရှိတွင် သမိုင်း ဘုရင့်နောင် ခုံးကျော်တံတား၊ လှည်းတန်း ခုံးကျော်တံတား နှင့် ရွှေဂုံတိုင် ခုံးကျော် တံတားများကို ဆောက်လုပ်ပြီးစီး၍ အသုံးပြုလျက် ရှိသည်။

ဧရာဝတီ
ရန်ကုန်မြို့၏ ကားလမ်း ပိတ်ဆို့မှုများကြောင့် သွားလာရေး ခက်ခဲ လာသော မြေနီကုန်း လမ်းဆုံနှင့် အင်းစိန်မြို့နယ်တို့တွင် ခုံးကျော်တံတား ၂ စင်းကို ယခု ဘဏ္ဍာနှစ်အတွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မြောက်ဒဂုံမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တို့ကို ဖြတ်သန်းသွားသည့် ပြည်ထောင်စုလမ်းကို နှစ်လမ်းသွား လမ်းမကြီး အဖြစ် ချဲ့ထွင်တော့ မည် ဖြစ်ကြောင်း သတင်းရရှိသည်။

လူ့အခွင့်အရေးရုပ်ရှင်ပွဲ ခြိမ်းခြောက်ခံရ

 မြန်မာနိုင်ငံ မှာ ဇွန်လ ၁၅ ရက်နေ့ ကနေ ၁၉ ရက်နေ့ထိ ကျင်းပနေ တဲ့၊ ဒုတိယ အကြိမ်မြောက် လူ့အခွင့်အရေး နဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် မှာ ပြသမယ့်၊ မှတ်တမ်း ရုပ်ရှင် ကားတွေ ထဲက၊ ‘အမိုးမရှိတဲ့ ကောင်းကင်’ လို့ အမည် ပေးထားတဲ့ မှတ်တမ်းရုပ်ရှင် ကို၊ ခြိမ်းခြောက် တဲ့ စာတွေ ရောက်လာတဲ့ အတွက် မပြသဖို့ ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေး စီစဉ်သူတွေ က ဆုံးဖြတ် လိုက်ပါတယ်။

မိမိနှင့် အခြားခေါင်းဆောင်များ၏ ပြောပုံဆိုပုံအပေါ် သတိပေးခြင်းသည် ရွေးကောက်ပွဲကော်မရှင်၏ အလုပ်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မိမိနှင့် အခြားခေါင်းဆောင်များ၏ ပြောပုံဆိုပုံများနှင့် ပတ်သက်၍ သတိပေးခြင်းသည် ရွေးကောက် ပွဲကော်မရှင်၏ အလုပ်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နီပေါနိုင်ငံ ခရီးစဉ် နောက်ဆုံးနေ့ (ဇွန် ၁၆ ရက်) တွင် ပြောကြားသည်။

ဗြိတိသျှ သံတမန်တွေ ဦးဥတ္တရကို တွေ့ခွင့်ရ

 ပြီးခဲ့တဲ့ သီတင်းပတ်က မဟာသန္တိ သုခကျောင်းကို ရဲအင်အားနဲ့ ဝင်ရောက် စီးနင်းခဲ့ ပြီးနောက် အဓမ္မ လူဝတ်လဲပြီး အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ ထားတဲ့ လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရ ကျောင်းက ဆရာတော် ဦးဥတ္တရကို မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက သံတမန် နှစ်ယောက် ဇွန်လ ၁၇ ရက် အင်္ဂ࿿ါနေ့က သွားရောက် တွေ့ဆုံခွင့် ရခဲ့ပါတယ်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စမ်းသပ်တိုင်းတာပြီး သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှု အဆင့် ၄၁ တွင်ရှိနေ

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စမ်းသပ်တိုင်းတာပြီး သဘာဝ ဓာတ်ငွေ့ ပိုင်ဆိုင်မှု အဆင့် ၄၁ တွင် ရှိနေပြီး ရေနံစိမ်းပိုင်ဆိုင်မှုမှာ အဆင့် ၇၈ တွင် ရှိနေကြောင်း ဇွန် ၁၇ ရက်က ရန်ကုန်မြို့ရှိ IBC ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဒေသဆိုင်ရာ အစိုးရများ၊ ဥစ္စာဓန ခွဲဝေမှုအတွက် အဓိက စဉ်းစားစရာများ စာတမ်းဆွေးနွေးပွဲမှ သိရသည်။