Sunday, July 7, 2013

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာရ

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှ ဗုဒ္ဓဂါယာရှိ ဘုန်းတော်ကြီး ကျောင်းဝင်း တစ်ခုအတွင်း ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

မိမိထက် အသက် ၇၀ ငယ်သည့် မိန်းကလေး တစ်ဦးနှင့် အသက် ၉၂ နှစ်အရွယ် အမျိုးသားကြီး လက်ထပ်

အီရတ်နိုင်ငံမှ အသက် ၉၂ နှစ် အရွယ်ရှိ မူဆာလီ မိုဟာမက် အယ်လ်မူဂျာမီသည် ၎င်းထက် အသက် ၇၀ ငယ်ရွယ်သည့် အမျိုးသမီးနှင့် လက်ထပ်ခဲ့ကြောင်း သိရသည်။

အနုပညာရှင် အခိျု့ကို မူးယစ်အဖွဲ့ ကအရပ်ဝတ်အသွင် ယူ နောက်ယောင်ခံမည်

မူးယစ်တိုက် ဖျက်ရေးအထူးအဖွဲ့မှ တာဝန်ရှိ သူများ အရပ်ဝတ်အသွင် ယူပြီး ရုပ်ရှင်ရိုက်ကွင်းများတွင် အနုပညာရှင်သရုပ်ဆောင်တခိျု့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများ ရှိမရှိကို စစ်ဆေးသွားရန် စီ စဉ်နေကြောင်း မူးယစ်အထူးတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။

မလေးရှားတွင် မြန်မာတစ်ဦးအသက်ခံရပြန်ပြီ

မလေးရှားတွင် မြန်မာတစ်ဦးအသက်ခံရပြန်ပြီ

7.7.2013

၆-၇-၂၀၁၃ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ဆူဗန်းဂျာရာ မြို့မှ တယ်လီဖုန်းတစ်လုံးသည် ကပုန်း(၇)သားသမီးနာရေးကူညီမှု့ (မလေးရှား)ရုံခန်းသို့ဝင်ရောက်လာပါသည်။

ရုံတာဝန်ခံ ကိုကျော်သူမှ မေမြန်းသောအခါ ဆူဗန်းဂျာရာ SS/6C လမ်းထိပ်တွင် မြန်မာတစ်ဦးဓါးဒဏ်ရာဖြင့်သေဆုံးနေကြောင်းအကြောင်းကြားပါသည်။

ထို့နောက် ရုံအတွင်ရှိ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း ဥက္ကဌ ဦးစန်းဝင်းနှင့် မြန်မာနိုင်ငံသားများအတွက် ကူညီဆောင်ရွက်ပေးနေသော (မလေးရှား) နိုင်ငံ သား Dato Dr Riches Tan နှင့် အဖွဲ့ ဝင်များသည် မလေးရှား ရဲတပ်ဖွဲ့သို့ချက်ခြင်းအကြောင်းကြားပြီး အခင်ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပါသည်။

ထိုနေရာသို့ရောက်သောအခါ ဇနီးသည် မမေသန်းနှင့် သူငယ်ချင်း မြန်မာမိသားစုများအား အလောင်းနားတွင်တွေ့ဆုံခဲ့ပါသည်။

ဇနီးသည်၏ပြောချက်အရ ကိုရဲဝင်းထွန်း အသက်(၃၃)နှစ်သည် အမှတ်(၄၀၄) သုမာလာ၊ ၉ လမ်း ( ၂ ) ရပ်ကွပ် မြောက်ဥက္ကလာ တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး မလေးရှားတွင်နေထိုင်သည်မှာ ၁၀နှစ်ကျော်ခန့် ရှိပါသည်။

6P စီမံချက်ဖြင့်ထုတ်ပေးသော ပါတ်စ်ပို့စာအုပ်တွင် ပါမစ်ရှိပါသည်ကိုရဲဝင်းထွန်းသည်ကားပြင် ၊ ဆေးမှုတ်စက်ရုံ ဆူဗန်းမေဝ တွင်အလုပ်လုပ်ပါသည် ယမန်နေညတွင်ဇနီးသည်မှ အိမ်ပြန်မလာသဖြင့် ည ၁၁ နာရီကျော်တွင် ဖုန်းဆက်သောအခါ ကိုရဲဝင်းထွန်းမှ ဇနီးသည်အား ဆူဗန်းဂျာရာရှိ Summit Five Star Hotel ရှေတွင် စက်စမ်းရန်မောင်းနှင့်လာသောကားမှာ စက်ပျက်နေသဖြင့် တစ်ဦးတည်းကားပြင်နေရကြောင်း ဇနီးသည်မမေသန်းအား စိတ်မပူရန်ပြန်ပြောပါသည်။

ထို့နောက် ၆-၇-၂၀၁၃ နံနက်ကြီး ၁ နာရီခန့်တွင်ထက်မံ၍ဖုန်းဆက်သောအခါ ကိုရဲဝင်းကိုင်ဆောင်နေသောဖုန်းနှစ်လုံးမှ တစ်လုံးသာခေါ်၍ရပါသည်ကျန်တစ်လုံးမှာခေါ်၍မရပါ ခေါ်ဆို၍ရသောဖုန်မှာဖုန်းကိုင်မည့်သူမရှိပါ ထပ်မံ၍ခေါ်သောအခါဖုန်းကိုပိတ်လိုက်ပါသည်။

ထို့နောက်မိသားစုများမှ စိုးရိမ်၍ ၄င်း ကားပျက်သောနေရာသို့ ဦးလေးဖြစ်သူတစ်အိမ်တည်းနေသူများနှင့်ရှာဖွေသော်လည်းမတွေ့ရှိခဲ့ရပါ။

ယနေ့နေ့လည် ၁၂ နာရီခန့်တွင် ရေမြောင်းထဲတွင်ဓါးဒဏ်ရာ ၇ ချက်ဖြင့်သေဆုံးနေကြောင်းနှင့်၎င်စက်စမ်းယာဉ်ကားလည်းအနားတွင်ရှိနေကြောင်းကိုဇနီးသည်မှ နာရေးကူညီမှု့အသင်းမှ တာဝန်ရှိသူများအားပြောကြားပါသည်။ ထိုနောက် သက်ဆိုင်ရာရဲတပ်ဖွဲ့မှရောက်ရှိလာသောအခါ ဇနီးသည်အားမေးမြန်းပြီ လိုအပ်သည်များကိုဆောင်ရွက်ခါ ဆူဗန်းဂျာရာ မြို့ မှ အလောင်းကို သယ်ဆောင်ပြီ PJ ယူနီဗာစတီ ဆေးရုံသို့် ရဲတပ်ဖွဲ့ နှင့် ပူးပေါင်း၍ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း မှ စစ်ဆေးရန် ပို့ဆောင်ခဲ့ပါသည်။

မူရင်း မလေးရှားသတင်း

ref:Tun Wai
၆-၇-၂၀၁၃ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ဆူဗန်းဂျာရာ မြို့မှ တယ်လီဖုန်းတစ်လုံးသည် ကပုန်း(၇) သား သမီးနာရေးကူညီမှု့ (မလေးရှား)ရုံခန်းသို့ဝင်ရောက်လာပါသည်။

တရားမဝင်ကုန် တွေ က တရားဝင်ထက် ပိုဝင်လာနေ

တရားမဝင်ကုန် တွေ က တရားဝင်ထက် ပိုဝင်လာနေ

မြန်မာပြည် ထဲ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ ထဲမှာ တရားဝင်တင်သွင်း တဲ့ ကုန်စည်ထက် တရားမဝင် ဝင်လာတာ က ပိုများနေတာကြောင့် တားဆီးဖို့ စီစဉ် နေရပါတယ်။

စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့နဲ့ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း တို့ စနေနေ့ က ရန်ကုန် မှာ အဲဒီအရေး စည်းဝေးခဲ့ရပြီး ကုန်းလမ်းနဲ့ရေလမ်း ကနေ ဝင်လာတဲ့ ဒီ တရားမဝင် ကုန်သွယ်မှု တွေ ကို ဟန့်တားနိုင်အောင် မိုဘိုင်း ကင်းလှည့်အဖွဲ့ တွေ ထားရှိဖို့ တိုင်ပင် ခဲ့ကြပါတယ်။

ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးဝင်းအောင် က အခွန်ရှောင်ချင် ကြတဲ့ ကုန်သည် တချို့က တရားမဝင် လမ်းကြောင်းတွေ ကို အသုံးပြု ကုန်သွယ် နေကြတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ကုန်သွယ်မှု ချောမွေ့အောင် လုပ်ပေး တဲ့ လုပ်ငန်းစဉ် နဲ့ သက်ဆိုင်ရာ အထောက်အကူပေးမယ့် ဌာန တွေ မပြည့်စုံ တာ ကလည်း ဒီလို တရားမဝင် ကုန်သွယ်ရေး တွေ ဖြစ်နေစေ တဲ့ အကြောင်းတရပ် လို့ သုံးသပ်သူ တွေ က ပြောပါတယ်။

မြန်မာ ပြည် ကို တင်သွင်း မယ့် တရုတ် ကုန်ပစ္စည်း တင် ကားတစီး နယ်စပ်မှာ တွေ့ရစဉ်

BBC (မြန်မာပိုင်း)
မြန်မာပြည်ထဲ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေထဲမှာ တရားဝင်တင်သွင်း တဲ့ ကုန်စည်ထက် တရားမဝင် ဝင်လာတာ က ပိုများနေတာကြောင့် တားဆီးဖို့ စီစဉ် နေရပါတယ်။

ဗုဒ္ဓဂါယာ မဟာဗောဓိမှာ ပေါက်ကွဲမှုဖြစ်

Photo: ဗုဒ္ဓဂါယာ မဟာဗောဓိမှာ ပေါက်ကွဲမှုဖြစ်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမသုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီ ကို ပြောပါတယ်။

အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ မဟာဗောဓိကိုတော့ ထိခိုက်မှု ရှိကြောင်း နဲ့ အသေ အပျောက် ရှိတယ်လို့ သတင်းမရကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။

ဒါပေမယ့် ထိခိုက်ဒဏ်ရာရသူ တခိျု့ထဲမှာတော့ မြန်မာသံဃာတော် ဦးရာသဂ္ဂ ပါဝင်ကြောင်း ဆရာတော်က ပြောပါတယ်။

ဘယ်သူ့လက်ချက်လဲ၊ ဘယ်လို ဗုံးပေါက်ကွဲမှုလဲ စတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

BBC News
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမသုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီ ကို ပြောပါတယ်။

မုတ္တမ ကမ်းလွန် ဒေသတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက် ထပ်မံ တွေ့ရှိ

စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့သည် ယနေ့ နံနက်ပိုင်းတွင်    ကမ်းလွန်လုပ်ကွက် အမှတ် M-3တွင် PTTEPI ရေနံ

ရာထူးမှ နုတ်ထွက်ခွင့် ပြုထားသူများနှင့် ရာထူးတာဝန် ပြောင်းလဲသွားသူများနေရာ ပြင်ဆင်ခြင်းများဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ပြင်ဆင်ဖွဲ့စည်း

changing-july7
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် များအား မေလ က မြစ်ကြီးနားမြို့တွင် ပြုလုပ်သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ရာထူးမှ နုတ်ထွက်ခွင့် ပြုထားသူများ၊ ရာထူးနေရာ ပြောင်းလဲသွားသည့် သူများ ၏ နေရာ ကို ပြင်

မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုအတွင်း အုပ်စုဖွဲ့ ဓားကိုင်၍ ၀င်ရောက်ကာ စားသုံးသူများအား ခြိမ်းခြောက်ငွေတောင်းယူမှု ဖြစ်ပွား

privacy2-july7
အခင်းဖြစ်ပွားရာ စားသောက်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)
အုပ်စုဖွဲ့ ဓားကိုင်၍ မင်္ဂလာဒုံမြို့နယ်ရှိ PRIVACY II စားသောက်ဆိုင် တစ်ခုအတွင်း ၀င်ရောက်ကာ ဆိုင် အတွင်း စားသုံးသူများကို ခြိမ်းခြောက်ငွေတောင်းယူမှု ဇူလိုင် ၄ ရက်ည ၁၀ နာရီဝန်းကျင် က ဖြစ် ပွား ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရမိရေး ဘင်္ဂလားဒေ့ရှ်သို့ တိုက်တွန်း

မြန်မာနယ်စပ်ဘက်မှ ပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရ မိရေး ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေး အရာရှိများထံသို့ မြန်မာနယ်စပ် လုံခြုံရေးမှ တိုက်တွန်းခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်နေ

kayincommercial-july7
မြ၀တီ ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းများကို

များပြားရှုပ်ထွေးသော ဥပဒေများဖြင့် စာနယ်ဇင်း လောကအပေါ် သွယ်ဝိုက်ထိန်းချုပ်ရန် ပြန်ကြားရေး ၀န်ကြီးဌာနက ဆန္ဒရှိနေကြောင်း သံသယဖြစ်ဖွယ် ရှိလာဟု MJA ပြောကြား

များပြားရှုပ်ထွေးသော ဥပဒေများဖြင့် စာနယ်ဇင်း လောကအပေါ် သွယ်ဝိုက်ထိန်းချုပ်ရန် ပြန်ကြားရေး ၀န်ကြီးဌာနက ဆန္ဒရှိနေကြောင်း သံသယဖြစ်ဖွယ် ရှိလာဟု မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် UWSA တို့ "၀" မြောက်ပိုင်းဌာနချုပ် ပန်ဆန်းတွင် ဆွေးနွေးရန် ညှိနှိုင်းနေ

wa-july7
မြစ်ကြီးနားမြို့တွင် မေလက ပြုလုပ်ခဲ့သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေး ပွဲသို့ လေ့လာ သူအဖြစ် တက်ရောက်လာသော UWSA ၏ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးဆမ်ခွန် (ယာ)ကို တရုတ် သံတမန် တစ်ဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် "၀" ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊