Tuesday, July 8, 2014

အထိုင်များသူတွေ သိထားသင့်သော ကျန်းမာရေး နည်းလမ်းများ

ရုံးခန်းအတွင်း နေ့တိုင်း ထိုင်လျှက် အလုပ်လုပ်နေရသော သူတွေဟာ နှစ်တွေကြာ လာတာနှင့် အမျှရောဂါ ဖြစ်ဖို့အလားအလာတွေ ပိုမိုများပြား လာပါတယ်။ ဒါကြောင့် မိမိအနေနဲ့ အထိုင်များသူ ဖြစ်ပါလျှင် လိုက်နာသင့်သော ကျန်းမာရေး အတွက် နည်းလမ်း လေးတွေကို ပြန်လည်မျှဝေပေး လိုက်ရပါတယ်။
(၁) လေ့ကျင့်ခန်း လုပ်ပါ

မိုင်းပျဉ်း NLD ဒုဥက္ကဋ္ဌ အသတ်ခံရမှု အမှုမှန်မပေါ်သေး၍ ဆန္ဒထုတ်ဖော်မည်

တောင်ကြီး၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာ NLD ဒုဥက္ကဋ္ဌ အသတ်ခံရမှု တစ်လကျော် ကြာမြင့်လာပြီဖြစ်သော်လည်း တရားခံ ဖော်ထုတ်နိုင်ခြင်းမရှိ သဖြင့် တောင်ကြီးမြို့တွင် ဇူလိုင်လ ဒုတိယပတ်အတွင်း ဆန္ဒဖော်ထုတ် သွားမည်ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဇူလိုင် ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

ခင်ပွန်းနှင့် အရက်အတူသောက်ပြီး ဇနီးကို အဓမ္မပြုကျင့်

ခင်ပွန်းဖြစ်သူနှင့် အရက်အတူ လာသောက်သည့်ဧည့်သည်က ဇနီးမယားကို အဓမ္မကျင့်မှုတစ်ခု ပြည်မြို့၊ မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားသည်ဟု မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ၄ရက်၊ ညနေ ၅ နာရီအချိန်က ဂျာကြီး(ခ)တင်ဇော်အောင် ဆိုသူသည် ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ စက်မှုဇုန်ရပ်ကွက်ရှိ ရင်းနှီးခင်မင်သည့်သူတစ်ဦးနေအိမ်သို့ သွားရောက်ကာ အရက် အတူသောက်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးက ဆင်းမ်ကတ်များကို လစဉ်ခွဲတမ်းအတိုင်း ရောင်းချပေးမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဆင်းမ်ကတ်များကို လစဉ်ခွဲတမ်းများအတိုင်း အရေအတွက်ဖြင့်သာ ဆက်လက်ရောင်းချပေးဦးမည် ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အုပ်ချုပ်မှုမန်နေဂျာ (ငြိမ်း)၊ ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ အကြံပေး ဦးကျော်စိုးဝင်းက မဇ္ဈိမကို ပြောသည်။
ပြည်ပအော်ပရေတာများက မိုဘိုင်းဆင်းမ်ကတ်များ စတင်ချပေးတော့မည်ဖြစ်၍ မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်း ဆင်းမ်ကတ်များကို အကန့်အသတ်မရှိ ချထားပေးမည်ဖြစ်ပြီး အကန့်အသတ်မရှိ ၀ယ်ယူနိုင်မည်ဟု သတင်းများထွက်ပေါ်လာသော်လည်း ယင်းသို့ ရောင်းချဦးမည်မဟုတ်ဟု ၎င်းက ဆိုသည်။

မန္တလေးတွင် ထိတ်လန့်ဖွယ်မှုခင်းများ အယောင်ဆောင်တိုင်ကြားမှုများရှိဟုဆို

 မန္တလေးမြို့ တည်ငြိမ် အေးချမ်းစပြုချိန်တွင် တိုင်းရဲတပ် ဖွဲ့သို့ သတင်းအမှားများ၊ ထိတ် လန့်ဖွယ် မှုခင်းများအကြောင်းကို   လက်ကိုင်ဖုန်းများစွာဖြင့်  အ ယောင်ဆောင်တိုင်ကြားမှုများရှိ နေပြီး  မြို့ခံများနှင့် ရဲတပ်ဖွဲ့ဝင်များအား  ရှုပ်ထွေးမှုများဖြစ်စေရန် ပြု လုပ်နေသေးကြောင်း သတင်းရရှိသည်။

ပညာရှင်ဝန်ထမ်းများ ရာထူးတိုးရန် အနည်းဆုံးလုပ်သက် လျှော့ချသတ်မှတ်

-ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများအရ ပညာရှင်ဝန် ထမ်းများ ရာထူးတိုးမြှင့်ပေးရန် စဉ်းစားရာတွင် အနည်းဆုံးရှိရ မည့် ရာထူးလုပ်သက်များကို လျှော့ချလိုက်ကြောင်း သတင်းရ ရှိသည်။
ဝန်ထမ်းအမျိုးအစားအ လိုက် အနည်းဆုံးရရှိမည့် ရာထူး သက်များတွင် ပညာရှင်အဆင့် (၁) နှင့် (၂) အတွက် အနည်းဆုံး ရာထူးသက် ၂ နှစ်၊ ပညာရှင်အ ဆင့် (၃) မှ (၅) အထိ အနည်းဆုံး ရာထူးသက် သုံးနှစ်ရှိထားရန် ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ညမထွက်ရအမိန့်ကြောင့် အဝေးပြေးယာဉ်နှင့် မီးရထား ထွက်ခွာချိန်များ ပြောင်းလဲ


မန္တလေးမြို့တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် ဇူလိုင် ၃ ရက် ညနေ ၆ နာရီတွင် ညမထွက်ရ (၁၄၄) အမိန့်ထုတ်ပြန်ခဲ့သဖြင့် ရထားခရီးစဉ်များနှင့် အဝေးပြေးယာဉ်များ မန္တလေးမှ ထွက်ခွာချိန်တို့ကို ဇူလိုင် ၄ ရက်က စတင်ပြောင်းလဲခဲ့ရာ ညမထွက်ရအမိန့် ရုတ်သိမ်းချိန်အထိ ပြောင်းလဲထားမည်ဖြစ်ကြောင်း မန္တလေးတိုင်းယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ မထသ (အဝေးပြေး)အတွင်းရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။

အင်းဝမြို့ဟောင်းကို စမ်းသပ်တူးဖော်ရာမှ အုတ်မြောင်း လက်တံတစ်ခုတွေ့ရှိ

အင်းဝမြို့ဟောင်းရှိ ကျုံးနေရာ ပြန်လည်တူးဖော်နိုင်ရန် အတွင်းမြို့ရိုးကို စမ်းသပ်တူးဖော်မူများ ပြုလုပ်လျက် ရှိရာ ရှေးဟောင်းအုတ်မြောင်း လက်တံတစ်ခု တူးဖော်တွေ့ရှိခဲ့ကြောင်း၊ ရေသွင်းစနစ်ဟု ယူဆနိုင်ကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေး) ဌာန ခွဲမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
“အတွင်းမြို့ရိုးရဲ့ အနောက်မြောက်ထောင့်မှာ တူးလိုက်တော့ မြေလွှာရဲ့ အောက် တစ်ပေလောက်မှာ ရှေးဟောင်း အုတ်မြောင်းလို့ယူဆရတဲ့ အုတ်မြောင်းလက်တံတစ်ခုပေါ်လာတယ်။ မြောက်ဘက်မှာလည်း ဧရာဝတီမြစ်ဘက်ကနေ တက်လာတဲ့ အုတ်မြောင်းတစ်ခုရှိနေတယ်” ဟု ၎င်းက ဆိုသည်။

ဟူစတန်မြို့က မိမိအိမ်အတွင်း ဖောက်ထွင်းဝင်ရောက်သူကို ဖမ်းခဲ့သည့် သူရဲကောင်း အဘွားအို

ဟူစတန်မြို့က အသက် ၈၃ နှစ်အရွယ်ရှိသူ အဘွားအိုတစ်ဦးဟာ မိမိအိမ်ကို ဖောက်ထွင်းသူလို့ ယူဆရသူတစ်ဦးကို ပွက်ပွက် ဆူနေတဲ့ ရေနွေးအိုးနဲ့ ပက်ပြီး ဖမ်းဆီးပေးနိုင်ခဲ့ပါတယ်။
လီလီမက်ကလန်ဒွန် လို့ အမည်ရတဲ့ အဘွားအိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူ့ရဲ့ အိမ်ပြတင်းပေါက်တံခါးတစ်ချပ် ဖွင့်နေတာကို သတိပြုမိပြီးနောက် အိမ်ထဲမှာ အဘွားအိုကို လည်ပင်းကို ညှစ်ပြီး အကြပ်ကိုင်ကာ ငွေတောင်းမယ့် အမျိုးသားတစ်ယောက်ဦးနှင့် ထိပ်တိုက်တိုးခဲ့ပါတယ်။

ကြေညာချက်အတုလုပ်သူကို အရေးယူပေးရန် အာဏာပိုင်များတွင် တာဝန်ရှိကြောင်း ဒီချုပ်ပြော

မန္တလေးတိုင်းဒေသကြီး တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ ပါတီ၏ထုတ်ပြန် ကြေညာချက် အတုပြုလုပ်ခဲ့သူ ကို အာဏာပိုင်များက ထိထိ ရောက်ရောက်အရေးယူရန် တာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် ၇ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

မန္တလေးမြို့တွင် လူစုလူဝေး ဖြင့် ဆူပူလှုံ့ဆော်မှုများဖြစ်ပွားခဲ့ မှုကို တရားဥပဒေစိုးမိုးရေးနှင့်

ကြေညာချက်အတုလုပ်သူကို အရေးယူပေးရန် အာဏာပိုင်များတွင် တာဝန်ရှိကြောင်း ဒီချုပ်ပြော

မန္တလေးတိုင်းဒေသကြီး တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ ပါတီ၏ထုတ်ပြန် ကြေညာချက် အတုပြုလုပ်ခဲ့သူ ကို အာဏာပိုင်များက ထိထိ ရောက်ရောက်အရေးယူရန် တာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် ၇ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

မန္တလေးမြို့တွင် လူစုလူဝေး ဖြင့် ဆူပူလှုံ့ဆော်မှုများဖြစ်ပွားခဲ့ မှုကို တရားဥပဒေစိုးမိုးရေးနှင့်

မန္တလေးမြို့ ပြန်လည်တည်ငြိမ်

မန္တလေးမြို့တွင် အခြေ အနေများတည်ငြိမ်အေးချမ်း စပြု လာပြီဖြစ်၍ ဆိုင်အများစုပြန် လည်ဖွင့်လှစ် လာကြပြီး မြို့တွင်း ၌ ပုံမှန်အတိုင်း သွားလာ လှုပ်ရှား နေကြပြီဖြစ်သည်။
ပဋိပက္ခဖြစ်စဉ်များ စတင် ဖြစ်ပွားပြီးနောက် ဇူလိုင် ၂ရက်မှ စတင်ကာမန္တလေးဈေးချိုတော် နှင့် အစ္စလာမ် ဘာသာဝင်များ၏ အရောင်းဆိုင်များ ပိတ်ထားခဲ့ကြ သည်။ ဇူလိုင် ၆ရက်တွင်မူ မန္တ လေးဈေးချိုတော်၊ တိုက်တန်းကြီး၊ မန်းမြန်မာ ပလာဇာ၊ ဈေးချို တော်တစ်ဝိုက်တို့ရှိ အစ္စလာမ် ဘာသာဝင်တို့၏ ဆိုင်များပြန်လည် ဖွင့်လှစ်လာကြကြောင်းဈေး ချိုတော်မှ ဆိုင်ရှင်များကပြော သည်။

အသေးအဖွဲမေးခွန်းများ မမေးသင့်ဟု အမတ်တို့ပြော

ဥပဒေများပြဋ္ဌာန်းခြင်း၊ အစိုးရကတိက၀တ်များ ရရှိစေခြင်းစသည့် အရေးပါလှသော လုပ်ငန်းများ ဆောင် ရွက်နေသည့် ပြည်သူ့လွှတ်တော်ကဲ့သို့ ပြည်ထောင်စု အဆင့်ဝင်များ လာရောက်အဖြေပေးရာနေရာ၌ တစ်နိုင်ငံလုံးအတွက် အကျူံးမ၀င်သည့် မေးခွန်းအသေးအဖွဲများ မမေးသင့်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ် ဦးက ပြောသည်။
“ပြည်သူ့လွှတ်တော်ဆိုတာ ရပ်ကွက်အဆင့် မဟုတ်ပါဘူး။ ကိုယ့်ရပ်ကွက် အတွက် မီးသတ်ကားတစ်စီး တောင်းတာမျိုး၊ ဒီနေ့လို ရပ်ကွက်ထဲက ကြက်မွေးတဲ့ အိမ်သုံးအိမ်ကိစ္စမေးတာမျိုးတွေ

အရေးပေါ်ကုသနည်းများ

သွားကျွတ်ထွက်သွားရင်
အသက်၁၀နှစ် ပတ်ဝန်းကျင် ကလေးတွေမှာ ပြေးလွှား ဆော့ကစားနေရင်း ထိခိုက်မိတာတွေ တိုက်မိ ဆောင့်မိ တာတွေကြောင့် ရှေ့သွား (အရေးပေါ်) ကျွတ်ထွက် သွားတာတွေဖြစ်ကြပါတယ်။ ဒါတွေကို သည်လိုနည်းတွေနဲ ဖြေရှင်းလိုရပါတယ်။ ကလေးတစ်ယောက်က တစ်ခုခုနဲတိုက်မိလို ရှေ့သွားကျွတ်
ထွက်သွားတာကို မြင်ခဲ့ရင် ကလေးရဲ့ ကျွတ်ထွက်သွားတဲ့သွားကို ခေါင်းပိုင်းကနေကိုင်ပါ အဲဒီမှာ

ပညာရေးကောလိပ်များကို ပညာသင်နှစ် နှစ်နှစ်တိုးမြှင့်မည်

ပညာရေးကောလိပ်များတွင် ၂၀၁၅-၁၆ ပညာသင်နှစ်မှစ၍ ပညာသင်နှစ် နှစ်နှစ် တိုးမြှင့်သင်ကြားပေး သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်က ဇူလိုင် ၇ ရက်တွင် ပြုလုပ်သော ပညာရေး မြှင့်တင်မှု နှီးနှောဖလှယ် ပွဲတွင် ပြောကြားလိုက်သည်။

“အခြေခံပညာကဏ္ဍမှာ အဓိကလိုအပ်နေတဲ့ ပညာတွေရဲ့အရည်အသွေးမြှင့်တင်ချင်လို့ ဖြစ်ပါတယ်။ ပညာရေးကောလိပ်တွေကို အခြေခံပညာကျောင်းတွေရဲ့ ကြေးမုံ အသွင် ဖြစ်စေလိုပါတယ်”ဟု ဒု-၀န်ကြီး ပြောသည်။

အာဏာပိုင်တို့၏ သူလျှိုများ အင်န်အယ်လ်ဒီအတွင်း ရှိနေဟုဆို


တစ်ဖက်အာဏာပိုင်ကနေ NLD အဖွဲ့ချုပ်၏ မူဝါဒများကို စုံစမ်းနိုင်သိရှိလိုသဖြင့် တစ်ဖက်အာဏာပိုင်များက လွှတ်ထားသည့် လူတချို့ရှိနေသည်ဟု ရန်ကုန်တိုင်း တာဝန်ခံ ဦးမြင့်ဌေးက ပြောသည်။

လက်ရှိ NLD ပါတီတွင် အဖွဲ့ချုပ်၏ မူဝါဒရှေ့လုပ်ငန်းစဉ်များကို ကြိုက်နှစ်သက်သဖြင့် ပါတီဝင်ရောက်သူများရှိသကဲ့သို့ နိုင်ငံရေးအရ အမြတ်ထုတ်ကာ ကိုယ်ကျိုးအခွင့်အရေးအတွက်

ပါတီဝင်အင်အားတိုးရေး အလုပ်သမားထုကို ပြည်ခိုင်ဖြိုး ချဉ်းကပ်လုပ်ဆောင်တော့မည်

နိုင်ငံ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကျော်ရှိသည့် အလုပ်သမားထုကို ပါတီဝင် အင်အားတိုးလာရေး ချဉ်းကပ်ရန် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကရှေ့ဆက်လုပ်ငန်းစဉ်ထဲတွင် ထည့်သွင်းချမှတ် လိုက်သည်။
လုပ်ငန်းစဉ် ကိုးချက်အနက်“အလုပ်သမားထုတစ်ရပ်လုံး ပါတီ၏ မူဝါဒ၊ လုပ်ငန်းစဉ်များအပေါ် သက်ဝင်ယုံကြည်၍ ပူးပေါင်းဆောင်ရွက်လာစေရန်” ဆိုသည့်အချက်ပါဝင်သည်။ အစိုးရရုံးစိုက်ရာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ပါတီရုံးချုပ်တွင် ဇူလိုင်လ ၇ ရက်က ကျင်းပသည့် “တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄)” ပိတ်ပွဲအခမ်းအနားအပြီး ရှေ့ဆက်လုပ်ငန်းစဉ် ချမှတ်ခြင်း ဖြစ်သည်။

မန္တလေးပဋိပက္ခ ရိုးသားမှုမရှိဟု အင်န်အယ်လ်ဒီ သုံးသပ်

မန္တလေးဖြစ်စဉ်သည် ပဋိပက္ခအစစ်အမှန်မဟုတ်ဘဲ ဘာသာရေးအရေခြုံကာ နိုင်ငံရေး မတည်ငြိမ်စေရန် လုပ်ဆောင်ခြင်းသာဖြစ်၍ ရိုးသားမှုမရှိဟု ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အတွင်းရေးမှူး ဦးထွန်းမြင့်က မဇ္ဈိမကို ဇူလိုင် ၇ ရက်တွင် ပြောသည်။
(NLD)ပါတီ ဗဟိုဌာနချုပ်ကလည်း ယနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းတွင် ဘာသာရေးအကြောင်းပြ ဆူပူလံှု့ဆော်မှုနှင့် မတည်ငြိမ်သည့် ပတ်ဝန်းကျင်တွင် လုံခြုံရေးများရှိသော်လည်း ထိန်းသိမ်းမှုမရှိခဲ့ဟု သုံးသပ်ထားသည်။
“ဘာသာရေးကို ခုတုံးလုပ်ပြီးတော့ နိုင်ငံရေးပါတီတွေကိုလည်း တိုက်ခိုက်နေတာပါ”ဟု ဦးထွန်းမြင့်က ပြောသည်။

နေ့ခင်းကြောင်တောင် လုယက်၊ ဓားပြမှုများ ဖြစ်နေ၍ မိုးကုတ်ဒေသခံများ ထိတ်လန့်

မိုးကုတ်မြို့၌ နေ့ခင်းချိန် များတွင်ပါ နေအိမ်များအတွင်း ၀င်ရောက်ဓားပြတိုက်ခြင်း၊ လုယက်တိုက်ခိုက်ခြင်းများ ရှိနေသည့်အတွက် ကြောက်ရွံ့စိုးရိမ်မှုများ ဖြင့် နေထိုင်နေကြရကြောင်း ဒေ သခံများက ဆိုသည်။

မိုးကုတ်တွင် နေ့ခင်းချိန်များ တွင် နေအိမ်များ၊ ဈေးဆိုင်များ အတွင်း ၀င်ရောက်လုယက်ခြင်း၊ ဓားပြတိုက်ခြင်းများမှာ ယခုနှစ် အတွင်း သုံးကြိမ်ခန့်အထိ ရှိနေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

အိမ်ရှင်ဆိုတဲ့ မျှော်လင့်ချက်တွေ ဒီမှာပဲ အဆုံးသတ်ပါပြီ


Photo: အိမ်ရှင်ဆိုတဲ့ မျှော်လင့်ချက်တွေ ဒီမှာပဲ အဆုံးသတ်ပါပြီ 
Tuesday, July 8, 2014

(ဘရာဇီး - ဂျာမနီ ပွဲကြိုသုံးသပ်ချက်)
---------------------------------------
သမိုင်းကြောင်းကြီးမားတဲ့ ဒီနှစ်သင်းဟာ (၂၁)ပွဲအထိ ကစားခဲ့ဖူးပြီး နောက်ဆုံးတွေ့ဆုံခဲ့တာကတော့ ၂၀၁၁ခုနှစ် ခြေစမ်းပွဲစဉ်မှာပါ။ ဒါပေမဲ့ အမှတ်ရစရာ ရှိနေတာက ၂၀၀၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရော်နယ်ဒိုရဲ့ ဂိုးတွေနဲ့ ဂျာမနီတွေကို ဘရာဇီး အသည်းခွဲခဲ့တာဖြစ်ပါတယ်။ ဒီရှုံးကြွေးကို ဂျာမန်တွေ လက်စားချေနိုင်မလားဆိုတာကတော့.......။ 

ဘရာဇီး နေမာ မပါဝင်နိုင်တော့တဲ့ ဘရာဇီးအတွက် နောက်ထပ်ထိုးနှက်ချက်က ပွဲပယ်ပြစ်ဒဏ်ထိလို့ အသင်းခေါင်းဆောင် သီယာဂိုးဆေးလ်ဗား မပါဝင်နိုင်ဘူးဆိုတာပါပဲ။ သီယာဂိုဆေးလ်ဗားနေရာမှာ ဂျာမနီ ကစားသမားတွေ အကြောင်း ကောင်းကောင်းသိတဲ့ ဘိုင်ယန်နောက်ခံလူ ဒန်တီ ပွဲထွက်လာစရာ ရှိပေမယ့် နေမာနေရာ ဘယ်သူအစားဝင် ကစားမလဲဆိုတဲ့ ကိစ္စက စိတ်ဝင်စားဖို့ ပိုကောင်းပါတယ်။ ဖရက်ဒ်၊ ဟော့ခ်တို့ အလုပ်သိပ်မဖြစ်တဲ့ ဘရာဇီး တိုက်စစ်ပိုင်းကို နေမာ ဆွဲတင်နေတာဖြစ်ပြီး သူ့နေရာ အစားဝင်မယ့် ကစားသမားတွေထဲက ဘားနက်ဒ်၊ ၀ီလျံ၊ ဟာနာနက်စ်၊ ရာမီရက်စ်တို့ထဲမှာ ၀ီလျံက စွမ်းဆောင်မှု ပိုကောင်းနေတာ တွေ့ရပါတယ်။ 

တစ်ပွဲပျမ်းမျှ ဂိုးပေါက်ကန်သွင်းမှု ၂.၄၂၊ အခွင့်အရေး ဖန်တီးပေးနိုင်မှု ၀.၂၁၊ ဘောလုံးပေးပို့မှု ၅၂.၈၁၊ ဖြတ်တင်ဘော ပေးပို့မှု ၂.၉၅ လုပ်နိုင်ခဲ့တဲ့ ၀ီလျံရဲ့ စွမ်းဆောင်မှုက အထင်ကြီးစရာပါ။ ဒါပေမဲ့ စကိုလာရီက ဒီပွဲကို ချဉ်းကပ်မယ့်ပုံအပေါ် မူတည်ပြီး နေမာနေရာ ကစားသမား အစားထိုးသွားဖို့ ရှိပါတယ်။ ဘရာဇီးရဲ့ အားနည်းချက်က တိုက်စစ်မှူးတွေ စွမ်းဆောင်မှု ညံ့ဖျင်းတာနဲ့ ကွင်းလယ်ပိုင်းက ပံ့ပိုးမှု ပြတ်တောက်နေတာပဲ ဖြစ်ပါတယ်။ ဂတ်စ်တာဗို၊ ပေါ်လင်ဟို အတွဲအဖက်က တိုက်စစ်ပိုင်းထက် ခံစစ်ကိုပဲ ပိုအားသန်နေတာကြောင့် ဘရာဇီးတိုက်စစ်က တောင်ပံတွေကိုပဲ အားကိုးနေရပါတယ်။ 

ဂျာမနီ ဘောလုံးကျွမ်းကျင်မှု မြင့်မားတဲ့ ကစားသမားတွေရှိနေလို့ ဂျာမနီ ကွင်းလယ်ပိုင်းက အခွင့်အရေး တော်တော်များများ ဖန်တီးပေးနိုင်ပေမယ့် တိုက်စစ်မှာ အဆုံးသတ်ကောင်းတဲ့ ကစားသမားမရှိလို့ ဂိုးရဖို့ ရုန်းကန်နေရဆဲပါပဲ။ ပြင်သစ်နဲ့ပွဲမှာ ပွဲထွက်ကစားသွားတဲ့ ကလိုဆေးကလည်း အသက်အရွယ်ကြောင့် အကျပိုင်း ရောက်နေသလို လူစားဝင်လာတဲ့ ရှူ ရာလီကလည်း အပိုင်အခွင့်အရေးတွေကို ဖြုန်းတီး ပစ်ခဲ့တာကြောင့် ပြင်သစ်နဲ့ပွဲမှာ ဂျာမနီ ဂိုးထပ်မရခဲ့တာပါ။ 

ပြိုင်ဘက်အသင်းက ကွင်းလယ်ဗဟိုကို အားပြုပြီး တုန့်ပြန်ကစားရင် ဂျာမနီအသင်း အခက်တွေ့တတ်ပြီး ဒီအချက်ကိုသိတဲ့ ဂျိုအာချင်လိုက ပြင်သစ်နဲ့ပွဲမှာ တောင်ပံတွေကို အားပြုဖို့ ကြိုးစားလာခဲ့တာတွေ့ရပါတယ်။ ဖိလစ်လမ်းကို ညာနာက်ခံလူ နေရာမှာ အသုံးပြုပြီး မူလာ၊ အိုဇေးလ်တို့ကိုလည်း တောင်ပံထွက် ကစားစေခဲ့တာ ဖြစ်ပါတယ်။ 

ဂျာမနီရဲ့ အားနည်းချက်က ကွင်းလယ်ပိုင်းမှာ ခီဒီယာ အမှားအယွင်းများတာနဲ့ ခံစစ်လုံအောင် ကာမပေးနိုင်တာပါပဲ။ သုံးသပ်ချက် ဘရာဇီးဟာ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခံစစ်ကောင်းတဲ့အသင်းဖြစ်ပါတယ်။ ပြိုင်ဘက်တွေကို တစ်ပွဲပျမ်းမျှ ဂိုးပေါက်ကန်သွင်းခွင့် (၁၂)ကြိမ်ပဲ ပေးခဲ့ရပြီး ဧရိယာထဲမှာ ဂိုးပေါက်ကန်ခွင့်ပေးရတာကတော့ အဲဒီအရေအတွက်ရဲ့ (၃၈.၂)ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီတော့ အဆုံးသတ်ပိုင်း အားနည်းတဲ့ ဂျာမနီအတွက် ဘရာဇီးခံစစ်ကို ခက်ခက်ခဲခဲ ထိုးဖောက်ရဖို့ ရှိနေပြီး ကွင်းလယ်ဖန်တီးမှုပိုင်း အရတော့ ဂျာမနီက ပိုသာပါတယ်။ 

ဒီပွဲမှာ ဖွင့်လှစ်မှုက ညီမျှပြီး ဂိုးသွင်းခွင့်ပိုရဖို့ရှိတဲ့ ဂျာမနီအသင်းကိုပဲ ပိုကြိုက်ပါတယ်။ အိမ်ရှင်ဆိုတဲ့ မျှော်လင့်ချက်တွေကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်။

Football Café (ဘရာဇီး - ဂျာမနီ ပွဲကြိုသုံးသပ်ချက်)
---------------------------------------
သမိုင်းကြောင်းကြီးမားတဲ့ ဒီနှစ်သင်းဟာ (၂၁)ပွဲအထိ ကစားခဲ့ဖူးပြီး နောက်ဆုံးတွေ့ဆုံခဲ့တာကတော့ ၂၀၁၁ခုနှစ် ခြေစမ်းပွဲစဉ်မှာပါ။ ဒါပေမဲ့ အမှတ်ရစရာ ရှိနေတာက ၂၀၀၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရော်နယ်ဒိုရဲ့ ဂိုးတွေနဲ့ ဂျာမနီတွေကို ဘရာဇီး အသည်းခွဲခဲ့တာဖြစ်ပါတယ်။ ဒီရှုံးကြွေးကို ဂျာမန်တွေ လက်စားချေနိုင်မလားဆိုတာကတော့.......။

စားသုံးရန်မသင့်သော အစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

Photo: Credit to အင်တာနက်သတင်း

ရန်ကုန်တိုင်းသံဃနာယကအဖွဲ့မှ ကျောင်းနှင်ထုတ်မှုများ ဆက်တိုက်ပြုလုပ်၊ ဒလမြို့နယ်ရှိ ကံဦးကျောင်းတိုက်ဆရာတော်အား ကျောင်းမှထွက်ခွာရန် တိုင်းသံဃနာယကမှ စာထုတ်ပြန်မှုအပေါ် ဒေသခံများကန့်ကွက်ပြီး ဆရာတော်ထွက်ခွာမသွားရန် ၀ိုင်းဝန်းပိတ်ဆို့

ရန်ကုန်တိုင်းသံဃနာယကအဖွဲ့မှ ကျောင်းနှင် ထုတ်မှုများ ဆက်တိုက်ပြုလုပ်လာပြီး မဟာသန္တိ သုခကျောင်းနှင်ထုတ်မှုကိစ္စပြီးနောက် ဒုတိယအကြိမ်အဖြစ် ဒလမြို့နယ်ရှိ ကန်ဦးကျောင်း တိုက်ဆရာတော်အား ကျောင်းနှင်ထုတ်မှုပြုလုပ် ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဆာပါချောင်ကျောင်းစုရပ်ကွက် ကံဦးကျောင်း တိုက်ကျောင်းထိုင်ဆရာတော်အား ဇူလိုင် ၆ ရက်နောက်ဆုံးထား၍ ကျောင်းမှထွက်ခွာရန်

နောက်ကွယ်က လူတစ်စုကို ပြတ်ပြတ်သားသား ကိုင်တွယ်မယ်လို့ ဦးသိန်းစိန်ပြော

မန္တလေးပဋိပက္ခကို လူတစ်စုက ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးခဲ့တာလို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်းက ပြောပါတယ်။ အဲဒီလူတွေကို စုံစမ်းဖော်ထုတ်ပြီးတော့ ပြတ်ပြတ်သားသား ကိုင်တွယ်မယ်။ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သူက သတိပေးလိုက်ပါတယ်။

ကိုယ်ကျိုးစားပွား၊ အတ္တတွေကို ရှေ့တန်းတင်တဲ့ သူတွေရဲ့ သွေးထိုးလှုံဆော်မှုကြောင့် အပြစ်မဲ့ ပြည်သူတွေ နာကျင်ခံစားခဲ့ရတယ်။ နိုင်ငံတကာအလယ်မှာ တိုင်းပြည်ရဲ့ ပုံရိပ်တွေ၊ ဂုဏ်သိက္ခာတွေ ညိုးနွမ်းစေခဲ့တယ်လို့ သမ္မတက ဆိုပါတယ်။

မန္တလေးရဲ လူ ၂၀၀ ကို ဖမ်းဆီးထား

မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့ အဆိုအရပုဒ်မ ၁၄၄ ထုတ်ပြန်ကြေငြာခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ညကစလို့ ဇူလိုင် ၇ ရက်နေ့မနက် အထိ အမိန့်မလိုက်နာလို့ ထိန်းသိမ်းလိုက်တဲ့လူဦးရေ ၃၄၆ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအထဲက ၁၄၅ ဦးကိုတော့ ပညာပေး ကိုယ်တိုင်ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး ၂၀၁ ယောက်ကိုတော့ ပုဒ်မ ၁၈၈ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ လူစုလူဝေးနဲ့

တရားတော် အဆုံးအမများ

Photo: “ပုံမှန်လုပ်ကြပါ”

မန္တလေး ပဋိပက္ခနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားကို ရှေးရှုပြီး အတ္တကို ရှေ့တန်းတင် လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ နာကျင် ခံစားခဲ့ရပြီး နိုင်ငံတကာမှာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့ပါတယ်။ ဒါကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ အမုန်းတရားများ ပြန့်ပွားအောင် သွေးထွေးလှုံ့ဆော် ဖန်တီးမှုများဟာ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်တာပဲ ဖြစ်ပြီး လူမျိုးဘာသာမရွေး မိမိတို့ လူ့အဖွဲ့အစည်း တစ်ခုလုံးကို အန္တရာယ်ကျရောက်စေမယ့် လုပ်ရပ်များ ဖြစ်တဲ့အတွက် ပြတ်ပြတ်သားသား ကိုင်တွယ်ပြီး ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်လုံခြုံရေး အန္တရယ်ပေးလာပါက မီဒီယာများကို ထိရောက်စွာ အရေးယူမည်ဟု သမ္မတဦးသိန်းစိန် သတိပေး

ရန်ကုန်၊ မဇ္ဈိမ။ ။ သမ္မတဦးသိန်းစိန်၏ မန္တလေးပဋိပက္ခနှင့်ပတ်သက်သည့် မိန့်ခွန်းတွင် နိုင်ငံတော် လုံခြုံရေးအတွက် အန္တရယ်ပေးလာပါက မီဒီယာများကို တည်ဆဲဥပဒေများနှင့် ထိရောက်စွာအရေး ယူသွားမည်ဟု သတိပေးပြောကြားလိုက်သည်။

မန္တလေးပဋိပက္ခ ဖန်တီးသူများနှင့် လှုံ့ဆော်သူများ ပြတ်သွားစွာ အရေး ယူမည် ဟု သမ္မတပြော

မန္တလေး ပဋိပက္ခ ဖန်တီးသူများနှင့် လှုံ့ဆော်သူများကို သည်းမခံဘဲ ပြတ်သားစွာ အရေး ယူမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ယနေ့ည ၈ နာရီတွင် ပြောဆိုသော ၁၀ မိနစ်ကြာ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။

PR စနစ်သည် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် ကျင့်သုံးရန်မသင့်ဟု NLD နှင့် တိုင်းရင်းသားပါတီများ ပူးတွဲသဘောထားထုတ်ပြန်

Photo: PR စနစ်သည် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် ကျင့်သုံးရန်မသင့်ဟု NLD နှင့် တိုင်းရင်းသားပါတီများ ပူးတွဲသဘောထားထုတ်ပြန်
Tuesday, July 8, 2014

ကိုယ်စားပြုအချိုးကျစနစ် (PR စနစ်) သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် PR စနစ်ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးရန် မသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မိတ်ဖက်တိုင်းရင်းသား ပါတီများက ဇူလိုင် ၇ ရက်တွင် ပူးတွဲသဘောထား ကြေညာချက်တစ်စောင်ကို တညီတညွတ်တည်း သဘောတူညီကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ဇိုမီးကွန်ဂရက် ဒီမိုကရေစီပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီတို့မှ ပူးပေါင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၉၈ ခုနှစ်က ဖွဲ့စည်းခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးနိုင်ငွေသိမ်းစသည်တို့ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များသည် ဇူလိုင် ၅ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ တွေ့ဆုံ၍ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ PR စနစ်ကို မြန်မာနိုင်ငံတွင် ကျင့်သုံး သင့်မသင့်၊ အမျိုးသားအကျိုးစီး ပွားအတွက် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ နောက်ဆုံးထုတ်ပြန်ရန် ပြင်ဆင်ထားသော ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များနှင့် ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကြေညာချက်တွင် ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေသည် စစ်မှန်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ၏ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ဖော်ဆောင်နိုင်ခြင်း မရှိသဖြင့် ပြင်ဆင်သင့်ကြောင်း နှင့် PR စနစ်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် PR စနစ်ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးရန် မသင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့်အနာဂတ် အရေးတို့တွင် ကြီးစွာအကျိုးဖြစ်ထွန်းနိုင်ကြောင်း သုံးသပ်ချက်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နောက်ဆုံးထုတ်ပြန်ရန် ရည်ရွယ်ထားသော ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်ပါ များစွာသောအချက်များသည် ဒီမိုကရေစီရေးနှင့် နိုင်ငံရေးပါတီများ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားသည့် အချက်များဖြစ်နေသည့်အပြင် လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း သုံးသပ်မိသဖြင့် ပြန်လည်ပြင်ဆင် ပေးသင့်ကြောင်းကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်က “PR စနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့မသင့်ဘူးဆိုပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိရွေးကောက်ပွဲစနစ်ဟာ ဖဆပလခေတ်ကလည်း ကျင့်သုံးခဲ့ပြီးပြီ။ ကိုးဆယ်ရွေးကောက်ပွဲမှာလည်း ကျင့်သုံးခဲ့ပြီးပြီ။ ၂ဝ၁ဝ မှာလည်း ကျင်သုံးခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ကျင့်သုံးခဲ့တယ်။ တစ်စုံတစ်ရာ ဘာမှပြဿနာရှိတာကို မတွေ့ရဘူး။PR စနစ်ကို ကျင့်သုံးခြင်းအားဖြင့် မြန်မာပြည်အတွက်ရော ပြည်သူတွေအတွက်ပါ တစ်စုံတစ်ရာ အကျိုးရနိုင်စရာ မရှိဘူး။ အထူးသဖြင့် တိုင်ရင်းသားပါတီများ အနေနဲ့ အကျိုးယုတ်စရာတွေရှိတယ်” ဟု ပြောကြားသည်။

“အပြောင်းအလဲကာလမှာ တကယ်ပြောင်းလဲဖို့ ကြိုးစားရမှာက ဒီမိုကရေစီစနစ်ထွန်းကားဖို့ ပြီးတော့ ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့ ဒါတွေအတွက်ပဲ ပြောင်းလဲဖို့ ကြိုးပမ်းသင့်တယ်။ ရွေးကောက်ပွဲစနစ်ဟောင်းကနေ ရွေးကောက်ပွဲစနစ်သစ်ကို ပြောင်းလဲကျင့်သုံးဖို့ ကြိုးပမ်းစရာမလိုဘူးလို့ သုံးသပ်ပါတယ်။ ဒါ့အပြင် ဒီ PR စနစ်ကို တင်လာတာက ကြားဖြတ်ရွေး ကောက်ပွဲမှာ NLD က အပြတ်အသတ်နိုင်လိုက်တော့ ပါတီတစ်ခုက သူတို့ပါတီရွေးကောက်ပွဲမှာ အနိုင်မရနိုင်ဘူးလို့ စိုးရိမ်စိတ်တွေ ဝင်လာတဲ့အတွက်ကြောင့် ဒီ PR စနစ်ကို တင်သွင်းလာတာဖြစ်တယ်။ ဒါကြောင့် ပါတီတစ်ခုရဲ့ အကျိုးအတွက်ပဲ တင်သွင်းလာတာဖြစ်တယ်။ တိုင်းပြည်အတွက် ပြည်သူအတွက်ဘာမှ အကျိုးရှိနိုင်မှာမဟုတ်တဲ့ အတွက်ကြောင့် ဒီ PR စနစ်ကို ကျင့်သုံးဖို့မသင့်ဘူးလို့ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်” ဟု ၎င်းကပြောကြားသည်။ 

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးနိုင်ငွေသိမ်းစသည့် တိုင်းရင်းသားနိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ ဇူလိုင် ၅ ရက်က တွေ့ဆုံနေစဉ် (ဓာတ်ပုံ-NLD)
Eleven Media Group
ကိုယ်စားပြုအချိုးကျစနစ် (PR စနစ်) သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် PR စနစ်ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးရန် မသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

လတ်တလောဆူပူမှုများကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ကောက်ခံမှု အရှိန်တန့်သွား

ဇူလိုင် ၁ ရက် ညပိုင်းက စတင်ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေးပဋိပက္ခကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုလုပ်လျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ကောက်ခံမှု အရှိန်တန့်သွားကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သတင်းရရှိသည်။