Thursday, December 17, 2015

စည်းမျဉ်းသစ်က မြန်မာကစားသမားကောင်းများမွေးထုတ်ရေး အလုပ်ဖြစ်မလား

၂၀၁၆ ဇန်န၀ါရီ ၉ ရက်တွင် စတင်ကျင်းပတော့မည့် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ၌
ပြည်တွင်းဘောလုံးသမားများ နေရာပိုမိုရရှိရန် ရည်ရွယ်ပြီးပြိုင်ပွဲအတွင်း နိုင်ငံခြားကစားသမားပွဲထွက်အသုံးပြမှုအပေါ် ကန့်သတ်သည့်စည်းမျဉ်းသစ်ကို မြန်မာနေရှင်နယ်လိဂ်ကော်မတီက အစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်ခဲ့ပြီဖြစ်သည်။
အတည်ပြုလိုက်သည့် စည်းမျဉ်းသစ်မှာနေရှင်နယ်လိဂ် ကလပ်အသင်းများက ကစားသမားခေါ်ယူရာတွင် (၃+၁) စနစ်ဖြင့် နိုင်ငံခြားသားသုံးဦးနှင့် အာရှကစားသမားတစ်ဦး၊ ကစားသမားခေါ်ယူခွင့် လေးဦးခွင့်ပြုခဲ့သော်လည်း ကွင်းအတွင်း၌ သုံးဦးသာ ကစားခွင့်ပြုမည့် စည်းမျဉ်းဖြစ်သည်။ အခြားနိုင်ငံခြားကစားသမားတစ်ဦးကို ထပ်မံအသုံးပြုလိုပါကကွင်းအတွင်းရှိ နိုင်ငံခြားကစားသမားတစ်ဦးနှင့် လဲလှယ်ရမည်ဖြစ်သည်။

ကားတင်သွင်းခွင့်ပြုသောပုံစံများ နှစ်သစ်တွင် စတင်ပြောင်းလဲမည်

၂၀၁၆ ဇန်န၀ါရီ ၁ ရက်ကစ၍ ကား တင်သွင်းခွင့်မူဝါဒသစ်ကြောင့် ကားတင်သွင်းမှု ပုံစံ ပြောင်းလဲရမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
ယခင် ကားတင်သွင်းခွင့် လိုင်စင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနတွင် လျှောက်ထားပြီးမှ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနသို့ သွားရသော်လည်း ပုံစံသစ်မှာ ကားတင်သွင်းခွင့်ကို ကညနမှစ တင် လျှောက်ထားရမည်ဖြစ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြန် ကြားရေးတာဝန်ခံ ဦးလျန်ကျင့်မန်က ပြော သည်။