Sunday, November 4, 2012

မြိတ် ကျောက်မီးသွေး စီမံကိန်း နှင့် ငါးမှုန့် စက်ရုံ ကန့်ကွက် ဆန္ဒပြကြ


http://3.bp.blogspot.com/-ftEU8lNhuZ4/UJZ5uIRRFcI/AAAAAAAAdZY/JL8S6n9cwqM/s1600/DSC_0057.JPG


မြိတ်မြို့တွင် ကျောက်မီးသွေး စက်ရုံ ဖျက်သိမ်းရေး၊ ငါးအမှုန့်  ကြိတ်စက်ရုံ အနံ့ဆိုး ပပျောက်ရေး အတွက် လူထုအင်အား ၂၅၀ နှင့် လိုက်ပါ အားပေးသူ စုစုပေါင်း ၁၀၀၀ ခန့်  ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ် ခဲ့ပါသည်။

၇ ရက် သားသမီးများအတွက် နိုဝင်ဘာ လ ဟောစာတမ်း



၁။ တနင်္ဂနွေ သားသမီးများ အတွက် 

အလုပ်အကိုင် ကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ အလုပ် ကိစ္စ များ အနည်းငယ် အဆင်မပြေ ဖြစ်နေ မည်။ နေရာ ထိုင်ခင်း ပြောင်းလဲ ပြောင်းရွေ့ ရမည်။

ငွေကြေး ကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ စမ်တူ လုပ်ငန်းများ ပြုလုပ်ရမည်။ ခရီးဝေး ခရီးနီး များကို သွားလာနေရမည်။ နေရာကောင်းရမည်။ အိမ်ပြောင်းရမည် ပြင်ဆင်ရမည်။ စက်ပစ္စည်းဝင်မည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ ပညာရေး ကြိုးစားနေရသော အချိန်လေး ဖြစ်သည်။ 

ရန်ကုန်တစ်မြို့လုံးရှိ အခြေအနေမဲ့တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်းသိမ်ရေးအထူးစီမံချက်ကို နှစ်ပတ်ကြာ ပြုလုပ်မည်


ရန်ကုန်တစ်မြို့လုံးရှိ အခြေအနေမဲ့များ၊တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်းသိမ်းရေးအထူးစီမံချက်ကို လာမည့်နို ၀င်ဘာလ ၅ ရက်နေ့မှစတင်၍ နှစ်ပတ်ကြာပြုလုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊လုံခြုံရေးနှင့် စည်းကမ်း ထိန်း သိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

အနောက်နိုင်ငံ သံတမန်များနှင့် ရခိုင် နိုင်ငံရေး ပါတီမှ ခေါင်းဆောင်များ စစ်တွေတွင် တွေ့ဆုံ



နိုဝင်္ဘာလ ၃ ရက်နေ့   နံနက် ၁၁ နာရီတွင် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် အနောက်နိုင်ငံ သံအမတ်များ ရခိုင်အရေးကို စစ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။“ နံနက် ၇ နာရီ ၁၅ ခန့်တွင် အမေရိကန်သံအမတ်ရဲ့ ကိုယ်ရေးအရာရှိ ဒေါ်နန်းခင်လေးငယ်က ဖုန်းဆက်ပြီး လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်နဲ့ နိုင်ငံရေး

ဝါ၀ါဝင်းကုမ္ပဏီရုံးရှေ့တွင် လယ်အသိမ်းခံ တောင်သူများ ဆန္ဒထုတ်ဖော်မှု ၅ရက်မြောက်ကြာသော်လည်း သက်ဆိုင်ရာနှင့် ကုမ္ပဏီမှ ညှိနှိုင်းခြင်းမရှိသဖြင့် ဆက်လက်ပြုလုပ်လျက်ရှိ


4mtt

ရန်န်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် အနော်ရထာလမ်းနှင့် စဥ့်အိုး တန်းလမ်းထောင့်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင် လယ်အသိမ်းခံ တောင်သူ များ ဆန္ဒထု တ်ဖော် မှု ၅  ရက်မြောက်ကြာသော်လည်း သက်ဆိုင်ရာနှင့် ကုမ္ပဏီဘက်မှ ညှိနှိုင်းခြင်းမရှိသဖြင့် ဆန္ဒထုတ်ဖော်မှု ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

DATA စင်တာလုံခြုံနိုင်ရန် နည်းပညာအများအပြားအသုံးပြုရန် လိုအပ်


မြန်မာ MICTDC ကုမ္ပဏီနှင့် ဂျပန်နိုင်ငံရှိ Hitachi ကုမ္ပဏီတို့မှလာမည့် ၂၀၁၃ ခုနှစ်တွင် ပူးပေါင်းလုပ်ဆောင်သွားမည့် Data Center လုံခြုံရေး အတွက် နည်းပညာအများအပြား အသုံးပြုရန်လိုအပ်ကြောင်း ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိတ်ဟောင်းဆွေဟောင်း ဦးသိန်းစိန်ကို သက်ဆင်တွေ့ဆုံမည်


(Bangkok Post မှ 3 Nov 2012 ရက်စွဲပါ “ Thaksin to meet ‘Pal’ Thein Sein” သတင်းကိုဘာသာပြန်ဆိုသည်)
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ၃ ရက်ကြာ မြန်မာခရီးစဉ်၏ တစိတ်တပိုင်းအဖြစ် ကြာသာပတေးနေ့တွင် နေပြည်တော်သို့သွားရောက်၍ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံလိမ့်မည်ဟု ၎င်း၏အနီးကပ်လက်ထောက်တစ်ဦးက ဆိုပါသည်။

PopularNews Journal အား PDF File ဖြင့် Download ရယူ ဖတ်ရှုလိုသူ ပရိတ်သတ်များအတွက်

PopularNews Journal အား PDF File ဖြင့် Download ရယူ ဖတ်ရှုလိုသူ ပရိတ်သတ်များအတွက်...... နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ်(၄၃) ကို download ရယူရန်ခက်ခဲသည့် အတွက် ပရိတ်
သတ်များ Download လုပ်ရန် အဆင်ပြေနိုင်မည့် File Size ဖြင့် ရယူနိုင်ပါ သည်။

Download ရယူနိုင်သည့် လင့်မှာ..........
http://www.mediafire.com/view/?k5hvvim9v8r8aoz

မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲခများ မိနစ်ဖြင့် ကောက်ခံ ခြင်း ဖျက်သိမ်း၍ Data စနစ်ဖြင့် ကောက်ခံခြင်း ယခုလကုန်တွင် ပြုလုပ်တော့မည်


 

မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲခများကို မိနစ်ဖြင့် ကောက်ခံ ခြင်းကို ဖျက်သိမ်း၍ Data စနစ်ဖြင့်ကောက်ခံခြင်းကိုယခုလကုန် တွင် ပြုလုပ်တော့ မည် ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ Dataသုံးစွဲမှုကောက်ခံသည့် စနစ်တွင် အင်တာနက် သုံးစွဲမည်ဆို ပါက ဒေါင်းလော့ဆွဲခြင်း၊ ဗီဒီယို ကြည့်ခြင်းစသည့် သုံးစွဲထားသည့်

ကြမ်းတမ်းလှသည့် တရုတ်နိုင်ငံမှ မူကြိုကျောင်း


ကမ္ဘာတ၀ှမ်းလုံးကို အကြီးအကျယ်တုန်လှုပ်သွားစေတဲ့ ဖြစ်ရပ်ကတော့ ဒီဓါတ်ပုံတွေပဲဖြစ်ပါတယ် ။ တရုတ်ပြည် တစ်နိုင်ငံလုံးပြစ်တင်ရှံ့ချမှု အကြီးအကျယ်ရင်ဆိုင်နေရတဲ့အပြင် တစ်ကမ္ဘာလုံးကပါ စိတ်ဆိုးဒေါသထွက်စေခဲ့တဲ့
အတွက် အသက် ၂၀ အရွယ် ဆရာမလေး ယန်ယန်ဟုန်ကြောင်းဖြစ်ပါတယ် ။ ဒီပုံကတော့ ဆရာမကလေးကနေပြီးအော်ဟစ်ငိုယိုနေတဲ့ကျောင်းသားကလေးကို နားရွက်နေဆွဲပြီးကိုင်မြှောက်နေပုံဖြစ်ပါတယ် ။ တရုတ်နိုင်ငံ ကျေကျန်းပြည်နယ်

အမေရိကန် သမ္မတရွေးပွဲအတွက် အကြိတ်အနယ် စည်းရုံး



အမေရိကန် ပြည်ထောင်စုမှာ အင်္ဂါနေ့ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံးနေ့တွေ အဖြစ်နဲ့ မဲဆွယ်စည်းရုံး နေကြတဲ့ လက်ရှိသမ္မတ ဘရက်ခ် အိုဘားမားနဲ့ ပြိုင်ဘက် ရီပက်ဘလစ်ကန် ပါတီ သမ္မတလောင်း မစ်ရွန်မနီ (Mitt Romney) တို့ဟာ ရွေးကောက်ပွဲ အတွက် အဓိက အဆုံးအဖြတ် ပေးလိမ့်မယ်လို့ ယူဆထားကြတဲ့ ပြည်နယ်တွေမှာ

ရခိုင်ပဋိပက္ခ ဖြေရှင်းရေး ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်မည်

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပြေလည်အောင်ဖြေ ရှင်းဖို့ အတွက် ပထမဆုံးအဆင့်အနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း စတင်အကောင်အထည်ဖော် ဆောင်ရွက် သွားတော့မှာဖြစ်တယ်လို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်သံရုံးသစ် ရန်ကုန်မှာ ဖွင့်လှစ်

မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးသစ်ကို မြန်မာနိုင်ငံကိုရောက်နေရှိတဲ့ ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးက မနေ့က ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။အခုလို သံရုံးသစ်ဖွင့်ရတာဟာ လက်ရှိနဲ့အနာဂတ်ကာလမှာ မြန် မာနိုင်ငံဟာ ဆွစ်ဇာလန်နိုင်ငံအတွက် အရေးပါ တဲ့ နိုင်ငံတခုဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာဖြစ်သလို ဆွစ်ဇာလန်နိုင်ငံအနေနဲ့ အရှေ့ တောင်အာရှနဲ့ တောင် အာရှနိုင်ငံတွေကို ပေါင်းကူးထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံချင်း ပူးပေါင်းဆက်ရေး တိုးမြှင့်လိုတဲ့

သရုပ်ဆောင်လုပ်ရန် မစဉ်းစားသေးဟု နန်းခင်ဇေယျာဆို

http://www.myitmakhamediagroup.com/administratorpanel/image/2-11-12-9%20(1).jpg
by Myit Makha Mediagroup on 3 Nov, 2012
 
ဂျပန်နိုင်ငံ၌ကျင်းပသော Miss International 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ခဲ့သော နန်းခင်ဇေယျာမှာ ယခုချိန်ထိ သရုပ်ဆောင်တစ်ဦးအဖြစ် လုပ်ကိုင်သွားရန် စဉ်းစားထားခြင်း မရှိသေးကြောင်း သိရသည်။

နှစ်(၅၀)အတွင်း နမ့်ဆန်၌ အကြီးမားဆုံးမီးလောင်မှုဖြစ်

by Myit Makha Mediagroup on 3 Nov, 2012
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဆန်မြို့၌ နိုဝင်ဘာလ (၂)ရက်နေ့နံနက်ပိုင်းက မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၅၀)၀န်းကျင်နှင့် ကာလတန်ဖိုး သိန်းလေးထောင်ကျော် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။နိုဝင်ဘာလ (၂)ရက်နေ့ မနက်(၁၀)နာရီခန့်တွင် နမ့်ဆန်မြို့လယ်ရှိ သံထည်ပစ္စည်းဆိုင်တစ်ဆိုင်မှ စတင်၍ လောင်ကျွမ်းခဲ့ရာ အိမ်ခြေငါးဆယ်ဝန်းကျင်လောင်ကျွမ်းပြီးချိန် နေ့လည် (၂)နာရီဝန်းကျင်ကမှ မီးညွန့်ကျိုး ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

နိုင်ငံခြားသားနဲ့ မြန်မာစကား





ရွက်စိမ်း

မြန်မာစာကားက နိုင်ငံခြားသားတွေ သင်ယူဖို့ခက်ခဲတဲ့ထဲ ပါဝင်ပါတယ်။ သို့သော်လည်း သက်တမ်းတနှစ်ပဲ ရှိသေးတဲ့ ရန်ကုန်မြို့ Bilingual Language Center က နိုင်ငံခြားသားသင်တန်းသားတွေကတော့
မြန်မာစကားကို  မြန်မာတွေလို ပြောဆိုနိုင်တာ တွေ့ရပါတယ်။

စင်ကာပူစတော့အိတ်ချိန်းတွင် မြန်မာကုမ္ပဏီများဖြင့် ချိတ်ဆက်ထားသော ကုမ္ပဏီများ၏ရှယ်ယာများ ဈေးမြင့်တက်

မြန်မာ့စီးပွားရေး ပွင့်လင်းလာသည့်အခွင့်အလမ်းများကြောင့် စင်ကာပူ စတော့အိပ်ချိန်းတွင် စာရင်းဖွင့်လှစ်ထားသော မြန်မာကုမ္ပဏီများ၊မြန်မာနိုင်ငံဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများရှိနေသောကုမ္ပဏီများ၏  စတော့များသည် စက်တင် ဘာလနှ င့် အောက်တိုဘာလ အတွင်ြး မင့်တက် ခဲ့ကြကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသား ထောင်ချီ ချစ်ကြည်ရေး သဘောဖြင့် တမူးကို နေ့စဉ် ဝင်ခွင့်ပြုထား

တမူး၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း ဒေသကြီး ကဘော်ချိုင့်ဝှမ်း မြို.တော် တမူးမြို့ ကို အိန္ဒိယနိုင်ငံ မဏီပူရ ပြည်နယ်ရှိ (Morah) မိုရေးကျေးရွာ ဘက်ခြမ်းက အိန္ဒိယ နိုင်ငံသား ၁ဝဝဝကျော် ခန့်ကို ၂နိုင်ငံ ချစ်ကြည်ရေး သဘောဖြင့် နေ့စဉ် လာရောက် လည်ပတ်ခွင့် ပြုပေး ထားကြောင်း အိန္ဒိယ-မြန်မာ နယ်စပ် ဂိတ်ရှိ လူဝင်မှု ကြီးကြပ်ရေး နှင့် မှတ်ပုံတင် ဦးစီးဌာန၏ တာဝန်ကျ ဝန်ထမ်း တစ်ဦးက
ပြောကြားသည်။

ရခိုင်ပဋိပက္ခ ဆွေးနွေးရန် စစ်တွေမှ ဘုန်းတော်ကြီး လေးပါး ရန်ကုန်သို့ ပင့်ဆောင်



ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွားနေသော ပဋိပက္ခများ ပြန်လည် တည်ငြိမ် မှု ရရှိရေး ဆွေးနွေးရန် စစ်တွေမြို့မှ ဆရာတော်ကြီး ၄ ပါး ကို မြန်မာနိုင်ငံတော် သာသနာရေး ဝန်ကြီး ဌာနက အောက်တိုဘာ လ ၂ ရက်နေ့ နံနက် ၁ဝနာရီ ကျော်ခန့် က ရန်ကုန်မြို့ သို့ လေကြောင်း ခရီးစဉ်ဖြင့် ပင့်ဆောင် သွားကြောင်း စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့် ရှောက်ရေး ရဟန်းတော်များ သမဂ္ဂထံမှ သိရှိရ သည်။

ကမ္ဘာ့ဘဏ်၏ ကြားဖြတ် မဟာဗျူဟာ စာတမ်း မြန်မာဘာသာဖြင့် ထုတ်ပြန်မည်



ရန်ကုန်၊ နိုဝင်ဘာ ၎

ဆယ်စုနှစ် လေးခုနီးပါး အဆက်အဆံ မရှိခဲ့သည့် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခု ဖြစ်သော ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ ပေးအပ်မည့် အကူအညီများ အတွက် ကြားဖြတ် မဟာဗျူဟာ စာတမ်းကို မြန်မာ ဘာသာဖြင့်ပါ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ပြင်ပ ဆက်ဆံရေး အရာရှိ Camille Funnell က ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် အာရှ-ဥရောပ အစည်းအဝေး (ASEM)သို့ တက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွါ


နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်းမြို့တော်   National Convention Centre တွင်     ကျင်းပမည့်
(၉) ကြိမ်မြောက် အာရှ-ဥရောပ  အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ

အားဖြည့်အချိုရည်သောက်ပြီး သေဆုံးသွားသည့်အတွက် အချိုရည်ထုတ်စက်ရုံကို တရားစွဲထား

 Anais Fournierဆိုတဲ့ ၁၄နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အားဖြည့် အချိုရည်သောက်ပြီး သေဆုံးသွားတာကြောင့် သူမရဲ့မိဘတွေဟာ ကယ်လီဖိုးနီးယားမှ အချိုရည်ထုတ်စက်ရုံကို တရားစွဲဆိုထားကြောင်း သိရပါတယ်။ သူမအနေနဲ့ ၂၄နာရီအတွင်း

ကျောက်ဖြူ ဘင်္ဂါလီဆူပူမှု ဖြစ်ပျက်ပုံနှင့် ပတ်သက်၍ ဒေသခံလေးဦး၏ ဖြေဆိုချက်များ

(ကျောက်ဖြူမြို့တွင် ၂၀၁၂-ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့နှင့် (၂၃)ရက်နေ့ တို့တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီဆူပူမှု မီးရှီု့မှုများအပြီး နိုဝင်ဘာလ နှစ်ရက်နေ့က Coral Arakan သတင်းအဖွဲ့ သားများ ကျောက်ဖြူမြို့သို့သွားသွားရောက်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ဖြူမြို့ဒေသခံ လေးဦးအား ကိုယ်တွေ့မေးမြန်းခဲ့ပါသည်။ ၄င်း ဒေသခံလေးဦးတို့မှာ အလယ်တန်းပြဆရာမတစ်ဦး ၊ အသေးစားကန်ထရိုက်တာတစ်ဦး ၊ အင်္ကျံဆိုင်ပိုင်ရှင်တစ်ဦး နှင့် ကျောက်ဖြူအခြေစိုက်သတင်းထောက် တစ်ဦးဖြစ်ပါ သည်။)

ရခိုင်ပြည်နယ်စီးပွားရေးသတင်း

ရခိုင်ပြည်နယ်အတွင်း လက်ရှိအနေအထားများကိုသုံးသပ်မည်ဆိုပါက စီးပွား ရေးလုပ်ငန်းများ ကျဆင်းလာသည်ကိုတွေ့ရသည်။ နယ်စပ်ကုန်သွယ်ရေး ဆိုသည်ကလည်း လက်တစ်ဆုတ်စာ လူတန်းစားများက ကြိုးကိုင်လှုပ်ရှား လုပ်ကိုင်နေခြင်းဖြစ်သည်။သားငါးကဏ္ဍဖွံ့ဖြိုးမှုနှင့်လယ်ယာထွက်ကုန်များ ကျဆင်းနိုင်သည်။ စပါးဈေး မြင့် တက်နိုင်ပြီး ဆန်ပြဿနာများရှိလာနိုင်သည်။

ရခိုင်ပဋိပက္ခဖြေရှင်းဖို့ ဒလိုင်းလားမား ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း

 
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေအပေါ် ကိုယ်ရဲ့သြဇာကိုသုံးစွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်တဲ့အဆင့်ရောက်
အောင် ကြားဝင်ဆောင်ရွက်ပေးဖို့ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ဒုတိယအကြိမ်မြောက်စာရေးသားပေးပို့ တောင်းဆို

မြောက်ဦးမှ ဖမ်းဆီးစစ်ဆေးခံရမှုသတင်း

ယနေ့ နံနက် ၁၀း ၃၀ ခန့်အချိန်က မြောက်ဦးမြို့နယ်၊ သံရွှင်ပြင် ကျေးရွာမှ အသက် ၅၀ ၀န်းကျင်ခန့် ရှိသူများဖြစ်ကြသော ဦးအောင်ထွန်းဖြူ၊ ပြည်သိမ်းအောင်၊ ထွန်းလင်းကျော်၊ တို့အားလည်းကောင်း၊ အသက် ၂၅ နှစ် ၀န်ကျင်ရှိသူများဖြစ်ကြသော မောင်ဇော်မင်းဦး၊ မောင်အောင်သိန်း၊ မောင်ကျော်လှ သိန်း တို့ အား လုံခြုံရေးတာဝန်ယူထားသူများဖြစ်ကြသည့် စစ် တပ်မှ တပ်ဖွဲ့ဝင်များက စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိပါသည်။

Psy ၏ Gangnam Style သီချင်း Glee' TV series တွင် အသုံးပြုသွားမည်

http://sphotos-b.ak.fbcdn.net/hphotos-ak-ash3/150549_488149001225743_588362123_n.jpg
Psy ၏ Gangnam Style သီချင်းကို ကနေဒါ တေးဂီတအစီအစဉ် တစ်ခု
ဖြစ်သော Glee TV series တွင် အသုံးပြုသွားမည်ဟု သိရသည်။
လွန်ခဲ့သော ၃လခန့်မှ စတင်၍ တောင်ကိုရီးယား အဆိုတော် Psy ၏ Gangnam Style သီချင်းမှာ အလွန်အောင်မြင်ခဲ့ပြီး ထိုသီချင်းကြောင့်ပင်
နိုင်ငံတကာ၌ ထင်ရှားသော အဆိုတော်တစ်ဦး ဖြစ်လာခဲ့သည်။

ဆီးရီးယား သူပုန်တွေ အစိုးရ လေတပ်စခန်း တခုကို ထိုးစစ်ဆင်

ဆီးရီးယား သူပုန်တွေဟာ နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ အစိုးရ လေတပ်စခန်း တခုကို သိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေးကြီးတခုကို စတင်ဆင်နွှဲ နေပြီ
ဖြစ်ပါတယ်။
လေတပ်စခန်းကို သိမ်းပိုက်နိုင်မယ်ဆိုရင် အစိုး ရရဲ့ လေကြောင်း ကနေ တိုက်ခိုက်မှုတွေ လျော့ကျသွားစေမှာ ဖြစ်တယ်လို့ သူပုန်တွေက ပြောပါတယ်။

အမေရိကန်တွင်ဝက်ကိုသမ္မတအဖြစ် ရွေးကောက် တင်မြောက်ဖူး



အမေရိကန်မှာ  ဝက်တစ်ကောင်ကို   သမ္မတ    အဖြစ် ရွေးကောက်တင်တဲ့
 ဖြစ် ရပ် တစ်ခု တကယ် ဖြစ်ခဲ့ပါတယ်။ ချီကာဂိုပြည်နယ်က နိုင်ငံရေး လှုပ်ရှား သူ လူတစ်စုနဲ့ ပြည်သူအချို့ ရဲ့ သဘောတူညီ ချက်နဲ့ ရွေးချယ် လိုက်တဲ့ သမ္မတ ဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်  သြဂုတ်လက ဖြစ်ပြီး Youth International Party က ဦးဆောင်နဲ့ လှုပ်ရှားမှု တစ်ခု ဖြစ်ပါတယ်။

ရန်ကုန်မြို့၌ ညပိုင်း အချိန်များတွင်တရားဥပဒေချိုးဖောက် မှုပိုများလာ ညအချိန်တွင် ကားပြိုင်မောင်းသူများက အုပ်စုလိုက် ၀ိုင်းဝန်းရိုက်နှက်မှု မကြာခဏဖြစ်ပွားနေ


4mt

ရန်ကုန်မြို့၌ ညပိုင်းအချိန်များတွင် တရားဥပဒေ ချိုးဖောက်မှုဖြစ်စဉ် ပိုများပြားလာခြင်းနှင့်အတူ ညအချိန်တွင် ကားပြိုင်မောင်းသူများက အုပ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်မှု မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိ ရသည်။

ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား

မင်္ဂလာပါ ကိုအောင်ဇော် (ဧရာဝတီ)။ အကိုရေးသားထားတဲ့ Fresh Arakan Strife Bad Omen for Reform ဆိုတဲ့ ဆောင်းပါးကို ပြန်ပြီး ဝေဖန်ထားတာပါ။ ဝါရင့် သုံးသပ်သူ တစ်ယောက် မဟုတ်ပေမယ့် ကျန်ခဲ့တယ်လို့ ထင်တဲ့ အချက်တွေကို ဖော်ပြထားတာပါ။‘ရခိုင်ပြည်နယ်မှာ တကျော့ပြန် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို လျှင်လျှင်မြန်မြန် မရပ်တန့်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံနဲ့ ရခိုင်ဒေသရဲ့ တည်ငြိမ်မှုကို ထိခိုက် လာနိုင်ပါ တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဒီကိစ္စမှာ နှုတ်ဆိတ်နေမယ် ဆိုရင် မြန်မာ့ ဒီမိုကရေစီ

ဖမ်းဆီး စစ်ဆေးမည်ဆို၍ မင်းပြားတွင် ရခိုင်များ ထွက်ပြေး တိမ်းရှောင်နေ

 
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ရခိုင်အမျိုးသား ၅၀ ကျော်ကို ဖမ်းဆီးမည်ဟု ရဲတာဝန်ရှိသူ တစ်ဦးမှ ထုတ်ဖေါ် ပြောဆိုထားသဖြင့် အများစု စာရင်းပါ ဒေသခံများမှာ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သိရသည်။

ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း အရေးကြီး

စစ်မှန်တဲ့ ပြည်ထောင်စု တရပ်ပေါ်ထွန်း လာပြီး အာဏာ ခွဲဝေကျင့်သုံးရေး စနစ်တွေ ပေါ်ထွန်းလာဖို့ ဆိုရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို အခြေခံထားပြီး လွှတ်တော်ကနေ ပြင်ဆင် သင့်တယ်လို့ ၀န်ကြီး ဦးအောင်မင်းက ပြောဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဒီမိုကရက်တစ်ပါတီ ၁၁ ပါတီ တို့ တွေ့ဆုံ ခဲ့တဲ့ ငြိမ်းချမ်းရေးစင်တာမှာ သွားရောက် သတင်း ယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်ချက်တွေရှိဟု ဥရောပကော်မရှင်ဥက္ကဋ္ဌ မှတ်ချက်ပြု

ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေး မန်နျူရယ် ဘာရိုဆို (José Manuel Barroso) က မြန်မာအစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေး တော်တော်များများ လုပ်ဆောင်လာတာ တွေ့ရပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး မရသေးတာလို ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ပဋိပက္ခမျိုးတွေကို ဖြေရှင်းရမယ့် စိန်ခေါ်ချက်တွေဟာ ရှိနေတုန်းပဲလို့