Friday, May 9, 2014

လုပ်ငန်းခွင်တွင်းရှိအမျိုးသမီးများသည် အမျိုးသားများထက်ပိုအခွင့်အရေးရသင့်

လုပ်ငန်းခွင်အတွင်းရှိ အမျိုးသမီးများသည် အမျိုးသားများထက်ပို၍ အခွင့်အရေးရသင့်ကြောင်းမြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင် ရှင်များအသင်း ဒုဥက္ကဌ ဒေါက်တာသက်သက်ခိုင်ကပြောသည်။မေ ၉ ရက်တွင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင်ပြု လုပ်သော မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၏ ၁၉ ကြိမ်မြောက် နှစ်ပတ်လည်အစည်းဝေးတွင် ၄င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။"ယောက်ကျားရော မိန်းမပါ အလုပ်လုပ်ရတာချင်းအတူတူ မိသားစု အတွင်းမှာ တစ်ဦးဦးမကျန်းမာတာတို့ ဘာတို့ဖြစ်ရင် အမျိုးသမီးတွေကပဲ ခွင့်ယူပြီးပြုစုစောင့်ရှောက်ကြတာတွေ့ရပါတယ် "ဟု ၄င်းကပြောသည်။
ထို့ကြောင့်အမျိုးသမီးများအခွင့်အရေးပိုမိုရရှိစေရန် အသင်းအနေနှင့် အစိုးရသို့တင်ပြသွား၇န်ရှိပြီး လူ့အသိုင်းဝိုင်းတွင်ရှိသောအမျိုးသမီးများ၏ အခန်းကဏ္ဍပိုမိုတိုးတက်အောင် ဆောင်ရွက်နေကြောင်း ၄င်းကပြောသည်။မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းကို ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင်အသင်းသူ ၁၇၅၃ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။
Photo: လုပ်ငန်းခွင်တွင်းရှိအမျိုးသမီးများသည် အမျိုးသားများထက်ပိုအခွင့်အရေးရသင့်

မေ ၉ ၊ ရန်ကုန်

လုပ်ငန်းခွင်အတွင်းရှိ အမျိုးသမီးများသည် အမျိုးသားများထက်ပို၍ အခွင့်အရေးရသင့်ကြောင်းမြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင် ရှင်များအသင်း ဒုဥက္ကဌ ဒေါက်တာသက်သက်ခိုင်ကပြောသည်။

မေ ၉ ရက်တွင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင်ပြု လုပ်သော မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအ
သင်း၏ ၁၉ ကြိမ်မြောက် နှစ်ပတ်လည်အစည်းဝေးတွင် ၄င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"ယောက်ကျားရော မိန်းမပါ အလုပ်လုပ်ရတာချင်းအတူတူ မိသားစု အတွင်းမှာ တစ်ဦးဦးမကျန်းမာတာတို့ ဘာတို့ဖြစ်ရင် အမျိုးသမီးတွေကပဲ ခွင့်ယူပြီးပြုစုစောင့်ရှောက်ကြတာတွေ့ရပါတယ် "ဟု ၄င်းကပြောသည်။

ထို့ကြောင့်အမျိုးသမီးများအခွင့်အရေးပိုမိုရရှိစေရန် အသင်းအနေနှင့် အစိုးရသို့တင်ပြသွား၇န်ရှိပြီး လူ့အသိုင်းဝိုင်းတွင်ရှိသောအမျိုးသမီးများ၏ အခန်းကဏ္ဍပိုမိုတိုးတက်အောင် ဆောင်ရွက်နေကြောင်း ၄င်းကပြောသည်။

မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းကို ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင်
အသင်းသူ ၁၇၅၃ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

ခိုင်သဇင်ဦး
Popular Myanmar News Journal

စီဘီဘဏ်မှ ထုတ်လုပ်ရောင်းချမည့် FIFA Visa Prepaid Card မိတ်ဆက်ပွဲပြုလုပ်

၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲကိုကြိုဆိုသောအားဖြင့် Visa ၏ လမ်းညွှန်မူဖြင့် စီဘီဘဏ်တို့ ပူးပေါင်းထုတ်ဝေသော FIFA Visa Prepaid Cardအကြောင်းရှင်းလင်းပွဲကို မေလ ၉ ရက်တွင်ပြုလုပ်ခဲ့သည်။ အဆိုပါ FIFA Visa Prepaid Card ကို မေလ ၆ ရက်နေ့မှစ၍ စီဘီဘဏ်ရုံးချုပ်၊ စီဘီဘဏ်၏ card ဌာနနှင့် ဘဏ်ခွဲတိုင်းတွင် ၀ယ်ယူနိုင်သည်။
FIFA Visa Prepaid Card ထဲသို့ USD 1,000 မှ USD 2,999 ထိ Top up ပြုလုပ်သူများကို Official FIFA Country Cap ' တစ်လုံး၊ USD 3,000 နှင်အထက်Top up ပြုလုပ်သူများကို " Official FIFA Football Jersey " အကျီတစ်ထည်၊ USD 5,000 Top up ပြုလုပ်သူများက " Official FIFA Football Jersey + Traveller Bag " တို့ကိုလက်ဆောင်ပေး မည်ဖြစ်ပြီး အသေးစိတ်သိလိုပါက 1876 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
Popular Myanmar News Journal

ယင်လတ်ကို ဖြုတ်ချလိုက် ပေမယ့် ထိုင်းနိုင်ငံရေး ဆက်လက်တင်းမာ

 
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ကို ရာထူးကနေ ဖယ်ရှားပြီးနောက်ပိုင်း ထိုင်းအစိုးရသစ်ကို ခန့်အပ် မယ်လို့ ၆ လ ကြာဆန္ဒပြနေတဲ့ ထိုင်းဆန္ဒပြသူတွေက ပြောဆိုလိုက်ပါတယ်။
အခုလက်ရှိ ယာယီခန့်အပ်ထားတဲ့ ထိုင်းဝန်ကြီးချုပ် Niwattumrong Boonsongpaisan အပေါ် ယုံကြည်မှု မရှိဘူးလို့ ထိုင်းဆန္ဒပြသူတွေက ပြောပါတယ်။ထိုင်းဖွဲ့စည်းပုံထဲမှာ အုပ်ချုပ်ရေးအဖွဲ့ကို ဆီးနိတ်လွှတ်တော် က တိုက်ရိုက်ခန့်အပ်နိုင်တယ်ဆိုတဲ့ အချက်အလက်ပါရှိပါတယ်။အစ်ကိုဖြစ်သူ ထိုင်းပြည်ပြေး ၀န်ကြီးချုပ်
ဟောင်း သက်ဆင်ရှင်နာဝပ်ကို နိုင်ငံရေးလွှမ်းမိုးမှုတွေရှိတယ်ဆိုပြီး ၀န်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ် ကို ဖြုတ်ချဖို့ အစိုးရဆန့်ကျင်သူတွေက လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်တွင်နိုင်ငံတကာငွေလွှဲပြောင်းမည့်စနစ်စတင်

ရွှေ့ပြောင်းမြန်မာလုပ်သားများ ငွေကြေးလွဲပြောင်းနိင်ရေးအတွက်မြန်မာနိင်ငံ၏ ဆက်သွယ်ရေးအခက်ခဲ့ဆုံးတောင် တန်းဒေသဖြစ်သည့် ချင်းပြည်နယ်ကိုတိုးချဲ့ ၀န်ဆောင်မှုပေးသွားမည်ဟု Westen Union မှမြန်မာပြည်ဒေသ ဆိုင်ရာ ညွန်ကြားရေးမှူး Ms. Nguyen Thi Nhu Ly က ယနေ့ ကျင်းပသည့် နိင်ငံတကာဝန်ဆောင်မှုအတိုင်း အ တာနှင့် မြန်မာနိင်ငံ၌ Westen Union၏တစ်နှစ်ပြည့်ကျင်းပ ခြင်း အခမ်းအနားတွင်ပြောသည်။" ကျွန်မတို့ ဟာမြန်မာလူမျိုးတွေကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့သူတို့ရဲ့ မိသားစုဝင်တွေချစ်ခင်သူတွေရဲ့အရေးကြီးတဲ့ငွေကြေးလွှဲပြောင်းမှု
တွေကိုဖြည့်ဆည်းပေးနေတာပါ၊အဓိကအနေနဲ့ မြန်မာနိုင်ငံကိုကမ္ဘာနဲ့ ချိတ်ဆက်ပေးခြင်းဖြင့်အခွင့်အလမ်းကောင်းတွေ လမ်းကြောင်းသစ်တွေဖန်တီးသွားနိုင်ဖို့မျှော်လင့်ပါတယ်"ဟု၎င်းကပြောသည်။ချင်းပြည်နယ်ဧ။်ငွေကြေးဆိုင်ရာငွေလွှဲပြောင်းခြင်း ၀န်ဆောင်မှုကိုWestenUnionအနေဖြင့်သမ၀ါယမဘဏ်(CB)ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းပြည်ပသို့ အလုပ်သွား လုပ်နေသည့်ရွေ့ ပြောင်းမြန်မာအလုပ်သမားများအတွက်ရည်ရွယ်၍ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၎င်းက ဆက်လက်ပြောသည်။Westen Union သည်မြန်မာနိုင်ငံတွင် ပထမဆုံးကမ္ဘာငွေလွှဲ ကုမ္ပဏီအနေဖြင့် ၂၀၁၃ ခုနှစ်အစပိုင်းတွင် တရားဝင်ဝန်ဆောင် မှုပေးခဲ့ပြီးနိုင်ငံတစ်ဝှမ်းတွင် အေးဂျင့်နေရာ ၄၆၀ ကျော်ထိ ၀န်ဆောင် မှုပေးနေကြောင်း လက်ရှိ Westen Union နှင့်လက် တွဲလုပ်ကိုင်သည့်မြန်မာဘဏ် ၉ ဘဏ် ထိရှိပြီဖြ စ်ကြောင်း ရိုးမဘဏ်အနေဖြင့်နောက်ဆုံးပူးပေါင်းခဲ့သည့်ဘဏ်ဖြစ်ကြောင်းသိရသည်။

" ကျိန်စာများအလား မိကျောင်းကန် ဘယ်သူတွေခံ ဘယ်သူတွေစံ "

နိုင်ငံခြားသူတစ်ဦး၏အနားတွင် လူတွေ စုပြုံနေကြသည်။ ထိုနိုင်ငံခြားသူစကားကို နားမလည်သည့်တိုင်အောင် ဘာပြော ဘာမေးနေသလဲဆိုသည်ကို သိချင်နေသည့် မျ က်နှာများနှင့် စကားပြန်မှ ထွက်လာသည့် စကားကိုငံ့လင့် နေကြခြင်းဖြစ်သည်။ သို့သော် ပြဿနာက စကားပြန်ဖြစ်သူမှာ အင်္ဂလိပ် စကားမကျွမ်းကျင်ခြင်း ပင် ဖြစ် သည်။ နေ ရာက ရန်ကုန်မြို့ ဆူးလေဘုရားအနီး ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်ရှေ့တွင် ကာလရှည် ဖွင့်လှစ်ထားသော သပိတ်စခန်းအတွင်း။”ဒါဘာလုပ်နေကြတာလဲ”ဟု အဆိုပါ နိုင်ငံခြားသူက မေးသည်။ ”ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ မြေယာတွေကို ပြန်ရဖို့ ဆန္ဒထုတ်ဖော်နေတာပါ” ဟု စကားပြန်က ခက်ခက် ခဲခဲနှင့် ပြန်ပြောလိုက်သည်။ ထို့နောက် နိုင်ငံခြား သူက သူသိလိုသည်များကို မေးမြန်းလိုသော်လည်း ဘာသာစကား အခက်အခဲကို နားလည်သွားပုံရသည်။ ဆန္ဒပြသူများနှင့် ဓာတ်ပုံ တွဲရိုက်ကာ ပြန်သွားသည်။

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ညွှန်းပိုင်းနဲ့ ပတ်သက်ပြီးပြောပြလာသူ ဆရာချစ်ဦးညို

ဗြိတိသျှလက်အောက်၊ ဂျပန်လက်အောက်၊ ထို့အပြင် ဂျပန်ကိုတိုက်ထုတ်ပြီး အင်္ဂလိပ်နှင့်ပေါင်းကာ နိုင်ငံရေးအသိ၊ နိုင်ငံရေးမီးစကိုမည်သို့၊ မည်ပုံကြိုးစား သည့် အကြောင်း၊ ဗိုလ်ချုပ်၏ အကျင့်စရိုက်သဘောသဘာဝများ၊ ဗိုလ်ချုပ်၏ ငယ်ဘဝ၊အိမ်ထောင်ရေး၊သားရေး၊ သမီးရေးကအစ လုပ်ကြံခံခဲ့ရသည်အထိ ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိကို ရုပ်ရှင်ရိုက်ကူးနိုင်ရေးအတွက် ဇာတ်ညွှန်း ခွဲရသည်မှာ လွယ်ကူသည့်အလုပ်မဟုတ်သော်လည်း ပြီးပြည့်စုံသော ရုပ်ရှင်အမှန်ဖြစ်စေရေး အစွမ်း ကုန်ကြိုးစားပြီး ဇာတ်ညွှန်းခွဲပေး ထားကြောင်းဆရာ ချစ်ဦးညိုကပြောသည်။

“ ဗောဓိညောင်ပင်အား ကဆုန်လပြည့်နေ့ မြေချ စိုက်ပျိုးမည်”

အိန္ဒိယဝန်ကြီးချုပ် မာန်မိုဟန်ဆင်း မှ ဒေါ်အောင်ဆန်းစုကြည် အားအမှတ်တရ ထူးခြား မြင့်မြတ်သော လက်ဆောင်မွန် အဖြစ် ပေးအပ်ခဲ့သောမဟာ ဗောဓိညောင်ပင်အား ကျော်သူ ပရဟိတသာသနာပြုအဖွဲ့ မှလာမည့် မေလ (၁၃) ရက်နေ့(ကဆုန်လပြည့်နေ့ )၌ ပြည်မြို့ ရှိ ပရဟိတအောင်တော်မူစေတီတော်ကြီးတည်ထားရန် ဆောင်ရွက်နေသည့် ပရဟိတတောင်ကုန်းတော်ပေါ်၌ မြေချ စိုက်ပျိုးမည်ဖြစ်ကြောင်းသိရသည်။ယင်း ဗောဓိညောင်ပင်မှာအိန္ဒိယနိုင်ငံသို့ မှရန်ကုန်မြို့သို့ ဒေါ်အောင်ဆန်းစုကြည်က ပင့်ဆောင်လာခဲ့ပြီး ပခုက္ကူဆရာတော်ကြီး(အနိစ္စဆရာတော်ကြီး)ထံ လှူဒါန်း ခဲ့ခြင်းဖြစ်ကာ ဆရာတော်ကြီးပျံလွန်တော်မမူမီက"ဟို …နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့ လူကြီးကိုသွားပေးလိုက်ပါ" ဟူ၍ မိန့် မှာခဲ့ခြင်းကြောင့်ပရဟိတလုပ်ငန်းများဆောင်ရွက်နေသူ နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူထံ ဆရာတော်ကြီး ၏တပည့်ဒါယကာများက ဆရာတော်ကြီး၏ မိန့်ကြားချက်အတိုင်း ဗောဓိညောင်ပင်ပေါက်အား ပင့်ဆောင်အပ်နှံခဲ့ခြင်းဟုသိရသည်။မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံရှိ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များ အားလုံးကိုယ်စားတည်ထားကိုးကွယ်မည့် "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်"ကြီးအား နာရေး ကူညီမှု အသင်း(ရန်ကုန်)သို့ လှူဒါန်းထားကြသော အလှူရှင်များ၏ အလှူငွေအား လုံးဝ (လုံးဝ) အသုံးပြု မည်မဟုတ်ကြောင်း၊ ပရဟိတစိတ် ဓာတ်ရှိသော၊ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကျင့်သုံးနေကြသော အလှူရှင်များ၊ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များမှ သီးခြားလှူဒါန်းသော သာသနာပြု အလှူ ငွေဖြင့်သာ တည်ထားကိုးကွယ်မည်ဖြစ်ကြောင်းလည်း ဦးကျော်သူကဆိုပါသည်။အဆိုပါ"မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်"တည်မည့်တောင်ကုန်းတော်မှာပြည်မြို့   ရွှေ ဘုံသာမုနိ ဘုရားနှင့် ဖိုးဦးတောင်စေတီတော်မြတ်အကြား၌တည်ရှိသည်။

Yingluck Shinawatra ဆန်စပါးကိစ္စ ပေါ့ဆ

ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ဟာ ဥပဒေကြောင်း နောက်ထပ် အရေးနိမ့်မှုတခုနဲ့ ထပ်ပြီး ရင်ဆိုင်ရပါတယ်။ အငြင်းပွားဖွယ်ဆန် ရောင်းဝယ်ရေးအစီအစဉ် မှာ ပေါ့ဆမှု အတွက် အပြစ်ရှိတယ်ဆိုပြီး ထိုင်းနိုင်ငံ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ဆုံးဖြတ်လိုက် တာပါ။ဆန်အစီအစဉ်နဲ့ပတ်သက်ပြီး မစ္စယင်းလပ်အပေါ် အရေးယူဖို့ လုံလောက်တဲ့ အထောက်အထား ရှိတယ်လို့ ကော်မရှင်ဒီကနေ့မှာ တညီတညွတ်ထဲ ဆုံးဖြတ်လိုက်တာပါ။ အဲဒီအစီအစဉ်ဟာ လာဘ်စား မှုတွေနဲ့ပြည့်နေပြီး ဒေါ်လာဘီလီယံပေါင်းများစွာ အလဟဿ ဖြစ်ခဲ့ရတယ်လို့ ၀န်ကြီးချုပ်ဟောင်း ကို ဝေဖန် သူတွေက ပြောကြပါတယ်။ ဒီအမှုဟာ အခု အထက်လွှတ်တော်ရှေ့ ရောက်သွားပြီဖြစ်ပြီး မစ္စယင်းလပ်ကို အရေးယူရေး မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပြီးတော့ အတည်ဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံရေးကနေ ငါးနှစ်အထိ ပိတ်ပင် တားမြစ်ခံရမှာဖြစ်ပါတယ်။

ဆက်ဆံရေးရုံး စီးနင်းမှု ဖြေရှင်းချက်ပေးဖို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် တောင်းဆို

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌနဲ့ ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က အစိုးရရဲ့ သဘောတူညီချက်နဲ့ ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံးကို အကြောင်းပြချက်မရှိ စီးနင်းရှာဖွေခဲ့မှုကို ဖြေရှင်းချက်ပေးဖို့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဦးအောင်မင်းဆီ စာပို့ပြီး တောင်းဆို လိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်သစ် အစားထိုး ခန့်အပ်

မစ္စ ရန်ဟီးလီ
မစ္စ ရန်ဟီးလီ


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားနေရာကို တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင်နဲ့ တရားဝင် အစားထိုး ခန့်အပ်လိုက်ပါတယ်။တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင် မစ္စ ရန်ဟီးလီ (Yang Hee Lee)ကို ဇွန် ၁ ရက်နေ့က စတင်ပြီး မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးအထူးသံတမန်အဖြစ် ကုလသမဂ္ဂက တာဝန်ပေး ခန့်အပ်လိုက်ပါတယ်။မေ ၉ ရက်နေ့က ရွေးချယ်ခဲ့တာ ဖြစ်ပြီး ရွေးချယ်မယ့်လူစာရင်းတွေထဲမှာ သံတမန်ဟောင်းတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်ခဲ့ဖူးသူ ဂျာရစ် ဂျင်ဆာ (Jared Genser)နဲ့ ဗြိတိန်က တက်ကြွလှုပ်ရှားသူ ပညာရှင် ဂိုင်းဟော်တန် တို့လည်း ပါဝင်နေပါတယ်။

ရခိုင်ပြည်နယ်တ၀န်း မီးထိန်ထိန်လင်းတော့မည်

ရခိုင်ပြည်နယ်အတွင်း သံတွဲနဲ့တောင်ကုတ်မှာ လာမယ့်သီတင်းပတ်အတွင်း လျှပ်စစ်မီးကို နိုင်ငံတ၀န်းက တခြားဒေသတွေ နှုန်းထားအတိုင်း သုံးစွဲခွင့်ရတော့မှာဖြစ်ပြီး ကျန်မြို့နယ်တွေ မှာလည်း လာမယ့်နှစ်ပိုင်းတွေအတွင်း မီးရရှိရေးဆောင်ရွက်နေတယ်လို့ ပြည်နယ်အစိုးရ ၀န်ကြီးတဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ပြီးရင် ဖွံ့ဖြိုးမှုနဲ့အနိမ့်ကျဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ မီတာတယူနစ်ကို ကျပ်ငွေ ၅၀၀ နဲ့ သုံးစွဲရာကနေ မကြာခင်ကာလအတွင်း မြေပြန့်မှာ ကျသင့်တဲ့အတိုင်း တယူနစ်ကို ကျပ်ငွေ ၃၅ ကျပ်နှုန်းနဲ့ သုံးစွဲခွင့်ရတော့မှာ ဖြစ်ပါတယ်။
ပြည်နယ်အစိုးရက တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ်မှာ မေလ ၁၀ ရက်နေ့က စတင်ပြီး အစိုးရဈေးနဲ့ လျှပ်စစ်မီးပေးဝေဖို့ စီစဉ်ပေမယ့် ကြိုးသွယ်တာ မပြီးပြတ်သေးတာကြောင့် အနည်းငယ်နောက်ကျမယ်လို့ ရခိုင်ပြည်နယ်အစိုးရ လျှပ်စစ်စက်မှုဝန်ကြီး ဦေးအာင်သန်းတင်က ပြောပါတယ်။
သံတွဲခရိုင်အတွင်းမှာ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့တို့ ရှိပေမယ့် ဂွမြို့ကတော့ ဒီမဟာဓာတ်အားလိုင်းနဲ့ မချိတ်ဘဲ အသုတ်ဘက်ကလာတဲ့ ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်မီးပေးသွားမယ်လို့ သူက ပြောပါတယ်။

ငွေကြေးပြဿနာတက်နေသည့် ပဲကုမ္ပဏီ အကြွေး ကျပ်သန်းပေါင်း တစ်သောင်းခုနစ်ထောင်ခန့်ရှိ

ပဲလောကတွင် ငွေကြေးဆိုင်ရာပြဿနာဖြစ်နေသော မိုးသက်ကုမ္ပဏီသည် ပြည်တွင်း၊ ပြည်ပကုမ္ပဏီပေါင်း ၂၀ ကျော်ကိုပေးဆပ်ရန် ကျပ်သန်းပေါင်း တစ်သောင်းခုနစ်ထောင်ခန့်ရှိ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။အကြွေးပေးရန်ရှိနေသော ကုမ္ပဏီများတွင် ပြည်ပကုမ္ပဏီ ၁၆ ခုထိရှိပြီး ပြည်တွင်းကုမ္ပဏီ မှာ ၅ ခုခန့်ဖြစ်သည်။ပြည်တွင်း ကုမ္ပဏီများမှာ စာချုပ်ဖြင့် ပဲရောင်းဝယ်ထားသည့် ကုမ္ပဏီများရှိသည့်အပြင် ပစ္စည်းအပ်စနစ်ဖြင့်ရောင်းချထားပြီး ငွေရရန်ရှိသော ကုမ္ပဏီများလည်းရှိသည်။လက်ရှိ မိုးသက်ကုမ္ပဏီ၏ပိုင်ဆိုင်မှုမှာဘဏ်တွင် အပ်ထားသော ကျပ်သန်းပေါင်းနှစ်ထောင်နှင့် ပဲတန်ချိန် နှစ်သောင်းခန့်သာရှိသ ဖြင့်စုစုပေါင်း ကျပ်ငွေသန်းတစ်ထောင်ခန့်လိုအပ်နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်  အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။‘‘အဲဒီစာရင်းတွေကိုရှင်းပေးဖို့အတွက် မေလ ၉ရက်မှာအသင်းရယ်၊ စီးပွားကူးသန်း ဌာနရယ်၊ UMFCCI ရယ်၊ အကြွေးရရန် ကုမ္ပဏီတွေရယ် ညှိနှိုင်းပြီးပေးချေဖို့ စီစဉ်ထားတယ်’’ဟု စီးပွားကူး သန်းဝန်ကြီးဌာနမှ ညွန်ကြားရေး မှူးတစ်ဦးကပြောကြားသည်။ထို့ကြောင့် မိုးသက်ကုမ္ပဏီ နှင့် ရောင်းဝယ်ဖောက်ကားမှုပြု လုပ်ထားသော ပြည်တွင်း၊ ပြည်ပ ပဲကုမ္ပဏီနှင့် ကုန်သည်ပွဲစားများ မှာ ပေးရန်၊ ရရန်ရှိသည်များကို မေလ ၆ရက်နောက်ဆုံးထား၍ ညှိနှိုင်းဖြေရှင်းရေးကုမ္ပဏီသို့ အ ထောက်အထားများနှင့်တကွ လာရောက်တင်ပြရန်ကြေညာချက် ထုတ်ပြန်ထားသည်။

တယ်လီနောမှ ရောင်းချမည့် မိုဘိုင်းဖုန်း လက်ရှိထက် အင်တာနက်မြန်နှုန်း မြင့်မည်"

Telenor မှ စတင်ရောင်းချမည့် မိုဘိုင်းဖုန်း တစ်ဦးချင်း အင်တာနက်သုံး စွဲနိုင်မှုမြန်နှုန်း 1M ရရှိမည်ဟု ယင်းကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg ကပြော သည်။
” 1M ဆိုပေမယ့် တစ်နေရာနဲ့ တစ်နေရာတော့ speed နည်းနည်း ကွာခြား မှာပါ။ တာဝါတိုင်နဲ့ နီးတဲ့အပိုင်းမှာ မြန်နှုန်းပိုကောင်းသလို တာဝါတိုင် နဲ့ ဝေးတဲ့နေ ရာတွေ မှာမြန်နှုန်း အတက်အကျ ရှိနိုင်ပါတယ်” ဟု ၎င်းကပြောသည်။
ကွန်ရက် ဖြန့်ကြက်မှု အနေဖြင့် တစ်ပြေးညီ လုပ်ဆောင် သွား မည် ဖြစ်ကြောင်း၊ အင်တာနက် သုံးစွဲမှု အတိုင်းအတာ အပေါ် မူတည်၍ အင်တာနက် စနစ်အတွက် International Gateway ကို ငှားရမ်းခြင်း အပြင်လိုအပ်ပါက Bandwidth ကို တိုးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
”လက်ရှိ အခြေအနေအရတော့ အင်တာနက် လိုင်းကို မြန်မာပြည်မှာရှိတဲ့ လိုင်းနဲ့ပဲ ချိတ်ဆက်သွားမှာပါ။ နောက်ပိုင်းတော့ ပြည်ပနိုင်ငံတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကားသွင်းခွင့်မူဝါဒ မပြောင်းတော့ဟု ဦးဝင်းမြင့် ကတိပေး

မာစီဒီးဘင့်ဇ် ကားအရောင်းပြခန်း ဖွင့်ပွဲ တွင်တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် မာစီဒီးကားတစ်စီးကို တွေ့ရစဉ်

အစိုးရသစ်လက်ထက်တွင် ကားတင်သွင်းခွင့်မူဝါဒနှင့် ပတ်သက်ပြီး မိမိလက်ကျန်သက် တမ်းတွင်ထပ်မံအပြောင်းအလဲ ပြုလုပ်တော့မည်မဟုတ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကပြောကြားသည်။
‘‘ကျွန်တော်ဝန်ကြီးလုပ်တဲ့ကာလမှာ ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး မူဝါဒ ရှစ်ကြိမ်တိတိ ပြောင်းလဲခဲ့တယ်။ ဒါကြောင့် အခု ကတိပေးပါတယ်။ ကားနဲ့ ပတ်သက်ပြီး မူဝါဒ အပြောင်းအလဲ ဘာမှမလုပ်တော့ပါဘူး’’ဟု ၀န်ကြီးက မေလ ၈ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်သည့် မာစီးဒီးဘင့်ဇ် ကားအရောင်းပြခန်း ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

တင်သွင်းခွင့်မရှိဟုဆိုသော ညာမောင်း Brand New ကားများ ပြန်လည်ခွင့်ပြုပေး

ယခုနှစ်စပိုင်းက တင်သွင်းခွင့်မရှိ ဟုဆိုသော ညာမောင်း Brand New ကားများကို ပြန်လည်ခွင့် ပြုပေးနေကြောင်း ‘စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန’မှ သိရသည်။

ပျူ မြို့ဟောင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ စာရင်းဝင်ရန် UNESCO သို့ မေလအတွင်း တင်ပြမည်

နန်းစိုက်ရာမြို့ ဖြစ်ခဲ့သောကြောင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အများအပြား တည်ရှိရာ မန္တလေးမြို့တော်ရှိ ကုသိုလ်တော် ဘုရားကျောက်စာများ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ စာရင်း ဝင်သွားပြီးသည့်နောက် ပျူမြို့ဟောင်း နေရာများကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ရန်အတွက် မေလအတွင်း ကျင်းပမည့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ အစည်းအဝေးပွဲတွင် တင်သွင်းသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ပြောကြားသည်။
မန္တလေးမြို့တော်တွင် မေလ ၈ ရက်နေ့က ကျင်းပသော ကုသိုလ်တော် ဘုရားကျောက်စာများ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ရောက်မှု အထိမ်းအမှတ် အခမ်းအနား Logo စိုက်ထူပွဲတွင် ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။
“လိုအပ်တဲ့ လေ့လာမှုတွေ တင်ပြရမယ့် အချက်အလက်တွေအားလုံး အစုံအလင် ဖြစ်နေပါပြီ။ ဒီလအတွင်း ကျင်းပမယ့် ယူနက်စကို အစည်းအဝေပွဲမှာ တင်ပြသွားမှာပါ။ လိုအပ်ချက် အနည်းငယ် ရှိနေပေမယ့်လည်း နောက် ၂ နှစ် သုံးနှစ်အတွင်းမှာ ပျူမြို့ဟောင်း နေရာတွေဟာ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ရောက်တော့မှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ထပ်မံဆိုသည်။

"မတ္တရာမြို့နယ် တပ်သိမ်းမြေအား ဒေသခံများ ပြန်လည်သိမ်းပိုက်၊ လယ်မြေပေါ်လုပ်ကိုင်လျှက်ရှိသော ငါးမွေးမြူရေးကန်အား ဖောက်ချ၍ စပါးပျိုးကြဲ


မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈၊ ၁၄၉ တို့အပေါ်ရှိ လယ်မြေဧက ၄၀၀ ကျော်အား ၁၉၉၁ ခုနှစ်တွင် ခမရ ၁၁၆နှင့် ၁၁၉တပ်တို့မှ တပ်ရိက္ခာဖူလုံရေးအတွက်ဟုပြောဆိုကာ နစ်နာကြေးမပေးဘဲ မြေယာအစားပြန်လည်ပေးလျှော်ခြင်းမရှိဘဲ သိမ်းယူခဲ့သောကြောင့် ဒေသခံတောင်သူတစ်ရာကျော်တို့သည် ငါမွေးမြူထားသောကန်အား ဖေါက်ချပြီး မျိုးစပါးများ ပျိုးကြဲ၍ လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နေခြင်းကြောင့် ဦးဆောင်သူ ၆ ဦးအား တရားစွဲမှုများပြုလုပ်ထားကြောင်း သိရသည်။ ယင်းအပြင် ငါးမွေးမြူရေးကန်အား ရဲအင်အား ၁၀၀ ကျော်ဖြင့်လုံခြုံရေးယူထားကြောင်း ဒေသခံတောင်သူများက ပြောသည်။

မြန်မာ ယူ-၁၉ အသင်း အင်ဒို ယူ- ၁၉ အသင်းနှင့် ဒုတိယ ခြေစမ်းပွဲတွင် ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရ


Photo: မြန်မာ ယူ-၁၉ အသင်း အင်ဒို ယူ- ၁၉ အသင်းနှင့် ဒုတိယ ခြေစမ်းပွဲတွင် ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရ
Friday, May 9, 2014

၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၉ရက်မှ ၂၃ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် အာရှ အသက် ၁၉နှစ်အောက် ဘောလုံးပြိုင်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာ ယူ- ၁၉ အသင်းသည် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ ၌ အင်ဒို ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားလျက်ရှိရာ ဒုတိယ ခြေစမ်းပွဲ ၂ ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

မေ ၅ ရက်က အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့၌ ယှဉ်ပြိုင် ကစားခဲ့သည့် ပထမခြေ စမ်းပွဲစဉ်တွင် အင်ဒိုနီးရှား ယူ-၁၉ အသင်းနှင့် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုတိယ အကျော့ပွဲစဉ် တွင် အိမ်ရှင် အင်ဒိုအသင်းက ပထမပိုင်းပွဲ ချိန် ၄၅မိနစ်တွင် ပြစ်ဒဏ်ဘော Ilham Udin သွင်းဂိုးဖြင့် ၁ ဂိုး- ဂိုးမရှိဖြင့် ဦး ဆောင် နေခဲ့ပြီး မြန်မာအတွက် ဒုတိယပိုင်း ရောက်မှသာ ချေပဂိုးနှင့် အနိုင်ဂိုး သွင်းယူ နိုင်ခဲ့ခြင်းဖြစ်ကာ ကွင်းလယ်ဒိုင် Tariq Al Katiri က မြန်မာနှင့် အင်ဒို ကစား သမား တစ်ဦးစီအား အနီကတ်ပြ ထုတ်ပယ် ခဲ့သဖြင့် ၁ဝ ဦးစီဖြင့်သာ ဒုတိယပိုင်းကို ယှဉ်ပြိုင် ကစားခဲ့ရ ကြောင်း အင်ဒိုနီးရှား မီဒီယာများ၏ ရေးသား ဖော်ပြချက် အရ သိရှိ ခဲ့ရကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်းထုတ်ပြန် ခဲ့သည်။

မြန်မာအသင်း အတွက် ချေပဂိုးကို ပွဲချိန် ၈၉မိနစ်တွင် မောင်မောင်စိုးက သွင်းယူပေးခဲ့ပြီး နောက်ကျ အနိုင်ဂိုးကို ပွဲချိန် ၉၁မိနစ်တွင် နန္ဒကျော်က သွင်းယူကာ အင်ဒို နီးရှား ယူ-၁၉အသင်းကို ရှုံးပွဲကြုံတွေ့ ခဲ့စေ ခြင်းဖြစ်ပြီး မြန်မာ ယူ-၁၉အသင်းသည် ယခု နှစ်ဧပြီလ ကလည်း ရန်ကုန်တွင် ဂျပန် လက်ရွေးစင် ယူ-၁၉ အသင်းကို ၁ ဂိုး- ဂိုး မရှိဖြင့် အနိုင်ရထားသော အသင်းဖြစ်သည်။ မြန်မာ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားခဲ့သည့် အင်ဒိုနီးရှားအသင်းသည် မြန်မာအသင်း ကဲ့သို့ပင် အာရှ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် အသင်းတစ်သင်း ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းသည် ယနေ့ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ မည် ဖြစ်ကြောင်း သိရသည်။

ကျော်ကိုဆင့်
မြ၀တီ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၉ရက်မှ ၂၃ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် အာရှ အသက် ၁၉နှစ်အောက် ဘောလုံးပြိုင်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာ ယူ- ၁၉ အသင်းသည် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ ၌ အင်ဒို ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားလျက်ရှိရာ ဒုတိယ ခြေစမ်းပွဲ ၂ ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

ကန့်ဘလူမြို့နယ် လေပြင်းတိုက်၊ မိုးသီးကြွေ၊ စာသင်ကျောင်းနှင့် အိမ် ၆၀ ခန့်ပျက်စီး


 ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ကျီကုန်းတောင်ရွာ၊ ကာဘိုးနှင့်ဘူးကြီး ကျေးရွာတို့တွင် မေလ ၇ ရက်နေ့က မိုးသက်လေပြင်း တိုက်ပြီး မိုးသီးများ ကြွေခဲ့ခြင်းကြောင့် စာသင်ကျောင်း တစ်ကျောင်းနှင့် အိမ် ၆၀ ခန့် ပြိုကျ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ ကန့်ဘလူမြို့နယ် ဘူးကြီးရွာတွင် မေလ ၇ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်တွင် လေပြင်းများ တိုက်ခတ်ခဲ့ပြီး လောက်စာလုံးခန့် ရှိသည့် မိုးသီးများ မိနစ် ၃၀ ခန့် ကြွေကျခဲ့သဖြင့် အိမ်လေးလုံး ပြိုကျခဲ့ကာ အိမ် ၃၀ ခန့် အမိုးများ ပြုတ်ထွက်ခဲ့ကြောင်း၊ ကြက်မွေးမြူရေးဇုန်ရှိ ကြက်ခြံသုံးခြံမှာလည်း အမိုးများ ပြုတ်ထွက်ခဲ့၍ ကြက်ကောင်ရေ တစ်ထောင်ကျော်ကို အခြားကြက်ခြံ များသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ယင်းကျေးရွာမှ ဒေသခံ ဦးဆန်းဝင်းက ပြောကြားသည်။

အပစ်အခတ်ရပ်စဲရေး မှုကြမ်းပါ အချက်များ ပြည်သူလူထုကိုချပြသင့်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်မှုကြမ်းပါ အချက်အလက် များကို ပြည်သူလူထုကိုချပြသင့်သည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ၏ ပြန်ကြားရေးတာဝန်ခံ ကိုဂျင်မီကပြောသည်။ဧပြီ ၅ရက်မှ ၈ရက်နေ့အထိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)တို့ ဆွေးနွေးပွဲအပြီးတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှုကြမ်းတစ်ခုကို ရရှိပြီးဖြစ်သည်။ ယင်းမူကြမ်းပါ အချက်အလက်များနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက တရားဝင်ထုတ်ပြန်အသိပေးခြင်း မရှိသေးသဖြင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက
ယခုလိုပြောဆိုလိုက်ခြင်းဖြစ်သည်

ရန်ကုန် - မန္တလေးအမြန်လမ်းတွင် အမြန်နှုန်းတိုင်းစက် အလုံး ၂ဝ ထပ်တပ်မည်

Photo: ရန်ကုန် - မန္တလေးအမြန်လမ်းတွင် အမြန်နှုန်းတိုင်းစက် အလုံး ၂ဝ ထပ်တပ်မည်
Friday, May 9, 2014

ရန်ကုန်၊ ယာဉ်မတော်တဆမှုများဖြစ် ပွားနေသည့် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းနှင်နေသူများကို ပိုမိုအရေးယူ နိုင်ရန် အမြန်နှုန်းတိုင်းတာသည့် စက် အလုံးနှစ်ဆယ်နှင့် ယာဉ်အရှိန်တိုင်း ကိရိယာလေးလုံး ထပ်မံတပ်ဆင်သွား မည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးကြီး နေဝင်းက ပြောသည်။ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးတွင် တစ်နာရီ ကီလို၁ဝဝအတွင်း သာ မောင်းနှင်ခွင့်ပြုထားသော်လည်း စည်းကမ်းမဲ့မောင်းနှင်သူများကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ် နေသဖြင့် အရှိန်ပြင်းမောင်းနှင်နေသူ များကို ယခုထက် ပိုမိုအရေးယူနိုင်ရန် တပ်ဆင်ရခြင်းဖြစ်ကြောင်း သိရသည်။

''လောလောဆယ်မှာ စက်တွေ ကို မှာထားပါတယ်။ ဘယ်တော့စတပ် မယ်ဆိုတာ အတိအကျတော့ ပြောလို့ မရသေးပါဘူး''ဟု ရဲမှူးကြီးနေဝင်းက ပြောသည်။ယခုလက်ရှိတွင် အမြန်လမ်းမကြီး ပေါ်၌ အမြန်နှုန်းတိုင်းတာရေးစက် ၁၄ လုံး၊ ရွေ့လျားစစ်ဆေးနိုင်သည့် ယာဉ် အရှိန်တိုင်းကိရိယာနှစ်လုံး တပ်ဆင် ထားကြောင်း သိရသည်။
အမြန်နှုန်းတိုင်းတာသည့်စက် သည် လမ်းဘေးတွင် အသေစိုက်ထား ခြင်းဖြစ်ပြီး မောင်းလာသည့်ယာဉ်၏အရှိန်ကို အရောင်များဖြင့် ပြခြင်းဖြစ် ပြီး ကီလို ၁ဝဝ အထက် မောင်းနှင်ပါ က အနီရောင်၊ ကီလို၁ဝဝ အောက်မောင်း နှင်ပါက အစိမ်းရောင်ဖြင့် ပြသခြင်းဖြစ် သည်။အဆိုပါအမြန်နှုန်းတိုင်းတာရေး စက်များကို မိုင်တိုင် ၁၁ မှစတင်ကာ မိုင်တိုင် ၃၅၂ အတွင်းတပ်ဆင်ထား ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ရုံးမှ သိ ရ သည်။

ယာဉ်အရှိန်တိုင်းကိရိယာသည် ကားများပေါ်တွင်တင်၍ လိုက်လံတိုင်း တာရခြင်းဖြစ်ပြီး ¤င်းစက်တွင် ရေဒါ စနစ်ပါဝင်ကာ အရှိန်နှုန်း ကီလိုမီတာ ၄ဝဝအထိ မှတ်သားနိုင်ကြောင်း သိရ သည်။အဆိုပါယာဉ်အရှိန်တိုင်းကိရိယာ ဖြင့် ၂ဝ၁၃ခုနှစ်တွင် သတ်မှတ်အရှိန် နှုန်းထက် မောင်းနှင်သည့်ယာဉ် ၂ဝရ၃ စီး ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း အ မြန်လမ်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်စိုးဝင်းက ပြောသည်။အမြန်နှုန်းတိုင်းတာရေးစက်များ ကို ထိုင်းနိုင်ငံမှတင်သွင်းခြင်းဖြစ်ပြီး ငွေ ကျပ်သိန်း၎ဝခန့်ရှိကြောင်း၊ ယာဉ်အ ရှိန်တိုင်းကိရိယာသည် အမေရိကန်ဒေါ် လာ ရဝဝဝဝခန့်တန်ဖိုးရှိပြီး သြစတြေး လျနှင့်မလေးရှားနိုင်ငံမှတင်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါအမြန်လမ်းမကြီးတွင် စည်း ကမ်းမဲ့မောင်းနှင်မှုများကြောင့် ၂ဝ၁၃ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၂၅၉ မှုဖြစ်ခဲ့ပြီး ၁၁၃ဦး သေဆုံးကာ ၆၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန် လမ်း ရဲတပ်ဖွဲ့ရုံးစာရင်းများအရ သိရ သည်။အရှိန်လွန်မောင်းနှင်သည့်ယာဉ် များကို ၂ဝ၁၃ခုနှစ် ဧပြီလမှစတင်ကာ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ပြီး ဒဏ်ငွေ အဖြစ် ရန်ကုန်နှင့်မန္တလေးမြို့တွင် ကျပ် ၃၁၅ဝဝ၊ နေပြည်တော်တွင် ကျပ်၁၅ဝဝ ပေးဆောင်ရသည်။

Yangon Media Group ရန်ကုန်၊ ယာဉ်မတော်တဆမှုများဖြစ် ပွားနေသည့် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းနှင်နေသူများကို ပိုမိုအရေးယူ နိုင်ရန် အမြန်နှုန်းတိုင်းတာသည့် စက် အလုံးနှစ်ဆယ်နှင့် ယာဉ်အရှိန်တိုင်း ကိရိယာလေးလုံး ထပ်မံတပ်ဆင်သွား မည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးကြီး နေဝင်းက ပြောသည်။ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးတွင် တစ်နာရီ ကီလို၁ဝဝအတွင်း သာ မောင်းနှင်ခွင့်ပြုထားသော်လည်း စည်းကမ်းမဲ့မောင်းနှင်သူများကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ် နေသဖြင့် အရှိန်ပြင်းမောင်းနှင်နေသူ များကို ယခုထက် ပိုမိုအရေးယူနိုင်ရန် တပ်ဆင်ရခြင်းဖြစ်ကြောင်း သိရသည်။

ဘိုကိုဟရမ်၏ လုပ်ရပ်အား အလ်-အဇ်ဟာရ် တက္ကသိုလ်နှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ ပြင်းပြင်းထန်ထန် ရှုတ်ချ

ကျောင်းသူများအား ပြန်ပေးဆွဲခဲ့သည့် ဘိုကိုဟရမ်၏ လုပ်ရပ်အား အလ်-အဇ်ဟာရ် တက္ကသိုလ်နှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များက ပြင်းပြင်းထန်ထန် ရှုတ်ချ
Muslims Vent Anger over Nigeria Abductions
- နိုက်ဂျီးရီးယား စစ်သွေးကြအဖွဲ့ ဘိုကိုဟရမ်က ကျောင်းသူ ၂၀၀ ကျော်အား ပြန်ပေးဆွဲမှုကို အစ္စလာမ်ကမ္ဘာ၏ အမြင့်ဆုံး အစ္စလာမ် ဓမ္မတက္ကသိုလ် အလ်-အဇ်ဟာရ်က ရှုတ်ချလိုက်ပြီး၊ ထိုမိန်းကလေးများအား ချက်ခြင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

အော်ရီဒူးနှင့် MPT ဆက်သွယ်ရေးကွန်ရက် စတင်ချိတ်ဆက်

မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီ အော်ရီးဒူးနှင့် မြန်မာဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ်ဆက်သွယ်ရေး ကွန်ရက်ချိတ်ဆက်ကာအပြန်အလှန် ခေါ်ဆိုမှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်နေ ပြီ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားသည်။
၎င်းတို့ အပြန်အလှန် ချိတ်ဆက်မှု ပြုလုပ်ခြင်းကြောင့် အော်ရီဒူး မိုဘိုင်းလ် ဝန်ဆောင်မှု သုံးစွဲမည့် သူများအနေဖြင့် မိုဘိုင်းလ်ကွန်ရက် ရှိသော နေရာတိုင်းတွင် အမြန်နှုန်းမြင့် အင်တာနက်နှင့် အရည်အသွေးမြင့် ဖုန်းခေါ်ဆိုမှုများ သုံးစွဲနိုင်မည်ဟု ၎င်းက ရှင်းပြသည်။“သုံးစွဲသူတွေ ရွေးချယ်နိုင်ဖို့၊ အဆင်ပြေပြေ ချိတ်ဆက် ပြောဆိုနိုင်ဖို့ မိုဘိုင်းလ် ဆက်သွယ်ရေး ကုမ္ပဏီ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ သိပ်မကြာခင်မှာ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းလ်ကွန်ရက်နဲ့ ချိတ်ဆက်မှုတွေ ပိုမိုတိုးတက်လာမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေးကြောင့် KNU အတွင်းခွဲထွက်မှုများဖြစ်ပေါ်ခဲ့ဟုဆို

အစိုးရအဆက်ဆက်နှင့် ငြိမ်း ချမ်းရေးဆွေးနွေးပွဲများအပြီးကရင် အမျိုးသားအစည်းအရုံး(KNU) အတွင်း ခွဲထွက်မှုများနှင့်ကြုံတွေ့ခဲ့ ရကြောင်း KNU ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းကကရင်အဖွဲ့အစည်း များနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးနိုင်ရေးအတွက် ရန်ကုန်မြို့သို့ ရောက်ရှိနေသော KNU ဒုတိယဥက္ကဋ္ဌနော်စီဖိုးရာစိန် ဦးဆောင်သောအဖွဲ့သည် နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ယမန်နေ့ကလည်းကရင်အဖွဲ့အစည်းများနှင့် မြန်မာ နိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံသာသန ရိပ်သာ၌ တွေ့ဆုံခဲ့ကာ KNUသမိုင်းကြောင်းကိုရှင်းပြရာ၌ ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။KNU လက်နက်ကိုင်အဖွဲ့သည် ၁၉၄၉ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အတွင်း အစိုးရအဆက်ဆက်နှင့် တွေ့ဆုံမှု ခြောက်ကြိမ်အထိရှိခဲ့သည်။၁၉၄၉၊ ၁၉၆ဝ၊ ၁၉၆၃၊ ၁၉၆၇၊ ၂ဝဝ၄ ခုနှစ်များအတွင်း တွေ့ဆုံဆွေးနွေးမှု ငါးကြိမ်ရှိခဲ့သော်လည်း ကြိုတင် စည်းကမ်းချက်များ၊ကန့်သတ်ချက် များကြောင့်ရလဒ်ကောင်းများမရရှိ ခဲ့ဘဲ ၂ဝ၁၂ ခုနှစ် လက်ရှိအစိုးရ လက်ထက်မှသာအပစ်အခတ် ရပ်စဲ ရေးလက်မှတ်ရေးထိုးနိုင်ခဲ့သည်။

မော်တော်ယာဉ်၌ ရဲတပ်ဖွဲ့စာတမ်းနှင့် စတေကာတံဆိပ်များအား အယောင်ဆောင်တပ်ဆင်အသုံးပြုသူကို စစ်ဆေးအရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း၌ POLICE စာတမ်းနှင့် ရဲတပ်ဖွဲ့တံဆိပ် ကပ်ထားသည့် YGN 9D 3595 နံပါတ်တပ်ဆင်ထားသော မော်တော်ယာဉ်တစ်စီးအား မသင်္ကာဖွယ်တွေ့ရှိ
ကြောင်းသတင်းအရ အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ပါသည်။