Thursday, November 15, 2012

AZG စစ်တွေကို ဖျက်ဖို့ ကြံနေပြီလား? နိုဝင်ဘာ ၁၅ ည ၈း၄၅ သတင်း

စစ်တွေမြို့သို့ ရောက်ရှိနေသော AZG အဖွဲ့မှ နိုင်ငံခြားသာ ငါးဦးခန့်သည် စစ်တွေမြို့ ဦးအောင်ထွန်းဦးလမ်း (ကျောင်းတက်လမ်းရပ်ကွက်) ယခင်ရုံးခန်း တွင် လာရောက်တည်းခိုနေပြီး နေ့စဉ် ညနေပိုင်းတွင် ဘင်္ဂလီ များနေရာဖြစ် သည့် အင်ပါလာ(အောင်မင်္ဂလာ)ရပ်ကွက်နှင့် ဗလီများ သို့

NDTV နဲ့ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး (ရုပ်သံ)



အိန္ဒိယရုပ်သံ NDTV က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခန်း ထုတ်လွှင့်သွား ပါတယ်။ အိန္ဒိယရောက် ဒေါ်အောင်ဆန်းစုကြည် က သူ့နိုင်ငံရေး ဖြတ်သန်းမှုနဲ့ သူ့မိသားစုအကြောင်း၊ သူငယ်စဉ်ဘ၀က မှတ်မိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး သူ့ရဲ့သဘောထားအမြင်တွေကို ပြောထားပါတယ်။

မြန်မာရေလုပ်သားများကို ထိုင်းစစ်တပ် ဝင်ဖမ်း



ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရေလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာပြည်သား ၁၀၀ ခန့် ယမန်နေ့က ဖမ်းဆီးခံရကြောင်း သိရသည်။ထိုင်းရေတပ် အာဏာပိုင်များက အဆိုပါ မြန်မာပြည်သားများ နေထိုင်လျက်ရှိသည့် ဖန်င ခရိုင် အတွင်းရှိ ထလမုကျေးရွာကို ပိတ်ဆို့ပြီး ဖမ်းဆီးခြင်း ဖြစ်သည်ဟု

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်၌ နိုင်ငံရေးအကျဉ်းသားများမပါဝင်

http://www.myitmakhamediagroup.com/administratorpanel/image/15-11-12-9.jpg 
နိုင်ငံတော်သမ္မတကြီးမှ ခွင့်ပြုပေးသည့် နိုဝင်ဘာ(၁၅)ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်၌  နိုင်ငံရေးသမားများ တောင်းဆိုနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ(နိုင်ငံရေးအကျဉ်းသား) မပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများထံမှ သိရှိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်းအမိန့်ကို ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲ

စင်ကာပူနိုင်ငံတွင် မူးယစ်ဆေးသုံးထားခြင်းရှိ မရှိ ဆံပင်ကိုစမ်းသပ်၍ စစ်ဆေးသွားမည်



စင်ကာပူနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် စပ်လျဉ်း၍ ရုံးတင်တရားစွဲ ဆိုနိုင်ရေး စစ်ဆေးမှုပြုလုပ်ရာတွင် အနာဂတ်ကာလ၌ ဆီးစစ်ခြင်းအပြင် ပိုမိုပြည့်စုံ တိကျစေရန် ဆံပင်ကို စမ်းသပ်စစ်ဆေးခြင်း လည်း ပြုလုပ် သွားမည်ဖြစ်သည်။ ဆံပင်ကို အသုံးပြုစစ်ဆေးခြင်းက လွန်ခဲ့သည့် သုံးလအတွင်း မူးယစ်ဆေးဝါး သုံးစွဲထားခြင်းရှိ မရှိကို သိရှိနိုင်မည် ဖြစ်

ရခိုင်၊ ကချင် ဒုက္ခသည်များအား ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ ၅ သန်း ထောက်ပံ့မည်


http://arakantimes.net/burmese/images/Donation%20from%20world%20bank.jpg


ရခိုင်ပြည်နယ်အတွင်းတွင် သောင်းကျန်းသူ အကြမ်းဖက်မှုများနှင့် ကချင်ပြည်နယ်အတွင်း စစ်ပွဲတို့ကြောင့် ဒုက္ခရောက်နေကြသော ရခိုင်၊ ကချင် ဒုက္ခသည်များအား ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၅ သန်း မကြာမီ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆရာမ၃ဦး၏ အကြမ်းဖက်ရိုက်နက်ခြင်းကိုခံရသောသုံးတန်းကျောင်းသားလျော်ကြေးပေးပြီး ပြေငြိမ်းခိုင်း



ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် အသက် ၉ နှစ် အရွယ် မူလတန်း ကျောင်းသား တစ်ဦးအား ဆရာမ ၃ ဦးက အကြမ်းဖက် ရိုက်နက်မူကြောင့် ကျောင်းသား ဖြစ်သူမှာ အကြောက်လွန် သွေး လန့်ပြီး ဆေးရုံတင်ရသည့် အနေအထားထိ ရောက်ရှိခဲ့သည် ဟု ကျောင်း သား မိဖများက ပြောသည်။

အလွဲသုံးစား ပြည်သူ့ဘဏ္ဍာများ ပြန်မပေးလျှင် ၀န်ကြီးဌာနများ တရားစွဲခံရမည်



အစိုးရ၀န်ကြီးဌာန ၁၅ ခုက ယမန်နှစ်ဘဏ္ဍာနှစ်အတွင်း အလွဲသုံးစား ထားသောပြုလုပ်ထား ပြည်သူ့ဘဏ္ဍာ များကို နိုင်ငံတော်သို့ ပြန်လည်ပေး သွင်းခြင်း မရှိပါက ၀န်ကြီးဌာနများကို တရားစွဲဆိုသွား မည် ဖြစ်ကြော င်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက် က ပြောဆို လိုက် သည်။

နယူးဒေလီမြို့ရှိ မြန်မာသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ က လာရောက်လည်ပတ်စဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)


Microsoft Surface က Storage လိမ်လည်မှုဖြင့် တရားစွဲခံရ


Microsoft မှ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ဖြန့်ချိတဲ့ Surface - ကျောက်သင်ပုန်း ကွန်ပျူတာကို အမေရိကန်မှ အသုံးပြုသူ တစ်ဦးက တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

သူ့ရဲ့ တရားစွဲဆိုချက်အရကတော့ Surface ဟာ ဖော်ပြပါ သိုလှောင်နိုင်စွမ်း Storage မရှိပဲ လိမ်လည်ရောင်းချတယ်လို့ ဆိုပါတယ်။ သူဝယ်လိုက်တာ 32GB Surface - Windows 8 Tablet ဖြစ်ပါတယ်။ သို့ပေမယ့် ပြန်လည် စစ်ဆေးကြည့်လိုက်တဲ့အခါ တကယ် သိမ်းဆည်းနိုင်တာ 16GB ပဲ ရှိပါတယ်။ ဒါကြောင့် ဒီအတွက် မကျေပ်မနပ် ဖြစ်ပြီး Microsoft ကို တရားစွဲလိုက် တာ ဖြစ်ပါတယ်။ Microsoft ဘက်မှလည်း ပြန် လည် ငြင်းဆန်ချက် ထုတ်ပြ ထားပါတယ်။

နယူးဒေလီရှိ မြန်မာသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်...



ဒေါ်အောင်ဆန်းစုကြည်သည် နယူးဒေလီတွင်ရှိသည့် မြန်မာသံရုံးသို့ ကြာသပတေးနေ့ နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင်သွားရောက် လည်ပတ်ခဲ့သည်။

မြန်မာသံရုံး ယာယီတာဝန်ခံ ဦးဘလှအေး အပါအဝင် သံရုံးမိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO တွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ရန်နိုင် ၏ သမီးဖြစ်သူ ဒေါ က်တာအမရာမွန်နိုင် လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရာတွင် ပါဝင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာအမရာမွန်နိုင်တို့မှာ ကျောင်းနေဘက် ငယ်သူငယ်ချင်းများဖြစ်ကြသည်။

အမေရိကန် သမ္မတ၏ မြန်မာ ခရီးစဉ်သည် မဟာဗျူဟာ နိုင်ငံရေး


နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည့် အမေရိကန်သမ္မတ ဘားရက်ဟူစိန်အိုဘားမား၏ သမိုင်းဝင် ခရီးကို မြန်မာအစိုးရနှင့် ပြည်သူလူထုကသာမက ဒေသတွင်းကပါ အရေးပါသော ခရီးစဉ်တရပ်ဟု ရှုမြင်သုံးသပ်နေကြသည်။

"ညနေခင်း အချိန် ဈေးဝယ်ရန် ဟန်ဆောင်၍ ဆိုင်ပေါ်တက် ဓားထောက် လုယက်မှု့ တစ်ခု ကမာရွတ် မြို့ နယ်၌ ဖြစ်ပွား



ရန်ကုန် နိုဝင်ဘာ ၁၄
ကမာရွတ်မြို့ နယ်(၁၀)ရပ်ကွက် သံလွင်လမ်း၌ ဖွင့်လှစ်ထားသည့် အိတ် အရောင်းဆိုင် တစ်ဆိုင်သို့  အသက်(၁၉)နှစ် အရွယ် လူငယ်တစ်ဦး ဈေး ၀ယ်ရန် ဟန်ဆောင်ကာ ဈေးရောင်းသူ အမျိုးသမီးငယ်အား ဓားဖြင့်ထောက် ကာ လုယက်မှု တစ်ခု ပြုလုပ်ခဲ့သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံး၏ ထုတ်ပြန်မှုအရ
သိရသည်။

သမ္မတ အိုဘားမား မြန်မာခရီးစဉ် မြောက်ကိုရီးယား အန္တရာယ် ပူပန်



မဇ္ဈိမသတင်းဌာန ။       ။ အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ လုံခြုံရေးစိုးရိမ်မှု မှာ မြောက်ကိုရီးယား ဖြစ်ကြောင်း သံတမန် သတင်းရပ်ကွက်တခုက ပြောသည်။

သမ္မတ အိုဘားမား၏ အတွက် လုံခြုံရေးကို အမေရိကန် Secret Service များက ၎င်းတို့ဘာသာ လုပ်ဆောင်ခွင့်မြန်မာဘက်က ပေးထားပြီး လက်နက်များပါ မိမိအစီအစဉ်ဖြင့် သယ်ယူတင်သွင်းခွင့် ပြုထားကြောင်းလည်းနေပြည်တော် သတင်းရပ်ကွက်တခုက ဆိုသည်။

အိုဘားမား လူထု မိန့်ခွန်း ပြောကြားမည်ဟု သတင်းထွက်ပေါ်နေသည့် ရန်ကုန်တက္ကသိုလ် ပြင်ဆင်မှုပြုလုပ်နေ(TheVoice)


မြန်မာ့ဆက်သွယ်ရေးမှ နံပါတ်အပူးအလှများ လေလံတင်ရောင်းချပွဲတွင် WCDMA ဖုန်းနံပါတ် 09-443666666ကို ၂၆သိန်းအထိ ပေးဝယ်

မန်းတွင်ယနေ့ပြုလုပ်သော မြန်မာ့ဆက်သွယ်ရေးမှ WCDMA အလုံး ၂၃လုံး GSM ၃၇လုံး နံပါတ်အပူးအလှများ လေလံတင်ရောင်းချပွဲတွင် WCDMA ဖုန်းနံပါတ် 09-443666666ကို ၂၆သိန်းအထိ ပေးဝယ်ခဲ့ကြောင်းသိရသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ

                                    သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ

အမှတ်၊ ၈၁ /၂၀၁၂

၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်
(၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)

သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

၁။နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ" သတင်းထုတ်ပြန်ရေး အဖွဲ့"ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-

ဆန္ဒပြမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ နောက်တွန့်မည်ကို စီးပွားရေး လုပ်ငန်းရှင်များ စိုးရိမ်နေ

ယခုနှစ် စက်တင်ဘာ လဆန်းပိုင်းက တွေ့ရသော လှိုင်သာယာ စက်မှုဇုန် ၄ ရှိ SMK အထည်ချုပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမားများ (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
မြန်မာနိုင်ငံကို နိုင်ငံတကာက အာရုံစိုက်မှု များပြားလာချိန်တွင် သဘာ၀၀န်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူ များက ဦးဆောင်၍ စီမံကိန်းများနှင့် ပတ်သက်သည့် ဆန္ဒပြမှုများ

အိန္ဒိယကို စိတ်ပျက်မိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ဂျဝါဟာလာနေရူး မွေးနေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာဂန္ဒီနှင့် အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဇာနည်မာန် / ဧရာဝတီ)
မြန်မာ့ဒီမိုကရေစီရေးအတွက် အလိုအပ်ဆုံးအချိန်တွင် အားပေးမှု နောက်ပြန်လှည့်သွားသော အိန္ဒိယနိုင်ငံအား စိတ်ပျက်ခဲ့မိကြောင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအားဆွေးနွေးမည်


နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ယနေ့ အစည်းအဝေးတွင် အဆိုအဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြညိမ်းက တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဈေးသက်သာသော အခန်း ၉၅၀၀ ကျော် ပါဝင်သည့် အိမ်ရာစီမံကိန်း ၅ ခု သုံးနှစ်အတွင်း တည်ဆောက်မည်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ - ၁၄

ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့်အရှေ့ပိုင်းမြို့နယ်တို့တွင် အခန်းပေါင်း ၉၅၀၀ ကျော်ပါဝင်သော ဈေးနှုန်းသက်သာသည့် အိမ်ရာစီမံကိန်း ငါးခုကို ၃ နှစ်အတွင်း အကောင်အထည်ဖော်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး အတွင်းရေးမှူးဦးကျော်စိုးကပြောသည်။

နယ်စပ်ဖြတ်ကျော်ဝင်/ထွက်မှုများကြောင့် ကြိမ်ချောင်း-တောင်ပြိုကားလမ်းအား ရက်အကန့်အသန့်မရှိ ပိတ်

http://www.myitmakhamediagroup.com/administratorpanel/image/15-11-12-2.jpg
မြန်မာ - ဘင်္ဂလားဒေ့ရှ်မောင်တောနယ် စပ်ဒေသများ၌ ကုန်းလမ်း ခရီး နှစ်နိုင်ငံပို့ကုန်သွင်းကုန်လုပ်ငန်းများ လည်ပတ်စီးဆင်း ရာတွင် အဓိကအရေးပါနေသော လမ်းပိုင်းဖြစ်သည်ကြိမ်ချောင်း -တောင်ပြို ကားလမ်းအား ဒေသတွင်း အခြေအနေများကြောင့် သက်ဆိုင်ရာမှ

ကျိုက်ထီးရိုးမှာလည်း Wi-Fi ရပြီ

ကျိုက်ထီးရိုး စေတီတည်ရှိရာ တောင်တ၀ိုက် ဟော်တယ်တွေ၊ တည်းခိုခန်းတွေက သူတို့ရဲ့ ၀န်ဆောင်မှု အသစ်တခုအဖြစ် Wi-Fi အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်တဲ့။ အဓိကရည်ရွယ်ချက်ကတော့ တည်းခိုရန် လာသူတွေကို စွဲဆောင်တဲ့နည်းလမ်းတခုအဖြစ် အသုံးပြုဖို့ စီစဉ် တာဖြစ်ပါတယ်။ အခုတော့ စမ်းသပ်လုပ်ဆောင်နေတာဖြစ်တယ်

အာဏာပိုင်တွေ တိုင်ကြားတာကို အရေးမယူတာ ဘာကြောင့်လဲ? ပဋိပက္ခတွေ ထပ်ဖြစ်အောင် ဖန်တီးနေတာလား?



ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ရခိုင်အမျိုးသားပိုင် ဟင်းခင်းများအား မသမာသူများမှ ကျူးကျော် ၀င်ရောက်ပြီး ဖျက်ဆီးမူများ ပြုလုပ်နေသည်ကို သက်ဆိုင်ရာ ရဲဌာနသို့ အကြိမ်ကြိမ် တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။“ ကျွန်မကတော့ အာဏာပိုင်တွေကို မေးချင်ပါတယ်။ တိုင်ကြားတာကို အရေးမယူတာက

ပေါက်တောစမ်းသပ်လူစာရင်းကောက်ခံရာ၌ ရိုဟင်ဂျာဟုထည့်သွင်းရန် ဘင်္ဂလီများက တောင်းဆို

http://www.myitmakhamediagroup.com/administratorpanel/image/15-11-12-1%20(1).JPG
ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီလူမျိုးများနေထိုင်ရာ ဘင်္ဂလီကျေးရွာ များ၌  နိုဝင်ဘာ ပထမအပတ်အတွင်းက ဘင်္ဂလီ လူဦးရေ စာရင်း ကောက် ခံ ရာတွင် ရိုဟင်ဂျာလူမျိုးဟု သုံးနှုန်းမှသာ လက်မှတ်ထိုးပေးနိုင် မည်ဟု တောင်းဆိုမှုများရှိ လာကြောင်း သိရသည် ။ပေါက်တောမြို့ နယ်ကျေးရွာ အချို့၌ ဘင်္ဂလီလူဦးရေ စာရင်း(အစမ်း)ကောက်ခံယူမှု

ဟားမက် စစ်ခေါင်းဆောင် ကျဆုံး



ဟားမက် အဖွဲ့ စစ်ခေါင်းဆောင်  အာမက် ဂျဘာရီ အစ္စရေး လေကြောင်း
 တိုက်ခိုက်မှုမှာ ကျဆုံး သွားပါတယ်။ ဂါဇာမှာ သူလိုက်ပါတဲ့ ကားကို ပစ်ခတ် လုပ်ကြံခံရတာ ဖြစ်ပြီး အဆင့်မြင့်ဆုံး သတ်ဖြတ် ခံရတဲ့ ဟားမက် ခေါင်းဆောင် ဖြစ်ပါတယ်။

ကျောက်တော် တောင်ဘွေ ကျေးရွာ အုပ်ချုပ်ရေးမှူး ကြိုးဆွဲချ သေဆုံး


အဆုံးစီရင်သွားသူ ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ ဦးမောင်အေးတင် (၄၅) နှစ်ပြီး ရွာဦးရှိ သရက်ပင်တွင် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်က ကြိုးဆွဲချ သေဆုံးသွားခြင်း ဖြစ်သည်။“ ဟုတ်ပါတယ်။ မနက်က သူ့အလောင်းကို ကျောက်တော် ဆေးရုံကို ယူလာပါတယ်။ ကျွန်တော် သွားကြည့်ပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူနဲ့ တွေ့မလို့ပါဘဲ။ ဒါပေမယ့် သူမက

အဆိုတော် ခင်မောင်တိုး စင်ကာပူစံတော်ချိန် ၈နာရီမိနစ် ၂၀ ခန့် တွင်ကွယ်လွန်သွားပြီ




အဆိုတော် ခင်မောင်တိုး သည် ယနေ့ နိုဝင်ဘာလ ၁၅ ရက်စင်ကာပူ စံတော် ချိန်  ၈ နာရီ မိနစ် ၂၀ ခန့် တွင်ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ထပ်မံအတည်ပြုချက်များ ကြောင့်အဆိုတော် ခင်မောင်တိုး ကွယ်လွန်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတသည် ယနေ့(နိုဝင်ဘာလ ၁၅ ရက်နေ့)တွင် နိုင်ငံခြားသား အကျဉ်းသားများအပါအဝင် စုစုပေါင်း အကျဉ်းသား (၄၅၂) ဦးအား လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်ကြပြီး နိုင်ငံတော်တည်ေ ဆာက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေမည့်

ရီးယဲမက်ဒရစ် လူငယ်အသင်းမှ နည်းပြအဖွဲ့ဝင်များ မြန်မာနိုင်ငံသို့ ဘောလုံးပညာ လာရောက်ပို့ချမည်

ကမ္ဘာကျော် လာလီဂါထိပ်တန်း ကလပ်အသင်း တစ်သင်းဖြစ်သော ရီးယဲမက်ဒရစ် အသင်း၏ လူငယ် အသင်းမှ နည်းပြ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ကို စပွန်ဆာပေးထား သည့် Digicel မှ ဆက်သွယ်ပေး မှုဖြင့် မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်သည်။

တောင်ကြီးတန်ဆောင်တိုင်၌ ဗိုလ်ချုပ်ပုံပါ ဒီခေတ်မီးပုံး လွှတ်တင်မည်


http://www.myitmakhamediagroup.com/administratorpanel/image/14-11-12-4.jpg

 ၂၀၁၂ခုနှစ် တောင်ကြီး တန်ဆောင်တိုင်၌ ယခင်နှစ်များနှင့် မတူပဲ မီးပုံးပျံအများအပြားလွှတ်တင်မည်ဖြစ်ပြီး ဗိုလ်ချုပ်ပုံမီးပုံးကြီးအား မြန်မာပြည်မြေပုံနှင့် ခွပ်ဒေါင်းပုံပါများ ထည့်သွင်း လွှတ်တင် မည်ဖြစ်ကြောင်း တောင်ကြီးမီးပုံးပျံလွှတ်တ င်ရေး ကော်မတီဝင်များထံက သိရှိရသည်။

ကချင်ဒုက္ခသည်စခန်း အဆုပ်နှင့် AIDS ဝေဒနာရှင်များအတွက် ဆေးဝါးလိုအပ်နေ


Hpunglum-Yang-camp

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ မုန်ဂါဇွမ် ဇိုင်းအောင် (Mungga Zup Zai Awng) ဒုက္ခသည် စခန်းတွင် အဆုပ်တီဗီရောဂါနှင့် HIV/AIDS ဝေဒနာခံစားသူ ဒုက္ခသည် အယောက် (၃၀) ကျော်ရှိရာ ပုံမှန်ဆေးများစားသုံးရန်ပြတ်လပ်မှုကြောင့်အခက်အခဲရင် ဆိုင်နေ ရကြောင်း သိရသည်။

တရုတ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲစတင်



ဒီကနေ့ဗုဒ္ဓဟူးနေ့မှာပဲ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် Hu Jintao ဟာ ဥက္ကဋ္ဌ ရာထူးကနေ တရားဝင် အနားယူသွားပြီဖြစ်ပါ တယ်။ နိုင်ငံရဲ့ထိပ်သီး ခေါင်းဆောင်နေရာကိုတော့ ဒုသမ္မတ Xi Jinping က လွှဲပြောင်းယူဖို့ စီစဉ်ထားပါတယ်။

ဝန်ကြီးဌာန ၁၅ ခုကို အရေးယူမှုများပြုလုပ်ခဲ့

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အရ အသုံးဘတ်ဂျက်နှင့် ပတ်သက်၍  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အရေးကြီးစစ်ဆေးတွေ့ရှိချက်အဖြစ် ၀န်ကြီးဌာန ၁၅ ခုတွင် အလွဲသုံးစားမှု၊ မရိုးဖြောင့် မသမာသောသဘောဖြင့် ဆောင်ရွက်မှုကြောင့်  နိုင်ငံတော်မှနစ်နာဆုံး ရှုံးမှု ၄၇ မှု၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် နစ်နာငွေ ကျပ်သန်းငါးသောင်းကျော်နှင့် အမေရိကန်ဒေါ်လာ နှစ်သိန်း ကျော်ရှိခဲ့ကြောင်း သိရသည်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ၀န်ကြီးချုပ်ဆွေးနွေး

အိန္ဒိယနိုင်ငံသို့ လက်ရှိရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန် ဆင်းနှင့် နိုဝင်ဘာလ ၁၄ ရက်နေ့က နယူးဒေလီမြို့တွင် တွေ့ ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ဒီမိုကရေစီ ဖြစ်ထွန်းရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး

ထန်းတပင် မြို့နယ်၌ အမျိုးသမီး တစ်ဦး နွားတင်းကုပ် ထုပ်တန်းပေါ်မှ ကြိုးဆွဲချ သေဆုံး


ပဲခူးတိုင်း ဒေသကြီး ထန်းတပင် မြို့နယ် ဇရပ်ကြီး ကျေးရွာ အုပ်စု ရွာကြား ရပ်ကွက်နေ မအိဇာ (ခ) တင်ဇာလှိုင် ၂၅ နှစ် (ဘ) ဦးမြင့်အောင် (မှီခို) သည် နိုဝင်ဘာ ၄ ရက် နံနက် ၇ နာရီခန့်က နေအိမ် နောက် ဘက်ရှိ နွားတင်းကုပ် ထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံး နေသည်ကို

မော်လမြိုင်တွင် လိုင်စင်မဲ့စက်တပ်ယာဉ်များ ဖမ်းဆီးတော့မည်

Photo: မော်လမြိုင်တွင် လိုင်စင်မဲ့စက်တပ်ယာဉ်များ ဖမ်းဆီးတော့မည်

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 14 ရက် 2012 ခုနှစ်  မွန်အေဂျင်စီ  သတင်း  


လာမည့်တနင်္ဂနွေနေ့မှစ၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူတော့မည်ဟု သိရသည်။

လိုင်စင်မဲ့စက်တပ်ယာဉ်များနှင့်ပတ်သက်သော အစည်းအဝေးတစ်ရပ်ကို မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွှေမြိုင်ခန်းမ၌ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ရာ ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအ၀င် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့သည်ဟု မြို့ခံ သတင်းထောက်တစ်ဦးက ပြောသည်။

၎င်းက “ ကိုယ့်နယ်မြေမှာရှိတဲ့ လိုင်စင်မဲ့မော်တော်ကားနဲ့ ဆိုင်ကယ်တွေကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့် ရဲကိုအချိန်မီသတင်းပေးပို့ပြီး ဖမ်းဆီးသွားမယ်လို့ဆိုပါတယ်၊ ဥပဒေနဲ့မညီတဲ့လုပ်ငန်းတွေကို အုပ်ချုပ်ရေးမှူါ်တွနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေပူးပေါင်းဖေါ်ထုတ်ပေးဖို့လည်း ပါတယ်” ဟုပြောသည်။

တစ်နိုင်ငံလုံးရှိ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား တရားဝင်လိုင်စင်ပြုပေးသည့် ၅ လ စီမံချက်သည်လည်း လွန်ခဲ့သည့်နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး ဖြစ်သည်။

မော်လမြိုင်မှ ဆိုင်ကယ်ပွဲစားတစ်ဦးက “လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကတော့ သိပ်ကိုနည်းသွားပါပြီ၊ အခုလဆန်းပိုင်းမှာပဲ မော်တော်ဆိုင်ကယ်လိုင်စင်လုပ်တာ ရပ်ဆိုင်းလိုက်တယ်” ဟု ပြောသည်။

ထို့အပြင် မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ၁၈-၁၁-၂၀၁၂ ရက်နေ့မှစ၍ လိုင်စင်မဲ့စက်တပ်ယာဉ်များအား ဖမ်းဆီး အရေးယူ ဆောင်ရွက်မည့် အခြေအနေများကို မိမိရပ်ကွက်နေပြည်သူများ သိရှိလိုက်နာကြရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက တဆင့် အသိပေးပြောကြားသွားရန် မှာကြားခဲ့သည်။

မော်လမြိုင်မှ ကားရောင်းဝယ်နေသည့် ပွဲစား ကိုဇော်ဇော်က “၂၀ဝ၄ ကာလဝန်းကျင်လိုပဲ ကားကိုဖမ်းသိမ်းမယ်လို့ ပြောနေကြတာပဲ၊ နောက်တစ်ခုက အခွန်ဒဏ်ကြေးတွေဆောင်ရမယ်လို့လည်း ပြောနေကြတယ်၊ တိတိကျကျပြောရရင် ဖမ်းဆီးမယ်ဆိုတာက သေချာနေတယ်၊ ဒါပေမယ့် အခန့်မသင့်ရင် ပို့ကုန်သွင်းကုန် ဥပဒေနဲ့အရေးယူခံရနိုင်တယ်” ဟု ပြောသည်။

လွန်ခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုရဲစခန်းမှ လိုင်စင်မဲ့မော်တော်ယာဉ် ၃ စီး ဖမ်းဆီးရမိပြီး အဆိုပါယာဉ်မောင်း ၃ ဦးတို့အား ပို့ကုန်/ သွင်းကုန် ဥပဒေ ပုဒ်မ ၈ /၁ဝ အရ အရေးယူထားကြောင်း မြန်မာ့တပ်မတော်၏ မြဝတီသတင်းတွင် ဖေါ်ပြခဲ့သည်။

လိုင်စင်မဲ့စက်တပ်ယာဉ်များအား ထိရောက်စွာအရေးယူနိုင်ရန်အတွက် အဖွဲ့စုံစစ်ဆေးရေးအဖွဲ့တွင် အကောက်ခွန်၊ ကညနဌာနအရာရှိများအပြင် သတင်းမီဒီယာသမားများလည်း ပါဝင်မည်ဟုသိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှ တရားမဝင်နည်းလမ်းဖြင့် ပြည်တွင်းသို့ဝင်ရောက်ခဲ့သော မော်တော်ယာဉ်အစီးရေ တစ်သောင်းကျော်ရှိနေပြီဟု နယ်စပ်ကားအရောင်းအဝယ်လောကမှ ပြောဆိုနေကြသည်။

အေးချမ်းမွန်မှ  - လွတ်လပ်သော မွန်သတင်းအေဂျင်စီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :- လွတ်လပ်သော မွန်သတင်းအေဂျင်စီ
လာမည့်တနင်္ဂနွေနေ့မှစ၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ လိုင်စင် မဲ့မော်တော်ယာဉ်များနှင့်     မော်တော်ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူ
တော့မည်ဟု သိရသည်။   လိုင်စင်မဲ့စက်တပ်ယာဉ်များနှင့် ပတ်သက်သော အစည်းအဝေးတစ်ရပ်ကို      မော်လမြိုင်မြို့နယ်    အထွေထွေအုပ်ချုပ်ရေး

အိုဘားမား မြန်မာခရီးစဉ် လူ့အခွင့်အရေးအဖွဲ့တွေ ကန့်ကွက်

အမေရိကန်သမ္မတ တဦးအနေနဲ့ မြန်မာနိုင်ငံကို လာမယ့် ခရီးစဉ်အတွင်း သမ္မတ အိုဘားမား ဟာ နိုင်ငံအကြီးအကဲတွေနဲ့ တွေ့ဆုံမှာဖြစ် သလို မြန်မာလူထုကိုလည်း မိန့်ခွန်းပြောဆိုဖို့ ရှိနေ ပါတယ်။ နာရီပိုင်းပဲ ကြာမယ့် ခရီးစဉ်အတွင်း ရန်ကုန်မှာပဲ တွေ့ဆုံမှုတွေကို ပြုလုပ်မယ်လို့ သိရပါ တယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီခရီးစဉ်ဟာ

အိုဘားမား မလာရောက်ခင် အကျဉ်းသား ၄၅၀ လွှတ်ပေးမည်



မြန်မာအစိုးရအနေနဲ့ အကျဉ်းထောင်တွေထဲက အကျဉ်းသား ၄၅၀ ကို အမေရိကန်သမ္မတအိုဘားမားမလာရောက်ခင် ပြန်လွှတ်ပေးမယ်လို့ မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကို မြန်မာနိုင်ငံ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမယ်၊ မပါဘူးဆိုတာကတော့ ရှင်းရှင်းလင်းလင်း

အိုအိုင်စီ အစည်းအဝေးမှာ ရိုဟင်ဂျာ အရေးထိပ်ဆုံးက ဆွေးနွေးမည်



အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ (OIC) ရဲ့ထိပ်သီးအစည်းအဝေးကို မနက်ဖြန်မှာ အာဖရိကတိုက်က (Djibouti) ဂျီဘူတီ နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးဟာ ဆွေးနွေးမဲ့ ကိစ္စတွေထဲမှာ ထိပ်ဆုံးက ပါဝင်မယ်လို့သိရပါတယ်။