Thursday, September 25, 2014

FHM မဂ္ဂဇင်းက ရွေးလိုက်တဲ့ သုံးနှစ်အတွင်း sexy အဖြစ်ဆုံး ထိုင်းသရုပ်ဆောင် မော်ဒယ် ၁၀ ဦး

1 Praiya Soandokmai (Age: 25)

ရိုက်တာသတင်းဌာနက ဒီချုပ်ပါတီသတင်းကို ပြုပြင်မွမ်းမံပြီးပြန်တင်

ရန်ကုန်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် သူရဦးရွှေမန်းကို သမ္မတလောင်းအဖြစ်ထောက်ခံမည် ဆိုသည့် စကားကို မည်သူပြောကြားခဲ့သည်ဆိုသော မရေရာမှုများမရှိစေရန် ရိုက်တာသတင်းဌာနက သတင်းဆောင်းပါးကို ပြုပြင်မွမ်းမံလိုက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၏ ပြောစကားများ အားလုံးကိုမူ တိကျမှန်ကန်ကြောင်း အာမခံနိုင်သည်ဟု ရိုက်တာသတင်းဌာန၏ အာရှဆိုင်ရာပြောရေး ဆိုခွင့်ရှိသူက 7Day သို့ ပြောကြားသည်။

သံတွဲမြို့နယ်၊ သဗြုချိုင် ကျေးရွာမှ မီးရှို့လူသတ်မှု အတွက် တစ်သက်တစ်ကျွန်း အပါအ၀င် ထောင်ဒဏ် အသီးသီးချမှတ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သဗြူချိုင် ကျေးရွာတွင် ဖြစ်ပေါ်ခဲ့သော မီးရှို့လူသတ်မှု ပြစ်မှု ကျူးလွန်သူများအား စက်တင်ဘာလ (၂၄) ရက် နေ့တွင် သံတွဲခရိုင် တရားရုံးမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပါအ၀င် အပြီးသတ် အမိန့်များ ချမှတ်ခဲ့ကြောင်း သံတွဲမြို့နယ် ရဲစခန်းမှ သတင်း ရရှိ သည်။

၂၀၁၃ ခုနှစ်အတွင်း သံတွဲမြို့နယ်၊ သဗြု ချိုင် ကျေးရွာအတွင်း အဆိုပါ ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ပြီး ပြစ်မှုတွင် ပါဝင်သူ (၂၃) ဦး အနက် ဇွန်လ (၆) ရက်နေ့က (၁၃) ဦးအား ပုဒ်မ-၂၅၃(၁) အရ တရားရှင် ပြန်လွှတ်ပေးခဲ့ပြီး ကျန် (၁၀) ဦးမှ ကိုးဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်စီနှင့် တစ်ဦး ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံစေရန် ယမန်နေ့က ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တာမွေပလာဇာရှေ့တွင် ပိုင်ရှင်မဲ့ အလောင်းတစ်လောင်းတွေ့

တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းမပေါ်ရှိ တာမွေပလာဇာရှေ့တွင် ယနေ့နံနက်ပိုင်းက အသက် ၅၀ ကျော်အရွယ် ပိုင်ရှင်မဲ့ အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။

ယနေ့နံနက်ပိုင်းကတွေ့ရှိခဲ့သော ပိုင်ရှင်မဲ့အလောင်းမှာ တာမွေပလာဇာ၏ အ၀င်လှေခါးပေါ်တွင် ထိုင်လျက်သေဆုံးနေခြင်းဖြစ်ပြီး ယခင်က တာမွေပလာဇာအနီးတစ်ဝိုက် တွေ့ရှိခဲ့ခြင်းမရှိသူဖြစ်ကာ သာမန်ရိုးကျ သွေးရိုးသားရိုး သေဆုံးခြင်းဟုတ်မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိသည်။ ပိတ်သိမ်းထားသည်မှာ ကြာမြင့်ခဲ့ပြီးဖြစ်သော တာမွေပလာဇာ၏ ရှေ့မျက်နှာစာ တွင် ရူးသွမ်းသူများနှင့် နေထိုင်စရာမရှိသော လူအချို့လာရောက်နေထိုင်ခဲ့ကြသည်မှာကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုကဲ့သို့ တာမွေပလာဇာ ရှေ့တွင် လာရောက်နေထိုင်ရင်း သေဆုံးခဲ့ခြင်းမျိုးလည်း ယခင်အချိန်များက ဖြစ်ပွားခဲ့ဖူးသည်။

မယုံကြည်ဟုဆိုကာ နိုင်ငံသားအဖြစ် မလျှောက်ခဲ့သည့် ဘင်္ဂါလီအိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦး ပြန်လာလျှောက်ထား

မယုံကြည်ဟုဆိုကာ လာမလျှောက် ဘဲ နေခဲ့သည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီ အိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦးသည် နိုင်ငံသားအဖြစ် ပြန်လာလျှောက် မှုကို ယခု အပတ်အတွင်းပြုလုပ်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းများအရ သိရ သည်။

ယခုနှစ်ဇွန်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စတင်ခဲ့သည့် ၁၉၈၂ နိုင်ငံသားဥပဒေ ဖြင့် ဘင်္ဂါလီများအားစစ်ဆေးခြင်းဆိုင်ရာလုပ်ငန်း၌ အစပထမပိုင်း တွင် မပါ ဝင်ခဲ့သည့် အိမ်ထောင်စုတို့ ဖြစ် သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးက ”အခုတော့လည်း သူတို့ တွေပူးပေါင်းဆောင်ရွက်မှု ရှိလာ တယ်လို့ ဆိုရမှာပေါ့” ဟုပြောသည်။

ပြည်နယ်အတွင်းရှိ ရခိုင်တိုင်း ရင်းသားတို့က ရခိုင်ညီလာခံမှတစ်ဆင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြည် နယ်တွင်း၌ ဖော်ဆောင်ပေးပါရန် တောင်း ဆိုမှုမှတစ် ဆင့် ပေါ်ပေါက်လာခဲ့သောရခိုင်ပြည်နယ်အတွင်း စစ်ဆေးမှုတွင် လာရောက်လျှောက်ထားသည့်စောင် ရေ ၁ဝ၉၄ စောင်အထိရှိနေပြီဟု ဝန် ကြီးကပြောသည်။

အမျိုးသမီးတစ်ဦး လျှို့ဝှက်စွာရိုက်ကူးခဲ့သော ဗီဒီယိုတစ်ခုအရ IS များ ထိန်းချုပ်ထားရာ နယ်မြေတွင် အမျိုးသမီးများပါ လက်နက်ကိုင်ဆောင်ကာ သွားလာလျက်ရှိ

IS ထိန်းချုပ်ထားရာနယ်မြေမှ အမျိုးသမီးများ၏ဘ၀ကို ကမ္ဘာသို့သိစေလိုသော ဆီးရီးယား အမျိုးသမီး တစ်ဦးက IS များထိန်းချုပ်ထားပြီး လွန်ခဲ့သည့် မေလ မှစတင်ကာ အစ္စလာမ်မစ် ဥပဒေပြဌာန်းထားသော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ရပ်ကာ မြို့အတွင်းမှ အခြေအနေများကို လျှု့ဝှက်ရိုက်ကူးထားသော ဗီဒီယိုတစ်ခုထွက်ပေါ်လာရာ ၎င်းဒေသရှိ အမျိုးသမီးများမှာ လူ့အခွင့်အရေးများဆုံးရှုံးလျက်ရှိပြီး မိမိတို့၏အသက်အန္တရာယ်နှင့်အခြားအန္တရာယ်များမှ ကာကွယ်နိုင်ရန်အလို့ငှာ သေနတ်ကိုယ်စီဖြင့် လမ်းလျှောက်ထွက်နေရကြောင်း တွေ့ရသည်။

အပစ်ရပ်မူကြမ်းဆွေးနွေးပွဲ သုံးရက်မြောက်နေ့တိုင် တိကျသော သဘောတူညီချက်မရသေး

တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးပွဲ သုံးရက် ပြီးသည့်တိုင် တိကျသော သဘောတူညီချက်များ မရရှိသေးကြောင်း သတင်းရရှိသည်။

ကလေးငယ်တစ်ဦးမှ မိမိ ပြန်ပေးဆွဲခံနေရသည်ဟုဆိုကာ လုပ်ကြံဇာတ်လမ်းတစ်ခု ဖန်တီးမှုကြောင့် ရဲဝန်ထမ်းများအလုပ်ရှုပ်သွား

ရန်ကုန်၊ မိခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်း မှု မကြာခဏခံစားရသည့်အတွက် စိတ် ဖိစီးမှုများ ခံစားရလာသည်ဟုဆိုကာ ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးမှ မိမိ ပြန်ပေးဆွဲခံနေရသည်ဟုဆိုကာ လုပ်ကြံ ဇာတ်လမ်းတစ်ခုကို ဖန်တီးမှုကြောင့် ရဲ ဝန်ထမ်းများ အလုပ်ရှုပ်သွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂ဝ ရက် ညနေ ၅ နာရီအချိန်က စမ်းချောင်းမြို့နယ် ကျွန်း တောတောင်ရပ်ကွက် ဗားကရာလမ်းပေါ် ရှိ Sprit Market ၌ ပန်းဘဲတန်းမြို့နယ် နေ ဦး----- နှင့်မိသားစုသည် ကိုယ်ပိုင် ကားဖြင့်ဈေးဝယ်လာရာ ကားပေါ်၌ သမီးဖြစ်သူ မ----- အား ထားရှိခဲ့ပြီး ဈေး ဝယ်ပြီးနောက် ကားသို့ပြန်လာရာ သမီး ဖြစ်သူ ပျောက်ဆုံးနေသည်ကို သိရပြီး စမ်းချောင်းမြို့မရဲစခန်းသို့ လူပျောက် တိုင်တန်းခဲ့ကြောင်း သိရသည်။

သွေးသားရောင်းရန် ရှိသည် (အပိုင်း - ၁ )

နီနီရဲရဲ နှုတ်ခမ်းဆိုးဆေးများ၊ သနပ်ခါးအဖွေးသား နဲ့ အမျိုးသမီးတချို့၊ စကပ်တိုတို၊ ရွှေအိုရောင် ဆံစနဲ့ မိန်းမငယ်လေးတချို့၊ တချို့က နေလောင်အသားနဲ့။ သူတို့အားလုံးဟာ ရန်ကုန်မြို့ရဲ့နေရာ တော် တော် များများမှာ ကျင်လည်ကျက်စားကြပါတယ်။ နေ့ရော၊ ညပါ သူတို့ကို အဖော်ပြုမယ့်သူများအား မျှော်လင့် တကြီး ရှိကြပါတယ်။

ဆင်းရဲမှုကိုအကြောင်းပြု မိသားစုစားဝတ်နေရေးအ တွက် သူတို့ရဲ့ဘဝတွေကို ရင်းခဲ့ရသူများက အများစုဖြစ်တယ် လို့ ၁ဝနှစ်ကျော် ပြည့်တန်ဆာလောကကို ဖြတ်သန်းလာခဲ့ သူ မခရေ(အမည်လွှဲ)က ပြော ပါတယ်။ ပညာမတတ်တဲ့ သူတို့ရဲ့ဘဝတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း မည် မည်ရရမရှိတော့ ငွေရလွယ်တဲ့ ပြည့်တန်ဆာလောကကို သူမကိုယ်တိုင် ခြေချမိခဲ့တယ်လို့ဆိုပါတယ်။

မုတ္တမ အောင်သိဒ္ဓိဆရာတော်ရုပ်ကလာပ်မှ ဆံတော်များကို နှစ်စဉ်ရိတ်ပေးနေရဟုဆို

Photo: မုတ္တမ အောင်သိဒ္ဓိဆရာတော်ရုပ်ကလာပ်မှ ဆံတော်များကို နှစ်စဉ်ရိတ်ပေးနေရဟုဆို
=================================================

- ကိုငယ်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ(၁၀)၊ အမှတ် (၃၇)။

မုတ္တမ၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ် မုတ္တမမြို့ရှိ အောင်သိဒ္ဓိဆရာတော်ကြီး၏ မပုပ်မသိုးရှိနေသော ရုပ်ကလာပ်တော်မှဆံတော်များကို နှစ်စဉ်ရိတ်ပေးနေ ရကြောင်း မုတ္တမမြို့ခံတစ်ဦးက ပြောသည်။ ဆရာတော်သည် လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းက ပျံလွန်တော်မူသွားပြီး ကြွင်းကျန်သောရုပ်ကလာပ် တော်အား အများပြည်သူများဖူးမြော်ခွင့်ရနိုင်စေရန် မှန်စီရွှေချအခါင်းဖြင့် ထည့်ကာ အပူဇော်ခံထားခြင်းဖြစ်သည်။

မုတ္တမမြို့ ဝါရီရူးရပ်ကွက်တွင်နေထိုင်သည့် ကိုခင်မောင်က ''ဆရာတော် ကြီးရဲ့ရုပ်ကလာပ်ကို အများပြည်သူတွေကြည်ညိုလို့ရအောင် မှန်ခေါင်းထဲ ထည့်ပြီး အပူဇော်ခံထားတာ ၁ဝနှစ်လောက်ရှိနေပြီ။ ထူးခြားတာက ဆရာ တော်ရဲ့ရုပ်ကလာပ်တော်ဟာ ပျက်စီးခြင်းမရှိဘဲ အခုလို မပုပ်မသိုး အကောင်း ပကတိအတိုင်း ရှိနေတာပဲ။ ပြီးတော့ ဦးခေါင်းတော်ကနေ ဆံတော်တွေလဲ ထွက်ပေါ်နေလို့ နှစ်စဉ်နှစ်တိုင်း ဆံတော်တွေကို ပြန်ရိတ်ပေးနေရတယ်။ ပြီးတော့ လက်သည်းတော်၊ ခြေသည်းတော်တွေလဲ ရှည်ပြီးထွက်လာနေတယ်။ လက်သည်းတော်ကဆိုရင် ပိုရှည်ထွက်လာတယ်''ဟု ဆိုသည်။

အောင်သိဒ္ဓိဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် ၇ဝရှိ ကြောင်း သိရသည်။ ထို့ပြင် ဆရာတော်ကြီးသည် မုတ္တမတောင်ရိုးတစ်လျှောက် တွင် စေတီပုထိုးများစွာတည်ထားခဲ့သည့် သာသနာပြုဆရာတော်ကြီးတစ် ပါးဖြစ်သည်။ မုတ္တမတစ်ဖက်ကမ်း မောင်လမြိုင်မြို့၌နေထိုင်သည့် အငြိမ်း စား အလယ်တန်းပြကျောင်းဆရာမကြီးတစ်ယောက်ကလည်း ''ဆရာတော် ဘုရားကြီးရှိတုန်းက မုတ္တမ-မော်လမြိုင်တံတားမရှိသေးတော့ ဆရာမကြီးတို့ က သင်္ဘောစီးပြီး တကူးတက သွားဖူးကြရတယ်။ ဆရာတော်ကြီးက ကျောင်း မှာ အေးအေးချမ်းချမ်း သီတင်းသုံးတယ်။ တရားထိုင်တယ်။ လာဖူးတဲ့တပည့် တွေကလဲ ဆရာတော်ကြီးကိုမြင်ရတာနဲ့ စိတ်နှလုံးအေးချမ်းတာကို ခံစားရ တယ်။ အခုလဲ မပုပ်မသိုးရှိနေတဲ့ရုပ်ကလာပ်ကိုဖူးမြင်ရတော့ အရင်ဆရာတော် သက်ရှိထင်ရှားရှိစဉ်အခါတုန်းကလိုပဲ ခံစားရတယ်''ဟု ပြောသည်။

အောင်သိဒ္ဓိဆရာတော်ဘုရားကြီးပျံလွန်တော်မူခြင်း ၁ဝ နှစ်ပြည့်ရုပ်က လာပ်တော်ပူဇော်ပွဲသဘင်ကို လာမည့်ရက်(၅.၁ဝ.၂ဝ၁၄)တွင် ဆရာတော် ကြီး၏ ဂူဗိမာန်တည်ထားကိုးကွယ်ရာ ကျောင်းတိုက်ကြီးအတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း လက်ရှိကျောင်းထိုင်ဆရာတော် ဦးနန္ဒိယက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ မိန့်ကြားခဲ့သည်။

#TheYangonTimes
မုတ္တမ၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ် မုတ္တမမြို့ရှိ အောင်သိဒ္ဓိဆရာတော်ကြီး၏ မပုပ်မသိုးရှိနေသော ရုပ်ကလာပ်တော်မှဆံတော်များကို နှစ်စဉ်ရိတ်ပေးနေ ရကြောင်း မုတ္တမမြို့ခံတစ်ဦးက ပြောသည်။ ဆရာတော်သည် လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းက ပျံလွန်တော်မူသွားပြီး ကြွင်းကျန်သောရုပ် ကလာပ် တော်အား အများပြည်သူများဖူးမြော်ခွင့်ရနိုင်စေရန် မှန်စီရွှေချအခါင်းဖြင့် ထည့်ကာ အပူဇော်ခံထားခြင်းဖြစ်သည်။

အဖြေလွှာပျောက်ဆုံးသွားသည့်ကျောင်းသားများအား ဂုဏ်ထူးမှတ်ဖြင့် အောင်မြင်မှုပေးသည်ဆိုခြင်းမှာ မဟုတ်မှန်ဟု ဒုဝန်ကြီးပြော

ရန်ကုန်၊ ကလေးမြို့နယ် နည်းပညာတက္က သိုလ်မှ အဖြေလွှာပျောက်ဆုံးသွားသည့် ကျောင်းသားများအား ဂုဏ်ထူးမှတ်ဖြင့် အောင်မြင်မှုပေးသည်ဆိုခြင်းမှာ မမှန် ကန်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာဘရွှေ က ပြောကြားလိုက်သည်။

ကလေးမြို့ နည်းပညာတက္ကသိုလ် ကိစ္စကိုဖြေရှင်းရန် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ ဘရွှေ၊ စက်မှု၊ သက်မွေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့က စက်တင်ဘာ ၂ဝရက်တွင် ယင်းကျောင်းသို့ ရောက် ရှိကာ ကျောင်းသားများ၊ ကျောင်းအာ ဏာပိုင်အဖွဲ့အစည်း

ချစ်သူကို ချစ်လွန်းလို့ အုတ်ဂူက အလောင်းကို အိမ်ပြန်သယ်သတဲ့

လက်ရှိ နိုင်ငံတကာ လူမူ ကွန်ရက်မှာ နာမည်ကြီးနေတဲ့ သတင်း ဓာတ်ပုံ တစ်ခု ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ လူငယ် တစ်ဦးဟာ အုတ်ဂူထဲက သူ့ရဲ့ ချစ်သူ အမျိုးသမီး အလောင်းကို ပြန်တူးဖော်လို့ အိမ်ပြန် သယ်တယ် ဆိုတဲ့ သတင်း ဖြစ်ပါတယ်။

ပုံထဲက ကာယကံရှင် မဟုတ်ပဲ သူ့သူငယ်ချင်းက ဝဘ်ဆိုဒ်ပေါ် တင်ခဲ့ခြင်း ဖြစ်ပြီး ကြည့်ရှု သိန်းပေါင်းများစွာ ရှိစေခဲ့ ပါတယ်။ ဓာတ်ပုံရဲ့ caption မှာလည်း သေဆုံး သွားတဲ့ ချစ်သူကို လက်လွတ်မခံပ အုတ်ဂူကနေ လူမသိသူမသိ ပြန်တူးဖော်လို့ အိမ်ပြန်သယ်တယ်လို့ ရေးထားပါတယ်။ ဒီအတွက် စစ်ဆေးမှုများကိ ပြုလုပ်နေ ပါပြီ။ လူအချို့ရဲ့ ခန့ှ်မှန်းချက် အရ ကတော့ ဒါဟာ အစစ် မဟုတ်ပဲ တမင် စနောက်လို့ တင်ထားတဲ့ ပုံ ဖြစ်ကြောင်းလည်း ဆိုပါတယ်။ အိပ်ပျော်နေတဲ့ အမျိုးသမီးနဲ့ အတူ ရိုက်ထားတဲ့ ပုံသက်သက် ဖြစ်ကြောင်းလည်း အချို့က ဆိုကြ ပါတယ်။

သွေးသားရောင်းရန် ရှိသည် (အပိုင်း - ၂ )

ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်း၊ သိမ်ကြီးဈေးနဲ့ လသာ (တရုတ်တန်း)တစ်ခွင်မှာ ကျင်လည် ကျက်စားနေတဲ့ နှင်းဆီ လေး(အမည်လွှဲ)ကတော့ သူမရဲ့အတွေ့အကြုံကို အခုလို ပြောပြ ပါတယ်။

''ကျွန်မက ဧရာဝတီတိုင်းကလာတာပါ။ အဖေအမေ နဲ့ မောင်တစ်ယောက်က နာဂစ်မှာပျောက်သွားတယ်။ အခု ကျွန်မနဲ့ ညီမအငယ်တစ်ယောက်ရှိတယ်။ သူကတော့ လှိုင် သာယာမှာ အဆင်ပြေသလို အလုပ်လုပ်နေတယ်။ ကျွန်မ ကတော့ အခုမြင်တဲ့အတိုင်းပဲ။ နာဂစ်ဖြစ်တုန်းက ကျွန်မ ကိုးတန်းပေါ့။ အဲဒါပြီးတော့ ကျွန်မ ကျောင်းဆက်မတက်နိုင် တော့ဘူး။ နောက်ပိုင်း ရန်ကုန်ကိုရောက်လာပြီး လှိုင်သာ ယာစက်မှုဇုန်မှာ ရတဲ့အလုပ်တစ်ခု ဝင်လုပ်တယ်။ ဒါပေမဲ့ စားမလောက်တော့ အဲဒီက အသိအစ်မကြီးတစ်ယောက် အဆက်နဲ့ တရုတ်တန်းက ကေတီဗွီတစ်ခုမှာဝင်လုပ်ရင်း နောက်ဆုံး ဒီဘဝရောက်သွားတာပဲ''ဟု သူမဘဝအကြောင်း ကို ရှင်းပြပါတယ်။

ပိုးအိအိစက် ရဲ့ အလှဓါတ်ပုံများ

Poe Ei Ei Set Photos by Demo Htein Photography

ထူးဆန်းအံ့သြဖွယ်

 ဂျက်လီသည် အက်ရှင်မင်းသားဖြစ်၍
ဂျီလတ်သည် အဆိုတော် ဖြစ်သည်။

မင်းလူသည် စာရေးဆရာဖြစ်ပြီး
လူမင်းသည် သရုပ်ဆောင် ဖြစ်သည်။

လွင်မိုး၏ အမည်ရင်းမှာ မိုးလွင်ဖြစ်ပြီး
မေဆွိကို သူငယ်ချင်းများက မိဆွေဟု ခေါ်ကြသည်။
သို့ သော် သိုးဆောင်း၏ အမည်ရင်းမှာ
သောင်းစိုး မဟုတ်ပါ။

တင်းတိပ်ကို သဘာဝနည်းနဲ့ ကုမယ်

Photo: တင်းတိပ်ကို သဘာဝနည်းနဲ့ ကုမယ် 
Thursday, September 25, 2014

အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာဝဆေးနည်းများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါတယ်။

(၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့်ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ စိတ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံးဝ ပျောက်ပါမည်။

(၂) ကွမ်းရွက်ကို ၃ ရွက်ခန့်ကို ပါးပါးလှီး၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင်ပြုတ်ကာ ၄င်းကွမ်းပြုတ်ရည်ကို သဘာဝပျားရည်စစ်စစ် ၂ ဇွန်းခန့်ရောစပ်၍ အဖုံးလုံးသော ပုလင်းထဲထည့်ကာ နှပ်ထားပါ။ လိမ်းခါနီး မျက်နှာကို သန့်စင်၍ မနက်နှင့်ည တစ်ရက်ကို နှစ်ကြိမ် လိမ်ပေးပါ။

(၃) ကြက်သွန်နီကို ထောင်း၍၄င်း၊ ကြိတ်၍၄င်း အရည်ညစ်ယူ၍ ရှာလကာရည်အနည်းငယ်နှင့် ရောစပ်ကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ (၄) သိန္ဓောဆားကို ဆန်စေ့ နှစ်စေ့ခန့်ယူ၍ တစ်ခါလိမ်းစာ သနပ်ခါးနှင့် ရောစပ်ကာ ညစဉ်လိမ်း၍ အိပ်ယာဝင်ပါ။

(၅) နွင်းတစ်တက်ကို ရေစင်အောင်ဆေးကျောကာ နွားနို့အနည်းငယ်နှင့် သွေးပြီး တင်တိပ်ပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။

(၆) နံနံစေ့ကို ပြုတ်၍ ၄င်းဆေးရည်ဖြင့် မျက်နှာပေါ်ကို ညစဉ် လိမ်းပေးပါက တင်းတိပ်၊ ၀က်ခြံ၊ မှဲ့ခြောက်၊ ဆားဝက်ခြံများကို ပျောက်ကင်းစေပါသည်။

(၇) ထောပတ်သီး၏ အစေ့ကို နေရိပ်တွင် အခြောက်ခံ၍ ရေအေးနှင့်သွေးကာ သနပ်ခါးလိမ်းသကဲ့ ညစဉ်လိမ်းအိပ်နိုင်ပါသည်။

(၈) အုန်းမှုတ်ခွက်အခွံကို သံပုရာရည်နှင့်သွေးကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ အနည်းငယ် စပ်သော်လည်း သည်းခံ၍ တစ်လခန့် ညစဉ်လိမ်းပေးလျှင် တင်းတိပ်လုံးဝအရှင်း ပျောက်ကင်းပါမည်။

(၉) ဖရဲသီးအောက်ခံအဖြူသားကို ပါးပါးလှီး၍ မျက်နှာစင်ကြယ်အောင် ဆေးကျောပြီးလျှင် နာရီဝက်ခန့် မျက်နှာပေါ်မှာ တင်ထားပေးပါ။ ဖရီးသီးမှ သဘာဝဓါတ်က တင်းတိပ်ရောဂါကို စုပ်ထုတ်ပေးနိုင်စွမ်းရှိပါသည်။

(၁၀) ကျောက်ချဉ်ကို မုန်ညှင်းစေ့တစ်စေ့ခန့် သနပ်ခါးနှင့်သွေးကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးပါ။ တင်းတိပ်ပျောက်၍ မျက်နှာအရေပြားချောမွတ်ကာ ၀င်းပလာပါလိမ့်မည်။ မြင်သူ တကာ ငေးယူလောက်တဲ့ မျက်နှာအလှပိုင်ရှင်လေး များ ဖြစ်နိုင်ကြပါစေ။

ဆောင်းပါးရှင် - စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ရိုးရာတိုင်းရင်းဆေး၊ ကျော်တင့်ဆွေ
အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာဝဆေးနည်းများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါတယ်။

(၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့်ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ စိတ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံးဝ ပျောက်ပါမည်။

အမေရိကန်တွင် လူအုပ်အတွင်း ပစ်ခတ်မှု ၁၄ နှစ်အတွင်း လူ ၄၈၆ ဦး သေဆုံး

Photo: အမေရိကန်တွင် လူအုပ်အတွင်း ပစ်ခတ်မှု ၁၄ နှစ်အတွင်း လူ ၄၈၆ ဦး သေဆုံး
Thursday, September 25, 2014

အမေရိကန်နိုင်ငံအတွင်း လူအုပ်ကို ပစ်ခတ်မှုတွေ ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်း ၂ ဆကျော် တိုးလာပြီး ပစ်ခတ်မှု ၁၆၀ မှာ လူ ၄၈၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်)ရဲ့ သုံးသပ်ချက်က ဆိုကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။

လူအုပ်ကို ပစ်ခတ်မှု ၄၆ ရာခိုင်နှုန်းက စီးပွားရေးရပ်ဝန်းမှာ ဖြစ်ပြီး ၂၄ ရာခိုင်နှုန်းက ကျောင်းတွေမှာ ဖြစ်တာပါ။

ဒီပစ်ခတ်မှုတွေဟာ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်ဂိုဏ်းတွေ၊ မူးယစ်ဆေးသုံးမှုတွေနဲ့လဲ တိုက်ရိုက်မဆိုင်ဘူးလို့ ဆိုပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ယူနိုက်တက်ပါဆယ်ဆားဗစ် နိုင်ငံတကာ ကော်ပိုရေးရှင်းရဲ့ အလာဘားမားပြည်နယ် ဘာမင်ဟမ်မြို့က ဖြန့်ချီရေးဌာနမှာ အလုပ်လုပ်တဲ့ အမျိုးသားတယောက် အလုပ်ထုတ်ခံရလို့ သူအထက်က ကြီးကြပ်သူ ၂ ယောက်ကို သေနတ်နဲ့ ပစ်သတ်အပြီး သူကိုယ်သူ သတ်သေမှု ဖြစ်ခဲ့ပါတယ်။

ပစ်ခတ်သူအများအပြားက အရင်က ဖြစ်ဖူးတဲ့ ထင်ရှားတဲ့ ပစ်ခတ်မှုတွေကို လေ့လာခဲ့ကြတယ်လို့လဲ ရဲတွေက မှတ်တမ်းတင်ထားပါတယ်။

ဖြစ်ရပ် ၄၀ ရာခိုင်နှုန်းမှာ သေနတ်သမားတွေက နောက်ဆုံးမှာ သူတို့ကိုယ်သူတို့ ပစ်သတ်တာက ဖြစ်နေကျလို့ အက်ဖ်ဘီအိုင်က သုံးသပ်ပါတယ်။

ရဲက ပစ်ခတ်သူကို ပစ်သတ်ရတာက ၁၃ ရာခိုင်နှုန်းပါ။ ပစ်ခတ်မှု ၁၃ ရာခိုင်နှုန်းမှာ လက်နက်မဲ့ ဘေးလူတွေက ရဲမရောက်လာခင် ပစ်ခတ်သူတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ရဲတွေရော အရပ်သားတွေက ပစ်ခတ်မှုတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့ သင်တန်းတွေကနေ အကျိုးကျေးဇူးရလိမ့်မယ်လို့ အက်ဖ်ဘီအိုင်က အဆိုပြုထားပါတယ်။

ဒီလို သင်တန်းတက်ထားရင် ခြိမ်းခြောက်မှုအနေအထားကို သာမက ပစ်ခတ်မှုတွေ ကြောင့် ရနိုင်တဲ့ ဘေးအန္တရာယ်နဲ့ ရွေးစရာတွေကိုပါ နားလည်လာမယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။

DVB
အမေရိကန်နိုင်ငံအတွင်း လူအုပ်ကို ပစ်ခတ်မှုတွေ ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်း ၂ ဆကျော် တိုးလာပြီး ပစ်ခတ်မှု ၁၆၀ မှာ လူ ၄၈၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်)ရဲ့ သုံးသပ်ချက်က ဆိုကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။

လူအုပ်ကို ပစ်ခတ်မှု ၄၆ ရာခိုင်နှုန်းက စီးပွားရေးရပ်ဝန်းမှာ ဖြစ်ပြီး ၂၄ ရာခိုင်နှုန်းက ကျောင်းတွေမှာ ဖြစ် တာပါ။

ဒီပစ်ခတ်မှုတွေဟာ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်ဂိုဏ်းတွေ၊ မူးယစ်ဆေးသုံးမှုတွေနဲ့လဲ တိုက်ရိုက်မဆိုင်ဘူးလို့ ဆိုပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ယူနိုက်တက်ပါဆယ်ဆားဗစ် နိုင်ငံတကာ ကော်ပိုရေးရှင်းရဲ့ အလာဘားမားပြည်နယ် ဘာမင်ဟမ်မြို့က ဖြန့်ချီရေးဌာနမှာ အလုပ်လုပ်တဲ့ အမျိုးသားတယောက် အလုပ်ထုတ်ခံရလို့ သူအထက်က ကြီးကြပ်သူ ၂ ယောက်ကို သေနတ်နဲ့ ပစ်သတ်အပြီး သူကိုယ်သူ သတ်သေမှု ဖြစ်ခဲ့ပါတယ်။

ပြည်တွင်းသတင်း

Photo

လေဖြတ်ရောဂါ၏ ရှေ့ပြေးလက္ခဏာများ

လေဖြတ် ရောဂါ သည် လူဖြစ် ရှုံးနေရ သည့် အနေ အထား မျိုးဖြင့် ဝေဒနာ ခံစား ရလေ့ ရှိတတ် ရာ စီးပွားရေး ဆောင်ရွက် နိုင်မှု၊ လူမှု ပေါင်းသင်း ဆက်ဆံမှု တို့တွင် ဆုံးရှုံးမှု များ ဖြင့်သာ ရင်ဆိုင် ကြုံတွေ့ ကြ ရသည်။ ဆီးချုပ်၊ ဝမ်းချုပ်၊ လေချုပ် ကာ ပထဝီ လွန်ခြင်း တို့ နှင့်အအေး ပတ်ခြင်း၊ ခေါင်းကိုက် ခြင်း၊ ချွေးမ ထွက်ခြင်း၊ ချွေးငုပ် ခြင်း တို့ အဖြစ်များ ရာက လေဖြတ် ခြင်း အဆင့်သို့ ရောက် ကြရ သည် ဟု မြန်မာ တိုင်းရင်း သမားတော် များက ဆိုကြသည်။ လေဖြတ် ခြင်း မခံရ လေအောင် ကြိုတင် သတိမူ ကာ ပြုပြင် ရှောင်ရှား သင့်ကြ သည့် အချက် အလက်များ ရှိပါ သည်။

ဦးရွှေမန်းကို သမ္မတအဖြစ် ဒီချုပ် ထောက်ခံမည်ဟု နိုင်ငံခြားသတင်းဌာန ရေးသားချက်ကို ငြင်းဆို

ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက သမ္မတအဖြစ် ထောက်ခံ မည်ဆိုသည့် ရိုက်တာသတင်း ဌာန၏ သတင်းမှာ မဟုတ်မှန် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ငြင်းဆိုလိုက် သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ရှေ့နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ သမ္မတရာထူးနေရာ ပါဝင်ယှဉ် ပြိုင်မည် မဟုတ်ဘဲစစ်တပ်ကျောထောက်နောက်ခံပြုပါတီမှ ဗိုလ်ချုပ်ဟောင်း တစ်ဦးကို ထောက်ခံနိုင်ဖွယ် ရှိသည်ဟု ရိုက်တာသတင်းဌာနက စက်တင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ သတင်းတွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ‘‘သမ္မတလောင်းသည် NLD ပါတီဝင်ဖြစ်ရန်မလိုဘဲ ကျွန်တော်တို့နှင့် အမြင်ချင်းတူညီရန်သာလိုသည်ဟု ပြောကြားထားပြီး အရေးကြီးသည့်အချက်မှာ သမ္မတအဖြစ် ကျွန်တော်တို့ လက်ခံနိုင်မည့်သူဖြစ်ရန်နှင့် ကျွန်တော်တို့အတွက် ဒီအချက်သည် လုံလောက်ပါသည်’’ဟု ဖော်ပြထားသည်။

ဓမ္မစေတီ ခေါင်းလောင်းရှာဖွေမှု ယဉ်ကျေးမှု ဝန်ကြီးအားမပေး

Damazaydi
ရန်ကုန် (မဇ္ဈိမ)။ ။ ဓမ္မစေတီ ခေါင်းလောင်း ရှိသည်ဟု တိကျသော သုတေသနမှတ်တမ်းများ မရှိ၍ ရှာဖွေမှုကို အားပေးခြင်း မရှိဟု ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောသည်။

၂၀၁၄ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမှု လုပ်ငန်းခွင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
စက်တင်ဘာ ၂၄ ရက်၌ ရန်ကုန်မြို့၊ အမျိုးသားပြတိုက်တွင် ပြုလုပ်သော မြန်မာနိုင်ငံအာဆီယံ လူမှုရေး ယဉ်ကျေးမှု အသိုက်အ၀န်းကောင်စီနှင့် မီဒီယာတွေ့ဆုံပွဲ၌ စာနယ်ဇင်းများ၏ မေးမြန်းမှုကို ဖြေကြား လိုက် ခြင်းဖြစ်သည်။

သိန္နီမြို့နယ် ရဲတပ်ဖွဲ့မှူး နားထင်ကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်

သိန္နီမြို့နယ်ရဲတပ်ဖွဲ့ရုံးအ တွင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးက မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၄ ရက် နံနက်၃ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူး ဦး ၀င်းမြင့်သည် ၎င်းကိုင်ဆောင် ထားသော သေနတ်ဖြင့်နားထင်ကို တေ့ပစ်ကာ အဆုံးစီရင်သွားခြင်း ဖြစ်သည်။ သေနတ်ဒဏ်ရာဖြင့် ညည်း ညူနေသည့် ရဲတပ်ဖွဲ့မှူးအား အပြင်မှ ပြန်ရောက်လာသော သားဖြစ်သူက တွေ့ရှိရာမှ အော် ဟစ်အကူအညီတောင်းသဖြင့် စခန်းရုံးတာဝန်ရှိသူများ ရောက် ရှိလာပြီး ဆေးရုံသို့ပို့ဆောင်ပေး ခဲ့သော်လည်း နာရီပိုင်းအတွင်း သေဆုံးသွားခြင်းဖြစ်သည်။

ဓမ္မစေတီခေါင်းလောင်းကို ဦးဆောင်ဆယ်ယူရန် အစီအစဉ်မရှိဟု ယဉ်ကျေးမှုဝန်ကြီးဌာန ပြော

ရှေးဟောင်းဓမ္မစေတီ ခေါင်းလောင်းရှာဖွေမှုလုပ်ငန်းကို ယဉ်ကျေးမှုဝန်ကြီးဌာန ဦးဆောင်ဆယ်ယူမည့် အစီအစဉ်မရှိဘဲ ရှာဖွေသည့်အဖွဲ့များကို စောင့်ကြည့်အားပေးမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီး ဌာနပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်ကြူက ပြောသည်။ ‘‘ရှာမယ့်သူကို ခွင့်ပြုပါ တယ်။ မဖြစ်နိုင်ဘူးလို့ မပြောပါ ဘူး။ သမိုင်းအမွေအနှစ်ကို ထိန်း သိမ်းချင်ပါတယ်။ စောင့်ကြည့် အားပေး တယ်။ နောက်ကပဲအားပေးပါတယ်’’ဟု ၀န်ကြီးကဆို သည်။

ဘင်္ဂလားဒေ့ရှ်ရှိ ရခိုင်သုံးသိန်းကျော်ကို ပြန်ခေါ်ရန် YMBA စီစဉ်နေဟုဆို

ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်ဒုက္ခသည် သုံးသိန်းကျော်ကို ပြန်ခေါ်ရန် ဆောင်ရွက်နေကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA (ရွှေပြည်သာရုံးခွဲ)မှ သတင်းရရှိသည်။

လက်ရှိအချိန်တွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၌ ရှိနေကြသည့် ရခိုင်သုံးသိန်းကျော်မှာ စီးပွားရေး လုပ်ကိုင်စားသောက်ရာတွင် ထွက်ကုန်အပေါ် ဈေးနှိမ်ခံရခြင်း၊ ကလေးသူငယ်များ ကျောင်းထားပါကလည်း ၎င်းတို့ဘာသာ နာမည်များ ပေးခိုင်းခြင်းနှင့် ခြိမ်းခြောက်မှုများ ရှိနေခြင်းစသည့် အခက်အခဲ များဖြင့် တွေ့ကြုံနေ ရခြင်းကြောင့် ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ ပြန်ခေါ်ရခြင်းဖြစ်သည်။

နိုင်ငံတကာသတင်း

Photo

အဂတိကြောင့်ရသည့် ငွေကြေးနှင့် ပစ္စည်းများကို သိမ်းဆည်းရန် နည်းဥပဒေမူကြမ်းတွင် ထည့်သွင်း

အဂတိလိုက်စား မှုကြောင့် ကြွယ်ဝချမ်းသာလာ သော ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ရန် အဂတိလိုက်စားမှု တိုက်ဖျက် ရေး နည်းဥပဒေမူကြမ်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း သတင်းရရှိသည်။

ကော်မရှင်စတင်ဖွဲ့စည်းခဲ့ သည့် ယခုနှစ် မတ်လ ၁၀ ရက်မှ စ၍ နည်းဥပဒေကို ဥပဒေပညာ ရှင်များနှင့် ပူးပေါင်းရေးဆွဲထား ကာ သြဂုတ်လအတွင်းက ဥပဒေအကြံပြုချက် ရရှိရန် ရှေ့နေ ချုပ်ရုံးသို့ တင်ပြတောင်းခံထားသော ကြောင့် မကြာမီအချိန်အတွင်း နည်းဥပဒေကို ပြဋ္ဌာန်းနိုင်မည်ဖြစ် သည်ဟု အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြ ၀င်းက ဆိုသည်။

အလှမယ်လေး ဟန်သီ

Han Thi  photos,Han Thi   Miss Supranational Myanmar 2014

ဆိုင်ကယ်အရစ်ကျဈေးကွက် ဖွံ့ဖြိုးလာမှုကြောင့် အင်္ဂပူ၌ ဆိုင်ကယ်စီးသူ ပိုမိုများလာ

ဆိုင်ကယ်အရစ်ကျဈေးကွက် ဖွံ့ဖြိုးလာမှုကြောင့် အင်္ဂပူ၌ ဆိုင်ကယ်စီးသူ ပိုမိုများလာ
======================================================

ရန်ကုန်၊ စက်တင်ဘာ ၂၃။

ဧရာ ဝတီတိုင်းဒေသကြီး  အင်္ဂပူမြို့နယ် တွင် ဆိုင်ကယ်အရစ်ကျရောင်းချမှု များရှိလာသည့်အတွက် ဒေသတွင်း ၌ ဆိုင်ကယ်စီးသူပိုမိုများပြားလာသည်ဟု သိရသည်။

ယင်းသို့ ဆိုင်ကယ်အရစ်ကျ ရောင်းချခြင်းကို  ၂ဝ၁၄ခုနှစ် ဇန်န ဝါရီလတွင် စတင်ရောင်းချခဲ့ခြင်း ဖြစ်ပြီး မိုးစပါးနှင့် နွေစပါးပေါ်ချိန် တို့တွင် အရောင်းအဝယ် ပိုမိုဖြစ် ကြောင်း သိရသည်။

 ''ကျွန်တော်တို့ဆီမှာ အရင် တုန်းက ဆိုင်ကယ် စီးနိုင်တဲ့သူဆို တာ တော်တော်လေး အဆင်ပြေမှ စီးနိုင်ကြတာ။ အခုတော့ ကျွန်တော့် ပတ်ဝန်းကျင်မှာဆိုရင် အိမ်တိုင်းလို လို စီးနိုင်နေကြပြီ။ အရစ်ကျစနစ် နဲ့ ဆိုင်ကယ်ရောင်းတာတွေရှိလာ လို့ပါ၊ အခုဆို အလုပ်အကိုင်သာမန် အနေအထားရှိတဲ့သူတွေလဲ စီးနိုင် နေပြီ''ဟု အင်္ဂပူမြို့နယ် မဲဇလီကုန်း မြို့ခံ ကိုကျော်သူဝင်းက ပြောသည်။

ဆိုင်ကယ်များအား အရစ်ကျ ဝယ်ယူမည်ဆိုပါက အိမ်ထောင်စု စာရင်းနှင့် ဝယ်ယူသူအား ထောက် ခံပေးမည့် သူတစ်ဦး လိုအပ်ကာ ဆိုင်ကယ်တန်ဖိုးတစ်ဝက်ကို လက် ငင်းပေးချေပြီး ကျန်ငွေအား ခြောက် လ (သို့) တစ်နှစ်အရစ်ကျပေးချေရ ကြောင်း သိရသည်။

''ဆိုင်ကယ်ဝယ်တဲ့သူတွေက တရုတ်ဘီးတွေဖြစ်တဲ့ Luojia နဲ့ Kenbo အမျိုးအစားတွေ အများ ဆုံး ဝယ်ကြတယ်။ စရောင်းကာစ ဆိုရင် တစ်လကို ငါးစီးလောက်ပဲ ရောင်းရပေမယ့် အခုဆို တစ်လ ၁၅ စီးလောက်တောင် ရောင်းရတယ်။စပါးပေါ်ချိန်လောက်ဆိုရင် ပိုပြီး ရောင်းရတယ်''ဟု မဲဇလီကုန်းမြို့မှ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင် သူ ကိုကျော်စွာလင်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးသို့ ပြည်မြို့နှင့် ပဲခူးမြို့မှတစ်ဆင့် ဆိုင် ကယ်များ ဝင်ရောက်ခြင်းဖြစ်ပြီး ယခင်က ပြည်မြို့ နှင့် ပဲခူးမြို့များသို့ ဆိုင်ကယ်များသွားရောက် ဝယ်ယူ ကြရပြီး ယခုနောက်ပိုင်းတွင်မူပြည် နှင့် ပဲခူးသို့ သွားရောက် ဝယ်ယူသူ နည်းပါးလာကာ အင်္ဂပူမြို့နယ်တွင် သာ အရစ်ကျဝယ်ယူမှုများ ရှိလာ ကြောင်း သိရသည်။

လက်ရှိ မဲဇလီကုန်းမြို့တွင် တရုတ်ဆိုင်ကယ် အသစ်တစ်စီးလျှင် ပျမ်းမျှကျပ် ငါးသိန်းခွဲဝန်းကျင်ရှိ ပြီး အဟောင်းဆိုပါက တစ်စီးလျှင် ကျပ်သုံးသိန်းမှ လေးသိန်းဝန်းကျင် ရှိကြောင်း သိရသည်။ 

BBT(MMK)

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
ဧရာ ဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် တွင် ဆိုင်ကယ်အရစ်ကျရောင်းချမှု များရှိလာသည့် အတွက် ဒေသတွင်း ၌ ဆိုင်ကယ်စီးသူပိုမိုများပြားလာသည်ဟု သိရသည်။
ယင်းသို့ ဆိုင်ကယ်အရစ်ကျ ရောင်းချခြင်းကို ၂ဝ၁၄ခုနှစ် ဇန်န ဝါရီလတွင် စတင်ရောင်းချခဲ့ခြင်း ဖြစ်ပြီး မိုးစပါးနှင့် နွေစပါးပေါ်ချိန် တို့တွင် အရောင်းအဝယ် ပိုမိုဖြစ် ကြောင်း သိရသည်။
''ကျွန်တော်တို့ဆီမှာ အရင် တုန်းက ဆိုင်ကယ် စီးနိုင်တဲ့သူဆို တာ တော်တော်လေး အဆင်ပြေမှ

၁၅၀၀ တန်ဆင်းကတ် နယ်မြို့တချို့တွင် လိုင်းမမိ

မန်မာ ဆက်သွယ်ရေး လုပ်ငန်း (အမ်ပီတီ)က ၁၅၀၀ တန် ဆင်းကတ်တွေကို ရောင်းချ ပေးနေပေမယ့် တာ ၀ါတိုင်တွေ ထပ်မံ ထောင်ပေးခြင်း မရှိတဲ့အတွက် ဒီ ဆင်းကတ်တွေဟာ တချို့ ပြည်နယ်တွေမှာ ဆက်သွယ် လို့ မရဘူးလို့ အသုံးပြု သူတွေက ပြောပါတယ်။
ချင်း၊ ကယားနဲ့ ရခိုင်ပြည်နယ် တွေမှာတော့ ၁၅၀၀ ဆင်းကတ်တွေ ရောင်းချနေပေမယ့် မြို့အချို့မှာသာ ဆက်သွယ်လို့ ရပြီး နေရာအတော်များများမှာ လိုင်းမမိ တဲ့ ပြဿနာကို ရင်ဆိုင်ရတယ်လို့ ဒေသခံတွေကပြော ပါတယ်။

IS အဖွဲ့ကို ချေမှုန်းရန် နှစ်ချီကြာမည်

IS BBC
အစ္စလာမ္မစ်နိုင်ငံတော် IS အုပ်စုကို ချေမှုန်းရန် နှစ်များစွာ အချိန်ယူရမည်ဟု အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် တစ်ဦးက ပြောကြားလိုက်သည်ဟု စက်တင်ဘာလာ ၂၄ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းအဖွဲ့၏ ကို တိုက်ခိုက်ရာတွင် သဘောတူ ပါဝင်သည့် နိုင်ငံ ၅၀ ကျော်ရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ပြောခဲ့ပြီးနောက် ဗိုလ်ချုပ်ဂျွန်ကာဘေးက ယခုကဲ့သို့မှတ်ချက်ပြုခြင်းဖြစ်သည်။

ရိုက်တာသတင်းဌာန၏ ဖော်ပြချက် ဒီချုပ်ငြင်းဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို သမ္မတ အဖြစ် ထောက်ခံမည်ဆိုသည့် ရိုက်တာသတင်းဌာန၏ သတင်းမှာ မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ငြင်းဆိုလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် နောက်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သမ္မတရာထူးကို ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဘဲ စစ်တပ်ကျောထောက်နောက်ခံပြုပါတီမှ ဗိုလ်ချုပ်ဟောင်း တစ်ဦးကို ထောက် ခံနိုင်ဖွယ် ရှိသည်ဟု ရိုက်တာသတင်းဌာနက စက်တင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီးမှ အောင်မြင်ခဲ့သူ

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးမှာ အောင်မြင်ခဲ့တဲ့ လူသား တစ်ယောက် အကြောင်းကိုပြောပြချင်ပါတယ်။

သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-

(၅) နှစ်သားအရွယ်မှာ သူ့ဖခင်ရုတ်တရက်ကွယ်လွန်သွားခဲ့
တယ်။
ဖခင်မရှိတော့တဲ့နောက်ပိုင်း သူ့မိခင်က အလုပ်ထွက်လုပ်ခဲ့ရတယ်။

(၁၂) နှစ်သားအရွယ်မှာ သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက်တယ်။
သူ့ပထွေးရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကို နောက်ကွယ်မှာခံခဲ့ရတယ်။

ပြည်ခိုင်ဖြိုးပါတီဝင်အချို့ ဦးဆောင်၍ အင်အား ၁၀၀ ခန့်က သမ္မတဦးသိန်းစိန်အား ထောက်ခံကြောင်း မန္တလေးမြို့တွင် ဆန္ဒပြ

ပြည်ခိုင်ဖြိုးပါတီဝင်အချို့ ဦးဆောင်၍ အင်အား ၁ဝဝ ခန့်က သမ္မတဦးသိန်းစိန်အား ထောက်ခံကြောင်း ဆန္ဒပြပွဲတစ်ခု မန္တလေးမြို့တွင် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်အား ထောက်ခံဆန္ဒပြမှုကို တရားဝင်ခွင့်ပြုမိန့်ဖြင့် မန္တလေးမြို့ ၆၂ လမ်း မနော်ရမ္မံဥယျာဉ်ရှေ့ရှိ ပြည်သူ့ဟစ်တိုင်နေရာ၌ စက်တင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီဝန်းကျင် အချိန်ခန့်က လူအင်အား ၁ဝဝ ခန့်မှ တုံ့ပြန်ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အလုပ်လက်မဲ့နှုန်း အတိအကျရရှိရန် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ILO ၏အကူအညီဖြင့် လုပ်သားအင်အားစစ်တမ်း ကောက်ယူမည်

အလုပ်လက်မဲ့နှုန်းနှင့်ပတ်သက်၍ မှန်ကန်တိကျသည့် ကိန်းဂဏန်းများရရှိရန်အတွက် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ၏အကူအညီဖြင့် လုပ်သားအင်အား စစ်တမ်းတစ်ရပ်ကို ကောက်ယူသွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးဒေါ်လဲ့လဲ့သိန်းက စက်တင်ဘာ ၂၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။

အနုပညာသတင်း

Photo: ၂၅-၉-၂၀၁၄ (ကြာသပတေးနေ့)ထုတ် ပြည်မြန်မာသတင်းစာမှ

အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအချို့တွင် တားဆီးပိတ်ပင်ထားသောပစ္စည်းများ တင်သွင်းနေသည်ကို Mobile Team ကစစ်ဆေးတွေ့ရှိနေသော်လည်း အကောက်ခွန်ဌာနမှ ဒဏ်ကြေးဖြင့် ထုတ်ယူခွင့်ပြုနေဟုဆို

အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအချို့တွင် တားဆီးပိတ်ပင်မှုပြုလုပ် ထားသည့်ပစ္စည်းများ တင်သွင်းမှုပြုလုပ်နေသည်ကို Mobile Team မှစစ်ဆေးတွေ့ရှိသော်လည်း အကောက်ခွန်ဌာနမှ ဒဏ်ကြေးဖြင့် ထုတ်ယူခွင့်ပေးနေဟု တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှတာဝန်ရှိသူအချို့က ပြောကြားသည်။
   
တားဆီးပိတ်ပင်ထားသည့်ပစ္စည်းများတင်သွင်းမှုကိုစစ်ဆေးတွေ့ရှိမှုမှာ အေးရှားဝေါလ်၊ မြန်မာ့စက်မှုဆိပ်ကမ်းနှင့် ထီးတန်းဆိပ်ကမ်းတို့တွင်ဖြစ်ကြောင်း ကျန်ဆိပ်ကမ်းများမှာမူ ကုန်ထုတ်ယူမှုနည်းပါးသောကြောင့် စစ်ဆေးတွေ့ရှိမှုမရှိသေးကြောင်း သိရသည်။
   

နိုင်ငံတကာသတင်းတို

Photo: ၂၅-၉-၂၀၁၄ (ကြာသပတေးနေ့)ထုတ် ပြည်မြန်မာသတင်းစာမှ

လယ်ဧက ၆ ထောင်ပြန်ပေးဖို့ ကာ/ချုပ်ထံ တောင်းဆိုဖို့ ပြင်ဆင်

ပဲခူးမြို့နယ် သာယာကုန်းကျေးရွာအုပ်စုအတွင်း စစ်တပ်ကသိမ်းယူထားတဲ့ လယ်ဧက ခြောက်ထောင် နီးပါးကို ပြန်ပေးဖို့ တောင်သူလယ်သမားတွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြတောင်းဆို သွားဖို့ ပြင်ဆင်နေကြပါတယ်။

ဒေသခံလယ်သမားတွေ စာရေးသားပေးပို့နိုင်ဖို့အတွက် ကူညီပေးနေတဲ့ မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂတာဝန်ခံ မစုစုနွေးက အခုလိုပြောပါတယ်။

"အုပ်တံတိုင်းကြီးက ရွှေလေးရွာကိုပိတ်ထားလိုက်တော့ ရွှေလေးရွာကနှစ်ခြမ်းကွဲသွားတယ်၊ တစ်ခြမ်းက

အိန္ဒိယတွင် ရေကြီးမှုကြောင့် သုံးသိန်းခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရ

East India flood
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ရာနှင့်ချီသော လူ များ ဘေး လွတ်ရာ သို့ ပြောင်းရွှေ့ခဲ့ရပြီး ၅၅ ဦးထက်မနည်း သေဆုံးခဲ့ကြကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီ စက်တင်ဘာလ ၂၄ ရက်က သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

လူပေါင်း ၃၅ ဦး သေဆုံးခဲ့သည့် အရှေ့မြောက်ပိုင်း ပြည်နယ်ဖြစ်သည့် မဟာလေရာ ပြည်နယ်