Tuesday, September 9, 2014

ဓမ္မစေတီခေါင်းလောင်းတူးဖော်ရာတွင် အဖျက်သဘောဖြင့် လာရောက်နှောင့်ယှက်မှုများရှိနေဟု ဦးစံလင်းဆို

ဓမ္မစေ တီခေါင်းလောင်းတူးဖော်ရာ သောင် တူးစက်နေရာအနီးသို့ သမ္ဗာန်တစ် စင်းချဉ်းကပ်လာပြီး အဖျက်သဘော ဆောင်သည့် အပြုအမူများ လုပ် ဆောင်သွားသည်ဟု အဆိုပါခေါင်း လောင်းဆယ်ယူမှု လုပ်ငန်းအား ဦး ဆောင်လုပ်ကိုင်နေသူ ဦးစံလင်းက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော သည်။

''စက်တင်ဘာ ၈ရက် မနက် က သမ္ဗာန်တစ်စင်းက သောင်တူးစက် နားကိုလာပြီး အမွှေးတိုင်တွေထွန်း၊ ပွဲတွေပေးပြီး လာလုပ်သွားတယ်။ အ ဖျက်သဘောနဲ့ လာပြီး လုပ်သွားကြ တာ။ အဲ့လိုအဖျက်တွေ ဝင်လေ တူး ဖော်မှုနောက်ကျလေပဲ'' ဟု ဦးစံလင်း ကပြောသည်။

မြန်မာမှာ ရင်းနှီးမြုပ်နှံမှုအများဆုံးနိုင်ငံထဲ ဗီယက်နမ်ပါဝင်ဖို့ ကြိုးစား

radio australia, shwe mahn
မြန်မာနိုင်ငံမှာ ​အများဆုံး ​ရင်းနှီးမြုပ်နှံတဲ့ ​နိုင်ငံ ​ငါးနိုင်ငံ ​စာရင်းမှာ ​ဗီယက်နမ်နိုင်ငံ ​ပါဝင်ဖို့ ​လာမယ့်နှစ်မတိုင်ခင် ​လုပ်ဆောင်သွားမယ်လို့ ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံတဲ့ ​ဗီယက်နမ်အသင်း ​AVIM ​ဥက္ကဌက ​ပြောပါတယ်။လွှတ်တော်နာယက ​သူရဦးရွှေမန်းနဲ့ ​တွေ့ဆုံစဉ်အတွင်း ​AVIM ​ဥက္ကဌ ​Tran ​Bac ​Ha ​က ​ပြောသွားခဲ့တာဖြစ်ပြီး ​အမေရိကန်ဒေါ်လာ ​၁.၅ ​ဘီလီယံအထိ ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံဖို့ ​ရည်ရွယ်ထားတယ်လို့ ​ဆိုပါတယ်။

IS အဖွဲ့ အရာရှိတစ်ဦးက သြစတြေးလျနိုင်ငံသား ဖြစ်နေ

အေဘီစီ ​သတင်းဌာနရဲ့ ​7.30 ​ရုပ်မြင်သံကြား ​အစီအစဉ်ရဲ့ ​စုံစမ်းမှုအရ ​IS ​လို့ခေါ်တဲ့ ​အစ္စလာမ်မစ်နိုင်ငံ ​တည်ထောင်သူအဖွဲ့ရဲ့ ​ထိပ်သီး ​ခေါင်းဆောင်တစ်ဦးဟာ ​သြစတြေးလျနိုင်ငံသား ​ဖြစ်နေကြောင်း ​သိရပါတယ်။
ဆစ်ဒနီမြို့က ​အသက် ​၃၃ ​နှစ်အရွယ် ​သြစတြေးလျနိုင်ငံသား ​Mohammad ​Ali ​Baryalei ​ဟာ ​ဂျီဟတ်ဒစ် ​တစ်ဦးဖြစ်ပြီး ​IS ​အဖွဲ့က ​ထိပ်တန်းရာထူးတစ်ခုကို ​ရယူထားတာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

အဲဒီပုဂ္ဂိုလ်ရဲ့ ​အဆက်အသွယ်နဲ့ ​တခြား ​သြစတြေးလျ ​မွတ်စလင်တွေကလည်း ​IS ​အ ​ဖွဲ့ ​ဝင်တွေ ​ဖြစ်လာ ​နေကြတာ ​ဖြစ်ပါတယ်။

အခု ​လောလောဆယ် ​သြစတြေးလျ ​နိုင်ငံသား ​အယောက် ​၆၀ ​လောက် ​စစ်သွေးကြွ ​လှုပ်ရှားမှုမှာ ​ပါဝင်နေပြီး ​အဲဒီအထဲက ​အနည်းဆုံး ​တဝက်လောက်ဟာ ​Mohammad ​Ali ​Baryalei ​ရဲ့ 

ပယင်း၊ ရွှေ၊ ကျောက်စိမ်း၊ မှော်အားလုံးကို KIA ပိုင်သလား?

Photo: ပယင်း၊ ရွှေ၊ ကျောက်စိမ်း၊ မှော်အားလုံးကို KIA ပိုင်သလား?

စက်တင်ဘာ ၉ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်တွင် အဖိုးတန်သယံဇာတများဖြစ်သော ပင်ပင်းကျောက်၊ ရွှေ၊ ကျောက်စိမ်းထွက်ရှိရာ မှော်များစွာရှိပါသည်။ 

နယ်မြေမအးချမ်းခင်ကာလများဆီတုန်းက တိုက်ပွဲများကြောင့် ထိုမှော်များတွင် လုပ်ကိုင်ရန် အခွင့်အရေးမသာခဲ့ပေ။ ယခု ကဲ့သို့ နယ်မြေအေးချမ်းလာသော ကာလတွင် ၎င်းလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်လာကြပြီဖြစ်သည်။

သို့သော် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၊ နယ်မြေခံအစိုးရတပ်များ မရောက်ရှိ နိုင်သော နေရာများတွင်  KIA အဖွဲ့မှ လက်ဝါးကြီးအုပ်ကာ ထိန်းချုပ်နယ်မြေများ အဖြစ် သတ်မှတ်ထားခဲ့မှုသည် တရားဝင်သဘောမျိုးဖြစ်လာခဲ့သည်။ အမှန် တကယ်တွင် ကချင်ပြည်နယ်မှထွက်သော အဖိုးတန်သယံဇာတမှန်သမျှ နိုင်ငံတော်နှင့်သာ သက်ဆိုင်ပါသည်။ နိုင်ငံတော် မှတရားဝင်ခွင့်ပြုမှသာလျှင် တူးဖော်ခွင့်ရှိပါသည်။

နယ်မြေဒေသအခြေအနေ အစိုးရမှလက်လှမ်းမမီသော ပယင်းမှော်၊ ရွှေမှော်၊ ကျောက်စိမ်းမှော်များတွင် KIA အဖွဲ့မှ ဆက်ကြေးကောက်၊ လူသစ်စုဆောင်း ခြင်းတို့ကို အမြဲမပြတ်ပြုလုပ်လျက်ရှိပါသည်။ ဒေသခံတိုင်းရင်းသားများအနေဖြင့် ၎င်းမှော်များတွင် တူးဖော်ပါက KIA ထံဆက်ကြေးပေးဆောင်ပြီးမှတူးခွင့်ရသည်။ သို့ဆိုလျှင်၎င်းမှော်အားလုံးကို KIA ပိုင်သလားမေးခွန်းထုတ်စရာဖြစ်လာပါသည်။

အမှန်တကယ်တွင် KIA မပိုင်ပါ။ လက်နက်အားကိုးနဲ့ခြိမ်းခြောက် အနိုင်ကျင့် နေခြင်းပင်ဖြစ်သည်။ ကချင်ပြည်နယ်ကထွက် သောသယံဇာတကို KIA ပိုင်လျှင် ဒေသခံများလည်းပိုင်ရပါမည်။ ဒေသခံများက ပင်ပန်းဆင်းရဲစွာတူးဖော်ပြီး ရရှိလာသော အကျိုးအမြတ်ကို KIA ကခေါင်းပုံဖြတ်ခြင်းဖြစ်ပါသည်။

ဖားကန့်ဒေသကျောက်စိမ်းမှော်များကို အစိုးရက တူးဖော်ခွင့်ပြုပြီဆိုလျှင် ကျောက်မျက်ရတနာကုမ္ပဏီများကို KIA က ဆက်ကြေးတောင်းနေပြီဖြစ်သည်။ 

ပယင်းမှော်ဒေသတွင် မှော်သူမှော်သားသိန်းရှိနေပြီး KIA ကဆက်ကြေး ကောက်ပြီး ဒူးတနန့်နန့်နှင့်ငြိမ့်နေသည်။ မထင်ရင် မထင်သလို လူသစ်စုလိုက် သေးသည်။ ဒေသခံမှော်သူမှော်သားများကတော့ နင်းပြားဘ၀က ရုန်းမထွက် နိုင်ပေ။ အလားတူ အင်ဂါးဂါးမြို့နယ်မှူးဆိုသူက ရာမွတ်မှော်မှာ မြေကျင်းတွေ ရောင်းစားနေပြန် သည်။ ၁၀ ပတ်လည်မြေတစ်ကျင်းကို ငွေ နှစ်သောင်းခွဲ၊ တစ်နှစ်စာဆက်ကြေး သုံးသိန်းကောက်နေသည်။ နိုင်ငံတော် အတွက် အကျိုး အမြတ်တစ်ခုမှမရသော ရွှေမှော်များတွင် မရှိဆင်းရဲသား ဒေသခံများက ပင်ပန်းစွာတူးဖော်ပြီး KIA အဖွဲ့ အားငွေရှာပေးတာနှင့်အတူတူပင်ဖြစ်ပါသည်။  ဤနယ်မြေတွင် KIA တို့သက်ဆိုးရှည်နေဦးမည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးနှင့်ရဒေသခံများအတွက် အကျိုးခံစားခွင့်မရသော ပင်ယင်း၊ ရွှေ၊ ကျောက်စိမ်းမှော်များကို KIA ပိုင်သလား ပြည်သူ များကမြင်လာသည်။ KIA မပိုင်ပါ။ အတ္တကိုယ်ကျိုးအတွက် လက်နက်များအားကိုးပြီး အစိုးရကို ကြိုးရှည်ရှည် နဲ့ဆွဲဆန့်ထား တဲ့ငြိမ်းချမ်းရေးနောက်ကွယ်မှာ လုပ်စားနေခြင်းသာဖြစ်ပါသည်။

ညီသစ်(မြစ်ကြီးနား)
ကချင်ပြည်နယ်တွင် အဖိုးတန်သယံဇာတများဖြစ်သော ပင်ပင်းကျောက်၊ ရွှေ၊ ကျောက်စိမ်း ထွက်ရှိရာ မှော် များစွာရှိပါသည်။

နယ်မြေမအးချမ်းခင်ကာလများဆီတုန်းက တိုက်ပွဲများကြောင့် ထိုမှော်များတွင် လုပ်ကိုင်ရန် အခွင့်အရေးမသာခဲ့ပေ။ ယခု ကဲ့သို့ နယ်မြေအေးချမ်းလာသော ကာလတွင် ၎င်းလုပ်ငန်း များကို ပြန်လည်လုပ်ကိုင်လာကြပြီဖြစ်သည်။

ဓမ္မစေတီခေါင်းလောင်းကြီး ကြိုးချည်နေသည်မှာ မဟုတ်ဟုဆို

ဓမ္မစေတီခေါင်းလောင်းအား ကြိုးချည်ရန်ကြိုးစားနေသည်မှာ မဟုတ်ဘဲ ခေါင်းလောင်းရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲသာဖြစ်ကြောင်း အဆိုပါခေါင်းလောင်းရှာဖွေဆယ်ယူရေးတွင် ပါဝင်သူအချို့က စက်တင်ဘာ ၈ ရက်တွင်စံတော်ချိန်သို့ ပြောဆိုသည်။

လူ့အခွင့်အရေး မီဒီယာလွတ်လပ်ခွင့်နှင့် ဘာသာရေး အကြမ်းဖက်မှုများကြောင့် မြန်မာအစိုးရ ဝေဖန်ခံနေရဟု သမ္မတ၀န်ခံ

 မြန်မာနိုင်ငံပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေပြီး လူ့အခွင့်အရေး၊ မီဒီယာ လွတ်လပ်ခွင့်၊ ဘာသာရေးအ ကြမ်းဖက်မှုတို့နှင့် ပတ်သက်၍ မြန်မာအစိုးရ ဝေဖန်ခံနေရကြောင်း သမ္မတ ဦးသိန်းစိန်က ၀န်ခံပြောကြားသည်။

မြန်မာအစိုးရ၏ ဒီမိုကရေစီ ကူးပြောင်းမှုမှာ သက်တမ်းအားဖြင့် သုံးနှစ်သာရှိသေးပြီး ယင်း အခက်အခဲနှင့် စိန်ခေါ်မှုများကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စိတ် စေတနာမှန်ကန်မှုဖြင့် လက်တွဲကူညီစေလိုကြောင်း ၎င်းက ပြောကြားသည်။

အစိုးရ၀န်ထမ်းများသာမက တက္ကသိုလ်ကျောင်းသားများနှင့် ဘွဲ့လွန်ကျောင်းသားများအား ပညာတော်သင်စေလွှတ်ခွင့်ရရန် ဥရောပသုံးနိုင်ငံ သဘောတူ

အစိုးရ၀န်ထမ်းများ သာမက တက္ကသိုလ်ကျောင်းသား များနှင့် ဘွဲ့လွန်ကျောင်းသားများ အား ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန်နိုင်ငံများသို့ ကျွမ်းကျင်မှု ဆိုင်ရာ ပညာတော်သင်စေလွှတ် နိုင်မည့် အခွင့်အရေးကို ဥရောပ သုံးနိုင်ငံလုံးက လက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်က ပြောကြားသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိကကျသော ပညာရည်မြင့်မားစေရန်နှင့် နည်း ပညာအတတ်ပညာများ ဆည်းပူးခွင့်ရရှိရန် ပညာတော်သင်ကျောင်းသားများကို ဥရောပနိုင်ငံများက ပိုမိုတိုးမြှင့်လက်ခံရန် ဥရောပသုံး နိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦး သိန်းစိန်၏ ဆွေးနွေးချက်ကို ယင်းနိုင်ငံ သုံးခုက လက်ခံခဲ့ခြင်း ဖြစ် ကြောင်း ၎င်းက အီးမေးလ်မှတစ် ဆင့် ဖြေကြားသည်။

ဧရာဝတီမြစ်ဆိပ်ကမ်းကပ် သင်္ဘောများတွင် ခိုးမှု၊ လုယက်မှုများ မကြာခဏဖြစ်ပွားနေ၍ လုံခြုံရေးတိုးမြှင့်

မန္တလေးမြို့ ဧရာဝတီ မြစ်ဆိပ်ကမ်းများတွင် ဆိုက်ကပ် ရပ်နားထားသော ခရီးသည်တင် ရေယာဉ်နှင့် ကုန်တင်သင်္ဘောများတွင် မကြာခဏ ပစ္စည်းခိုးယူခံရခြင်း၊ အနုကြမ်းစီးသည့် သဏ္ဌာန်လုယက်ခံရခြင်းများ ကြုံတွေ့နေရသည့်အတွက် သြဂုတ်လကုန်ပိုင်းမှစတင်ကာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ  လုံခြုံရေးတိုးမြှင့်ချထားကြောင်း သတင်းရရှိသည်။

အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၏ မြန်မာပွဲစဉ်များ MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

၂၀၁၄ အာဆီယံ ယူ- ၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၏ မြန်မာအသင်းပွဲစဉ်များကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ တွင် ကျင်းပလျက်ရှိသည့် အဆိုပါ ပြိုင်ပွဲအုပ်စု (က)၏ နောက်ဆုံး ပွဲစဉ်အဖြစ် စက်တင်ဘာ ၉ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ တွင် မြန်မာ ယူ-၁၉ အသင်းနှင့် အင်ဒိုနီးရှား ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းကို ဆုကြေးငွေ ကျပ်သိန်းတစ်ထောင်ကျော် ချီးမြှင့်

Photo: မြန်မာ့လက်ရွေးစင်အသင်းကို ဆုကြေးငွေ ကျပ်သိန်းတစ်ထောင်ကျော် ချီးမြှင့်
Tuesday, September 9, 2014

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဖလား ဖိတ်ခေါ် (PEACE Cup) ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံး အသင်းကို အားကစားဝန်ကြီး အပါအဝင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း ပိုင်ရှင်များက ဆုကြေးငွေ ကျပ်သိန်း တစ်ထောင်နှစ်ရာကျော် ချီးမြှင့်ခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ပြန်လည်ရောက်ရှိခဲ့ရာ သုဝဏ္ဏကွင်း၌ ကျင်းပသည့် ဂုဏ်ပြုအခမ်းအနားတွင် ယင်းသို့ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြည်လမ်းမကြီးအတိုင်း၊ လှည်းတန်း-တက္ကသိုလ်ရိပ်သာလမ်း-ကုက္ကိုင်းလမ်း မီးပွိုင့်မှ ကမ္ဘာအေးဘုရားလမ်း၊ ယင်းမှ သစ္စာလမ်း-ဝေဇယန္တာလမ်းမကြီးမှ သုဝဏ္ဏကွင်းသို့ ဆုဖလားနှင့်အတူ လှည့်လည် အောင်ပွဲခံခဲ့သည်။

မြန်မာအသင်းသည် ဖိလစ်ပိုင် ဖိတ်ခေါ် PEACE Cup ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ် အာရှဖလား ယှဉ်ပြိုင်ခွင့် ရထားသည့် ပါလက်စတိုင်း အသင်းကို လေးဂိုးတစ်ဂိုး၊ ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ အာဆီယံဒေသ၌ အဆင့်တစ်နေရာ ရရှိထားသည့် အိမ်ရှင်ဖိလစ်ပိုင် အသင်းကို သုံးဂိုးနှစ်ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း အနေနှင့် ၂၀၀၆ ခုနှစ် မာဒေးကားဖလား ရခဲ့ပြီး နောက်ပိုင်း ပထမဦးဆုံးအကြိမ် ဆုဖလား ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် အောက်တိုဘာလအတွင်း လာအိုနိုင်ငံ၌ ကျင်းပမည့် ဆူဇူကီးဖလားပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ တီမော အသင်းတို့နှင့် ယှဉ်ပြိုင်ရဦးမည် ဖြစ်သည်။

The Voice Weekly
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဖလား ဖိတ်ခေါ် (PEACE Cup) ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံး အသင်းကို အားကစားဝန်ကြီး အပါအဝင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း ပိုင်ရှင်များက ဆုကြေးငွေ ကျပ်သိန်း တစ်ထောင်နှစ်ရာကျော် ချီးမြှင့်ခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ပြန်လည်ရောက်ရှိခဲ့ရာ သုဝဏ္ဏကွင်း၌ ကျင်းပသည့် ဂုဏ်ပြုအခမ်းအနားတွင် ယင်းသို့ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြည်လမ်းမကြီးအတိုင်း၊ လှည်းတန်း-တက္ကသိုလ်ရိပ်သာလမ်း-ကုက္ကိုင်းလမ်း မီးပွိုင့်မှ ကမ္ဘာအေးဘုရားလမ်း၊ ယင်းမှ သစ္စာလမ်း-ဝေဇယန္တာ လမ်းမကြီးမှ သုဝဏ္ဏကွင်းသို့ ဆုဖလားနှင့်အတူ လှည့်လည် အောင်ပွဲခံခဲ့သည်။

ရန်ကုန်၊ မန္တလေးနှင့် ဖိလစ်ပိုင်နိုင်ငံ မနီလာအကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် စီစဉ်

Photo: ရန်ကုန်၊ မန္တလေးနှင့် ဖိလစ်ပိုင်နိုင်ငံ မနီလာအကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် စီစဉ်

ရန်ကုန်၊ စက်တင်ဘာ ၈

ဖိလစ်ပိုင်နိုင်ငံ၏ အင်အားအကြီးဆုံး စရိတ်နည်း လေကြောင်းလိုင်းတစ်ခု ဖြစ်သည့် Cebu Pacific လေကြောင်းလိုင်းက ဖိလစ်ပိုင်မြို့တော် မနီလာနှင့် မြန်မာနိုင်ငံ၏ အဓိကမြို့တော်များ ဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့များအကြား တိုက်ရိုက်ခရီးစဉ်များ ပြေးဆွဲရန် စီစဉ်နေကြောင်း တရုတ်နိုင်ငံအခြေစိုက် ဆင်ဟွာသတင်းစာတွင် ဖော်ပြထားသည်။

ယခုနှစ်လယ်ပိုင်းမှ စတင်ပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် ဖိလစ်ပိုင် နိုင်ငံသားများ၏ လုပ်ငန်းများ များပြားလာသည့်အတွက် အဆိုပါ လေကြောင်းလိုင်းက ၂၀၁၅ နှစ်စပိုင်းတွင် လေယာဉ်ခရီးစဉ် ပြေးဆွဲရန် စီစဉ်ထားခြင်း ဖြစ်သည်။

Cebu လေကြောင်းလိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှ ရန်ကုန်နှင့် မန္တလေးမြို့များသို့ တစ်ပတ်လျှင် သုံးကြိမ် ပျံသန်းရန် လျာထားကြောင်း ဖော်ပြထားသည်။

“သူတို့လေကြောင်း အာဏာပိုင်ကနေ ပျံသန်းဖို့ ခွင့်ပြုတာမျိုး ဖြစ်လိမ့်မယ်။ ဒီဘက်ကို အကြောင်းကြားလာတာမျိုး မရှိသေးဘူး” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်း၊ တရုတ်၊ ဂျပန်နိုင်ငံသားများ အများဆုံး ဝင်ရောက်ပြီး ဖိလစ်ပိုင် နိုင်ငံသားများမှာ ပုံမှန်ဝင်ရောက်မှု ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။

မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစ၍ နှစ်နိုင်ငံမှ လာရောက် လည်ပတ်သူများကို ဗီဇာ အပြန်အလှန် ကင်းလွတ်ခွင့် ပေးထားပြီး ဖိလစ်ပိုင်နှင့် ရင်းနှီးမြှုပ်နှံထားသည့် ဒေသတွင်း ၃၆ နိုင်ငံတွင် မြန်မာနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၄၆ မီလီယံဖြင့် အဆင့် ၁၅ ခုမြောက်အဖြစ် ရင်းနှီးမြှုပ်နှံထားသည်။ 

လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာ လေကြောင်းလိုင်း ၂၄ လိုင်း ပျံသန်းလျက် ရှိသည်။
ဖိလစ်ပိုင်နိုင်ငံ၏ အင်အားအကြီးဆုံး စရိတ်နည်း လေကြောင်းလိုင်းတစ်ခု ဖြစ်သည့် Cebu Pacific လေကြောင်းလိုင်းက ဖိလစ်ပိုင်မြို့တော် မနီလာနှင့် မြန်မာနိုင်ငံ၏ အဓိကမြို့တော်များ ဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့များအကြား တိုက်ရိုက်ခရီးစဉ်များ ပြေးဆွဲရန် စီစဉ်နေကြောင်း တရုတ်နိုင်ငံအခြေစိုက် ဆင်ဟွာသတင်းစာတွင် ဖော်ပြထားသည်။

ယခုနှစ်လယ်ပိုင်းမှ စတင်ပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် ဖိလစ်ပိုင် နိုင်ငံသားများ၏ လုပ်ငန်းများ များပြားလာသည့်အတွက် အဆိုပါ လေကြောင်းလိုင်းက ၂၀၁၅ နှစ်စပိုင်းတွင် လေယာဉ်ခရီးစဉ် ပြေးဆွဲရန် စီစဉ်ထားခြင်း ဖြစ်သည်။

IS အုပ်စုကို ချေမှုန်းမည့် အသေးစိတ်အစီအစဉ် ဗုဒ္ဓဟူးနေ့တွင် အိုဘားမား အသိပေးမည်

Photo: IS အုပ်စုကို ချေမှုန်းမည့် အသေးစိတ်အစီအစဉ် ဗုဒ္ဓဟူးနေ့တွင် အိုဘားမား အသိပေးမည်
Tuesday, September 9, 2014

အီရတ်နှင့် ဆီးရီးယားနိုင်ငံတွင်းရှိ အစ္စလာမ္မစ်နိုင်ငံတော် (IS) အစွန်းရောက် အကြမ်းဖက်အဖွဲ့အပေါ် ဖြိုခွင်းနှိမ်နင်းမည့် အသေးစိတ် အစီအစဉ်ကို လာမည့် ဗုဒ္ဓဟူးနေ့ မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်း ပြောဆိုသွားမည် ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ပြောကြားကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။

အီရတ်နှင့် ဆီးရီးယားတို့သာမက အမေရိကန်ပြည်ထောင်စု၊ အီးယူနိုင်ငံများနှင့် အာရှနိုင်ငံ အချို့ကိုပါ ခြိမ်းခြောက်လျက် ရှိသည့် IS အကြမ်းဖက်အုပ်စုကို မည်သို့မည်ပုံ နှိမ်နင်းမည်ဟူသည့် အစီအစဉ် အိုဘားမားတွင် မရှိသေးဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“IS အုပ်စုရဲ့ ခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းနေတဲ့ အချက်ကို အမေရိကန်ပြည်သူတွေ သိရှိအောင် ထုတ်ဖော်ပြောဆိုဖို့ ကျွန်တော် ပြင်ဆင်နေပါတယ်” ဟု အိုဘားမားက NBC ရုပ်သံ၏ Meet the Press အစီအစဉ်တွင် ပြောကြားသည်။

“ကျွန်တော့်မိန့်ခွန်းဟာ IS အုပ်စုကို နှိမ်နင်းဖို့ အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်မယ်ဆိုတဲ့ ကြေညာချက်တော့ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အီရတ်နှင့် ဆီးရီးယားနိုင်ငံရှိ IS အုပ်စုကို နှိမ်နင်း တိုက်ခိုက်နိုင်ရေးအတွက် ပင်မညွန့်ပေါင်း အဖွဲ့တစ်ဖွဲ့ကို ထူထောင်ထားပြီး ဖြစ်သည်ဟု အမေရိကန်အစိုးရက ပြီးခဲ့သည့် သောကြာနေ့တွင် ထုတ်ပြန် ကြေညာခဲ့သေးသည်။

IS အုပ်စုသည် ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ အီရတ်နိုင်ငံ မြောက်ပိုင်းဒေသရှိ နယ်မြေ အတော်များများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဆီးရီးယားတွင်လည်း ခြေကုပ်စခန်းများ ဖွင့်လှစ်ထားပြီ ဖြစ်သည်ဟု ကြေညာခဲ့သည်။

ထို့နောက် သြဂုတ်လတွင် အဆိုပါ အကြမ်းဖက်အုပ်စုများ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရေးနှင့် ပတ်သက်၍ မဟာဗျူဟာ မရှိသေးကြောင်း အိုဘားမားက ဝန်ခံပြောဆိုခဲ့ရာ ၎င်းအပေါ် လေ့လာဆန်းစစ်သူများနှင့် စစ်ရေး ကျွမ်းကျင်သူများက နှိမ့်ချဝေဖန်ခဲ့ကြသည်။

သို့သော် ယခု စက်တင်ဘာလဆန်းပိုင်းမှ စ၍ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က အီရတ်မြောက်ပိုင်း ဒေသမှ IS အကြမ်းဖက်အုပ်စုများကို စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အီရတ်အစိုးရ၏ တောင်းဆိုမှုကြောင့် IS အုပ်စုကို စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်က ထုတ်ဖော် ပြောဆိုသော်လည်း အမေရိကန်သမ္မတ၏ ညွှန်ကြားချက်သည်သာ အဓိကဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်သည် အီရတ်နိုင်ငံ၏ ဒုတိယ အရေးပါဆုံး ဖြစ်သော ရေလှောင်တမံကြီးကို တိုက်ခိုက်ဖျက်ဆီးရန် ကြိုးပမ်းနေသည့် ယင်းအကြမ်းဖက် အုပ်စုကို တနင်္ဂနွေနေ့က စစ်လေယာဉ်များဖြင့် လေးကြိမ်တိတိ တိုက်ခိုက်ချေမှုန်းခဲ့သည်။

The Voice Weekly
အီရတ်နှင့် ဆီးရီးယားနိုင်ငံတွင်းရှိ အစ္စလာမ္မစ်နိုင်ငံတော် (IS) အစွန်းရောက် အကြမ်းဖက်အဖွဲ့အပေါ် ဖြိုခွင်းနှိမ်နင်းမည့် အသေးစိတ် အစီအစဉ်ကို လာမည့် ဗုဒ္ဓဟူးနေ့ မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်း ပြောဆိုသွားမည် ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ပြောကြားကြောင်း Xinhua သတင်း ဌာနက ရေးသားဖော်ပြသည်။

အီရတ်နှင့် ဆီးရီးယားတို့သာမက အမေရိကန်ပြည်ထောင်စု၊ အီးယူနိုင်ငံများနှင့် အာရှနိုင်ငံ အချို့ကိုပါ ခြိမ်းခြောက်လျက် ရှိသည့် IS အကြမ်းဖက်အုပ်စုကို မည်သို့မည်ပုံ နှိမ်နင်းမည်ဟူသည့် အစီအစဉ် အိုဘားမားတွင် မရှိသေးဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ကမ္ဘာ့အသက်အငယ်ဆုံး နိုင်ငံ

ကမ္ဘာ့ အသက်အငယ်ဆုံး နိုင်ငံ အဖြစ် စံချိန်တင်ထားတဲ့ နိုင်ငံ ကတော့ ယူဂန်ဒါ ဖြစ်ပါတယ်။ အာဖရိက ဆိုတာ အရှေ့အာဖရိက ကုန်းတွင်းပိတ် နိုင်ငံ တစ်ခု ဖြစ်ပြီး လူဦးရေ ၃၅ သန်းကျော် ရှိပါတယ်။ ယင်းထဲမှာ ၅၀ ရာခိုင်နှုန်းသောသ လူတို့က အသက် ၁၅ နှစ်အောက် ဖြစ်ပြီး ၇၅ ရခိုင်နှုန်း အောက်က အသက် ၃၀ နှစ်အောက် ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးနိုင်သူ သန်း ၃၀ အထက်ရှိနိုင်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခန့်မှန်း

Photo: ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးနိုင်သူ သန်း ၃၀ အထက်ရှိနိုင်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခန့်မှန်း
Tuesday, September 9, 2014

၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်က ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ မဲစာရင်းကို ကြည့်ရှုနေကြသူများ
မြန်မာနိုင်ငံ၌ ၂ဝ၁၅ နိုဝင်ဘာတွင် ပြုလုပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရည်မှန်းထားသည့်အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်သူ သန်း ၃ဝ နှင့် အထက်ရှိနိုင်ဟု စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့၌ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်း ပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က ခန့်မှန်းပြောကြားသည်။

မြန်မာနိုင်ငံ၌ လူဦးရေ ၅၁ သန်းကျော်ရှိကြောင်း ဩဂုတ်လကုန်ပိုင်းက ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ သတင်းထုတ်ပြန် ပြီးနောက် ယခင်ခန့်မှန်းထားသည့် လူဦးရေ သန်း ၆ဝ နှင့် ကွာဟချက်များရှိနေခြင်းနှင့် ပတ်သက်ပြီး ၂ဝ၁ဝ ပြည့်နှစ်အတွင်းက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင်မဲပေးနိုင်သည့် ပြည်သူ ၂၉ သန်း ရှိနေခြင်းသည် မှန်ကန်ခြင်း ရှိ မရှိတို့နှင့်ပတ်သက်ပြီး ဝေဖန်မှုထွက်ပေါ်ခဲ့သည့်အပေါ် ဦးဝင်းကြည်က ရှင်းပြခဲ့ပြီး သန်းခေါင်စာရင်းကောက်ယူမှုပုံစံနှင့် မဲဆန္ဒရှင်စာရင်း ပြုစုသည့်ပုံစံမတူညီဟု ပြောကြားသည်။

ဦးဝင်းကြည်က “ပြီးခဲ့တဲ့ ၂ဝ၁ဝ တုန်းက ၁၈ နှစ် အထက်ရှိတဲ့ မဲဆန္ဒရှင်က ၂၉ သန်းကျော်ကျော် ရှိတယ်။ အခုဆိုရင် ငါးနှစ်ကွာသွားတဲ့အတွက် သန်း ၃ဝ အထက်လောက်မှာ ရှိနိုင်တယ်” ဟု ခန့်မှန်းပြောကြားသည်။

မဲဆန္ဒရှင်စာရင်းကို အိမ်ထောင်စုစာရင်းများကို အခြေခံပြီး အသက် ၁၈ နှစ်ပြည့်သည့်သူများကို မဲစာရင်းတွင် ရေးသွင်းကြောင်း၊ မဲစာရင်းတွင် မိမိအမည်မပါခြင်း၊ အမည်မှားယွင်းခြင်းနှင့် သေဆုံးပြီးသူများနှင့် မပါဝင်သင့်သူများ ပါဝင်နေပါက သက်ဆိုင်ရာသို့ ပြောကြားနိုင်ကြောင်း၊ အသက် ၁၈ နှစ်ပြည့်သူတိုင်း စဉ်းစားမည်မဟုတ်ဘဲ မဲပေးပိုင်ခွင့်ရှိသူ၏ အရည်အချင်းများကို မဲဆန္ဒရှင်စာရင်းဥပဒေအရ ရွေးကောက်ပွဲဥပဒေတွင်ပါရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက ရှင်းပြသည်။

ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက“ သန်းခေါင်စာရင်းမှာ အားလုံးပြီးသွားရင် ၁၈ နှစ်ပြည့်တဲ့ စာရင်းကတော့ ထွက်လာမှာပဲ။ ၁၈ နှစ်ပြည့်တဲ့ စာရင်းထွက်တိုင်း အဲဒီမှာ သန်း ၃ဝ၊ ၁၈ နှစ်ပြည့်တိုင်း မဲစာရင်းမှာ သန်း ၃ဝ ရှိချင်မှ ရှိမှာ။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ ဥပဒေပြဌာန်းချက်မှာ မဲပေးပိုင်ခွင့်ရှိသူမှ ပါလို့ရပါတယ်။ နောက်တစ်ခါ ရွေးကောက်ပွဲ ဥပဒေပြဌာန်းချက်မှာ အောက်ပါပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရလို့ တားမြစ်ထားတယ်။ အဲဒါက သာသနာ့ဝန်ထမ်း၊ ထောင်ကျနေသူ၊ စိတ်ပေါ့သွပ်နေတယ်လို့ သက်ဆိုင်ရာဥပဒေက ပြဌာန်းထားတဲ့သူ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခြင်းမရှိသူ အဲဒီသူတွေအပြင် နိုင်ငံခြားသားနဲ့ နိုင်ငံခြားသားခံယူထားသူတွေဟာ မဲပေးခွင့်မရှိဘူးလို့ ဥပဒေကပြဌာန်းထားတဲ့အတွက် သာမန်အားဖြင့် ဒီပြဌာန်းချက်တွေကို သိရှိထားဖို့လိုပါတယ်လို့ တင်ပြချင်ပါတယ်” ဟု ပြောကြားသည်။

ကနဦးအဆင့် ရရှိထားသည့် ရှေ့ပြေးလူ ဦးရေစာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁၄၁၉၄၂ဝ ဦးဖြစ်ပြီး အပြီးသတ်အစီရင်ခံစာကို ၂ဝ၁၅ မေတွင် ထုတ်ပြန်သွားမည်ဖြစ်ရာ နိုင်ငံခြားသို့ရောက်နေသည့် နိုင်ငံသားများ၏ စာရင်းတိုးလာမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group
၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်က ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ မဲစာရင်းကို ကြည့်ရှုနေကြသူများမြန်မာနိုင်ငံ၌ ၂ဝ၁၅ နိုဝင်ဘာတွင် ပြု လုပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရည်မှန်းထားသည့်အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်သူ သန်း ၃ဝ နှင့် အထက်ရှိနိုင်ဟု စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့၌ပြု လုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်း ပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က ခန့်မှန်းပြောကြားသည်။

မြန်မာ့ ဆက်သွယ်ရေး ပွင့်လင်းမြင်သာမှုရှိပါ

475
မြန်မာ့ဆက်သွယ်ရေးကြောင့် ပြဿနာ ပေါ်တာတွေကတော့ မရပ်နားသေးပါဘူး။ အခုလဆန်းကစ မြန်မာ့ ဆက်သွယ်ရေးဟာ သူ့ရဲ့3G ဂျီအက်စ်အမ် ဆင်းကတ်တွေ ကို ပုဂ္ဂလိကကိုယ်စားလှယ်အရောင်းဆိုင်တွေ ကနေတစ်ဆင့် မြန်မာနိုင်ငံအနှံ့မှာရောင်းချခဲ့ပါတယ်။ နယ်မြို့တွေမှာဆိုရင် ဆင်းကတ်ဝယ် လို့လွယ်မယ် ထင်ပြီး ကျေးရွာကလူတွေမြို့ပေါ်တက်လာဝယ်ကြပါတယ်။ ဒါပေမဲ့ လက်တွေ့ဝယ်လို့မလွယ်အခက်အခဲ အမျိုးမျိုး ကြုံရပြီး  နေရာအတော်များ များမှာ မကျေနပ်မှုတွေ၊ ပြဿ နာတွေပေါ်ပါတယ်။ ဒီပြဿနာကနေဘာတွေ သင်ခန်းစာယူစရာတွေရှိမလဲလေ့လာကြည့်ရအောင်ပါ။

ပါတီခေါင်းဆောင်များ အားလုံးပါဝင်၍ နိုင်ငံရေး မူဘောင်တစ်ရပ် ရေးဆွဲရန် စီစဉ်

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးမှုများ အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ မူဘောင်အသီးသီး ရေးဆွဲလျက်ရှိရာ တိုင်းရင်းသားပါတီ အချို့ကလည်း နိုင်ငံရေးပါတီ အားလုံး၏ ဆန္ဒသဘောထား ပါဝင်သည့် နိုင်ငံရေး မူဘောင်တစ်ရပ် ကြိုတင်ရေးဆွဲ ချမှတ်ရန် စီစဉ်လျက်ရှိကြောင်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားသည်။

မိုင်တိုင် ၂၀ မှာ ဘာတွေ ဖြစ်နေတာလဲ

မိုင်တိုင်အမှတ် ၂၀ တည့်တည့်မှာရှိတဲ့ ထန်းပင်ကြီးကို ယာဉ်တွေ ဝင်တိုက်လို့ အသက် သေဆုံးသူတွေ များနေပါပြီ။ ဒါဟာ ပရလောကက နာနာဘာဝတွေ အနှောက်အယှက် ပေးတာလို့ ဒေသခံ တချို့က ယုံကြည်နေကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာနဲ့ သဘော့ငူ ကျေးရွာအကြား ပုသိမ်-ရန်ကုန် ကားလမ်းမကြီး မိုင်တိုင် ၂၀ မှာ သုံးနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၃၆ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

MPT ဆင်းမ်ကတ်တွေ ရဦးမှာလား၊ မရတော့ဘူးလား

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၁၅၀၀ တန် ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ရောင်းပေးမယ်လို့ ပြောထားပေမယ့်လည်း နှစ်ရက်သာ ရောင်းပေးပြီး သီတင်းတစ်ပတ်ခန့် ကြာတဲ့အထိ ထပ်ရောင်းပေးဖို့ ဆင်းမ်ကတ်တွေ မရသေးဘူးလို့ သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွေဟာ ၁၅၀၀ တန်ဆင်းမ်ကတ်တွေကို ၂၀၁၄ ခုနှစ် နှစ်ကုန်မှာ အရေအတွက် ငါးသန်းအထိ အကန့်အသတ်မရှိ ရောင်းပေးမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ရုရှ သမ္မတ ပူတင်ကို အတ္တကြီးသူဟု ဒလိုင်းလားမား ဝေဖန်

Dailama to Putin
တိဘက်ဒေသ၏ ပြည်ပရောက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက လက်ရှိ ရုရှ သမ္မတ ပူတင်မှာ အတ္တကြီးသူ ဖြစ်သည်ဟု စက်တင် ဘာ ၇ ရက်က ဂျာမန် သတင်းစာ တစ်စောင်၏ အင်တာဗျူးတစ်ခုတွင် ဝေဖန်ခဲ့ပြီး ပူတင်သည် ဘာလင်တံတိုင်းကို ပြန်တည်ဆောက်လိုပုံ ရသည် ဟု ထင်ရကြောင်း ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၈ရက်က အေအက်ဖ်ပီ သတင်တစ်ရပ်တွင် ဖော်ပြထားသည်။“သူရဲ့ ရပ်တည်ချက် ပုံစံက ငါမှငါ ဆိုတာပါပဲ ” ဟု တစ်ကျော့ပြန် သမ္မတ တာဝန်ထမ်းဆောင်နေသော ပူတင်ကို ဘုန်းတော်ကြီး ဒလိုင်း လားမားက ထောက်ပြခဲ့သည်။

အကြမ်းဖက်ဝါဒကို တိုက်ဖျက်ခြင်း



ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က ထူးခြားသည့် စိန်ခေါ်မှု တစ်ခုကို မြန်မာနိုင်ငံက လက်ခံ ရရှိခဲ့သည်။ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင်အေမန်အယ်လ်ဇာဝါဟီရီက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံသားများကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဆိုသည့် ကြေညာချက်ဖြစ်သည်။

 အီဂျစ်နိုင်ငံသား ဖြစ်ခဲ့သူ ဆရာဝန်တစ်ဦးအဖြစ် အသက် မွေးခဲ့သူ အယ်လ်ဇာဝါဟီရီ၏ ၅၅ မိနစ်ကြာ သတင်းထုတ်ပြန်ချက် ကို နိုင်ငံတကာအကြမ်းဖက်ဝါဒ ကျွမ်းကျင်သူ ပညာရှင်များက အမျိုးမျိုးတုံ့ပြန်ကြသည်။ ပညာရှင်အချို့ကတော့ အီရတ်နှင့် ဆီး ရီးယားကို အခြေပြုပြီး ကြီးထွား လာနေသည့် IS (Islamic  State) အဖွဲ့၏ သြဇာကို ယှဉ်ပြိုင်ဖို့ လူ အင်အားစုဆောင်းသည့် ခြေလှမ်း အဖြစ် သုံးသပ်ကြသည်။

* အမျိုးသမီးရောဂါ အဖြေရှာ *

“ယောကျာ်းမှာဆီး၊ မိန်းမမှာ မီး” ဟူသော စကားတစ်ရပ်ရှိပါတယ်။ ဆီးရောဂါက အမျိုးသားအများစုကို ဒုက္ခပေးသကဲ့ သို့ ၊ မီးယပ်ရောဂါကလည်း အမျိုးသမီးများကို ဒုက္ခပေးတတ်ပါတယ်။ သို့ သော် စိတ်မညစ်ပါနှင့်။ အနာသိလျှင်ဆေးရှိနေတာမို့  အမျိုးသမီး ရောဂါအမျိုးမျိုးအတွက် အောက်ပါနည်းလမ်းများဖြင့် အဖြေရှာကြည့်နိုင်ကြ ပါကြောင်း မျှဝေလိုက်ရပါတယ်။

(မီးယပ်ထိန်ငုတ်ခြင်းအတွက်)
ဓမ္မတာသွေးပုံမှန်မပေါ်လာခြင်းအတွက် ကြိတ်မှန်ရွက်အစို ၅-ကျပ်သား၊ ဒန့် ဒလွန်ြ မစ် အစို ၂-ကျပ်သား၊ ချင်းစိမ်း ၁-ကျပ်သား၊

ပြည်ခိုင်ဖြိုးပါတီသို့ အတွေ့အကြုံများ မျှဝေလိုဟု ဗီယက်နမ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်ပြော


စီးပွားရေးဖွံ့ဖြိုးတိုးတက် မှု၊ ပါတီထူထောင်ခြင်းနှင့် နိုင်ငံ စီမံခန့်ခွဲမှုနယ်ပယ်များတွင် မိမိ တို့ပါတီ၏ အတွေ့အကြုံများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) သို့ မျှဝေ သွားရန် စိတ်အားထက်သန်ပါ ကြောင်း ဗီယက်နမ်ကွန်မြူနစ် ပါတီအတွင်းရေးမှူးချုပ် ငုယင်ဖူ ထရန်ကပြောကြားသည်။

ပါတီနှစ်ခုနှင့် နိုင်ငံတော် နှစ်ရပ်ဆက်ဆံရေးမှာ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးရှိပြီး အရှေ့တောင်အာရှနှင့် ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက်လည်း အကျိုးရှိမည်ဟု ဆန္ဒပြုကြောင်း ငုယင်ဖူထရန်ကပြောသည်။

အိမ်အကူကိုနှိပ်စက်သည့် ဆရာဝန်လင်မယားအား ကျန်းမာရေးဝန်ကြီးဌာနကပါ စစ်ဆေးသွားမည်

Photo: အိမ်အကူကိုနှိပ်စက်သည့် ဆရာဝန်လင်မယားအား ကျန်းမာရေးဝန်ကြီးဌာနကပါ စစ်ဆေးသွားမည်
Tuesday, September 9, 2014

အိမ်အကူမိန်းကလေး မျက်နှာပျက်စီးသွားသည်အထိ ရိုက်နှက်သည်ဟု စွပ်စွဲခံထားရ သည့် ဆရာဝန်လင်မယားအား အ ရပ်ဘက် ဥပဒေအပြင် ကျန်းမာ ရေး ဝန်ကြီးဌာနကပါ စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါဆရာဝန်နှစ်ဦးသည် လက်ရှိတွင် မြောက်ဥက္ကလာပဆေး ရုံတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဆရာဝန်များဖြစ်သည်ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘စုံစမ်းစစ်ဆေးချက်အရ တော့ ဆရာဝန်နှစ်ဦးဆိုတာလည်း မှန်နေတယ်။ ဆရာဝန်ဆိုတဲ့အ တွက် သူ့ဌာနဆိုင်ရာနဲ့ ညှိနှိုင်းပြီး တော့ ခေါ်ယူစစ်ဆေးဖို့ ဆောင် ရွက်နေတယ်။ အဖြစ်မှန်ပေါ် အောင် ဖော်ထုတ်သွားမှာပါ’’ဟု ထောက်ကြန့်မြို့မရဲစခန်းမှ အမှု စစ် ရဲအရာရှိက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှလာ၍ အိမ်အကူ လုပ်သူ အသက်(၁၄)နှစ်အ ရွယ် မိန်းကလေး တစ်ဦးကို လက် ကျိုးအောင် ရိုက်နှက်ခဲ့သည့်အ ပြင် မျက်နှာပျက်စီးသည်အထိ နှိပ်စက်ခဲ့သည့် စွပ်စွဲချက်ဖြင့် အမှု ဖွင့်ခံထားရသူမှာ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲ (၃)ရပ်ကွက်တွင် နေထိုင်သည့် ဆရာဝန်လင်မယားနှင့် ၎င်းတို့၏ မိခင်အမျိုးသမီးကြီး ဖြစ်သည်။

၎င်းတို့သုံးဦးအား လက်နက် ဖြင့် အပြင်းအထန် နာကျင်စေမှု၊ ဒဏ်ရာရစေရန် အားပေးကူညီမှု ဥပဒေပုဒ်မ ၁၁၄/၃၂၅/၃၂၆ တို့ဖြင့် ထောက်ကြန့်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်သည်။

အိမ်အကူမိန်းကလေးအား ရိုက်နှက်သောကြောင့် ရခဲ့သော ဒဏ်ရာများကို အိမ်ပေါ်မှ လိမ့်ကျ ၍ရသော ဒဏ်ရာဟု လိမ်ညာစေ ၍ ဆေးရုံ၌ ကုသစေကြောင်း ကာယကံရှင်မိန်းကလေး၏မိခင် ဒေါ်သိန်းသိန်းဝင်းက စွပ်စွဲထား ပြီး လွန်ခဲ့သည့် ၁၅ ရက်ခန့်က ဖြစ်သော အမှုကို ယခုမှ စစ်ဆေး နေရခြင်းဖြစ်သောကြောင့် အ သေးစိတ် စိစစ်နေရကြောင်း ထောက်ကြန့်မြို့မရဲစခန်းမှူး ရဲ အုပ် ဝင်းဌေးက ပြောသည်။

ရဲစခန်းတွင် အမှုမဖွင့်မီ အိမ်အကူပွဲစား၏ ညှိနှိုင်းမှုဖြင့် ရိုက် နှက်ခံရသည့် ကလေးငယ်၏မိခင် က လျော်ကြေးငွေ ကျပ် ၁၂ သိန်း ဖြင့် ကျေအေးထားခဲ့ပြီး ၁၅ ရက် ခန့်ကြာမှသာ ပြန်လည်အမှုဖွင့် ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

ကျေအေးပေးခဲ့စဉ်က အိမ်အကူပွဲစားက ၎င်းအား အရွယ် မရောက်သေးသော သမီးဖြစ်သူ ကို အလုပ်လုပ်ခိုင်းသောကြောင့် ရဲက အရေးယူနိုင်ကြောင်း ခြိမ်း ခြောက်ကာ ထမင်းဆိုင်တစ်ဆိုင် တွင် ကျေအေးလက်မှတ် ထိုးစေ ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်သိန်းသိန်း ဝင်းက ပြောသည်။

ဒဏ်ရာများဖြင့် မြင်တွေ့ရသော အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေး (ဓာတ်ပုံ −အောင်သစ်လွင်)
7Day Daily.
အိမ်အကူမိန်းကလေး မျက်နှာပျက်စီးသွားသည်အထိ ရိုက်နှက်သည်ဟု စွပ်စွဲခံထားရ သည့် ဆရာဝန်လင်မယားအား အ ရပ်ဘက် ဥပဒေအပြင် ကျန်းမာ ရေး ဝန်ကြီးဌာနကပါ စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါဆရာဝန်နှစ်ဦးသည် လက်ရှိတွင် မြောက်ဥက္ကလာပဆေး ရုံတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဆရာဝန်များဖြစ်သည်ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘စုံစမ်းစစ်ဆေးချက်အရ တော့ ဆရာဝန်နှစ်ဦးဆိုတာလည်း မှန်နေတယ်။ ဆရာဝန်ဆိုတဲ့အ တွက် သူ့ဌာနဆိုင်ရာနဲ့ ညှိနှိုင်းပြီး တော့ ခေါ်ယူစစ်ဆေးဖို့ ဆောင် ရွက်နေတယ်။ အဖြစ်မှန်ပေါ် အောင် ဖော်ထုတ်သွားမှာပါ’’ဟု ထောက်ကြန့်မြို့မရဲစခန်းမှ အမှု စစ် ရဲအရာရှိက ပြောသည်။

လက်ပံတောင်းတောင် လုံခြုံရေးရဲကင်းအနီး မီးရှို့ကျိန်စာတိုက်

Photo: လက်ပံတောင်းတောင် လုံခြုံရေးရဲကင်းအနီး မီးရှို့ကျိန်စာတိုက် 
Tuesday, September 09, 2014

လက်ပံတောင်းတောင်အနီး ကျေးရွာ ၁ဝ ရွာမှ ရွာသူရွာသား ၇ဝခန့်သည် လက်ပံတောင်းဒေသ ကျောက်ကြီးတောင်ခြေတွင် ကန်တော့ပွဲ ခုနစ်ပွဲ ပန်းဆီမီးများဖြင့် သကြားဗြမ္မာ နတ်ဒေဝါများနှင့် တောင်စောင့်နတ်မင်းအားပူဇော်၍  တောင်ဖြိုသူများကို ကြိမ်စာတိုက်ခဲ့ကြောင်း သတင်းရရှိသည်။   “လက်ပံတောင်းတောင်ကြီးကို ဖြိုသူ လယ်တီသိမ်ကို ဖြိုသူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကောင်အထည်ဖော်နေသူတွေ ဒီလုပ်ငန်းကိုမရပ်ရင် တောင်ပြိုသလို ပျက်သလို သူတို့မိသားစုများပါ ပျက်စီးပါစေ။ ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်းများ ပျက်စီးပါစေ အရှုံးပေါ်ပါစေ။ ငါတို့နိုင်ငံလာ စီးပွားရှာတဲ့ တရုတ်နိုင်ငံအစိုးရ ပျက်စီးပါစေ။ လက်ပံတောင်တောင်ကြီး တည်တန့်ပါစေ ဟုဆုတောင်းကျိန်ဆိုကြသည်။   တော်သလင်းလပြည့်နေ့ ညနေ ၅ နာရီ တွင်စတင်ပြီး နာရီဝက်ခန့် ဆုတောင်းပြီးနောက် အနက်ရောင်အခေါင်းစက္ကူပုံးကို မီးရှို့ခဲ့သည်။ အဆိုပါအခေါင်းသဏ္ဌာန်စက္ကူ ပုံးတွင် ဓာတ်ပုံများကပ်ထားပြီး ၎င်းတို့ကို အသုဘချခြင်းဖြစ်ကြောင်း ကျိန်စာတိုက်သူများက ပြောကြားကြကြောင်း သိရသည်။   ပြီးခဲ့သည့်ဝါခေါင်လပြည့်နေ့ကလည်း အဆိုပါကျောက်ကြီးတောင်ခြေတွင် ဒေသခံရွာသားများ ကျိန်စာတိုက်ပွဲလုပ်ခဲ့ပြီး ဩဂုတ် ၂၉ ရက်က ကံတောရွာနတ်တောင်ခြေနတ်စင်တွင် လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းခံရသော လပေါင်း ၂၁ လပြည့်အတွက် ကျိန်စာတိုက်ကျင်းပခဲ့ကြောင်း သိရသည်။ ဆန္ဒပြခြင်းထက် ကျိန်စာတိုက်ပွဲများက အစွမ်းထက်မြက်ပြီး လူသေဆုံးထိခိုက်မှုများရှိ၍ ကျိန်စာတိုက်ခြင်းများကို ပြုလုပ်ခြင်းဖြစ်ကြောင်း ရွာသားများက ပြောကြားသည်။ 

Eleven
လက်ပံတောင်းတောင်အနီး ကျေးရွာ ၁ဝ ရွာမှ ရွာသူရွာသား ၇ဝခန့်သည် လက်ပံတောင်းဒေသ ကျောက်ကြီးတောင်ခြေတွင် ကန်တော့ပွဲ ခုနစ်ပွဲ ပန်းဆီမီးများဖြင့် သကြားဗြမ္မာ နတ်ဒေဝါများနှင့် တောင်စောင့်နတ်မင်းအားပူဇော်၍ တောင်ဖြိုသူများကို ကြိမ်စာတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ “လက်ပံတောင်းတောင်ကြီးကို ဖြိုသူ လယ်တီသိမ်ကို ဖြိုသူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို