Tuesday, December 11, 2012

ဥပဒေနှင့် အညီ ဆောင်ရွက်ခဲ့မှု မရှိသည့် တပ်ဖွဲ့ဝင်များအား အရေးယူ

ရွှေပြည်သာ မြို့နယ် လှော်ကားရဲ စခန်းမှ ရဲတပ်ကြပ် ဟန်သက်နှင့် ရဲတပ်သား ပြည့်ဖြိုးမောင် တို့သည် နိုဝင်ဘာ ၂၉ ရက်က ကင်းလှည့်တာဝန် ဆောင်ရွက်နေစဉ် မွန်းလွဲ ၁၂ နာရီခွဲ ခန့်တွင် မဟာမြိုင် လမ်းမကြီး ဘေးရှိ ထမင်းဆိုင်၌ ''အောင်'' ကြွေပြား စက်ရုံမှ အထွေထွေ လုပ်သား ဇေယျာလင်း (ဘ)

နိုင်ငံခြားငွေ ရောင်းဝယ် လဲလှယ်ရေး လုပ်ငန်း ဆောင်ရွက်ခွင့် လျှောက်ထားနိုင်ပြီ





နိုင်ငံခြားငွေများ ရောင်းဝယ် လဲလှယ်ရေး လုပ်ငန်းတွင် ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများ ကို ဆောင်ရွက်ခွင့် စတင် ခွင့်ပြု ပေးခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ စတင် လျှောက် ထား နိုင်ပြီ ဖြစ် ကြောင်း သိရသည်။ လိုင်စင်ရရှိရန် လျှောက်ထားသူများ သည် ငွေလဲ ကောင်တာ လုပ်ငန်း

အဆိုတော်ဖော်ကာ၏ ရှင်းတမ်း



ဒီဇင်ဘာ ၇ ရက်တွင် ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲတစ်ခုတွင် Wanted အဖွဲ့မှ အဆိုတော်ဖော်ကာ (Fokker)မှ စင်မြင့်ထက်တွင် စီဒီနှင့်သီဆိုသူများအား ပုတ်ခတ်ပြောဆိုသွားသည့်အပေါ် ရက်ပ်ပါဂီတသမားများအကြား မကျေနပ် မှုများ အရှိန်ပြင်းထန်နေပြီး ယခုကဲ့သို့ ပြောကြားခဲ့ခြင်းအပေါ် သက်ဆိုင်သူများ အား တောင်းပန် ပါကြောင်း Fokker က ဒီဇင်ဘာ ၁၁ ရက်တွင် 7Day News သို့ ပြောသည်။

Volume Based Charging စနစ် နှုန်းထားအသစ်ကို မြန်မာ့ဆက်သွယ်ရေးမှ ညှိနှိုင်းတိုင်ပင်နေဆဲ ဉာဏ်ဉာဏ် (မြစ်မခ)

   

မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခ Volume Based Charging စနစ် နှုန်းထားအ သစ်ကို မြန်မာ့ ဆက် သွယ်ရေးမှ ညှိနှိုင်း တိုင်ပင်နေဆဲ ဖြစ်ပြီး ပြည်သူများ လက်ခံသဘောတူသည့် နှုန်းထားသစ်ကို ထုတ်ပြန် အတည်ပြုသွားမည်ဖြစ်ကြောင်း  သိရှိရသည်။
 

လက်ပန်းတောင်းတောင်အရေးဆန္ဒပြသူတွေအာမခံနဲ့ ပြန်လွတ်

လက်ပန်းတောင်းတောင်အရေးဆန္ဒပြသူတွေအာမခံနဲ့ ပြန်လွတ်

ဒီဗွီဘီ ၁၁ ဒီဇင်ဘာ ၂၀၁၂

လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးကိစ္စနဲ့ ဖမ်းဆီးခံထားရသူတွေကို အင်စိန်ထောင် တရားရုံး အချုပ်မှာ ဖမ်းဆီး ထိမ်းသိမ်းထားရာကနေ ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီး ဖြစ် တယ်လို့ အဖမ်းခံရသူတွေရဲ့ ရှေ့နေက ပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြပြီး နောက်တနေ့ ဖမ်းဆီးခံထားရတဲ့ ကိုရဲလင်း၊ ကိုဝေဠု၊ ကိုမျိုးချစ်၊ ကိုညီညီ၊ ဒေါ်နော်အုန်းလှနဲ့ ဒေါ်ရှမ်းမတို့ကို ဒီနေ့မှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သူတို့အတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

သူတို့ကို ကိုယ်တိုင်ခံဝန်ချက်နဲ့ ကျပ်ငွေ ၁၀ သိန်းစီ အာမခံပေး လွှတ်လိုက်တာဖြစ်ပေမယ့် သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ)နဲ့ အမှု ဆက်လက်ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

အဖမ်းခံထားရသူတွေဟာ  ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်တရားရုံးမှာ သွားပြီး ကိုယ်တိုင် အာမခံချက်နဲ့ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။  

အလားတူ ဒီဇင်ဘာ ၂ ရက်နေ့က ဖမ်းဆီးခံရတဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုမိုဃ်းသွေးနဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးတို့ ၂ ဦးကိုလည်း အာမခံနဲ့ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

(ပြန်လည်လွတ်မြောက်လာသူတချို့ကို ၈၈မျိုးဆက် ရုံးခန်းမှာ တွေ့ရစဉ် - Photo: Ant Bwe Kyaw)
(ပြန်လည်လွတ်မြောက်လာသူတချို့ကို ၈၈မျိုးဆက် ရုံးခန်းမှာ တွေ့ရစဉ် - Photo: Ant Bwe Kyaw)
လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးကိစ္စနဲ့ ဖမ်းဆီးခံထားရသူတွေကို အင်စိန်ထောင် တရားရုံး အချုပ်မှာ ဖမ်းဆီး ထိမ်းသိမ်းထားရာကနေ ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီး ဖြစ် တယ်လို့ အဖမ်းခံရသူတွေရဲ့ ရှေ့နေက ပြောပါတယ်။

အစိုးရမှ အချက်(၃)ချက် မလိုက်လျောခြင်းကြောင့် တစ်တိုင်းပြည်လုံးရှိသံဃာများ ဆန္ဒပြမည်

 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းအားအကြမ်းဖက်ဖြိုခွင်းခဲ့ရာတွင် ဒဏ်ရာရသံ ဃာများကိုသက်ဆိုင်ရာ တာဝန်ရှိသူများမှ တစ်စုံတစ်ရာလိုက်လျောခြင်းမရှိခြင်းကြောင့် ဒီဇင်ဘာ (၁၂)ရက်နေ့တွင် မြန်မာနိုင်ငံရှိသံဃာများဆန္ဒပြတောင်းဆိုသွားမည်ဖြစ်သည်ဟုကျန်းမာရေးပြု
စုစောင့်ရှောက်မှုကော်မတီမှ ဦးဥတ္တမထံမှ သိရှိရသည်။

အီလက် ထရွန်နစ်နှင့် လူသုံးကုန် ပစ္စည်းပြပွဲ လားရှိုး၌ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်




ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၂) ရပ်ကွက်ရှိ မြို့တော် ခန်းမ၌ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ ၂၉ ရက် အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၁ဝ နာရီ အထိ Winner Economics Enterprise Services Co., Ltd. မှ စုစည်း၍ အီလက် ထရွန်နစ်နှင့် လူသုံးကုန် ပစ္စည်းများ ပြပွဲကို စည်ကား

တရုတ်နိုင်ငံမှ ပေ၃၀၀မြင့် တောင်တက်လှေကား

တရုတ်နိုင်ငံမှ ပေ၃၀၀မြင့် တောင်တက်လှေကား
11.12.2012

တရုတ်နိုင်ငံ ကီနန်းခရိုင် ရင်ကျိုးမြို့ရှိ တိုင်ဟန်းတောင်တန်းများပေါ်သို့ ကမ္ဘာလှည့်ခရီးသည်များ သွားလာရာ၌ အဆင်ပြေစေရန်နှင့် ခရီးသည်များအား ဆွဲဆောင်မှုအဖြစ် တောင်ခြေမှ တောင်ထိပ်တစ်လျှောက် ပေ၃၀၀အမြင့် အစိတ်အပိုင်းတစ်ခုတွင် ကြောင် လိမ်လှေကားသဏ္ဍာန် မြင့်မားလှသည့် လှေကားတစ်ခုအပိုင်းတစ်ခု တည်ဆောက်ခဲ့ပြီးဖြစ်သည်။ တရုတ်ကမ္ဘာလှည့်ခရီးသည် သွားလာမှုနှင့် သက်ဆိုင်သူအစိုးရ တာဝန်ရှိသူများက ထိုလှေကားကြီးမှာ ခရီးသွားများအား တောင်တက်ခြင်း၏ ရသတစ်ခုကို ပေးစွမ်းနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။ တောင်တက်လိုသူများနှင့် သဘာဝအလှကို ခံစားလိုသူများအား ကျန်းမာရေးနှင့်အတူ ဘေးကင်းလုံခြုံနိုင်သော ထိုလှေကားကြီးမှာ တိုင်ဟန်းတောင်တန်းတစ်လျှောက်၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။ တိုင်ဟန်းတောင်တန်း တစ်လျှောက်၏တောင်ထွတ်များ၏ ပျမ်းမျှအမြင့်မှာ ပေ၅၀၀၀မှ ၆၀၀၀ခန့်အထိ ရှိသောကြောင့်ဖြစ်သည်။


 www.MyanmarExpress.netတရုတ်နိုင်ငံ ကီနန်းခရိုင် ရင်ကျိုးမြို့ရှိ တိုင်ဟန်းတောင်တန်းများပေါ်သို့ ကမ္ဘာလှည့် ခရီးသည်များ သွားလာရာ၌ အဆင်ပြေစေရန်နှင့် ခရီးသည်များအား ဆွဲဆောင်မှု အဖြစ် တောင်ခြေမှ တောင်ထိပ်တစ်လျှောက် ပေ၃၀၀အမြင့် အစိတ်အပိုင်း တစ်ခု တွင် ကြောင် လိမ်လှေကားသဏ္ဍာန် မြင့်မားလှသည့် လှေကားတစ်ခုအပိုင်းတစ်ခု တည်ဆောက် ခဲ့ပြီးဖြစ်သည်။ တရုတ်ကမ္ဘာလှည့်ခရီးသည် သွားလာမှုနှင့် သက်ဆိုင်သူ အစိုးရ တာဝန် ရှိသူများက ထိုလှေကားကြီးမှာ ခရီးသွားများအား တောင်တက်ခြင်း၏

ကချင်တိုက်ပွဲ သတင်းတို


ကချင်တိုက်ပွဲ သတင်းတို
11.12.2012

ဒီဇင်ဘာလ(၁၀)ရက်နေ့ မနက်(၁၀)နာရီအချိန်တွင် မြစ်ကြီးနားမြို့နယ်၊ ညောင်ပင်သာ တွင် အခြေပြု၍ စစ်ဆင်ရေးလှုပ်ရှားနေသော ခလရ(၁၄၁)တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာလ(၁၀)ရက်နေ့ မနက် ၉း၅၀ အချိန်၊ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း စစ်ဆင်ရေး ပြုလုပ်နေသော မြန်မာအစိုးရတပ်ဖွဲ့ (တပ်ရင်းစုံစမ်းဆဲ)နှင့် KIA တပ်ရင်း(၉)တပ်ဖွဲ့တို့ နမ်ဂွတ်(Nam Gut) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာလ(၉)ရက်နေ့ ညနေ(၄)နာရီအချိန်တွင် ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ်ဖာလွန်ဘွမ် (Nam Hpalum Bum) တွင် မြန်မာအစိုးရတပ်ဖွဲ့နှင့် KIA တပ်ရင်း(၉)တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

Copy from - Jade Landဒီဇင်ဘာလ(၁၀)ရက်နေ့ မနက်(၁၀)နာရီ အချိန်တွင် မြစ်ကြီးနား မြို့နယ်၊ ညောင်ပင်သာ တွင် အခြေပြု၍ စစ်ဆင်ရေးလှုပ်ရှားနေသော ခလရ (၁၄၁)တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာလ(၁၀)ရက်နေ့ မနက် ၉း၅၀ အချိန်၊ ရှမ်းပြည်မြောက်ပိုင်း

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထားဝယ်တွင် Iron Cross ဖျော်ဖြေမည်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထားဝယ်တွင် Iron Cross ဖျော်ဖြေမည်
Tuesday, 11 December 2012

့တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့တိုင်းအားကစားကွင်းတွင်ဇန်န၀ါရီ ၄ ရက်နေ့တွင်ကျရောက်မည့်၆၅နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်
အခမ်းအနားကိုစည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ယင်းနေ့၌ ပျော်ပွဲရွှင်ပွဲများ၊ပြခန်းများဖြင့်စီစဉ်တင်ဆက်မည်ဖြစ်ပြီး “IronCross”အဖွဲ့၏ စင်မြင့်ဂီတဖျော်ဖြေပွဲကိုလည်းဇန်န၀ါရီလ(၃)ရက်မှ
(၅)ရက်နေ့အထိကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ဖိုးဇော်(ထားဝယ်)
Popular Myanmar News Journal့တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့တိုင်းအားကစားကွင်းတွင်ဇန်န၀ါရီ ၄ ရက်နေ့တွင် ကျရောက်မည့် ၆၅နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အခမ်းအနားကို စည်ကားသိုက်မြိုက် စွာကျင်းပ

သုဝဏ္ဏ ရေနံ့သာလမ်းထဲသို့ ၁၆ ဘီးကား ၀င်ရောက်ရာမှ ရပ်ကွက်တွင်း နေထိုင်သူများ ၀ိုင်းဝန်းကန့်ကွက်

သုဝဏ္ဏ ရေနံ့သာလမ်းထဲသို့ ၁၆ ဘီးကား ၀င်ရောက်ရာမှ ရပ်ကွက်တွင်း နေထိုင်သူများ ၀ိုင်းဝန်းကန့်ကွက်

TUESDAY, 11 DECEMBER 2012 11:52

ရေနံ့သာလမ်းထဲသို့ ၀င်ရောက်လာသော ၁၆ ဘီးကားကိုတွေ့ရပုံ

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့သာလမ်းထဲသို့ ဘူဒိုဇာတင်ဆောင်လာသော၁၆ ဘီးကားကြီးတစ်စီး ၀င်ရောက်လာရာမှ ရပ်ကွက်နေပြည်သူများဝိုင်းဝန်းကန့်ကွက်မှုတစ်ခု ဒီဇင်ဘာ၁၀ ရက်နေ့ ညပိုင်းကဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

သုဝဏ္ဏ ၂၄ ရပ်ကွက်၊ရေနံ့သာလမ်းထိပ်တွင် '၆ တန်အထက် မ၀င်ရ'ဟူသောဆိုင်းဘုတ်ထားရှိပြီး အဆိုပါ ၁၆ ဘီးယာဉ်မှာဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီခန့်တွင် လမ်းထဲသို့ ၀င်ရောက်လာခြင်းဖြစ်သည်။

၎င်းယာဉ်မှာအေးရိပ်ငြိမ်း ကုမ္ပဏီမှဖြစ်ကြောင်း သိရပြီး ယင်းကုမ္ပဏီမှ အင်ဂျင်နီယာဦးထိန်ဝင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ခေါ်ယူမေးမြန်းခဲ့ရာ၎င်းကအေးရိပ်ငြိမ်းဆောက်လုပ်ရေးမှ ဖြစ်ကြောင်း၊အိုးအိမ်၏ ညွှန်ကြားချက်အရ လာရောက်ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်ဟု သိရသည်။

''ဒီနေ့နံနက်ပိုင်းကတောင် အ. မ.က(၁၇) ကျောင်းဘေးကမြေကွက်လပ်ကို မြက်လာရှင်းသွားသေးတယ်။ ည ၉ နာရီလောက်မှာအဲဒီ ၁၆ ဘီးကားကဘူဒိုဇာကိုတင်ပြီး လမ်း ထဲဝင်လာတယ်။ လမ်းထိပ်မှာ၆ တန်အထက်မ၀င်ရဆိုတဲ့ ဆိုင်းဘုတ်လည်းရှိတယ်။ အဲဒီကားကြောင့် လမ်းဘေးကရေပိုက်ကိုကြိတ်မိပြီး ပျက်စီးသွားတယ်။ အဲဒီကားက ရေနံ့သာလမ်းကနေတစ်ဆင့် လမ်းကြားထဲဝင်ဖို့ လုပ်သေးတယ်။ မူလတန်းကျောင်းဘေးကမြေကွက်လပ်ကို ရှင်းဖို့အတွက်လို့ဆိုတယ်။ အဲဒီကားကြီး ၀င်လာတာကနေစပြီး ရပ်ကွက်ထဲမှာနေတဲ့သူတွေနဲ့ ပြဿနာစဖြစ်တာပါ။ ရပ်ကွက်ရုံးကို ခွင့်ပြုချက်တောင်းထားတာမျိုးလည်းမရှိပါဘူး''ဟု ရေနံ့သာလမ်းတွင် နေထိုင် သူတစ်ဦးက ပြောပြသည်။

credit to-Eleven Media Groupရေနံ့သာလမ်းထဲသို့ ၀င်ရောက်လာသော ၁၆ ဘီးကားကိုတွေ့ရပုံ
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့သာလမ်းထဲသို့ ဘူဒိုဇာတင်ဆောင်လာသော၁၆ ဘီးကားကြီးတစ်စီး ၀င်ရောက်လာရာမှ

တရားစွဲခံရသည့် မိုးထိမိုးမိရွှေလုပ်သားများ တရားရုံး၌ ဆက်လက်ရင်ဆိုင်သွားမည်


ဆန္ဒထုတ်ဖော်ခဲ့သည့် မိုးထိမိုးမိရွှေလုပ်သားများအပေါ် တရားစွဲ ဆိုထားသည့်ပုဒ်မ (၂) ခုအနက် ပုဒ်မတစ်ခုမှာအာမခံ မရရှိသဖြင့် မိုးထိမိုးမိရွှေလုပ်သားများသည်ရုံးချိန်း(၅) ကြိမ်မြောက် သည့်နေ့ တွင် အာမခံပြုလုပ်ပေးရန်   လျှောက်ထားခြင်း မပြုတော့ပဲ ဆက်လက်

သွေးသည်အသက် အသက်သည်သွေး

Photo: သွေးသည်အသက် အသက်သည်သွေး
Tuesday, December 11, 2012

စာရေးသူသည် မိမိ၏ သွေးသားတော်စပ်သူ လူရွယ်တစ်ဦးက သွေးလှူရန် အတွက် ဆေးရုံသို့သွားရန် ၎င်းနှင့် အတူဆေးရုံသို့ လိုက်ပါခဲ့ရသဖြင့်
တွေ့မြင်ခံစား ရသော အတွေ့အကြုံကို ရေးသားဖော်ပြချင် စိတ်ဖြစ်ပေါ် မိသဖြင့် ဤစာစုကို ရေးသားခြင်းဖြစ်ပါသည်။

ဆေးရုံဆိုသည်မှာ လူအများထင်နေကြသလို ကြောက်စရာ၊ ရွံစရာမ ဟုတ်တော့ပါ။ ယခင် ကာလများကဲ့သို့ ဆေးရုံဝန်းကျင်သို့ ရောက်သည်နှင့် အနံ့အသက်မျိုးစုံလည်း ယနေ့ကာလတွင်မရှိတော့ပါ။ မေတ္တာတရား
ရှေ့ထားပြီး ပြုစုကုသပေးနေကြသော အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန် များ၊ သူနာပြုဆရာမများနှင့် လူနာများ၏ အညစ်အကြေးများကို ဝိုင်းဝန်းသန့် ရှင်း ကူညီပေးနေကြသည့် သန့်ရှင်းရေးဝန် ထမ်းများကို မြင်တွေ့ရသည့်အခါ ၎င်းတို့၏ စေတနာမေတ္တာများအား လေးစားမိ ပါသည်။ ဝေဒနာခံ စားနေကြ ရသော ဒုက္ခသည်တွေကို ကယ်တင်ပေးနေသော မေတ္တာရိပ်မြုံကြီး အဖြစ် ခံစားမိတွေးမိပါသည်။

ဆေးရုံ ဝန်းကျင်ရောက်သည်နှင့် အနံ့အသက်မျိုးစုံ၊ ဆေးရုံတွင်း ရောက် သည်နှင့် သတိရတစ်ချက် မရတစ်ချက် လူမမာများ သွေးစိမ်းပေ ကျံနေသည့် အရေးပေါ်လူ မမာများအား သွေးပုလင်းကိုယ်စီဖြင့် သွေး ဆက်နေကြ သည်ကို ဆေးရုံသဘာဝ မြင်ကွင်းကိုလည်း တွေ့ရှိခံစားမိ ပါသည်။

သွေးလှူရှင် ခန်းမတွင်မူ သွေးလှူရှင် လူငယ်လူရွယ်များသည် သွေးလှူရန် အတွက် လိုအပ်သည့် စာရင်းဇယားများ ဖြည့်သွင်းပြီးနောက် သွေးပုလင်း ကိုယ်စီဖြင့် သွေးလှူကြရမည့် အခန်းဆီသို့ တစ်ဦးစီဝင်ကာ သွေးလှူနေကြ သည့်မြင်ကွင်းကို တွေ့ရသည်။ တာဝန်ခံ သူနာပြုဝန်ထမ်းများက ဖော်ရွေစွာ လက်ခံစကားပြောကာ သွေးစစ်ဆေးပြီး သွေးလှူရှင်များကို ခုတင်ပေါ် ပက်လက် အနေအထား ဖြစ်စေရန် ပြင်ဆင်ပေးပြီး သွေးဖောက်ခြင်း လုပ်ငန်းစတင်သည်။

သွေးစတင်ဖောက်သည်မှ သွေးသတ်မှတ် အတိုင်းအတာအတွင်း လေးငါး မိနစ်ခန့်ကြာမည်ဟု ခန့်မှန်းပါသည်။ သွေးလှူဒါန်းမှုပြီးဆုံးချိန်ထိ ရွှင်လန်း ချမ်းမြေ့စွာ မိမိကိုယ်ခန္ဓာအတွင်းမှ သွေးများကို ဖောက်ထုတ် လှူ ဒါန်းနေကြသော မိမိ၏ သွေးသားတော်စပ်သူ လူရွယ်နှင့်အခြား သွေးလှူရှင် များ၏ မေတ္တာစေတနာများကိုကြည့်ကာ များစွာဂုဏ်ယူမိသည်။ အမြတ်ဆုံး၊ အသန့်ရှင်းဆုံး ဒါနပါလားဟု တွေးမိကာ သွေးလှူရှင်များကို ပို၍ အားကျမိ ပါသည်။

သွေးစတင် ဖောက်သည့်အချိန်သည် အလွန်အရေးကြီးပါသည်။ မိမိတို့၏ စိတ်အာရုံဖြင့် ပထမဦးစွာ ''ငါ့ရဲ့သွေးကို အသုံးပြုခံရမယ့် ရောဂါ ဝေဒနာ ရှင်တို့ဟာ ဤ သွေးကိုအသုံးပြုသည်နှင့် တစ်ပြိုင်တည်း လျင်မြန်စွာကျန်း မာကြပါစေ'' ဟု မေတ္တာ ပွားပေးရန်လည်း သွေးလှူရှင်များကသိရှိထားရန် သင့်လှပေသည်။ မိမိ၏ မေတ္တာသည် လူမမာများအပေါ်ရောက်သွားသည်နှင့် ပို၍ပို၍ တန်ဖိုးကြီးသွားစမြဲဖြစ်ပါသည်။

မိမိခန္ဓာကိုယ်ထဲမှ စီးထွက်လာသော သွေးစက်သွေးပေါက်ကလေးများနှင့် အညီအမျှ မိမိတို့၏မေတ္တာစိတ်တို့သည် ရောဂါဝေဒနာရှင်တို့၏ နှလုံးသားသို့ စီးဝင်သွား ကြမည်မှာ သေချာသည်။ ထို့နည်းတူစွာ အခြားအခြားသော
သွေးလှူရှင်များသည် လည်း မေတ္တာပွားများ ကောင်းပွားများကြလိမ့်မည်။ ပွားများကြပါစေဟု စာရေးသူ ဆုတောင်းမိပါသည်။

သတ္တဝါများ ချမ်းသာစေချင်သော မေတ္တာစိတ်၊ ကျန်းမာစေချင်သော
မေတ္တာစိတ်ကို လက်ဖျောက်တစ်ချက်တီးကာလမျှ ပွားများနိုင် မည့်ပုဂ္ဂိုလ် သည်ပင် တန်ဖိုးကြီး သည်ဟုဆိုထားရာ မိမိခန္ဓာကိုယ်မှ ယခုကဲ့သို့
သွေးနှင့်ရင်းလျက်ပို့လွှတ်ရသော မေတ္တာတရားများသည် အဘယ်မျှ တန်ဖိုးကြီးမည်နည်းဟု စာရေးသူ တွေးတောမိ ပြန်ပါသည်။

သွေးလှူရှင်များကို နိုင်ငံတော်အစိုးရက သွေးလှူသည့် အကြိမ်အရေ အတွက်နှင့် အညီ နှစ်စဉ်ဆုတံဆိပ်များကို ချီးမြှင့်ဂုဏ်ပြုလျက်ရှိပေသည်။ ဗဟိုအမျိုးသားသွေး လှူဘဏ်ဖြစ်မြောက်ရေး ကော်မတီ စတင်ဖွဲ့စည်း ခဲ့သော ''ဒီဇင်ဘာ ၁ဝ ရက်''ကို ''သွေးလှူရှင်များနေ့'' ဟုသတ်မှတ် ခဲ့ပေသည်။

သွေးလှူရှင်များအား ဂုဏ်ပြုသော အခမ်းအနားများကိုကျင်းပပြီး လူမှု ထူးချွန်(ပထမအဆင့်)၊ (ဒုတိယအဆင့်)၊ (တတိယအဆင့်) သွေးလှူ အကြိမ်အရေအတွက်အလိုက် သွေးအလှူရှင်များကို ဆုတံဆိပ်၊ ငွေနှင့် ဂုဏ်ပြုလွှာများကို ဗဟိုအမျိုးသား သွေးလှူဘဏ် ကော်မတီတာဝန် ရှိသူများ၊ မြို့နယ်သွေးလှူရှင် အဖွဲ့အစည်းများက ပေးအပ်ဂုဏ်ပြုကြ
ပေသည်။လူသားအချင်းချင်း မေတ္တာစေတနာထားပြီး ကူညီခြင်း၊
စောင့်ရှောက်ခြင်း များသည် ဝမ်းမြောက်ပျော်ရွှင်ကြည်နူးဖွယ် ရာများဖြစ်ပေသည်။

''သွေးသည်အသက်၊ အသက်သည်သွေး''ဆိုစကားနှင့် အညီ သွေးလှူရှင် များသည် အသက်အလှူရှင် များဖြစ် ကြသည်။ မိမိခန္ဓာကိုယ်ထဲမှ
သွေးကို ဖောက်၍ လှူသည်နှင့် ''ဇီဝိတဒါန'' သည် အဖြူစင်ဆုံး၊ အမွန်မြတ်ဆုံး ဒါနဖြစ်ပါကြောင်း ဖော်ညွှန်းရင်း ''တစ်နိုင်ငံလုံးရှိ
သွေးလှူရှင်များသို့'' ဤစာစုဖြင့် ချီးကျူးဂုဏ်ပြုလိုက်ရပါသည်။

အောင်ခန့်ဖြိုးဝေ(တောင်ငူ)
မြ၀တီစာရေးသူသည် မိမိ၏ သွေးသားတော်စပ်သူ လူရွယ် တစ်ဦးက သွေး လှူ ရန် အတွက် ဆေးရုံသို့သွားရန် ၎င်းနှင့် အတူဆေး ရုံသို့ လိုက်ပါ ခဲ့ရ သဖြင့်တွေ့မြင်ခံစားရသော အတွေ့အကြုံ ကို ရေး သားဖော်ပြ ချင် စိတ်ဖြစ်ပေါ် မိသဖြင့် ဤစာစုကို ရေးသားခြင်းဖြစ် ပါသည်။
ဆေးရုံဆိုသည်မှာ လူအများထင်နေကြသလို ကြောက်စရာ၊ ရွံစရာမ ဟုတ်တော့ပါ။ ယခင်ကာလများ ကဲ့သို့ ဆေးရုံဝန်း ကျင်သို့ ရောက် သည်နှင့် အနံ့အသက်မျိုးစုံလည်း ယနေ့ ကာလတွင် မရှိတော့ ပါ။ မေတ္တာတရားရှေ့ထားပြီး ပြုစုကုသပေးနေကြသော အထူးကု ဆရာ

အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်အား ပြင်ဆင်သည့် စာချုပ် လက်မှတ် ရေးထိုး

Photo: အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်အား ပြင်ဆင်သည့် စာချုပ် လက်မှတ် ရေးထိုး 
Tuesday, December 11, 2012

နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဗီယက်နမ် လူမျိုးစု ရေးရာ ကော်မတီ တို့အကြား ၁၉၉၄ ခုနှစ်မှ စတင်၍ တိုင်းရင်းသား ရေးရာ ကိစ္စရပ် များတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွား ရေး ကိစ္စရပ် များတွင် နှစ်နိုင်ငံ အကြား

ချစ်ခင် စည်းလုံးမှုနှင့် တည်ငြိမ်ရေးကို ဦးတည်၍ လေ့လာ သင်ယူမှုများ
ဆောင်ရွက် နိုင်ခဲ့သည့် အတွက် ဒေသတွင်း တည်ငြိမ်ရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို အထောက် အကူပြု ခဲ့ပါကြောင်း၊ ယခု လက်မှတ်ရေး ထိုးခဲ့သည့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်အရ ပိုမို ရင်းနှီးသည့် ပူးပေါင်း ဆောင်ရွက်မှုများ ဖြစ်ပေါ်လာမည် ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးမှု၊ ဆင်းရဲမှု လျှော့ချရေးနှင့် ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရေး များတွင် အပြန်အလှန် အတွေ့အကြုံများ  ဖလှယ်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုများကို များစွာ အကျိုးပြုမည် ဖြစ်ပါကြောင်းဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ လူမျိုးစု ရေးရာ ကော်မတီ တို့အကြား အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်အား  ပြင်ဆင်သည့် စာချုပ် လက်မှတ်ရေး ထိုးခြင်း အခမ်းအနားတွင် ပြောကြားသည်။

ယင်းနောက် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ လူမျိုးစုရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌက စာချုပ်သစ် အရ ရရှိလာမည့် အကျိုး ကျေးဇူးများကို  ရှင်းလင်း တင်ပြပြီး ကျေးဇူးတင် ဂုဏ်ပြု စကားပြော ကြားသည်။

ဆက်လက်၍ စာချုပ် လက်မှတ်ရေး ထိုးခြင်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ကိုယ်စား ဒုတိယ ဝန်ကြီး  ဗိုလ်ချုပ် ဇော်ဝင်း ကလည်းကောင်း၊ ဗီယက်နမ် နိုင်ငံ လူမျိုးစု ရေးရာ ကော်မတီ ကိုယ်စား ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး H.E. Mr. Son Minh Thang က လည်းကောင်း လက်မှတ်ရေး ထိုးခဲ့ ကြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဗီယက်နမ် နိုင်ငံ လူမျိုးစု
ရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင် သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် ဧည့်ခန်းမ၌ တွေ့ဆုံပြီး နယ်စပ်ရေးရာ ဝန်ကြီး ဌာနနှင့်  ဗီယက်နမ် နိုင်ငံ လူမျိုးစု ရေးရာ ကော်မတီတို့ အကြား အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု များကို ယခုပြင် ဆင် လက်မှတ်ရေး ထိုးသည့် စာချုပ်ပါ အချက်အလက် များနှင့်အညီ ဆက်လက် အဆင့်မြှင့်တင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် ကဏ္ဍအလိုက် အစီအစဉ် များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိသည်။


မြ၀တီနယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဗီယက်နမ် လူမျိုးစု ရေးရာ ကော်မတီ တို့အကြား ၁၉၉၄ ခုနှစ်မှစတင်၍ တိုင်းရင်းသား ရေးရာ ကိစ္စရပ်များ တွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွား ရေးကိစ္စရပ်များတွင် နှစ်နိုင်ငံအကြားချစ်ခင်စည်းလုံးမှုနှင့် တည်ငြိမ်ရေးကို ဦးတည်၍ လေ့လာသင်ယူမှုများ ဆောင်ရွက် နိုင် ခဲ့သည့်အတွက် ဒေသတွင်းတည်ငြိမ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို

ရထား လက်မှတ် ဈေးနှုန်း တိုးမြှင့် ရောင်းချသည့် ဝန်ထမ်းအား အရေးယူ

ရထား လက်မှတ် ဈေးနှုန်း တိုးမြှင့် ရောင်းချသည့် ဝန်ထမ်းအား အရေးယူ
Tuesday, December 11, 2012

နိုင်ငံတော် အစိုးရသစ် လက်ထက်တွင် သန့်ရှင်းသော အစိုးရ၊
ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အား အရှိန် အဟုန်ဖြင့် ချီတက် လျှောက်လှမ်း
နေချိန်တွင် အကျင့်ပျက် ခြစားနှင့် အဂတိ လိုက်စားသော ဝန်ထမ်းများအား
ဖော်ထုတ် အရေးယူ ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာ ၄ ရက်က ကချင်ပြည်နယ် မိုးကောင်း ဘူတာမှ ဝန်ထမ်း တစ်ဦးက ရထား လက်မှတ် ရောင်းချမှု ဈေးနှုန်း သတ်မှတ်ကြေးထက်ပိုမို ရောင်းချ 
ခြင်းကြောင့်ဝန်ထမ်း စည်းမျဉ်း စည်းကမ်း အရ အရေးယူ ထားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ထွက်ခွာမည့် မိုးကောင်း - မန္တလေး အမှတ်(၅၈) အစုန် အမြန်ရထား ရိုးရိုးတန်း လက်မှတ်ကို ခရီးသွားပြည်သူ တစ်ဦးမှ ဝယ်ယူရာ ကျသင့်ငွေ ကျပ် ၃၇ဝဝ ထက် ပို၍ ငွေကျပ် ၁၂ဝဝဝ တောင်းယူ ရောင်းချခဲ့သူ မိုးကောင်း ဘူတာ (လက်မှတ်သိမ်း) ဝန်ထမ်း တစ်ဦးအား ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးကမန်း ဒူနော်ထံ တိုင်ကြား သဖြင့် ရုံပိုင်ကြီးမှ တရားလို ပြု၍ မိုးကောင်း ရဲတပ်ဖွဲ့ စခန်း၌ အမှုဖွင့်ကာ (လက်မှတ်သိမ်း) အဆိုပါ ဝန်ထမ်းကို ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ အရေးယူ ထားကြောင်း သတင်း ရရှိသည်။

မြ၀တီ နိုင်ငံတော် အစိုးရသစ် လက်ထက်တွင် သန့်ရှင်းသော အစိုးရ၊
ကောင်း မွန်သော အုပ်ချုပ်ရေး စနစ်ဖြင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အား အရှိန် အဟုန်ဖြင့် ချီတက် လျှောက်လှမ်း
နေချိန်တွင် အကျင့်ပျက် ခြစားနှင့် အဂတိ လိုက်စားသော ဝန်ထမ်း များ အားဖော်ထုတ် အရေးယူ ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာ ၄ ရက်က ကချင်ပြည်နယ် မိုးကောင်း ဘူတာမှ ဝန်ထမ်း တစ်ဦးက ရထား လက်

>>> ဒီဇင်ဘာ ၁၁ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း >>>


ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေ လဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၅၃ ကျပ်

အုန်းသီး အရသာရှိသော နာနတ်သီး သြစတြေးလျနိုင်ငံမှ ထုတ်လုပ်နိုင်တော့မည်

အုန်းသီး အရသာရှိသော နာနတ်သီး သြစတြေးလျနိုင်ငံမှ ထုတ်လုပ်နိုင်တော့မည်
Tuesday, December 11, 2012

သြစတြေးလျနိုင်ငံ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ သုတေသန ပညာရှင်များသည် အုန်းသီးအရသာရှိသော နာနတ် သီးတစ်မျိုးကို စမ်းသပ်ထုတ် လုပ်လျက်ရှိရာ ယခုအခါတွင်နောက်ဆုံး အဆင့်သို့ ရောက်ရ
ှိနေပြီဖြစ်ကြောင်း ၎င်းဌာန၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။

အဆိုပါစမ်းသပ်မှုကို ကွင်းစလန်း ပြည်နယ်ရှိ သုတေသနဌာနတွင် လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက လုပ်ဆောင်လျက်ရှိပြီး အုန်းသီး အရသာရှိသော နာနတ်သီးကို ထုတ်လုပ်ရာတွင် ရမ်အရက်၊ နာနတ်သီး ဖျော်ရည်နှင့် အုန်းသီးအနှစ်တို့ ပေါင်းစပ် ရောနှောဖော်စပ်ခဲ့ပြီး၊ ၎င်းကို " pina colada " နာနတ်သီးဟု ခေါ်တွင် ကြောင်းသိရသည်။

ထိုနာနတ်သီး၏ အရသာသည် ချိုမြရုံသာမက အပူပိုင်းဒေသမှ ထွက်ရှိသည့် အုန်းသီး အရသာရှိကြောင်း သိရသည်။

မိမိတို့ ယခုထုတ်လုပ်မည့် အုန်းသီး အရသာရှိသော နာနတ်သီး၏ အရသာ မျိုးကို သြစတြေးလျနိုင်ငံ အတွင်းရှိ အခြားနာနတ်သီးများတွင် တွေ့ရှိနိုင် မည်မဟုတ်ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ သစ်သီးဝလံပန်း မန်ဥယျာဉ် စိုက်ပျိုးသူ ဂါ့ထ်စီနယူးစကီက သြစတြေးလျ အသံလွှင့်ဌာနသို့
ပြောကြားခဲ့သည်။

မြ၀တီသြစတြေးလျနိုင်ငံ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ သုတေသန ပညာရှင် များသည် အုန်းသီးအရသာရှိသော နာနတ် သီးတစ်မျိုးကို စမ်းသပ် ထုတ်လုပ်လျက်ရှိရာ ယခုအခါတွင်နောက်ဆုံး အဆင့် သို့ ရောက် ရှိနေပြီဖြစ်ကြောင်း ၎င်းဌာန၏ထုတ်ဖော်ပြောကြားချက်အရသိရ သည်။
အဆိုပါစမ်းသပ်မှုကို ကွင်းစလန်း ပြည်နယ်ရှိ သုတေသနဌာနတွင် လွန် ခဲ့သော ဆယ်စုနှစ်ကတည်းက လုပ်ဆောင်လျက်ရှိပြီး အုန်းသီး အရ သာရှိသော နာနတ်သီးကို ထုတ်လုပ်ရာတွင် ရမ်အရက်၊ နာနတ်

မှောင်နဲ့ မည်းမည်း လရောင်လည်း သဲကွဲမလင်းတယ်.... (မီးမလင်းတော့တဲ့ မြဝတီမြို့မှ တိုင်ကြားစာ)


  ထိုင်းနိုင်ငံ တဖက်ကမ်း မြ၀တီမြို့ဟာ ကုန်စည်တွေကို  မြန်မာနိုင်ငံအတွင်းပိုင်းအထိ ၂၄ နာရီအတွင်း သယ် ယူ ပို့ဆောင်နိုင်တာမို့ စည်ကားတဲ့ နယ်စပ်မြို့ဖြစ်ပါတယ်။ အဖွဲ့အစည်း အသင်းအဖွဲ့ ပေါင်းစုံ ရှိသ လို လူ မျိုးစုံ လူပေါင်းစုံတဲ့ မြို့လည်း ဖြစ်ပါတယ်။ မြ၀တီမြို့ဟာ တဖက်ထိုင်းနိုင်ငံက လျှပ်စစ်ပေးနေ တာဖြစ်သလို မီတာခကိုလည်း တဖက်နိုင်ငံဈေးနဲ့ ညှိပြီး ပေးဆောင်ရပါတယ်။ မြန်မာပြည်တွင်းမှာ လျှပ်

မိုးလေ၀သသတင်း

ိုးလေ၀သသတင်း

(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်

တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်အများအားဖြင့်သာယာနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးနှင့်

ကချင်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့ တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ တွင်အများအားဖြင့်

သာယာမည်။ရွာရန်ရွာနှုန်း(၆၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။မြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသများတွင်နေရာကွက်ကျား

မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။အများအားဖြင့်သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေ အထိခန့်မှန်းချက်။အများအားဖြင့်သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။အများအားဖြင့်သာယာမည်။

posted by admin-team(NOM)
email:newsofburma.myanmar@gmail.com(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ် အသင့်အတင့်မှ တိမ်ထူ

ငြိမ်းချမ်းရေး ကော်မတီနှင့် ချင်းအမျိုးသား တပ်ဦးတို့ ဒုတိယ အကြိမ် တွေ့ဆုံ ညှိနှိုင်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ချင်းအမျိုးသား တပ်ဦးတို့၏ ဒုတိယ အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် သဘောတူ လက်မှတ် ရေးထိုးပြီး ရင်းရင်း နှီးနှီး နှုတ်ဆက် ကြစဉ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီနှင့် ချင်းအမျိုးသား တပ်ဦးတို့၏ ဒုတိယ အကြိမ် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို ရန်ကုန် မြို့ ရွှေလီလမ်းရှိ Myanmar Peace Center ၌ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက် အထိ နိုင်ငံတကာ အကဲ ခတ် လေ့ လာသူ ပုဂ္ဂိုလ် များ ရှေ့ မှောက် ၌ ပြု လုပ်ပြီး ချင်း အမျိုးသား တပ်ဦး ဘက်မှ အဆိုပြုသည့် အချက် ၃၁ ချက် အနက်မှ ၂၇ ချက်ကို  သဘော တူညီမှု ရရှိ

စစ်တပ်ကိုထောင်တဲ့ KIA မိုင်းကို ရွာသားတွေနေ့တိုင်း နင်းမိနေပြီ

မိုးမောက်မြို့နယ်၊ ကျခမ်းဒက်ကျေးရွာနေ ဦဂွန်ထန်တူးလွန်သည် ဇနီးဖြစ်သူဒေါ်အင်ခွန်ထုနှင့် အတူ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေစောင်းမှာ ဆိုင်ကယ်နဲ့ မိုးမောက်မှ ကျခမ်းဒက်ကိုအပြန် (၁၄) မိုင်
နားမှာ KIA ထောင်ထားတဲ့ မိုင်းတစ်လုံး ဆိုင်ကယ်နဲ့ နင်း

ငွေကျပ်သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Photo: ငွေကျပ်သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Tuesday, December 11, 2012

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မူးယစ်(အထူး)အဖွဲ့မှ ဒုတိယရဲမှူး ရဲနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ဒီ ဇင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲက လားရှိုးမှ သိန်းနီမြို့သို့ အထွက် ဟိုပိတ် ကျေးရွာအနီး၌ မူးယစ်ဆေးဝါး
နှိမ်နင်းရေးတာဝန် ဆောင်ရွက်စဉ် ဗင်ကား အမှတ် ၁က/.....အား ရှာဖွေစစ် ဆေးရာ ယာဉ်ပေါ်တွင် ကူးဆင်းတောက် ၂၆ နှစ် (ဘ)ဦးကိုချွင်ရင် ယာဉ်မောင်း ရပ်ကွက် (၄) တာမိုးညဲ ကွတ်ခိုင်မြို့ နယ်နှင့် မမြင်ကူဖိန် ၃၅ နှစ်(ဘ)ဦးမြင် ချိချို တာမိုးညဲ ကွတ်ခိုင်မြို့နယ် နေထိုင် သူနှစ်ဦးအား
တွေ့ရှိရပြီး ယာဉ်နောက် ခန်းတွင် ၎င်းတို့၏ ခရီးဆောင်သေတ္တာနှင့် မုန်ညင်းရွက်များ ဖုံးအုပ်ယူဆောင် လာသည့် စက္ကူဂျပ်ဖာ အတွင်းမှ (WY) စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၉ ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား ၃၉၈ဝဝဝ ပြား၊ အလေးချိန် ၃၅ ဒသမ ၈၂ ကီလို ကာလတန်ဖိုး ငွေကျပ် သိန်း ၈ဝဝဝ ကို တွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားခံများကို လားရှိုး အမှတ်(၁) ရဲ စခန်းတွင် မယ(ပ)၂၃၆/၂ဝ၁၂၊ မူးယစ် ပုဒ်မ ၁၅/၁၉ (က)/၂ဝ(က)/၂၁ အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မူးယစ်(အထူး)အဖွဲ့မှ ဒုတိယရဲမှူး ရဲနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ဒီ ဇင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲက လားရှိုးမှသိန်းနီမြို့သို့ အထွက် ဟိုပိတ် ကျေးရွာအနီး၌ မူးယစ်ဆေးဝါးနှိမ်နင်းရေးတာဝန် ဆောင်ရွက်စဉ် ဗင်ကား အမှတ် ၁က/.....အား ရှာဖွေစစ် ဆေးရာ ယာဉ်ပေါ်တွင် ကူးဆင်းတောက် ၂၆ နှစ် (ဘ)ဦးကိုချွင်ရင် ယာဉ်မောင်း ရပ်ကွက် (၄) တာမိုးညဲ ကွတ်ခိုင်မြို့ နယ်နှင့် မမြင်ကူဖိန် ၃၅ နှစ်(ဘ)ဦးမြင် ချိချို တာမိုးညဲ

မန်ချက်စတာဒါဘီပွဲ ဖြစ်ရပ်နှင့်ပတ်သက်၍ လူ ၉ ဦးကို စွဲချက်တင်

Photo: မန်ချက်စတာဒါဘီပွဲ ဖြစ်ရပ်နှင့်ပတ်သက်၍ လူ ၉ ဦးကို စွဲချက်တင် 
Tuesday, December 11, 2012 

တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၉ ရက်) က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်၏ မန်ချက်စတာဒါဘီပွဲဖြစ်သော မန်စီးတီးနှင့်မန်ယူ ပွဲစဉ်တွင် မန်ယူနောက်ခံလူ ရီယိုဖာဒီနန်အား အကြွေစေ့ဖြင့် ပစ်ပေါက်ခဲ့သူကို အတိအကျသိရှိနိုင်ရန် ရဲတပ်ဖွဲ့နှင့် မန်စီးတီးအသင်းတို့က စုံစမ်းစစ်ဆေးနေသည်။

ပွဲစဉ်၏ နာကျင်အချိန်ပိုတွင် မန်ယူအတွက် ဗန်ပါစီက အနိုင်ဂိုးသွင်းယူပြီးနောက် ပရိသတ်အတွင်းမှ ပစ်ပေါက်လိုက်သော အကြွေစေ့မှာ ဖာဒီနန်၏ လက်ဝဲဘက်မျက်ခုံးအား ထိမှန်ကာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မန်စီးတီးပရိသတ်တစ်ဦးကလည်း ဖာဒီနန်အား ရန်ပြုရန် ကွင်းအတွင်း ဝင်ရောက်လာခဲ့ရာ မန်စီးတီးဂိုးသမား ဂျိုးဟတ်က တားဆီးခဲ့ရသည်။ မန်ချက်စတာရဲတပ်ဖွဲ့က တနင်္ဂနွေနေ့က ဖြစ်ရပ်အတွက် လူ ၁၃ ဦးကို ဖမ်းဆီးခဲ့ပြီး ၉ ဦးကို စွဲချက်တင်ထားကြောင်း သိရှိရသည်။

အဆိုပါ မန်ချက်စတာမြို့ခံနှစ်သင်း၏ ဒါဘီပွဲစဉ်တွင် မန်ယူအသင်းက ဗန်ပါစီ၏ နာကျင်အချိန်ပိုသွင်းဂိုးကြောင့် မန်စီးတီးအား ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း ဖာဒီနန်အား အကြွေစေ့ဖြင့် ပစ်ပေါက်ခဲ့သည့် ပရိသတ်အား ပွဲကြည့်ခွင့် ရာသက်ပန်ပိတ်ပင်သွားရန် တောင်းဆိုထားကြောင်း The Telegraph သတင်းက ပြောကြားသည်။

Planet Myanmar Networkတနင်္ဂနွေနေ့ (ဒီဇင်ဘာ ၉ ရက်) က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယား လိဂ် ဘောလုံးပွဲစဉ်၏ မန်ချက်စတာဒါဘီပွဲဖြစ်သော မန်စီးတီးနှင့်မန်ယူ ပွဲ စဉ်တွင် မန်ယူနောက်ခံလူ ရီယိုဖာဒီနန်အား အကြွေစေ့ဖြင့် ပစ်ပေါက်

ရွှေည၀ါ ဆရာတော် ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဘာအတွက် တရားဟောမှာလဲ

လက်ပံတောင်း ကြေးနီစီမံကိန်း ဆန္ဒပြမှု သပိတ်စခန်းတွေမှာ မီးလောင် ဒဏ်ရာ ရသွားကြတဲ့ ရဟန်းတော်များဆေး ၀ါးကုသဖို့ အတွက် အထူး တရားပွဲ တခုကို ချင်းမိုင်မြို့ စေတနာ နာရေး ကူညီမှု အသင်းက စီမံ

US Sanction ကို အံတု မြန်မာနဲ့ပတ်သက်ခဲ့တဲ့ ဘဏ် ဒဏ်တပ်ခံရ

အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု (Sanction) ကို အံတုပြီး မြန်မာနဲ့ပတ်သက်ခဲ့တဲ့ ဗြိတိန် Standard Chartered ဘဏ်ဟာ အခုတော့ ဒဏ်တပ် ခံရလိုက်ရပါတယ်တဲ့။ 


ဗြိတိန် Standard Chartered ဘဏ်ဟာ အမေရိကန်က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အီရန်၊ မြန်မာ၊

အကျယ်ချုပ်ကနေ အကျဉ်းချုပ်ခံရတဲ့ ဗိုလ်မှူးကြီး အောင်ကြီး


နစက ကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်ကြီးကို ရခိုင်ပြည်နယ်
အတွင်း ဇွန်လ ၈ ရက်နေ့က စတင်ဖြစ်ပွါးခဲ့တဲ့ ရခိုင်-ဘင်္ဂါလီ အဓိကရုဏ်းတွေကြောင့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ရိပ်သာတွင် အကျပ်ချုပ် ချုပ်ထားရာကနေ ဒီလ ၅ ရက်နေ့မှာ အကျဉ်းချုပ်ကို ပြောင်းရွှေ့ ချုပ်နှောင် ထားလိုက်ကြောင်း အမည် မဖေါ် လိုသော နစက ဌာနချုပ် စစ်ဦးစီးဌာန သတင်းရပ်ကွက်နဲ့ နီးစပ်သူ