Wednesday, September 3, 2014

တောင်ကိုရီးယားတွင် စစ်ရေးလေ့ကျင့်ရင်း လူငယ် စစ်မှုထမ်းနှစ်ဦး သေဆုံး

လေ့ကျင့်ရေးဆင်းနေသော တောင်ကိုရီးယား စစ်သည်များကို တွေ့ရစဉ်
စစ်ရေးလေ့ကျင့်မှုများအတွင်း လူငယ်စစ်သည်နှစ်ဦး သေဆုံးသွားခြင်းကြောင့် တောင်ကိုရီးယား၏ စစ်မှုထမ်းရေးဆိုင်ရာ မူဝါဒများအပေါ် မေးခွန်းထုတ်စရာ အခြေအနေများ ပိုမို မြင့်တက်လာသည်။
စစ်တပ်ထဲတွင် အနိုင်ကျင့် ဖိနှိပ်မှုများကြောင့် လူငယ်စစ်မှုထမ်းအချို့ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု မြင့်တက်လာသဖြင့် စစ်တပ်အပေါ် ပြည်သူများက အမျက်ဒေါသ ထွက်နေချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ တောင်ကိုရီးယား အထူးတပ်ဖွဲ့မှ စစ်သည်နှစ်ဦးသည် ပြင်းပြင်းထန်ထန် လေ့ကျင့်မှုများအတွင်း သေဆုံးသွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

သူပုန်များနှင့် အပစ်အခတ် ရပ်စဲရန် ရုရှားနှင့် သဘောတူညီမှု ရရှိပြီဟု ယူကရိန်းကြေညာ

 
နိုင်ငံအရှေ့ပိုင်း ဒေသများတွင် သူပုန်တပ်များနှင့် စစ်ဖြစ်နေရာမှ အမြဲတမ်း အပစ်အခတ် ရပ်စဲရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သဘောတူညီမှု ရရှိခဲ့ပြီဟု ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကို၏ အစိုးရ အဖွဲ့က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ရင်သားခွဲစိတ်မှု၊ ၁၈ ဒေါ်လာတန် ဘရာစီယာနှင့် မပြီးဆုံးသေးသော သရဖူတိုက်ပွဲ



သရဖူခိုးယူထွက်ပြေးတိမ်းရှောင်နေသူအဖြစ် နိုင်ငံတကာမီဒီယာများ၏ရေးသားမှု ခံနေရသောမေမြတ်နိုးက ကိုရီးယားအဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံနှင့် မိမိ၏ ဂုဏ် သိက္ခာကို ထပ်မံထိခိုက်လာမည်ဆိုပါက တရားဥပဒေအရသာ ပြောဆိုတော့မည်ဟု တရားဝင်တုံ့ပြန်လိုက်သည်။

မြန်မာနိုင်ငံ သုတေသနအသင်း ပြန်လည်ဖွဲ့စည်းမည်

ပြည်ပတက္ကသိုလ်တစ်ခုတွင် သုတေသနလုပ်နေသူတစ်ဦးကိုတွေ့ရစဉ်
နှစ်ပေါင်းသုံးဆယ်ကျော် ဖွဲ့စည်းခွင့်မရရှိခဲ့သော မြန်မာနိုင် ငံသုတေသနအသင်းကို ပြန်လည် ဖွဲ့စည်း၍ သုတေသနလုပ်ငန်း များဖွံ့ဖြိုးတိုးတက်စေရန် ဆောင် ရွက်မည်ကြောင်း ဒေါက်တာ အောင်ထွန်းသက်ကပြောသည်။
မြန်မာနိုင်ငံသုတေသနအ သင်းကို ၁၉၂၀ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ပြီးနောက် ၁၉၈၀ ပြည့်နှစ်တွင် ဖျက်သိမ်းခံခဲ့ရကာ ပြည်တွင်းသုတေသနဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ စုစည်း ဆောင်ရွက်မှုအားနည်းသွားခဲ့ သည်။
‘‘အသင်းကို ပြန်ဖွဲ့ခွင့်ရပါ ပြီ။ ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက် မယ်။ လူငယ်မျိုးဆက်သစ်သု တေသီတွေ မွေးထုတ်မယ်။ တက္က သိုလ်တွေကို အခြေခံပြီး ပြန်ဖွဲ့ မှာပါ’’ဟု ဒေါက်တာအောင် ထွန်း သက်ကပြောသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေး ကန့်သတ်ရေပိုင်နက် အနီးမှ ဖြတ်သန်းသွားသော ကျောက်တင်သင်္ဘော အား ၀တ္တရားနှောင့်ယှက်မှုဖြင့် အရေးယူထား



ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးကန့်သတ် ရေပိုင်နက် အနီးမှ ဖြတ်သန်းသွားသော ကျောက်တင်သင်္ဘော တစ်စီးအား လုံခြုံရေးပေးနေသည့် မြန်မာ့ဆိပ်ကမ်းရဲအဖွဲ့မှ စက်တင်ဘာ၁ရက်နေ့တွင် ၀တ္တရားနှောင့်ယှက်မှုဖြင့်အရေးယူထားကြောင်းသိရသည်။
အဆိုပါ ကျောက်တင်သဘောင်္မှာ တောင်ဥက္ကလာပ မြို့နယ် မြင်သာဆိပ်ကမ်းတွင် အုတ်သဲကျောက်စရစ်များချရန် မြစ်ကြောင်း စုန်ဆင်းလာခြင်းဖြစ်ပြီး ၄င်းသဘောင်္မောင်းသူအား ၀တ္တရားနှောင့်ယှက်မှုအပါအ၀င် ပိုင်နက်ကျူးလွန်မှုဖြင့်ပါ တရားစွဲဆိုထားကြောင်း ကျောက်ချလှေသဘောင်္အဖွဲ့မှ ဦးသိန်းအေးကပြောသည်။

အမျိုးသားပညာရေး ဥပဒေကြမ်းကို ဒဂုံတက္ကသိုလ်တွင် ဆန္ဒပြ၊ ဌာနနှစ်ခုရှေ့တွင် အချေအတင်ဖြစ်ပွား

နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် နှစ်ဆယ်ကျော်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် ပေးပို့ထားသော အမျိုးသားပညာရေး ဥပဒေကြမ်းကို ဒဂုံတက္ကသိုလ်အတွင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အပါအဝင် ကျောင်းသား သမဂ္ဂလေးခု ပူးပေါင်းကာ စက်တင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီခန့်မှ ၂ နာရီခန့်အထိ ကျောင်းဝင်းအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြရာ ရူပဗေဒဌာနနှင့် သင်္ချာဌာန အဆောင်များရှေ့ အရောက်တွင် တံခါးပိတ်ထားသော ယင်းအဆောင်များ အတွင်းမှ ကျောင်းသားများ လာရောက် ပူးပေါင်းရန် ဟောပြောခဲ့ရာမှ ဆရာ၊ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများ အချေအတင် ဖြစ်ခဲ့ပြီး လူစုလူဝေး ဖြစ်ပွားခဲ့သည်။

နိုင်ငံရေးပါတီအချို့ ပြုလုပ်မည့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲသို့ UNA မတက်

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီအချို့၏ တွေ့ဆုံ ဆွေးနွေးပွဲသို့ တိုင်းရင်းသားနိုင်ငံ ရေးပါတီ ငါးခုပါဝင်သည့် စည်း လုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ (UNA) တက်ရောက်မည်မဟုတ်ကြောင်း သတင်းရရှိသည်။
အဆိုပါဆွေးနွေးပွဲကို ယ နေ့(စက်တင်ဘာ ၃ ရက်) တွင် GreenHill ဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးပါတီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ၁၉၉၀ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ စုစည်း ထားသည့် UNA အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခြင်းဖြစ်သည်။
ဆွေးနွေးပွဲတက်ရောက်ရန် ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း NBF က ဖိတ်ကြားခြင်းဖြစ်သော်လည်း မည်သည့်အဖွဲ့အစည်းက ကူညီပေးနေခြင်းဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရ၍ UNA အဖွဲ့ဝင် ပါတီ ငါးခုမှ မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်းသိရသည်။

စိတ်ဓာတ်က တန်ဖိုးမရှိတာလား၊ ဘွဲ့ဝတ်စုံက တန်ဖိုးမရှိတာလား

Photo: စိတ်ဓာတ်က တန်ဖိုးမရှိတာလား၊ ဘွဲ့ဝတ်စုံက တန်ဖိုးမရှိတာလား 
Wednesday, Setember 3, 2014

မကြာသေးခင်က ဂျာနယ်တစ်စောင်ရဲ့ ကာတွန်းမှာ ဘွဲ့ဝတ်စုံ ဝတ်ထားတဲ့ ဓာတ်ပုံကို ကလေးတစ်ယောက်က ကြည့်ပြီး တော့ သူ့ဖခင်ကို “ဒါဆန္ဒပြဝတ်စုံလား ဟင်” လို့ မေးလိုက်တာကို တွေ့ပြီး အတော်လေး စိတ်မကောင်း ဖြစ်သွားမိပါတယ်။ 

လူငယ်တွေ ဘွဲ့ဝတ်စုံနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေချက်တွေကို သတိထား ဆင်ခြင်သင့်ပြီ ထင်ပါတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမတွေလည်း ကိုယ့်တပည့်တွေ လုပ်ဆောင်နေမှုနဲ့ ပတ်သက်ပြီး သင့်မသင့် ပြောကြားကြစေချင်ပါတယ်။ ခုတစ်လော ကျောင်းသားတွေ ဆန္ဒပြနေကြတာ ဘွဲ့ဝတ်စုံဝတ်ပြီး ပဲပြုတ်တောင်း ခေါင်းရွက်၊ ရေစည်လှည်းတွန်း၊ ဆိုက်ကားနင်းပြတဲ့ Performance တွေ လုပ်နေတာတွေကို တွေ့ရပြီး စိတ်မချမ်းသာလွန်းတဲ့အတွက် ဒီစာကို ရေးမိပါ တယ်။

ဘွဲ့ဝတ်စုံဝတ်ပြီး အခမ်းအနား တက်တယ်ဆိုတာ ဘွဲ့ကို သို့မဟုတ် လက်မှတ်ကို လေးစားဂုဏ်ပြုပြီး အားလုံး ယူနီဖောင်း ဖြစ်အောင် ဝတ်ဆင်ကြရတာ ဖြစ်ပါတယ်။ ဘွဲ့ဝတ်စုံအောက်မှာ သိန်းချီ၊ သန်းချီပြီး ဝတ်စားထားလည်း သတ်မှတ်ထားတဲ့ ဘွဲ့ဝတ်စုံအောက်မှာ တစ်သွေးတည်း တစ်သားတည်း ဖြစ်ကြောင်း ပြဆိုဖို့ ဆင်တူ ဝတ်ဆင်ထားကြတာလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ တက္ကသိုလ် တက်တုန်းက နောက်ဆုံးနှစ် ဘွဲ့ယူခါနီးတော့ အဆောင်မှူးကို ကျောင်းသားတွေထဲက တစ်ဦးက “ဆရာကြီး ကျွန်တော်တို့ ဆိုက်ကားစီးပြီး ဘွဲ့လာယူလို့ မရဘူးလား” လို့ ထမေးလိုက်ပါတယ်။ မြန်မာစာ ပါမောက္ခဖြစ်တဲ့ ဆရာကြီးက ပြုံးရွှင်စွာပဲ “ရတာပေါ့ တပည့်တို့ရာ၊ ဒါပေမဲ့ တစ်ခုစဉ်းစားဖို့ သင့်တာပေါ့။ ဘွဲ့ဝတ်စုံဆိုတာ လူတိုင်း ဝတ်နိုင်တာမှ မဟုတ်တာ။ နေရာတိုင်း ဝတ်ရတာမှ မဟုတ်တာ။ တပည့်တို့ကို ဘွဲ့ပေးတယ် ဆိုတာကလည်း တတ်တာ၊ မတတ်တာ ထက်၊ တပည့်တို့ကို အဆင့်အတန်းတစ်ခု အနေနဲ့ သတ်မှတ်ပေးလိုက်တာ။ တပည့်တို့ လေးနှစ်တာကာလ ဤတက္ကသိုလ်ကြီးတွင် သင်ယူခဲ့ကြကြောင်း ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာ။ ပေးတဲ့ တက္ကသိုလ်ကဘွဲ့ကို လမ်းဘေးကလူ လာမယူနိုင်ဘူး။ တက္ကသိုလ်ဘွဲ့ကို လမ်းဘေးက အဝတ်အစားနဲ့ တက်ယူလို့ မရဘူး။ အဲဒါ ဂုဏ်တစ်ခု၊ အဆင့်တစ်ရပ် အနေနဲ့ သတ်မှတ်ထားတာ။ အဲဒါကို တပည့်တို့က ဘွဲ့ဝတ်စုံ ဝတ်လာပြီး ဆိုက်ကားနဲ့လာမယ် ဆိုရင်လည်း ဘွဲ့ဝတ်စုံနဲ့ ဂုဏ်အပေါ် တပည့်တို့က ဘယ်လိုသတ်မှတ်သလဲ ဆိုတဲ့ စိတ်နဲ့ အဆင့်အတန်းကို ပြန်ပြတာပဲ။ တန်ဖိုးဆိုတာ တစ်ခါတလေ “သိ” မှ “ရှိ” တာပါ” ဆိုတဲ့ စကားကို တစ်သက်လုံး မှတ်သားခဲ့ရတဲ့ ကျွန်တော်တို့ အဖို့ကတော့ ကိုယ့်ခေတ်ကိုယ့်အခါက လမ်းညွှန်သင်ပြနိုင်ခဲ့တဲ့ ဆရာတွေနဲ့ ကြုံတွေ့ခဲ့ရတာကိုပဲ ကျေးဇူးကြီးလှပြီလို့ ယူဆနေမိပါတယ်။

ဘွဲ့က တန်ဖိုးမရှိဘူး။ အလကားဘွဲ့။ သုံးစားမရတဲ့ဘွဲ့လို့ အထပ်ထပ် အော်နေတာလည်း ကြားနေရပါတယ်။ ကျွန်တော် အထက်မှာ ပြောခဲ့သလို တန်ဖိုးဆိုတာ “သိ” မှ “ရှိ” တာဆိုတဲ့ စကားကိုပဲ ပြန်ညွှန်းပါရစေ။
ဘွဲ့ရခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တစ်ခု သတိပေးချင်ပါတယ်။ ခင်ဗျားတို့ ဘယ်နည်းနဲ့ပဲ ဘွဲ့ရလာသည် ဖြစ်စေ သတ်မှတ်ထားတဲ့ အရည်အချင်းစစ် စာမေးပွဲကို မအောင်မြင်ဘဲနဲ့ အဲဒီဘွဲ့ကို မရပါဘူး။ သတ်မှတ်ထားတဲ့ အခကြေးငွေများ အကျေ ပေးဆောင်ရတယ်။ ကျောင်းခေါ်ကြိမ် မှန်အောင် တက်ခဲ့ကြရတယ်။ ဒါမှလည်း စာမေးပွဲ ဖြေဆိုခွင့်ကို ဦးစွာရတယ်။ စာမေးပွဲ ဖြေခွင့်ရ၊ စာမေးပွဲအောင်မှ ဘွဲ့ရလာတဲ့သူတွေချည်းပါပဲ။ ဘယ်သူမှ ဘွဲ့တစ်ခုကို အလကား မရပါဘူး။ ဘွဲ့ရပြီး အလုပ်ရတာ၊ မရတာ၊လုပ်တာ၊မလုပ်တာက တစ်ပိုင်းလို့ထင်ပါတယ်။ အဲဒါကလည်း ဘွဲ့ဝတ်စုံ နဲ့ မဆိုင်ပါဘူး။
ဘွဲ့ယူရင် သတ်မှတ်ချက်မှာ ဘွဲ့ယူအခမ်းအနားသို့ တက်ရောက်သူများသည် ပညာရှင်များပီပီ မိမိတို့ ပညာရပ်ဆိုင်ရာ ဘွဲ့ဝတ်စုံများကို၊ ဂုဏ်အဆင့်အတန်းနှင့် ကိုက်ညီစွာ ဝတ်ဆင်ရမည်ဆိုတာ နိုင်ငံတကာစံပါ။ ကိုယ့်တစ်နိုင်ငံတည်းက တီထွင်ထားတာ မဟုတ်ပါဘူး။ ဘွဲ့ယူတဲ့ စနစ်ကလည်း မြန်မာ့နည်းမြန်မာ့ဟန် မဟုတ်ပါဘူး။ အနောက်တိုင်းစတိုင်၊ အလေ့အထတွေအတိုင်း ဘွဲ့ယူ၊ ဘွဲ့ပေးနေကြတာပါ။
လူတိုင်း သူ့နေရာနဲ့ သူ့အထာ ဆိုတာကို ဂရုစိုက်ကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့ဘောင်အသိုင်းအဝိုင်းထဲမှာ လူတစ်ယောက်အနေနဲ့ နေထိုင်ကြရတာ ဆိုတော့ လူလိုကျင့်၊ လူလိုကြံ၊ လူလိုနေကြဖို့ အရေးကြီးပါတယ်။ ဘွဲ့ဝတ်စုံကြီး ဝတ်ပြီးတော့ အရက်မူးပြီး လမ်းဘေးမှာ လဲနေရင် အဲဒီဘွဲ့ဝတ်စုံ ဝတ်ထားတဲ့လူ သိက္ခာကျတာထက် “ဘွဲ့” ဆိုတဲ့ ဂုဏ်ကို ညှိုးမှိန်အောင်လုပ်ပြီး လူတိုင်း အထင်သေး မလေးစားအောင် လုပ်ရာကျပါတယ်။

ဘွဲ့ဆိုတာကို အထင်မကြီးရင် အစကတည်းက တက်မယူကြနဲ့ပေါ့။ အဲဒီ ဘွဲ့ပေးတဲ့ တက္ကသိုလ်တွေကို ဝေးဝေးရှောင် နေပေါ့။ ဘွဲ့ရမှ အလုပ်ခန့်မယ် ဆိုတာ သတ်မှတ်ချက်တစ်ခုပါ။ ဘယ်သူမှ တတ်တယ်၊ မတတ်ဘူးလို့လည်း ဒီခေတ်မှာ စစ်ဆေးနေတာ မဟုတ်တော့ပါဘူး။ အလုပ်ခေါ်ရင် ဘွဲ့ရဖြစ်ရမယ် ဆိုတာ စံတစ်ခုပဲ။ ဘွဲ့ရရင် လာခဲ့၊ ဘွဲ့မရရင် မလာခဲ့နဲ့လို့ သတ်မှတ်ထားသလို ဖြစ်နေတဲ့အတွက် ဘွဲ့ဆိုတာ တန်ဖိုးမရှိဘူးလို့လည်း မပြောနိုင်ပါဘူး။
လူ့ဘောင်အသိုင်းအဝိုင်းက သူ့နေရာ၊ သူ့အဆင့်အတန်း ဆိုတာကို လက်ခံထားပါတယ်။ အသုဘ အခမ်းအနားကို မင်္ဂလာဆောင် သွားသလို မလာကြဘူး။ မင်္ဂလာဆောင် အခမ်းအနားကိုလည်း စွပ်ကျယ်ချိုင်းပြတ်နဲ့ ပုဆိုးခါးတောင်း ကျိုက်ပြီး လာလေ့ မရှိပါဘူး။ သူ့နေရာနဲ့သူ ဝတ်စားကြတယ်ဆိုတာ လူ့ဘောင်ရဲ့ ယဉ်ကျေးမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ လူ့ဘောင်က သတ်မှတ်ထားတဲ့ စံလွှဲပြီး လုပ်ဆောင်ချက် တစ်ရပ်ဟာ တစ်ခါတလေ စော်ကားမော်ကား လုပ်သလို ဖြစ်တတ်ပါတယ်။ ဘွဲ့ဝတ်စုံကို စော်ကားတာဟာ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စော်ကားနေသလိုမျိုး ဖြစ်သွားတတ်တယ် ဆိုတာလည်း သတိပြုစေချင်ပါတယ်။
ခေတ်သစ် Performance အနေနဲ့ ကြိုက်တဲ့ဝတ်စုံ ဝတ်ပြီး ဆန္ဒပြနိုင်ပါတယ်။ မကျေနပ်ရင် ဘာမှမဝတ်ဘဲနဲ့လည်း ဆန္ဒပြ လို့ ရပါတယ်။ ဘွဲ့နဲ့ ရှာဖွေလုပ်ကိုင် စားသောက်နေကြတဲ့ ကိုယ့်ရဲ့မိဘ၊ ဆွေမျိုး၊ ညီအစ်ကို၊ မောင်နှမတွေကို စော်ကား သလိုမျိုး ဘွဲ့ဝတ်စုံကြီးတွေ ဝတ်ပြီး Performance လုပ်နေတာတွေကတော့ အမြင်မတော်လို့ ရပ်တန်းက ရပ်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

(အငြိမ်းစားကျောင်းဆရာတစ်ဦး)
Photo-The Voice Weekly
HW
မကြာသေးခင်က ဂျာနယ်တစ်စောင်ရဲ့ ကာတွန်းမှာ ဘွဲ့ဝတ်စုံ ဝတ်ထားတဲ့ ဓာတ်ပုံကို ကလေးတစ်ယောက်က ကြည့်ပြီး တော့ သူ့ဖခင်ကို “ဒါဆန္ဒပြဝတ်စုံလား ဟင်” လို့ မေးလိုက်တာကို တွေ့ပြီး အတော်လေး စိတ်မကောင်း ဖြစ်သွားမိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောနယ်စပ်သို့ ၀င်ရောက်လာသူများကို အီဘိုလာစစ်ဆေးမှုများ ပြုလုပ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ မောင်တောနယ်စပ်သို့ ၀င် ရောက်လာသူများကို သြဂုတ် ၂၂ ရက်မှ စတင်ကာ မောင်တောမြို့ အမှတ်(၁) ၀င်၊ ထွက်စခန်းတွင် မြို့ နယ်ဆရာဝန်များနှင့် သူနာပြု ဆရာမများက အီဘိုလာရောဂါ ရှိ၊ မရှိ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
‘‘အဓိက ကတော့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ၀င်လာတဲ့သူတွေမှာ ဖျားနာသူတွေပါလာသလား ဆို တာကို စစ်ဆေးတာ ဖြစ်တယ်။ စက်လှေဝင်ချိန်ဖြစ်တဲ့ နေ့ခင်း ဘက်နဲ့ ညဘက်မှာ စစ်ဆေးနေ တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ၀င်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားနဲ့ တစ်ဖက်နိုင်ငံကို သွားပြီး ပြန်လာတဲ့ ဒေသခံတွေကိုပါ စစ် ဆေးတာ ဖြစ်ပါတယ်။ အဓိက က တော့ အီဘိုလာရောဂါလက္ခဏာ ရှိ၊ မရှိ စစ်ဆေးတာ ဖြစ်ပါတယ်။ အခုတစ်ပတ်အတွင်းမှာတော့ ရောဂါလက္ခဏာရှိတဲ့ သူတစ် ယောက်မှ မတွေ့ပါဘူး။ သြဂုတ် ၂၂ ရက်ကစပြီး တစ်နေ့ကို နယ် စပ်ဖြတ်ကျော်ဝင်လာတဲ့သူ ၁၂၀၊ ၁၃၀ အထိ စစ်ဆေးနေတာဖြစ်ပါတယ်’’ဟု မောင်တာမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်းက ပြောသည်။

မျှော်လင့်ချက် ရောင်နီသန်းချိန်

ယခင်တုန်းက မြန်မာ့ရုပ်မြင် သံကြားတွင် ၈ နာရီ သတင်းပြီး သည့်အခါ ''ငြိမ်းချမ်းရေးပန်းခင်း''သီချင်းကို အမြဲလိုလို ထုတ်လွှင့်ပေးခဲ့သည်။ တိုင်းရင်းသား ပေါင်းစုံကို ညီညီညွတ်ညွတ် ကြည့်ရ သဖြင့် ဝမ်းသာပီတိ ဖြစ်ခဲ့သည်ကား အမှန်ပါ။ ထိုတေး သီချင်းထဲက ''ငြိမ်းချမ်းတဲ့အခါ သိလိမ့်မယ်'' ဆိုသည့် စာသားမှာ ရင်ကိုတိုက်ရိုက် ထိမှန် စေသည်။တကယ်တော့ ''ငြိမ်းချမ်းတဲ့အခါ သိလိမ့်မယ်'' ဆိုသည့် အဓိပ္ပာယ်မှာ အမြဲတမ်းငြိမ်းချမ်း နေသည့် ဒေသများ၌ကား တန်ဖိုးအနဂ္ဃ မရှိနိုင်ပါ။ သို့သော် မငြိမ်းချမ်းသည့် ကာလဒေသနှင့် နှိုင်းယှဉ်သိရှိ ပါမှ တကယ့်အရသာကို ခံစားနိုင်မည် ဖြစ်သည်။ ယခင်ကာလ တစ်ခုက ဖြစ်သည်။ ဘွဲ့ရခေတ်ပညာတတ် ပုဂ္ဂိုလ်တစ်ဦးက မြန်မာနိုင်ငံကို အခြားနိုင်ငံကြီး တစ်ခုက တိုက်ခိုက် သိမ်းပိုက်လျှင် သိပ်ကောင်းမည်ဆိုသည့် စကားတစ်ခွန်း ပြောကြားသည်။

အီဘိုလာကို ခြောက်လမှ ကိုးလအတွင်း ထိန်းချုပ်မည်ဟု WHO ထုတ်ပြန်

ကမ္ဘာကိုစိန်ခေါ်လျက် ရှိသည့် အီဘိုလာကူးစက်မြန် ရောဂါအား ခြောက်လမှ ကိုးလ အတွင်း ထိန်းချုပ်နိုင်ရန် စီစဉ် လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)က သတင်းထုတ်ပြန်သည်။ အီဘိုလာရောဂါသည် အ နောက်အာဖရိက နိုင်ငံများ၌ ၁၉၇၆ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး ယင်းနှစ်၌ ဖြစ်ပွားသူဦးရေမှာ ၃၁၈ ဦးသာရှိခဲ့ရာမှ ယခု ၂၀၁၄ ခုနှစ်တွင်မူ ၃၀၆၉ ဦးရှိသည်။ ထို့အပြင်သေဆုံးမှုမှာလည်း သြဂုတ် ၂၉ရက်အထိ ၁၅၅၂ ဦးရှိနေပြီဖြစ်သည်။ ထို့ကြောင့် လိုအပ်သော ဆေးဝါးပစ္စည်း၊ ကျန်းမာရေးဝန် ထမ်းများနှင့် ဆရာဝန်များထောက်ပံ့ခြင်းတို့ဖြင့် ယင်းရောဂါကိုခြောက်လမှ ကိုးလအတွင်း အပြီးသတ်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်များ ကျပ် ၁၅၀၀ ဖြင့် လွတ်လပ်စွာရောင်းချနေချိန်တွင် အူရီဒူး၏ ညံ့ဖျင်းသောဝန်ဆောင်မှုများအပေါ် ဝေဖန်မှုများ ပိုမိုမြင့်တက်


Wednesday, Setember 3, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆင်းမ်ကတ်များကို ကျပ် ၁၅ဝဝ ဖြင့် လွတ်လပ်စွာရောင်းချချိန်တွင် အူရီဒူး၏ ဆင်းမ်ကတ်များ ရောင်းအားကျဆင်းခဲ့ပြီး ၎င်းတို့၏ဝန်ဆောင်မှုအပေါ် ဝေဖန်မှုများလည်း မြင့်တက်လာကြောင်း သိရသည်။

အူရီဒူးက ဖုန်းပြောခနှုန်းထားကို ၎င်းတို့၏ ဖုန်းအချင်းချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်နှင့် အခြားအော်ပရေတာဖုန်းများသို့ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်ဟု သတ်မှတ်ထားသောကြောင့် တစ်မိနစ်လျှင် ကျပ် ၅ဝ ထက် ပိုမိုသက်သာသည်ဟု ယူဆစရာဖြစ်သော်လည်း မိနစ်အပေါ် အခြေခံ၍ ဖြတ်တောက်နေသောကြောင့် လက်တွေ့တွင် ပိုမိုကုန်ကျမှုများရှိနေကြောင်း သိရသည်။

“အရင် MPT ဖုန်းနဲ့သုံးတုန်းကတောင် တစ်ရက်ကို ကျပ် ၁ဝဝဝ၊ ၂ဝဝဝ လောက်ပဲ ကုန်ကျတယ်။ အူရီဒူးဖုန်းနဲ့ သုံးကြည့်တော့ မှ တစ်ရက်ကို ကျပ် ၅ဝဝဝ၊ ၆ဝဝဝ လောက် ကုန်ကျနေတယ်။ သူက တစ်မိနစ်နဲ့ တစ်စက္ကန့်ဆိုလည်း နှစ်မိနစ်စာ ကျပ် ၇ဝ ဖြတ်သွားတယ်”ဟု အူရီဒူးဖုန်းကို စမ်းသပ်သုံးစွဲကြည့်သော လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးငြိမ်းချမ်း က ကြုံတွေ့ရပုံကို ပြောပြသည်။

ဖုန်းပြောမှုအများစုမှာ တစ်မိနစ်၊ နှစ်မိနစ်ဝန်းကျင်သာရှိကြပြီး အူရီဒူး၏ ကောက်ခံမှုပုံစံမှာ ပိုမိုသက်သာခြင်းမရှိဘဲ ပိုမိုကုန်ကျနေကြောင်း သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။

အူရီဒူးက ပုံမှန်အင်တာနက်အသုံးပြုခကို ဩဂုတ် ၃၁ ရက်မှစ၍ 1Mb လျှင် ၂၅ ကျပ်မှ ၁ဝ ကျပ်သို့ လျှော့ချကောက်ခံခဲ့သော်လည်း Package Plan နှုန်းထားများမှာမူ အပြောင်းအလဲမရှိကြောင်း သိရသည်။

သာမန်သုံးစွဲသူများပင် တစ်လတာသုံးစွဲမှုမှာ 1Gb,2Gb ဝန်းကျင်ရှိနေကြောင်း သိရသည်။ ထိုပမာဏဝန်းကျင်သုံးစွဲသူများမှာ တစ်လလျှင် ငွေဖြည့်ကတ်အတွက် ကျပ် ၁ဝဝဝဝ၊ ကျပ် ၁၅ဝဝဝ ဝန်းကျင်သာ သုံးစွဲသူများဖြစ်ရာ အူရီဒူး၏ အင်တာနက်သီးသန့်အတွက် ကျပ် ၁၂ဝဝဝ ဆိုသောနှုန်းထားမှာ များပြားသည့် ပမာဏတစ်ခုဖြစ်နေခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အူရီဒူးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့က ဆင်းမ်ကတ်များကို အပြိုင်အဆိုင်ရောင်းချပေးလျက်ရှိပြီး မကြာမီတွင် တယ်လီနောကလည်း ရောင်းချတော့မည်ဖြစ်ရာ ဝန်ဆောင်မှုနှင့် ဈေးနှုန်းပိုင်းဆိုင်ရာ အဆင်ပြေသောအရာကိုသာ သုံးစွဲသူများ ရွေးချယ်လိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

Eleven Media Group

ဘင်္ဂါလီများ ပြန်လက်ခံမည့်ကိစ္စ ဘင်္ဂါလားဒေ့ရှ်အစိုးရ ပြောကြားချက်အပေါ် မြန်မာအစိုးရကန့်ကွက်

မြန်မာနိုင်ငံက ဘင်္ဂါလီဒုက္ခသည်များ စိစစ်လက်ခံမည့် သတင်းနှင့်ပတ်သက်၍ ဘင်္ဂလား ဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်၏ ပြောကြားချက်မှာ မရိုးမသား လုပ်ဆောင်မှုများ ရှိနေပြီး နိုင်ငံ တကာဆက်ဆံရေးတွင် မလို လားအပ်သည့် နိုင်ငံရေးအမြတ် ထုတ်မှုများမှာ ချစ်ကြည်ရင်းနှီးမှု ကို ပျက်ပြားစေနိုင်ကြောင်း နိုင်ငံ တော်သမ္မတရုံးအကြီးတန်း အရာ ရှိတစ်ဦးက ပြောကြားသည်။
ထို့အပြင် အတွင်းဝန်၏လုပ် ရပ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သတိထောက်လွှာပေး အပ်သင့်၊မသင့်ကိုလည်း သမ္မတ ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ က စတင်စဉ်းစားနေကြောင်း ၎င်း က ပြောကြားသည်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု၊ အစိုးရကို အကြည်ညိုပျက်စေမှုတို့ဖြင့် တရားရုံးက စွဲချက်တင်

စက်တင်ဘာ ၂ ရက် (၁၃) ကြိမ်မြောက်ရုံးချိန်းတွင် ၀န်ကြီးဟောင်းဦးဆန်းဆင့်အား နိုင်ငံတော်မှ စွဲဆိုထားသော ပုဒ်မနှစ်ခုစလုံးအတွက် ဒက္ခိခရိုင် တရားရုံးမှ စွဲချက်စတင်ခဲ့ကြောင်း သိရသည်။ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ပြစ်မှုကြီးအမှတ် ၄၁/၁၄ ပြစ်မှုပုဒ်မ ၄၀၉ (ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု) နှင့် ပြစ်မှုကြီးအမှတ် ၄၂/၁၄ ပြစ်မှု ဥပဒေပုဒ်မ ၁၂၄-က (အစိုးရကို အကြည်ညိုပျက်စေမှုတို့ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။ဦးဆန်းဆင့်၏ စွဲချက်တင်ထားသော အမှုနှစ်မှုတွင် ပြစ်မှုအမှတ် ၄၁/၁၄ ပုဒ်မ ၄၀၉ တွင် လိုပြသက်သေ ၂၈ ဦးတွင် ၁၃ ဦးစစ်ဆေးခဲ့ပြီး ပြစ်မှုအမှတ် ၄၂/၁၄ ပုဒ်မ ၁၂၄(က)တွင် လိုပြသက်သေ ၃၆ ဦးရှိသည့်အနက် ၁၉ ဦးစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သာကေတ ၁၀/တောင် ရပ်ကွက်၌ အုပ်စုနှစ်စု မင်းမဲ့စရိုက်ဆန်စွာ ခိုက်ရန်ဖြစ်ပွားမှုမှ ဦးဆောင်သူများအား ဖမ်းဆီးထား


သာကေတမြို့နယ် ၁ဝ/တောင် ရပ်ကွက်၌ အုပ်စုနှစ်စု မင်းမဲ့စရိုက်ဆန်စွာ အပြန်အလှန် ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်မှ ဦးဆောင်သူများဖြစ်သည့် နေမျိုးအောင်နှင့် မြင့်အောင်တို့အား ဖမ်းဆီးအမှုဖွင့်ထားပြီး အင်းစိန်ထောင်၌ ချုပ်နှောင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ ၁ဝ/တောင် ၁၃ ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းမပေါ်တွင် လူအများအုပ်စုဖွဲ့ကာ တစ်ဖက်နှင့်တစ်ဖက် တုတ်၊ ဓားကိုင်ဆောင်ကာ ခိုက်ရန်ဖြစ်ပွားနေကြောင်း သိရသဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းက တာဝန်ရှိသူများ သွားရောက်ထိန်းသိမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲစနစ်၌ အချိုးကျကိုယ်စားပြုစနစ် (PR) တစ်ခုတည်းကိုသာ ကျင့်သုံးရန် ရွေးချယ်သွားမည်မဟုတ်ဟု ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၌ အချိုးကျကိုယ်စားပြုစနစ် (PR) တစ်ခုတည်းကိုသာ ကျင့်သုံးရန် ရွေးချယ်သွားမည်မဟုတ်ဟု ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဦးက စက်တင်ဘာ ၂ ရက်တွင် ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် ကျင့်သုံးနေသော စနစ်ဖြစ်သည့် မဲများသူ အနိုင်ယူသည့်စနစ် (FPTP) အစား အချိုးကျကိုယ်စားပြုစနစ် (PR) အား ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးများတွင် ပြောင်းလဲကျင့်သုံးရန်အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းလာပြီးနောက် ယခုကဲ့သို့ ရွေးကောက်ပွဲစနစ်အား လေ့လာရေးကော်မရှင်ကို လွှတ်တော်၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ရောင်းအားကျဆင်းလာမှုကြောင့် စက်တင်ဘာလအတွက် Ooredoo ၏ အင်တာနက်အသုံးပြုမှု ပရိုမိုးရှင်းပြုလုပ်

ပြည်ပဆက်သွယ်ရေးအော်ပရေတာတစ်ဦးဖြစ်သည့် Ooredoo မှ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အတွင်း Top UP ငွေဖြည့်သွင်းသူများအတွက် နေ့စဉ်အင်တာနက် အသုံးပြုမှုအား 1 MB ကို ၁၀ ကျပ်နှုန်းဖြင့် အသုံးပြုနိုင်မည့် အင်တာနက်အသုံးပြုမှု ပရိုမိုးရှင်းကို စတင်လိုက်ကြောင်းသိရသည်။“Ooredoo ငွေဖြည့်ကတ်သုံးသူတွေအတွက် Top Up ကတ်ပရိုမိုးရှင်းအနေနဲ့ စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အတွင်း Top Up ငွေဖြည့်သွင်းသူတွေအားလုံး နေ့စဉ်အင်တာနက်အသုံးပြုမှု 1 MB ကို ၁၀ ကျပ်နဲ့ တစ်လတိတိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခု စက်တင်ဘာ ၂ ရက်ကဖြည့်ရင်တော့ နောက်လ အောက်တိုဘာ ၂ ရက်ထိရမယ်။ စက်တင်ဘာ ၃၀ မှဖြည့်ရင် နောက်လ အောက်တိုဘာ ၃၀ ထိ 1 MB ကို ၁၀ ကျပ်နဲ့ သုံးနိုင်မှာပါ။ ဒီပရိုမိုးရှင်းက အရင်ဝန်ဆောင်မှုပေးခဲ့တဲ့ Data ဝန်ဆောင်မှုတွေထက် အများကြီးသက်သာတယ်” ဟု Ooredoo အရောင်းပြခန်းမှ အရောင်းတာဝန်ခံတစ်ဦးက ရှင်းပြသည်။

ဂျွန်ကယ်ရီ ခရီးစဉ်အလွန် ကြီးနှစ်ကြီး ဆက်ဆံရေး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ လာသွားတဲ့ ခရီးစဉ်ကိုတော့ ပြည်တွင်းကရော ပြည်ပ ကပါ တော်တော်လေး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ ဒီခရီးစဉ် မတိုင်ခင်မှာလည်း အမေရိကန် လွှတ်တော်အမတ် ၆၀ ကျော်က ကယ်ရီကို ဖိအားပေးတဲ့ ပေးစာ ပေးပို့ခဲ့ကြပါတယ်။ ဒါ့ကြောင့် ကယ်ရီရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံကို ဘာတွေ ဖိအားပေးမလဲ ဆိုတဲ့ သိချင်စိတ်က အဓိက ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အထင်နဲ့အမြင် ပါစင်အောင်လွဲသွားခဲ့တာကတော့ ကယ်ရီရဲ့ သတင်းစာရှင်းလင်းပွဲမှာ အကောင်းဘက်များတဲ့ ရှုမြင်သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန် ပြန်ရောက်တော့ လည်း East-West Center မှာ ကယ်ရီရဲ့ အာရှခရီးစဉ်အကြောင်း ပြောတဲ့အခါမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ Good Example အဖြစ် ပြောသွားပြန်ပါတယ်။

ဝမ်းမန်းရှိုးဟီးရိုးများရဲ့ စိုက်ပျိုးရေး စိုးရိမ်ရေမှတ်နိုင်ငံ

ဝမ်းမန်းရှိုးဟီးရိုး (One Man Show Hero) ဆိုတာကတော့ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသရဲ့ ‘‘လောကသားတို့အတွက် မြတ်ဗုဒ္ဓရဲ့ ကြိုးပမ်းချက်အပိုင်း (၁၆)မှာပါတဲ့ မြန်မာပြည်ရဲ့ လူတန်းစားတစ်ရပ်အပေါ် ပုံဖော်ထားပုံသည့် ဒီဆောင်း ပါး ရဲ့ အဓိကဇာတ်ဆောင်တွေနဲ့ ထပ်တူကျနေလို့ ဒီဆောင်းပါးခေါင်းစဉ်ကို ပေးလိုက်ခြင်းပါပဲ။

ရင်ခုန်စိတ်လှုပ်ရှား ပျော်ရွှင်စရာတွေ ကြုံပါပြီလား

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကတော့ ပျော်ပျော်ပါပဲ။ စက်တင်ဘာ ၁ ရက်မှာ မြန်မာ့ဆက်သွယ်ရေးကနေ 3G ဂျီအက်စ်အမ် ဆင်းကတ်တွေကို တစ်ကတ် ကျပ် ၁,၅၀၀ နှုန်း သူနဲ့ အကျိုးတူလုပ်ဖော်ကိုင်ဖက် ကုမ္ပဏီအရောင်းဆိုင်တွေကနေ တစ်ဆင့်စပြီး ရောင်းချတော့ ပြည်သူတွေ တိုးတိုးဝှေ့ဝှေ့နဲ့ ၀ယ်ယူကြတာပါပဲ။ အူရီးဒူး ဆင်းကတ်ရောင်းစဉ်ကလည်း အဲဒီဆင်းကတ်ဝယ်သုံးရင်ပဲ အမျိုးဘာသာသာသနာ ညှိုးနွမ်းတော့မတတ် အဖြစ်သည်းနေသူတွေ တိတ်ဆိတ်နေကြသလို၊ ဆက်သွယ်ရေးက ဆင်းကတ်ရောင်းတော့လည်း ဖုန်းပြောဆိုခ ဈေးကြီးတယ်၊ လူကြီးမင်းနဲ့ပဲ ညားနေရတယ်၊ အင်တာနက် သုံးရင်လည်း အ၀ိုင်းလေးပဲ လည်နေတယ်စသဖြင့် ပြောဆိုနေသူတွေကလည်း ဝေဖန်ချက် မပြောနိုင်ကြတော့ပါဘူး။ မိုဘိုင်းဖုန်း အသုံးပြုတာနဲ့ ပတ်သက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ကြုံနေရပြီလားဆိုတာ ဒီကနေ့ ဆွေးနွေး ကြည့်ရအောင်ပါ။
MPT ဆင်းကဒ်များကို စက်တင်ဘာလ ၁ရက်မှ စတင်ကာ နိုင်ငံတစ်ဝှမ်းရှိ ဖုန်းအရောင်းဆိုင်များတွင် ကျပ် ၁၅၀၀ကျပ်ဖြင့် ရောင်းချနေပြီဖြစ်ပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ E-Lite IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် ဆင်းကတ်ဝယ်ယူသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ငြိမ်သစ်ညီ၊ မဇ္ဈိမ)
MPT ဆင်းကဒ်များကို စက်တင်ဘာလ ၁ရက်မှ စတင်ကာ နိုင်ငံတစ်ဝှမ်းရှိ ဖုန်းအရောင်းဆိုင်များတွင် ကျပ် ၁၅၀၀ကျပ်ဖြင့် ရောင်းချနေပြီဖြစ်ပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ E-Lite IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် ဆင်းကတ်ဝယ်ယူသူများကို တွေ့ရစဉ်။

မြို့သစ်စီမံကိန်းနောက်ကွယ်မှ ပဟေဠိများ

လှိုင်သာယာ−တွံတေး ကားလမ်းနံဘေးရှိ မြေကွက်များကို ရန်ကုန်မြို့သစ်စီမံကိန်းအတွင်း ပါဝင်မည်ဟု တွက်ချက်ကာ လိုက်လံဝယ်ယူရန် လေ့လာနေသော လုပ်ငန်းရှင်အချို့၏ ကားများကို တွေ့ရစဉ် [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]
ရန်ကုန်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ရန်ကုန်ဘက်မှ လာသူများဖြင့် ခြေချင်းလိမ်နေသည်။ အဆိုပါကျေးရွာများမှာ မြို့သစ်တိုးချဲ့လျှင် ပါလိမ့်မည်ဆိုသော တွက်ကိန်းဖြင့် မြေကြိုဝယ်ရန် လာရောက်ကြည့်ရှုသူများဖြစ်သည်။ သူတို့ကြောင့် သမ္ဗာန်သမားများ အလုပ်ဖြစ်နေပြီး ဆိုင်ကယ် ကယ်ရီဆွဲသူအချို့လည်း ခရီးသည်ကို လိုရာလိုက်ပို့ရင်း တစ်ပါတည်း မြေပွဲစားများပါဖြစ်လာသည်။
စီးပွားရေးမြို့တော် ရန်ကုန်၏ တိုးပွားလာသော လူဦးရေအတွက် အစိုးရကဖြေရှင်းရန် ၁၀ စု နှစ်ခုအတွင်း ပထမဆုံးတိုးချဲ့မည့် မြို့သစ်စီမံကိန်းသစ်ကို ရန် ကုန်၏ အနောက်ပိုင်းတွင် အ ကောင်အထည်ဖော်မည့် သတင်း များ၏ နောက်ဆက်တွဲရိုက်ခတ်မှု များဖြစ်သည်။

"လက်ဝှေ့ပရိသတ်များ မျှော်လင့်နေကြသည့် ပက်ကွီအို-မေ၀ဲလ်သာ ပွဲစဉ် ၂၀၁၅ တွင် အကောင်အထည်ပေါ်နိုင်ဖွယ်ရှိ"


Photo: "လက်ဝှေ့ပရိသတ်များ မျှော်လင့်နေကြသည့် ပက်ကွီအို-မေ၀ဲလ်သာ ပွဲစဉ် ၂၀၁၅ တွင် အကောင်အထည်ပေါ်နိုင်ဖွယ်ရှိ"
Wednesday, Setember 3, 2014

လွန်ခဲ့သည့် ခြောက်နှစ်ခန့်ကတည်းက ပွဲဖြစ်ရန် နီးစပ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့ရသည့် ဖိလစ်ပိုင် လက်ဝှေ့ကျော် မေ၀ဲလ်သာနှင့် အမေရိကန်လက်ဝှေ့သမားမေ၀ဲလ်သာတို့၏ ထိုးသတ်ပွဲစဉ်ကို လာမည့် ၂၀၁၅ ခုနှစ်အတွင်းအ မှန်တကယ် မြင်တွေ့ရဖွယ်ရှိကြောင်း လက်ဝှေ့ပွဲစီစဉ်သူဘော့ အာရန်က ပြောသည်။
ဝိတ်တန်းရှစ်ခုကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖိလစ်ပိုင်အကျော်အမော်ပက်ကွီအိုနှင့် ရှုံးပွဲမရှိအမေရိကန်လက်ဝှေ့ကျော်မေ၀ဲလ်သာတို့  ၏ပွဲစဉ်ဖြစ်မြောက်ရန်လက်ဝှေ့ ပွဲစီစဉ်သည့် ကုမ္ပဏီများအနေဖြင့် ၂၀၀၈ ခုနှစ်လောက်ကတည်းက ကြိုးပမ်းနေကြခြင်းဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် လက်ဝှေ့ပွဲစဉ်များ အကောင်အထည်ပေါ်လာခဲ့ခြင်းမရှိခဲ့ဘဲ လက်ဝှေ့သမားများမှာလည်း အသက်သာ ပိုမိုကြီးလာခဲ့ကြသည်။

သို့သော်ပက်ကွီအိုနှင့် လက်တွဲလာသည့် လက်ဝှေ့ပွဲတင်ဆက်သည့် ကုမ္ပဏီဖြစ်သောTop Rank ၏ဥက္ကဋ္ဌဘော့အာရန်ကပွဲစဉ်ဖြစ်မြောက်ရန်အတွက် ဆွေးနွေး ညှိနှိုင်းမှု များပြုလုပ်နေပြီး လာမည့်နှစ် အစောပိုင်းတွင် အမှန်တကယ်အကောင်အ ထည်ပေါ် လာနိုင်ဖွယ်ရှိသည်ဟု ဆန်ဖရန်ဆစ္စ ကိုခရိုနီကယ် သတင်းစာ သို့ ပြောသည်။ လက်ဝှေ့ကျော်နှစ် ဦး၏ ပွဲစဉ်များကို ထုတ်လွှင့်ခွင့် ရရှိထားသော ကုမ္ပဏီများနှင့် အခပေးရုပ် သံထုတ်လွှင့် မှုများအတွက် အသေးစိတ်အခြေ အနေများကို ဆွေးနွေးနေကြောင်း ၎င်း ကပြောသည်။

“နှစ်ဖက်စလုံးရဲ့ရုပ်သံထုတ်လွှင့်ကုမ္ပဏီတွေကဒီပွဲကို ဖြစ်စေချင်နေကြတာပါ။ ဒီပွဲကို လာမည့်နှစ်အစောပိုင်းမှာကျင်းပပေး နိုင်ဖို့အခြေအနေတော်တော် လေး တိုးတက်နေပါပြီ။ လာမယ့်နှစ် အစောပိုင်းခြောက်လအတွင်းမှာ ဒီပွဲ ဖြစ်လာဖို့ရှိနေပါတယ်” ဟု ဘော့အာရန်က ပြောသည်။

၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့လက်ဝှေ့ပရိသတ်များ၏ နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရသည့် ယင်းထိုးသတ်ပွဲကြီး ဖြစ်မြောက်လာပါက လည်းယင်းအချိန်တွင်လက်ဝှေ့ သမားနှစ်ဦးစလုံးမှာ အသက် ၄၀ နားကပ်နေကြတော့မည်ဖြစ်သည်။ မေ၀ဲလ်သာမှာယခုအချိန်တွင် အသက် ၃၇ နှစ်နှင့် ပက်ကွီအိုမှာ အသက် ၃၅ နှစ်အရွယ် အသီးသီးရှိနေကြပြီဖြစ်သည်။ ပက်ကွီအို၏ လေ့ကျင့်ရေး ဆရာဖြစ်သူ ဖရက်ဒီရော့ခ်ျကလည်းပက်ကွီအိုနှင့် မေ၀ဲလ်သာတို့ထိုးသတ်ပွဲစဉ်မှာလာမည့်နှစ် တွင် ဖြစ်လာဖွယ်ရှိကြောင်းအ ရိပ်အမြွက်ဆိုခဲ့သလို အကြီးကျယ်ဆုံးထိုးသတ်ပွဲတစ်ခုဖြစ်လာနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ ပက်ကွီအိုမှာ ယခုအချိန်တွင် အမေ ရိကန်နိုင်ငံတွင် ရောက်ရှိနေပြီး လာမည့်နိုဝင်ဘာတွင် အမေရိကန်နိုင်ငံသားခရစ္စအယ်လ်ဂျီရီနှင့် ထိုးသတ်မည့်ပွဲစဉ်အတွက်ပြင် ဆင်မှုများ ပြုလုပ်နေသည်။

Ref: Asianewsnet.net

လွန်ခဲ့သည့် ခြောက်နှစ်ခန့်ကတည်းက ပွဲဖြစ်ရန် နီးစပ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့ရသည့် ဖိလစ်ပိုင် လက်ဝှေ့ကျော်
ပက်ကွီအိုနှင့် အမေရိကန်လက်ဝှေ့သမားမေ၀ဲလ်သာတို့၏ ထိုးသတ်ပွဲစဉ်ကို လာမည့် ၂၀၁၅ ခုနှစ်အတွင်းအ မှန်တကယ် မြင်တွေ့ရဖွယ်ရှိကြောင်း လက်ဝှေ့ပွဲစီစဉ်သူဘော့ အာရန်က ပြောသည်။
ဝိတ်တန်းရှစ်ခုကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖိလစ်ပိုင်အကျော်အမော်ပက်ကွီအိုနှင့် ရှုံးပွဲမရှိအမေရိကန်လက်ဝှေ့ကျော်မေ၀ဲလ်သာတို့ ၏ပွဲစဉ်ဖြစ်မြောက်ရန်လက်ဝှေ့ ပွဲစီစဉ်သည့် ကုမ္ပဏီများအနေဖြင့် ၂၀၀၈ ခုနှစ်လောက်ကတည်းက ကြိုးပမ်းနေကြခြင်းဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် လက်ဝှေ့ပွဲစဉ်များ အကောင်အထည်ပေါ်လာခဲ့ခြင်းမရှိခဲ့ဘဲ လက်ဝှေ့သမားများမှာလည်း အသက်သာ ပိုမိုကြီးလာခဲ့ကြသည်။

ချစ်သူဘဝနားလည်မှုတွေနဲ့ အနာဂတ်ခရီးအတွက် ကြိုးစား လျှောက်လှမ်းနေကြတဲ့ နိုင်းဝမ်းနဲ့ ယွန်းမှီမှီကျော်


Photo: ချစ်သူဘဝနားလည်မှုတွေနဲ့ အနာဂတ်ခရီးအတွက် ကြိုးစား လျှောက်လှမ်းနေကြတဲ့ နိုင်းဝမ်းနဲ့ ယွန်းမှီမှီကျော်
Wednesday, Setember 3, 2014

ခံစားမှုရသများစွာကို ပရိသတ် အတွက် ပုံဖော်ဖန်တီးပေးစွမ်းနေကြတဲ့ အနုပညာရှင်အဆိုတော်နိုင်းဝမ်းနဲ့ အလှ မယ်ယွန်းမှီမှီကျော်တို့ရဲ့ ချစ်သူနှစ်ဦး ပျော်ရွှင် ကြည်နူးမှုပုံ ရိပ်များနဲ့ အတူချစ် ခြင်းမေတ္တာအပေါ် ခံယူချက်သဘော ထား၊တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန်အကျိုးပြုပုံများ၊အနာဂတ်ချစ်ခရီး လမ်းအတွက် မျှော်မှန်း ချက် များ အစရှိတာတွေကိုသိရဖို့နိုင်ဝမ်းရဲ့စကားသံ များကို ပရိသတ်အတွက် ဖော်ပြတင်ဆက်လိုက်ပါတယ်။
ခံယူထားတဲ့အချစ်ရဲ့အဓိပ္ပာယ်
” ကျွန်တော်တို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းက တစ်နှစ်ခွဲလောက်ရှိပါပြီ။ အချစ်ရဲ့ခံယူချက်ကတော့ ထွေထွေထူးထူး၊ သီးသန့်ကြီးကွဲထွက်နေတာမျိုး မရှိပါဘူး သာမန် လူတွေလိုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်ချစ်တယ်ဆိုတာ လူတိုင်းလည်းချစ်ဖူးကြတာပဲ။ အဓိကကတော့ ကိုယ်ကိုယ်တိုင်လည်း အမှား အယွင်းမရှိအောင်ကြိုး စားပြီးနေတယ်။ သူလည်း အဲဒီလိုပဲနေတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိတယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။
အပြန်အလှန်အမှီသဟဲပြုပုံ
” သူ့ကို ကျွန်တော်သီချင်းဆိုခိုင်းဖို့တော့ အစီအစဉ်ရှိတယ်။ ကျွန်တော့်တစ်ကိုယ်တော်ထဲမှာပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့သူက အစိမ်းသက်သက် ဖြစ်နေ လတော့နည်းနည်း ထရိန်းနေရတာပေါ့။ အခုလောလောဆယ်တော့ ကျွန်တော့်ကို လာအပ်ထားတဲ့ ကြော်ငြာသီချင်းလေးတွေ၊ မိန်းကလေးပါဆိုရမယ့် Duetပုံစံလေးတွေဆို သူနဲ့ဆိုဖြစ် တာ များတယ်။ ဒီလိုနဲ့ပဲတဖြည်းဖြည်းချင်း ထရိန်းပြီးတော့ ကျွန်တော်စိတ်ချရတဲ့အချိန် သူနဲ့ကျွန်တော်နဲ့ သီချင်းတွေလုပ်ပြီး ကျွန်တော်သူ့ကို ခေါ်ဆိုဖို့ ရှိပါတယ်။ သူကလည်း သူ့ကိုအလုပ် တစ်ခုလာအပ်ပြီဆိုတာနဲ့စစဉ်းစားကတည်း ကိုက နှစ်ယောက်တိုင်ပင်ပြီး စဉ်းစားတယ်။ ဘယ်လိုကြော်ငြာမှာ ဘယ်လိုသရုပ်ဆောင်ရမယ်တို့၊ ဓာတ်ပုံ ရှုတင်ဆိုလည်း မိတ်ကပ်ကအစ ဘယ်လိုအဆင်ပြေအောင် လုပ်မလဲဆိုတာ ဘေးကလိုက်ပြီး ပြောပေးတယ်။ သူလည်းအဲဒီလိုပါပဲ။ ကျွန်တော်ရှိုးသွားပြီဆိုရင် အဝတ် အစားကအစ လိုက်ကြည့်ပေးတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန် စဉ်းစားပေးကြပါတယ်”
အားပေးတဲ့ပရိသတ်အပေါ် ကျေးဇူးတင်စကား
” များသောအားဖြင့် ကျွန်တော်တို့နိုင်ငံမှာက အနုပညာဖန်တီးမှုထက် လူပုဂ္ဂိုလ်စွဲနဲ့အားပေးတဲ့ ပရိသတ်တွေက တော်တော်များတယ်။ ကျွန်တော်ကို ရော၊သူ့ ကိုရော အားေ ပးတဲ့ ပရိသတ်တွေထဲမှာ အဲဒီလိုမျိုး ပရိသတ်တွေလည်းရှိတယ်။ ကျွန်တော်တို့နှစ်ယောက် relationship ကို တရားဝင်လူသိရှင်ကြားတွဲတဲ့အချိန်မှာ ကိုယ့် အနားမှာ မရှိတော့တဲ့ ပရိသတ်တွေလည်း ရှိတာပေါ့။ ဒီနေ့၊ ဒီအချိန်ထိ သူ့အနားမှာရော၊ ကျွန်တော့်အနားမှာရော အမြဲ တမ်းရှိနေပြီး ကျွန်တော်တို့ ဖန်တီးတဲ့ အနုပညာ စစ်စစ်ကိုအားပေးတဲ့ အမာခံပရိသတ်တွေကို တကယ်ကျေးဇူးတအားတင်ပါတယ်။ အဲဒီကျေးဇူးတရားနဲ့ ထိုက်တန်အောင်လည်း ကျွန်တော်တို့အမြဲတမ်း ကြိုးစားနေပါ တယ်လို့ ပြောချင်ပါတယ်”
အနာဂတ်ရည်မှန်းချက်
” မနှစ်က Miss People  ရတယ်။ ဒီနှစ်မှာလည်း Miss Universe Myanmar 1st Runner ရထားတော့ စာချုပ်ချုပ်ထားတာလေးတွေ ရှိတယ်။ အဲဒီတော့ အိမ်ထောင်ပြုဖို့ အတွက်ကို ကျွန်တော်တို့ အဲဒီလောက်ကြီး စဉ်းစားလို့မရသေးဘူး။ အဓိကကတော့ အိမ်ထောင်ပြုရတော့မယ်ဆိုတဲ့ အချိန်မှာ အဆင်သင့်ဖြစ်နေအောင် ကျွန် တော်တို့ အမြဲတမ်းကြိုးစားနေတယ်။ ငွေရေးကြေးရေးစုဆောင်းတာကအစ အတတ်နိုင်ဆုံးကျွန်တော်တို့ ကြိုးစားနေတယ်”
ပေါ်ပြူလာ
ခံစားမှုရသများစွာကို ပရိသတ် အတွက် ပုံဖော်ဖန်တီးပေးစွမ်းနေကြတဲ့ အနုပညာရှင်အဆိုတော်နိုင်းဝမ်းနဲ့ အလှ မယ်ယွန်းမှီမှီကျော်တို့ရဲ့ ချစ်သူနှစ်ဦး ပျော်ရွှင် ကြည်နူးမှုပုံ ရိပ်များနဲ့ အတူချစ် ခြင်းမေတ္တာအပေါ် ခံယူချက်သဘော ထား၊တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန်အကျိုးပြုပုံများ၊အနာဂတ်ချစ်ခရီး လမ်းအတွက် မျှော်မှန်း ချက် များ အစရှိတာတွေကိုသိရဖို့နိုင်ဝမ်းရဲ့စကားသံ များကို ပရိသတ်အတွက် ဖော်ပြတင်ဆက်လိုက်ပါတယ်။

သင်ပုန်းကြီး Mobile Library မှ ကားတစ်စီးဖြင့် စာအုပ်များ လှည့်လည် ငှားရမ်း လျှက်ရှိ

Photo: သင်ပုန်းကြီး Mobile Library မှ ကားတစ်စီးဖြင့် စာအုပ်များ လှည့်လည် ငှားရမ်း လျှက်ရှိ
Wednesday, Setember 3, 2014

သင်ပုန်းကြီး Mobile Library သည် ရသ စာပေများနှင့် အခြားသော ဗဟုသုတ စာအုပ်များ ပါဝင်သည့် ကားတစ်စီးဖြင့် ရန်ကုန် မြို့တွင်းရှိ စာသင်ကျောင်း များနှင့် ရပ်ကွက် များတွင် စက်တင်ဘာ လဆန်း၌ စတင်ကာ လှည့်လည် ငှားရမ်းလျက် ရှိသည်ဟု တာဝန်ခံ မဇင်ဇင်မြင့်က မဇ္ဈိမကို ပြောသည်။
“အစ်မတို့ စာကြည့်တိုက်က ကလေးတွေရဲ့ ပညာရေးကို အဓိက ထားပြီး ပြုလုပ် တာပါ။ အခုခေတ် ကလေးတွေက စာသိပ်မဖတ် ကြတော့ဘူး။ ၀ယ်ဖတ် ဖို့လည်း ဈေးကြီးတယ်။ ရပ်ကွက် စာအုပ် အငှားဆိုင်မှာ သုတ ၊ ရသပါတဲ့ စာအုပ်တွေ သိပ်မရှိဘူး။ ဒါကြောင့် အခုလို စီစဉ်လိုက် တာပါ။ ကားနဲ့လှည့် ပြီးတော့ ရပ်ကွက်တွေ၊ စာသင်ကျောင်း တွေမှာ စာအုပ်တွေ ငှားမယ်။ ဘယ်နေ့မှာ လာယူမယ်။ ပြန်အပ်ပေါ့။ အခုက အစဆိုတော့ အစ်မတို့က မိုဘိုင်းကား တစ်စီးနဲ့ လှည့်ငှားမယ်။ နောက်ဆိုရင် တစ်ဖြည်းဖြည်း ကားအစီးရေ တိုးသွား မှာပါ”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် သင်ပုန်းကြီး Mobile Library စာကြည့်တိုက် ကားတစ်စီး တည်းဖြင့်သာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ၌ လှည့်လည်ကာ စာအုပ်များကို ငှားရမ်း ပေးသွားမည်ဟု ၎င်းက ပြောသည်။

သင်ပုန်းကြီး Mobile Library စာကြည့်တိုက် မိတ်ဆက်ခြင်းကို စက်တင်ဘာ ၅ ရက်မှ ၇ ရက် အထိ အမျိုးသား ပြတိုက်တွင် ပြုလုပ် သွားမည် ဖြစ်ပြီး ယင်းဖွင့်ပွဲကို သရပါ စာကြည့်တိုက်မှ စီစဉ်ပေးခြင်း ဖြစ်ကာ အလှူငွေ ပေးအပ်ခြင်းကို စက်တင်ဘာ ၅ရက် မွန်းလွဲ ၂နာရီအထိ ကျင်းပ သွားမည် ဖြစ်သည်။

ယင်းဖွင့်ပွဲ အခမ်းအနားတွင် အကြည်တော် ၊ အော်ပီကျယ် ၊ ဟိန်းလတ် ၊ နုနုရည်(အင်းဝ) နှင့် စာပေ အနုပညာရှင် များက နေ့အလိုက် ရသ ၊ သုတ စာပေများကို ဟောပြော ဆွေးနွေး ကြမည် ဖြစ်ပြီး ပန်းချီဆရာ အောင်နိုင်မောင်၊ စိန်ကြီး တို့၏ ပန်းချီကား များနှင့် သင်ပုန်းကြီး Mobile Library မှ စုဆောင်း ထားသည့် ပန်းချီကား (၃၀) ကိုလည်း ပြသ သွားမည် ဖြစ်သည်။

ယင်းအပြင် ပရဟိတ လူငယ်များ ဖွဲ့စည်း ထားသည့် Jock အဖွဲ့၏ မျက်လှည့် ဖျော်ဖြေ တင်ဆက်မှုများ၊ ရုပ်ပြောင် ကာတွန်း ရေးဆွဲခြင်း များဖြင့်  အလှူငွေ ကောက်ခံ သွားမည် ဖြစ်သည်။ သင်ပုန်းကြီး စာကြည့်တိုက်ကို လမ်းမတော် မြို့နယ် ၁၀ လမ်းတွင်၂၀၁၂ ခုနှစ်က စတင် ဖွင့်လှစ် ခဲ့ပြီး သင်ပုန်းကြီး Mobile Library ကို သြဂုတ် ၁၅ ရက်တွင် စတင်ခဲ့ ခြင်း ဖြစ်သည်။
mizzima
သင်ပုန်းကြီး Mobile Library သည် ရသ စာပေများနှင့် အခြားသော ဗဟုသုတ စာအုပ်များ ပါဝင်သည့် ကားတစ်စီးဖြင့် ရန်ကုန် မြို့တွင်းရှိ စာသင်ကျောင်း များနှင့် ရပ်ကွက် များတွင် စက်တင်ဘာ လဆန်း၌ စတင်ကာ လှည့်လည် ငှားရမ်းလျက် ရှိသည်ဟု တာဝန်ခံ မဇင်ဇင်မြင့်က မဇ္ဈိမကို ပြောသည်။

နေ့ကောင်း ရက်မြတ် မင်္ဂလာချိန်ခါ နှင့် ရာသီဖွား အလိုက် သိကောင်းစရာများ


Photo: နေ့ကောင်း ရက်မြတ် မင်္ဂလာချိန်ခါ နှင့် ရာသီဖွား အလိုက် သိကောင်းစရာများ
Wednesday, Setember 3, 2014

အခု(၂ဝ၁၄) ခုနှစ် အတွင်း မင်္ဂလာ ပွဲနွှဲကြမယ့် သူတွေ အပါအဝင် ခုနစ်ရက် သားသမီးများ အတွက်ဖွား ရာသီအလိုက် ကံအနိမ့်အမြင့် အခြေအနေ၊ အကျိုးပေး ကာလ ၊ဆောင်ရန်၊ ရှောင်ရန် နဲ့ တစ်နှစ်တာ အတွင်း သတိထားရမယ့် အကျိုးအကြောင်း ၊အဆိုးအကောင်း တွေကို “ပါရမီဖြည့်ဘက် အနက် အဓိပ္ပာယ် နှင့်ကြည်နူးပျော်ရွှင် လှပ မိသားစု ဘဝ အထူးပြုအချပ် ပိုသတင်းလွှာ” စာမျက် နှာကနေ လက္ခဏာဗေဒင် ပညာရှင် ဆရာ စံဇာဏီဘို ကစာဖတ် ပရိသတ် များထံကောင်းကျိုး မင်္ဂလာ အဖြာဖြာရောက် ရှိ စေခြင်း အလို့ငှာ အမှတ်တရ မေတ္တာလက်ဆောင် ပို့သလိုက်ပါတယ်။

မိဿရာသီ ARIES  (မတ်လ) ၂၁   မှ ဧပြီလ ၂ဝကြား

စိတ်ကူးပေါ်ပြီး စွန့်စွန့်စားစား တစ်ဦးတည်း ဆုံးဖြတ်ပြီး လုပ်လိုက်သော ကိစ္စမှ ထူးခြားစွာ အကျိုးရရှိ မည်။အပြောင်းအလဲ များဖြစ်ပေါ် မည်။ ပြဿနာ အခက်အခဲ များ ကြုံပါက စိတ်မ ရှုပ်ပါနှင့် ။ဖြစ်နေကျ ပြဿနာမျိုးသာ ဖြစ်၍ ဖြေရှင်းနေကျ ထုံးစံ အတိုင်းဖြေ ရှင်းပြေလည် သွားမည်။ အကြံသစ် များ လက်တွေ့ အကောင် အ ထည်ဖော်နိုင် သည်။ ဒုက္ခပေးသော သူများကို လက်တွဲ ဖြုတ်၍လူသစ် များနှင့် ဆက်ဆံဖြစ်မည်။ ကြိုးစားသမျှ အကောင်အထည် ဖော်နိုင် မည်။ ကျန်းမာရေးဂရုစိုက်ပါ။

ပြိဿရာသီ TAURUS (ဧပြီလ) ၂၁ မှ မေလ၂၁ကြား

 စေတနာ တန်ဖိုး မထားသော သူများ ၊ကျေးဇူးကန်းသော သူများနှင့် တွေ့ကြုံရမည်။ ကိုယ့်အပေါ် ဝေဖန် တိုက်ခိုက် တတ်သည်။ ဒုက္ခတွေ့နေဆဲ ကယ်ဆယ်ပေး ထားသော သူများ၊ အန္တရာယ် ကြုံဆဲ အကာအကွယ်ပေး ထားသော အနီးကပ် လူများကပင် မိမိကို ဒုက္ခပေးတတ်သည်။ ကိုယ်တိုင်လည်း စိတ်ထင်ရာ စိုင်းသောကြောင့် မမှား သင့် သောအမှားမျိုး ကြုံတွေ့တတ်ပါသည်။ မူလ စီစဉ်ထားသော ကိစ္စများ မလုပ် ဖြစ် ၍ ထင် သလောက် မရရှိပါ။ စီးပွားရေး လုပ်ငန်းများ ကိုယ်တိုင်လုပ် မှအကျိုး ရှိမည်။

မေထုန်ရာသီ GEMINI (မေလ)၂၂မှ ဇွန်လ၂၁ကြား

ကာလ အတန်ကြာ အောက်ခြေမှ စတင်၍ မိမိ ထူထောင် စတင်ထားသည့် လုပ်ငန်းများ မှကောင်းသော အကျိုးဆက် ရရှိမည်။ နာမည်ကောင်းရသော ကာလဖြစ် သည် ။ဖြေရှင်းရန် ခက်ခဲ သောပြဿနာဟောင်း များကို မိတ်ဆွေ အကြီးအကဲ အကူအညီနှင့် ပြီးမြောက် အောင်ဖြေရှင်းနိုင်မည်။ ဒုက္ခပေးသော သူများရန်မှ ကင်းလွတ် သွား မည်။ မိသားစုနှင့် ပတ်သက်၍ စိတ်ချမ်း သာစရာများ ကြုံတတ်သည်။ ပညာ အတတ်နှင့် ပတ်သက်၍ ကံကောင်း သော ကာလဖြစ်သည်။ စီးပွားရေး အတွေ့အကြုံ ရှိ သူ များနှင့်ရင်းနှီးမြှုပ်နှံ ပါက အကျိုးရှိမည်။

ကရကဋ်ရာသီ CANCER (ဇွန်လ) ၂၂မှ ဇူလိုင်လ၂၂ကြား

ရန်သူဟောင်းနှင့် ပြန်တွေ့ တတ်သည်။ မိမိနှင့် မတည့်သော အဆင်မပြေ သော သူကိုပင် ပြန်လည် ဆက်ဆံ ရတတ်သည်။ ကနဦးပိုင်းတွင် အဆင်ချော မ ယောင်နှင့် နောက်ပိုင်း တွင် စိတ်ရှုပ်စရာ များ တစ်မျိုးပြီး တစ်မျိုးပေါ် တတ် သည်။ အပြစ်ရှာပြီး ဝေဖန် တိုက်ခိုက်ခြင်း ခံရတတ်သည်။ အလွန် သည်းခံစိတ် ရှည် သင့်သော ကာလဖြစ်သည်။ ဖြစ်ပေါ်လာသော အညံ့သည် ယာယီသာ ဖြစ်သည်။ အခက်အခဲ အားလုံးကို ရင် ဆိုင် ကျော်ဖြတ်ပြီးမှ ကောင်းသော ကံများ ဆက် တိုက်ဖြစ် လာလိမ့်မည်။

သိဟ်ရာသီ LEO (ဇူလိုင်လ) ၂၃မှ သြဂုတ်လ၂၃ကြား

အကြံအစည် များ အောင်မြင်မည်။ ငွေကြေး ကိစ္စပြောဆိုဆောင်ရွက် မှုများလက်တွေ့ လုပ်ကိုင်အကျိုး ပေး မည်။ အပြိုင်အဆိုင် များကို အောင်နိုင် မည်။ ခရီးကိစ္စ အဆင်ပြေမည်။ စုပေါင်း လုပ်ငန်း အကျိုးပေးမည်။ မိသားစုနှင့် ပတ်သက်သော ကောင်းသတင်းများ ကြားသိရမည်။ ရှုပ်ထွေးနေသော ကိစ္စ များပြေ လည်အောင် ဖြေရှင်းနိုင်မည်။ မိမိအား လျှို့ဝှက်၍ ဒုက္ခပေးမည်ဟု ကြံ စည်ထားသည် များကို ဖော်ထုတ် သိရှိ နိုင်မည်။ အလုပ်အကိုင်များ တိုးတက် အောင်မြင်မည်။

ကန်ရာသီ VIRGO (သြဂုတ်လ) ၂၄မှ စက်တင်ဘာလ၂၃ ကြား

ကြိုးစားမှု၏ ရလဒ်ကောင်းကို ရမည်။ ရိုးရိုးရှင်းရှင်းနှင့် လုပ်၍ အရာရာ အောင်မြင်မည် ။ဝီရိယ ၏ အကျိုးကို ခံ စားရမည်။ ခရီး များမည်။ မရောက် ဖူး သော အရပ်ဒေသ များသို့ ရောက်တတ်သည်။ ခရီးသွား၍ အကျိုးရှိမည်။ စကား အောင်မြင်မည် ။ကောင်းသော သတင်းစကား များရမည်။ တစ်ပါး သူလုပ်၍ အဆင် မပြေသော လုပ်ငန်း ကို လုပ်ရကိန်း ကြုံမည်။ ဝီရိယ ထည့်ပြီး လုပ်လိုက်ပါ။ အလုံးစုံ အဆင်ပြေသွားမည်။ ကျန်းမာရေး အထူးဂရုစိုက်ပါ။ ကြံစည် ထားသမျှ ကောင်းသော ကာလဖြစ်မည်။

တူရာသီ LIBRA စက်တင်ဘာလ ၂၃မှ အောက်တိုဘာလ ၂၃ကြား

အနှောင့်အယှက်၊ အပြိုင်အဆိုင်၊ အခက်အခဲ များကို ရင်ဆိုင် အောင်မြင်မည်။ ဦးတည်လိုက်တိုင်း ၊နေရာတိုင်းတွင် အခက်အခဲ ရှိမည်။ မဖြစ်မနေ လုပ်ကိုင် မှုကြောင့် အဆုံးပိုင်းတွင် အောင်မြင်မည်။ ရိုးရိုးရှင်းရှင်း လုပ်ကိုင်ခြင်း၊ ဇွဲနှင့်ဝီရိယ စွမ်းအားကြောင့် ရန်အပေါင်း ကိုနိုင်မည်။ အထူးသဖြင့် ရင်ဘတ်တွင် မှဲ့ပါသော တူရာ သီဖွား များ အတွက် အထူးမြင့်မားသော အောင်မြင်မှုများ ဖန်တီးရရှိမည်။ လုပ် ငန်း အတွေ့အကြုံ ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှု ကြုံလာတတ်သည်။အဆင်ပြေမှု များကြုံမည်။

ဗြိစ္ဆာရာသီ Scorpio အောက်တိုဘာ လ၂၄မှ နိုဝင်ဘာလ၂၂ ကြား

အရာရာ သတိနှင့် ယှဉ်ပြီး လုပ်ပါ။ အလွယ် လိုက်၍မရ။ မိမိ ကိုယ်တိုင်တွင် လည်းကောင်း၊ မိသားစုတွင် လည်းကောင်း၊ ကစားဝိုင်း တွင်ငွေ ဆုံးရှုံးခြင်း၊ လောင်း က စားကြောင့် ဥစ္စာ ဆုံးရှုံးခြင်း များ ကြုံတွေ့ရမည် ဖြစ်သည်။ ပစ္စည်း လှောင်က ဆုံးရှုံးမည်။ လောဘနှင့် ယှဉ်ပြီး လုပ်ပါက အဆင် မပြေဖြစ်မည်။ အကျိုးအမြတ်ကို အဓိက မထားဘဲ ဆောင် ရွက်သင့်သည်ကို ပြတ်သားစွာ ဆောင်ရွက် ရမည်။ ကြိုးစား သမျှ အရာ ထင်နိုင်မည်။ အခက်အခဲ များကို ရင် ဆိုင်ပြီး မှအောင်မြင်မှုများ ကြုံလာမည်။

ဓနုရာသီ Sagittarius နိုဝင်ဘာလ ၂၃ မှ ဒီဇင်ဘာ ၂၁ကြား

အလွန် စိတ်တိုနေမည်။ စိတ်တိုင်းမကျ ဖြစ်နေမည်။ ကိုယ်က စေတနာထား ၊သူတစ်ပါးက စေတနာ မသိ။ ကိုယ် ကအပင်ပန်းခံ လုပ်၊ သူတစ်ပါး က အေးအေးဆေးဆေး ကိုယ်လုပ်သည့် အပေါ် အမြတ်ထုတ် ။ရှေ့ကလုပ်သွား နောက် လူမပါ။ အမှန်အတိုင်းပြောသူ မရှိ။ မည်သူ့ကိုမှ မယုံကြည်နိုင်လောက် အောင်ဖြစ်နေသည်။ ကြီးမားသော ပြိုင်ဘက်နှင့် ထိပ်တိုက်တွေ့မည်။ စိတ် အေးလက်အေး ၊ခေါင်းအေးအေးနှင့် ရင်ဆိုင်ပါ။ အလုံးစုံ အောင်မြင်လိမ့် မည် ။ရင်းနှီးထားသော စီးပွားရေး လုပ်ငန်းများ အကျိုး ရှိ ပါလိမ့်မည်။

မကာရရာသီ Capricom ဒီဇင်ဘာ လ၂၂မှ ဇန်နဝါရီလ ၂ဝကြား

လက်ဝယ် ရရှိထားသော အခွင့်အရေးကို လုယူလိုသော သူများမည်။ ရင်းနှီးသော လူများနှင့် စကားများရမည်။ လှည့်စားတတ်သော သူများတွေ့တတ် သည်။ ပရိယာယ်နှင့် မိမိကို ဒုက္ခပေး မည့် သူများရှိမည်။ ခရီးနှင့် ပတ်သက်သော ကိစ္စ အဆင်ပြေမည်။ လူမျိုးကွဲ ၊လူမျိုးခြား ကောင်းကျိုးပေးမည်။ အကျိုးအမြတ် ကြီးမားစွာ ရရှိမှုကို ရည်မှန်းပြီး မလုပ်ရ။ ရန်ဝန်းရံနေမည်။ ရန်ပြဿနာ(၂)ခု ကို ဖြေရှင်းနေဆဲ နောက်ထပ် ပြဿနာ တစ်ခု ပေါ်ထွန်းနိုင်သည်။ စိတ်ဓာတ် မကျဘဲ ကြိုးစား လုပ်ဆောင် သွားပါ။အရာရာ အဆင်ပြေမည်။

ကုမ်ရာသီ Aquarius ဇန်နဝါရီလ ၂၁ မှ ဖေဖော်ဝါရီ၁၈ကြား

အတူနေသူ အချင်းချင်း၊ ဘဝတူ အချင်းချင်း ပြဿနာသေးငယ်မှ အစ ချီ၍ စိတ်ဝမ်းကွဲရခြင်း အထိ ဖြစ်တတ်သည်။ အိမ်တွင်း၌ လည်းမကြာခဏ အယူအဆ သဘော ကွဲပြားမှုများ ကြုံမည်။ လုပ်ကိုင်သမျှ ကိစ္စများတွင် ဖြစ်လိုသည်က တစ်မျိုး၊ လက်တွေ့ဖြစ်နေ သည်က တစ်မျိုးကြုံမည်။ ကိုယ့်စိတ်ကိုယ့် သဘာဝနှင့် အရာရာ သည် ဆန့်ကျင် ဘက်သဖွယ် ဖြစ်ကိန်း ကြုံမည် ။ငွေကြေး အရှုပ်အထွေး ကိစ္စများ၊ လူမှုရေး ပြဿနာ တစ်မျိုးပြီး တစ်မျိုး ဖြေရှင်းနေရမည်။

မိန်ရာသီ pisces ဖေဖော်ဝါရီလ ၁၉ မှ မတ်လ၂ဝကြား

ကျန်းမာရေး ဂရုစိုက်ပါ။ မိမိ ကျန်း မာရေး အညံ့ကြုံဆဲ မိသားစုဝင်၏ ကျန်း မာရေးသည် မိမိထက်ပို၍ ဆိုးညံ့သော အညံ့ရှိမည်။ ညာခြေ၊ ညာလက်တွင် မတော် တဆ ထိခိုက် တတ်သည်။ အစားအသောက်၊ အနေအထိုင် ပေါ့လျော့မှုနှင့် စိတ် ပင်ပန်းမှုကြောင့် ကျန်းမာရေးကျ ဆင်းတတ်သည် ။ ရန်အလွန်များသည်။ အနှောင့်အယှက် အတိုက် အခံ များ ကြား မှအကြံသစ် အောင်မြင်မည်။ကာလရှည် ကြာ လိုလားနေသည့် စိတ်ဆန္ဒ တစ်ခု အလိုအလျောက် ပြည့်ဝလိမ့်မည်။
ချမ်းမြေ့မေတ္တာတုံ့ပြန်ပါသည်။
စံ-ဇာဏီဘို အခု(၂ဝ၁၄) ခုနှစ် အတွင်း မင်္ဂလာ ပွဲနွှဲကြမယ့် သူတွေ အပါအဝင် ခုနစ်ရက် သားသမီးများ အတွက်ဖွား ရာသီအလိုက် ကံအနိမ့်အမြင့် အခြေအနေ၊ အကျိုးပေး ကာလ ၊ဆောင်ရန်၊ ရှောင်ရန် နဲ့ တစ်နှစ်တာ အတွင်း သတိထားရမယ့် အကျိုးအကြောင်း ၊အဆိုးအကောင်း တွေကို “ပါရမီဖြည့်ဘက် အနက် အဓိပ္ပာယ် နှင့်ကြည်နူးပျော်ရွှင် လှပ မိသားစု ဘဝ အထူးပြုအချပ် ပိုသတင်းလွှာ” စာမျက် နှာကနေ လက္ခဏာဗေဒင် ပညာရှင် ဆရာ စံဇာဏီဘို ကစာဖတ် ပရိသတ် များထံကောင်းကျိုး မင်္ဂလာ အဖြာဖြာရောက် ရှိ စေခြင်း အလို့ငှာ အမှတ်တရ မေတ္တာလက်ဆောင် ပို့သလိုက်ပါတယ်။

ကလေးသတို့သမီးများနှင့် သူမတို့၏ ကယ်တင်ရှင်

 Photo: ကလေးသတို့သမီးများနှင့် သူမတို့၏ ကယ်တင်ရှင်
Wednesday, Setember 3, 2014

“အိမ်ထောင်ကျတော့ ကျွန်မဖြင့် ကြောက်လိုက်တာရှင် ကျွန်မမိသားစုနဲ့ ညီအစ်ကို မောင်နှမတွေဆီကနေ ခွဲမသွားချင်ဘူး” ဟု အသက်ဆယ်နှစ်အရွယ် နူဂျွတ်အလီက ပြောပြသည်။ 
ထိုအရွယ်ဆိုလျှင် အခြားနိုင်ငံများတွင် အရုပ်မလေးများဖြင့် ကစားဆဲ ဖြစ်သော်လည်း နူဂျွတ်ကတော့ သူမအသက်ထက် သုံးဆကြီးသူနှင့် အိမ်ထောင်ပြုရလေသည်။ 
ယီမင်လိုမျိုး ရှေးရိုးစွဲ မွတ်ဆလင်များစွာ ရှိနေသည့် နိုင်ငံတွင် အထက်ဖော်ပြပါ ဆယ်နှစ်သမီးလေးလိုမျိုး ဖြစ်ရပ်မျိုးက ဆန်းလှသည့် ကိစ္စတော့ မဟုတ်ပေ။
ယီမင် အမျိုးသမီးရှေ့နေ ရှာဒါနက်စ်ဆာက ဒီလိုကလေးသူငယ် မိန်းကလေးများကို အရွယ်မတိုင်ခင် အိမ်ထောင်ချသည့် ကိစ္စအား ကာလရှည် ဆန့်ကျင်နေခဲ့သူ ဖြစ်သည်။ ၂၀၀၈ နှစ်လည်လောက်တွင် တစ်ခုခု လုပ်ပေးဖို့ အခွင့်အရေး ရခဲ့သည်။ တရားရုံးမှာ နေ့စဉ်အလုပ်များ လုပ်နေရင်း ကလေးမလေး တစ်ယောက်က တွေ့ခွင့်တောင်းနေသည်ဟု လာပြောသည်။ နူဂျွတ်ဆိုသည့် ထိုစဉ်က ၁၀ နှစ်သမီးလေး ဖြစ်နေသည်။ ထိုကောင်မလေးက သူမစိတ်ဆင်းရဲ နေရကြောင်း ခင်ပွန်းနှင့် ကွာရှင်းလိုကြောင်း ပြောပါသည်။
အသက် ၁၀ နှစ်အရွယ် မိန်းကလေးမှာ နေ့စဉ် အသက် ၃၀ အရွယ် ယောက်ျားကြီး၏ ရိုက်နှက်ခြင်း၊ မုဒိမ်းကျင့်ခြင်း ခံနေရသည့် ဇာတ်လမ်းကို နက်စ်ဆာကြားရတော့ တုန်လှုပ်သွားခဲ့သည်။ ကလေးသေးသေးလေးက ကွာရှင်းခွင့် လာတောင်းသည့်ကိစ္စက အရင်က မဖြစ်ဖူး၊ မကြားဖူးပေ။ သို့သော် ရှေ့နေမ နက်စ်ဆာသည် တုံ့ဆိုင်းခြင်း ကင်းစွာဖြင့် အမှု တည်ဆောက်ပါတော့သည်။
“သူမနဲ့ စကားပြောနေတဲ့ အချိန်မှာ သူ့ကို ကျွန်မသမီးလေးလို့ မြင်လာမိတယ်။ ဖက်ထားလိုက်တယ်။ ပြီးတော့ ပြောလိုက်တယ်။ မကြောက်နဲ့ သမီးလေး။ မင်းကို အန်တီကူညီမယ်။ ကွာရှင်းခွင့် ရစေရမယ်” ဟုလည်း အခိုင်အမာ ပြောလိုက်ပါသည်။
ထိုအချိန်မှစပြီး ကလေးသူငယ် သတို့သမီးလေးများကို ကယ်တင်သည့် လုပ်ရပ်ကို တစိုက်မတ်မတ် စေတနာ့ ဝန်ထမ်း စလုပ်ပါတော့သည်။ ယီမင်တွင် မိန်းကလေးများ တရားဝင် လက်ထပ်နိုင်သည့် အသက်ကို မြှင့်တင်ဖို့ ဥပဒေ ပြဋ္ဌာန်းနိုင်ရေးကိုလည်း ကြိုးစားရသည်။
တက်ကြွလှုပ်ရှားသူ တစ်ဖြစ်လဲ ဥပဒေပညာရှင် နက်စ်ဆာသည် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးကို အမြဲတစေ ရှေ့တန်းတင် ကြိုးစား လှုပ်ရှားပေးတော့သည်။ နက်စ်ဆာကို ယီမင်တောင်ပိုင်းတွင် မွေးဖွားခဲ့ကာ မိသားစုက ကြွယ်ပိုးကြွယ်ဝရှိသည်။ (ထိုစဉ်က) ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပရက်ဂ်မြို့မှ ဥပဒေဘွဲ့ကို ၁၉၉၀ တွင် ရရှိခဲ့သည်။ သူမ အဖေကလည်း သတင်းစာဆရာ တစ်ဦးဖြစ်ကာ သမဂ္ဂဖွဲ့စည်း စည်းရုံးသူ တစ်ဦးလည်း ဖြစ်သည်။ မဖြစ်သင့်သော လူမှုရေး မမျှတမှုများကို ငုံ့မခံ တွန်းလှန်တတ်သော ဉာဉ်က ဖခင်ထံမှ အမွေရထားသည်ဟု ပြောရမည်ပင်။
ယီမင်တွင် ပထမဆုံး အမျိုးသမီး ရှေ့နေများထဲမှ တစ်ဦးအဖြစ် အလုပ် လုပ်ကိုင်နေရင်း မဟုတ်မဟတ် နှိပ်စက်ခံနေရသော အမျိုးသမီးပေါင်း မြောက်မြားစွာကို ကာကွယ် ခုခံပေးခဲ့သည်။ “ရှေ့နေတစ်ယောက် အနေနဲ့ လူတွေကို ကူညီနိုင်တယ်လို့ ကျွန်မကတော့ ယုံကြည်တယ်” ဟု နက်စ်ဆာက ဆိုပါသည်။
မိန်းကလေးများကို ငယ်ငယ်လေးဖြင့် အိမ်ထောင် ချပေးသည့်ကိစ္စကို ယီမင်လိုမျိုး ရာစုနှစ်ပေါင်းများစွာ ထုံးတမ်းဓလေ့ ဖြစ်နေသော နိုင်ငံမျိုးတွင် ရပ်တန့်သွားအောင် လှုပ်ရှားရသည်မှာ စိန်ခေါ်မှုက ဒုနဲ့ဒေး ဖြစ်ပါသည်။ စောစောစီးစီး သမီးငယ်လေးတွေကို အိမ်ထောင် ချပေးကြသည်မှာလည်း သူတို့အကြောင်း ရှိသည်။ ပထမတစ်ခုက ဆင်းရဲသောကြောင့် ဖြစ်သည်။ ကြွယ်ပိုးကြွယ်ဝ ရှိသူလက်ထဲ အပ်လိုက်လျှင် သူတို့သမီးလေးများ ကောင်းကောင်းနေ ကောင်းကောင်းစား ရတော့မည်ဟု မျှော်လင့်သောကြောင့် လက်ထပ်ပေးကြသည်။ အပျိုကြီး ဖြစ်နေခြင်းသည် မကောင်းဟု ယူဆကြသူ များကလည်း အပျိုတောင် မဖြစ်သေးခင် မြန်မြန် ပေးစားလိုက်ကြသည်။ နောက်ထပ် စိုးရိမ်မှုတစ်ခုမှာ လက်မထပ်သေးခင် ချစ်သူတွေ့သွားမှာကို ဖြစ်သည်။
ဆန်နာတက္ကသိုလ် အမျိုးသမီးနှင့် ဖွံ့ဖြိုးရေးရာဌာနက တွေ့ရှိချက်အရ ၅၀ ရာခိုင်နူန်းကျော်သော ယီမင် အမျိုးသမီးများမှာ အသက် ၁၈ နှစ် မပြည့်သေးခင် လက်ထပ်ကြရပြီး အများစုမှာ ရှစ်နှစ်နှင့် ၁၀ နှစ်ကြား သတို့သမီးများ ဖြစ်ကြသည်။ ၁၉၉၂ ယီမင်ဥပဒေအရ မိန်းကလေးတစ်ဦး အိမ်ထောင်ပြုမည် ဆိုပါက အသက် ၁၅ နှစ် ရှိရမည်ဖြစ်ကာ မိဘများ သဘောတူပါလျှင် ထို့ထက်ငယ်လည်း ပြုနိုင်သည်။ အလွန်ငယ်သေးသော အိမ်ထောင်ရှင် မိန်းကလေးများကို အဆင်သင့် မဖြစ်သေးသည့် အရွယ်အထိ လိင်ပိုင်းဆိုင်ရာ မထိပါးရ ဥပဒေ ရှိပါသော်ငြား မည်သို့မည်ပုံ ဥပဒေ အသက်ဝင်အောင် စောင့်ကြည့် ကြပေမည်နည်း။
နူဂျွတ်၏ အမှုတွင်လည်း အသက် ၂၀ မပြည့်အချင်း ချစ်တင်းမနှောပါဟု ကတိခံကာ လက်ထပ်ယူဆောင် ထားလိုက်ပြီးနောက် ယခုကဲ့သို့ နှိပ်စက်ရိုက်နှက်ခြင်း၊ မုဒိမ်းကျင့်ခြင်းများ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ယခုမှ ကတိမတည်ပါဘူးဟု အမျိုးသားဘက်ကို မိဘဖြစ်သူများက ဒေါသထွက်နေသည်။
ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစသေနူန်းတွင် ယီမင်က ထိပ်တန်းရောက်နေခြင်းမှာ မိန်းကလေးများ သိပ်ငယ်သေးသည့် အချိန်တွင် အိမ်ထောင် ချပေးခြင်းကလည်း တစ်ကြောင်း ပါဝင်နေသည်ဟု အထူးလေ့လာထားသူများက ပြောကြားကြသည်။
နက်စ်ဆာ၏ ကြိုးစားပမ်းစား ကျားကုတ်ကျားခဲ အမှုလိုက်သောကြောင့် ယင်းအမှု နိုင်သွားပါသည်။ နူဂျွတ်ကလေးလည်း ကလေးတစ်ယောက် အဖြစ်ကို ထိုစဉ်က ပြန်လည် ရရှိသွားခဲ့သည်။ နောက်ထပ် အမြတ်ရသည်မှာ ယင်းအမှုကို မီဒီယာများက အာရုံစိုက်လာနိုင်အောင် ရှေ့နေမနက်စ်ဆာက လုပ်နိုင်ခဲ့သည်။ တစ်ကမ္ဘာလုံးက သတင်းစာတိုင်းတွင် ခေါင်းကြီးသတင်း ဖြစ်ကုန်သည်။
“သမီးက ကြီးလာရင် သတင်းစာဆရာမ လုပ်မှာ။ ယောက်ျား ပြန်မယူတော့ဘူး” ဟု နူဂျွတ်က ပြောပြသည်။ သူမသည် ၁၀ နှစ်ဆိုသည့် အသက်နှင့် မတန်လောက်အောင် အတွေ့အကြုံတွေ လောကဓံ၏ ရိုက်ပုတ်မှုတွေကို ခံခဲ့ရပြီး ဖြစ်ချေပြီ။ “သမီးအမှုကြောင့် လူတွေ စိတ်ဝင်စားလာပြီး မိန်းကလေးတွေ ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုပြီး သမီးလိုအဖြစ်တွေ မဖြစ်ရအောင် လုပ်ခဲ့တာပါ” ဟု သူက ပြောပြသည်။
(သန့်ဇင်စိုး)
The Voice Weekly
 “အိမ်ထောင်ကျတော့ ကျွန်မဖြင့် ကြောက်လိုက်တာရှင် ကျွန်မမိသားစုနဲ့ ညီအစ်ကို မောင်နှမတွေဆီကနေ ခွဲမသွားချင်ဘူး” ဟု အသက်ဆယ်နှစ်အရွယ် နူဂျွတ်အလီက ပြောပြသည်။
ထိုအရွယ်ဆိုလျှင် အခြားနိုင်ငံများတွင် အရုပ်မလေးများဖြင့် ကစားဆဲ ဖြစ်သော်လည်း နူဂျွတ်ကတော့ သူမအသက်ထက် သုံးဆကြီးသူနှင့် အိမ်ထောင်ပြုရလေသည်။
ယီမင်လိုမျိုး ရှေးရိုးစွဲ မွတ်ဆလင်များစွာ ရှိနေသည့် နိုင်ငံတွင် အထက်ဖော်ပြပါ ဆယ်နှစ်သမီးလေးလိုမျိုး ဖြစ်ရပ်မျိုးက ဆန်းလှသည့် ကိစ္စတော့ မဟုတ်ပေ။

စက္ကူ ကျား တကယ်ဖြစ်သွားပြီလား UNFC


 Photo: စက္ကူ ကျား တကယ်ဖြစ်သွားပြီလား UNFC
Tuesday, Setember 2, 2014

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်နေသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (United Nationalities Federal Council) UNFC အဖွဲ့၏ အစည်းအဝေးကနေ KNU အဖွဲ့ ထွက်ခွာသွားပြီဟူသော သတင်းကြောင့် ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်လာပါသည်။ အဘယ့်ကြောင့် ထွက်ခွာသွားရသည်ဆိုသော အဖြေ ကလည်း စိတ်ဝင်စားစရာ ကောင်းနေပါသည်။ UNFC က ချမှတ်ထားတဲ့ ဖွဲ့စည်းပုံပါ မူဝါဒတွေဟာ KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီ တာကြောင့် ထွက်ခွာသွားရခြင်းဖြစ်သည်ဟု ဆိုပါသည်။

သို့ဆိုလျှင် UNFC ရဲ့ မူဝါဒတွေက ဘာတွေလဲ…။ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေတူသော လက်နက်ကိုင် အဖွဲ့အစည်းအချို့ ပါဝင်ဖွဲ့စည်းခဲ့သော UNFC စည်းလုံးမှုပြိုကွဲသွားပြီလားဟူသော မေးခွန်းကလည်း နိုင်ငံရေး အသိုင်းအ၀ိုင်းမှာရော လက်နက်ကိုင်အဖွဲ့များကြားမှာပါ ရေပန်းစားနေပါသည်။ UNFC ရဲ့ မူဝါဒတွေကို မပြောခင် ပထမဦးစွာ UNFC စတင်ဖြစ်ပေါ်လာပုံနဲ့ ရပ်တည်နေသော ရည်ရွယ်ချက်များကို လေ့လာကြည့်ရ ပါမည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာက ဖွဲ့စည်းခဲ့သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ကော်မတီ(CEFU) ကို UNFC အဖြစ် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ San Sai မြို့နယ်၊ Kaung Tunt စားသောက်ဆိုင်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၂)ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ကချင်လွတ် လပ်ရေးအဖွဲ့(KIO) မွန်ပြည်သစ် ပါတီ(NMSP)၊ ရှမ်းပြည်တပ်မ တော်(SSPP/SSA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ လားဟူ ဒီမိုကရက် တစ်ယူနီယံ(LDU)၊ ရခိုင်အမျိုး သားကောင်စီ(ANC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO)၊ ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး(PSLF)၊ ရခိုင် လွတ်မြောက်ရေး ပါတီ(ALP) နှင့် ‘၀’ အမျိုးသားအစည်းအရုံး (WNO)စသည့် အဖွဲ့အစည်းများ ပါဝင်ခဲ့ကြသည်။ KIO ဒုဥက္ကဋ္ဌ အင်ဘန်လက UNFC ဥက္ကဋ္ဌ ရာထူးယူခဲ့ပြီး ဒုဥက္ကဋ္ဌများအဖြစ် KNPP မှ ခူးအေဘယ်တွိဒ်နဲ့ KNU မှ စောဒေးဗစ်တာကပေါတို့က အသီးသီးနေရာရယူခဲ့ကြပါသည်။ လက်နက်ကိုင်အဖွဲ့အစည်း(၁၂)ဖွဲ့ထဲတွင် အင်အားကြီးသော KIO နှင့် KNU အဖွဲ့တို့က UNFC ထိပ်ပိုင်းခေါင်းဆောင်နေရာများ ယူခဲ့ပြီး ကျန်အဖွဲ့(၁၀) ဖွဲ့ခေါင်းဆောင်ပိုင်းများကလည်း စောဒကမတက်ခဲ့ကြပေ။ သို့သော် ထိုနှစ်ဖွဲ့ကလွဲရင် SSPP မပါ ကျန်အဖွဲ့ များမှာ အမည်ခံသက်သက် ဖွဲ့ထား သော အဖွဲ့များဖြစ်ပါသည်။ လူအင်အားရာဂဏန်းပင်မပြည့်သော လက်နက်ကိုင် ခေါင်းစဉ်တပ် လက်နက်ကိုင် အဖွဲ့များပါလာလေတော့ အရေအတွက်များသွားတဲ့ သဘောသာ ဖြစ်ပါ သည်။

UNFC ထဲတွင် ပါဝင်သော အဖွဲ့များသည် ရည်မှန်းချက်ချင်းတူ၍ ပူးပေါင်းခဲ့ကြသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၌ အင်အားအတောင့်တင်းဆုံးဟု သတ်မှတ်ခံထားရသော UWSA `၀´၊ NDAA (မိုင်းလား)၊ RCSS/SSA အဖွဲ့တို့ ပါဝင်ခြင်းမရှိခဲ့ပါ။ UNFC ဥက္ကဋ္ဌ အင်ဘန်လအနေဖြင့် UWSA`၀´အဖွဲ့အား နှစ်ကြိမ်တိုင် စည်းရုံးခဲ့သော်လည်း နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားခြင်းကြောင့် UNFC ထဲကို မ၀င်ခဲ့သလို UWSA`၀´နှင့် မိတ်ဖက် NDAA(မိုင်းလား) ကလည်း မ၀င်ခဲ့ပါဘူး။ အလားတူ RCSS/SSA ဥက္ကဋ္ဌ ရွတ်ဆစ်ကလည်း UNFC ကို လွယ်တိုင်းလျှံမှာ အစည်းအဝေးလာလုပ်ရန် ဖိတ်ကြားခဲ့စဉ်က လက်မခံခဲ့သည့် အတွက် သူ့အား UNFC ထဲဝင်ရန် ကမ်းလှမ်းလာမှုကို ပယ်ချခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် UNFC သည် တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို ကိုယ်စားမပြုဘူးဆိုတာ ထင်ရှားသွားပြီ ဖြစ်ပါသည်။

စတင်ဖွဲ့စည်းချိန်ကတည်းက အင်အားကြီးလက်နက်ကိုင်အဖွဲ့များ မပါဝင်သော UNFC အဖွဲ့ထဲကနေ ယခုအခါ KNU အဖွဲ့သည်လည်း ယာယီနှုတ်ထွက်သွားပြီဖြစ်သည်။ KNU အဖွဲ့သည် အစိုးရအဖွဲ့နှင့် ပြည်ထောင်စု အဆင့် အပစ်ရပ်သဘောတူလက်မှတ်ထိုးထားပြီးဖြစ်၍ UNFC ၏ ဖွဲ့စည်းပုံဥပဒေများကို လက်မခံခြင်းဖြစ်ပါ လိမ့်မည်။ UNFC အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်ဒေသများအလိုက် စစ်တိုင်းများဖွဲ့စည်းပြီး စစ်ဦးစီးချုပ်တာဝန်ကို အလှည့်ကျ ထမ်းဆောင်ရမည်ဟူသော မူဝါဒအပေါ် KNU က လက်မခံခြင်းဖြစ်ကြောင်း သိရပါသည်။

သို့ဖြစ်၍ UNFC တွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်ပိုင်းနှင့်ပတ်သက်၍ အများပြည်သူက လက်ခံနိုင်သော အရည်အချင်းရှိ၊ မရှိ ဆန်းစစ်ရန် လိုအပ်ပါသည်။ အမှန်တကယ်တွင် UNFC ဆိုတာ EU နှင့် ဂျပန်နိုင်ငံမှ အဖွဲ့အစည်းအချို့၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေသော အဖွဲ့ဖြစ်ပါသည်။ UNFC ခေါင်းဆောင်များ နိုင်ငံခြားသွားပြီဆိုလျှင် ထိုအဖွဲ့အစည်းများက ထောက်ပံ့ငွေဖြင့် သွားနေခြင်းဖြစ် သည်။ တကယ်တမ်းကတော့ UNFC ခေါင်းဆောင်ပိုင်းသည် နိုင်ငံရေးလုပ်စားနေကြသူများသာ ဖြစ်ပါသည်။ ထိုသို့ တိုင်းတစ်ပါးထောက်ပံ့မှုဖြင့် ရပ်တည်နေသော UNFC အနေနဲ့ KNU အဖွဲ့ကပင် လက်မခံနိုင်သော အလှည့်ကျ စစ်ဦးစီးချုပ် ခန့်အပ်ခြင်းဆိုတဲ့ မဖြစ်နိုင်တာများကို တောင်းဆိုရန် အကွက်ကျကျ စီစဉ်နေမှုမှာ အံ့အားသင့်ဖွယ် ကောင်းနေပါသည်။

UNFC အဖွဲ့ထဲတွင် အင်အားကြီးလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော KNU အဖွဲ့သာ အကယ်၍ နှုတ်ထွက် သွားပြီဆိုပါက အင်အားချည့်နဲ့သော အဖွဲ့အစည်းဖြစ်လာပါတော့မည်။ တိုင်းပြည်အတွက်၊ တိုင်းရင်းသား လူမျိုးများအတွက် ယနေ့အချိန်အထိ ကောင်းကျိုးတစ်ခုမှ လုပ်မပြနိုင်သေးသော UNFC အဖွဲ့သည် ၀ါးအစည်းပြေသလို အကွဲကွဲ အပြဲပြဲဖြစ်တော့မလား စောင့်ကြည့်ချင်စရာ ကောင်းနေပါသည်။ အချုပ်ပြောရရင် အမည်ခံ လက်နက်ကိုင်အဖွဲ့ အစည်းတွေ တစ်နည်းအားဖြင့် လူမရှိတဲ့ လက်နက်ကိုင်အဖွဲ့ငယ်လေးတွေကို အားပြုဖွဲ့စည်းထားသော UNFC ဆိုတာ အနာဂတ်ကာလမှာ ဘာတွေ စွမ်းဆောင်ပြမလဲဆိုတာ စိတ်ဝင်စား စရာလည်း ဖြစ်ပါသည်။ သို့သော် လောလောလတ်လတ် လုပ်ကိုင်မှုများကို ကြည့်ခြင်းအားဖြင့် အများ အမြင်မှာသာ UNFC ဆိုတာ အင်အားကြီး ချင်ယောင်ဆောင်ထားပေမယ့် တကယ့်လက်တွေ့မှာ ဘာတစ်ခုမှ လုပ်မပြနိုင်တဲ့ စက္ကူကျားတစ်ကောင်အဖြစ်သာ သတ်မှတ်ခံနေရပြီဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

နေ၀န်းသစ်
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်နေသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (United Nationalities Federal Council) UNFC အဖွဲ့၏ အစည်းအဝေးကနေ KNU အဖွဲ့ ထွက်ခွာသွားပြီဟူသော သတင်းကြောင့် ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်လာပါသည်။ အဘယ့်ကြောင့် ထွက်ခွာသွားရသည်ဆိုသော အဖြေ ကလည်း စိတ်ဝင်စားစရာ ကောင်းနေပါသည်။ UNFC က ချမှတ်ထားတဲ့ ဖွဲ့စည်းပုံပါ မူဝါဒတွေဟာ KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီ တာကြောင့် ထွက်ခွာသွားရခြင်းဖြစ်သည်ဟု ဆိုပါသည်။

“အဖိုးနှုန်း ချိုသာစွာနဲ့ ဘေးကင်းလုံခြုံစွာ ခရီးသွားနိုင်ဖို့ ရည်ရွယ်ပါတယ်”

 ပုဂ္ဂလိက လေကြောင်းလိုင်း , Golden Myanmar Airline , ချင်းမိုင် , ရန်ကုန် ,
ရွှေမြန်မာ လေကြောင်းလိုင်း Chief Commercial Officer ဦးဝင်းကျော်မိုး(ဓာတ်ပုံ – လင်းသန့် / ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီး နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပြည်တွင်း ပုဂ္ဂလိက လေကြောင်း လိုင်း တိုးချဲ့မှုများလည်း ပေါ်ပေါက်လာခဲ့သည်။မြန်မာပုဂ္ဂလိက လေကြောင်းလိုင်းများတွင် ရွှေမြန်မာ လေကြောင်းလိုင်း(Golden Myanmar Airline)လည်း တခုအပါအ၀င်ဖြစ်ပြီး မကြာမီ ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့ကို တိုက်ရိုက် ပြေးဆွဲတော့မည်ဖြစ်သည်။
ရွှေမြန်မာ လေကြောင်းလိုင်း၏ ခရီးစဉ်တိုးချဲ့ပျံသန်းပြေးဆွဲမှုများနှင့်ပတ်သက်ပြီး ရွှေမြန်မာ လေကြောင်းလိုင်း Chief Commercial Officer ဦးဝင်းကျော်မိုး ကို ဧရာဝတီ သတင်းထောက် လင်းသန့်က တွေ့ဆုံ မေးမြန်းထားပါသည်။