နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ရေး စိစစ်ရွေးချယ်ရေးကော်မတီ၊ မြို့ပြ/ ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးနှင့် စိုက်/မွေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်သည် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးမြို့နယ်ဆု ချီးမြှင့်နိုင်ရေးနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးတင်လှိုင်မြင့်နှင့် မြို့နယ်ဆု/စံပြကျေးရွာဆု ကွင်းဆင်းစိစစ်ရေး
အဖွဲ့ငယ် ခေါင်းဆောင်များနှင့်အတူ ဧပြီ ၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ရှိ ဆည်မြောင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများနှင့် ဆိပ်ခွန်ကျေးရွာ ရပ်မိရပ်ဖများအား တွေ့ဆုံဆွေးနွေးခဲ့ပြီး ရွှေဘိုမြို့နယ်အုပ်ချုပ်ရေး မှူးက ရွှေဘိုမြို့နယ် ဆိပ်ခွန်စံပြကျေးရွာ၏ ဒေသဆိုင်ရာ အချက်အလက် များကို ဗီဒီယိုဖိုင်များနှင့် ရှင်းလင်းတင်ပြခဲ့ခြင်းအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။