ရန်ကုန်− အူရီးဒူးဆင်းမ်ကတ်များ ယခုရက်အတွင်း စတင်ဖြန့်ချိသည့်အချိန်တွင် သုံးစွဲသူလက်သို့ တရားဝင်ဖြန့်ချိမည့်ရက်မရောက် မီမှာ ပင် ဈေး ကွက် အတွင်း ၁၅၀၀ တန်ဆင်းမ်ကတ်များမှာ ပုံမှန်ဈေးထက်အဆမတန်ဖြစ်ပေါ်နေသည်။
Wednesday, July 30, 2014
ဈေးနှုန်းကမောက်ကမများဖြင့် အူရီးဒူးဖုန်းများ ဈေးကွက်အတွင်း ပျံ့နှံ့
ရန်ကုန်− အူရီးဒူးဆင်းမ်ကတ်များ ယခုရက်အတွင်း စတင်ဖြန့်ချိသည့်အချိန်တွင် သုံးစွဲသူလက်သို့ တရားဝင်ဖြန့်ချိမည့်ရက်မရောက် မီမှာ ပင် ဈေး ကွက် အတွင်း ၁၅၀၀ တန်ဆင်းမ်ကတ်များမှာ ပုံမှန်ဈေးထက်အဆမတန်ဖြစ်ပေါ်နေသည်။
အသက် ၅ နှစ်အောက် ၁.၆ သန်း မှတ်ပုံတင်ခြင်းမရှိဟု ကုလပြော
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) နဲ့ မြန်မာအစိုးရလက်တွဲပြီး နိုင်ငံတ၀န်း ကလေးမွေးစာရင်းပေးမယ့် စီမံချက်ရဲ့ ရှေ့ပြေး အစီအစဉ် ကို စတင်အကောင် အထည်ဖော်တော့ မှာဖြစ်ပါတယ်။
အမေရိကန်နှင့်ဗြိတန်သံအမတ် ရခိုင် ရပ်မိရပ်ဖ၊ နိုင်ငံရေးပါတီဝင်များကို တွေ့ဆုံ
ဗြိတန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်
ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ သံအမတ်ကြီးတို့ ၂ ဦးဟာ ရခိုင်ဒေသခံတွေ၊ ရပ်မိရပ်ဖ နဲ့ တကွ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို တွေ့ဆုံပြီး ရခိုင်ပြည်နယ် ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံသား ကိစ္စတွေ ဆွေးနွေး ခဲ့ပါတယ်။
ဝန်ကြီးလောင်း ဦးရဲထွဋ် လွှတ်တော် အဆုံးအဖြတ် စောင့်ဆိုင်း
ပြန်ကြားရေးဒုဝန်ကြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ် Photo Credit to U Ye Htut FB
ပြန်ကြားရေးဝန်ကြီးအဖြစ် သမ္မတက ရွေးချယ်အဆိုပြုခံရတဲ့ ဦးရဲထွဋ်ဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေ တယ် လို့ ဗွီအိုအေမြန်မာပိုင်းကိုပြောကြားလိုက်ပါတယ်။ ဇူလိုင်လ ၂၉ရက်နေ့က နှုတ်ထွက်ခွင့် ပြုလိုက်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ရဲ့ရာထူး နေရာမှာ ပြန်ကြားရေး ဝန်ကြီးသစ်အဖြစ် ခန့်အပ်ပေးဖို့ လက်ရှိ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ ဇူလိုင်လ ၃၀ရက်နေ့မှာ တင်သွင်းလိုက်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာသေးခင်ကမှ အမေရိကန်ပြည်ထောင်စုက ပြန်လည်ရောက်ရှိလာတဲ့ ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်ရဲ့ သဘောထားကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ သူက အခုလိုစဖြေပါတယ်။
ပြန်ကြားရေးဝန်ကြီးအဖြစ် သမ္မတက ရွေးချယ်အဆိုပြုခံရတဲ့ ဦးရဲထွဋ်ဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေ တယ် လို့ ဗွီအိုအေမြန်မာပိုင်းကိုပြောကြားလိုက်ပါတယ်။ ဇူလိုင်လ ၂၉ရက်နေ့က နှုတ်ထွက်ခွင့် ပြုလိုက်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ရဲ့ရာထူး နေရာမှာ ပြန်ကြားရေး ဝန်ကြီးသစ်အဖြစ် ခန့်အပ်ပေးဖို့ လက်ရှိ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ ဇူလိုင်လ ၃၀ရက်နေ့မှာ တင်သွင်းလိုက်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာသေးခင်ကမှ အမေရိကန်ပြည်ထောင်စုက ပြန်လည်ရောက်ရှိလာတဲ့ ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်ရဲ့ သဘောထားကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ သူက အခုလိုစဖြေပါတယ်။
အော်ရီဒူးဆင်းမ်ကတ် ဝယ်မယ့်လူတွေ စာရင်းပေးလို့ရပြီ
ရန်ကုန်မှာ အော်ရီဒူးဖုန်းဆင်းမ်ကတ်တွေ ဝယ်ချင်တဲ့ သူတွေရဲ့ စာရင်း လိုက်လံကောက်ယူနေပါပြီ။ မန္တလေးမြို့တော်နဲ့ နေပြည်တော်မှာတော့ မနေ့ကတည်းက စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။
ဆံတော်ရှင်ကျိုက်ထီးရိုးသို့ ဖူးမြော်ခွင့် တစ်နှစ်ပတ်လုံး ဖွင့်လှစ်ပေးထား
ယခုလိုမိုးတွင်း ရာသီကာလ ဖြစ်သော်လည်း ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ကြီးသို့ ဖူးမြော်ခွင့်ပြု ပေးထားကြောင်း သိရသည်။
ဓာတုဗေဒပိုးသတ်ဆေးများ စနစ်တကျမသုံးစွဲခြင်းကြောင့် တောင်သူများ ဓာတုအဆိပ်သင့်၍ သေဆုံးမှုများရှိနေ
မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက် ပိုင်းရှိ သရက်၊ သခွား၊ ဖရဲ စိုက်ပျိုး သည့်တောင်သူများမှာ ဓာတုဗေဒပိုး သတ်ဆေးများကို အကာအကွယ်မဲ့ စနစ်တကျသုံးစွဲခြင်း မရှိခြင်းကြောင့် သေဆုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံသစ်သီးဝလံနှင့် ပန်းမန်များစိုက်ပျိုး ထုတ်လုပ် သူများ အသင်းမှ ကော်မတီဝင် ဒေါ်သန်းသန်း ဆွေက ပြောသည်။
e Government စီမံကိန်း၌ ပါဝင်နိုင်ရန် လုပ်ငန်းငယ်များ ကြိုတင်ပြင်ဆင်ထားသင့်
အစိုးရ၏ e Government စီမံကိန်းသည် မကြာခင်ကာလတွင် စတင်အကောင်အထည်ဖော် ဆောင် ရွက်တော့မည်ဖြစ်ပြီး အဆိုပါ e Government စီမံကိန်း၌ အိုင်စီတီ စီးပွားရေးလုပ်ငန်းငယ်များ ပါဝင် လုပ်ကိုင်နိုင်ရန် ယခုအချိန်မှစတင်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား သင့်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းအချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။
ဖုန်းအော်ပရေတာတို့၏ပြိုင်ပွဲ
ပြည်တွင်း၌ မိုဘိုင်းဆင်းမ်ကတ်များ အကန့်အသတ်မရှိ ၀ယ်ယူအသုံးပြုနိုင်ရန် တစ်လကျော်ခန့်သာ လိုတော့သည်။ ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် မြန်မာပြည်တွင် ယခင်က မရဖူးသည့် ကောင်းမွန်သော အင်တာနက်လိုင်းနှင့် ဖုန်းဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဟု ပြည်သူများက မျှော်လင့်လျက်ရှိသည်။ဖုန်းခေါ်ဆိုတိုင်း ကြုံတွေ့နေရသည့် ဧရိယာပြင်ပရောက် လူကြီးမင်းနှင့် အင်တာနက်သုံးတိုင်း အ၀ိုင်း (Loading) လည်နေသည်ကို ကြည့်နေရသည်ကို ပြည်သူများ ငြီးငွေ့နေကြပြီ ဖြစ်သည်။ ထို့ကြောင့်လည်း လစဉ်မဲနှိုက်ပြီး ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းများကို စိတ်ဝင်စားမှုနည်းလာနေပြီး ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ် များဖြင့် ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်ကို စောင့်နေကြခြင်းဖြစ်သည်။
တရားမ၀င်မှောင်ခိုတင်သွင်းမှု ပို့ကုန်သွင်းကုန် အက်ဥပဒေဖြင့် အရေးယူတော့မည်
စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်မှောင်ခိုတားဆီးရေး (Mobile Team) အဖွဲ့က တရားမ၀င်မှောင်ခိုပစ္စည်းတွေ သွင်းရင် ထောင် ဒဏ် ပါ ချမှတ်နိုင်တဲ့ ပို့ကုန်သွင်းကုန် အက်ဥပဒေနဲ့ စတင် အရေးယူတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် အသည်းရောင်အသားဝါရောဂါကို ဦးစားပေးရောဂါဖြစ်လာစေရန် တွန်းအားပေးမည်
လာမည့်ကမ္ဘာ့ကျန်းမာ ရေးညီလာခံတွင် အသည်းရောင် အသားဝါရောဂါကို မြန်မာနိုင်ငံ၏ဦးစားပေးရောဂါဖြစ်လာစေရန် နှင့် ရန်ပုံငွေရရှိစေရန် တွန်းအား ပေးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံအသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါက်တာခင်ပြုံးကြည်က ပြော သည်။
တရုတ်က မြို့ကြီးလေးမြို့ရှိ Microsoft ရုံးခန်းများကို ၀င်ရောက်စီးနင်းကာ စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်
အမေရိကန် နည်းပညာ ကုမ္ပဏီကြီး မိုက္ကရိုဆော့ဖ် (Microsoft) ကို တရုတ်က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ပြီး အရာရှိများက တရုတ်မြို့ကြီးလေးမြို့ရှိ Microsoft ရုံးခန်းများသို့ ဇူလိုင် ၂၉ ရက်က စီးနင်းရှာဖွေ မငများပြုလုပ်ခဲ့သည်။နိုင်ငံတော် စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေး အုပ်ချုပ်ရေးအဖွဲ့က ၄င်း၏ စုံစမ်းစစ်ဆေးရေးမှူးများကို ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ချန်တူးမြို့များရှိ Microsoft ရုံးများသို့ စေလွှတ်ခဲ့ကြောင်း South China Morning Post က အစီရင်ခံခဲ့သည်။အဘယ်ကြောင့် ယင်းသို့ စစ်ဆေးသည်ကို ရှင်းလင်းစွာမသိရသေးပေ။ ကုမ္ပဏီ စစ်ဆေးခံရကြောင်း Microsoft China မှ ပြောခွင့်ရ အမျိုးသမီး ဂျုန်းလီက အတည်ပြုခဲ့ပြီး အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့သည်။
Ref: South China Morning Post
Ref: South China Morning Post
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။
ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တွင်တွင် မုတ်သုံလေအလွန်အားကောင်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်မှာ အများအားဖြင့် မုတ်သုံလေအား အားကောင်းနေပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေသော်လည်း ကုန်းတစ်ဝက်ရေတစ်ဝက်အနေအထားဖြစ်နေပါတယ်။ ပစိဖိတ်အနောက်ပိုင်းမှ မုန်တိုင်းငယ်ဟာ တောင်တရုတ်ပင်လယ်ပြင် အတွင်းသို့ ၀င်ရောက် လာနိုင်ခြင်း မရှိသေးပါ။
ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဂျပန်နှင့် ပြင်သစ်သဘောတူ
စစ်လက်နက်ပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲလုပ်ဆောင်ရေး အပါအ၀င် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဂျပန်နှင့် ပြင်သစ်တို့ အင်္ဂါနေ့က သဘောတူညီခဲ့ကြောင်း ဂျပန်အရာရှိများက ပြောကြားခဲ့သည်။ရုရှားသို့ ပြင်သစ်စစ်သင်္ဘောများ ရောင်းချရန် စီစဉ်ထားမှုနှင့် ပတ်သက်၍ ဂျပန်က စိုးရိမ်လျှက်ရှိသော်လည်း ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆုနိုရီ အိုနိုဒေရာနှင့် ပြင်သစ်ကာကွယ်ရေး ၀န်ကြီး ယန်းအိုက်ဗ်စ်လေဒရီယန်တို့သည် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။
AFP
AFP
အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဈေးကွက်နဲ့ချိတ်ဆက်နိုင်ရန် နိုင်ငံတကာတွင် အသုံးပြုနေသည့် နည်းပညာများကို မဲခေါင်အင်စတီကျုမှ ကူညီ ဆောင်ရွက်ပေးမည်
ပြည်တွင်းအ သေးစားနှင့် အလတ် စားလုပ်ငန်း များကိုဈေးကွက်နှင့် ချိတ်ဆက်နိုင် ရေးအတွက်နိုင်ငံတကာရှိအသေး စားနှင့် အလတ်စား လုပ်ငန်းများ တွင် အသုံးပြုသည့် လုပ်ငန်းတူ များ စုပေါင်းကာ ဆောင်ရွက်သည့် (Cluster) နည်းဖြင့် ဆောင်ရွက် နိုင်ရေးအတွက် မဲခေါင်အင်စတီကျု မှ နည်းပညာပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း သိရသည်။အဆိုပါ နည်းပညာအကူအညီ ပေးရေးအစီအစဉ်ကို နယူးဇီလန် နိုင်ငံ၏ အထောက်အပံ့ဖြင့်ဆောင် ရွက်ခြင်းဖြစ်ပြီး ဇူလိုင် ၂၉ရက်နှင့် ၃ဝ ရက်များတွင် ဗဟန်းမြို့နယ်ရှိ အသေးစားနှင့် အလတ်စားလုပ်ငန်း များ ဖွံ့ဖြိုးရေးဌာနတွင် ကော်ဖီလုပ် ငန်းများအတွက် ယင်း Cluster နည်းပညာများကို သင်တန်းပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတိုးမြင့်က '' အခု သင်တန်းမှာ Cluster Development Action Plan ရေးဆွဲ တာတွေ၊ Value Chane နဲ့ International Trade ကိုချိတ် ဆက်ဖို့အတွက် လိုအပ်တာတွေကို သင်ကြားပေးသွားမှာပါ'' ဟုဆိုသည်။
ဆိပ်ကမ်းများတွင် ကွန်တိန်နာများကို စစ်ဆေးပြီးစီးသည့်နေ့တွင် လာရောက် ထုတ်ယူခြင်းမရှိပါက ထုတ်ယူသည့်နေ့တွင် အလုံးစုံဖွင့်ဖောက် စစ်ဆေးလျက်ရှိဟုဆို
အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် စစ်ဆေးပြီးကွန်တိန်နာ များကို စစ်ဆေးပြီးစီးသည့်နေ့တွင်လာရောက်
ထုတ်ယူခြင်းမရှိပါက ထုတ်ယူသည့်နေ့တွင် အလုံးစုံဖွင့်ဖောက် စစ်ဆေးခြင်းကို
ပြုလုပ် လျက်ရှိကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန မှသိရသည်။အကောက်ခွန်ဦးစီးဌာနနှင့်တရားမဝ င်
ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မ တီပူးပေါင်း၍
အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း များကို ဝင်ရောက်စစ်ဆေးရာတွင် ယနေ့စစ်
ဆေးပြီးသည့်ကွန်တိန်နာများကို စစ်ဆေးပြီး သည့်နေ့တွင်
လာရောက်ထုတ်ယူခြင်းမရှိပါ က Red၊ Yellow၊ Green ဟူ၍ခွဲခြားခြင်းမရှိ တော့ဘဲ
အားလုံးကို ဖွင့်ဖောက်စစ်ဆေးပြီးမှ သာထုတ်ခွင့်ပေးမည်ဖြစ်ကြောင်း ကူးသန်း
ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီး ဌာနမှ သိရသည်။ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး
ဦးတင် ရဲဝင်းက ''ကျွန်တော်တို့တွေစဝင်ကတည်းက နေ့စဉ်စစ်ဆေးပြီးမှ
သက်ဆိုင်ရာကုမ္ပဏီရဲ့လို အပ်ချက်ကြောင့်မထွက်နိုင်တဲ့ ကွန်တိန်နာ ဟူသမျှကို
ကျွန်တော်တို့က နောက်နေ့ကျရင် ဒီအတိုင်း ထွက်ခွင့်မပေးတော့ဘူး။
ထုတ်မယ့်နေ့ကျရင် ကျွန်တော်တို့ကအကုန်လုံးကို ဖွင့်ဖောက်စစ်တယ်။ green လည်း
နောက် နေ့ကျရင် green cancel ပဲ။ စစ်ဆေးပြီးရဲ့ သားနဲ့ ဒီနေ့မထုတ်နိုင်ရင်
လာထုတ်တဲ့နေ့မှာ ၁ဝဝရာခိုင်နှုန်းဖွင့်ဖောက်စစ်ဆေးတယ်''ဟု ပြောသည်။
Miss Supranational Myanmar ဆုရမယ့်သူကို သရဖူလွှဲခွင့်မရှိတော့တဲ့ ခင်ဝင့်ဝါရဲ့ ရင်ဖွင့်သံ
ပြည်သူတွေချစ်တဲ့ Miss ခင်ဝင့်ဝါနဲ့ တွေ့ဆုံခိုက် Miss GoldenLand Myanmar Organization ကနေ Miss Supranational Myanmar ရဲ့Crown ကိုလွှဲပြောင်းခွင့် မပေးတဲ့ အပေါ် သူမရဲ့သဘောထားကိုမေးဖြစ်ခဲ့တဲ့အခါ သူမက “ သူတို့ဘက်က ဘယ်လို အကြောင်းကြောင်း တွေကြောင့် ပြောခဲ့တယ်ဆိုတာတော့ ညီမမသိဘူး။ ညီမဘက်ကတော့ သူတို့နဲ့ချုပ်ထားတဲ့ စာချုပ်သက်တမ်း တစ်နှစ်အတွင်းမှာ လုံးဝစည်းကမ်း မဖောက်ဖျက်ခဲ့ဘူး။ သူတို့နဲ့ သဘောတူထားတဲ့ အတိုင်း ညီမရဲ့အနုပညာကြေးထဲက ၃၀ရာခိုင်နှုန်းကိုလည်း ပုံမှန်ပေးခဲ့ပါတယ်။ ဒီလိုမျိုး အဆင်ပြေအောင် နေနေတဲ့ ကြားထဲက အခုလိုမျိုးဖြစ်လာတယ်ဆိုတော့ ညီမကို အပြစ်ပေးတဲ့ သူတွေအပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ်။ တစ်ချို့သတင်းတွေမှာ ပါသလို သရဖူ အသိမ်းခံရတယ် ဆိုတာကတော့ မဟုတ်ပါဘူး။ ညီမကို ဒီနှစ် Miss Supranational Myanmar ဆုရမယ့်သူကို သရဖူလွှဲခွင့် မပေးတော့တာပေါ့။ သူတို့ဘက်ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် တစ်ယောက်ရဲ့ကျင့်ဝတ်နဲ့အညီ မနေထိုင်ဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညီမဘက်ကတော့ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး”တဲ့။
ဂျာမနီကို ဆင်းတဲ့ အမေရိကန်စစ်လေယာဉ်ရဲ့ဘီးမှာ အလောင်းတွေ့
အမေရိကန် စစ်ဘက် ကုန်တင်လေယာဉ် ဟာကျူလီ လေယာဉ်ကြီးတစီးဟာ ဂျာမနီ
နိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဆင်းသက်စဉ်မှာ လေယာဉ်ဘီးမှာ လူငယ်တဦးရဲ့
အလောင်းကိုတွေ့ခဲ့ရတယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။
ဂျာမနီနိုင်ငံ ရမ်းစတိန်း လေကြောင်းအခြေစိုက်စခန်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က အမေရိကန်စစ်လေယာဉ် C 130J ဟာ လေယာဉ် ဆင်းသက်ပြီး လေယာဉ်ဘီးအတင်အချ လုပ်တဲ့နေရာမှာ အခုလို လူငယ်တဦးရဲ့ အလောင်းကို တွေ့ခဲ့တာဖြစ်တယ်လို့ စစ်တပ်အရာရှိကြီး တဦးဖြစ်တဲ့ John Kirby ကလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂျာမနီနိုင်ငံ ရမ်းစတိန်း လေကြောင်းအခြေစိုက်စခန်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က အမေရိကန်စစ်လေယာဉ် C 130J ဟာ လေယာဉ် ဆင်းသက်ပြီး လေယာဉ်ဘီးအတင်အချ လုပ်တဲ့နေရာမှာ အခုလို လူငယ်တဦးရဲ့ အလောင်းကို တွေ့ခဲ့တာဖြစ်တယ်လို့ စစ်တပ်အရာရှိကြီး တဦးဖြစ်တဲ့ John Kirby ကလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
တော်ဝင်လုပ်သားများကို ရိုက်နှက်မှု အင်းစိန်ထောင်ဝန်ထမ်းနှစ်ဦး တောင်းပန်မည်ဟုဆို
တော်ဝင် သစ်အချောထည် လုပ်သားနှစ်ဦးကို ရိုက်နှက်ခဲ့မှုအတွက် အင်းစိန် အကျဉ်းထောင်က ဝန်ထမ်းနှစ်ဦးက သြဂုတ်လ ၃ ရက်နေ့ တွင် ပြန် လည် တောင်းပန်မည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောကြားသည်။
သင်မွေးမယ့်ကလေးရဲ့ လိင်ဟာ သင့်ရဲ့အစားအသောက်အပေါ်မှာလည်း မူတည်ရခြင်းအကြောင်းရင်း
ကလေးရဖို့အလားအလာရှိတဲ့ နောက်ဆုံးရက်မှာဆိုရင် ကလေးဟာ မိန်းကလေးလား ယောင်္ကျားလေးဖြစ် မလား ဆိုတာ ၅၀% စီပဲရှိပါသေး တယ်။ ဒါပေမယ့် သင့်အနေနဲ့ ပိုလိုချင်တဲ့လိင်ဖြစ်လာအောင် လုပ်ဆောင် နိုင် တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။
Ooredoo Myanmar FB Page မှတစ်ဆင့် တရာဝင်ကြေညာချက်
ပြည်သူလူထုရဲ့ အားပေးမှုတွေ အတွက် စိတ်လှုပ်ရှား ဝမ်းမြောက်မိပါတယ်။ လက်ရှိမှာ ဆင်းကဒ်များ ရောင်းချဖို့ပြင်ဆင်နေ တာကြောင့် နိုင်ငံ တကာ လုပ်ရိုးလုပ်စဉ် အနေနဲ့ ကြိုတင်ပြီး အရောင်း နဲ့ ဖြန့်ချီရေး လမ်းကြောင်းတွေကို ဆင်းကဒ်များဖြည့်တင်းနေပါတယ်။
ကိုရီးယားနိုင်ငံ အိစန်ကော်ပိုရေးရှင်းက တွံတေးတူးမြောင်း ပြုပြင် ထိန်းသိမ်းရေး အတွက် အဆိုပြုလွှာ တင်တော့မည်
တွံတေးတူးမြောင်းအတွင်း သွားလာနေသည့် ရေယာဉ်များကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ်။ ကိုရီးယားနိုင်ငံ ISAN Corporation က အမေရိကန်ဒေါ်လာ ၂၆၉ သန်းသုံး၍ ပြုပြင်ထိန်းသိမ်းရန် အဆိုပြုလွှာတင်မည်ဟု ဆိုသည်။
Subscribe to:
Posts (Atom)