Monday, October 12, 2015

မြန်မာနှင့်လာအို ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြို သတင်းစာရှင်းလင်းပွဲ ဖြေကြားချက်

"ပြိုင်ဘက်ကို လေးလေးစားစားနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင်မှာပါ။ လက်ဘနွန်နဲ့ပွဲမှာ ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့တယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဖန်တီးမှုတွေကို အသုံးမချနိုင်လို့ ဂိုးမရခဲ့ဘူး။ လက်ဘနွန်က အခွင့်အရေး ၂ ကြိမ်မှာ ၂ ကြိမ်လုံးဂိုးရသွားတယ်။ လက်ဘနွန်ပွဲမှာ ကစားခဲ့တဲ့ ပုံစံအတိုင်း

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အရာတော်မြို့နယ် မူးမြစ်ကမ်းဘေးရှိ ကျေးရွာများတွင် မူးမြစ်ရေများဝင်ရောက်ပြီး မုံရွာ-ရွှေဘိုမော်တော်ကားလမ်းပိုင်း နေရာအချို့ရေကျော်

ခိုးဝင်ဘင်္ဂါလီလေးဦးနှင့် တရားမဝင် ခေါ်ဆောင်လာသူများအား မင်းပြားမြို့အနီးဖမ်းမိ

ခိုးဝင်လာ သည့် ဘင်္ဂါလီလေးဦးနှင့် တရားမဝင်ခေါ် ဆောင်ပေးနေသူနှစ်ဦးတို့ကို ရခိုင်ပြည်နယ် မင်းပြားမြို့အနီး ကားတစ်စီးပေါ်တွင် ဖမ်း မိသဖြင့် မင်းပြားမြို့မရဲစခန်းတွင် တရား မဝင်ခေါ်ဆောင်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
စစ်တွေမြို့နယ်မှ ဘင်္ဂါလီလူမျိုး များအား တင်ဆောင်လာသည့် ကားတစ် စီးလာနေကြောင်း လျှို့ဝှက်သတင်းပေးချက် အရ မြို့နယ်ရဲတပ်ဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ရှာ ဖွေစဉ် စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်း ပေါ်ရှိ မင်းပြားမြို့နှင့်ခုနစ်မိုင်အကွာ သံရှင် ကျေးရွာရဲကင်းရှေ့၌ အောက်တိုဘာ၅ရက် ည ၁ဝ နာရီခန့်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်ရိပ်သာလမ်းပေါ်က အမေရိကန်သံရုံးမျက်စောင်းထိုးရှိ ခြံတစ်ခြံ ဖောက်ထွင်းခံရ

ကမာရွတ်မြို့ နယ် တက္ကသိုလ်ရိပ်သာလမ်းမှ အမေရိကန် သံရုံးမျက်စောင်းထိုးရှိ ခြံတစ်ခြံမှ ငွေကျပ် သိန်းတစ်ထောင်ကျော် ဖောက်ထွင်းမှုအား အထူးအမှုစုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်း စစ်ဆေးဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး မှုခင်းတပ်ဖွဲ့မှသိရသည်။
အဆိုပါအမှုသည် စက်တင်ဘာ ၂ဝရက် ည ၁၂ နာရီဝန်းကျင်တွင် ကမာရွတ် မြို့နယ် (၉)ရပ်ကွက်ရှိ တက္ကသိုလ်ရိပ်သာ လမ်းပေါ်ရှိ ကုမ္ပဏီလုပ်ငန်းလုပ်ကိုင်သည့် အခန်းတစ်ခန်းထဲတွင် သိန်း ၅၉ဝဝ ကျော်ကို သိမ်းဆည်းထားရာ အမည်မသိစုံစမ်းဆဲ တ ရားခံမှ သိန်းတစ်ထောင်ကျော်သာ ခိုးယူသွား မှုဖြစ်သည်။
ဖြစ်စဉ်မှာ အဆိုပါညတွင် လုံခြုံ ရေးဝန်ထမ်းက ခြံအတွင်းရှိတိုက်အား လှည့် လည်စစ်ဆေးရာမှ အိမ်ဝင်ပေါက်တံခါးပွင့် နေသောကြောင့် ကုမ္ပဏီတာဝန်ရှိသူလူကြီး များကို ဖုန်းဆက်အကြောင်းကြားရာမှ ငွေများ ပျောက်ဆုံးနေကြောင်း သိရခြင်းဖြစ်သည်။

၁၀ တန်းကျောင်းသူကို တို့ဆေးဖြင့် ခေါ်ဆောင်သွားမှု သက်ဆိုင်ရာကျောင်း ငြင်းဆို

မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ၁၀ တန်း ကျောင်းသူတစ်ဦးကို ကျောင်းဝင်းထဲက တို့ဆေးဖြင့် ခေါ်ဆောင်သွားသည်မှာ မဟုတ်မှန်ဘဲ ယင်းကျောင်းသူကိုယ်တိုင် မိမိသဘောဖြင့် ကျောင်းဝင်းပြင်ပသို့ ထွက်သွားခြင်းသာ ဖြစ်ကြောင်း အဆိုပါကျောင်းမှ အထက်တန်းပြ ဆရာများက ပြောဆိုသည်။
အောက်တိုဘာ ၇ ရက်၊ နံနက် ၆ နာရီခွဲခန့်က အသက် ၁၆ နှစ်အရွယ် ကျောင်းသူကို မိဘများက ကျောင်းရှေ့သို့ လိုက်ပို့ခဲ့ကြောင်း၊ ယင်းနောက် ကျောင်းသူမှာ ကျောင်းဝင်းပြင်ပသို့ ထွက်ခွာပြီး မိမိသဘောဖြင့် ကျောင်းမတက်ခဲ့သည်ကို တို့ဆေးမိကာ အပြင်သို့ ရောက်နေသည်ဟု မိဘများကို လိမ်လည်ပြောကြားခဲ့သဖြင့် မိဘများက စခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းကျောင်းမှ အထက်တန်းပြ ဆရာမတစ်ဦးက ရှင်းလင်းပြောကြားသည်။

ကျောက်မဲရေကြီး လယ်ဧက ၂၀၀ ကျော် ရေမြုပ်၊ ရွာသားများ သောက်ရေအခက်အခဲကြုံနေ


ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က ချောင်းရေလျှံပြီး ရေကြီးခဲ့တဲ့ လယ်မြေဧက ၂၀၀ ကျော် ရေမြုပ်ခဲ့ပြီး ရေတွင်းတွေပါပျက်စီးတဲ့အတွက် ဒေသခံတွေ သောက်ရေအခက်အခဲ ဖြစ်နေပါတယ်။
ကျောက်မဲမြို့ အနောက်ဘက် မိုင်းတန်ကျေးရွာအုပ်စုထဲက လယ်မြေဧကပေါင်း ၂၃၀ လောက် ရေမြုပ်ခဲ့ပြီး ရေတွင်းရေကန်ထဲကို ရေဆိုးရေညစ်တွေ ၀င်ရောက်ကုန်တာကြောင့် နားမွန်းရွာက အိမ်ခြေ ၇၀ ကျော်က မိသားစုတွေ သောက်သုံးရေ အခက်အခဲဖြစ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေကို သွားကူခဲ့တဲ့ ကျောက်မဲက ကျားခေါင်းပါတီ လွှတ်တော်အမတ် ဦးစိုင်းသန်းမောင်က ဒီဗွီဘီကို ပြောပါတယ်။
“မိုင်းတန်ကျေးရွာအုပ်စုထဲမှာ လယ်တွေ ဧကပေါင်း ၂၃၀ လောက် ရေ၀င်တယ်။ အဲဒီထဲမှာ သဲတွေ နှုန်းမြေတွေ သစ်တုံးကြီးတွေ မျောပါလာတယ်။ ဧက ၃၀ ကျော်က စပါးပင်တွေ ပျက်စီးကုန်တယ်လို့ တောင်သူတွေက ပြောတယ်။ အဲဒီကျေးရွာအုပ်စုထဲက နားမွန်းရွာ မှာတော့ အိမ်တိုင်းမှာ ရေတွင်း ရှိတယ်လေ။ ရေလွှမ်းသွားတော့ အမှိုက်သရိုက်တွေ၊ ညစ်ပတ်တဲ့ ရေတွေ ရေတွင်းထဲဝင်ကုန်လို့ သောက်ရေသုံးရေ ခက်ခဲနေပါတယ်။ ရေအလှူခံနေတယ်။ တချို့က ရေ၀ယ်သုံးတယ်၊ ရေတွင်းတွေ ပြန်မဆည်မချင်း အခက်အခဲရှိနေတယ်။”
အဲဒီကျေးရွာအုပ်စုထဲက အဓိက ဆက်သွယ်ရေးကြိုးတံတား ၂ စင်းဖြစ်တဲ့ မိုင်းတန်ကြိုးတံတားနဲ့ ၀မ့်မိုင်ကန့်ကော်ရွာရွာနားက ကြိုးတံတားလည်း ရေထဲမျောပါသွားတဲ့ အတွက် သွားရေး လာရေး ပြတ်တောက်နေတယ်လို့ သိရပါတယ်။

KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးမှုကြောင့် လယ်ယာလုပ်ကိုင်နေသည့် ရွာသားများ ထွက်ပြေးတိမ်းရှောင်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှဒူဇွပ်ကျေးရွာတွင်နေထိုင်သော လယ်ယာလုပ်ကိုင်နေသည့် ဒေသခံ တိုင်းရင်းသားများအား KIA အဖွဲ့မှ လူသစ်အဖြစ် အဓမ္မဖမ်းဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြ ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 
တနိုင်းမြို့နယ် ရှဒူဇွပ်ကျေးရွာသို့ အောက်တိုဘာလ ၉ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ရွာသား ၂ဦးအား လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

ပြည်ခိုင်ဖြိုးစည်းရုံးရေးယာဉ်တန်းရှေ့ ကားပိတ်ရပ်သဖြင့် ဖမ်းဆီးခံရသူအား ပြန်လွှတ်ပေးခဲ့ဟုဆို

မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ မဲဆွယ်စည်းရုံးသည့်ယာဉ်တန်းရှေ့၌ ကား ဖြင့်ပိတ်ရပ်သည့် အမျိုးသားတစ်ဦးကို ပါတီ မှအမှုဖွင့်ခြင်းမရှိသောကြောင့် ရဲစခန်းတွင် ထိန်းသိမ်းခြင်းမပြုဘဲ နေ့တွင်းချင်းပြန်လွှတ် ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ သိရသည်။

တာလီဘန် ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် အမေရိကန်တပ်ကြပ် ကို စစ်ထောင်မချရန် ထောက်ခံ

တပ်ကြပ် ဘိုး ဘဒါဟီ။ (ဓာတ်ပုံ - ရိုက်တာ)
အာဖဂန်တာလီဘန်တွေရဲ့ ၅ နှစ်ကြာ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ အမေရိကန် တပ်ကြပ်တဦးကို စစ်ထောင်မချဖို့ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် အရာရှိတဦးက ထောက်ခံတယ်လို့ သူ့ရဲ့ ရှေ့နေက အောက်တိုဘာ ၁၁ ရက်နေ့က ပြောဆိုပါတယ်။

သွားရေးလာရေး အခက်အခဲကြောင့် ကိုကိုးကျွန်းသို့ စည်းရုံးရေးသွားရန် သင်္ဘောစင်းလုံး ငှားမည်ဟု NLD ဆို

သွားရေးလာရေး အခက်အခဲကြောင့် ကိုကိုးကျွန်းသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက စည်းရုံးရေးလုပ်ငန်းများ သွားရောက်လုပ်ဆောင်ရန် သင်္ဘောစင်းလုံးငှားမည် ဖြစ်ကြောင်း အဆိုပါ ပါတီကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောကြားသည်။
“သင်္ဘောစင်းလုံးငှားဖို့ကို စီစဉ်ထားတယ်။ သင်္ဘောဆိုပေမယ့် ကမ်းရိုးတန်းသွား စက်လှေအမျိုးအစား ဖြစ်တော့ ကုန်တင်ခွင့်လိုင်စင်ပဲ ရှိတယ်။ အဲဒီတော့ လူလိုက်ပါဖို့အတွက် ခွင့်ပြုချက် တင်ရပါမယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ခွင့်ပြုချက် ရရှိရန်အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံသို့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် တင်ပြလျှောက်ထားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထို့အပြင် သင်္ဘောစင်းလုံးငှားရန် ကုန်ကျစရိတ်ကို ကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ်များမှ မျှခံရန် လျာထားသော်လည်း သင်္ဘောငှားမည့် နှုန်းထားနှင့် သင်္ဘောအမည်ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အသက်ကို ဉာဏ်စောင့်နိုင်ပါစေ KIA

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ၁၉၀၀ နာရီ တွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ပြည်ထောင်စု လမ်း၊ VeVe တိုက်ခန်းအမှတ် (၁) ရှိ GI Group Express ယာဉ်လိုင်းဂိတ်သို့ KIO မှ ဆက်ကြေး ကောက်ခံသည့်စာပေးပို့ခဲ့ကြောင်း သိရှိရပါတယ်။ အဲ့ဒီ နေ့က GI Group Express ရဲ့ ဂိတ်မှူး ဦးသန်းမြင့်ထွန်း ဂိတ်အတွင်းရှိနေစဉ် အမည်မသိအမျိုးသားတစ်ဦးမှ ဂိတ်အတွင်းသို့ စာအိတ်တစ်အိတ် အားပစ်ပေးခဲ့ပြီး အဖြူရောင် အာရာဖတ်ယာဉ် (နံပါတ်မပါ) ပေါ်သို့ တက်ကာ ပြည်ထောင်စုလမ်းမကြီးအတိုင်း စွမ်စော် ရပ်ကွက် ဘက်သို့ ထွက်ခွာသွားခဲ့ ကြောင်းသိရှိရပါတယ်။

တပ်မတော်နှင့် SSPP/SSA တိုက်ပွဲများ ဆက်လက်ပြင်းထန်

တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက် ရှိသည်ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက The Voice သို့ ပြောကြားသည်။
တပ်မတော် စစ်ကြောင်းများသည် အောက်တိုဘာ ၅ ရက်မှ စတင်၍ SSPP/SSA တပ်ဖွဲ့ အခြေစိုက် တပ်စခန်းများသို့ စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးစိုင်းလက ဆိုသည်။

၁၂-၁၀-၂၀၁၅ မှ ၁၈-၁၀-၂၀၁၅ ထိ ၇ ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဤတစ်ပတ်ကာလသည် သင့်အတွက် စိတ်လေခြင်းနှင့် စိတ်ရောလူပါ ဗျာများပြီး မအားမလပ်ဖြစ်သောကာလပင် ဖြစ်ပါသည်။ အရာအားလုံးကလည်း ကိုယ့်အပေါ်မှ ကျရောက်သလိုဖြစ်ပြီး သူများအတွက်ရော ကိုယ့်အတွက်အလုပ်ရှုပ်၊ စိတ်ရှုပ်ရတတ်ပါသည်။ စက်ပစ္စည်း၊ ရွှေ၊ မြေတို့ အဝင်အထွက်ဖြစ်မည်။ အိပ်ယာ၊ အိပ်ခန်း ပြောင်းလဲမှု၊ ပြောင်းရွှေ့မှုတို့ ဖြစ်မည်။ ကျန်းမာရေးမှာ ကျောကိုက်၊ ခေါင်းခဲတာမျိုးတွေ ဖြစ်မည်။ ပညာရေး၊ အချစ်ရေး ကောင်းနေမည်။ မင်္ဂလာဆောင်ရန် စီစဉ်မှုတွေ ပြုနေမည်။

အကျိုးပေးဂဏန်း ၄၊၉၊ ၆

အထူးဟော – ရှုပ်သော်လည်း ရှင်းနိုင်ပါသည်။

ယတြာ – တနင်္ဂနွေနေ့နံနက်တွင် မြောက်အရပ် လမ်းပေါ် ငွေ ၁၀၀ ကျပ် ပံ့သကူပြုပါ။

မြန်မာအချင်းချင်းသတ်ပြီး ကွန်တိန်နာအိမ်ထဲ ပစ်ထားခဲ့သည့် တရားခံ မလေးရဲ ဖမ်းဆီး

အခင်းဖြစ်သည့်နေရာအားမလေးရှား တာဝန်ရှိသူများ စစ်ဆေးကြည့်ရှုနေစဉ်။ (ဓာတ်ပုံ - နယူးစထရိတ်တိုင်းမ်)
မလေးရှားနိုင်ငံ၊ ကွာလာဒီပန်းအရပ်မှာ လုပ်ဖော်ကိုင်ဘက် မြန်မာအချင်းချင်းသတ်ပြီး ကွန်တိန်နာအိမ်ထဲမှာ ပစ်ထားခဲ့တဲ့ တရားခံကို ရဲတွေက အောက်တိုဘာ ၁၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ မလေးရှားနိုင်ငံအခြေစိုက် နယူးစထရိတ်တိုင်းမ် သတင်းမှာ ဖော်ပြပါတယ်။

ဝက်များနဲ့ အဖွဲ့ကျတဲ့ ကြောင်ကလေး

ချစ်သူတွေ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်တဲ့ ထွန်းထွန်းနဲ့ ရွှေမှုံရတီ

လူမှုကွန်ရက်စာမျက်နှာ တွင် နှစ်ယောက်အတူ တွဲရိုက် ထားသော ဓာတ်ပုံကိုတင်၍ ချစ် သူဖြစ်နေသည်ဟု ပြောကြားမှု များနှင့်ပတ်သက်၍ ကာယကံရှင် များဖြစ်သည့် ထွန်းထွန်းနှင့် ရွှေမှုံ ရတီတို့က မဟုတ်မှန်ကြောင်း အသီးသီး ငြင်းဆိုခဲ့သည်။

တူရကီတွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြသူများ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရ၊ လူ ၁၀၀ ခန့် သေဆုံး

တူရကီနိုင်ငံ အန်ကာရာမြို့တော်တွင် ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့ရသည့် ဖြစ်ရပ်အတွက် သုံးရက်တာမျှ နိုင်ငံတော်အဆင့် လွမ်းဆွတ်အောက်မေ့ဖွယ် အထိမ်းအမှတ် ပြုလုပ်သွားမည်ဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အန်ကာရာမြို့တော်၌ ပြုလုပ်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြမှုသည် ကာ့ဒ်ခွဲထွက်ရေး PKK စစ်သွေးကြွများနှင့် တူရကီအစိုးရအကြား တိုက်ခိုက်မှုများ ရပ်ဆိုင်းရေးအတွက် တောင်းဆိုခဲ့ကြခြင်း ဖြစ်ပြီး ယင်းသို့ စီတန်းလှည့်လည်နေစဉ် အသေခံ ဗုံးခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။ 

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို NLD အယုံအကြည်မရှိဟု ဦးဝင်းထိန်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဗဟိုကော်မတီဝင် ဦးဝင်းထိန်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် အပစ်အခတ် ရပ်စဲရေးစာချုပ် NCA အပေါ် အယုံအကြည်မရှိကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်မှ ပြောကြား သည်။
အောက်တိုဘာလ ၁၀ ရက်နေ့က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းချိန်တွင် ယင်းသို့ပြောကြား လိုက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NCA အပေါ် ယခင်ကတည်းက ယုံကြည်မှုမရှိခဲ့တာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပွဲမှာ အသိသက်သေအဖြစ် ဖိတ်ကြားလာ လျှင်လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်ကြောင်း ဦးဝင်းထိန်မှ ဆိုသည်။
“ဒီလက်မှတ်ထိုးပွဲကို ဒေါ်အောင်ဆန်းစုကြည် လုံးဝ မတက်ပါဘူး။ အကြောင်းပြချက်ကရှင်းရှင်းလေးပဲ။ ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ NCA ကိုရော၊ ဦးဆောင်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုရော အရင်က တည်းကလည်း အယုံအကြည်မရှိခဲ့ဘူးလေ ” ဟု ဦးဝင်းထိန်မှ ပြောသည်။

ပေါက်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေး ယာဉ်ပေါ်မှ အမျိုးသမီး တစ်ဦး ပြုတ်ကျသေဆုံး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးယာဉ်ပေါ်မှ အမျိုးသမီး
တစ်ဦးပြုတ်ကျ သေဆုံးမှုဖြစ်ခဲ့သည်ဟု သတင်းရရှိသည်။

ပေါက်မြို့နယ် ဆေးပင်ကြီး ရွာတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စား လှယ်လောင်းများ၏ အောက်တို ဘာ ၁၁ရက်က ပြုလုပ်သည့်စည်း ရုံးရေးခရီးစဉ်အတွင်းယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခြင်းဖြစ်သည်ဟု နယ်မြေခံရဲ
စခန်းဖြစ်သည့်ရေပြာ ရဲစခန်းမှူးကပြောသည်။

ကလေးဝတွင် တောင်ကျရေနှင့် မျောပါမှုကြောင့် ပျောက်ဆုံးနေသူသုံးဦး ရုပ်အလောင်းများ ပြန်တွေ့

မိုးအဆက်မပြတ်ရွာသွန်းခဲ့ ပြီး တောင်ကျရေစီးဆင်းမှုကြောင့် ကလေးဝမြို့နယ် ရွာတစ်ရွာမှ လူ နှင့် ကျွဲ၊ နွားများပျောက်ဆုံးခဲ့ရာ အမျိုးသားသုံးဦး ရုပ်အလောင်း များကို အောက်တိုဘာ ၁၀ရက် တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအ ဖွဲ့ရုံးမှ သတင်းရရှိသည်။
အောက်တိုဘာ ၈ရက်ကမိုး အဆက်မပြတ် ရွာသွန်းခဲ့ပြီး တောင်ကျရေ စီးဆင်းမှုကြောင့် ကလေးဝမြို့နှင့် ၅၂မိုင်ခန့်အကွာ ကျောက်ကြီး ကျေးရွာတွင် အိမ် ထောင်စုနှစ်စု၊ အမျိုးသားကိုးဦး၊ အမျိုးသမီးငါးဦး၊ ကျွဲခုနစ်ကောင်၊ နွားနှစ်ကောင်တို့ ရေစီးဖြင့်မျော ပါခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသ တင်းရရှိသည်။