Friday, May 3, 2013
တောင်တွင်းကြီး ကုက္ကိုလ်စုရွာတွင် မိုးသက်လေပြင်းကြောင့် ဘုန်းကြီးကျောင်း စာသင်ကျောင်း နှင့် လူနေအိမ် အများအပြား ပျက်ဆီး.
ယနေ့နေ့လည် ၂ နာရီ ခွဲခန့်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်
ကုက္ကိုဝကျေးရွာအုပ်စု ကုက္ကိုစုကျေးရွာ အရှေ့စု တွင်
မိုးသက်လေပြင်းတိုက်ခတ်ကာ ဇေယျသိဒ္ဓိဘုန်းကြီးကျောင်း အနောက် ဖက်ခြမ်း
အခန်းရေ ၇ ခန်းရှိ သွပ်အချပ် ၁၃၀ ခန့်လွင့်ပါပျက်စီး ကာ ဒိုင်း ၂၅ ချောင်း
မျှား အချောင်း ၄၀ ခန့် ကျိုးပဲ့ပျက် စီးသွားပြီး ကုက္ကိုစုကျေးရွာ
အထက(ခွဲ)ရှိ ပေလေးပင် ကျောင်းဆောင်နှင့် ဗိသနိုးကျောင်းဆောင် ရှိ သွပ် ၂၀၄
ချပ်လွင့်ပါပျက်စီးကာ ဒိုင်းမျှား ၅၁ ချောင်းပျက်စီးသွားကြောင်းသိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာနှင့် မမုံကျေးရွာတို့တွင် နေအိမ်နှင့် ဈေးဆိုင်ခန်းများအား လူအုပ်စုဖြင့် ဖျက်ဆီးမှုများအား ရဲတပ်ဖွဲ့မှ ထိန်းသိမ်းဆောင်ရွက်
၂-၅-၂ဝ၁၃ ရက်နေ့
၁၃ဝဝ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာ
ဘုန်းကြီးကျောင်းတွင် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းအား သင်တန်းသား/
သူ(၄၇၆)ဦး၊ ဆရာတော်(၄)ပါးနှင့် အရပ်သား ဆရာ/ဆရာမ(၇)ဦးဖြင့် ပို့ချနေစဉ်
အဆိုပါသင်တန်းအား နှောင့်ယှက်မည်ဟု ကောလာဟလ သတင်းကြောင့် သင်တန်းသား/ သူများ၏ မိဘဆွေမျိုးများမှစိုးရိမ်ပြီး ယူမာကျေးရွာဘုန်းကြီးကျောင်း သို့ ကျောင်းသားမိဘ(၇ဝ)ဦးခန့် တုတ်/ ဓါးများဖြင့်ရောက်ရှိနေကြောင်း သတင်းအရ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီးသည့်တပ်ဖွဲ့ဝ င်များနှင့် နယ်မြေခံရဲတပ်ရင်းမှတပ်ဖွဲ့ဝင်များ ယူမာကျေးရွာဘုန်းကြီးကျောင်းသို့ သွားရောက်ပြီး ရောက်ရှိနေသည့် သင်တန်းသား/ သူများ၏ မိဘများအား စိုးရိမ်သောက မဖြစ်ရန်နှင့် ဥပဒေနှင့်မညီသောတုန့်ပြန်ဆောင်ရွက်မှုများမြ ပုလုပ်ရန် ရှင်းလင်းပြောကြားခဲ့သဖြင့် ၁၄၃ဝ အချိန် ပြန် လည်ထွက်ခွာ သွားခဲ့သည်။
တရုတ်နိုင်ငံတွင် ပြုလုပ်သော ငွေကျပ် ၅ဝဝဝ တန်နှင့် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူ အတုများ မြစ်ကြီးနား မြို့၌ ဖမ်းဆီး ရမိ
ကချင်ပြည်နယ် မြစ်ကြီးနား မြို့ပေါ်တွင် ဧပြီ ၂၈ ရက်က ငွေကျပ် ၅ဝဝဝ တန်
ငွေစက္ကူ အတု ၉၇၇ ရွက် (၄၈၈၅ဝဝဝ) နှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား
ခုနစ်ဦး၊ ဧပြီ ၁၂ ရက်က ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု အရွက် ၆ဝဝဝ (၃ဝဝဝဝဝဝဝ)
နှင့် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူ အတု ၁ဝ၆၅ ရွက် (၁ဝ၆၅ဝဝဝဝ) နှင့်အတူ
တရုတ်နိုင်ငံသား အမျိုးသား နှစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား တစ်ဦး၊
အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီး ရမိခဲ့သည်။
ကချင်ပြည်နယ် မြစ်ကြီးနား မြို့ပေါ်တွင် ဧပြီ ၂၈ ရက်က ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု ၉၇၇ ရွက် (၄၈၈၅ဝဝဝ) နှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား ခုနစ်ဦး၊ ဧပြီ ၁၂ ရက်က ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု အရွက် ၆ဝဝဝ (၃ဝဝဝဝဝဝဝ) နှင့် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူ အတု ၁ဝ၆၅ ရွက် (၁ဝ၆၅ဝဝဝဝ) နှင့်အတူ တရုတ်နိုင်ငံသား အမျိုးသား နှစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီး ရမိခဲ့သည်။
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၌ လေပြင်းများ တိုက်ခတ် လူနေအိမ်များ ပျက်စီး
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၌ မနေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှ ၃ နာရီ
၄၅ မိနစ်အထိ တစ်နာရီမိုင် ၆ဝ နှုန်းဖြင့် လေပြင်းတိုက်ခတ်ခဲ့ကြောင်း
သိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မုံရွာမြို့၊ ကျောက္ကာလမ်းနှင့် ဗိုလ်ချုပ်လမ်း တစ်လျှောက်ရှိသစ်ပင်ကြီးများ လဲကျကျိုးပဲ့ခဲ့ရာ
ဂျစ်ကား တစ်စီးပျက်စီးပြီး လူ နေအိမ်နှင့် အဆောက်အအုံအချို့ အမိုးလန်ပျက်စီးခဲ့သည်။
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၌ မနေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှ ၃ နာရီ
၄၅ မိနစ်အထိ တစ်နာရီမိုင် ၆ဝ နှုန်းဖြင့် လေပြင်းတိုက်ခတ်ခဲ့ကြောင်း
သိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မုံရွာမြို့၊ ကျောက္ကာလမ်းနှင့် ဗိုလ်ချုပ်လမ်း တစ်လျှောက်ရှိသစ်ပင်ကြီးများ လဲကျကျိုးပဲ့ခဲ့ရာ
ဂျစ်ကား တစ်စီးပျက်စီးပြီး လူ နေအိမ်နှင့် အဆောက်အအုံအချို့ အမိုးလန်ပျက်စီးခဲ့သည်။
KIA အဖွဲ့များမှ ရှမ်းလူငယ်များအား လူသစ်စုဆောင်းမှုများပြုလုပ်လျက်ရှိ…
၂၀၁၃ ခုနှစ်၊ အေပြီလ ၂၈/၂၉ ရက်နေ့တွေမှာ ရှမ်း/ မြောက်၊ နမ့်ခမ်းမြို့နယ်၊ နန့်ဝူကျေး ရွာ ကနေ ကောင်းမုယန်ကျေးရွာသို့ဈေးလာဝယ်တဲ့ကချ င်လူငယ်
၂ ဦး၊ မန်မွန်း ကျေးရွာက ရှမ်း လူငယ် ၂ ဦး၊ ဆွတ်ခါးကျေးရွာနဲ့
မန်အိုက်တိုက်ကျေးရွာက ရှမ်းလူငယ် ၄ ဦး၊ ပေါင်း ၈ ဦးကို KIA
တပ်ဖွဲ့ဝင်အချို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရှိရပါတယ်။
ဥကံ္ကမြို့၌ တည်ငြိမ် အေးချမ်းနေပြီ ဖြစ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံခြုံရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိ
ရန်ကုန်တိုင်း ဒေသကြီး
တိုက်ကြီးမြို့နယ် ဥက္ကံမြို့၌ ဧပြီ ၃ဝ ရက်တွင် လူအုပ်စုက ဘာသာရေး အဆောက်အအုံများ အားခဲဖြင့်ပစ်ပေါက်ပြီး ဈေးဆိုင်များအား ဝင်ရောက်ဖျက်ဆီးခဲ့၍
လုံခြုံရေး အဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲ ခဲ့ရပြီး ယခုအခါ
တည်ငြိမ်အေးချမ်းလျက် ရှိကြောင်း ကနဦး သတင်းများအရ သတင်းအဖွဲ့သည်
လက်ရှိအခြေ အနေများအား မျက်မြင် တွေ့ရှိနိုင်ရန် ဥက္ကံမြို့သို့
မြန်မာအာဏာပိုင်တွေကို အမေရိကန်ဗီဇာပိတ်ပင်မှု ရုပ်သိမ်း
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ၁၉၉၆ ခုနှစ် အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်မှု သမ္မတထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံနဲ့ပိုပြီး ထိစပ်ဆက်ဆံနိုင်ဖို့ အခုလိုဆောင်ရွက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦး က ပြောပြပေး ပါမယ်။
မိတ္ထီလာ ဒုက္ခသည်စခန်း ၃ ခုကို ပိတ်
ပြီးခဲ့တဲ့ မတ်လအတွင်းက မိတ္ထီလာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့
အဓိကရုဏ်းကြောင့် ယာယီဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြရသူတချို့ကို
နေရပ်ပြန်ပို့ပြီး ဒုက္ခသည်စခန်း ၃ ခုကို ပိတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။
Subscribe to:
Posts (Atom)