Tuesday, October 9, 2012

ရန်ကုန်ကို ခြေဆန့်လာတဲ့ ပြုံယမ်း

“ပြုံယမ်းကော်ယို” လို့ အမည်ရတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်ဟာ ရန်ကုန်မြို့ ဆရာစံလမ်းထဲမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ကတည်းက ဖွင့်လှစ်ခဲ့တာ အခုဆိုရင် နှစ်နှစ် နီးပါး ရှိခဲ့ပါပြီ။
မြန်မာနိုင်ငံက စားသောက်ဆိုင်တွေက အများအားဖြင့် လမ်းမကြီးတွေရှိတဲ့ ဘက်ကို မျက်နှာမူ ထားပြီး ရောင်း ချကြပေမယ့် “ပြုံယမ်းကော်ယို” ကတော့ ဆရာစံလမ်းမကြီးကို ကျောခိုင်းပြီး နှစ်ထပ်အိမ်ကို ဆိုင်အဖြစ်နဲ့ ဖွင့်ထားတာပါ။

Huawei နှင့် ZETသည်လုံခြုံရေး ကိုခြိမ်းခြောက်သည်ဟု အမေရိကန်သတိပေး

(8 October 2012ရက်စွဲပါ BBC Newsမှ “Huaewi and ZTE posc security threat,warns US panel”ကိုဘာသာပြန်ဆိုသည်။)
တရုတ်ကုန်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Huaweiနှင့် ZTEတို့သည် အမေရိကန် ပြည်ထောင်စုသို လုံခြုံရေး အရခြိမ်းခြောက်မှုပြုခဲ့ကြောင်း အဆိုပါ ကုမ္ပဏီနှစ်ခုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ကွန်ဂရက်အဖွဲ့တစ်ခုက သတိပေးခဲ့သည်။
အဆိုပါ ကုမ္ပဏီနှစ်ခုအား အမေရိကန်မှ ပူးတွဲလုပ်ဆောင်ခြင်း ဝယ်ယူခြင်းများ ပိတ်ပင်သင့်ကြောင်း Houseစုံစမ်းထောက်လှမ်းရေး ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီးများဖြစ်သည့် Huawei နှင့် ZTE သည် အမေရိကန်အတွက် လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်ကြောင်း ကွန်ဂရက်အထူးအဖွဲ့ သတိပေး


တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီးများဖြစ်သည့် Huawei နှင့် ZTE သည် အမေရိကန်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နေပြီး ယင်းလုပ်ငန်းကြီးများ အမေရိကန်တို့နှင့် စီးပွားရေးလုပ်ကိုင်ခြင်းကို တားမြစ်သင့်ကြောင်း အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက တစ်နှစ်ကြာ စုံစမ်းလေ့လာပြီးနောက် ထုတ်ဝေခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

လက်ပံတောင်းတောင် ထိန်းသိမ်းရန် ဆန္ဒပြသူများ ရူးနေပြီလော

လက်ပံတောင်းတောင် ထိန်းသိမ်းရန် သေဆုံးပြီးသူများ ပြန်လည်နိုးထလာပြီး ကျန်ရစ်သူများကို မှာကြားသည့်ပုံသဏ္ဍာန် သရုပ်ဖော်ပြပွဲတစ်ခု ယနေ့ ညနေပိုင်း ၃ နာရီအချိန်တွင် ယင်းတောင် အနီးရှိ ဆည်တည်းကျေးရွာ သုဿာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။(photo -TheVoiceWeekly)      

ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ



တချို့အစားအစာတွေကို ကျန်းမာရေးကောင်းစေတယ်လို့ ထင်မှတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပြီး စားသုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့အစာတွေဟာ သင်ထင်သလိုမဟုတ်ဘဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအစားအသောက်တွေက အမြဲနေ့စဉ်စားသုံးရင် အန္တရာယ်ရှိနိုင်တာကြောင့် သင့်အိမ်ရှိ ရေခဲသေတ္တာထဲ အမြဲထည့်မထားသင့်ပါဘူး။

ရခိုင်များကိုပါ ကူညီရန် OIC အား မလေးရှား တောင်းဆို

နယူးဒေလီ (မဇ္ဈိမ) ။       ။ ကမ္ဘာ့မူဆလင်အဖွဲ့ကြီး OIC မှ ကောက်ခံရရှိထားသော လှူဒါန်းမှုများကို ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာများအတွက်သာမကဘဲ ရခိုင် တိုင်းရင်းသားများ အတွက်ပါ ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားရန် မလေးရှားနိုင်ငံက တောင်းဆိုလိုက်သည်။

သန်းပေါင်း(၁)ထောင်ကျော် မပေးလျှင် တရားစွဲခံရမည့် အေးရှားဝေါလ်ကုမ္ပဏီ

အေးရှားဝေါကုမ္ပဏီမှ ကျန်ငွေသန်း(၁)ထောင်ကျော်ကို (၃)လအတွင်း မပေးပါက တိုင်းရင်းသားလုပ်ငန်းရှင်ငယ် ကန်ထရိုက်တာ(၁၀)ဦးက တရားစွဲဆိုမည်ဖြစ်သည်။
 
 တိုင်းရင်းသားလုပ်ငန်းရှင်ငယ် ကန်ထရိုက်တာ(၁ ၀)ဦးမှာ အေးရှားဝေါလ်အား(၃)လအတွ င်းပေးရန် ရှိသည့် ငွေအကုန်မပေးဆောင်ပါက တရားစွဲဆိုမည်ဖြစ်ကြောင်း (၈၈)မျိုးဆက် ကျောင်းသား ကိုယ်စားလှယ်များနှင့် မီဒီယာများအားေ တွ့ဆုံခဲ့သည့် အောက်တိုဘာလ (၉)ရက်နေ့ စီးတီးစတားဟိုတ ယ်သတင်းစာရှင်း ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးသမားဖြစ်လိုပါက မည်သည့်ပါတီမဆို လွတ်လပ်စွာကူးပြောင်းနိုင်ဟု GW ကသဘောထားထုတ်ပြန်

 သီးခြားနိုင်ငံရေးပါတီတစ်ခု ထူထောင်သွားမည်မဟုတ်သည့် Generation Wave (GW)အဖွဲ့မှ  အသင်းဝင်များအနေဖြင့်   နိုင်ငံရေးတက်ကြွလှုပ်ရှားသူဘ၀မှ နိုင်ငံရေးသမားအဖြစ် ကူးပြောင်းလိုပါက မည်သည့်ပါတီကိုမဆို လွတ်လပ်စွာကူးပြောင်းနိုင်ကြောင်း အဖွဲ့(၅)နှစ်ပြည့်အခမ်းအနားမှ သိရှိရသည်။

သမ္မတကို ထောက်ခံ၊ OIC ရုံးအား ကန့်ကွက်ခဲ့သည့် စစ်တွေ ဆန္ဒထုတ်ဖော်ပွဲ






  အောက်တိုဘာလ(၉)ရက်နေ့ နေ့လည်(၂း၀၀)နာရီဝန်းကျင်က OIC ရုံး လာရောက်ဖွင့်လှစ်မည်ကို မကျေနပ်၍ ရခိုင်ပြည်နယ် စစ်တွေမှ ရဟန်းရှင်လူပြည်သူများ ပူးပေါင်းကာ ဘင်္ဂလားဒေရှ့်ကောင်စစ် ၀န်ရုံးရှေ့တွင်ဆန္ဒထုတ်ဖော်မှုတစ်ရပ်   ပြုလုပ်ခဲ့သည်။
 
 အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ရဟန်းသံဃာတော် (၃၀၀၀)ထောင်ကျော်၊ ပြည်သူပရိသတ် သောင်းဂဏန်းပါဝင်ခဲ့ပြီး စစ်တွေမြို့ရှိ အောင်မြေဘောလုံးကွင်းမှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ဘဏ်ငွေထုတ်လာသူ အမျိုးသမီးထံမှ ငွေထုတ်လုယက်သူကို မကွေးတိုင်းရဲတပ်ဖွဲ့မှ (၂၄)နာရီအတွင်းဖော်ထုတ်နိုင်ခဲ့


မကွေးတိုင်းဒေသကြီးမကွေး ခရိုင်မကွေးမြို့ ကမ္ဘောဇဘဏ်မှ ငွေထုတ်ပြီးပြန်လာ သူမိန်းကလေး နှစ်ဦးထံမှလမ်းမှဖြတ်၍ ငွေ ထုပ်အားအမည်မသိ ဆိုင်ကယ် စီးယောင်္ကျားသားတစ်ဦးက လုယူထွက်ပြေး သွားမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထက်ဌာန အဆင့်ဆင့်တို့၏စီမံ ညွှန်ကြားကွပ်ကဲ ဆောင်ရွက်မှု များကြောင့် ငွေထုပ်လုယူသွား သူအမည်မသိ အမျိုးသားအား (၂၄)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။

ဦးအောင်သိန်းလင်း ပြည်တွင်းရှိ တရုတ်ချယ်ရီကားများ၌ အဆုတ်ရောဂါဖြစ်စေနိုင်သော မီးခံပြားပါမပါ ၀န်ကြီးဌာနအနေဖြင့်သေချာစွာစစ်ဆေးရန် လွှတ်တော်၌မေးခွန်းထုတ်မည်


တရုတ်နိုင်ငံမှတင်သွင်းသော  ချယ်ရီ QQ3 ကားများ၌ အဆုတ် ရောဂါဖြစ်စေသော မီးခံပြားများ  အသုံးပြုထားကြောင်း သတင်း များထွက်ပေါ်ခဲ့ပြီး အဆိုပါသတင်း နှင့်ပတ်သက်၍ တရုတ်နိုင်ငံရှိ ချယ်ရီကားကုမ္ပဏီမှ မိမိတို့ကုမ္ပ ဏီအနေဖြင့် ချယ်ရီကားများမှာ အဆုတ်ကိုထိခိုက်စေသော အပူ ခံပြား Asbestos   အသုံးပြုထား ခြင်းမရှိကြောင်း ကြေညာခဲ့သော် လည်း ပိုမိုတိကျရန်နှင့်လူထုမှ လက်ခံနိုင်ရေးအတွက် ၀န်ကြီးဌာန အနေဖြင့် ဦးဆောင်ကာ ပြည်တွင်း  ပညာရှင်များပူးပေါင်း၍ စစ်ဆေး မှုများပြုလုပ်သွားရန် အစီအစဉ်  ရှိမရှိ မေးခွန်းအားလာမည့်   လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး   ၌ တောင်ဥက္ကလာပ မဲဆန္ဒနယ်  မှပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သိန်းလင်း မေးခွန်း  မေးမြန်းမည်ဖြစ်ကြောင်း သိရှိရ သည်။

စီးနင်းသူများအတွက် အန္တရာယ်မရှိနိုင်သော လမ်းလျှောက်ကစားနည်း ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်

လွန်ခဲ့သော(၃)လလောက် ကစ၍ ပြည်သူ့ရင်ပြင် အရှေ့၌  ပျော်ပျော်ပါးပါးရေပေါ်လမ်း လျှောက်ရမည့် အစီစဉ်မကြာခင် လာတော့မည်ဟူသော ဆိုင်းဘုတ်  ကြီးများစိုက်ထူထားခဲ့သည်။ဤ  ရေပေါ်လမ်းလျှောက်ကစားနည်း မှာ ရေပေါ်ဘောလုံးအတွင်း၌   ၀င်ရောက်စီးနင်းကာ ရေပေါ်၌   လမ်းလျှောက်ရမည်ဖြစ်သော ကြောင့် စီးနင်းသောသူများအဖို့ လုံးဝအန္တရာယ်မရှိနိုင်အောင် စနစ်တကျ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆေးရုံးဝင်းအတွင်းက လဖက်ရည်ဆိုင် သတင်းအမှန်က ဒီလိုပါ

အောက်တိုဘာလ(၄)ရက်နေ့ the hot news weekly journal vol-3, No-110, 4-10Oct 2012 ပါ “ ဥပဒေကို ထီမထင်တဲ့ ဆေးရုံဝင်းအတွင်းက လက်ဖက်ရည်ဆိုင်’’ဆိုသော သတင်းသည် မှားယွင်းနေကြောင်း ဆိုင်ပိုင်ရှင် မိသားစုများ၏ပြောပြချက်အရ သိရှိရသည်။အဆိုပါသတင်းသည် မိသားစု၏ ဂုဏ်သိက္ခာ၊ စီးပွားရေးနှင့် လူမှုရေးတို့ကိုများစွာမှ ထိခိုက်နစ်နာစေကြောင်း၊

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့ လာမည့် ၂၀၁၅ တွင် ရွေးကောက်ပွဲဝင်ပြိုင်မည်


၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ခေါင်းဆောင်အချို့မှ လာမည့် ၂၀၁၅ တွင်ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“လာမယ့် ၂၀၁၅ မှာကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ အဖွဲ့ကခေါင်းဆောင်အချို့ ဝင်ပြိုင်သွားမှာပါ။ လွှတ်တော်တွင်းနိုင်ငံရေးကိုကော၊ လွှတ် တော်ပြင်ပနိုင်ငံရေးတွေအတွက်ပါ ၈၈ မျိုးဆက်ကျောင်းသားတွေက ဆက်လက်လုပ်ကိုင်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ရွှေပြည်သာ မြို့နယ်တွင်း အုပ်ချုပ်ရေးမှူးအဖြစ် အမျိုးသမီး ၁၃ ဦး ရွေးချယ်ခံခဲ့ရ

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက် ဆယ်အိမ်စု ကိုယ်စား လှယ်ရွေးချယ် ရာတွင်အမျိုးသမီး(၁၃)ဦး ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

KIA နေရာအတော်များများမှာ ဆက်ကြေးကောက်

KIA တပ်မဟာ(၃)မှ ဆရာကြီးတစ်ဦးခေါင်းဆောင်တဲ့ ၅ ယောက်ခန့် သည် သေနတ်များကိုင်ဆောင်ပြီး မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စု၊ အူထန်ယန်ကျေးရွာမြောက်ဘက် ၂ မိုင်ခန့်အကွာ မြစ်ကြီးနား- ဗန်းမော် ကားလမ်းပေါ်တွင် နှစ်ဘက်အသွားအပြန်ဆိုင်ကယ်များနှင့် ကားများအား ရပ်တန့်စစ်ဆေးလျက် ဆိုင်ကယ်တစ်စီးလျှင် ၁၀၀၀ ကျပ်နှုန်း ဆက်ကြေးကောက်ခံလျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ ဆက်ကြေးကောက် နေသည် မှာ အောက်တို ဘာလ(၇)ရက်နေ့မှစတင်ပြီး ယနေ့အထိ နေ့စဉ် ကောက်ခံနေကြောင်း ဆက်ကြေး ပေးခဲ့ရ သည့် ဒေါ့ဖုန်းယန် မှ ဒေသခံတစ်ဦးမှ KDN သို့ပြောကြားသည်။

အမေရိကန်သံအမတ်ကြီးနှင့် ဇနီး ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းမည်

အမေရိကန်သံအမတ်ကြီး ဒဲလ်ရစ်မစ်ချယ်နှင့် ဇနီးတို့သည် လာ မည့် အောက် တို ဘာ ၃၀ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းမည်ဖြစ်ကြောင်း သံရုံးပြောရေးဆိုခွင့်ရှိ သူမှ ယနေ့ပြောကြားလိုက်သည်။

ချောင်းသာ အမှတ်၆၅ မူလွန်ကျောင်းဆရာမလုံလောက်မှုပြဿနာ ကြုံတွေ့နေရ

ချောင်းသာရှိမူလတန်းလွန်ကျောင်းတွင် အစိုးရမှ တရားဝင်ချ ထားပေးေ သာ ဆရာအင်အားနှင့် ကျောင်းသားအင်အားနည်းနေရသည်ဟု ဆရာ ဦးအောင်နိုင် သူကပြောသည်။
“ရှိသင့်တဲ့အင်အားနဲ့ရှိနေတဲ့ ဆရာအင်အားမမျှတော့ လေ့ကျင့်ခန်းတွေလဲ ပြန်မစစ်နိုင်နဲ့ ပညာရေးပိုင်းအားနည်းတယ်။သင်ကြားရတာလဲအခန်းမှာ ကလေးတွေပြည့်ကျပ်နေတော့အာရုံမစိုက်နိုင်တော့ဘူး” ဟုချောင်းသာေ ကျးရွာ အမှတ် ၆၅ မူလွန်ကျောင်းမှ ဆရာဦးအောင်နိုင်သူကပြောသည်။

ဦးပိုင် နှင့် ၀မ်ပေါင် ကုမ္ပဏီကို လယ်သမားများ တရားစွဲမည်

ဆားလင်းကြီးမြို့နယ် အတွင်း အသိမ်းခံထားရသည့် လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် သြဂုတ်လ အတွင်းက တောင်သူလယ်သမား ဆန္ဒဖော်ထုတ်ပွဲတွင် ကျောင်းသားများလည်း ပါဝင်သည် 

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေသည့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် မြန်မာ ၀မ်ပေါင် ကုမ္ပဏီကို ဒေသခံလယ်သမား ၁၀၀၀ ကျော်က တရားစွဲဆို ရန် ပြင်ဆင်နေကြောင်း သတင်း ရရှိသည်။

၂၀၁၄ ခုနှစ်အတွက် DV ကံစမ်းမဲ လျှောက်နိုင်ပြီ

Picture အမေရိကန်ပြည်ထောင်စုကို လာရောက်နေထိုင်လိုသူတွေအတွက် DV Lottery လို့ခေါ်တဲ့ ဒီဗွီ ကံစမ်းမဲ ထိုးနိုင်တဲ့အချိန် တခေါက်ရောက် လာပြန်ပါပြီ။ DV Lottery Diversity Visa အစီအစဉ် ကို အောက်တို ဘာလ ၂ ရက်နေ့မှာ စတင်ပြီးတော့ နိုဝင်ဘာလ သုံးရက်နေ့ မှာ လျှောက် လွှာ ပိတ် မှာ ဖြစ် ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဗွီအိုအေ ပါရှန်းဌာန ကနေပြီးတော့ Mana Rabiee ရဲ့ သတင်းလွှာကို ပေါင်း စပ်ပြီး မအေးသန္တာကျော် က တင်ပြပေး ထားပါတယ်။

မြန်မာ ကြွေးမည် ပြဿနာ ADB ကူညီမည်

မြန်မာနိုင်ငံ၏ ကြွေးမည် ပြဿနာ ဖြေရှင်းရေးအတွက် အာရှ ဖွံ့ဖြိုးရေး ဘဏ်(ADB)က အကူအညီ ပေးရန် ရှိကြောင်း သိရသည်။ ပဏာမ အစီအစဉ်အနေနှင့် ငွေကြေးဆိုင်ရာ နည်းနာပိုင်း အကူအညီပေးမည်ဖြစ်ကြောင်း ADB အကြီးအကဲ Haruhiko Kuroda ကို ကိုးကား၍ Reuters သတင်းတွင် ရေးသားထားသည်။ Kuroda သည် ယခုအပတ်အတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပ မည့် နိုင်ငံ တကာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) အစည်းအဝေး တက်ရောက်ရန်ရှိပြီး မြန်မာနိုင်ငံအကူအညီ အစီအစဉ်ကို မကြာ ခင် စတင်နိုင် ရန် မျှော် လင့် ထားသည်ဟုလည်း သတင်းထောက်များကို ပြောကြားကြောင်း သိရသည်။

From- ဧရာဝတီ

Nok Mini လေကြောင်းလိုင်း မြန်မာကို ပြေးဆွဲမည်

ထိုင်းနိုင်ငံ အခြေစိုက် Nok Mini လေကြောင်းလိုင်းက မြန်မာနိုင်ငံ မြို့ ၃ မြို့သို့ လာမည့်နှစ်တွင် ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ရန်ကုန်၊ မန္တလေးနှင့် ပုဂံ မြို့များသို့ စရိတ်သက်သာ သည့် နှုန်းဖြင့် ပြေးဆွဲမည့် ယခု အစီအစဉ် သည် ပထမဆုံး နိုင်ငံ တကာ ခရီးစဉ်လည်း ဖြစ်ကြောင်း၊ အသုံးပြု မည့် လေယာဉ် များမှာ ခရီးသည် ၃၄ ဦးခန့် တင်ဆောင်နိုင်သော Saab 340B အမျိုးအစား လေယာဉ် များဖြစ်ေ ကြာင်း ဘန်ကောက် ပို့စ် သတင်း၌ ဖော်ပြထားသည်။

From- ဧရာဝတီ

ရခိုင်ပြည်နယ် စစ်တွေမြို့ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့တွင် ရခိုင်သံဃာတော်များ ဆန္ဒထုတ်ဖော်

ယနေ့နေ့လည် ၁ နာရီအချိန် တွင် စစ်တွေမြို့ အောင်မြေကုန်း ကျောင်း (စစ်တွေဘောလုံးကွင်းရပ်ကွက်) မှ သံဃာတော်များ စုပေါင်း ၍ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့ တွင် အချက် ၅ ချက်ဖြင့် ဆန္ဒဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

ယခု စစ်တွေမြို့ အခြေအနေကို စုံစမ်းသိရှိရသလောက် သတင်းပါ

ယနေ့ ၉.၁၀.၂၀၁၂ ရက်နေ့ နေလည် ၁း ၃၀ တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရဟန်သင်္ဃာများမှ ဦးဆောင်ပြီး OIC နှင့် ဘင်္ဂလားဒေံရှ်နိုင်ငံတွင် အကြမ်းဖက်မှုကို ကွန့်ကွက်သည့်အနေဖြင့် ဆန္ဒထုတ်ဖော်ရန် သင်္ဃာတော် များသည် အောင်မြေကုန်ကျောင်းတိုက်တွင် စုရုံးလျှက်ရှိပါသည်။ ယခုအခါ ဒက္ခုတ်ကျောင်းတွင်လည်း မြို့တွင်ရှိ သင်္ဃာတော်များစုရုံးပြီး အောင်မြေကုန်ကျောင်းတိုက်တွင် ဆရာတော်များကို လျှောက်ထားကာ ထိုမှတဆင့်

ချင်းတွင်းမြစ်ထဲက ကျပ်သိန်း တသောင်းကျော်တန် မူးယစ်ဆေး

မူးယစ်ဆေးတွေကို စစ်ကိုင်းတိုင်း ကနီမြို့အနီး 
ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ချင်းတွင်းမြစ် စက်လှေတစီးကို ရှာဖွေ စစ်ဆေးရာမှာ အက်ဖ ဒရင်းေ ဆြး ပား တောင်ပုံယာပုံ ဖမ်းမိတယ်လို့ ဒီကနေ့ အစိုးရသတင်း စာများမှာ ရေးထားပါတယ်။
ဖမ်းမိတဲ့ မူးယစ်ဆေးက ကျပ်သိန်းပေါင်း တသောင်းကျော် ပေါက်ဈေး ရှိတယ်လို့ ဆိုတယ်။ စက်တင်ဘာ ၂၉ မှာ မိတာပါ။

ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသလွန်းပျံယာဉ် လွှတ်တင်

ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသသွား လွန်းပျံယာဉ်ကို SpaceXက တနင်္ဂနွေနေ့ညတွင် လွှတ်တင်လိုက်ကြောင်း သိရှိရသည်။ SpaceX သည် လူလိုက်ပါခြင်း မရှိသော ကုန်တင်Capsuleယာဉ် တစ်စင်းကို အာကာသထဲရှိ နိုင်ငံတကာ အာကာသစခန်း (ISS)သို့ ပေးပို့ မည် ဖြစ်သည်။

ဒုံးကျည်ပစ်ခတ်နိုင်သည့် အကွာအဝေးတိုးမြှင့်မည့်ဟု တောင်ကိုရီးယားကြေညာ

မိမိတို့ နိုင်ငံမှ ပစ်ခတ်နိုင်သော ဒုံးကျည် အကွာအဝေးကို တိုးမြှင့် မည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က အတည်ပြု ကြေညာ ခဲ့သည်။ တောင်ကိုရီးယား အစိုးရသည် မိမိတို့၏ ကာကွယ်ရေး ကဏ္ဍအတွက် တပ်ဆင်ထားသော ဒုံးကျည်များ ရောက်ရှိနိုင်သည့် အကွာအဝေး ကန့်သတ်ချက်ကို (၁၈၅)မိုင်သာ ထားရှိမှုအား ပယ်ဖျက်ရန် သဘောတူညီခဲ့သည်။

RFA Facebook ဘာကြောင့် ပိတ်သွားရတာလဲ


ကျွန်တော် RFA Facebook ရဲ့ ပရိတ်သတ်တစ်ဦးပါ ။ လွန်ခဲ့တဲ့ ၃- ၄ ရက်လောက်ကတည်းက ၀င်ကြည့်လို့မရတော့တာပါ။ ပရိတ် သတ် နှစ်ေ သာင်းနီးပါးရှိတဲ့ RFA Facebook ကို အခုတော့ ပိတ်လိုက်ပြီတဲ့ဗျာ ။

နိုဘယ်လ် ဆေးသိပ္ပံဆု ဂျပန်နဲ့ ဗြိတိန် သိပ္ပံပညာရှင်တွေ ရရှိ

၂၀၁၂ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို stem cell နဲ့ ပတ်သက်တဲ့ သုတေသန လုပ်ငန်းတွေကို လုပ်ကြတဲ့ ဂျပန်နိုင်ငံသား Shinya Yamanaka နဲ့ ဗြိတိန်နိုင်ငံသား John Gurdon တို့ ဆွတ်ခူး သွားပါတယ်။

Suzuki ကုမ္ပဏီ မြန်မာတွင် ရင်နှီးမြှုပ်နှံရန် စိတ်ဝင်စား

ဂျပန် Suzuki Motor Corp ကားထုတ်လုပ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံ ရန်ကုန်မြို့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စိတ်ဝင်စားနေကြောင်း သတင်းရသည်။ Suzuki ကုမ္ပဏီ အနေဖြင့် ၂၀၁၅ ခုနှစ်ခန့်တွင် ဖွံ့ဖြိုးလာမည့် မြန်မာ့ စီးပွားရေး ဈေးကွက် ကို ခန့်မှန်း၍ ကား အစိတ်အပိုင်းများ အပါအ၀င် တနှစ်လျှင် ကား အစီးရေ ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ထုတ် လုပ်သွားနိုင်ရန် မျှော်လင့်ပြီး စက်ရုံတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု Reuters သတင်း၌ ဖော်ပြထား သည်။ သို့သော် မည်သည့် ဆုံးဖြတ်ချက်မှ မချရသေးကြောင်း Suzuki ပြောရေးဆိုခွင့်ရှိသူက ပြောသည်ဟုလည်း ဆိုသည်။

From- ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် သွားရန်ရှိ

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် လာမည့် နိုဝင်ဘာလ လယ်ပိုင်း၌ အိန္ဒိယ နိုင်ငံသို့ သွားရောက် ရန်ရှိကြောင်း သတင်းရသည်။ ခရီးစဉ်၏ အသေးစိတ် အစီအစဉ်ကိုမူ အတိအကျ မသိရှိ ရသေးကြောင်း NLD အသိုင်းအ၀ိုင်းက ပြောသည်။ ၎င်းကို ယနေ့တွင် ရန်ကုန်အခြေစိုက် အိန္ဒိယ သံရုံးက ညစာစားပွဲ ဖိတ်ထားကြောင်း သိရသည်။ အောက်တိုဘာ ၁၀ ရက်တွင် ဒေသဖွံ့ဖြိုးရေး အတွက် ရန်ကုန် တိုင်း ကော့မှူးမြို့နယ်သို့ သွားရောက်မည် ဖြစ်သည်ဟုလည်း ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ကော့မှူး မြို့နယ် ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

From- ဧရာဝတီ

တရုတ်က ဧရာဝတီတိုင်း အတွက် ဒေါ်လာ ၃ သန်း အတိုးမဲ့ချေး

ရေဘေး ဒုက္ခ ခံခဲ့ရသည့် ဧရာဝတီတိုင်းအား ရေနစ်မြုပ်မှုကင်းဝေးစေရန် တာတမံများ ပြုလုပ်၍ ထိန်းသိမ်းခြင်း ဆောင်ရွက်ရေး အတွက် တရုတ်နိုင်ငံက ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ကို အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၃ သန်း ချေးပေးကြောင်း သိရသည်။ ထိုငွေများဖြင့် ဒေသအတွင်းရှိ တာတမံများ၊ တာပေါင်များကို မြှင့်တင်ရန်၊ ပန်းတာ၊ ဖျက်တာများ၊ ရေထိန်း တံခါးများ တည်ဆောက်ခြင်း ဆောင်ရွက်ရန် စီမံချက်များ ရေးဆွဲပြီး လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ် ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်က ပြောကြားသည်။

From- ဧရာဝတီ

ဖက်ဒရာယ်စနစ် အကောင်အထည် ဖော်ရန် ဒီမို ၁၀ ပါတီ သဘောတူ

ဖက်ဒရာယ် ပြည်ထောင်စု စနစ် အကောင်အထည် ဖော်ရန် မဟာမိတ် ဒီမိုကရေစီ ၁၀ ပါတီ သဘောတူညီမှု ရရှိကြောင်း သတင်းရသည်။ ယမန်နေ့က ရန်ကုန်မြို့၌ ကျင်းပသော အစည်းအဝေးတွင် ဒေသတခုချင်းအလိုက်၊ တိုင်းရင်းသား ပြည်နယ်များ အလိုက် စီမံခန့်ခွဲခွင့် အပြည့်ရရှိမည့် စနစ်ကို အကောင်အထည်ဖော်ရန် သဘောတူကြခြင်း ဖြစ်ကြောင်း သိရသည်။ ဒီမိုကရေစီ ၁၀ ပါတီ၌ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသား ပါတီများအပြင် NDF ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး စသည့် ပါတီများလည်း ပါဝင်သည်။

From- ဧရာဝတီ

ရှားခဲအင်းကိစ္စ ဧရာဝတီတိုင်း လွှတ်တော်တွင် အရေးကြီး အဆိုတင်သွင်း

ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ
 ဦးဆန်းဆင့်ကို စတုတ္ထအကြိမ် လွှတ်တော်
 ပုံမှန် အစည်းအဝေးတွင် တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲအင်း၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လုံခြုံမှု စိုးရိမ်နေခြင်းနှင့် ယင်းဒေသတွင် တရားဥပဒေစိုးမိုးမှု မရှိသည့်အပေါ် တိုင်းဒေသကြီးအစိုးရမှ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် ကျုံပျော်လွှတ်တော် ကိုယ်စားလှယ် က တိုင်းလွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် ယမန်နေ့က တင်သွင်းခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိ ကိုရီးယားသမ္မတနိုင်ငံ KBS သတင်းဌာနမှ နိုင်ငံရေးနှင့် နိုင်ငံခြားရေးရာသတင်းထောက် Mr. Kim Yong Deok အား လက်ခံတွေ့ဆုံပြီး ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်း အဖြစ် ဆွေးနွေးမေးမြန်းမှု များကို ပြန်လည်ဖြေကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားသမ္မတ နိုင်ငံသမ္မတ မစ္စတာအီမြောင်ဘတ်၏ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတ နိုင်ငံတွင် ချစ်ကြည်ရေးခရီး လည်ပတ်ရန် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်မောင်စိုး၊ ဦးအေးမြင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဦးရဲမြင့်၊ ဦးဉာဏ်ဝင်း၊ ဒုတိယဝန်ကြီး ဦးဟန်စိန်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် အောက်တိုဘာ ၇ ရက်တွင် မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ယနေ့နံနက် ၇ နာရီ ၃၅ မိနစ်တွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။

ထိုင်း ရေတပ်ထဲက Gangnam Style

တောင်ကိုရီယား PSY ရဲ့ Gangnam Style တဲ့ သီချင်းနဲ့ အက ဟာ ထိုင်းနိုင်ငံ က ရေတပ်ထဲအထိ ထိုးဖောက်ဝင်ရောက် လာပါပြီ။ 
ဘယ်လို ထိုးဖောက်ဝင်ရောက်မွှေနှောက် လာသလဲ ဆိုရင် ရေတပ်မှာ ဒရင်လ် လို့ ခေါ်တဲ့ အစမ်း လေ့ကျင့်ခန်း လုပ်ကြသလို Gangnam Style က သီချင်းနဲ့ အက က နေရာဝင်ယူလိုက်သလိုပါတဲ့။  ထိုင်းနိုင်ငံ ဖူးခက်မှာ အခြေစိုက်တဲ့ အမှတ် ၃ ရေတပ်ကွပ်ကဲရေး စင်တာမှာ Gangnam Style သီချင်းနဲ့ ကခုန်နေကြတဲ့ ထိုင်း သင်္ဘောသားတွေက ကခုန် သီဆိုနေကြတာကို ယူကျူပေါ် စင်တင်ဘာလ ၂၆ ရက် နေ့ တင်လိုက်တဲ့အခါ အခုဆိုရင်  ကြည့်ရှု့သူ ၅ သိန်းကျော် ရှိလာပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ခန့်အပ်

ချက်သမ္မတနိုင်ငံ ပထမ လက်ထောက် ၀န်ကြီးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးနှင့် သမ္မတ ဦးသိန်စိန်တို့ လွန်ခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်တွင်တွေ့ဆုံစဉ်၊ ဓာတ်ပုံ- ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ရုံးစာမျက်နှာ

ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ သံတမန် ဆက်ဆံရေး ပြန် လည် စတင်လိုက်ပါပြီ။ ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင်ကြီး ဗားကလပ်ဗ် ဟာဗဲလ် ခေါင်းဆောင်ခဲ့တဲ့ ချက် သမ္မတ နိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို အားပေးထောက်ခံမှုကြီးမားတဲ့ နိုင်ငံ တနိုင်ငံဖြစ် ပါတယ်။ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး ဥရုချောင်း တစ်ဖက်ကမ်းရှိ ဘုရားကုန်းနှင့် စစ်တပ်ကုန်း တစ်ဝိုက်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရပါသည်။ တိုက်ပွဲ စတင်ဖြစ်ပွားပြီး မိနစ် ၃၀ ကြာချိန်အထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားခဲ့ရကြောင်း လုံးခင်းဒေသခံ တစ်ဦးက ပြောပါသည်။

ဗိုလ်မှူးချုပ် ကျော်ဇော အတ္ထုပ္ပတ္တိ စာအုပ် ထုတ်ဝေ

ရန်ကုန် တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပသော
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၏ “ဆိုင်းစုမှသည် 
မန်ဟိုင်း ဆီသို့” စာအုပ် စာနယ်ဇင်း ရှင်းလင်းပွဲ
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ “ဆိုင်းစုမှသည် မန်ဟိုင်း ဆီသို့” အမည်ရှိ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ပေါင်းချုပ် စာအုပ်ကို ဖြိုးမောက် သာ စာစဉ် ၁ မှထုတ်ဝေ၍ ဓူဝံစာပေမှ အောက်တိုဘာ လကုန်ပိုင်း တွင် ဖြန့်ချိ သွားမည်ဟု သိရသည်။
အဆိုပါ စာအုပ် ထုတ်ဝေရခြင်း ရည်ရွယ်ချက်မှာ လူငယ်မျိုးဆက်သစ် များအား နိုင်ငံရေးနှင့်ပတ်သက်ပြီး သိရှိစေရန်နှင့် နိုင်ငံရေး ကို မျိုးဆက် မပြတ် ထုတ်ဝေခြင်း ဖြစ်ကြောင်း ဖြိုးမောက်သာ မှ ဦးဘိုဘိုက ဧရာဝတီ သို့ ပြောသည်။

အလုပ်သမား သမဂ္ဂများ စုပေါင်းဗဟိုရုံး ဖွင့်မည်

စက်တင်ဘာ လဆန်းပိုင်းက တွေ့ရသော 
လှိုင်သာယာ စက်မှုဇုန် ၄ ရှိ SMK အထည်ချုပ်စက်ရုံမှ 
ဆန္ဒပြ အလုပ်သမားများ
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်း၌ အလုပ်သမား သမဂ္ဂများ ရုံးခန်းအဖြစ် အသုံးပြုနိုင်ရန်အတွက် အလုပ်သမား သမဂ္ဂများ စုပေါင်း ဗဟိုရုံး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုရုံးခန်းအား လက်ရှိတွင် လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံ အလိုက်ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂ ၁၅ ခုကို စုစည်း၍ အမှတ် ၈၈၊ ပီမိုးနင်းလမ်း၊ ၂/၆ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း၊ နောက်ပိုင်းတွင် မြန်မာ တနိုင်ငံ လုံးမှ အလုပ်သမားအဖွဲ့များနှင့် ဆက်သွယ်၍ စုပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုဇော်ရမ်း က ပြောပြသည်။

ရှမ်းမြောက် မုန်ဂိုးဒေသတွင် မြန်မာ အစိုးရနှင့် KIA ကြား တိုက်ပွဲဖြစ်


မုန်ဂိုးဒေသမှ KIA စစ်သားများ။ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုး (Munggu) ဒေသ နောင်ဟမ် (Nawng Hem)နှင့် ရွှေအိုင် (Shwi Ai) တွင် မြန်မာအစိုးရတပ် ခလရ (၆၉) တပ်နှင့်
 ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)၊ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)တို့ ယနေ့ နံနက် ၁၀ ခွဲချိန်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။ “သူတို့ဘက်က ရမ်းတန်းပစ်နေတာ အခုလဲပစ်နေတုန်းဘဲ ခန့်မှန်းပြီးပစ်နေကြတယ်။ ခုလဲ မြည်နေတယ်။ ကျနော်တို့ဘက်ကတော့ ဘာမှ မဖြစ်ဘူး။ အခု ကျနော်တို့နဲ့အနီးကပ်မှာ ရှိနေတယ်။ အစိုးရတပ်ဘက်မှာ ဘယ်နှစ်ယောက်သေတယ်၊ ဒဏ်ရာရတာ မသိသေးဘူး။ ခုဆက်တိုက်ဖြစ်နေလို့။” ဟုဆက်ဆိုသည်။

ကိုလာ၊ ပက်ပစီ အချိုရည်များနှင့် မြန်မာဆေး မတည့်ဆိုသည်မှာ မဖြစ် နိုင်ဟုပြော

အင်တာနက် အွန်လိုင်းများပေါ် တွင်ယခုရက်ပိုင်း အတွင်း ပျံ့ နှံ့ နေ သော “ကိုလာ ၊ပက်ပစီ အချိုရည် များ နှင့် မြန်မာဆေး မတည့်” ဟူသည် မှာ မဖြစ် နိုင်ကြောင်း မြန်မာ နိုင်ငံ စာ သုံးသူများ ကာကွယ်ရေး အတွင်းရေးမှူး (၃) ဦးအောင်နိုင်က ပြောကြားသည်။

အီရန်နိုင်ငံအား တိုက်ခိုက်ပါက အစ္စရေးတပ်ဖွဲ့ဝင် ၁ဝဝဝဝ ခန့် ဆုံးရှုံးရဖွယ်ရှိကြောင်း အီရန်သတိပေး

အီရန် နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်မည် ဆိုပါက အစ္စရေး တပ်ဖွဲ့ဝင် ၁ဝဝဝဝ ခန့် ဆုံးရှုံးရ ဖွယ် ရှိကြောင်း အစ္စလာမ် မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) မှ အကြီးအကဲဟောင်း တစ်ဦးဖြစ်သူမိုရှန်ရေဇာ အီက ပြောကြားခဲ့သည်ဟု Press TV သတင်းဌာနက အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

မောင်တောမြို့နယ်အတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ(၁၄၄) အတွက် အချိန်လျော့ပေါ့မှု ထပ်မံပြုလုပ်

မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဘက်မှုကြောင့် ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ညနေ ၆ နာရီမှ နံနက် ၆ နာရီ အထိညမထွက်ရအမိန့် အား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ (၈) ရက်နေ့တွင် ည ၁၀ နာရီ မှ နံနက် ၄ နာရီသို့ လျှော့ချလိုက် ကြောင်း သိရှိရသည်။

သံလွင် တာဆန်းရေကာတာ အကောင်အထည်ဖေါ်မည်

 သံလွင်မြစ် ဖွံ့ဖြိုးရေးအစီအစဉ်အရရှမ်းပြည်နယ် အတွင်း ကတာဆန်းရေ ကာတာလျှပ်စစ်ဓါတ်အားပေးစီမံကိန်းကို စတင် အကောင်အထည်ဖေါ် ဖို့China Three Gorges Project Development Corporation (CTGPDC) ကုမ္ပဏီဝန်ထမ်းတွေကနေ စတင် ကွင်းဆင်း လေ့လာ နေသလို ဒီလိုရေ ကာတာတည်ဆောက်မဲ့ကိစ္စ ကိုပြည်နယ်ဝန်ကြီးချုပ်ကနေ တရားဝင်ပြော ဆိုခဲ့တယ်လို့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေကပြောပါတယ်။ ဒီတာဆန်း ဆည်စီမံကိန်းဟာ ဒေသခံတွေအတွက် အကျိုးမရှိသလို ဖြစ်ပေါ်လာမဲ့  ဆိုးကျိုးတွေ ကို ခံစား ရမယ်လို့လဲ ပြောဆို မှုတွေရှိနေပါတယ်။ဒါ့အပြင် ဒီစီမံကိန်း အတွက် သေချာ စစ်တမ်းထုတ် သုသေတနလုပ်ဆောင်ပြီးမှသာလျှင် လုပ်ဆောင်သင့်တယ်လို့လည်း နိုင်ငံရေးပါတီခေါင်းဆောင်တွေ ကပြောပါတယ်။

Hugo Chavez ဗင်နီဇွဲလားသမ္မတ အဖြစ် ပြန် လည် ရွေးကောက်ခံရ


ဗင်နီဇွဲလားနိုင်ငံမှာ လက်ဝဲမူဝါဒတွေကို ဆက်ပြီး ကျင့်သုံးသွားမယ်လို့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် သမ္မတ ဟူးဂိုး ချာဗက်ဇ် က ကတိပေး ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မခန့်လေးစား ထိကပါး ရိကပါး ဝေဖန်ရအောင် ကျမက ဘာမို့လို့လဲ

ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်း လည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်း ပေါက်လာတာနဲ့ ဆိုပါတော့။

မန္တလေး ဖယောင်းတိုင်ထွန်း ဆန္ဒပြသူများ တရားစွဲဆိုခံရ

နယူးဒေလီ (မဇ္ဈိမ) ။ ။ မန္တလေးမြို့ လျှပ်စစ်မီး လုံလောက်စွာရရှိရေးအတွက် မေလအတွင်းက ဖယောင်းတိုင် မီးထွန်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူများအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေဖြင့် ချမ်းအေး သာစံမြို့နယ်၊ အမှတ် ၈ ရဲစခန်းသို့ စနေနေ့က ခေါ်ယူခဲ့ကြောင်း သိရှိရသည်။

သံလွင် တာဆန်းရေကာတာ အကောင်အထည်ဖေါ်မည်

သံလွင်မြစ်ဖွံ့ဖြိုးရေးအစီအစဉ်အရရှမ်းပြည်နယ်အတွင်းကတာဆန်းရေကာတာလျှပ်စစ်ဓါတ်အားပေးစီမံကိန်းကို စတင် အကောင်အထည်ဖေါ်ဖို့China Three Gorges Project Development Corporation (CTGPDC) ကုမ္ပဏီ ၀န်ထမ်းတွေကနေ စတင် ကွင်းဆင်း လေ့လာ နေသလို ဒီလိုရေကာတာတည်ဆောက်မဲ့ကိစ္စ ကိုပြည်နယ် ၀န်ကြီးချုပ်ကနေ တရားဝင်ပြောဆိုခဲ့တယ်လို့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေကပြောပါတယ်။ ဒီတာဆန်း ဆည်စီမံကိန်းဟာ ဒေသခံတွေအတွက် အကျိုးမရှိသလို ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးတွေ ကို ခံစား ရမယ် လို့လဲ ပြောဆိုမှုတွေရှိနေပါတယ်။ဒါ့အပြင် ဒီစီမံကိန်း အတွက် သေချာ စစ်တမ်းထုတ် သုသေတန လုပ်ဆောင်ပြီးမှသာလျှင် လုပ်ဆောင်သင့်တယ်လို့လည်း နိုင်ငံရေးပါတီခေါင်းဆောင်တွေ ကပြောပါတယ်။

ရှားခဲအင်း လုံခြုံရေး စိတ်မချရသေး

လူ ၃ ဦး သေဆုံးသည်အထိ ပဋိပက္ခများ ဖြစ်ပွားခဲ့သော ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲကျေးရွာသားများမှာ ပဋိပက္ခနောက် ပိုင်း ၎င်းတို့အသက်အန္တရာယ် လုံခြုံရေး စိတ်မချသဖြင့် နေအိမ်များတွင် စုပေါင်းအိပ်စက်နေရကြောင်း သတင်းရရှိသည်။

လူထုလိုလားရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည်


ပည်သူလူထု လိုလားရင် သူ့အနေနဲ့ သမ္မတ တာဝန်ကိုလည်း ယူနိုင် တယ် လို့ မြန်မာ့ ဒီမိုကရေစီ  ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြော လိုက် ပါတယ်။ မကြာသေးခင်က အမေရိကန် ပြည်ထောင်စု ၁၇ ရက်ကြာ ခရီးစဉ် ကနေ ပြန် လည် ရောက်ရှိ လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ ခရီးစဉ် နဲ့ ပတ်သက်လို့ ပထမဆုံး အကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောသွားတာပါ။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ဗုဒ္ဓဘာသာအကြီးအကဲများနှင့်တွေ့

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးးချုပ်  Sheikh Hasina ဟာ ပြီးခဲ့တဲ့သီတင်း ပါတ် က ထောင်ချီတဲ့ မူဆလင်လူအုပ်စု က ဒါဇင်နဲ့ ချီတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ နဲ့ အိမ်ခြေ ၅၀ လောက်ကို ဖျက်ဆီးမီးရှို့ခဲ့တဲ့ Cox’s Bazar ဒေသကို တနင်္လာနေ့ က သွားရောက်ခဲ့ပါတယ်။   ဗုဒ္ဓဆင်းတုတော်တွေ အပါအ၀င် ပစ္စည်းတွေ လုယက်ဖျက်ဆီးခံခဲ့ရတဲ့ ဒီ ဖြစ်ရပ် ဟာအဆိုးဆုံး ဘာသာရေး အခြေခံတဲ့ တိုက်ခိုက်မှု တခုလို့ ဆိုရမှာ ဖြစ်ပြီး ဗုဒ္ဓဘာသာအသိုင်း အ၀န်းကြား ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေ ခဲ့ပါတယ်။

လူ့အခွင့်အရေး ခေါင်းဆောင် ဦးမြင့်အေး လွတ်မြောက်ရေး လက်မှတ်စုဆောင်း

လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်သက်ကျခံနေရတဲ့ HRDP လူ့အခွင့်အရေး မြှင့်တင်သူများကွန်ယက် ခေါင်းဆောင် ဦးမြင့်အေး လွတ်ြေ မာက်ရေးအတွက် တောင်းဆို တင်ပြမယ့် လက်မှတ်တွေ လိုက်လံ စုဆောင်းနေတယ်လို့ သိရပါတယ်။

ရခိုင်ပဋိပက္ခနှင့်ကချင်ပြည် နယ်ပြည် တွင်း စစ်ကိစ္စများအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး စရိတ်များပါ နောက်ဆက် တွဲဘတ်ဂျက် တောင်းခံနိုင်

ရခိုင်ပဋိပက္ခနှင့်ကချင်ပြည် နယ်ပြည်တွင်းစစ်ကိစ္စများအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး စရိတ်များ ပါ နောက်ဆက်တွဲ ဘတ်ဂျက်တောင်းခံ မှု ပြည်ထောင်စု အစိုးရအဖွဲ့မှနောက်ဆက် တွဲဘတ်ဂျက်တွင် တင်ပြလာ မည်ဖြစ်ကြောင်း မကြာမီရက်ပိုင်း တွင်ဆွေး နွေးမည်ဖြစ် ကြောင်း ပြည်သူ့ ငွေ စာရင်းပူး ပေါင်းကော် မတီအဖွဲ့ဝင်ပြည်သူ့လွှတ် တော်ကိုယ်စား လှယ်ဦးမန်းမောင်မောင် ဉာဏ်ထံမှ သိရ သည်။

ဘင်္ဂလားဒေရှ့် မှ ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းများကို အကာအကွယ်ပေးရန် မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) မှ တောင်းဆိုပြီ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်တရိုဘန်ခရိုင်၊ နတ်ကျောက်စရီမြို့နယ်ရှိ ဒူဆိုးရီကျေးရွာ စာသင်ကျောင်းတွင် ယမန်နေ့က ကျင်းပသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ် အစည်းအဝေးတွင် ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းများကို အကာအကွယ်ပေးရန် မြန်မာ နယ်စပ်ဒေ သ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကို တောင်းဆိုလိုက်သည်။

“မိုးပျံရထားလမ်းတည်ဆောက်ရေး လုပ်ငန်းခွင်သေဆုံးမှုကုမ္ပဏီမှ ဘတ်တစ်သိန်းပေးလျှော်”


အောက်တိုဘာ ၈ -အောင်ခန့်
           ဘန်ကောက်မြို့ ဖက်ကဆင်လမ်းမကြီး စရန်တက္ကသိုလ်အနီး မိုးပျံမီးရထားလမ်းဆောက် လုပ်ရေး လုပ်ငန်းခွင်တွင်းငြမ်း စင်ပေါ်မှ  ပြုတ် ကျသေ  ဆုံးမြန်မာ အလုပ်သမားတစ်ဦး အတွက် ကျန်ရစ်သူဇနီးအား Subpen Company Limited မှ လျှော်ကြေးဘတ်ငွေ တစ်သိန်းပေးကြောင်း သိရှိရသည်။

ချင်းတိုင်းရင်းသား နှစ်ပါတီ ပူးပေါင်းမည်

ချင်းအမျိုးသားပါတီ (CNP) နဲ့ ချင်းတိုးတက်ရေးပါတီ (CPP) တို့ ပူးပေါင်းပြီး ချင်းအမျိုးသား တိုးတက်ရေးပါတီ (Chin National progressive Party, CNPP) ထူထောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ သိရပါတယ်။

မိုးသီးဇွန် အမှိုက်ကောက်ပြီ

အမိမြေငြိမ်းချမ်းရေးမစ်ရှင်မှ ကိုမိုးသီးဇွန် နှင့် ဗကသ အပါအ၀င်၊ ဒဂုံတောင် ၅၆ ရပ်ကွက်နေပြည်သူတွေဟာ ရပ်ကွက်အတွင်း စွန့်ပစ်ထားတဲ့ ပလပ်စတစ်အမှိုက်တွေကို လိုက်လံကောက်ယူ ရှင်းလင်းပေးခဲပြီး၊ ရပ်ကွက်သူ ရပ်ကွက်သားတွေကို ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ပလပ်စတစ်အန္တရာယ် အသိပညာပေးပြောကြားခဲ့ပြီး အပတ်စဉ် ရပ်ကွက်အတွင်း ပလပ်စတစ်များ လိုက်လံကောက်ယူစုဆောင်း၊ စနစ်တကျ ပြန်လည်အသုံးပြုနိုင်ရန်အတွက် ဆွေးနွေးပြောကြားခဲ့ကြတယ်။
From -နေ့သစ်

ကျေးရွာ အုပ်ချုပ်ရေးမှူး သားက ရေတပ်သားလို အယောင်ဆောင်ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီး နှိပ်စက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးရွာ တစ်ခုမှ အုပ်ချုပ်ရေးမှူး သားတစ်ဦးသည် သူ၏ အပေါင်းအဖေါ် (၉) ဦးနှင့် အတူ ရေတပ်သားဟန်ဆောင်ပြီး အရပ်သား တစ်ဦးကို ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် နှိပ်စက် ညှဉ်းပမ်းခဲ့သည်ဟု သတင်း ရရှိသည်။