Thursday, December 25, 2014
ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၁၁၅)မိုင် ယာဉ်ရပ်နားဝင်းရှိ Feel စားသောက် ဆိုင် တွင် ဂက်စ်အိုးယိုစိမ့်ရာမှ မီးလောင်မှုကြောင့် (၁ဝ)ဦးဒဏ်ရာရ
ကမ္ဘာ့အပျော့ပျောင်းဆုံး အမျိုးသမီး
ရုရှားနိုင်ငံဖွား Julia Gunthel (Zlata အဖြစ်လူသိပိုများတဲ့) ဆိုသူမှာ သူမ အသက် ၄ နှစ်သမီး အချိန် ကတည်းက ခန္ဓာကိုယ် တွန့်လိမ်ကောက်ခွေနိုင်သူဖြစ်ပါတယ်။ ခုအချိန်မှာတော့ ခန္ဓာကိုယ်တွန့်လိမ် ကွေးကောက်ပြသူဖြစ်တဲ့ သူမ(Zlata) ဟာ မယုံကြည်နိုင်လောက်တဲ့ ခန္ဓာကိုယ်အနေအထားအမျိုးမျိုးကို တင်ဆက်ပြ သဖို့ ပြက္ခဒိန်ကို နှစ်စဉ်နှစ်တိုင်းထုတ်ဝေပါတယ်။
သရုပ်ဆောင် မင်းအုပ်စိုးမှ ညီမဖြစ်သူ သရပါမဂ္ဂဇင်း အယ်ဒီတာ မတေးနုရင် (ခ) မနုနုရင်အား ထိုးကြိတ်ရိုက်နှက်ခဲ့၍ သေဆုံး
၂၅.၁၂.၂၀၁၄ ရက်နေ့ ၀၄၃၀ အချိန်တွင် ဗဟန်းမြို့နယ်နေ ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုး (ခ) ကိုအောင်နိုင်ထွန်း၊ (၄၄)နှစ်မှ ဗဟန်းမြို့မရဲစခန်းသို့ရောက်ရှိ လာပြီး ၎င်း သည် ၀၂၃၀ အချိန်ခန့် က အတူနေ ညီမ၀မ်းကွဲဖြစ်သူ မနုနုယဉ်(ခ)တေးနုယဉ် ၊ (၃၃)နှစ်အား လူမှုရေးကိစ္စတစ်ခုနှင့်ပတ်သက်၍ မေးမြန်းစဉ် အမှန်အတိုင်းပြောဆိုခြင်းမရှိသောကြောင့် စိတ်ဆိုးဒေါသဖြစ်ပြီး မနုနုယဉ် (ခ)တေးနုယဉ်ကို ၎င်း၏အိပ်ခန်းအတွင်း၌ လက်သီးဖြင့်ထိုးခြင်း၊ ဆောင့်တွန်းခြင်း ၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက်ဖြင့်ကန် ခြင်းများပြုလုပ်မိခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ခဲ့သဖြင့် မနုနုယဉ်(ခ)တေးနုယဉ်မှာ ကုတင်ပေါ်တွင် လဲကျငြိမ် သက် သွားကြောင်းကို အကြောင်းကြားလာခဲ့ပါသည်။
သေနတ်ဒဏ်ရာကြောင့် ဒေါ်ခင်ဝင်းသေဆုံးကြောင်း အတည်ပြု
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် ရဲတပ်ဖွဲ့ဝင်များနှင့်တောင်သူများအကြား ပဋိပက္ခ ဖြစ်ပွား ရာမှ သေဆုံးသွားခဲ့သော ဒေါ်ခင်ဝင်း၏ရုပ်အလောင်းကို ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံ၌ စစ်ဆေးခဲ့ရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက အတည်ပြု လိုက် သည်။
နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေး ဆွေးနွေးပွဲအပေါ် ဦးအေးသာအောင်ကို မေးမြန်းချက်
ဦးအေးသာအောင်
မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေ ပူးပေါင်းဖြေရှင်းနိုင်ဖို့အတွက် .စည်းလုံးညီ ညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ မိတ်ဘက် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ လူမှုအခြေပြု အဖွဲ့ အစည်း တွေဟာ ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၂၃ နဲ့ ၂၄ ရက်တွေမှာ ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအတွက် လုံခြုံရေး အထူးအလေးထား ဆောင်ရွက်ရန်ရှိ
(၂၀၁၃)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်မှုကို အခုလ(၂၇)ရက်နေ့ ရှင်စောပုလမ်း ရှိ Myanmar Event Park မှာ ပြုလုပ်မှာဖြစ်ပြီး ထူးချွန်ဆုပေးပွဲမှာ လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက် သွားမယ် လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူက ပြောပါတယ်။
ဒေါ်ခင်ဝင်း (သို့မဟုတ်) လက်ပံတောင်း အကြမ်းဖက်မှု၏ သားကောင်
“ဝေး … ဝေးပါပြီအေ … သဘောကောင်းတဲ့မိန်းမကြီးပါ။ သဘောကောင်းတဲ့ မိန်းမကြီးရေ … မခင်ဝင်း” ဆိုပြီး ဆွဲဆွဲငင်ငင် ငိုကြွေးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတဦးရဲ့ အသံဟာ မိုးကြိုးပြင်ရွာထဲက နာရေး အိမ်ခြံ ဝင်းအတွင်းကနေ ပဲ့တင်ထပ်လို့နေပါတယ်။
လက်ပံတောင်းကိစ္စ စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်ကို လိုက်နာမှု အားနည်းခဲ့ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဝန်ခံ
ဒေါ်အောင်ဆန်းကြည် ဦးဆောင်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော် မရှင် ၏ အစီရင်ခံစာ အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့သည့် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီမှာ ကော်မရှင်၏ အကြံပြုချက်များကို ထိရောက်စွာ လိုက်နာမှု အားနည်းခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ဝန်ခံပြောကြားလိုက်သည်။
ပီပါထဲသို့ ဆီထည့်စဉ် နော်ဇယ်ခေါင်းနှင့် ပွတ်တိုက်မိရာမှ ဆီဘောက်ဆာ ကားကြီးနှင့် ဆီပီပါတင် ၁၂ ဘီးကားနှစ်စီး မီးလောင်
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာရှိ Asia Energy ဆီသိုလှောင်ရေး ခြံအတွင်း ဒီဇင်ဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ဆီပီပါတင် ကားများပေါ်ရှိ ဆီပီပါ အလွတ်များထဲသို့ ဆီဖြည့်စဉ် ဆီပိုက်ခေါင်းဖြစ်သော နော်ဇယ်ခေါင်းနှင့် ဆီပီပါတို့ ပွတ်တိုက်မိရာမှ မီးပွားများ လွှင့်စင်ကာ ဆီဘောက် ဆာ ကားကြီးတစ်စီးနှင့် ၁၂ ဘီး ဆီပီပါတင် ကားနှစ်စီး မီးလောင်ကျွမ်းကာ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လေလွင့်ကလေးငယ် ၁၀၀၀ ကျော်ကို ထိန်းသိမ်း
ရန်ကုန်မြို့တော်အတွင်း လှည့်လည်သွားလာနေသော လေလွင့်ကလေးငယ်များကို ထိန်းသိမ်းလျက်ရှိရာ ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ကလေးငယ် အယောက် ၁၀၀၀ ကျော် ထိန်းသိမ်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
ဆီးရီးယားတွင် လေကြောင်း ထိုးစစ်ဆင်နေသော တိုက်လေယာဉ်ကို IS အဖွဲ့ ပစ်ချ၊ လေယာဉ်မှူးကို ဓားစာခံအဖြစ် ဖမ်းဆီးထား
အမေရိကန်၏ ဦးဆောင်မှုဖြင့် ဆီးရီးယားမြောက်ပိုင်းတွင် လေကြောင်းထိုးစစ် ဆင်နွှဲလျက်ရှိသော တိုက် လေယာဉ် များထဲမှာ တစ်စီးကို အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ Islamic State က ပစ်ချခဲ့ပြီး လေယာဉ်မှူးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို မလိုက်နာ၍ လက်ပံတောင်း တောင် ပဋိပက္ခထပ်ဖြစ်ဟု NLD ထုတ်ပြန်
နိုင်ငံလုံးချီ အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ လျင်မြန်စွာ ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ရန် UNA ညီလာခံ ဆုံးဖြတ်
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်းများအကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို လျင်မြန်စွာ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ညီလာခံက ဆုံးဖြတ် ကြောင်း UNA နာယက ဦးအေးသာအောင်က ပြောကြားသည်။
လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင် စတင်ဆောက်လုပ်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် တည်ဆောက်မည့် လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင်ကြီး၏ ဦးခေါင်းပိုင်းကို စတင်ဆောက်လုပ် နေပြီ ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်သွင်က ပြောကြားသည်။
အမျိုးသမီးတစ်ဦးကို ပစ်ခတ်ရန် အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
လက်ပံတောင်းတောင် ဒေသမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ၂၂ ရက်နေ့က မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အမျိုးသမီး တစ်ဦးကို ဘယ်လို အခြေအနေမျိုးမှာမှ အခုလို ပစ်ခတ်ရန် အကြောင်းမရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
အကြမ်းဖက်သမားများ အရေးယူမှု ပါကစ္စတန်စစ်တရားရုံးသစ်ဖွဲ့
ပါကစ္စတန်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျောင်းတကျောင်းမှာ ဖြစ်ပွား ခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက် သတ်ဖြတ်မှုကြီးကို တုံ့ပြန်တဲ့ အနေနဲ့ အကြမ်းဖက် သမားတွေလို့ သံသယရှိ သူတွေကို အသစ်ဖွဲ့စည်း လိုက်တဲ့ စစ်ခုံရုံးတွေမှာ တရားစီရင် တော့မယ်လို့ ပါကစ္စတန် ၀န်ကြီးချုပ် န၀ပ်ရှရစ်ဖ် က ပြောဆိုလိုက်ပါတယ်။
Subscribe to:
Posts (Atom)