Friday, June 27, 2014

၂၀၁၅ ကာလအလွန် အကြမ်းဖက်မှုများဖြစ်လာနိုင်ဟု နိုင်ငံရေး သိပ္ပံပညာရှင် ဟောကိန်းထုတ်

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအတိုင်းသာ ရှေ့ဆက်သွားပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်ကာလတွင် အကြမ်းဖက်မှုများ၊ သွေးထွက်သံယိုမှုများဖြစ်ပေါ် လာနိုင်သည်ဟု နိုင်ငံရေး သိပံ္ပပညာရှင် အီဂေါဗလာဇီဗစ်က Educational Initiatives ကျောင်းတွင် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ၌ ဟောကိန်း ထုတ်လိုက်သည်။

အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ် ဖတ်ပြီး ရွံရှာမိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ္ဋ်မှ ပြော

 စာရေးဆရာ အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်သည် အဓမ္မကျင့်မှုများပိုမိုဖြစ်ပေါ်အောင် တွန်းအားပေး နေသည်ဟု ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကမဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားလိုက်သည်။


ယင်းစာအုပ်မျိုး ထပ်မံထွက်ရှိခြင်း မရှိစေရန်အတွက် စာရေးဆရာများနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ စာနယ်ဇင်းကောင်စီများ အနေဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆောင်ရွက်နိုင်ရန် လိုအပ်နေသည်ဟု ဦးရဲထွဋ်က ထပ်မံပြော ဆိုလိုက်သည်။

မဟာသန္တိသုခကျောင်းကို ပီနန်ဆရာ တော်ကြီးအား ပြန်လည်အပ်နှင်းပါက ဆရာတော်အရှင်ဆန္ဒာဓိက ကျပ်သိန်း ၃ဝဝ လှူဒါန်းသွားမည်

မဟာသန္တိသုခကျောင်းကို ပီနန်ဆရာတော် ကြီးအား ပြန်လည်အပ်နှင်း ပါက ကျောင်းတော် ကြီးအား ပြန် လည်ပြုပြင်ရာတွင်အသုံးပြုရန်ဆရာ တော်အရှင်ဆန္ဒာဓိကမှ ကျပ် သိန်း၃ဝဝ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

ပီနန်ဆရာတော်မှာ ကမ္ဘာအနှံ့လှည့်လည်သာသနာပြုနေသော ဆရာတော်တစ်ပါးဖြစ်ပြီး ၎င်းလက်အောက်တွင် မဟာသန္တိသုခကျောင်းတော်မှာများစွာ တိုးတက်လာ မြှာ ဖစ်ပြီး ပညာတတ်သံဃာတော်များလည်းများစွာ ပေါ်ထွန်းလာနိုင်ကြောင်း ထို့ကြောင့် ကျောင်းတော်ကြီးအား ပီနန်ဆရာတော်ဘုရားထံ ပြန်လည်အပ်နှံ မည်ဆိုပါ က ငွေကျပ်သိန်း ၃ဝဝ လှူဒါန်းမည်ဖြစ်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိကမှ ဇွန်လ ၂ဝ ရက်နေ့ NLD  ရုံးချုပ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပါဝင်လက် မှတ်ရေး ထိုး အပြီးတွင် မိန့်ကြားသည်။

ကျဆုံးတပ်မတော်သားတစ်ဦးလျှင် အရာရှိ ကျပ်ဆယ်သိန်း၊ အခြားအဆင့် ကျပ်ရှစ်သိန်းနှုန်းဖြင့် ထောက်ပံ့ဟုဆို

တပ်မတော်သား များ ရှေ့တန်းတွင် တာဝန်ထမ်း ဆောင်စဉ်ကျဆုံးပါက အရာရှိ တစ်ဦးလျှင် ၁၀ သိန်းကျပ်နှုန်းဖြင့် လည်းကောင်း၊ အခြားအဆင့်တစ်ဦးလျှင် ရှစ်သိန်းနှုန်းဖြင့် လည်း ကောင်း ထောက်ပံ့ပေးနေပြီး လေးနှစ်အတွင်း သိန်းပေါင်းနှစ်သောင်းသုံးထောင်ကျော်ထောက် ပံ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။

လန်ဒန်ဆရာတော်အပါအ၀င်သံဃာငါးပါးတို့ အမှုရင်ဆိုင်မည့်တာမွေတရားရုံးသို့ ရောက်ရှိလာပြီဖြစ်

နိုင်ငံသားများအပေါ် အစိုးရတာဝန်ယူမှုအားနည်းဟု ဝေဖန်

တရုတ်နိုင်ငံသို့သွားရောက် အလုပ်လုပ်ကြသည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်ပြီး တာဝန်ယူမှု အပိုင်းတွင်  မြန်မာအစိုးရအဖွဲ့သည် အားနည်းလျက်ရှိသည်ဟု မူဆယ်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က မဇ္ဈိမသို့ ပြောသည်။

“ကျွန်တော်တို့ နိုင်ငံသားတွေကို တရုတ်နိုင်ငံဘက်က ခေါင်းပုံဖြတ်ပြီး ခိုင်းစားနေတဲ့အနေအထားမှာ တရုတ်အစိုးရဘက်က တရားဝင်ကမ်းလှမ်းမှု မရှိသေးလို့ပါဆိုတဲ့ အဖြေကို ကျွန်တော်စိတ်ပျက်မိတယ်။ သူတို့ဘက်က ကမ်းလှမ်းလာမှ ဆောင်ရွက်ပေးမယ်ဆိုတာမျိုး အစိုးရအဖွဲ့ကမပြော သင့်ဘူး။ နိုင်ငံသားတွေအပေါ် တာဝန်ယူမှုအပိုင်းမှာ အားနည်းနေတယ်လို့ ကျွန်တော်မြင်တယ်”ဟု ၎င်းက ယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၉ ရက် မြောက်နေ့တွင်

အရှိန်ဖြင့်မောင်းနှင်မှုများလျော့ကျရန် ဒဏ်ငွေပြင်ဆင်သတ်မှတ်

ရန်ကုန်-နေပြည် တော်- မန္တလေး လမ်းမကြီးပေါ် တွင် ယာဉ်များသတ်မှတ်အချိန် ထက် ပိုမိုမောင်းနှင်မှု များလျော့ ကျစေရန် ယခုအသစ်ရေးဆွဲတင် ပြထားသော  မော်တော်ယာဉ် ဥပဒေမူကြမ်း၌ ဒဏ်ငွေ ကျပ်၁၅၀၀ အစား ကျပ်၅၀,၀၀၀ကျပ်အဖြစ် ပြင်ဆင်ရေးဆွဲထားကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ၁၉၆၄ မော် တော်ယာဉ်ဥပဒေပုဒ်မ ၁၇/၆၄ ဖြင့်အရေးယူ၍ ပုဒ်မ ၂၁/၆၄ဖြင့် တရားစွဲဆိုလျက်ရှိရာ ဒဏ်ငွေ ၁၅၀၀ ကျပ်ပြစ်ဒဏ်ချမှတ်ပြီး ဒဏ်ငွေမဆောင်ပါက အလုပ်မဲ့ ထောင်ဒဏ် တစ်လချမှတ်လျက် ရှိသည်။ ရာနှုန်းပြည့်ဒဏ်ငွေပေး ဆောင်ခဲ့ကြသော်လည်း ဒဏ်ငွေ နည်းသဖြင့် ဥပဒေကိုလေးစားမှု အားနည်းကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့ထံမှသတင်းရရှိသည်။

မန္တလေးမြို့ အဓိကလမ်းမကြီး ကိုးခုတွင် အချိန်ပိုင်းယာဉ်ရပ်နားမှု ကန့်သတ်မည်

မန္တလေးမြို့တွင် ယာဉ် ကြောပိတ်ဆို့မှုများ ကင်းဝေးစေ ရေးအတွက် အဓိကလမ်းမကြီးကိုးခုတွင် ယာဉ်ရပ်နားမှုကို အ ချိန်ပိုင်းအလိုက် စတင်ကန့်သတ် တော့မည်ဖြစ်ကြောင်းသတင်းရရှိ သည်။

ကျောင်းသွားကျောင်းပြန်၊ ဈေးသွားဈေးလာနှင့် ရုံးတက်ရုံး ဆင်းချိန်များဖြစ်သည့်နံနက် ၇နာရီမှ ၉နာရီအထိ၊ ညနေ ၄နာရီမှ ၆ နာရီအချိန်များအတွင်း ၆၂လမ်း၊ ၇၃လမ်း၊ ၇၈လမ်း၊ လမ်း ၈၀၊ ၈၄ လမ်း၊ ၂၆လမ်း၊ လမ်း

တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး ရသူများကို ပထမဆုံးအကြိမ် ထုတ်ပြန်

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ် နိုင်ငံလုံးသိပ္ပံနှင့် ၀ိဇ္ဇာဘာသာတွဲများတွင် အမှတ်အများဆုံးရရှိသူ ၂၂ ဦးကို အစိုးရ၏ နိုင်ငံပိုင်ရုပ်သံမီဒီယာမှ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာ လိုက်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် သိပံ္ပဘာသာတွဲ၌ အမှတ်အများဆုံးရရှိသူ ၁၀ ဦးနှင့် ၀ိဇ္ဇာဘာသာတွဲတွင်အမှတ် အများဆုံးရရှိသူ ၁၂ ဦးတို့ကို ဇွန်လ ၂၆ ရက် မြန်မာ့ရုပ်မြင်သံကြားသတင်း၌ ထုတ်ပြန်ကြေညာ ခဲ့ခြင်းလည်း ဖြစ်သည်။

ငွေအင်အားနှင့် လူသားအရင်းအမြစ်နည်း ပါးမှုကြောင့် ပြည်ထောင်စု ဒီမိုကရေစီပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်မည်မဟုတ်

ရန်ကုန်၊ ဇွန် ၂၆- ငွေအင်အားနှင့် လူသားအရင်းအမြစ်နည်းပါးမှုကြောင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင် မည် မဟုတ်ကြောင်း ပြည်ထောင်စုဒီမို ကရေစီပါတီမှ အထွေထွေ အတွင်း ရေးမှူး ဦးသောင်းဝင်းက ဒီမိုကရေစီ တူဒေးသို့ ပြောသည်။
ဦးသောင်းဝင်းက ''ကျွန်တော် တို့က ပါတီကြီးမဟုတ်ဘူး။ အင်အား နည်းတဲ့ပါတီငယ်ဖြစ်တော့ အရင်းအ မြစ်နည်းတယ်။ အဲဒါကြောင့် မကြာ ခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက် ပွဲမှာ

တပ်မတော်မှ အကြောင်းအမျိုးမျိုးဖြင့် အငြိမ်းစားယူခဲ့သူများ MEC နှင့် ဦးပိုင်တို့တွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားနိုင်

ရန်ကုန်၊ ဇွန် ၂၆- တပ်မတော်မှ အကြောင်းအမျိုးမျိုးဖြင့် အငြိမ်းစား ယူခဲ့သော အရာရှိအဆင့်မှ အခြား အဆင့်များအထိMEC (မြန်မာစီး ပွားရေးကော် ပိုရေး ရှင်း)နှင့် ဦးပိုင်တို့ တွင် တာဝန် ထမ်းဆောင်ရန် လျှောက် ထားနိုင်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော် ညွန့် က ပြောသည်။

အခြေခံဥပဒေပြင်ရန် လူထုလှုပ်ရှားမှု မကွေးတိုင်းတွင် ခွင့်ပြုချက်ရ

 နိုင်ငံရေး လှုပ်ရှားမှုများ ကိုသတိကြီးကြီးထားကာ စောင့် ကြည့်လေ့ရှိသည့် မကွေးတိုင်း ဒေသကြီးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးလူထုလှုပ်ရှားမှု ပြုလုပ်ရန် ခွင့်ပြုချက်တောင်းခံခြင်းကို အာဏာပိုင်များဘက်က ပထမဆုံးအကြိမ်အဖြစ် တရားဝင်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

ကားရှေ့ပြေး၍ အတိုက်ခံသေဆုံးခဲ့သော ကျောင်းသားအမှုတွင် မိဘများက ယာဉ်မောင်းကို ကျေအေးပေး

ဒဂုံတက္ကသိုလ်ကျောင်း အတွင်း ယာဉ်တိုက်၍ သေဆုံးခဲ့ သည့် ကျောင်းသားအမှုမှ ယာဉ် မောင်းကို ကျောင်းသားမိဘဘက် က အမှုကျေအေးပေးထားသော် လည်း ဇွန်လ ၂၆ ရက်တွင် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ဖမ်းချုပ်ခဲ့ကြောင်း ဒဂုံအရှေ့မြို့နယ် အမှတ် ၃၉ ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးမှ သတင်းရရှိသည်။

ဖမ်းဆီးခံ မိန်းကလေးများနှင့် အပျိုစင်ဘဝ လဲလှယ်ရန် ကမ်းလှမ်းခဲ့သည့် နိုက်ဂျီးရီးယား အဆိုတော် ဝေဖန်မှုမျိုးစုံ ကြုံနေရ

ဘိုကိုဟာရမ်တို့ ဖမ်းဆီးထားသည့် ကျောင်းသူ မိန်းကလေးငယ်များ လွတ်မြောက်ရေးအတွက် မိမိ၏ အပျိုစင်ဘဝနှင့် လဲလှယ်မည်ဟု ကြေညာခဲ့သည့် နိုက်ဂျီးရီးယား Popဂီတ အဆိုတော်နှင့် ပတ်သက်ပြီး နိုက်ဂျီးရီးယားတွင် ဝေဖန်မှု၊ ထောက်ခံမှု အမျိုးမျိုး ကွဲပြားဖြစ်ပေါ်လျှက် ရှိသည်။

အေဒိုကီရီ အန်းဂိုဇီကိုင်ရီယန်က ဘိုကိုဟာရမ်တို့ အဓမ္မ ပြန်ပေးဆွဲ ခေါ်ယူသွားသည့် ရာနှင့်ချီ များပြားသော ကျောင်းသူလေးများကို ပြန်လွှတ်ပေးပါက ဘိုကိုဟာရမ် စစ်သွေးကြွများထံ မိမိ၏ အပျိုစင်ဂုဏ်ရည်ကို အစတေးခံမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

လူကုန်ကူးခံရသူ မြန်မာ ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ကယ်ဆယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နာနတ်သီးစက်ရုံမှာ လူကုန်ကူး ခံထားရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ မြန်မာအလုပ်သမားအရေး ကူညီသူတွေ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ကယ်တင်နိုင်ခဲ့သလို လူပွဲစား မြန်မာနိုင်ငံသား ဇနီးမောင်နှံကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလွန်အမင်း ရုပ်ချောတာကြောင့် အနိုင်ကျင့်ခံရတဲ့ ရုရှားကျောင်းသူ

 
 ရုပ်ရည် ချောမောလှပလွန်းသူတိုင်း လူချစ်လူခင် ပေါလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီ ရုပ်ရည်ကြောင့်ပဲ မုဒိတာ မပွားနိုင်ဘဲ မနာလိုသူတွေ ရှိနိုင်ပါတယ်။ အခုဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကတော့ ရုရှားနိုင်ငံ မှာ ရုပ်ချောလွန်းသူ ဆယ်ကျော်သက် အရွယ် မိန်းကလေး တစ်ဦးကို သူမရဲ့ အတန်းဖော်တွေက ရိုက်နှက်ပြီး ရွှံရည်သောက်ခိုင်း ခဲ့ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ပြုပြင်ရန် အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာနှင့် ငွေကြေးအကူအညီ ရရှိရေး ဆောင်ရွက်မည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ပြုပြင်ရန်အတွက် အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာနှင့် ငွေကြေးအကူအညီများ ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။

ဦးစိုးတင့်က နေပြည်တော်တွင် ဇွန် ၂၆ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်

အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦး ဖမ်းဆီးတရားစွဲဆို ခံထားရသော ယူနတီသတင်းဂျာနယ် ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှု ယာယီရပ်ဆိုင်း

ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်ဖြစ်သော ယူနီတီ အပတ်စဉ် သတင်း ဂျာနယ်မှာ ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းခဲ့ကြောင်း ယူနတီဂျာနယ်၏ ရုံးအဖွဲ့မှူးထံမှ သိရသည်။