Wednesday, February 20, 2013

KNU ဥက္ကဌ နှင့် ဒုသမ္မတဒေါက်တာ စိုင်းမောက်ခမ်း တွေ့ဆုံ


ကရင်အမျိုးသားအစည်းအရုံး-KNUမှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပါဝင်သည့် အဖွဲ့ဝင်လေးဦးနှင့် မြန်မာ အစိုးရ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့သည် ကရင်ပြည်နယ် မြ၀တီမြို့၊ အေး ချမ်းဖြိုးရိပ်သာတွင် ယနေ့ နေ့လည် ၁၂နာရီမှစ၍ တစ်နာရီကျော် တွေ့ဆုံဆွေးနွေးခဲ့သည်။

တပ်မတော်နဲ့ ပါတ်ီတွေ တိုင်ပင်လုပ်ကြရင် တိုးတက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ဆုံ ပြီး နွေးနွေးထွေးထွေး တိုင်ပင်ဆောင် ရွက်ရင် တိုင်းပြည်တိုးတက်မှာ ဖြစ်တယ်လို့ ဒီကနေ့ ထပ်မံပြောကြား လိုက်ပါတယ်။

ခြေတုတပ် အပြေးသမား လူသတ်မှု ဆက်လက်ကြားနာ

မသန်မစွမ်း အိုလံပစ် အပြေးသမား အော်စကာ ပစ်တိုးရီးယပ်စ် (Oscar Pistorius) က သူ့ရည်းစားဖြစ်သူ ရီဗာ စတင်းကန့်ပ် (Reeva Steenkamp) ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး ထွက်ဆို ချက်တွေဟာ မှုခင်းဖြစ်ပွားရာ နေရာမှာ ရဲတွေရဲ့ တွေ့ရှိချက်တွေနဲ့ ကိုက်ညီနေတယ်လို့ တောင်အာဖရိက မှုခင်းဆိုင်ရာ စုံစမ်း စစ်ဆေးသူတဦးက ဗုဒ္ဓဟူးနေ့ မှာ ပြောကြားလိုက်ပါတယ်။   

စစ်ကျန် အမေရိကန်စစ်မှုထမ်း ရုပ်ကြွင်းရှာဖွေရေး စတင်

JPAC အဖွဲ့ ဗီယက်နမ်စစ်အတွင်း ကျဆုံး စစ်သည်တွေကို ရှာဖွေစဉ် မှတ်တမ်းဓာတ်ပုံ (By Joint POW/MIA Accounting Command)

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မြောက်ပိုင်း ဟိမ၀န္တာ တောင်တန်းတွေအနီး ပျောက်ဆုံးခဲ့တဲ့ အမေရိကန် စစ်သည်တွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို အမေရိကန်ပြည်ထောင်စုက စုံစမ်းနေပါတယ်။

အစ္စလမ် စာသင်ကျောင်း ဖျက်မည့် လူစုနှင့် ရဲ ပဋိပက္ခဖြစ်

ဖေဖော်ဝါရီ ၁၇ ရက်နေ့က မာန်ပြေ အစ္စလမ် စာသင်ကျောင်းရှေ့တွင် ရဲများက ဒေသခံများကို ရှင်းပြနေစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ဖေဖော်ဝါရီ ၁၉ ရက်နေ့ည ၁၀ နာရီကျော်က သာကေတမြို့နယ် မာန်ပြေ ၃ ရပ်ကွက် ၁၉ လမ်းအတွင်းရှိ အစ္စလမ် ဘာသာရေး ကျောင်းကို အပြီးတိုင် ဖျက်သိမ်းပေးရန် လူစုဝေး၍ အော်ဟစ် တောင်းဆိုကြရာမှ ရဲများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟားဗတ် ပညာရှင်၏ မြစ်ဆုံ ပြန်စရေး သုတေသန စာတမ်းကို ကချင် NGO ဝေဖန်



ဟားဗတ် တက္ကသိုလ်၏ Ash Center for Democratic Governance and Innovation ဌာနမှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သော မြစ်ဆုံဆည် စီမံကိန်း ပြန်လည် စတင်နိုင်မည့် နည်းလမ်းများကို အကြံပြုထားသည့် သုတေသန စာတမ်းအား ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ (KDNG) က တနလာင်္နေ့တွင် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

ရှမ်းမူးယစ်ရာဇာအား မောင်းသူမဲ့ လေယာဉ်သုံး၍ လုပ်ကြံရန် တရုတ်အစိုးရ စဉ်းစားခဲ့သည်ဟုဆို



တရုတ် အစိုးရအနေဖြင့် ရှမ်းပြည်နယ်ရှိ မူးယစ်ရာဇာ နော်ခမ်းအား လုပ်ကြံသတ်ဖြတ်ရန်အတွက်
မောင်းသူမဲ့ လေယာဉ်တစီးကို အသုံးပြုရန် စဉ်းစားခဲ့သည်ဟု တရုတ်မီဒီယာ တခုက ဆိုသည်။

Cyber တိုက်ခိုက်မှု စွပ်စွဲချက် တရုတ်ပယ်ချ

အမေရိကန်ပြည်ထောင်စုထဲက ပစ်မှတ်တွေကို တရုတ်စစ်တပ်က အင်တာနက်ကနေ ထွင်းဖောက် တိုက်ခိုက်တာတွေ ရှိခဲ့ တယ်ဆိုတဲ့ အမေရိကန် အခြေစိုက် အင်တာနက် လုံခြုံရေးဆိုင်ရာ အဖွဲ့တဖွဲ့ရဲ့  စွပ်စွဲချက်ကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာန က ပယ်ချလိုက်ပါတယ်။

မြန်မာ စစ်သင်္ဘောများ ထိုင်းသွားလည်

ဖူးကတ်တွင် ကပ်ထားသော ပြည်တွင်းထုတ် ဖရီးဂိတ်အမျိုးအစား သင်္ဘော ၂ စီး UMS 561 နှင့် UMS 562 (ဓာတ်ပုံ – ဘန်ကောက်ပို့စ်)


မြန်မာ့ရေတပ်မတော်မှ ရေယာဉ်များ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကတ်တွင် လာရောက်ဆိုက်ကပ်ရပ်နားကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ရေးသားဖော်ပြသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် UNFC တို့ ချင်းမိုင် ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်

w1-19-2-11
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် UNFC နိုင်ငံရေး ဆွေးနွေးရေး အဖွဲ့တို့အား ဆွေးနွေးပွဲအပြီး တွေ့ရစဉ်
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့၏ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ

စီးပွားရေး ဝင်လာနေသော နိုင်ငံခြားငွေများ ကျပ်ငွေဈေးကို ခြိမ်းခြောက်

မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ (FDI)နှင့်အမေရိကန် အစိုးရ၏ပျော့ပျောင်းသော ငွေကြေးမူဝါဒများက မြန်မာကျပ်ငွေ တန်ဖိုးကို ခြိမ်းခြောက်နေသောကြောင့် အစိုးရအနေဖြင့် မျက်ခြေမပြတ် စောင့်ကြည့်ထိန်းသိမ်းနေကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဦးဝင်းရှိန်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့တွင် ကလေးသူငယ်များကို မိဘအုပ်ထိန်းသူများ ကိုယ်တိုင် ခိုင်းစေကာ တောင်းရမ်း စားသောက်စေမှုများရှိနေ

2.20.7ရန်ကုန်မြို့တွင်းတစ်နေရာတွင် တောင်းရမ်းနေသည့် ကလေးငယ်တစ်ဦးအားတွေ့ရစဉ်
ရန်ကုန်မြို့ရှိ တောင်းရမ်းစားေ သာက်သူ ကလေးငယ် အများစုမှာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ကိုယ်တိုင် စေခိုင်းခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့နေ ပြည်သူ အချို့နှင့် တောင်းရမ်း စားသောက်သော ကလေးငယ်များ၏ ပြောကြားချက်အရ သိရသည်။

ရေထုညစ်ညမ်းမှုများ ရှိလာသော ကန်တော်ကြီးကန်ရေပြင် သန့်ရှင်းမှု လုပ်ငန်းများအတွက် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင် ထည့်သွင်းရေးဆွဲမည်


Biweekly-9-feb20ကန်တော်ကြီးအား ဖေဖော်ဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်
ရေထုညစ်ညမ်းမှုများ ရှိလာသော ကန်တော်ကြီး ကန်ရေပြင်သန့်ရှင်းရေး လုပ်ငန်းအချို့ကို လက်ရှိ ပြုလုပ်လျက်ရှိပြီး ၂၀၁၃ ခုနှစ် အကုန်တွင် အပြီးရေးဆွဲမည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင်လည်း ကန်တော်ကြီးရေပြင် သန့်ရှင်းရေးလုပ်ငန်းများအား ထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းမှု ဌာနမှ သိရသည်။

မည်သို့ပင်ဆိုစေ



(ဟန်ထက်)

မြန်မာ့လူမှု နယ်ပယ်တွင် သူ့သက်ဆိုင်ရာ အလိုက် သုံးစွဲနေပြီးသား စကားလုံးများ ရှိသည်။ သမီးရည်းစား၊ ချစ်သူ၊ မောင်နှမ၊ လင်မယား၊ မိဘ၊ သားသမီး၊ ထိမ်းမြား လက်ထပ်ခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်း စသဖြင့် အသုံးအနှုန်းများ ရှိခဲ့သည်။ သူ့အဓိပ္ပာယ်နှင့်သူ ရှိသည်။ သို့သော် ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် စာရေးဆရာမ ဂျူး၏ ပထမဦးဆုံး လုံးချင်းဖြစ်သည့် အမှတ်တရ ဝတ္ထုနှင့် အတူ မြန်မာ့လူမှု နယ်ပယ်တွင် စကားလုံး အသစ်တစ်ခု ကျယ်ကျယ်ပြန့်ပြန့် ကြား လာရခဲ့သည်။

"Apple ကုမ္ပဏီ၏ ကွန်ပြူတာ စနစ်အတွင်းသို့ ဟက်ကာများထိုးဖောက် တိုက်ခိုက်ခဲ့"


ဖေဖော်ဝါရီ ၂၀

ကယ်လီဖိုးနီးယား အခြေစိုက် Apple ကုမ္ပဏီ၏ ကွန်ပြူတာ စနစ်အတွင်းသို့ ယနေ့တွင်ဟက်ကာများ ထိုးဖောက်တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။
ယင်းကို Apple ကအတည်ပြုပေးခဲ့ပြီး မည့်သည့်အချက်အလက်မှ အခိုးမခံခဲ့ရကြောင်း ၊ တာဝန်ရှိသူများနှင့်လက်တွဲ၍ ဟက်ကာများက ခြေရာခံလျက်ရှိကြောင်းပြောသည်။

“ဟံသာဝတီဝင်း မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်သူများ စီတန်းလှည့်လည် ခွင့် တောင်းဆို”

ဟံသာဝတီကားဝင်းပြောင်းရွှေ့မှုနှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖော်သူများမှ စီတန်းလှည့်လည်ခွင့်ပါ တောင်းဆိုထားကြောင်း ၎င်းတို့ထံမှ သိရသည်။

“ကျွန်တော်တို့ ခွင့်ပြုမိန့်တောင်းဆိုထားပါတယ်။ ခွင့်ပြုမိန့်ကျကျ မကျကျ ကျွန်တော်တို့ကတော့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သွားမှာပါ” ဟု အဆိုပါ ကားဝင်းမပြောင်းရွှေ့ရေး ကော်မတီမှ ဦးမင်းကိုကပြောသည်။

ကုလသမဂ္ဂညီလာခံတွင် တောင်ကိုရီးယားကို အပြီးသတ် ဖျက်ဆီးပစ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်


2.20.4မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား စမ်းသပ်မှု အောင်မြင်ပြီးနောက် ပြုလုပ်သော အောင်ပွဲခံ အခမ်းအနားတွင် မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်များအား တွေ့မြင်ရပုံ


ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်သော လက်နက်ဖျက်သိမ်းရေးနှင့် ပတ်သက်သော ကုလသမဂ္ဂ ညီလာခံတွင် တောင်ကိုရီးယားကို အပြီးသတ် ဖျက်ဆီးပစ်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ဆိုက်ဘာတိုက်ခိုက်မှုများ နောက်ကွယ်တွင် တရုတ်စစ်ဘက်အဖွဲ့အစည်း ပါဝင်နေဟုဆို

Hackerများ၏ ထိုးဖောက်တိုက်ခိုက်မှုများအနက် တရုတ်နိုင်ငံမှ လျှို့ဝှက် စစ်ဘက် နည်းပညာအဖွဲ့အစည်း တစ်ခု၏ ထောက်ပံ့မှုများ ရှိနေနိုင်ကြောင်း အမေရိကန် နည်းပညာလုံခြုံရေး ကုမ္ပဏီတစ်ခုက ပြောကြားလိုက်သည်။ အမေရိကန်တွင် ကြုံတွေ့ခဲ့ရသည့် နည်းပညာပိုင်းဆိုင်ရာ ဆိုင်ဘာတိုက်ခိုက်ခံရမှုများအတွက် တရုတ်နိုင်ငံရှိ ရှန်ဟိုင်းတွင် အခြေစိုက်သော Unit 61398 အမည်ရှိ စစ်ဘက်ဆိုင်ရာ Hacker အဖွဲ့အစည်း တစ်ခု၏ စနက် မကင်းကြောင်း နည်းပညာ လုံခြုံရေး ကုမ္ပဏီ

မူးယစ်ရာဇာတွေကို သုတ်သင်ဖို့ မောင်းသူမဲ့ လေယာဉ်တွေကို မြန်မာပိုင်နက်ထဲ တရုတ်စေလွှတ်ဖို့ စဉ်းစားခဲ့ 


၂၀၁၁ခုနှစ်မဲခေါင်မြစ်မှာ တရုတ်သဘောင်္သား ၁၃ယောက်ကို သတ်ခဲ့တဲ့ မြန်မာဘိန်းရာဇာတွေကို အသေသုတ်သင်ဖို့အတွက် မောင်းသူမယ့် လေယာဉ်တွေ ကို မြန်မာပိုင်နက်ထဲ စေလွှတ်ဖို့ တရုတ်နိုင်ငံက စဉ်းစားခဲ့တယ် လို့ 
South China Morning Post သတင်းစာမှာ ဒီကနေ့ ရေးသားဖော်ပြထားပါတယ်။

ကလေးများ စိတ်ထားနှင့် ဉာဏ်ရည် မြင့်စေချင်လျှင်

ကျမတို့ လူ့အဖွဲ့စည်းရဲ့ အနာဂတ်ဟာ ကလေးများ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ကလေးတွေ ကို ပြုစု စောင့်ရှောက်တာ၊ ထိန်းကျောင်း ပြုပြင် ပေးတယ် ဆိုတာဟာ တကယ်တော့ အနာဂတ်ကို ပုံဖော်နေတာ ပါပဲ။ ကျမတို့ရဲ့ အနာဂတ် မှာ စိတ်ရည် ဉာဏ်ရည် မြင့်မားတဲ့ လူ့ အဖွဲ့အစည်းကြီး တခု ပေါ်ပေါက် လာစေဖို့ အတွက် ကလေးတို့နဲ့ အနီးကပ်နေသူ ဆရာ၊ ဆရာမများ၊ မိဘများရဲ့

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိဟု အစိုးရ တရားဝင်ငြင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဟူ၍ တရားဝင်မရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်ကျော်ဝင်းက ပြောဆိုလိုက်သည်။

ပွဲလန့်တုန်းဖျာခင်း ကချင်ပဋိပက္ခကာလကို နင်း၍ တရားမဝင် သစ်ခိုးထုတ်ခြင်းများ ရှိနေ”

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ကချင်ဒေသ မအေးချမ်းမှုကို အခွင့်ကောင်းယူကာ တရားမဝင်သစ်ခိုးယူ ထုတ်လုပ်မှု အမြောက်အမြားရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။

ကရင်ဒေသ စေတနာ ခရီးတခေါက်

နီပွန်ဖောင်ဒေးရှင်းက တိုင်းရင်းသား ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေကူညီမယ် ဆိုလို့ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ နဲ့ ငြိမ်းချမ်း ရေး ကိုယ်စားလှယ်တွေ အပါအဝင် သတင်းသမားတွေ က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ပေါ်ကနေ ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ ရှိရာ နယ်မြေကို တောလမ်းကြမ်းကြမ်း ဖြတ်သန်းရင်း ရောက်ရှိခဲ့ပါတယ်။

မသန်စွမ်းကျောင်းသူ မစုပုံချစ် သြစတြေးလျတက္ကသိုလ် ပညာသင်ဆုရရှိ



မသန်စွမ်းအမျိုးသမီးငယ်တစ်ဦးဖြစ်သည့် မစုပုံချစ်သည် သြစတြေးလျနိုင်ငံတွင် မဟာတန်းတက်ရောက်ရန် ပညာသင်ဆု ရရှိသည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော် ကုတင် ၅၀၀ ဆံ့ ဆေးရုံလေးရုံ စီမံကိန်းအား ရပ်ဆိုင်းရန်လက်ခံပြီး ယင်းစီမံကိန်းများမှ ထွက်ရှိလာမည့် ကျပ် ၁၂ ဘီလျံနီးပါးကို အခြေခံ ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးပြုပြင်ရန်နှင့် တောင်ကြီးဆေးတက္ကသိုလ် တည်ဆောက်ရာတွင် အသုံးပြုမည်


Biweekly-1-feb20ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကု ဌာနအဆောင်အား တွေ့ရစဉ်
နေပြည်တော် ကုတင် ၅၀၀ ဆံ့ ဆေးရုံလေးရုံ စီမံကိန်းအား ရပ်ဆိုင်းရန်လက်ခံပြီး ယင်းစီမံကိန်းများမှ ထွက်ရှိလာမည့် ကျပ် ၁၂ ဘီလျံနီးပါးကို အခြေခံ ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးပြုပြင်ရန်နှင့် တောင်ကြီးဆေးတက္ကသိုလ် တည်ဆောက်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း

တောင်ပိုင်းကို ချေမှုန်းဖို့ မြောက်ကိုရီးယား ခြိမ်းခြောက်

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံနဲ့ သူရဲ့ မဟာမိတ် နိုင်ငံတွေက ကုလသမဂ္ဂကို  မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ဖို့ ဆက်ပြီး ဖိအားပေး နေမယ်ဆိုရင် အပြီးသတ် ချေမှုန်းမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား က ခြိမ်းခြောက်လိုက်  ပါတယ်။

အမေရိကန်အပေါ် Cyber တိုက်ခိုက်မှု တရုတ်အစိုးရ ပါဝင်

အမေရိကန် အစိုးရပိုင်း၊ စီးပွားရေး လုပ်ငန်းတွေနဲ့ အရေးပါတဲ့ လုပ်ငန်းကြီး အတော်များများကို အင်တာနက် အွန်လိုင်းကနေ Cyber တိုက်ခိုက်မှုတွေ လုပ်နေရာမှာ တရုတ်အစိုးရကိုယ်တိုင် တိုက်ရိုက် ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်အခြေစိုက် အင်တာနက် လုံခြုံရေးအဖွဲ့တခု က ပြောလိုက်ပါတယ်။

စီးပွားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသွားမည်

အမေရိကန် နိုင်ငံခြားရေးဌာန စီးပွားရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး ဖာနန်းဒဇ် (Jose Fernandez) ဟာ အခုလထဲ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှနိုင်ငံတွေ ကို သွားရောက်ဖို့ ရှိနေပါတယ်။