Tuesday, September 10, 2013

သဘောထားတင်းမာသည့် မွတ်ဆလင်များ ကန့်ကွက်သော်လည်း အင်ဒိုနီးရှား မယ်ကမ္ဘာပြိုင်ပွဲ စတင်

အစ္စလာမ်ဘာသာဝင် အများစု နေထိုင်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံတွင် သဘောထား တင်းမာသည့် မူဆလင်များက အပြင်းအထန် ကန့်ကွက်လျက် ရှိသော်လည်း မယ်ကမ္ဘာပြိုင်ပွဲကို အောင်အောင်မြင်မြင် စတင် ဖွင့်လှစ်နိုင်ခဲ့သည်ဟု AFP သတင်းဌာနတွင် ဖော်ပြထားသည်။

နေပြည်တော်တွင် လူငါးယောက်က လူတစ်ယောက်ကို နေ့ခင်းကြောင်တောင် သေနတ်ပြ ကျင်စက်ဖြင့်တို့၍ ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် စက်တင်ဘာ ၇ ရက် နေ့လယ်အချိန်မှာပင် လူငါးဦးက လူတစ်ဦးကို သေနတ်ပြပြီး ကျင်စက်ဖြင့်တို့ကာ လူရောကားပါ ခေါ်ဆောင်သွားသည်။

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ဖို့ လိုပါသည်

၂၀၀၈ ခုနှစ်တွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထု တစ်ရပ်လုံး၏ ထောက်ခံမှု မပါဝင် သောကြောင့် ပြင်ဆင်ရေးဆွဲရေး၊ လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးဟူသော သတင်း များမှာ ယခုရက်ပိုင်းတွင် လူစိတ်ဝင်စားမှု အများဆုံးဖြစ်လာပါသည်။ ပြည်သူအများစုသိထားသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဒီမိုကရေစီနိုင်ငံတော်အဖြစ် သမိုင်းစာ မျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ဓာတ်ဆီ သို့မဟုတ် ဒီဇာယ်ကို ဘယ်အချိန်တွေမှာ ဖြည့်သင့်သလဲ

ဓာတ်ဆီ သို့မဟုတ် ဒီဇာယ်ကို ဘယ်အချိန်တွေမှာ ဖြည့်သင့်သလဲ
လောင်စာဆီကို အသုံးပြုနေရသော စက်ပစ္စည်းများအတွက် ဆောင်သင့် ရှောင်သင့်သော အကြံပြုချက် တစ်ချို့ကို ရေးသား လိုက်ရဖြင်း ဖြစ်ပါတယ်။
မိမိ၏ စက်ပစ္စည်း တစ်ခုခုကို ဓာတ်ဆီ သို့မဟုတ် ဒီဇာတ် ဖြည့်တော့မယ် ဆိုရင် နံနက်စောစောပိုင်းနှင့် ညပိုင်းတို့မှာ ဖြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လောင်စာဆီ၏ သဘော သဘာဝက အပူချိန် များလျှင် မြင့်တက်ပါတယ်။ ဒါကြောင့် နံနက်ခင်း အေးနေတဲ့ အချိန် ဒါမှမဟုတ် ညဘက် အေးနေတဲ့ အချိန်တွေမှာ ထည့်သင့် တယ်လို့ ဆိုပါတယ်။ အလွန်ပူနေတဲ့ နေ့လယ် နေ့ခင်းတွေမှ တတ်နိုင်သလောက် မထည့်ပါနဲ့။

ဖိလစ်ပိုင်တွင် မွတ်ဆလင်သူပုန်များက ဓားစာခံ အများအပြားကို ဖမ်းဆီးထား

ဒုတိယနေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ရာတွင် စစ်တပ်နှင့် သူပုန်တို့ကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး နှစ်ဖက်စလုံး အကျအဆုံးများ ရှိခဲ့ကြောင်း စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ဖိလစ်ပိုင် နိုင်ငံတွင် ထကြွသောင်းကျန်းနေသည့် မွတ်ဆလင် သူပုန်တပ်များသည် အင်္ဂါနေ့က နောက်ထပ် ဓားစာခံ အများအပြားကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ဒုတိယနေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ရာတွင် စစ်တပ်နှင့် သူပုန်တို့ကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး နှစ်ဖက်စလုံး အကျအဆုံးများ ရှိခဲ့ကြောင်း စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ဖိလစ်ပိုင် တောင်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခ အတွင်း မွတ်ဆလင် သူပုန်များသည် နောက်ထပ် အရပ်သား ဓားစာခံ အမြောက်အမြားကို ဖမ်းဆီး ထိန်းသိမ်း ထားလိုက်ကြောင်း စစ်ဘက်က အတည်ပြုခဲ့သည်။ ဇမ်ဘိုအာဂါမြို့နှင့် အနီးတွင် အစိုးရ စစ်တပ်များသည် သူပုန်တပ်ဖွဲ့ဝင် (၃၀၀)ကျော်နှင့် တိုက်ခိုက်နေရကြောင်း သတင်းများက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အဓိကသုံးနေရာတွင် ခရီးသွား ရာသီအတွက် ဟိုတယ် ၂၀၁လုံး အခန်း ၆၉၂၀ အရန်သင့်ရှိ

Photo: မန္တလေးတိုင်းဒေသကြီး အဓိကသုံးနေရာတွင် ခရီးသွား ရာသီအတွက် ဟိုတယ် ၂၀၁လုံး အခန်း ၆၉၂၀ အရန်သင့်ရှိ
Tuesday, September 10, 2013

၂၀၁၃ ခုနှစ် အောက်တိုဘာလမှ စတင် ၍ နိုင်ငံခြားသားခရီးသည် ဝင် ရောက်မှု များပြားလာမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၏ အဓိက သုံးနေရာဖြစ်သော မန္တလေး၊ ပုဂံ ညောင်ဦးနှင့် ပြင်ဦးလွင်တို့တွင် ခရီးသည်များ တည်းခိုနိုင်မည့် ဟို တယ် ၂၀၁ လုံး၊ အခန်း ၆၉၂၀ အရန်သင့် ဖွင့်လှစ်ထားရှိပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဦးစီးဌာနမှ သိရသည်။
ခရီးသွားရာသီအစဖြစ်သော ၂၀၁၃ ခုနှစ် အောက်တိုဘာလမှ ၂၀၁၄ ခုနှစ် မတ်လအထိ နိုင်ငံ ခြားသားခရီးသည်များ အဆိုပါ မြို့သုံးမြို့သို့ လာရောက်မှု များ ပြားပြီး လာရောက်သည့် နိုင်ငံခြား သားခရီးသည်များ တည်းခိုနိုင်ရန် အတွက် ယခုအခါ အဆိုပါမြို့ ကြီးများတွင် ဟိုတယ်ကြီးများ တိုး ချဲ့ဆောက်လုပ်လျက်ရှိနေကြောင်း သိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ လလယ်အထိ မန္တလေးမြို့တွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကြီး နှစ်လုံး၊ ကြယ်သုံးပွင့်အဆင့်ရှိ ဟို တယ်ကြီးရှစ်လုံး၊ ကြယ်နှစ်ပွင့်အ ဆင့်ရှိ ဟိုတယ် ၂၅ လုံးနှင့် ကြယ် တစ်ပွင့်အဆင့်ရှိ ဟိုတယ် ၁၉ လုံး နှင့် ရိုးရိုးတည်းခိုခန်း ၃၅ လုံးရှိရာ အခန်းပေါင်း ၂၃၃၁ ခန်းရှိသည်။ ပြင်ဦးလွင်မြို့တွင် ကြယ်သုံးပွင့် အဆင့် ဟိုတယ်ကြီး လေးလုံး၊ ကြယ်နှစ်ပွင့်အဆင့် ဟိုတယ်သုံး လုံး၊ ကြယ်တစ်ပွင့်အဆင့်ဟိုတယ် ခြောက်လုံးနှင့် ရိုးရိုးတည်းခိုခန်း ၂၅ လုံးရှိရာ အခန်းပေါင်း ၇၅၆ ခန်းရှိသည်။ ပုဂံညောင်ဦးတွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကြီး တစ်လုံး၊ ကြယ်သုံးပွင့်အဆင့် ဟို တယ် ၁၀ လုံး၊ ကြယ်နှစ်ပွင့်အဆင့် ဟိုတယ်ခုနစ်လုံး၊ ကြယ်တစ်ပွင့် အဆင့်ဟိုတယ် လေးလုံးနှင့် ရိုးရိုး တည်းခိုခန်း ၄၃ လုံးရှိရာ အခန်း ၂၁၃၁ ခန်းရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး တိုင်းဦးစီးဌာန မှူးရုံး မှတ်တမ်းများအရ သိရ သည်။

လာမည့် ခရီးသွားရာသီ တွင် ခရီးသည်နှစ်ဆခန့် တိုးတက် လာရောက်နိုင်ပြီး မန္တလေးမြို့သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသည်များမှာ ဧရာဝတီမြစ် တစ်ဖက်ကမ်း စစ်ကိုင်းမြို့ရှိ နိုင်ငံ ခြားသား တည်းခိုခွင့်လိုင်စင်ရယူ ထားသော တည်းခိုခန်းများသို့ သွားရောက်တည်းခိုမှုရှိရာ နိုင်ငံ ခြားသားဝင်ရောက်မှုများသည် မန္တလေးမြို့တွင် ယခုအခါ အဆင့် မြင့်အိပ်ခန်းပေါင်းများစွာ ပါရှိ သော ဟိုတယ်ကြီးများ တည် ဆောက်နေသည့်အပြင် လက်ရှိ ဟိုတယ်များမှာလည်း အဆင့်မြှင့် တင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Yangon Media Group
၂၀၁၃ ခုနှစ် အောက်တိုဘာလမှ စတင် ၍ နိုင်ငံခြားသားခရီးသည် ဝင် ရောက်မှု များပြားလာမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၏ အဓိက သုံးနေရာဖြစ်သော မန္တလေး၊ ပုဂံ ညောင်ဦးနှင့် ပြင်ဦးလွင်တို့တွင် ခရီးသည်များ တည်းခိုနိုင်မည့် ဟို တယ် ၂၀၁ လုံး၊ အခန်း ၆၉၂၀ အရန်သင့် ဖွင့်လှစ်ထားရှိပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဦးစီးဌာနမှ သိရသည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုခြင်းမရှိပါက အလုပ်ရှင်များအား အရေးယူမည်

Photo: အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုခြင်းမရှိပါက အလုပ်ရှင်များအား အရေးယူမည်
Tuesday, September 10, 2013

အလုပ် အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးနည်းဥပဒေပြဋ္ဌာန်းပြီး သည့်အချိန်အထိ အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူညီချက်စာ ချုပ်ချုပ်ဆိုခြင်းမရှိပါက ဥပဒေ ပါ ပြစ်ဒဏ်များအတိုင်း အလုပ် ရှင်များအား အလုပ်ရုံ၊ အလုပ်သ မားဥပဒေရေးရာဌာနမှ အရေးယူ သွား မည်ဖြစ်ကြောင်း သိ ရသည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်သည် အလုပ်သမား၏ ရသင့်ရထိုက်သည့် အခွင့်အရေးများတောင်းဆိုရာ တွင် အလွန်အရေး ပါခြင်းကြောင့် ချုပ်ဆိုရန်မရှိမဖြစ် လိုအပ်ကြောင်း၊ အဆိုပါဥပဒေ၏ နည်းဥပဒေအ မြန်ဆုံးထွက်ရှိနိုင်ရန် အလုပ်သ မားညွှန်ကြားမှုဦးစီး ဌာနအနေ ဖြင့် ရေးဆွဲမှုများပြုလုပ်နေပြီဖြစ် ကြောင်း အလုပ်ရုံ၊ အလုပ်သမား ဥပဒေရေးရာဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်ကပြော သည်။

ဦးဝင်းရှိန်က ''အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆို မှုက အလွန်အရေး ကြီးပါတယ်။ ဒါကြောင့် ခုအလုပ် အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက် ရေးဥပဒေကို အသုံးပြုဖို့နည်း ဥပဒေထွက်ရှိပြီးတာနဲ့ ဥပဒေမှာ ပါရှိတဲ့ ပြစ်ဒဏ်တွေအတိုင်း စာ ချုပ်မချုပ်တဲ့ အလုပ်ရှင်ကို အရေး ယူသွားမှာပါ။ တရားစွဲသင့်ရင်စွဲ မယ်။ ဥပဒေပါ အတိုင်း လေးစား ဆောင်ရွက်ရမယ်ဆိုတဲ့အချက်နဲ့ ပေါ့''ဟု ပြောသည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကိုအ လုပ်ရှင်များမှ ချုပ်ဆိုပြီးပါကလည်း အလုပ်သမားညွှန်ကြားမှု ဦးစီး ဌာနသို့ ယင်းစာချုပ် မိတ္တူကိုပြန် လည်ပေးပို့ရမည်ဖြစ်ကြောင်း ပြောသည်။ စက်ရုံ၊ အလုပ်ရုံ များသို့ အ လုပ်ဝင်ပါက ယင်းစက်ရုံများမှ ထုတ်ထားသည့် ဖောင်များတွင် သာဖြည့်၍ အလုပ်ဝင်ရောက်လုပ် ကိုင်ရပြီး ယင်းဖောင်များတွင်ပါ ရှိသည့် စည်းကမ်းပါအချက်များ ကိုပင် အလုပ်ရှင်များမှလိုက်နာ ဆောင်ရွက်ခြင်း မရှိသည့်အတွက် အလုပ်သမားများအားအလုပ် ထုတ်ပယ်ခြင်းများ ဖြစ်ပေါ် လျက် ရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

ရွှေပြည်သာမြို့နယ်ရှိ World Fashion အထည်ချုပ်စက် ရုံမှ အလုပ်သမား သမဂ္ဂခေါင်း ဆောင် ဦးမျိုးမင်းမင်းက ''ကျွန် တော်တို့စက်ရုံမှာ အလုပ်ရှင် အ လုပ်သမား သဘောတူညီမှုစာချုပ် ချုပ်ဆိုထားတာတော့ရှိပါတယ်။ ဒါပေမဲ့တရားဝင်ပြဋ္ဌာန်းပေးထား တဲ့ စာချုပ်တော့မဟုတ်ပါဘူး။ အ လုပ်ရှင် အလုပ်သမားနားလည်မှု နဲ့ ချုပ်ထားတဲ့စာချုပ်သဘော လောက် ပါပဲ''ဟု ပြော သည်။
ဩဂုတ် ၃၀ ရက်တွင် အ လုပ်သမားများအတွက် 'အလုပ် အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက် ရေးဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး ယင်း ဥပဒေ၏ အခန်း(၃)တွင်လည်း အလုပ်ရှင်သည် အလုပ်သမား အား အလုပ်လုပ်ရန်ခန့်အပ်ပြီးပါ က ရက်ပေါင်း ၃၀ အတွင်း အလုပ် ခန့်ထားမှုဆိုင်ရာသဘောတူညီ ချက် စာချုပ်ချုပ်ဆိုရမည်ဟုပါရှိ ပြီး ယင်းစာချုပ်တွင်လည်း လုပ်ငန်း ခွင်စည်းကမ်းများနှင့် အလုပ်သမား များ၏အကျိုးခံစားခွင့်များသည် လည်း တည်ဆဲဥပဒေတစ်ရပ်ရပ် ပါ ခံစားခွင့်များအောက်လျော့ နည်း ခြင်းမရှိစေရဟူ၍ပါရှိသည်။
နိုင်ငံတော်သမ္မတကြီးမှ လည်း ဥပဒေအားပြဋ္ဌာန်းပြီးပါက နည်းဥပဒေကို လွှတ်တော်စည်း မျဉ်းစည်းကမ်းများနှင့် အညီရက် ပေါင်း ၉ဝအတွင်းပြဋ္ဌာန်းသင့် ကြောင်း ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂ရ ရက်မြောက်နေ့တွင် သဘောထား မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။

Yangon Media Group
အလုပ် အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးနည်းဥပဒေပြဋ္ဌာန်းပြီး သည့်အချိန်အထိ အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူညီချက်စာ ချုပ်ချုပ်ဆိုခြင်းမရှိပါက ဥပဒေ ပါ ပြစ်ဒဏ်များအတိုင်း အလုပ်ရှင်များအား အလုပ်ရုံ၊ အလုပ်သ မားဥပဒေရေးရာဌာနမှ အရေးယူ သွား မည်ဖြစ်ကြောင်း သိရသည်။

မီးနီဖြတ်မောင်းသောပြိုင်ကား အငှားယာဉ်တိုက်

လမ်းမတော်မြို့နယ် သရက်တော ကျောင်းတိုက်အနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘုန်းကြီးလမ်းမီးပွိုင့်တွင် စက်တင်ဘာလ ၈ ရက်နေ့ ည ၁၂ နာရီခွဲခန့်က မီးနီကိုဖြတ်၍ အရှိန်ပြင်း မောင်းနှင်လာသော ပြိုင်ကားနှင့် အငှားယာဉ်တစ်စီးတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း လမ်းမတော် မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ငှက်မိခင် ကောင်လေး


ရုရှားနိုင်ငံက ၁၂ နှစ်အရွယ် ကလေးတစ်ယောက် အမည်ကတော့ ဗစ်ဒီဘီလေဂရော့ လို့ ခေါ်တယ်။ ကောင်းလေး၏ ပတ်ဝန်းကျင်က ကောင်းလေးကို ငှက်မိခင်လို့လည်း ခေါ်တယ်။ ဘာလို့ ငှက်မိခင်လို့ ခေါ်လည်း ဆိုတာကို ရှင်းပြပါ့မယ်။

အထောက်အထား အဓိကထားသဖြင့် ဓားမဦးချ တောင်သူများ နစ်နာဟု သူရဦးရွှေမန်းဆို

Photo: အထောက်အထား အဓိကထားသဖြင့် ဓားမဦးချ တောင်သူများ နစ်နာဟု သူရဦးရွှေမန်းဆို
Tuesday, September 10, 2013

မြေယာစီမံခန့်ခွဲမှု ကော်မတီများသည် မြေယာကိစ္စများကို ဆောင်ရွက်ရာတွင်စာရွက်စာတမ်း အထောက်အထားကိုသာ အဓိကထား ဆောင်ရွက်နေသည့် အတွက် အမှန်တကယ် ဓားမဦးချ လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ တရားစွဲဆို ခံရခြင်းများ၊ ပြစ်ဒဏ် ချမှတ်ခံရခြင်းများ ဖြစ်ပေါ်နေကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

စာရွက်စာတမ်း အထောက်အထား မရှိသော်လည်း အမှန်တကယ် လုပ်ကိုင်နေသူများ၏ မြေယာကိစ္စအတွက် လွှတ်တော် ကိုယ်စားလှယ်များက ပါဝင်ပူးပေါင်းကြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက စက်တင်ဘာလ ၉ ရက်နေ့တွင် ထားဝယ်မြို့တော်ခန်းမ၌ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ 

အဆိုပါကိစ္စအတွက် လွှတ်တော် ကိုယ်စားလှယ်များ မြို့နယ်စည်ပင်သာယာရေး ကော်မတီများ၊ ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့များနှင့် ရွာသူရွာသားများက ပူးပေါင်းကြရန် သူရ ဦးရွှေမန်းက ဆိုသည်။ 

“လယ်သမားရဲ့ လုပ်ဖော်ကိုင်ဖက် ရွာသူရွာသားတွေက အထောက်အထားတွေ တင်ပြမယ်။ လွှတ်ကိုယ်စားလှယ်တွေကလည်း သူတို့ဘက်က ရပ်တည်ပေးမယ်ဆိုရင် မတရား လယ်ယာသိမ်းဆည်းမှု ခံရခြင်းက လွှတ်မြောက်မယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။ 

တိုင်းဒေသကြီးအတွင်း မြေယာပြဿနာများ ကြုံရသည့်အခါ အထက်ပါအတိုင်း စီမံဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို တိုက်တွန်းလိုကြောင်း သူရဦးရွှေမန်းက ပြောဆိုသည်။ 

ထို့အပြင် ပေးရမည့်မြေများ အမြန်ဆုံး ပြန်ပေးရန်နှင့် လုပ်ရန်မသင့်သည့် မြေများကို အမြန်ဆုံး ပြန်ပေးရန် သမ္မတထံသို့ သြဂုတ်လ ၂၉ ရက်နေ့က သဝဏ်လွှာ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း၊ အုပ်ချူပ်ရေး အဖွဲ့အစည်းများက မြေယာ ပြန်လည်ပေးအပ်သည့် ကိစ္စများတွင် နှေးကွေးနေကြောင်း ၎င်းကပြောသည်။ 

သူရဦးရွှေမန်း ပြောဆိုသည့်အတိုင်း လုပ်ဆောင်ပါက ကောင်းမွန်သော်လည်း ဝန်ကြီးချုပ်၊ ခရိုင်အုပ်ချုပ်ရေးမှူးစသည့် တိုင်းခရိုင်အဆင့် အာဏာပိုင်များက လိုက်နာမည်ဟု မထင်ကြောင်း ထားဝယ်ဒေသခံ လယ်သမားအချို့က မှတ်ချက်ပေးသည်။ 

“လိုက်နာရင်တော့ ကောင်းတာပေါ့။ လိုက်နာပေါစေလို့ပဲ ဆုတောင်းရမှာပေါ့။ အခုလို ကြားရတာ ဝမ်းသာတယ်” ဟု ဒေသခံ လယ်သမားတစ်ဦးဖြစ်သူ ဦးထွန်းထွန်းဝင်းက ဆိုသည်။ 

အခြားဒေသများနည်းတူ တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင်လည်း လယ်ယာမြေ ပြဿနာ ဖြစ်ပွားနေပြီး သူရဦးရွှေမန်း၏ ခရီးစဉ်အတွင်း လယ်သိမ်းခံ လယ်သမားတစ်ခုက ကြိုဆိုရန် ကြိုးစားသော်လည်း ရဲတပ်ဖွဲ့၏ တားဆီးခြင်းခံခဲ့ရသည်။ 

Dawei Watch
The Voice Weekly
မယာစီမံခန့်ခွဲမှု ကော်မတီများသည် မြေယာကိစ္စများကို ဆောင်ရွက်ရာတွင်စာရွက်စာတမ်း အထောက်အထား ကိုသာ အဓိကထား ဆောင်ရွက်နေသည့် အတွက် အမှန်တကယ် ဓားမဦးချ လုပ်ကိုင်နေ သည့် တောင်သူ လယ်သမားများ တရားစွဲဆို ခံရခြင်းများ၊ ပြစ်ဒဏ် ချမှတ်ခံရခြင်းများ ဖြစ်ပေါ်နေကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဦးတိုးနိုင်မန်း ကျွန်းစိုက်ခင်း မြေသိမ်းမှု၊ အဓမ္မအလုပ်ခိုင်းစေမှုများရှိဟု ဆို

Photo: ဦးတိုးနိုင်မန်း ကျွန်းစိုက်ခင်း မြေသိမ်းမှု၊ အဓမ္မအလုပ်ခိုင်းစေမှုများရှိဟု ဆို
Tuesday, September 10, 2013

မကွေးတိုင်း သရက်ခရိုင် အောင်လံမြို့နယ်ရှိ မြန်မာ့စွမ်းပကား စက်မှုကုမ္ပဏီ၏ ပုဂ္ဂလိက ကျွန်းစိုက်ခင်း လုပ်ကိုင်ရာ ၌ မြေယာ သိမ်းဆည်းမှုနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ရှိသည်ဟု ဒေသခံ
များက ပြောဆိုသည်။

မြန်မာ့စွမ်းပကား စက်မှု ကုမ္ပဏီသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ သားငယ် ဦးတိုးနိုင်မန်း ပိုင်ဆိုင်သည့်ကုမ္ပဏီ ဖြစ်သည်။

၁၉၈၇ ခုနှစ်မှ စတင်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်စားသောက်လာသည့် အိမ်ခြေ ၆၅ အိမ်ရှိ အောင်လံမြို့နယ် ပဒဲ ကျေးရွာ ဒေသ၌ နိုင်ငံတော်က ကျွန်းခင်းစိုက်ပျိုးရန် ခွင့်ပြုချက်ရ၍ အဆိုပါ မြေများသည် ကုမ္ပဏီမြေများ
ဖြစ်ကြောင်း၊ သို့သော် ကျေးရွာတွင် ဆက်လက် နေထိုင်လိုပါက ကုမ္ပဏီ၏ ကျွန်းစိုက်ခင်းများအတွက် တောင်ယာခုတ်ထွင်ရှင်းလင်း ပြီး ကျွန်းပင်များ စိုက်ပျိုးခိုင်းကြောင်း ပဒဲကျေးရွာ ဒေသခံ ဦးကျော်လင်း က ဧရာဝတီ ကို ပြောသည်။

“အခုနေမှာ နိုင်ငံတော် အစိုးရက တောင်သူ လယ်သမားတွေရဲ့ဘဝ
မြေယာပိုင်ဆိုင်ခွင့် တိကျခိုင်မာစေဖို့ လယ်ယာ မြေ မှတ်ပုံတင်တွေ လုပ်ပေးနေချိန်ဖြစ်ပါတယ်။ ကျနော်တို့မှာ လယ်ယာမြေ မှတ်ပုံတင် မရသေးဘူး၊ ဒီမှာ သူတို့ ကျွန်း စိုက်ခင်းအတွက် သစ်တောဌာနက တောခေါင်းတွေနဲ့ ကုမ္ပဏီရဲ့ စိုက်ခင်းတာဝန်ခံ တပ်ကြပ်ကြီး တင်မောင်ဆွေတို့က သိမ်းမယ်လို့ ခြိမ်းခြောက်နေတာ”ဟု သူက ဆိုသည်။

၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်များတွင် ဒေသခံ တောင်သူတဦးလျှင် ၁ ဧက နှုန်းဖြင့် တောင်သူ ၅၀ က ကျွန်း စိုက်ပျိုး ပေး ခဲ့ရကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင်လည်း တောင်သူ တဦးလျှင် ၄ ဧက နှုန်း ထပ်မံ၍ ကျွန်းပင်များ စိုက်ပျိုးခိုင်း၍ လုပ် ဆောင်ပေးခဲ့ရကြောင်း ဒေသခံများက
ပြောသည်။

ထို့အပြင် ၂၀၁၀ ပြည့်နှစ်က ကျွန်းတဧက စိုက်ပျိုးမှု လုပ်အားခ ကျပ် ၅ သောင်း ၄ ထောင်နှုန်း ငွေများကိုလည်း ခြေ လျင် တပ်ရင်း အမှတ်
၇၁ မှ အဆိုပါ ကျွန်းစိုက်ခင်း တာဝန်ခံ တပ်ကြပ်ကြီး တင်မောင်ဆွေက
ဒေသခံများအား ပေး ဆောင် ခြင်းမရှိဘဲ ထုတ်ယူသွားခဲ့ကြောင်း ၄င်းတို့က ပြောသည်။

“သူတို့ ကျွန်း စိုက်ခင်းမှာ ကျနော်တို့ လုပ်အားခ နစ်နာ ဆုံးရှုံးနေ
တာတွေအတွက် နစ်နာကြေး လျော်ကြးငွေ လိုချင်ပါတယ်။ သူတို့ ကျွန်းခင်းထဲကို ပါနေတဲ့ လယ်ယာမြေတွေလည်း ကျနော်တို့
ပြန်လိုချင်ပါတယ်”ဟု ဦးကျော်လင်း က ဆိုသည်။

အဆိုပါ ပုဂ္ဂလိက ကျွန်းစိုက်ခင်းမှာ ၂၀၀၈ ခုနှစ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ၏ ဇေကမ္ဘာ ကုမ္ပဏီက စတင် လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သားမက်ဖြစ်သူ မြန်မာ့ စွမ်းပကား စက်မှု ကုမ္ပဏီ လီမိတက် ဒါ ရိုက်တာ ဦးတိုးနိုင်မန်း၏ အမည်ဖြင့် ပြောင်းလဲ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဦးကျော်လင်းက
ပြောပြသည်။

အဓမ္မ အလုပ်ခိုင်းစေခြင်းနှင့် ပတ်သက်ပြီး ကျွန်းစိုက်ခင်းပိုင်ရှင် ဦးတိုးနိုင်မန်း အား တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ၄င်း၏ ကျွန်းစိုက်ခင်းများအတွက် အဓမ္မအလုပ်ခိုင်းစေမှု မရှိကြောင်း၊ လွန်ခဲ့သည့် ၂ နှစ်ခန့်ကလည်း ထိုကိစ္စ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO) တွင် တိုင်ကြားမှု ရှိခဲ့ကြောင်း ဦးတိုးနိုင်မန်း က ပြောသည်။

“လွန်ခဲ့တဲ့ ၂ နှစ်လောက်က တကြိမ် ဖြစ်ခဲ့ဖူးတယ်၊ အဲဒီ ပြဿနာ၊ ကျနော်တို့ကတော့ အတင်းအဓမ္မ အလုပ် ခိုင်းစေ မှုလည်း မရှိဘူး၊ လုပ်အားပေးလည်း မရှိဘူး။ ကျနော်တို့က စိုက်ပဲ စိုက်တာ၊ ခုတ်တဲ့ စရိတ်၊ စိုက်ပျိုးတဲ့ စရိတ်က ကျ နော်တို့ ထုတ်ပေးတာ”ဟု ဦးတိုးနိုင်မန်းက ဆိုသည်။

ဦးကျော်လင်းကမူ“သူတို့ ကျွန်းခင်းကိုမှ စိုက်မပေးဘူးဆိုရင် ကျနော်တို့ လယ်ယာမြေကို အပြီး စွန့်ခွာဖို့ မောင်းထုတ်ပါတယ်။ အဓမ္မ ခြိမ်းခြောက် ပါတယ်။ ကျနော်တို့ လယ်ယာမြေ မစွန့်ခွာလို့ ခြိမ်းခြောက်ဖို့ ခလရ ၇၁ က စစ်သားတွေ၊ နောက် ရဲတွေလည်း ခေါ်လာတယ်။ သစ်တောဌာနက တောအုပ်၊ တောခေါင်းတွေလည်း ခေါ်လာတယ်။ စစ်ကြောင်းဆိုပြီး ကျနော် တို့ကို ခြိမ်းခြောက်ပြီး ခိုင်းတယ်”ဟု ပြောဆိုသည်။

ပဒဲ ကျေးရွာ စိုက်ခင်းတာဝန်ခံ တပ်ကြပ်ကြီး တင်မောင်ဆွေက ခြိမ်းခြောက်၍ ဒေသခံများက ၄င်းတို့ နယ်မြေ မစွန့်နိုင် သောကြောင့် ကျွန်းစိုက်ခင်းများကို နှစ်နှင့်ချီကာ စိုက်ပျိုးပေးခဲ့ရကာ ယခုအထိ ဧက ၂၈၅ ဧက ကျော် ရှိကြောင်း သူ က ဆက် ပြောသည်။

“၂၀၁၀ မှာတော့ တောင်သူတဦးကို ကျွန်း ၄ ဧကစီ နဲ့ တောင်သူ ၅၀ က ထပ်ပြီး စိုက်ပေးခဲ့ရတယ်။ ပြောရရင် ၂၀၀၉၊ ၂၀၁၀ မှာ စုစုပေါင်း ကျွန်းခင်း ဧက ၂၈၅ ဧကကို ကျနော်တို့ စိုက်ပေးခဲ့ရပါတယ်”ဟု ဦးကျော်လင်းက ပြောသည်။

ထိုကဲ့သို့ အဓမ္မ လုပ်အားပေးခဲ့ရသည့်အတွက် လုပ်အားခ နစ်နာကြေး စုစုပေါင်း ကျပ် သိန်း ၁၅၀ နီးပါး ရှိကြောင်း လည်း သူက ရှင်းပြသည်။

“တန်ရာတန်ကြေး လုပ်အား တန်ကြေး မရဘဲနဲ့ အဓမ္မ လုပ်အားပေးခဲ့ရတာပါ။ ကျွန်းခင်း မပြီးမချင်း တနှစ်လုံးပဲ လုပ် အား ပေးခဲ့ရတယ်။ စုစုပေါင်း လုပ်အားခက ကာလ ပေါက်ဈေး အနည်းဆုံး သိန်း ၁၄၀၊ ၁၅၀ လောက်ရှိပါမယ်။ တဧက ကို ၄ သောင်း ၅ ထောင်လေ”ဟု ဦးကျော်လင်း က ဆိုသည်။

သို့သော် အဆိုပါ စရိတ်များ အပြည့်အ၀ မရခဲ့၍ ရန်ကုန်မြို့တွင် အခြေစိုက်သည့် ILO ရုံးသို့ ၂၀၁၁ ခုနှစ်က ၂ ကြိမ် တိုင် ဒေသခံများက တိုင်ကြားမှုများရှိပြီးနောက် အဓမ္မခိုင်းစေမှု အနည်းငယ် သက်သာ သွားခဲ့ကြောင်း၊ သို့သော် ကျွန်း စိုက်ခင်း နယ်မြေတွင်းက ဒေသခံ
များ၏ မြေယာများ ယခုအထိ ပြန်မရကြသေးကြောင်း ဦးကျော်လင်း က ပြောသည်။

ဦးတိုးနိုင်မန်းက“အဓိက ဒီလိုဖြစ်တာ ကျနော်တို့က ရွာတွေကို တရားဝင် ရွာတွေ အဖြစ် ၀ိုင်းပြီး ကူပြီး တော့ ထွေ/အုပ် နဲ့ ပြန်ညှိပြီး လျှောက်တဲ့ အခါကျတော့ သစ်တောမြေထဲမှာ ရွာမြေဖြစ်အောင် ကျနော်တို့က ၀ိုင်း လုပ်ပေးတာပေါ့။ သစ်တောထဲမှာ ကျူးနေတဲ့ အဖွဲ့တွေက အခု ရွာမြေဖြစ်လာတော့ သူတို့က ကျနော်တို့နဲ့ တွဲပြီးစိုက်ထားတဲ့ ဟာတွေကို သူတို့ မြေပုံစံမျိုး ဖြစ်အောင် လုပ်ချင်တဲ့ အခါကျတော့၊ တချို့ သိပ် နားမလည်တဲ့အခါကျတော့ မြှောက်ပေးတဲ့ အုပ် စု တွေ ရှိတယ်”ဟု ဧရာဝတီကို ရှင်းပြသည်။

ဆက်လက်ပြီး ဦးတိုးနိုင်မန်းက ၄င်းတို့အနေဖြင့် ကျွန်းစိုက်ဧက ၄၀၀ ကျော်သာ ရှိကြောင်း၊ လယ်မြေ၊ ယာမြေလည်း မရှိကြောင်း၊ ကျွန်းစိုက်ခင်းဒေသတွင် ကျေးရွာ ၇ ရွာ ရှိပြီး စာသင်ကျောင်း ၇ ကျောင်း ဆောက်ပေးထားကာ ဒေသခံ ကျောင်းဆရာ ဆရာမ ၂၇ ဦး ခန့်ပေးထားကြောင်း၊ အဆိုပါ ကျေးရွာများအတွက် ကျန်းမာရေး၊ ပညာရေး၊ ရေ ရရှိရေး များ လုပ်ဆောင် ပေးထားကြောင်း ပြောသည်။

ဦးတိုးနိုင်မန်း၏ ပုဂ္ဂလိက ကျွန်းစိုက်ခင်းသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ အရှေ့ရိုးမ ကြိုးဝိုင်းအတွင်း ဧကပေါင်း ၁၁၇၆ ဧက ဖြင့် စိုက်ပျိုးခွင့် ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအနေဖြင့် အဆိုပါကျွန်းစိုက်ခင်းများသည် ဝေးလံခေါင်သီပြီး စိုက်ပျိုးမှုအဆင်မပြေဖြစ်၍ မူလစီမံကိန်း၏ လျာထား ချက် အပြည့် မလုပ်နိုင်၍ ရပ်တန့်ထားကာ ကျန် ကျွန်းစိုက်မည့် နယ်မြေများကို နိုင်ငံတော်သို့ ပြန်လည် အပ်နှံလိုက်ပြီ ဖြစ်ကြောင်းလည်း ဦးတိုးနိုင်မန်းက ရှင်းပြသည်။

“ပထမ စီမံကိန်းတုန်းက ဧက ၂ ထောင်လောက် လုပ်ဖို့ စီမံကိန်းက နောက် ဘယ်လိုမှ လုပ်လို့ အဆင်မပြေတာနဲ့ ကျနော်တို့ ဧက ၄၀၀ နဲ့တင် ရပ်ထားလိုက်တာ၊ ကျန်တာ ပြန်အပ်ထားလိုက်ပြီ။ ထိန်းသိမ်းတဲ့ လုပ်ငန်းလောက်ပဲ ရှိတယ်”ဟု သူက ဆိုသည်။

ယခုနှစ် နှစ်ဆန်းမှ စ၍ စစ်ဆေး ရေးအဖွဲ့များ ရောက်ရှိလာပြီး ဒေသခံ
များအား လယ်ယာမြေ ချဲ့ထွင်ခြင်း၊ တောင်ယာ ခုတ်ထွင်ခြင်း မလုပ်ရန် ဟန့်တား ကန့်သတ်မှုများ လုပ်ကာ အဆိုပါ ကျွန်း စိုက်ခင်းအတွက်
သာ တောင်ယာ ခုတ်ထွင် ခွင့် ရှိကြောင်း အာဏာပိုင်းများက ပြောဆို
သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ကိစ္စများကို သိလို၍ ဒေသဆိုင်ရာ သစ်တောဌာန နှင့် အထွေထွေ အုပ်ချုပ်ရေးမှူး တို့အား ဆက်သွယ်ခဲ့ သော် လည်း အဆက်အသွယ် မရခဲ့ပေ။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံတွင် ကျွန်းပင်များသည်
နိုင်ငံတော်ပိုင်ဖြစ်သည်ဟုသာ ယခင်က ကျင့်သုံးခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများက ဖော်ပြထားသည်။

သို့သော် ယခု ကျင့်သုံးနေသော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေတွင် ကျွန်းပင်များနှင့် ပတ်သက်၍ ပုဂ္ဂလိကပိုင် ရှိ၊ မရှိ ကိစ္စ ကို ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် ကျွန်းပင်များကို စိုက်ခင်းအဖြစ် ပျိုးထောင်စိုက်ပျိုးမှုသည် အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲ အပြီး ၁၈၅၆ ခုနှစ်က စတင်ကာ
အောက်မြန်မာနိုင်ငံ ဗြိတိသျှအစိုးရက ဂျာမန် ရုက္ခဗေဒ ပညာရှင်
ဒေါက်တာ ဘရန်ဒစ်ကို ငှားရမ်း ၍ ပထမဆုံး ကျွန်းစိုက်ခင်း ဖော်ထုတ် စိုက်ပျိုးခဲ့သည်ဟု မှတ်တမ်းများက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် သစ်တောများ ပြုန်းတီးမှုနောက်တွင် တန်ဖိုးရှိ ကျွန်းသစ်ပင်များ နောင်အနာဂတ်တွင် ပေါများလာ စေ ရေးအတွက် ယခင်စစ်အစိုးရများ လက်ထက်က စတင်ကာ တနိုင်တပိုင် ပုဂ္ဂလိက ကျွန်းစိုက်ပျိုးမှုနှင့် ကုမ္ပဏီများ၏ စိုက်ပျိုးခွင့်များ ချမှတ်ထားပြီး ယခုအခါ ပုဂ္ဂလိက ကျွန်းစိုက်ခင်း ဧကပေါင်း ၄၈၆၉၀ ဧက ရှိသည်ဟု သိရသည်။

ဧရာဝတီ
မကွေးတိုင်း သရက်ခရိုင် အောင်လံမြို့နယ်ရှိ မြန်မာ့စွမ်းပကား စက်မှုကုမ္ပဏီ၏ ပုဂ္ဂလိက ကျွန်းစိုက်ခင်း လုပ်ကိုင်ရာ၌ မြေယာသိမ်းဆည်းမှုနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှုများ ရှိသည်ဟု ဒေသခံများ က ပြောဆိုသည်။

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက်ရှိ အမှတ်(၆) အခြေခံ ပညာ အထက်တန်းကျောင်း ရတနာ မွန် ခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီ က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား

အင်းဆုံစည်းရာနေ့မှ အင်းအမျိုးသားနေ့ အသွင်ကူးပြောင်းနိုင်ရန် စီစဉ်လျက်ရှိ

အင်းသူ၊ အင်းသားတို့ ဆုံစည်းကြသည့် အင်းဆုံစည်းရာနေ့ ကျင်းပခြင်းခ မှနောက်နောင်တွင် အင်းအမျိုး သားနေ့ အသွင်ကူးပြောင်းကျင်းပ သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း အင်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ပြောဆိုသည်။

ရီးယဲလ်တွင် တိုက်စစ်မှူးအဖြစ် ဘေးလ်ကစားရဖွယ်ရှိနေ

Photo: ရီးယဲလ်တွင် တိုက်စစ်မှူးအဖြစ် ဘေးလ်ကစားရဖွယ်ရှိနေ
Tuesday, September 10, 2013

ရီးယဲလ်မက်ဒရစ် အသင်းတွင် ဂါရတ်သ်ဘေးလ် အနေဖြင့် တိုက်စစ် မှူး နေရာကို တာဝန်ယူရဖွယ် ရှိနေကြောင်း အသင်း၏ လက်ထောက် နည်းပြ ပေါလ်ကလီးမန့်က အရိပ်အမြွက် ပြောကြားလိုက်သည်။

အပြောင်းအရွှေ့ ဈေးကွက်ပိတ်ရက်တွင် တော့တင်ဟမ် ဟော့စပါးမှ စပါးသို့ ကူးပြောင်းလာသည့် ဝေလ လက်ရွေးစင် ဘယ်တောင်ပံ တိုက်စစ်သမားသည် လက်ရှိအချိန်တွင် ရီးယဲလ် အတွက် တစ်ပွဲမျှ မကစားရသေးချေ။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၆)သန်းဖြင့် ဝယ်ယူခဲ့သော ဘေးလ်အနေဖြင့် ဘာနေဗျူးတွင် ၎င်းအားအသန်ဆုံး ဘယ်တောင်ပံလူ နေရာထက် အတွင်းဝင်ကာ ဗဟိုတိုက်စစ်မှူးအနေဖြင့် ကစားရဖွယ် ရှိနေကြောင်း သိရသည်။ လတ်တလောတွင် ရီးယဲလ်၌ တိုက်စစ်မြားဦးစစ်စစ် ကစားသမားဟူ၍ ကီရင် ဘန်ဇီးမား တစ်ဦးသာ ရှိသည်။

အသက်(၂၄)နှစ်ရှိ ကစားသမားကို အသုံးပြုနိုင်ခြေနှင့် ပတ်သက်ပြီး BBCက ကလီးမန့်ကို မေးမြန်းရာ ၎င်းက "ဘေးလ်ဟာ ဂိုးသွင်းနိုင်တဲ့ ပါရမီမျိုးရှိတယ်။ အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ ဖန် တီးပေး တဲ့ စွမ်းရည်လည်း မြင့်တယ်။ နောက်ပိုင်းမှာ သူဟာ ဗဟိုကို ပိုပြီး ချဉ်းကပ် ကစားလာတာ သတိထားမိပါတယ်။ ဘေးလ်က စွယ်စုံရတဲ့ ကစားသမားပါ။ ကျွန်တော်တို့ လိုလားတဲ့ နေရာမှာ သူကစားနိုင်ပါလိမ့်မယ်"ဟု ဖြေကြား ခဲ့သည်။ ၎င်းက ဆက်လက်၍ "နည်းပြ ကာလိုအန်ဆလော့တီ မှာ ဘေးလ်အတွက် ရှင်းလင်းတဲ့ စိတ်ကူးတစ်ခုတော့ ရှိပြီးသားပါ။ ကျွန်တော်တို့မှာ စိတ်လှုပ် ရှားစရာ ကစား သမားကောင်းတွေ ပိုင် ဆိုင်ထားပါပြီ။ ဘန်ဇီးမားမှာ သိပ်ကို ထင်ရှားတဲ့ အရည် အသွေးကောင်းတွေ ရှိပါတယ်။ အစ္စကိုက ကွင်းလယ်လူ ဆိုပေမယ့် (၃)ဂိုး သွင်းထားပြီးပြီ။ သူတို့နဲ့ ဘေးလ် ဘယ်လို တွဲကစားမယ် ဆိုတာက စိတ်လှုပ်ရှားစရာပါပဲ"ဟုလည်း မှတ်ချက်ပြုသွားသည်။

Planet Myanmar Network
ရီးယဲလ်မက်ဒရစ် အသင်းတွင် ဂါရတ်သ်ဘေးလ်အနေဖြင့် တိုက်စစ်မှူးနေရာကို တာဝန်ယူရဖွယ် ရှိနေကြောင်း အသင်း၏လက်ထောက်နည်းပြ ပေါလ်ကလီးမန့်က အရိပ်အမြွက် ပြောကြားလိုက်သည်။

ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး အတည်ပြုလက်မှတ်ရေးထိုး

ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည်သတ် မှတ်ပေး ရန် ထောက်ခံထားသော ရခိုင်တိုင်းရင်းသားများ၏ အဆိုပြုချက်ကို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အတည်ပြုကြောင်း လက်မှတ်ရေးထိုးခဲ့သည်။

ကုလသမဂ္ဂမှ ကချင်ဒုက္ခသည် ၃၀၀၀ အတွက် တစ်လစာရိက္ခာ သွားရောက်ထောက်ပံ့

ကုလသမဂ္ဂလက်အောက်မှ အဖွဲ့အစည်းများ ပူးပေါင်း၍ ကချင် လွတ် လပ်ရေး အဖွဲ့ (KIO) ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ ဒုက္ခသည် စခန်းတစ်ခုသို့ လူ ၃၀၀၀ အတွက် စားနပ်ရိက္ခာတစ်လစာကို စက်တင်ဘာ ၇ ရက် က သွားရောက်ထောက်ပံ့ခဲ့ကြောင်း ရန်ကုန်ရှိ ကုလ သမဂ္ဂ ပြောရေး ဆိုခွင့် ရှိသူ ဦးအေးဝင်းက ပြောကြားသည်။

မော်စကို မြို့တော်ဝန် ရွေးပွဲ ရလဒ်ကို ဆန္ဒပြကြ

Photo: မော်စကို မြို့တော်ဝန် ရွေးပွဲ ရလဒ်ကို ဆန္ဒပြကြ
 Tuesday, September 10, 2013

ရုရှား နိုင်ငံက မော်စကို မြို့တော်မှာ အစိုးရ ဆန့်ကျင်သူ တယောက် ဖြစ် တဲ့ အလက်စီ နဗာလ်နီနဲ့ သူ့ကို ထောက် ခံသူ ထောင်ပေါင်း များစွာ ဟာ မော်စကို မြို့တော်ဝန် ရွေးကောက်ပွဲ ရလဒ် တွေနဲ့ ပတ်သက်လို့ မကျေနပ် ကြောင်း ဆန့်ကျင်တဲ့ အနေနဲ့ ချီတက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

အဲဒီ ဆန္ဒပြ သူတွေက မစ္စတာ နဗာလ်နီရဲ့ နာမည်ကို ကြွေးကြော်ရင်း ချီတက် ဆန္ဒပြခဲ့ကြတာပါ။

အဲဒီ မြို့တော်ဝန် ရွေးကောက်ပွဲမှာ ကရင်မလင် အစိုးရ လိုလားသူ လက်ရှိ မြို့တော်ဝန် ဆာဂေ ဆော့ဗျန်နင် က မဲ အားလုံးရဲ့ ၅၁ ရာခိုင်နှုန်း ရရှိခဲ့ပါ တယ်။

မစ္စတာ နဗာလ်နီကတော့ ၂၇ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။

အဲဒါကြောင့် မစ္စတာ နဗာလ်နီက ဒီရွေးကောက်ပွဲမှာ မဲမသမာ မှုတွေ ရှိခဲ့တယ် ဒါကြောင့် ဒုတိယ အကြိမ် ရွေးကောက်ပွဲ တခု ပြန်လုပ်သင့် တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မော်စကို ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဒီရွေးကောက်ပွဲမှာ စည်းကမ်း ချိုးဖောက်မှု ကြီးကြီးမားမား မတွေ့ခဲ့ရတဲ့ အတွက် ဒီလို လုပ်ဖို့ မလိုအပ်ဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။

BBC
ရုရှား နိုင်ငံက မော်စကို မြို့တော်မှာ အစိုးရ ဆန့်ကျင်သူ တယောက် ဖြစ် တဲ့ အလက်စီ နဗာလ်နီနဲ့ သူ့ကို ထောက် ခံသူ ထောင်ပေါင်း များစွာ ဟာ မော်စကို မြို့တော်ဝန် ရွေးကောက်ပွဲ ရလဒ် တွေနဲ့ ပတ်သက်လို့ မကျေနပ် ကြောင်း ဆန့်ကျင်တဲ့ အနေနဲ့ ချီတက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

၁၃ နှစ်အရွယ် ကျောင်းသူလေးအား ၄င်း၏ အဖွားမောင် မှ အဓမ္မပြုကျင့်

 ဒီပဲယင်းမြို့နယ်၊ နများကျေးရွာ အမိ ဒေါ်ယု၏ သမီး မအိအိစိုး (၁၃)နှစ် သတ္တမတန်းကျောင်းသူ ကိုယ်ဝန် ရှိသဖြင့် အဖိုး၊ အဖွားဖြစ်သူ ဦးကျော်မင်း၊ ဒေါ်မြင့်ကြည်တို့မှ သက်ဆိုင်ရာ ညောင်လှ ရဲကင်းသို့ တိုင်ကြားထားကြောင်း သိရှိရပါတယ်။

အသက်(၈)နှစ်အရွယ် ကလေးသတို့သမီး မင်္ဂလာဦးည၌ သေဆုံး

ဆော်ဒီအာရေဗျနိုင်ငံ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် Yemen တွင် အသက်(၈)နှစ်အရွယ် ကလေး သတို့ သမီး တစ်ဦး သည် ၎င်း၏မင်္ဂလာဦးည၌ သေဆုံးသွားခဲ့ရကြောင်း သိရသည်။

ထောင်တွင်း နှစ်ဦးသဘောတူ လိင်ဆက်ဆံမှုကြောင့် မိန်းမလျာအကျဉ်းသားအား ခွဲခြားထားရ

ဗြိတန်နိုင်ငံ Howard League for Penal Reform အကျဉ်းထောင်တွင် မိန်းမလျာ အကျဉ်းသားတစ်ဦးက ထောင်တွင်းရှိ အကျဉ်းသားများဖြင့် နှစ်ဦးသဘောတူ လိင်ဆက်ဆံခြင်းအား ကင်မရာမှတ်တမ်းများမှ တဆင့် တွေ့ရှိရသောသောကြောင့် ၎င်းမိန်းမလျာ အကျဉ်းသားအား ခွဲထားရပြီး စည်းကမ်းပြန်လည်ချထားဖို့ရှိကြောင်း သိရသည်။

ဝမ်ဇက်၏ နောက်ကျ ဖရီးကစ်ကြောင့် မလေးရှားကို မြန်မာအသင်း ရှုံးနိမ့်

ယနေ့ ညဦးပိုင်းက မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် မာဒေးကား ဖလားပြိုင်ပွဲ၏ ဒုတိယမြောက်နေ့ ဒုတိယပွဲစဉ်တွင် မြန်မာအသင်းက အိမ်ရှင်မလေးရှား အသင်းကို အရေးနိမ့်ခဲ့ကြောင်း သိရသည်။ မြန်မာ အသင်းသည် ပွဲချိန် (၃၈)မိနစ် ကတည်းက ကွင်းလယ်လူ နေလင်းထွန်း၏ ခေါင်းတိုက်ဂိုးဖြင့် ပွဲကို ဦးဆောင် နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးနှင့် အနိုင်ဂိုးများကို ပေးခဲ့ရကာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

"ဘုရားရှိခိုးရသော အကျိုး (၁၇) ပါး"

Photo: Tuesday, September 10, 2013

တန်းတူတွေ့လျှင် မေတ္တာဝင်
မဝင်နိုင်က ပြိုင်တတ်တယ်။
ပြိုင်မည့်အစား မေတ္တာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

နိမ့်တူတွေ့လျင် ကရုဏာဝင်
မဝင်နိုင်က နိုင်တတ်တယ်။
နိုင်မည့်အစား ကရုဏာပွား
စိတ်ထားပြုပြင် ပြောင်းပါမယ်။

မြင့်သူတွေလျှင် မုဒိတာဝင်
မဝင်နိုင်က ရွဲ့တတ်တယ်။
ရွဲ့မည့်အစား မုဒိတာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

မိုက်သူတွေ့လျှင် ဥပေက္ခာဝင်
မဝင်နိုင်က မဲ့တတ်တယ်။
မဲ့မည့်အစား ဥပေက္ခာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

စိတ်ကိုလည်းပြင် ရုပ်လည်းပြင်
ပြင်ဆင်တိုင်းရ ပြုတိုင်းလှ
သုခနိဗ္ဗာန် တိုင်လိမ့်မယ်။
သုခနိဗ္ဗာန် တိုင်လိမ့်မယ်။

နှလုံးသားအာဟာရ
၁။ သူတစ်ပါးတို့  ရှိခိုးခံထိုက်ခြင်း။

မန္တလေးတွင် ညပိုင်းယာဉ်မောင်းများကို အရက်မူးတိုင်း ကိရိယာဖြင့် စတင်အရေးယူ

Photo: မန္တလေးတွင် ညပိုင်းယာဉ်မောင်းများကို အရက်မူးတိုင်း ကိရိယာဖြင့် စတင်အရေးယူ
Tuesday, September 10, 2013

မန္တလေးတွင် ညပိုင်းအချိန်တွင် ယာဉ်မောင်းများကို အရက်မူးတိုင်း ကိရိယာ Alcohol Tester ဖြင့် အရေးယူမှု စတင်နေပြီ ဖြစ်ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။ညပိုင်းအချိန်တွင် ကားနှင့် ဆိုင်ကယ်များ ကို မူးယစ်သောက်စားပြီး အဆင်ခြင်မဲ့ မောင်းနှင်မှုများအား အရေးယူနိုင်ရန် သြဂုတ်လ အတွင်းက စတင်၍ ကားများသာမက ဆိုင်ကယ်များပါ အဆက်မပြတ် စစ်ဆေးခဲ့ကြောင်း သိရသည်။ သို့သော် စစ်ဆေးနေမှု အဆင့်သာရှိပြီး အရေးယူရသည့် ဖြစ်စဉ်မရှိခဲ့သဖြင့် စစ်ဆေး သည့်အချိန် ပြောင်းလဲခဲ့ကြောင်း ညစဉ် Alcohol Tester ဖြင့် စစ်ဆေးရာတွင် ဦးဆောင်ပါဝင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ဒုရဲမှူးတစ်ဦးက ပြောကြားသည်။

''ည ၇ နာရီလောက် စစ်တော့ မတွေ့ရဘူး။ ဒါနဲ့ ည ၉ နာရီ နောက်ပိုင်း ပြောင်းစစ်လိုက်တော့မှ အရက်အလွန်အကျွံမူးပြီး ယာဉ်မောင်းတဲ့ သူတွေကို အရေးယူ နိုင်တာပါ။ အဲဒီအချိန်လောက်မှပဲ ဘီယာဆိုင်၊ အရက်ဆိုင် တွက ပြန်လာချိန်တွေ ဆိုတော့ ပိုပြီးထိရောက်ပါတယ်။ ကိရိယာရဲ့ ဒသမ ၇ သတ်မှတ်နှုန်း တိုင်းထက် ကျော်လွန်ရုံ သာမကဘဲ ဒသမ ၁၀၀ ကျော်အောင်ထိ မူးနေတဲ့သူ နှစ်ဦးကိုတော့ ခေါင်းကို မထောင်နိုင်အောင် ဖြစ်နေလို့ မဖြစ်မနေ အရေးယူပါတယ်။ တချို့ ကိရိယာမှာ အရက်သောက် ထားကြောင်း ပြပေ မယ့်လည်း အလွန်အကျွံ မဟုတ်ရင် အရေးမယူပါဘူး'' ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ဒုရဲမှူး မိုးညွန့်ထွန်းက ဆိုသည်။

Alcohol Tester ဖြင့် ညပိုင်းအချိန် စစ်ဆေးမှုများတွင် ဆိုင်ကယ်မောင်းသူ အချို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရှောင်တခင် စစ်ဆေးသည် ထင်သဖြင့် ထွက်ပြေးမှုများ ရှိကြောင်း၊ ထိုသို့ မဖြစ်စေရန်အတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ အပါအ၀င် လုံခြုံရေးများပါ ပူးပေါင်းဆောင်ရွက် ရကြောင်း ပြောကြားခဲ့သည်။

''ညပိုင်း ဆိုင်ကယ်ဦးထုပ် မဆောင်းတာကျတော့ ယာဉ်ထိန်းရဲကတားရင် လန့်ပြီး မောင်းပြေးကြတယ်။ ဒါကြောင့် အင်အား အပြည့်ဝိုင်းပြီး တားရသလို Alcohol Test စစ်တာပါ။ အရေးမယူပါဘူးဆိုပြီး ပါးစပ်ကနေ အော်ပြောပေး မှ ရပ်ကြတယ်။ဒါမှမဟုတ်ရင် မောင်းပြီးအက်စီးဒင့် ဖြစ်တာမျိုးတွေ ဖြစ် တတ်လို့ပါ'' ဟု ဒုရဲမှူး မိုးညွန့်ထွန်းက ဆက်လက် ပြောကြားခဲ့သည်။

မန္တလေးမြို့တွင် စက်တင်ဘာ ၈ ရက်ညက ယာဉ်မောင်းများအား အရက်မူးတိုင်းစက်ဖြင့် စစ်ဆေးစဉ်

Eleven Media Group
မန္တလေးတွင် ညပိုင်းအချိန်တွင် ယာဉ်မောင်းများကို အရက်မူးတိုင်း ကိရိယာ Alcohol Tester ဖြင့် အရေးယူမှု စတင်နေပြီ ဖြစ်ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။ညပိုင်းအချိန်တွင် ကားနှင့် ဆိုင်ကယ်များ ကို မူးယစ်သောက်စားပြီး အဆင်ခြင်မဲ့ မောင်းနှင်မှုများအား အရေးယူနိုင်ရန် သြဂုတ်လ အတွင်းက စတင်၍ ကားများသာမက ဆိုင်ကယ်များပါ အဆက်မပြတ် စစ်ဆေးခဲ့ကြောင်း သိရသည်။ သို့သော် စစ်ဆေးနေမှု အဆင့်သာရှိပြီး အရေးယူရသည့် ဖြစ်စဉ်မရှိခဲ့သဖြင့် စစ်ဆေး သည့်အချိန် ပြောင်းလဲခဲ့ကြောင်း ညစဉ် Alcohol Tester ဖြင့် စစ်ဆေးရာတွင် ဦးဆောင်ပါဝင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ဒုရဲမှူးတစ်ဦးက ပြောကြားသည်။

ရိုးဖြောင့်မှန်ကန်မှု မရှိပါက တည်ဆဲဥပဒေများနှင့် အရေးယူနိုင်ပြီ ဖြစ်သည့် အတွက် နောက်ထပ်ဥပဒေများ ပြဋ္ဌာန်းရန် မလိုကြောင်း အသင်းအဖွဲ့များ ထုတ်ပြန်


Photo: ရိုးဖြောင့်မှန်ကန်မှု မရှိပါက တည်ဆဲဥပဒေများနှင့် အရေးယူနိုင်ပြီ ဖြစ်သည့် အတွက် နောက်ထပ်ဥပဒေများ ပြဋ္ဌာန်းရန် မလိုကြောင်း အသင်းအဖွဲ့များ ထုတ်ပြန်
Tuesday, September 10, 2013

တရားဥပဒေ စိုးမိုးမှုရှိသော နိုင်ငံတစ်နိုင်ငံတွင် တည်ဆဲဥပဒေအရ မည်သည့် အဖွဲ့အစည်းမဆို ရိုးဖြောင့်မှန်ကန်မှု မရှိပါက တည်ဆဲဥပဒေများအရ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ် နိုင်ခြင်းများ ရှိသည့်အတွက် အသင်းအဖွဲ့များအတွက် ထပ်မံ၍ နှစ်ထပ်ကွမ်း ဥပဒေပြဋ္ဌာန်းရန် လိုအပ်သည်ဟု မယုံကြည်ကြောင်း နိုင်ငံလုံးဆိုင်ရာ အသင်းအဖွဲ့များက စက်တင်ဘာ ၈ ရက်တွင် ဘုံသဘောထား ကြေညာချက် ထုတ်ပြန်ရာ၌ ထည့်သွင်း ဖော်ပြခဲ့သည်။

ဇူလိုင် ၂၇ ရက်က အစိုးရက ထုတ်ပြန်ခဲ့သည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းအပေါ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အသင်းအဖွဲ့များမှ စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့ နာရေးကူညီမှု အသင်းတွင် ကန့်ကွက်သည့် အခမ်းအနား ပြုလုပ်ခဲ့ပြီး ဘုံသဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အချက်ရှစ်ချက် ပါဝင်ပြီး ဥပဒေအသစ် မဖြစ်မနေ ပြဋ္ဌာန်းမည် ဆိုပါက မှတ်ပုံတင်ခြင်းထက် သက်ဆိုင်သည့် အပိုင်းထက် မပိုသင့်ကြောင်းနှင့် မှတ်ပုံမတင်မနေရ မဟုတ်ဘဲ မှတ်ပုံတင်လိုက တင်နိုင်ကြောင်း၊ အသင်းအဖွဲ့ လှုပ်ရှားမှုကို ကန့်သတ်ချုပ်ချယ်ခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ် သတ်မှတ်ခြင်းများ မပြုလုပ်ရန်၊ ထို့အပြင် ဥပဒေပြဋ္ဌာန်းချက်များ၏ နောက်ဆက်တွဲ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ မလိုလားအပ်သော ထိန်းချုပ်မှုများ မပြုလုပ်ရန် စသည့်အချက်များ ကြေညာချက် တွင် ဖော်ပြခဲ့သည်။

စိုးမိုးရေးအတွက် ပြည်သူတို့ မလိုက်နာနိုင်သော ၁၉၈၈ ခုနှစ် အသင်းအ ဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို အမြန်ဆုံး ပယ်ဖျက်ပေး ရန်နှင့် ခေတ်အဆက်ဆက်တွင် အကြောင်းကြောင်းကြောင့် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းကို ကန့်သတ်ထိန်းချုပ်ခြင်း ပြုသည် ကို တွေ့ရကြောင်း...
 
အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို အစိုးရက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းများကို ကန့်သတ်ချုပ် ချယ်သည့် ဥပဒေဖြစ်နေခြင်းကြောင့် စတင်ထုတ်ပြန်သည့် အချိန်ကပင် ကန့်ကွက်မှုများရှိခဲ့ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းများ ပါဝင်ရေးဆွဲသော ဥပဒေသစ် ထပ်မံရေးဆွဲပေးရန်နှင့် လက်ရှိတင်ပြ ထားသည့် ဥပဒေကြမ်းအား လွှတ်တော်လုပ်ထုံး လုပ်နည်းများအရ ဆွေးနွေးခြင်း၊ အတည်ပြုခြင်း လုပ်ငန်းများအား ရပ်ဆိုင်းပေးရန် တောင်းဆိုမှုများ ရှိခဲ့သည်။

တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူတို့ မလိုက်နာနိုင်သော ၁၉၈၈ ခုနှစ် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို အမြန်ဆုံး ပယ်ဖျက်ပေး ရန်နှင့် ခေတ်အဆက်ဆက်တွင် အကြောင်းကြောင်းကြောင့် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းကို ကန့်သတ်ထိန်းချုပ်ခြင်း ပြုသည်ကို တွေ့ရကြောင်းနှင့် ယခုအစိုးရသစ် လက်ထက်တွင် အတည်ပြုပြဋ္ဌာန်းပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထိုသို့ ကန့်ကွက်မှုများ ပြုလုပ်ခွင့်ရှိသည်ဟု မယုံကြည်ကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းထားသည်။

၁၉၈၈ ခုနှစ် န၀တ အစိုးရလက်ထက်တွင် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေ တွင် ပြစ်ဒဏ်အနေဖြင့် ထောင် ဒဏ်ငါးနှစ်အထိ ပါဝင်ခြင်း၊ ပြည်ထဲရေးနှင့် သာသနာရေးတို့တွင် မှတ်ပုံတင်ရာ တွင် တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားခြင်းများဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းကို ကန့်သတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group
တရားဥပဒေ စိုးမိုးမှုရှိသော နိုင်ငံတစ်နိုင်ငံတွင် တည်ဆဲဥပဒေအရ မည်သည့် အဖွဲ့အစည်းမဆို ရိုးဖြောင့် မှန်ကန်မှု မရှိပါက တည်ဆဲဥပဒေများအရ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ် နိုင်ခြင်းများ ရှိသည့် အတွက် အသင်းအဖွဲ့များအတွက် ထပ်မံ၍ နှစ်ထပ်ကွမ်း ဥပဒေပြဋ္ဌာန်းရန် လိုအပ်သည်ဟု မယုံကြည်ကြောင်း နိုင်ငံလုံး ဆိုင်ရာ အသင်းအဖွဲ့များက စက်တင်ဘာ ၈ ရက်တွင် ဘုံသဘောထား ကြေညာချက် ထုတ်ပြန်ရာ၌ ထည့်သွင်း ဖော်ပြခဲ့သည်။

မှောင်ခိုပစ္စည်းများ ဖမ်းဆီးမိပါက ထောင်ဒဏ်နှင့် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းဖြင့် အရေးယူမည်

8.1.1
ပညာပေး ကာလအတွင်း တရားမ၀င် ကုန်သွယ်မှု တားဆီးရေးအဖွဲ့က ၀ါးတန်းဆိပ်ကမ်းတွင် စစ်ဆေးနေစဉ်
တရားမ၀င် တင်သွားလာသည့် မှောင်ခိုပစ္စည်းများ ဖမ်းဆီးရမိပါက ယခင်က ပိုင်ရှင်မှ ဒဏ်ကြေး ပေးဆောင် ကာ ပစ္စည်းပြန်လည် ရယူနိုင်သည့်စနစ် ရှိခဲ့သော်လည်း ယခုအခါ ပို့ကုန်သွင်းကုန် ဥပဒေပါ ထောင်ဒဏ်နှင့် သက်သေခံ ပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းဖြင့် အရေးယူမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရုံးမှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘာသာရေးနှင့် အမျိုးသားရေးကို အခြေခံသော နိုင်ငံရေး ပါတီတစ်ခု ထူထောင်မည် ဆိုသော သတင်းမမှန်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဘာသာရေးနှင့် အမျိုးသားရေးကို အခြေခံသော နိုင်ငံရေး ပါတီတစ်ခု ထူထောင်မည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုသတင်း မှန်ကန်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ တာဝန်ရှိသူ တစ်ဦးက ငြင်းဆိုခဲ့သည်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံ၏ ရထားလမ်းပိုင်း ပထမဆုံး အဆင့်မြှင့်တင်မှု ရန်ကုန်-ပဲခူး လမ်းပိုင်းတွင် ပြုလုပ်မည်

8.1.1
ရန်ကုန်မြို့ အတွင်းရှိ ရထားလမ်းပိုင်း တစ်နေရာအား တွေ့ရစဉ်
ဂျပန်နိုင်ငံက မြန်မာနိုင်ငံ၏ ရထားလမ်းပိုင်း ပထမဆုံး အဆင့်မြှင့်တင်မှုကို ရန်ကုန်- ပဲခူး လမ်းပိုင်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာမီးရထား ၀န်ကြီးဌာနမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။

ဖက်ဒရယ်အခြေပြု ပြည်နယ်ပိုင်းခြား သတ်မှတ်ရေးကိစ္စ သက်ဆိုင်ရာ ပြည်နယ်များမှ လူများစု တိုင်းရင်းသားများ၏ သဘောထားကို ကြည့်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

8.1.1
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးအပြီး ဒေါ်အောင်ဆန်းစုကြည်အား စက်တင်ဘာ  ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဇင်ဘိုလွင်)
ဖယ်ဒရယ်အခြေပြု ပြည်နယ်ပိုင်းခြား သတ်မှတ်ရေးကိစ္စရပ်ကို ဆွေးနွေးရာ၌ သက်ဆိုင်ရာ ပြည်နယ်များမှ လူများစု တိုင်းရင်းသားများ၏ သဘောထားကို ကြည့်ရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၇ ရက် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံချိန် တွင် ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၉ ရက် ထုတ် ဒီလှိုင်းဂျာနယ်အတွဲ ၂ ၊ အမှတ် ၃၅ တွင် ဖော်ပြ ထားချက်အရ သိရသည်။