မြန်မာနိုင်ငံ၏အနာဂတ်ကာလ စီးပွားရေးဖွံ့ဖြိုးမှုမှာ မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့်အလတ်စား စီး ပွားရေးလုပ်ငန်းများ ပေါ်တွင်မူတည်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များကသုံးသပ် ပြောကြားခဲ့သည်။
Saturday, September 14, 2013
ယုဇနပလာဇာမှာ ညညဆို သရဲခြောက်ကောင်သောင်းကျန်း၍ ပဋ္ဌာန်းပွဲပြုလုပ်
ယုဇနပလာဇာမှာ
ညညဆို သရဲအရမ်းခြောက်နေတာတဲ့။ ဈေးလုံခြုံရေးတွေ လုံးဝအိပ်လို့ မရအောင်
ခြောက်နေတာတဲ့။ နောက်ဆုံးဆရာတော်ကြီးများပင့်ပြီး အသံမဆဲပဋ္ဌာန်းပွဲ
ကျင်းပပါတယ်။ (၅)ရက် တိုင်တိုင်ပါ။ ဒီနေ့မှာတော့ ပဋ္ဌာန်းပွဲ
အောင်မြင်စွာနဲ့ပြီးဆုံးပါတယ်။
UWSA (၀) တပ်ဖွဲ့မှ NDAA(မိုင်းလား)အဖွဲ့အား ပန်ဆန်းသို့ ဆင့်ခေါ်
UWSA (၀)တပ်ဖွဲ့နှင့် NDAA (မိုင်းလား)အဖွဲ့တို့ အခုရက်ပိုင်းအတွင်းမှာ အဖွဲ့နှစ်ဖွဲ့ကြား ဖြစ် ပွားနေ သော ပြဿနာများကို ဖြေရှင်းရန်အတွက် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံရန်ရှိသည်ဟု ဒေသခံ တစ်ဦးဖြစ် သော ဦးအိုက်ရီမှ ပြောပြပါသည်။
အယ်ဒီတာထံ အိတ်ဖွင့်ပေးစာ
KIA အကြမ်းဖက်သမားတို့၏ လက်နက်အားကိုးဖြင့် ဝင်ရောက်ကျူးကျော် တိုက်ခိုက်အနိုင်ကျင့်ခြင်းကို
မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင်ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော်အရာရှိတစ်ဦး ခေါင်းဖြတ်သတ်ခံရ
မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင် ဦးတေဇအား ရေခဲတောင်မှ ကယ်ထုတ်ခဲ့သူ တပ် မတော်အရာရှိတစ်ဦး ခေါင်းဖြတ်အသတ် ခံရပြီး တခြားအဆင့်နှစ်ဦးတို့ အသတ်ခံရကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ သိရှိရသည်။
ခိုးမှုမသင်္ကာဖြင့် ဖမ်းဆီးစစ်ဆေးရာမှ လူသတ်မှုပေါ်
၁၃.၉.၂၀၁၃ရက်နေ့ ၂၃၅၀ အချိန် တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်စဉ် တိုက်ကြီးမြို့၊ ဗောဓိကုန်းရပ်ကွက်၊ မြို့နယ်သမ၀ါယမရုံးအနီး ရန်ကုန်-ပြည် ကားလမ်းပေါ်တွင် စက်ဘီး (၁) စီးနှင့်ခိုးယူလာကြောင်း မသင်္ကာဖွယ်ရာတွေ့ရှိသူ မင်းမင်း(ခ) မင်းမင်းဦး၊ (ဘ)ဦးမြင့်စိုး၊ တိုက်ကြီးမြို့ နယ်နေသူအား တိုက်ကြီးမြို့မရဲစခန်း(ပ) ၂၆၈/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပါသည်။
ရွှေတိဂုံစေတီကို ကြေးလေးတန်ဖြင့် ရွှေသင်္ကန်း ကပ်လှူမည်
လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သုံးစွဲပြီးဖြစ်သော ကြေးဖြတ် စလေးတန်ကို ပြန်လည် ကျိုချက်ကာ ကြေးနီပြားများ ပြုလုပ်၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော် သွားမည် ဖြစ်ကြောင်း ရွှေတိဂုံစေ တီတော် ဝက်ဘ်ဆိုက်တွင် ဖော်ပြကာ ပြန်လည် ဖြေကြားသည်။
အရည်အသွေးစစ်ဆေးရန် ကားတာယာအချို့ သွင်းကုန်လိုင်စင် ပြုလုပ်ရမည်
သွင်းကုန်လိုင်စင်မဲ့ တင်သွင်းခွင့်ပြုထားသည့် မော်တော်ယာဉ် တာယာများ အနက် အရည်အသွေး စစ်ဆေးရန် လိုအပ်သည့် မော်တော်ယာဉ် တာရာနှစ် မျိုးကို လာမည့် ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်ကာ သွင်းကုန်လိုင်စင် ပြုလုပ်ရန်တင်သွင်းရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။
ကျောင်းပြင်ပ အလယ်တန်းပညာရေး သင်ရိုးညွှန်းတမ်း စတင်ရေးဆွဲ
မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သော အလယ်တန်းကျောင်း သား၊ ကျောင်း သူများအတွက် ကျောင်းပြင်ပ အလယ်တန်းပညာရေး ဆက်လက်ဆောင်ရွက်ရန် ပညာရေးဝန်ကြီး ဌာနနှင့် UNESCO တို့ ပူးပေါင်းပြီး သြဂုတ်လမှစတင်ကာ သင်ရိုးညွှန်းတမ်းများ စတင်ရေးဆွဲနေပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ကျောင်းပြင်ပ ပညာရေးဌာနမှ ဦးစီးမှူး ဦးခင်မောင်ထွေးက ပြောကြားခဲ့သည်။
အွန်လိုင်းမှ တစ်ဆင့် ဥပဒေဒီပလိုမာ ရယူနိုင်
ယနေ့အချိန်အခါသည် မြန်မာနိုင်ငံ၌ပညာရေးကိုအားပေးအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိချိန်ဖြစ်သည်။
GSM လိုင်းကတ်အရေအတွက် တိုးရောင်းမည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
ဇူလိုင်လမှစတင်ကာ ကျပ် ၁၅၀၀ နှုန်းဖြင့် ရပ်ကွက်/ ကျေးရွာ
အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်အရေအတွက် ကန့်သတ်ရောင်းချပေးနေသည့် GSM
လိုင်းကတ်များကို အရေအတွက် တိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။
လူအများစုဝယ်နိုင်ပြီး ထိရောက်မှုရှိသည့် ကျန်းမာရေးအာမခံစနစ် ဖော်ဆောင်မည်
မြန်မာနိုင်ငံတွင်
ပြည်သူလူထု အားလုံးနီးပါး ဝယ်ယူနိုင်သည့် အာမခံနှုန်း ထားနှင့် ထိရောက်သည့်
ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မည့် အာမခံစနစ်ကို ၂၀၁၅ ခုနှစ်မတိုင်မီ
စတင်ကျင့်သုံးနိုင်ရန် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန
ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင် သိမ်း က ပြောကြားသည်။
အငှားယာဉ် (၁)စီး မီးလောင်မှုဖြစ်
၁၃.၉.၂၀၁၃ရက်နေ့ ၂၂၁၂အချိန်တွင် ဗဟန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အနောက်ရွှေဂုံတိုင် ရပ်ကွက်၊ အနောက်ရွှေဂုံတိုင်လမ်း၊ အ.လ.က (၃)ကျောင်းဘေး ပလက်ဖေါင်းပေါ်တွင် ယာဉ်(၁)စီး မီးလောင်နေကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာသို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး၊ တာမွေမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့်အဖွဲ့မှရောက်ရှိ ခဲ့ပြီး မီးသတ်ယာဉ်(၁) စီးဖြင့် ၀ိုင်းဝန်းငြိမ်း သတ်ခဲ့ ရာ ၂၂၂၅အချိန် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းရာ ယာဉ်ပိုင်ရှင်(ယာဉ်မောင်း) စိန်မြင့်၊ (ဘ)ဦးရဲမြင့်၊ (၁၀)ရပ် ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူ မောင်းနှင်သည့် ၄င/----၊ ပရိုဘောက်အဖြူရောင် အငှားယာဉ် သည် ဘထ္တီမိန်းကြိုးရှော့ဖြစ် အပူချိန်လွန်ကဲကာ မီးလောင်ကျွမ်းခဲ့သဖြင့် တန်ဘိုးငွေကျပ်(၇)သိန်းခန့် ဆုံးရှုံးသွားခဲ့ပြီး ယာဉ်အားပေါ့ဆစွာ အသုံးပြုရာမှ မီးလောင် ကျွမ်းမှုဖြစ်စေခဲ့သူ စိန်မြင့်အား ဗဟန်းမြို့မ ရဲစခန်း (ပ)၃၆၅/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
ခါးပိုက်နှိုက်မှု ကျူးလွန်သူ (၂)ဦး ဖမ်းဆီးရမိ
၁၃.၉.၂၀၁၃ရက်နေ့ ၁၀၅၀အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် လှိုင်မြို့နယ်၊ ဘာတာကားမှတ်တိုင်တွင် ခါးပိုက်နှိုက်ဖမ်းဆီးရေး တာဝန်ဆောင်
ဟိုတယ်နှင့် စားသောက်ဆိုင်များ ဆီးဂိမ်းကာလ ဝိုင်ဖိုင်အင်တာနက်ချိတ် လိုလျှင် Red Link ဆောင်ရွက်ပေးမည်
ဆီးဂိမ်းတွင် ဟိုတယ်နှင့်စားသောက်ဆိုင်များ ဝိုင်ဖိုင်အင်တာနက်ထား ရှိဆောင်ရွက်နိုင် ရန် ပြုလုပ်ပေး မည်ဟု Red Link ကုမ္ပဏီမှသိရသည်။
ဆန္ဒပြ တောင်ကုတ်ဒေသခံ ၃ ဦး ထောင်ဒဏ် ၃ လစီ ချမှတ်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မွတ်စလင်တွေအတွက် တူရကီနိုင်ငံက အိမ်ဆောက်ပေးမှာကို ကန့်ကွက်ဆန္ဒပြမှုကြောင့် တရားရင်ဆိုင်နေတဲ့ ကိုစိုးဝင်း၊ ကိုသံလုံးနဲ့ ကိုသန်းလွင်တို့ကို တောင်ကုတ်မြို့ နယ် တရားရုံးက ဒီနေ့ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။
နေပြည်တော် သင်္ဂဟဟိုတယ်မှာ ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ကျင်းပတဲ့ “နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့” အခမ်းအနာ
လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ လူကုန်ကူးခံရသူတွေကို ဗဟိုပြုစုံစမ်းဖော်ထုတ်ဖို့လိုသလို ဒေသ အတွင်း နိုင်ငံတွေရဲ့ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးတွေနဲ့ပါ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားဖို့လိုတယ် လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဒီနေ့ ပြောကြားလိုက် ပါတယ်။
ခြောက်လမ်းသွားလမ်းမများနှင့် လမ်းမကြီးများပေါ် စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်များကို မော်တော်ယာဉ်နည်းဥပဒေအပြင် စီမံချက်ဒဏ်ငွေဖြင့် အရေးယူမည်
ဗညားဒလလမ်းတွင် စည်းကမ်းမဲ့ရပ်ထားသော ယာဉ်များနှင့် ယာဉ် ပိတ်ဆို့မှုကို စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်) |
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် အဓိကလမ်းမကြီးများပေါ်တွင် စည်း ကမ်းမဲ့ ရပ်နားနေသည့် ယာဉ်များကို မော်တော်ယာဉ်နည်းဥပဒေဖြင့် အရေးယူသွား မည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ရဲမှူးသာဌေးက စက်တင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာမွေးမြူရေးနှင့်ရေလုပ်ငန်းဆိုင်ရာပြပွဲကို တပ်မတော်ခန်းမတွင်သုံးရက်ကြာ ဖွင့်လှစ်ပြသ
ရန်မျိုးအောင်၊ အိနီတာကို Crystal Diamond Livestock ကုမ္ပဏီမှ ကြက်ပေါက် ထုတ်လုပ်မှုနှင့် ပတ်သက်၍ပြသနေသည်ကိုတွေ့ ရစဉ် |
မြန်မာနိုင်ငံအပါအ၀င် အာရှ၊ ဥရောပမှ နိုင်ငံပေါင်း ၁၄ နိုင်ငံ လာရောက်ပြသသော အပြည်ပြည်
ဆီးရီးယားငြိမ်းချမ်းရေး ညီလာခံကိစ္စ ရုရှား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး သဘောတူ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ)၊ ကုလအထူးကိုယ်စား လှယ် Lakhdar Brahimi (လယ်)၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov |
ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်စေဖို့ ငြိမ်းချမ်းရေးညီလာခံကျင်း ပနိုင်ရေး အတွက် အမေရိကန်
ဒလမှာ အမျိုးသမီးများ ဆန္ဒပြ
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်မှာ ဒေသခံအမျိုးသမီး ၃ဝ လောက်က
ဒလမြို့နယ်အတွင်း အမျိုး သမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေများနေတာကို
ထိထိရောက်ရောက် အရေးယူပေးဖို့ ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ခလရ(၁၃၇)မှ အရာရှိ၏ ဖြစ်ရပ်မှန်
ယခုအပတ်တွင် KIA မှ စစ်တပ်မှ အရာရှိတစ်ဦးနှင့် ရဲဘော် (၂) ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်မှု သတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး မှုတွေ တွေ့နေရပါတယ်။ အမှန်တကယ်ဖြစ်ပွားမှုမှာ ခလရ(၁၃၇) က ဗိုလ်ဇော်မျိုးထက်အပါအ၀င် (၁၂) ဦးက တောင်တက်အဖွဲ့ကို လုံခြုံရေး လိုက်ပေးရင်း KIA က မလွမ်ဒိန်စာရွာ အနီး မှာ တိုက်ပွဲဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။
Subscribe to:
Posts (Atom)