Friday, August 8, 2014

အာဆီယံဆက်သွယ်ရေး မဟာစီမံကိန်း ကို မဖြစ်မနေ အကောင်အထည်ဖော်ရေး အတွက် သမ္မတ တိုက်တွန်း

Photo: အာဆီယံဆက်သွယ်ရေး မဟာစီမံကိန်း ကို မဖြစ်မနေ အကောင်အထည်ဖော်ရေး အတွက် သမ္မတ တိုက်တွန်း
Friday, August 8, 2014

အာဆီယံနိုင်ငံ များကြား အာဆီယံ နိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံများ အကြား ချောမွေ့စွာ ဆက်သွယ်နိုင်ရေးအတွက် အာဆီယံဆက်သွယ်ရေး မဟာစီမံကိန်း ကို မဖြစ်မနေ အကောင်အထည်ဖော်ရေး အတွက် တိုက်တွန်းလိုကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ၄၇ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။

စီမံကိန်းမှာ ရုပ်ဝတ္တု အခြေခံအဆောက်အအုံ ဆက်သွယ်မှု ပြည်သူများ အချင်းချင်းဆက်သွယ်မှု အဖွဲ့အစည်း ဆိုင်ရာ အချင်းချင်းဆက်သွယ်မှု တွေ ပါဝင်ပြီး စီံမံကိန်းအကောင်အထည်ဖော်ရေးအတွက် ငွေကြေးလိုအပ်ချက် များစွာ လိုအပ်ကြောင်း အစိုးရ အချင်းချင်းမှဖြစ်စေ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းများ မှဖြစ်စေ ပြည်သူ ပိုင်ကဏ္ဍ ပုဂလိက ကဏ္ဍ အကြားမှ ဖြစ်စေ ငွေကြေး ရရှိအောင် ဦးစားပေး ကြိုးစားရမှာဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

၄၇ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး နဲ့ ဆက်စပ်အစည်းအဝေးတွေ ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန ၁ မှာ ကနေ့ မနက် ၉နာရီ က စပြီး ကျင်းပနေပြီဖြစ်ပါတယ်။ယနေ့ဟာ အာဆီယံ တည်ထောင်တာ ၄၇ နှစ်မြောက် နေ့လည်းဖြစ်ပါတယ်။

၄၇ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း ဖွင့်ပွဲ အခမ်းအနားအပြီးမှာ အာဆီယံဥက္ကဌ ဖြစ်တဲ့ မြန်မာ နိုင်ငံသမ္မတဦးသိန်းစိန် နဲ့ တွေ့ဆုံပွဲ၊ အာဆီယံ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်နဲ့ ကနဦး ထုတ်ပြန်ကြေညာခြင်း လုပ်ငန်းစဉ် အစည်းအဝေး၊အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ရဲ့ အာဆီယံ အစိုးရခြင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ် များ အစည်းအဝေး ၊အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များ အလွတ်သဘော အစည်းအဝေးတွေကိုကျင်းပသွားမှာဖြစ်ပါတယ်။

အာဆီယံ အသိုင်းအ၀န်းထူထောင်ရေး အတွက် အကောင်အထည်ဖော်ရာမှာ အာဆီယံ နိုင်ငံများကြားအကောင်အထည်ဖော်မှုမှာလက်ရှိအချိန်ထိ ၈၀ ရာခိုင်နူန်းခန့် ပြီးစီး နေပြီ ဖြစ်ကြောင်း လာမယ့် ၁၂လအတွင်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်မယ်လို့ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

Author-နန်းလွင်
Kumudra
Add caption
အာဆီယံနိုင်ငံ များကြား အာဆီယံ နိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံများ အကြား ချောမွေ့စွာ ဆက်သွယ်နိုင်ရေးအတွက် အာဆီယံဆက်သွယ်ရေး မဟာစီမံကိန်း ကို မဖြစ်မနေ အကောင်အထည်ဖော်ရေး အတွက် တိုက်တွန်းလိုကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ၄၇ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။

၄၃၆ ပြင်ဆင်ရေးလက်မှတ်များ လာမည့် ပြည်ထောင်စုလွှတ်တော်တွင် တင်မည်

Photo: ၄၃၆ ပြင်ဆင်ရေးလက်မှတ်များ လာမည့် ပြည်ထောင်စုလွှတ်တော်တွင် တင်မည်
Friday, August 8, 2014

တစ်နိုင်ငံလုံးနီးပါး ကောက်ခံခဲ့သည့် အခြေခံဥပဒေပါပုဒ်မ၄၃၆ ပြင်ဆင်ရေးဆန္ဒပြုလက်မှတ်များကို လာမည့် ၁၂ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်မှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က မဇ္ဈိမကို ပြောသည်။

၄၃၆ ပြင်ဆင်ရေး ဆန္ဒပြုလက်မှတ်များကို ၂၀၁၄ခုနှစ်၊ မေလ၂၇ ရက်မှ ဇူလိုင်၁၉ရက်အထိ ခရိုင် ၆၀ မှ မြို့နယ်ပေါင်း ၃၀၀ ကျော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများတွင် ကောက်ခံခဲ့သည်။ လက်ရှိတွင် လက်မှတ်ပေါင်း ၄ ဒသမ ၉သန်းအထိရရှိခဲ့သည်ဟု သြဂုတ် ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ဒီစက်တင်ဘာ လုပ်မယ့်လွှတ်တော်မှာ တင်မယ်ပြောတယ်၊ ကျန်တာတွေ တော့ရှိသေးတယ်။ အဲဒါတွေနဲ့ ပေါင်းရင်တော့ ငါးသန်းလောက်ရမှာပါ။ အဲဒါတွေနဲ့ပါ ပေါင်းပြီးတင်မှာပါ”ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်မှုမှ ရရှိလာသည့် ပြည်သူငါးသန်းတို့၏ ဆန္ဒပြုချက်လက်မှတ်များကို သမ္မတနှင့်လွှတ်တော်ထံတင်သွင်းပါက ပြည်သူများ၏ဆန္ဒအား အလေးထားရန်လိုအပ်သည်ဟု နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားပါတီတချို့က သုံးသပ်ကြသည်။

“ပုဒ်မ ၄၃၆ ကို ပြင်မှာပဲ။ ပြင်သင့်တဲ့ဟာတွေကို ပြင်မှာပါ။ လွှတ်တော်ကတော့ မပြင်သင့်တာကိုတော့ ပြင်မှာ မဟုတ်ပါဘူး”ဟု မကွေးတိုင်းဒေသကြီး အမှတ် ၁၂ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၃၁ ဦးပါဝင်သည့် ကော်မတီဖွဲ့စည်းကာ ဆောင်ရွက်နေပြီး ပြင်ဆင်သင့်သည့် အချက်အလက်များကို၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် အပြီးပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောဆိုခဲ့သည်။

မေလ ၂၇ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုးနေကြသည့် အနုပညာရှင်များကို တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

mizzimaburmese
မေလ ၂၇ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုးနေကြသည့် အနုပညာရှင်များကို တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ
 တစ်နိုင်ငံလုံးနီးပါး ကောက်ခံခဲ့သည့် အခြေခံဥပဒေပါပုဒ်မ၄၃၆ ပြင်ဆင်ရေးဆန္ဒပြုလက်မှတ်များကို လာမည့် ၁၂ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်မှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က မဇ္ဈိမကို ပြောသည်။ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြုလက်မှတ်များကို ၂၀၁၄ခုနှစ်၊ မေလ၂၇ ရက်မှ ဇူလိုင်၁၉ရက်အထိ ခရိုင် ၆၀ မှ မြို့နယ်ပေါင်း ၃၀၀ ကျော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများတွင် ကောက်ခံခဲ့သည်။ လက်ရှိတွင် လက်မှတ်ပေါင်း ၄ ဒသမ ၉သန်းအထိရရှိခဲ့သည်ဟု သြဂုတ် ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မန်းပဋိပက္ခ တရားစွဲဆိုခံထားရသူများ လူ့အခွင့်အရေးဆုံးရှုံးသည်မှာ မဟုတ်မှန်ဟု ပြည်ထဲရေးက ကာကွယ်ပြောကြား

Photo: မန်းပဋိပက္ခ တရားစွဲဆိုခံထားရသူများ လူ့အခွင့်အရေးဆုံးရှုံးသည်မှာ မဟုတ်မှန်ဟု ပြည်ထဲရေးက ကာကွယ်ပြောကြား
Friday, August 8, 2014

မန္တလေးမြို့ပဋိပက္ခတွင် ဖြစ်စဉ်အရင်းအမြစ် တရားခံဟု ယူဆရသူလေးဦးအား ပျဉ်းမနားမြို့နယ်တရားရုံး၌ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းတရားခံများ လူ့အခွင့်အရေး ဆုံးရှုံးလျက်ရှိကြောင်း ထွက်ပေါ်နေသည့် သတင်းများ မှားယွင်းသည်ဟု အမည်မဖော်လိုသူ ရဲ အရာရှိကြီးတစ်ဦးက ကာကွယ်ပြောဆိုလိုက်သည်။

“ရဲထွဋ်က နံနက်စာကို အစ္စလာမ်ဘာသာ ရောင်းတဲ့ဆိုင်က ဘာစားချင်တယ်လို့ ပြောတာနဲ့ ၀ယ်ပေးရတယ်။ နုနုမြတ်က ဖိနပ်ဝယ်ပေးဆိုလို့ ၀ယ်ပေးတယ်၊ ဒါတောင် ရေချိုးရင်စီးဖို့ တစ်ရံ၊ ရိုးရိုးစီးဖို့ တစ်ရံ ၀ယ်ပေးရတယ်”ဟု ယင်းအရာရှိက မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၄ ရက်က ရုံးထုတ်လာစဉ် ဦးရဲထွဋ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၅၄ ပါ အခွင့်အရေးကို ခံစားခွင့်မရကြောင်း အခွင့်အရေးများ ဆုံးရှုံးကြောင်း အချုပ်ကား မှန်တံခါးမှတစ်ဆင့် အော်ဟစ် ပြောကြားခဲ့သည်ကို သတင်းများတွင် ဖော်ပြမှုအပေါ် ရည်ရွယ်၍ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရဲထွဋ်(ခ) သူရရဲထွဋ်၏ ဇနီးအား အစာမစားခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ “သူဘာကြောင့် မစားတာလဲဆိုတာ ကျွန်မလဲ မသိဘူး။ ကျွန်မကိုလည်း မပြောဘူး”ဟု မီဒီယာများကို ဖြေကြားသည်။

တရားခွင်တွင် စစ်ဆေးမေးမြန်းချိန်၌ပင် မသင့်လျော်သော အနေအထိုင်များကြောင့် “သူတို့နှစ်ယောက်က ချွေးသုပ်ပေးတာလတစ်မျိုး၊ ပခုံးတွေ နှိပ်ပေးတာ၊ တရားခွင်မှာ ကွမ်းသွေးတွေ တဗျစ်ဗျစ်နဲ့ ထွေးပြီး စကားတွေ တွတ်ထိုးနေတာတွေကြောင့် တရားသူကြီးအနေနဲ့ ကြားနာ စစ်ဆေးမှု အနှောင့်အယှက်ဖြစ်ရတဲ့အထိ ရှိတယ်”ဟု ရဲအရာရှိက ဆိုသည်။

သို့ရာတွင် လီဆယ်တိုင်တန်းမှုအား ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသူ ဦးတင်ဝင်းအောင်ကမူ “သူတို့ကလည်း ရုံးကို မထီလေးစားလုပ်တဲ့အထိ မရှိပါဘူး၊ ဦးရဲထွဋ်က ကျန်းမာရေးမကောင်းပါဘူး၊ ဒေါ်နုနုမြတ်လည်း ဒီလိုပါပဲ။ တရားရုံးကလည်း သူတို့ရဲ့အခြေအနေအရ လွတ်လပ်ခွင့်ပေးတယ်၊ လွတ်လပ်ခွင့်ဆိုတာကလည်း အရမ်းကြီး စည်းလွတ် ဘောင်လွတ်မဟုတ်ဘူးလေ၊ အတိုင်းအတာတစ်ခုထိ ရှိပါတယ်””ဟု ပြန်လည်ဖြေကြားခဲ့သည်။

mizzimaburmese
မန္တလေးပဋိပက္ခ စတင်ဖြစ်ပွားစေရန် လီဆယ်အမှုတိုင်ကြားသူ မဖြူဖြူမင်း(ခ)ကတုံးမကို ပျဉ်းမနားတရားရုံးတွင် ရုံးထုတ်လာစဉ်။ ဓာတ်ပုံ-၀င်းကိုကိုလတ်
မန္တလေးပဋိပက္ခ စတင်ဖြစ်ပွားစေရန် လီဆယ်အမှုတိုင်ကြားသူ မဖြူဖြူမင်း(ခ)ကတုံးမကို ပျဉ်းမနားတရားရုံးတွင် ရုံးထုတ်လာစဉ်။ ဓာတ်ပုံ-၀င်းကိုကိုလတ်
မန္တလေးမြို့ပဋိပက္ခတွင် ဖြစ်စဉ်အရင်းအမြစ် တရားခံဟု ယူဆရသူလေးဦးအား ပျဉ်းမနားမြို့နယ်တရားရုံး၌ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းတရားခံများ လူ့အခွင့်အရေး ဆုံးရှုံးလျက်ရှိကြောင်း ထွက်ပေါ်နေသည့် သတင်းများ မှားယွင်းသည်ဟု အမည်မဖော်လိုသူ ရဲ အရာရှိကြီးတစ်ဦးက ကာကွယ်ပြောဆိုလိုက်သည်။ “ရဲထွဋ်က နံနက်စာကို အစ္စလာမ်ဘာသာ ရောင်းတဲ့ဆိုင်က ဘာစားချင်တယ်လို့ ပြောတာနဲ့ ၀ယ်ပေးရတယ်။ နုနုမြတ်က ဖိနပ်ဝယ်ပေးဆိုလို့ ၀ယ်ပေးတယ်၊ ဒါတောင် ရေချိုးရင်စီးဖို့ တစ်ရံ၊ ရိုးရိုးစီးဖို့ တစ်ရံ ၀ယ်ပေးရတယ်”ဟု ယင်းအရာရှိက မဇ္ဈိမကို ပြောသည်။ သြဂုတ်လ ၄ ရက်က ရုံးထုတ်လာစဉ် ဦးရဲထွဋ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၅၄ ပါ အခွင့်အရေးကို ခံစားခွင့်မရကြောင်း အခွင့်အရေးများ ဆုံးရှုံးကြောင်း အချုပ်ကား မှန်တံခါးမှတစ်ဆင့် အော်ဟစ် ပြောကြားခဲ့သည်ကို သတင်းများတွင် ဖော်ပြမှုအပေါ် ရည်ရွယ်၍ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ရဲထွဋ်(ခ) သူရရဲထွဋ်၏ ဇနီးအား အစာမစားခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ “သူဘာကြောင့် မစားတာလဲဆိုတာ ကျွန်မလဲ မသိဘူး။ ကျွန်မကိုလည်း မပြောဘူး”ဟု မီဒီယာများကို ဖြေကြားသည်။

ပေါင်းတည်တွင် န၀မတန်းကျောင်းသားတစ်ဦး ရက်ရက်စက်စက်သတ်ဖြတ်ခံရ

ေ ပေါင်းတည်မြို့နယ်၊ မှတ် တိုင်အုပ်စုတွင် အသက်ဆယ့် လေးနှစ်အရွယ် န၀မတန်း ကျောင်းသားတစ်ဦးကို ချွန်ထက်သောအရာဖြင့် အချက်ပေါင်း များစွာထိုးသတ်ကာ အဆိုပါ ကလေး၏ လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်ကို လုယက်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိ သည်။‘‘ကလေးက သူ့ဆရာမအိမ် ကို စာကျက်သွားမယ်ဆိုပြီး ထွက် သွားတာ။ ည ၁၂ နာရီထိုးတဲ့အ ထိ ပြန်မလာလို့ လိုက်ရှာကြမှ နှမ်းခင်းထဲမှာ အသတ်ခံထားရ တာတွေ့တယ်’’ဟု မှတ်တိုင် ကျေးရွာအုပ်စု ဒေသခံတစ်ဦးက ပြောသည်။
သြဂုတ် ၆ ရက် ညနေတွင် မှတ်တိုင် အထကမှ န၀မတန်း ကျောင်းသား မောင်စိုးလင်း အောင်သည် ၎င်း၏ ဆရာမနေ အိမ်သို့ စာကျက်မည်ဟုဆိုကာ ထွက်သွားခဲ့ကြောင်း ည ၁၂ နာရီအထိ အိမ်ပြန်မလာသဖြင့် မိဘများက ဆရာမအိမ်သို့ သွားရောက် မေးမြန်းခဲ့ရာ ဆရာမနေအိမ်သို့ မောင်စိုးလင်းအောင် ရောက် မလာကြောင်း သိရသဖြင့် လိုက် လံရှာဖွေခဲ့ရာ မှတ်တိုင်ရွာနှင့် ဖိုးခေါင်ရွာကြားရှိ လမ်းဘေး နှမ်းခင်းတစ်ခုအတွင်း ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း၊ သေဆုံးသူတွင် ချွန်ထက်သော လက်နက်ဖြင့် ကျော
ကုန်းတွင် ထိုးသွင်းဒဏ်ရာ ၁၇ ချက်၊ ၀မ်းဗိုက်၊ ရင်အုံထိုးသွင်း ဒဏ်ရာ ၉ ချက်နှင့် မျက်နှာဖူး ရောင်ဒဏ်ရာများရရှိကာ သေဆုံးနေကြောင်း ရဲစခန်းမှတ်တမ်းများ မှ သိရသည်။

အချုပ်သား ၄၀ ဦးလိုက်ပါလာသော အချုပ်ကား တိမ်းမှောက်


တိမ်းမှောက်သွားသော အချုပ်ကားကို ပြန်လည်တည့်မတ်နေစဉ် (ဓာတ်ပုံ- နစ်ကီ)
ရန်ကုန်- ရန်ကုန်မြို့အရှေ့ပိုင်းခရိုင်အတွင်းရှိ တရားရုံးများတွင် ရုံထုတ်စစ်ဆေးရန်ခေါ်ဆောင်လာသော အချုပ်သား ၄၀ ဦး လိုက်ပါလာသည့် အချုပ်ကားသည် တောင်ဥက္ကလာမြို့နယ်ဝေဇန္တာလမ်းတွင် လမ်းဘေးဓာတ်တိုင်ဝင်တိုက်ကာ ရေမြောင်းအတွင်းတိမ်းမှောက်သွားခဲ့သည်။
ယနေ့နံနက် ၉ နာရီဝန်းကျင်အချိန်တွင် အင်းစိန်ထောင်မှယာဉ်မောင်တပ်ကြပ်ကျော်ကျော်ဦးမောင်းနှင်းလာသော အချုပ်သား ၄၀ ဦးလိုက်ပါလာသည့် ကားသည် တောင်ဥက္ကလာမြို့နယ်၊ ၃ ရပ်ကွက်၊ (၁၁) လမ်းထိပ်အရောက်တွင် ကားစီယာတိုင်အုံပြုတ်ထွက်ကာ လမ်းဘေးဓါတ်တိုင်အား ဝင်တိုက်ပြီး ရေမြောင်းအတွင်းသို့ ကျသွားခြင်း ဖြစ်သည်။
သို့သော် ယာဉ်မောင်းနှင့်လိုက်ပါလာသော အချုပ်သားများထိခိုက်ဒဏ်ရာမရှိကြောင်း သတင်းရရှိသည်။

7Day Daily

သတ္တုမိုင်းတွင်းတူးဖော်ရေးသူဌေးတစ်ဦး သေဒဏ်ချမှတ်ခံရမှုကို တရုတ်တရားရုံးက ထောက်ခံ

Photo: သတ္တုမိုင်းတွင်းတူးဖော်ရေးသူဌေးတစ်ဦး သေဒဏ်ချမှတ်ခံရမှုကို တရုတ်တရားရုံးက ထောက်ခံ
Friday, August 8, 2014

သတ္တုမိုင်းတူးဖော်ရေး သူဌေး တစ်ဦးကို သေဒဏ်ချမှတ်ခဲ့မှုနှင့် ပတ်သက်ပြီး သြဂုတ် ၇ရက်တွင် တရုတ်နိုင်ငံ တရားရုံးတစ်ရုံးက ထောက်ခံခဲ့ကြောင်းနှင့် ၄င်းသည် အဂတိလိုက်စားမှု ကျူးလွန်နေ ကြောင်း စစ်ဆေးခံနေရသူ လုံခြုံ ရေးအကြီးအကဲ ရှုနှင့်ဆက်စပ်နေ ကြောင်း သိရသည်။ လူဟန်၊ လူဝေ နှင့် အပေါင်းအပါသုံးဦးတို့သည် မာဖီးယားစတိုင်လ်အဖွဲ့ဖွဲ့ကာ လူ သတ်မှုနှင့် တခြားသော ရာဇဝတ်မှု ကျူးလွန်မှုတို့ကြောင့် မေလက သေ ဒဏ်ချမှတ်ခဲ့ပြီးနောက် ၄င်းတို့က ဟူဘင်ပြည်နယ် တရားရုံးချုပ်တွင် အယူခံဝင်ခဲ့သည်။
ထိုတရားရုံးက ၄င်းတို့၏အယူ ခံကို သြဂုတ် ၇ရက်တွင်ပယ်ချခဲ့ သည်။ ''ရာဇဝတ်အဖွဲ့အစည်းနဲ့ မာ ဖီးယားစတိုင်လ်အဖွဲ့အစည်းတွေ ဦး ဆောင်မှုတွေကြောင့် လူသတ်သမား လူဟန်နဲ့ လူဝေကို ပြင်းထန်တဲ့ပြစ် ဒဏ်တွေ ချမှတ်သင့်ပါတယ်''ဟု တရားရုံးက ပြောခဲ့သည်။
တရားရုံးက လူဟန်နှင့် လူဝေ တို့အား သေဒဏ်ချမှတ်မှုကို ထောက် ခံကြောင်း ပြောကြားခဲ့သည်။ လူ ဟန်သည် တရုတ်နိုင်ငံ စီချွမ်ပြည် နယ် အနောက်တောင်ပိုင်းအခြေစိုက် ဟန်လောင်ကုမ္ပဏီကို ဦးဆောင်သူ ဖြစ်ပြီး တစ်ခါက သြစတြေးလျလုပ် ငန်းတစ်ခုအတွက် ဒေါ်လာ တစ် သန်း ခန့်အသုံးပြုခဲ့သည်။
စီချွမ်ပြည်နယ်သည် တစ်ခါက တရုတ်နိုင်ငံ၏ လုံခြုံရေးအကြီးအကဲ အဖြစ် အာဏာရှိခဲ့သော ရှုယောင် ကန်၏ အခြေချရာနေရာတစ်ခုဖြစ် သည်။
သို့သော်လည်း ၄င်း၏အဂတိ လိုက်စားမှုကြောင့် စုံစမ်းစစ်ဆေးခံ နေရကြောင်း သိရသည်။ လူဟန် သည် ရှု၏သားဟု ယုံကြည်ရသော စီးပွားရေးသမားတစ်ဦးနှင့်ဆက် သွယ်နေကြောင်း စီးပွားရေးမဂ္ဂဇင်း Caixin တွင်ဖော်ပြထားသည်။ အဂတိ လိုက်စားမှုကြောင့် စုံစမ်းစစ်ဆေး ခံရသော ပထမဆုံးကွန်မြူနစ်ပါတီ ထိပ်တန်းအဖွဲ့ဝင်ဖြစ်လာခဲ့သည်။
Yangon Media Group သတ္တုမိုင်းတူးဖော်ရေး သူဌေး တစ်ဦးကို သေဒဏ်ချမှတ်ခဲ့မှုနှင့် ပတ်သက်ပြီး သြဂုတ် ၇ရက်တွင် တရုတ်နိုင်ငံ တရားရုံးတစ်ရုံးက ထောက်ခံခဲ့ကြောင်းနှင့် ၄င်းသည် အဂတိလိုက်စားမှု ကျူးလွန်နေ ကြောင်း စစ်ဆေးခံနေရသူ လုံခြုံ ရေးအကြီးအကဲ ရှုနှင့်ဆက်စပ်နေ ကြောင်း သိရသည်။ လူဟန်၊ လူဝေ နှင့် အပေါင်းအပါသုံးဦးတို့သည် မာဖီးယားစတိုင်လ်အဖွဲ့ဖွဲ့ကာ လူ သတ်မှုနှင့် တခြားသော ရာဇဝတ်မှု ကျူးလွန်မှုတို့ကြောင့် မေလက သေ ဒဏ်ချမှတ်ခဲ့ပြီးနောက် ၄င်းတို့က ဟူဘင်ပြည်နယ် တရားရုံးချုပ်တွင် အယူခံဝင်ခဲ့သည်။

အခွန် မတင်းကျပ်မီ မြေကွက်ကြီးအချို့ ထုတ်ရောင်း

အိမ်ခြံမြေရောင်းဝယ်ငှားဆိုင်ရာ အခွန်ကို စိစစ်ကြပ်မတ်တော့မယ် ဆိုတာကြောင့် လက်ရှိဈေးမြင့်နေတဲ့ အချိန်မှာ အခွန်လည်းလွတ်အောင် မြေကွက်ကြီးတွေကို ထုတ်ရောင်းသူတချို့ ရှိလာတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
'လက်ရှိမှာတော့ အိမ်ခြံမြေဈေးကွက်က အကျဘက်တော့ မသွားသေးဘူး၊ ဈေးက အဆမတန်မြင့်ထားတော့ ပြန်ကျဖို့ သွားနေတာကြောင့် ဈေးကောင်းရနေတဲ့ အချိန်မှာ အခွန်တွေလာရင် လွတ်အောင်ဆိုပြီး ထုတ်ရောင်းကြတာတွေ ရှိတယ်' လို့ ရွှေစံမြတ်အကျိုးဆောင်မှ ဦးမျိုးချစ်က ပြောပါတယ်။ အရင်ကတော့ ဘိုးဘွားပိုင်မြေကွက်တွေ၊ သိန်းထောင်ကျော်တန်မြေကွက်တွေကို ပြည်ပလုပ်ငန်းရှင်တွေကို ငှားတာမျိုးနဲ့ ရင်းနှီးမြှုပ်နှံထားကြတယ်။ အခုတော့ အခွန်နဲ့ပတ်သတ်ပြီး ပုံစံပြောင်းလဲလာတာကြောင့် ပြန်ထုတ်ရောင်းကြတာလို့လည်း သုံးသပ်ကြပါတယ်။ မြေအကျယ်ပေ ၈၀ x ပေ ၁၀၀၊ ပေ ၁၀၀ ပတ်လည်စတဲ့ မြေကွက်ကျယ်ကြီးတွေ၊ ပြည်လမ်းမ၊ ရွှေတောင်ကြားလမ်း စတဲ့ ဆိတ်ငြိပ်ရပ်ကွက်တွေမှာ အရင်က ထုတ်မရောင်းတဲ့ မြေကွက်တချို့ သည်လပိုင်းမှာ ကျပ်သိန်း ၃၀,၀၀၀၊ သိန်း ၂၀,၀၀၀ ကျော် စတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းဖို့ အကျိုးဆောင်တွေကို အပ်နှံတာတွေ ရှိလာတယ်လို့ သိရတယ်။

ရန်ကုန်မြို့ပတ်ရထားအဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် မလွတ်သောမြေများအား ဒေသပေါက်ဈေးဖြင့် ပေးလျော်သွားမည်

ရန်ကုန်မြို့ပတ် ရထားအဆင့်မြှင့်တင်ရေး စီမံကိန်း တွင် ရထားလမ်းမြေနှင့် မလွတ်ကင်း သော မြေနေရာများအား ဒေသပေါက် ဈေးဖြင့် နစ်နာကြေးပေးလျော်သွားမည် ဖြစ်ကြောင်း သြဂုတ်လ ၇ ရက်နေ့ ASIA PLAZA တွင်ပြုလုပ်သည့် ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်း မီဒီယာရှင်းလင်း ပွဲတွင်အထွေထွေမန်နေဂျာ (အောက် မြန်မာပြည်) ဦးထွန်းအောင်သင်းက ဆိုသည်။'' အရင်ဆုံးမီးရထားပိုင်မြေ လားဆိုတာ စစ်ဆေးရပါမယ်။ မီးရ ထားပိုင် ဧရိယာထဲက မလွတ်ကင်း ဘူးဆိုရင်တော့ ဘယ်လိုရွှေ့မလဲဆိုတဲ့ စီမံချက်ရှိပါတယ်။ ဘာကြောင့် မလွတ်ကင်းတာလဲ။ မလွတ်ကင်းတဲ့ အတွက်ကြောင့် ဘာတွေနစ်နာမလဲ။ နစ်နာတဲ့အထိုက်အလျောက်ကို ဥပမာ ဒီမြေကွက်က ကျွန်တော် ကကာလပေါက်ဈေး ဘယ်လောက်ရှိ ပါတယ်။ ဒေသမှာရှိတဲ့ အာဏာပိုင် ကိုအဆင့်ဆင့် တင်ပြပြီးတော့ ဒေသကပေါက်ဈေးကို ပေးလျော်သွားမှာ ပါ'' ဟု၎င်းကဆိုသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအား လာမည့် ၂ဝ၁၅ ခုနှစ်တွင် စတင် အကောင်အထည်ဖော်သွားမည်ဖြစ် ပြီး၊ JICA Study Team အဖွဲ့နှင့် မြန်မာ့မီးရထားအဖွဲ့မှပူးပေါင်းလုပ် ဆောင်သွားမည် ဖြစ်ကြောင်းသိရ သည်။

စစ်တွေမြို့ ဒါးပိုင်ဒုက္ခသည်စခန်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဘင်္ဂါလီများ ၀ိုင်းဝန်းရန်ပြု၍ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရပြီး တာဝန်ကျရဲအား ဓားဖြင့်လိုက်ခုတ်သူတစ်ဦး ကျည်ဆန်ထိမှန် သေဆုံး

စစ်တွေမြို့ ဒါးပိုင်ဒုက္ခသည်စခန်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဘင်္ဂါလီများ ဝိုင်းဝန်းရန်ပြု ၍ သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရပြီး တာဝန်ကျရဲအား ဓားးဖြင့်လိုက်ခုတ်သူတစ်ဦး ကျည်ဆန်ထိမှန်သေဆုံးမှုတစ်ရပ် ဩဂုတ် ၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ညနေ ၇ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် စစ်တွေမြို့နယ် ဒါးပိုင်ဘင်္ဂါလီကျေးရွာမှ လူငယ်နှစ်ဦးက ဒါးပိုင်ဒုက္ခသည်စခန်းသို့ ဈေးဝယ်ရန်သွားရောက်စဉ် ဒါးပိုင်ဒုက္ခသည်စခန်းမှ လူများက သူခိုးဟုစွပ်စွဲကာ ကြိုးဖြင့်တုပ်နှောင်ပြီး ရိုက်နှက်နှိပ်စက်နေခြင်းခံရကြောင်း ၎င်းလူငယ်နှစ်ဦး၏ ဆွေမျိုးတစ်ဦးက မှန်စီသားရေစက်ရုံတွင် လုံခြုံရေးယူထားသော အမှတ် ၃၆ ရဲလုံခြုံရေးတပ်ဖွဲ့ခွဲစစ်ကြောင်း ၂ မှ ရဲမှူးအောင်ချမ်းမင်းထံလာ ရောက်အကြောင်းကြားခဲ့သည်။ ထိုသို့ အကြောင်းကြားခဲ့သဖြင့် ရဲမှူးအောင်ချမ်းမင်းသည် တပ်စိတ်တစ်စိတ်နှင့်အတူ အကူညီပေးရန် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ရာ ကြိုးတုပ်ခံထားရသူနှစ်ဦးအား ဓားများကိုင်ဆောင်ထားသော ဘင်္ဂါလီများက ဒုက္ခသည်စခန်းအနောက်ဘက် လယ်ကွင်းပြင်ဘက်သို့ ဆွဲခေါ်သွားသည်ကို တွေ့မြင်ရသည့်အတွက် အော်ဟစ်ဟန့်တားပြီးခေါ်သော်လည်း မလာသည့်အပြင် ဓားကိုင်ဆောင်ထားသူများက ရဲတပ်ဖွဲ့ဝင်များအား လေးခွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ပြီး ပြန်လည်ရန်မူ တိုက်ခိုက်ရန် ရဲတပ်ဖွဲ့ဝင်များရှိရာသို့ လှည့်ပြန်လာခဲ့သည့်အတွက် သေနတ်ငါးချက် ခြောက်လှန့်ပစ်ဖောက်ခဲ့ရကြောင်း သိရသည်။