Monday, October 7, 2013

သံတွဲ ပဋိပက္ခ ဖြစ်စဉ်ကို နောက်ကွယ်မှ အကွက်ချစီမံ ခန့်ခွဲသူများအဖြစ် ယူဆခံရသူများ အပါအ၀င် ပါဝင်ကျူးလွန်သူဟု ယူဆခံရသူ ၄၈ ဦးကို ဖမ်းဆီး စစ်ဆေးနေ



Photo: သံတွဲ ပဋိပက္ခ ဖြစ်စဉ်ကို နောက်ကွယ်မှ အကွက်ချစီမံ ခန့်ခွဲသူများအဖြစ် ယူဆခံရသူများ အပါအ၀င် ပါဝင်ကျူးလွန်သူဟု ယူဆခံရသူ ၄၈ ဦးကို ဖမ်းဆီး စစ်ဆေးနေ
Monday, October 7, 2013

သံတွဲမြို့နယ်အတွင်း စက်တင်ဘာ ၂၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကို နောက်ကွယ်မှ အကွက်ချစီမံ ခန့်ခွဲသူများအဖြစ် ယူဆခံရသူများ အပါအ၀င် ပြစ်မှုကျူးလွန်သူဟု ယူဆခံရသူ ၄၈ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ဆက်လက်ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

အဆိုပါ သံတွဲပဋိပက္ခ ဖြစ်စဉ်ကို အောက်တိုဘာ ၂၉ ရက်က မြို့နယ်ခန်းမရှေ့တွင် ကမန်လူမျိုးတစ်ဦး ဖွင့်ထားသည့် ဈေးဆိုင်ရှေ့၌ ရခိုင်လူမျိုး တစ်ဦးက သာသနာ့အလံ ထောင်ထားသည့် သုံးဘီးဆိုင်ကယ်ကို ခေတ္တရပ်ထားပြီး ဈေးဝယ်နေစဉ် ဆိုင်ပိုင်ရှင် ကမန်လူမျိုးက "သာသနာ့အလံ ထောင်ထားတဲ့ သုံးဘီးဆိုင်ကယ် ငါ့ဆိုင်ရှေ့မှာ လုံးဝမရပ်နဲ့။ ဘာဖြစ်တယ် ညာဖြစ်တယ်" ဆိုကာ ခိုင်းနှိုင်းဆဲဆို လိုက်သည့်အပေါ် ရခိုင်လူမျိုးက ရဲစခန်း၌ သွားရောက်အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆဲဆိုခဲ့သည့် ကမန်လူမျိုးအား သံတွဲမြို့မ ရဲစခန်းမှ အာမခံ ပေးခဲ့သဖြင့် ကျေနပ်မှု မရှိသည့် ဒေသခံ ရခိုင်လူမျိုးများနှင့် သံဃာတော် အချို့မှ ရဲစခန်းသို့ စုံစမ်းမေးမြန်းခဲ့ကြောင်း သိရသည်။ အာမခံ ပေးခဲ့မှုနှင့် ပတ်သက်၍ ရဲစခန်းက လာရောက်စုံစမ်းသူများကို ပြန်လည်ရှင်းပြခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အပေါ် မကျေနပ်သည့် ရခိုင်လူမျိုး အချို့က သာသနာ့အလံကို ခိုင်းနှိုင်းပြောကြားခဲ့သည့် ကမန်လူမျိုး နေထိုင်သည့် နေအိမ်အား ခဲနှင့်ပစ်ပေါက်ခဲ့သည်မှ အစပြုပြီး ယခုကဲ့သို့ လူသေဆုံးမှုနှင့် နေအိမ်အများအပြား မီးလောင်ကျွမ်း ခဲ့သည်အထိ ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ၊ ပါဝင်ခြင်း မရှိသော်လည်း အားပေးအားမြောက် ပြုလုပ်သူများနှင့် နောက်ကွယ်မှ အဆိုပါဖြစ်စဉ် ဖြစ်ပွားအောင် စနစ်တကျ အကွက်ချ စီမံခန့်ခွဲသူများဟု ယူဆခံရသူ စုစုပေါင်း ၄၈ ဦးအား အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းအထိ ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးကျော်တင့်က ပြောကြားသည်။

"ဖြစ်စဉ်အစကတော့ သာမန်ဖြစ်ရိုး ဖြစ်စဉ်လေးပါပဲ။ ဒါပေမဲ့ နောက်ဆုံးထိ ဖြစ်သွားတဲ့ အခြေအနေကတော့ ကြီးမားပါတယ်။ အခုလို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ နစ်နာမှုတွေ ဖြစ်သွားခဲ့တဲ့အတွက် နှစ်ဖက်စလုံး အနေနဲ့ စိတ်ပိုင်းဆိုင်ရာတွေ၊ ရုပ်ပိုင်းဆိုင်ရာတွေ ထိခိုက်သွားတယ်။ ဒါကြောင့် ထပ်မံပြီးဖြစ်ပွားဖို့၊ ဆက်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ရတယ်။ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ဦးနှောက်ကောင်းကောင်းနဲ့ အိမ်မှာထိုင်ပြီး စနစ်တကျ အကွက်ချပြီး စီစဉ်တဲ့သူတွေ ပါဝင်နေတယ်။ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းတွေထဲက အကြောင်းအချို့ကတော့ ၉၆၉ အခွေတွေ ၀င်လာတယ်။ အင်တာနက်ကနေ လှုံ့ဆော်မှုတွေ ရှိလာတာတွေကြောင့်လို့ ယူဆရတယ်။ ဒါကြောင့် တစ်ဖက်နဲ့တစ်ဖက် မုန်းတီးမှုက ပိုမိုကြီးထွားလာတယ်လို့ သုံးသပ်ရတယ်။ နောက်ကွယ်က ဖန်တီးသူတွေ ရှိသလို ပံ့ပိုးသူတွေလည်း ရှိပါတယ်။ ဒါကို ဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်။ ဥပဒေအတိုင်း စစ်ဆေးလို့ ရရှိတဲ့ အဖြေအပေါ် မူတည်ပြီးတော့ ဆက်လက်လုပ်ဆောင် သွားပါမယ်" ဟု အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။

ယခု ဖြစ်စဉ်ကို နောက်ကွယ်မှ ဖန်တီးခဲ့သူများကို ဇာစ်မြစ်အဆုံးထိ စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု သိရသည်။

Eleven Media Group

(ရခိုင်လူမျိုး လေးဦးကို ဓားဖြင့်ခုတ်ရာတွင် ကျူးလွန်သူဟု ယူဆခံရသူများအား အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီက သံတွဲမြို့နယ် တရားရုံးသို့ ရုံးထုတ်လာသည်ကို တွေ့ရစဉ်)
သံတွဲမြို့နယ်အတွင်း စက်တင်ဘာ ၂၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကို နောက်ကွယ်မှ အကွက်ချစီမံ ခန့်ခွဲသူများအဖြစ် ယူဆခံရသူများ အပါအ၀င် ပြစ်မှုကျူးလွန်သူဟု ယူဆခံရသူ ၄၈ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ဆက်လက်ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကျော်တင့်က အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ဆန်းဒါးလန်းနှင့် ပွဲစဉ်တွင် ချန်ပီယံတို့၏ အရည်အသွေးကို ပြသနိုင်ခဲ့ဟု ဂျုံးစ်မှတ်ချက်ပြု

ဆန်းဒါးလန်းနှင့် ပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ချန်ပီယံတို့၏ အရည်အသွေး ကို ပြသနိုင်ခဲ့ကြောင်း နောက်ခံလူ ဖီးလ်ဂျုံးစ်က ပြောကြားခဲ့သည်။

ရင်ခေါင်းပူခြင်းကို ပျောက်စေသော လွယ်ကူသည့် နည်းလမ်းများ



(၁) ပီကေ၀ါးပါ
ပီကေ (chewing gum) ကို အစာစားပြီးသောအချိန်တွင် မိနစ် (၃၀)ခန့် ၀ါးပေးပါ။ အူတွင် အက်ဆစ် စုဆောင်းမှုကို လျင်မြန်စွာ ဖြေရှင်းပေးနိုင်သည်။

ဆံပင် ကျန်းမာသန်စွမ်းအောင် စွမ်းဆောင်ပေးမယ့် ဒန်းပင် (henna)



ဒန်းပင်ဆိုတာဟာ အာယုဗေဒ ဆေးပညာမှာသာမက တိုင်းရင်းသား လူမျိုးအချို့မှာ ရိုးရာအလှ အပ အတွက် အရေပြားပေါ်မှာ ရေးဆွဲကြရာမှာ အသုံးပြုတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်သန်စွမ်း ကျန်းမာဖို့ အတွက်လည်း အသုံးပြုနိုင်တယ်ဆို တာတော့ လူသိနည်းနေပါသေး တယ်။

အရွယ်မရောက်သေးသူ မိန်းကလေးငယ် အဓမ္မကျင့်ခံရ၍ ကျောင်းကုန်းတွင် ပဋိပက္ခဖြစ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရရာမှအောက်တိုဘာ ၅ ရက်နေ့ ည ၈ နာရီခန့်က ပဋိပက္ခ ဖြစ် ပွားခဲ့ကြောင်း ယင်းရပ်ကွပ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောကြားသည်။

အဝေးသင် စနစ်သည် နိုင်ငံရေးကို အခြေခံပြီး ပုံဖော်ခဲ့ခြင်း မဟုတ်ဟုဆို

အဝေးသင်စနစ်သည် နိုင်ငံရေး ကို အခြေခံ၍ ပုံဖော်ခဲ့သည်ဆိုခြင်း မှာ မှားယွင်းသော ယူဆချက်ဖြစ် ကြောင်း ရန်ကုန် အဝေးသင်တက္က သိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ လှတင့်က တုံ့ပြန်ပြောဆိုလိုက် သည်။

ဆရာတော် ဦးဝီရသူ ပတ်စ်ပို့မရသေး

ဆရာ တော်ဦးဝီရသူ၏ နိုင်ငံကူး လက် မှတ်လျှောက်ထားမှုမှာ သက်တမ်း တစ်နှစ်ခြောက်လကျော် ရှိပြီဖြစ် သော်လည်း နိုင်ငံကူးလက်မှတ် ရုံးမှ ပတ်စ်ပို့စာအုပ်ထုတ်ပေးခြင်း မရှိသေးကြောင်း ဆရာတော် ဦးဝီရသူက ရန်ကုန်တိုင်းမ်နေ့စဉ် သို့ အောက်တိုဘာ၆ရက်က မိန့် ကြားလိုက်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံများ ရဲတပ်ဖွဲ့တားဆီး

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံများ ရဲတပ်ဖွဲ့တားဆီး
Monday, October 7, 2013

ဝမ်ပေါင်ကုမ္ပဏီနှင့် တိုက်ရိုက် ဆွေးနွေးခွင့်ရရန် လူစုလူဝေး စီတန်း လမ်းလျှောက်လာသော လက်ပံတောင်းတောင် စီမံကိန်း ဧရိယာမှ ဒေသခံ ၂၀၀ ကျော်ကို အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်း အချိန်တွင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးလမ်း တုံရွာနှင့် ရွှေလှေရွာကြားတွင် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ကြောင်း လမ်းလျှောက်မှုတွင် ပါဝင်ခဲ့သည့် လက်ပံတောင်းတောင် ဒေသခံတစ်ဦးက ပြောကြားသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဝမ်ပေါင် ကုမ္ပဏီက လုပ်ငန်းအချို့ စတင်ရန်၊ ယာမြေများတွင် သွပ်ဆူးကြိုးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဒေသခံများက သွပ်ဆူးကြိုး ခတ်ခြင်းကို ဖယ်ရှားပေးရေး၊ ထိုက်တန်သော မြေယာလျော်ကြေး ရရှိရေး၊ လိပ်ခွံတောင်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့အား ဖယ်ရှားပေးရေးနှင့် လယ်ယာမြေများ လုပ်ကိုင်ခွင့် ရရှိရေးစသည့် အချက်များကို ကုမ္ပဏီနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရန် သွားရောက်စဉ် ရဲတပ်ဖွဲ့၏ တားဆီးခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ဆည်တည်း ရွာသစ်မှာ ဆက်ဆံရေးရုံး ရှိပေမယ့် ညှိနှိုင်းမှုတိုင်းမှာ ဒေသခံတွေရဲ့ တောင်းဆိုမှုတွေကို လူကြီးကို တင်ပြပေးမယ်။ အထက်ကို ပြောပေးမယ် ဆိုတာတွေနဲ့ပဲ ပြီးခဲ့ရတာပါ။ အခု စက်တင်ဘာ ၃၀ မှာလည်း နောက်ဆုံး ထုတ်ရမယ်ဆိုတဲ့ အမိန့်လိုစာကြီး ထုတ်ထားတယ်။ လယ်ယာတွေထဲမှာ သွပ်ဆူးကြိုးတွေ ခတ်နေတယ်။ အားလုံးက လျော်ကြေး ထုတ်ယူ မထားသေးဘူး။ စီမံကိန်းက ပြန်စဖို့ ပြင်နေပါပြီ။ ဒါကြောင့် ကုမ္ပဏီနဲ့ တိုက်ရိုက်တွေ့ဖို့ သွားမှာပါ” ဟု တုံရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ပြီး နောက်ပိုင်း လက်ပံတောင်း ဒေသတွင် တရားဝင် ခွင့်ပြုမိန့်ဖြင့် ဆန္ဒထုတ်ဖော်မှုပေါင်း ၃၀ အထိရှိခဲ့ကာ ယနေ့ဆန္ဒ ထုတ်ဖော်မှုတွင် တရားဝင် ခွင့်ပြုချက်ရယူပြီး ဆန္ဒထုတ်ဖော်ခြင်း မဟုတ်သည့်အတွက် တားဆီးရခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦးက ဆိုသည်။

The Voice Weekly

ဝမ်ပေါင်ကုမ္ပဏီနှင့် တိုက်ရိုက် ဆွေးနွေးခွင့်ရရန် လူစုလူဝေး စီတန်း လမ်းလျှောက်လာသော လက်ပံတောင်းတောင် စီမံကိန်း ဧရိယာမှ ဒေသခံ ၂၀၀ ကျော်ကို အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်း အချိန်တွင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးလမ်း တုံရွာနှင့် ရွှေလှေရွာကြားတွင် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ကြောင်း လမ်းလျှောက်မှုတွင် ပါဝင်ခဲ့သည့် လက်ပံတောင်းတောင် ဒေသခံတစ်ဦး က ပြောကြား သည်။

သုံးလခံဆင်းမ်ကတ် ကျပ်နှစ်သောင်းဖြင့် ရောင်း

ဆီး ဂိမ်းပြိုင်ပွဲတွင် လာရောက်မည့် ပြည်ပအားကစားသမားများ အတွက် ဆင်းမ်ကတ်တစ်ကတ် လျှင် ကျပ်နှစ်သောင်းဖြင့် ရောင်း ချပေး မည်ဖြစ်ကြောင်း ဆက်သွယ် ရေးနှင့် သတင်းအချက် အလက် ကော်မတီမှ သိရသည်။

ရေနွေးကြမ်း သောက်ခြင်း ၏ အကျိုး ကျေးဇူးများ





ရေနွေးကြမ်း သောက်ခြင်း အား ဖြင့် လန်းဆန်း တက်ကြွ လာပြီး စိတ်ညစ် ခြင်း ၊ စိတ်ဓာတ် ကျခြ င်း များ ကို လည်း ပြေပျောက် စေနိုင် ပါသည် ။ အရွယ် ရောက်သူ တိုင်း သည် တစ်နေ့ ကို ရေနွေး ကြမ်း သုံး လေး ခွက် ကို နေ့စဉ် သောက်သင့် ပါသည်။

သမ္မတဖွဲ့ပေးသော ဆပ်ကော်မတီ မကွေးသို့ လာရောက်စဉ် ဒေသခံများမှ အချက်၂၅ ချက် တောင်းဆို

မကွေးမြို့သို့ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ်ကော်မတီမှ ဒု-၀န်ကြီးသုံးဦး လာရောက်စဉ် ရပ်မိ ရပ်ဖများက ကျေးလက်မီးလင်းရေး၊ လေယာဉ်လိုင်းပြေးဆွဲရေးအပါအ၀င် လိုအပ်ချက် ၂၅ ခုကို တောင်းဆိုခဲ့ကြ သည်။

အလှပြင် ပစ္စည်းများ ကြောင့် ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ခြေ များ



ခန္ဓာကိုယ် တွင်းမှာ Phthalates အမည် ရှိ ဓာတု ပစ္စည်း များ စုပုံ လာ ခြင်းနှင့် အမျိုး သမီး များ တွင် ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ခြေ မြင့်မား ခြင်း တို့ ဆက်စပ် နေပါ တယ် လို့ ဘရင်ဟမ် အမျိုး သမီး ဆေးရုံမှ သုတေသီ များ က တွေ့ရှိ ခဲ့ ကြပါတယ်။ Phthalates များ ဟာ ခန္ဓာကိုယ် တွင်းေ ဟာ်

မွန်ပြည်နယ်ကမ်းခြေ သဲသောင်ပြင်မှ ရှားပါးသတ္တုပါ အလေးချိန်စီးသဲ စမ်းသပ်တူးဖော်ခွင့်အတွက် ဒေသခံများ၏ သဘောထား ရယူ

မွန်ပြည်နယ်ကမ်းခြေ သဲသောင်ပြင်တွင် ၂၀၁၃ ခုနှစ် ဇွန်လက ဘီးလင်း-ဇုက္ကလိမှ ရေးမြို့နယ်-၀ါးကျွန်းထိ သဲနမူနာယူ စမ်းသပ်ရာ ရှားပါးသည့် ဇာကွန်၊ ရူတိုင်းလ်၊ ဂါးနက်၊ မဂ္ဂနက်တိုက်၊ အင်လ်မနိုက် ပါဝင်မှု ကနဦး တွေ့ရှိချက်ကို ဖြစ်မြောက်နိုင်စွမ်း တိုင်းတာတူးဖော်ရန် ပြည်နယ်အစိုးရထံ တင်ပြရာ ဒေသခံ များ၏ သဘောထား ရယူတင်ပြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

အိုးအိမ်မှ ပေးထားသည့်ကတိများ အကောင်အထည်ဖော်ပေးစေရန် ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇/ ၆၃ ရပ်ကွက်များတွင် နေထိုင်သူများက ယင်းနေရာတွင် ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာတွင် အိမ်ခန်းဝယ်ယူခွင့်အပါအ၀င် အိုးအိမ် ဦးစီးဌာနမှပေးထားသော ကတိများ တည်စေလိုသည်ဟုဆိုကာ တတိယအကြိမ် ဆန္ဒဖော်ထုတ်ခြင်းကို ရန်ကုန်မြို့ မဟာ ဗန္ဓုလပန်းခြံ အနီးတွင် အောက်တိုဘာ ၆ ရက်က ပြုလုပ်သည်။

ကြီးကျယ်ခမ်းနားသည့် ကစားပုံနှင့်နိုင်ခဲ့ဟု ဂါစီယာဝံ့ကြွား

 
ရိုး မားအသင်းသည် အင်တာမီလန် အသင်းကွင်းတွင် သုံးဂိုးပြတ်နိုင် ပွဲ ရယူနိုင်ခဲ့ပြီးနောက် ထိပ်တန်း လိဂ်(၄)လိဂ်၌ ခုနစ်ပွဲကစားပြီး ခုနစ်ပွဲစလုံး အနိုင်ယူထားနိုင် သည့် တစ်သင်းတည်းသော အ သင်းအဖြစ် ဆက်လက်အောင် ပွဲခံနိုင်ဆဲ ဖြစ်သည်။ပြင်သစ်လူမျိုးနည်းပြ ဂါ စီယာလက်ထက်တွင် ရိုးမားအ သင်းမှာ အကောင်းဆုံးကစားပုံ ကို ရရှိလာခဲ့ပြီးနောက် စီးရီးအေ ချန်ပီယံဆုကို တစ်ကျော့ပြန်စိန် ခေါ်လာ နိုင်ခဲ့ခြင်းဖြစ်သည်။

ခန္ဓာကိုယ်အစိတ်အပိုင်းများကို အင်္ဂလိပ်လိုမှတ်သားခြင်း


အင်္ဂလိပ်စာ သင်ခန်းစာလေးပါ။ သိပ်တော့ မခက်ပါဘူး။ တော်တော် များများ သိကြမှာပါ။ သို့ပေမယ့် ပြောပါဆို ရင် ရုတ်တရက် ပြော လို့ခက်မယ့်ဝေါဟာရများ ဖြစ်ပါတယ်။

ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်လာဖို့ ဆက်လက်အားပျိုးနေပါတယ်။

ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်လာဖို့ ဆက်လက်အားပျိုးနေပါတယ်။
Weather News Update
7-10-2013
7:05 am

(၁) (၇-၁၀-၂၀၁၃)ရက် နံနက်(၄)နာရီခွဲအချိန် ဂြိုဟ်တုတိမ်ပုံတိုင်းတာချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ လေထုမငြိမ်မသက်မှုဟာ ဆက်လက်အားကောင်းနေပြီး ကမ်းမှဝေးရာ ပင်လယ်ပြင်ဖက်ကို တရွေ့ရွေ့ နဲ့ တိုးထွက်နေပါတယ်။ ပင်လယ်ပြင်ကျယ်ထဲရောက်လေ၊ မြောက်ဖက်ကိုမြင့်တက်လေ ပိုမိုအားကောင်းလာစေလေ ဖြစ်ပါတယ်။ ဂြိုဟ်တုတိမ်ပုံတိုင်းတာချက်များအရ မိုးတိမ်တောင်များဖြစ်ပေါ်နေပြီး တိမ်ထိပ်အပူချိန်(Cloud Top Temperature-CTT) -60°C အထိ ကျဆင်းအောင် တိမ်ထိပ်များ မြင့်မားနေတာကိုတွေ့ရပါတယ်။(၂) အိန္ဒိယမိုးလေ၀သဌာနရဲ့ IMD New Dehli GFS(T574) MODEL ခန့်မှန်းချက် အရ အောက်တိုဘာလ (၉)ရက်မှ(၁၁)၇က်အတွင်း ဖြစ်ပေါ်လာနှိုင်တဲ့ မုန်တိုင်း အခြေအနေခန့်မှန်းချက်အရ မုန်တိုင်းငယ်အဆင့် ရောက်ရှိလာပြီးနောက် အနောက်မြောက်ဖက်ကိုဘဲ ဆက်လက်ရွေ့လျှားနှိုင်ပါတယ်။ တနင်္သာရီ-မွန်-မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ လေဒဏ် နဲ့ လှိုင်းဒဏ်ကို သတိထားဖို့ လိုအပ်ပါတယ်။ လေတိုက်ခတ်မှု တစ်နာရီ မိုင်(၄၀-၄၅) နှုန်းနဲ့ လှိုင်းအမြင့် (၇)ပေမှ (၁၀)ပေခန့်အထိရှိနှိုင်ပါတယ်။
အောက်တိုဘာလ (၇)ရက်မှ(၁၁)ရက်အထိကာလအတွင်း မြန်မာ့ပင်လယ်ပြင်အတွင်း နဲ့ ကမ်းရိုးတန်းဒေသများ အားလုံး လေဒဏ် နဲ့ လှိုင်းဒဏ်တွေကို သတိထားဖို့ လိုအပ်ပါတယ်။ 

ဒေါက်တာထွန်းလွင်
ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်လာဖို့ ဆက်လက်အားပျိုးနေပါတယ်။
Weather News Update
7-10-2013
7:05 am

(၁) (၇-၁၀-၂၀၁၃)ရက် နံနက်(၄)နာရီခွဲအချိန် ဂြိုဟ်တုတိမ်ပုံတိုင်းတာချက်အရ ကပ္ပလီ ပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ လေထုမငြိမ်မသက်မှုဟာ ဆက်လက်အားကောင်းနေပြီး ကမ်းမှဝေးရာ ပင်လယ်ပြင်ဖက်ကို တရွေ့ရွေ့ နဲ့ တိုးထွက်နေပါတယ်။ ပင်လယ်ပြင်ကျယ်

လှိုင်သာယာမှ Music ကာရာအိုကေဆိုင် နှစ်လောင်းပြိုင် လူသတ်မှု သံသယရှိသူ ၁၂ ဦးအား ဖမ်းမိ


ရန်ကုန် မြောက်ပိုင်း ခရိုင် ၊ လှိုင်သာယာ မြို့နယ် အမှတ်(၅) ရပ်ကွက် ၆၉၃/ ၆၉၄ ၊ သုဓမ္မာလမ်း ရှိ Music ကာရာအိုကေ ဆိုင်တွင် အောက်တိုဘာလ ၄ ရက်က ဖြစ်ပွား ခဲ့သော နှစ်လောင်းပြိုင် လူသတ်မှု မှ ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူ ၁၂ ဦးအား ကရင်ပြည်နယ် ရဲတပ်ဖွဲ့ က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အခြေခံဥပဒေ ပြင်ဆင်/အသစ်ရေးဆွဲခြင်းသည် တိုင်းရင်းသားအရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် မဆိုင်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်း (သို့မဟုတ်) အသစ်ရေးဆွဲခြင်းသည် လွှတ်တော်သို့ တင်ရန် ပြင်ဆင်နေသည့် တိုင်းရင်းသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း ထိုဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်နေသည့် အမတ်များက ဆိုသည်။

ဆွာရက်ဇ် ဧ။် အကောင်းဆုံး ပုံစံ နဲ့  ပြန်လာခဲ့ခြင်း နင့်အတူ ဇယားထိပ်ဆုံး တက်လှမ်း လာနိုင်မှုကြောင့် ကျေနပ်ပျော်ရွှင် နေသည့် ရော့်ဂျာ

လီဗာပူးလ် အသင်းဧ။် နည်းပြ ဘရန်ဒန် ရော့်ဂျာ က ပွဲပယ်ပြစ်ဒါဏ် က နေ ပြန်လည် လွတ်မြောက်လာ ခဲ့သည့် ဥရုဂွေး တိုက်စစ်မှူး ဧ။် အကောင်းဆုံး ပြန်လာ ခဲ့မှု နင့်အတူ ဇယား ထိပ်ကို တက်လှမ်း လာနိုင်မှုကြောင့် ကျေနပ် မိကြောင်း ပြောကြား သွားခဲ့ကြောင်း သိရသည်။
        

အမျိုးသားတိုင်း ပြုလုပ်နိုင်သော ကျန်းမာရေး စစ်ဆေးနည်း ငါးမျိုး

Photo: အမျိုးသားတိုင်း ပြုလုပ်နိုင်သော ကျန်းမာရေး စစ်ဆေးနည်း ငါးမျိုး

အမျိုးသားအများစုက ကျန်းမာရေး မကောင်းတဲ့ လက္ခဏာတွေ ရှိနေပေမယ့် လျစ်လျူရှု ထားတတ်ကြပါတယ်။  နောက်ပိုင်း ရောဂါရင့်လာတဲ့ အခြေအနေကျမှ ကုသရ ခက်ခဲတာမျိုး ဖြစ်လာတတ်တာကြောင့် အခုကစပြီး မိမိဘာသာ အလွယ်တကူ စစ်ဆေးနိုင်မယ့် နည်းလမ်းတွေကို သိရှိလိုက်နာသင့်ပါတယ်။

စစ်ဆေးပါ - ဆံပင်

ဆံပင်အကွက်လိုက် ကျွတ်နေလျှင်  

ဆံပင်တွေက ဦးရေပြား တစ်နေရာတည်းကနေ အထွေးလိုက် ကျွတ်နေရင် စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းတွေက သွေးဖြူဥတွေကို လှုံ့ဆော်တာကြောင့် ဆံခြည်မျှင် အိတ်တွေကို သွားရောက် ထိခိုက်စေကာ ဆံပင် အထွေးလိုက် ကျွတ်လာတာပါ။ ခေါင်းဖြီးရင်း၊ ခေါင်းလျှော်ရင်း ဆံပင်တွေက စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် အများကြီး ကျွတ်နေရင်တော့ သတိပြုသင့် နေပါပြီ။ နာတာရှည် စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါကနေ မှတ်ဉာဏ်ချို့တဲ့မှုအထိ ဖြစ်စေနိုင်ပါတယ်။

လိုက်နာပါ- စိတ်ဖိစီးမှုဖြစ်လာရင် ခန္ဓာကိုယ်ထဲမှာ တုံ့ပြန်မှုတွေ ဖြစ်ပေါ် လာတတ်ပါတယ်။ ကြာရှည် စိတ်ဖိစီးမှု များတာကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာနဲ့ တရားထိုင်တာတို့လို စိတ်ဖိစီးမှု ထိန်းချုပ်ရေး နည်းလမ်းတွေကို လိုက်နာပါ။ တကယ်လို့ ပူပင်သောက များနေပြီး ဆံပင်ကျွတ်နှုန်း များနေတယ်ဆိုရင် သံဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ဗီတာမင် B12 တို့ပါတဲ့ အာဟာရတွေကို မှီဝဲပါ။ ဆယ်လ်မွန်ငါးနဲ့ ပန်းဂေါ်ဖီစိမ်းဟာ ဆံပင်သား ကျန်းမာရေးအတွက် အကောင်းဆုံး အစာတွေ ဖြစ်ပါတယ်။

စစ်ဆေးပါ - ရင်သား

ရင်သားတစ်ဖက်က ကြီးလာလျှင်

လိုက်နာပါ- အမျိုးသားတွေရဲ့ ရင်သား တစ်သျှူးက အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးလာရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အမျိုးသားတွေက တစ်နှစ်မှာ ရင်သားကင်ဆာ ဖြစ်သူ ၂၁၄၀ ဦးလောက်ရှိကြောင်း သိရပါတယ်။ အမျိုးသားတွေ အနေနဲ့ ရင်သားကင်ဆာ ကာကွယ်နိုင်ဖို့ မိမိဘာသာ စစ်ဆေးတဲ့နည်းကို သုံးသင့်ပါတယ်။ ရေချိုးတဲ့အခါ ရင်သားအရွယ်အစား ပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးပါ။ ဥပမာ အလုံးအဖု ဖြစ်နေသလား၊ အရောင်ပြောင်းလဲ နေသလား၊ နို့သီးခေါင်း အရွယ်အစား ပြောင်းလဲ နေသလား ဆိုတာကို စစ်ဆေးဖို့ လိုပါတယ်။

လိုက်နာပါ- ရင်သားမှာ တစ်ခုခု ပြောင်းလဲနေတယ်လို့ ယူဆရင် ဆရာဝန်နဲ့ပြပါ။ အမျိုးသားတွေကလည်း ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုတာကို မေ့မထားပါနဲ့။ ရင်သားကင်ဆာ မျိုးရိုးရှိတဲ့ အမျိုးသား ငါးယောက်မှာ တစ်ယောက်နှုန်းဟာ ရင်သားကင်ဆာ ဖြစ်တတ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။

စစ်ဆေးပါ - ဆီးသွားခြင်း

ဆီးသွားရ ခက်ခဲနေလျှင်  

ဆီးသွားရခက်ခဲတာဟာ ဆီးကျိတ်ဂလင်း ကြီးတာကြောင့် ဖြစ်နိုင်သလို ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ဂလင်းက အမျိုးသား ဆီးပြွန်ချောင်းရဲ့ အပေါ်မှာ ရှိတာကြောင့် ဆီးကျိတ်ကြီးလာရင်၊ ရောင်လာရင် ဆီးသွားရ ခက်ခဲတတ်ပါတယ်။

လိုက်နာပါ- ဆီးကျိတ်စစ်ဆေးမှု ပြုလုပ်ဖို့ အချိန်တန်ပါပြီ။ အမျိုးသား ခြောက်ဦးအနက် တစ်ဦးဟာ ဆီးကျိတ်ကင်ဆာဖြစ်တတ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။ ရောဂါကို စောစောစစ်ဆေး တွေ့ရှိဖို့ အရေးကြီးပါတယ်။

စစ်ဆေးပါ - ခံတွင်း

ခံတွင်းထဲ မပျောက်နိုင်သော အနာဖြစ်နေလျှင်  စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ခံတွင်းအနာလို့ မထင်ပါနဲ့။ သွားဖုံး၊ လျှာ၊ လည်ချောင်းနဲ့ နှုတ်ခမ်းပေါ်မှာ ပေါက်နေတဲ့ အနာက သူ့အလိုလို မပျောက်ရင် ကင်ဆာဖြစ်နိုင် ခြေရှိပါတယ်။ တစ်နှစ်မှာ ခံတွင်းကင်ဆာဖြစ်သူ လေးသောင်းကျော်အနက် အများစုက အမျိုးသားတွေ ဖြစ်ကြတယ်လို့ အမေရိကန် ကင်ဆာ အဖွဲ့အစည်းက ဆိုပါတယ်။

လိုက်နာပါ- ဆရာဝန် ဒါမှမဟုတ် သွားဆရာဝန်နဲ့ ပြသပြီး စစ်ဆေးပါ။ သံသယရှိဖွယ် တစ်စုံတစ်ရာ ပြောင်းလဲမှု ခံစားရရင် အထူးဆိုးဆေးသုံးပြီး စစ်ဆေးတာ ဒါမှမဟုတ် အသားစယူ စစ်ဆေးတာတို့ လုပ်ဆောင်ပေးပါလိမ့်မယ်။

စစ်ဆေးပါ - ခါး

ခါးအတိုင်းအတာ ၃၇ လက်မ ကျော်လျှင်  ဒါဆိုရင် ခါးတုတ်နေပြီလို့ ယူဆနိုင်ပါတယ်။ ခါးအရွယ်အစား ကြီးမားပြီး ဗိုက်နာတာက ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတို့ကြောင့် ဖြစ်နိုင်ခြေ များပါတယ်။ အမျိုးသား သုံးယောက်မှာ တစ်ယောက်ကျော်ဟာ နှလုံးရောဂါ အမျိုးအစားတစ်မျိုး ရှိနေပြီး အသက် ၂၀ ကျော် အမျိုးသား ၁၁ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါ ရှိနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းက ကိုယ်အလေးချိန် များတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အခုကစပြီး ခါးကို သေချာ တိုင်းတာကြည့်လိုက်ပါ။

လိုက်နာပါ- ဗိုက်ပူနေရင် ခါးအရွယ် အစားလျှော့ချဖို့ အရေးကြီးပါတယ်။ ခါးအရွယ်အစားကို လျှော့ချနိုင်တာက နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တာပဲ ဖြစ်ပါ တယ်။ ဗိုက်ပူတာ လျော့ကျစေဖို့ အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပြီး လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်ခန့် လုပ်ဆောင်ပေးဖို့ လိုအပ်ပါ တယ်။

ကေအမ်
BY GOOD HEALTH
အမျိုးသားအများစုက ကျန်းမာရေး မကောင်းတဲ့ လက္ခဏာတွေ ရှိနေပေမယ့် လျစ်လျူရှု ထားတတ်ကြ ပါတယ်။ နောက်ပိုင်း ရောဂါရင့်လာတဲ့ အခြေအနေကျမှ ကုသရ ခက်ခဲ တာမျိုး ဖြစ်လာတတ်တာကြောင့် အခုကစပြီး မိမိဘာသာ အလွယ်တကူ စစ်ဆေးနိုင်မယ့် နည်းလမ်းတွေ ကို သိရှိလိုက်နာသင့်ပါတယ်။
စစ်ဆေးပါ - ဆံပင်

နှိပ်နယ်ခြင်း၏ အကျိုးကျေးဇူးများ

Photo: နှိပ်နယ်ခြင်း၏ အကျိုးကျေးဇူးများ
Monday, October 7, 2013

ခေါင်းကိုက်သက်သာစေသည် အနှိပ်ကုထုံး ( massage therapy) ကို ရက်သတ္တပတ်များစွာ ခံယူပြီးသည့်အခါ ခေါင်းကိုက်ရောဂါ သက်သာစေပြီး နှစ်ခြိုက်စွာအိပ်ပျော် စေသည်။

လေ့ကျင့်ခန်းပြုလုပ်ပြီးနောက်ကိုယ်လက်ကိုက်ခဲမှုကိုသက်သာစေသည် လေ့ကျင့်ခန်း ပြုလုပ်အပြီး ကြွက်သားရောင်ရမ်းမှုကို နှိပ်နယ် ခြင်းဖြင့် သက်သာစေသည်။နာမည်ကျော် အားကစားသမားများတွင် ကိုယ်ပိုင်အနှိပ်ကုထုံး ခံယူရာ ဆေး ခန်းနှင့် အနှိပ်ဆရာတို့ ရှိကြသည်။

နုပျိုစေသည်

နှိပ်နယ်ခြင်းသည် သွေးစီးဆင်း မှုကောင်းစေသည်။ မျက်နှာကြွက်သား များပြေလျော့စေပြီး သငန်ရည် စီးဆင်းမှုကို အားပေးသောကြောင့် အဆိပ်အတောက်များ ရှင်းလင်းကာ အသားအရေကို နုပျိုစေသည်။ ရာသီမလာခင် နာကျင်ကိုက်ခဲမှုကို သက်သာစေသည်

စိတ်လှုပ်ရှားခြင်း၊ လေအောင့် ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့် ခြင်းစသည့်ရာသီမလာခင်ခံစား ရသော ဝေဒနာများကို အနှိပ်ကုထုံး ဖြင့် သက်သာစေနိုင်သည်။

ကင်ဆာရောဂါ လက္ခဏာများ သက် သာစေသည် ကင်ဆာ ကျိတ်ပျံ့နှံ့ ခြင်းကြောင့် မခံမရပ်နိုင်အောင် ကိုက်ခဲခြင်း၊ အိပ် မပျော်ခြင်း စသည့်ဝေဒနာများကို အနှိပ်ကုထုံးဖြင့် သက်သာစေနိုင်ပြီး ရောဂါဖြစ်ပွားမှုကြောင့် ဘ၀အရည် အသွေး (Quality of life) မကျ ဆင်းစေရန် ကူညီပေးသည်။

ဇော်ကို
Source:RD
Health Updates Journal
ခေါင်းကိုက်သက်သာစေသည် အနှိပ်ကုထုံး ( massage therapy) ကို ရက်သတ္တပတ်များစွာ ခံယူပြီးသည့်အခါ ခေါင်းကိုက်ရောဂါ သက်သာစေပြီး နှစ်ခြိုက်စွာအိပ်ပျော် စေသည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ အောက်တိုဘာ ၈ ရက်မှစ၍ မြစ်ကြီးနားမြို့၌ ပြုလုပ်မည်

နှစ်ဖက်ခေါင်းဆောင်များ ပါဝင်ကြမည့် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့၌ အောက်တိုဘာ ၈ ရက်မှ စတင်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတာဝန် လက်ခံရယူမည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ အောက်တိုဘာ ၉ ရက်တွင် စတင်မည်


မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လက်ခံရယူမည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးများနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၉ ရက်တွင် ဘရူးနိုင်းနိုင်ငံ၌ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အသင်းကြီးတွေ အောင်ပွဲခံတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၇)ကောက်ကြောင်းနှင့် ထူးခြားချက်များ

ပရီးမီးယားလိဂ် ပွဲစဉ်(၇)အဖြစ် ယှဉ်ပြိုင်ကစားတဲ့ စနေညအစောပိုင်း ပွဲစဉ်တွေမှာတော့ အသင်း ကြီးတွေအောင်ပွဲခံနိုင်ခဲ့ကြပြီး မန်စီးတီးကို (၃-၁)ဂိုးနဲ့ ရှုံးခဲ့တာကြောင့် အဲဗာတန်ကတော့ ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့ရပါတယ်။ မန်စီးတီးနဲ့ အဲဗာတန်ပွဲမှာ အိမ်ရှင်အသင်း အထနှေးခဲ့ပေမယ့် မိနစ်(၂၀)ကျော် လာချိန်မှာတော့ ယာယာတိုရေး၊ ဆေးလ်ဗားတို့ရဲ့ ကွင်းလယ်အားတွေနဲ့အတူ ပွဲကို လွှမ်းမိုးလာနိုင်ခဲ့ပြီး နီဂရီဒို၊ အဂူရိုတို့ရဲ့ဂိုးတွေကြောင့် အနိုင်ရသွားခဲ့တာပါ။