မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာပေါင်း ခြောက်သောင်းခန့်တွင်
နေထိုင်သော မိသားစုများကို တစ်အိမ်ထောင်စုလျှင် တစ်သိန်းနှုန်းဖြင့် ကျပ်ငွေ
ဘီလီယံသုံးရာခန့် ချေးသွားရန် သမ၀ါယမ ၀န်ကြီး ဌာနက စီစဉ်နေကြောင်း
ဝန်ကြီးဌာန၏သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး
ဦးမြင့်အောင်က မဇ္ဈိမသတင်းစာကို ပြောသည်။
Wednesday, July 24, 2013
ရန်ကုန်မြို့လယ် ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခံရ
ရန်ကုန်မြို့လယ် လူစည်ကားသော နေရာတစ်ခုဖြစ်သည့် ကျောက်တံတား မြို့နယ်၊
၃၅လမ်း (အထက် ဘလောက်) ရှိ Net Asia Mobile and Network Solution
ဖုန်းအရောင်းဆိုင်တွင် ဇူလိုင်လ ၂၁ ရက် နံနက် ၁ နာရီခန့်က ကျပ်၂၇ သိန်း
ကျော်ဖိုး ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ကြောင်း ဆိုင်ရှင်က The Voice
သို့ပြောကြားသည်။
ကိုးနှစ်သမီးကို အဓမ္မကျင့်ကာ နားကပ် ဖြုတ်သူကို ဖမ်းမိ
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီး ကျေးရွာတွင် ဇူလိုင်လ ၂၂ရက် နံနက် ၁၀နာရီ မိနစ် ၃၀ခန့်က အသက် ၉ နှစ် အရွယ် မိန်းကလေးငယ် ဈေးဝယ်ပြီး အပြန်တွင် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့် ခဲ့ရာ ညနေ့ ၃ နာရီခွဲတွင် ယင်းသို့ ပြုလုပ်သည်ဟု စွပ်စွဲခံရသူကို ဖမ်းမိ ခဲ့ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ သိရှိရသည်။
ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ယာဉ် စီးလျှင် ဖမ်းဆီးမည်
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့ဝင်များလိုင်စင်မဲ့ယာဉ် စီးနင်းပါက ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောကြားသည်။
သကြားဖြင့် အနာကို ပျောက်စေ
သကြားနဲ့ တကယ်ပဲ အနာကို ပျောက်စေပါတယ်။ ယင်းနည်းလမ်းကို အာဖရိက တိုက်မှာ ဟိုးအရင် ကတည်းက အသုံးပြုနေတာ ဖြစ်ပါတယ်။
SEA-ME-WE 3 ရေအောက်ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုကြောင့် အင်တာနက်လိုင်း အမြန်နှုန်းများ ထက်ဝက်ခန့် ကျဆင်း
၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက် ညနေပိုင်း၌ မြန်မာနိုင်ငံနှင့် နိုင်ငံတကာသို့
ချိတ်ဆက်ထားသည့် SEA-ME-WE 3 ရေအောက် ဖိုက်ဘာဆက်ကြောင်း
ပြတ်တောက်မှုကြောင့် အင်တာနက်လိုင်း အမြန်နှုန်းများ ထက်ဝက်ခန့်
ကျဆင်းခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ် မှန်သမျှကို ပြင်းထန်စွာ ရှုတ်ချကြောင်း သီတဂူဆရာတော်ကြီး အပါအ၀င် ဆရာတော်ကြီးများ ကြေညာချက် ထုတ်ပြန်
အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ် မှန်သမျှကို
ပြင်းထန်စွာရှုတ်ချကြောင်း သီတဂူဆရာတော်ကြီး အပါအ၀င် ဆရာတော်ကြီးများက
ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Subscribe to:
Posts (Atom)