၁၀.၈.၂၀၁၃ ရက်နေ့ ၁၃၁၅ အချိန် သာကေတမြို့မရဲစခန်း မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်း အရ သက်သေများနှင့်အတူ သုမနလမ်းထောင့်၌ စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသူ ကျော်ထွန်း
Sunday, August 11, 2013
ဆင်ဆာမဲ့ခွေများဖမ်းဆီးရမိ
၁၀.၈.၂၀၁၃ ရက်နေ့ ၁၈၁၅ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သက်သေများနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်ရှိ တင်ဝင်း(ခ)မိုဟာမတ်အလီ (ဘ)ဦးမူဆာ၏ ဗီစီဒီခွေ
တိုက်ကြီးမြို့နယ်၌ တရားမ၀င်သယ်ဆောင်လာသောသစ်များ ဖမ်းဆီး
၁၀.၈.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီး ဌာနမှ တောအုပ်ကြီး ဦးအောင်မြ သည် တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အတူတရားမ၀င် ကျွန်းသစ်ခွဲသားများ သယ်ဆောင်
ခါးပိုက်နှိုက်မှု ကျူးလွန်သူ များအား ဖမ်းဆီးရမိ
၁၀.၈.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်ဖမ်းဆီးရေးတာဝန်အား အင်းစိန်မြို့နယ်၊ လှိုင်မြစ်
ခံတွင်း ပျက်နေသူများ အစာစားချင်စိတ် ပြန်ကောင်း လာစေရန်
ရောဂါ
ဝေဒနာ တစ်ခုခုကို ခံစားနေရပြီး ကျန်းမာရေး မကောင်း သူတွေဟာ
ခံတွင်းပျက်ပြီး အစာ စားချင်စိတ် လျော့နည်း တာကြောင့် ကိုယ်အလေး ချိန်တွေ
လျော့ကျ လာတတ်ပါတယ်။ အဲဒီအခါ ကိုယ်ခံ စွမ်းအားလျော့ကျပြီး ရောဂါဝေဒနာကို
ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင် မကောင်းတာမျိုး
ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာ
သင့်တဲ့ နည်း လမ်းတွေကို ရေးသားလိုက်ရပါတယ်။
ဂြိုဟ်တုသတင်းအချက်အလက် တရုတ် မြန်မာ မျှဝေမည်
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ Satellite ဂြိုဟ်တု ကနေရတဲ့ သတင်းအချက်အလက် တွေကို မျှဝေသုံးစွဲဖို့ သောကြာနေ့က သဘောတူစာချုပ်တရပ်
ဝါယာကြိုးဖြင့် ဆွဲကြိုးချသေဆုံး
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် မြို့သစ် က/ခ ရပ်ကွက် ၊ က/(၅)လမ်းတွင်ရှိ အိမ်အမှတ် မ-၄၀တွင် အမျိုးသားတစ်ဦးသည် လျှပ်စစ်ဝါယာကြိုးဖြင့် ထုတ်တန်းတွင် ဆွဲကြိုးချသေဆုံးသွားကြောင်း ယင်းရဲ့ စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဒဂုံဆိပ်ကမ်း၊မြောက်ဒဂုံနှင့်ကြည့်မြင်တိုင်တို့တွင် နှစ်လုံးရောင်းချသူများ ဖမ်းမိ
ရန်ကုန်မြို့ရှိ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံနှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် နှစ်လုံးရောင်းချသူများကို ယမန်နေ့ က သက်ဆိုင်ရာ ရာစခန်းများမှ ဒုရဲအုပ်နှင့် အဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ဖမ်း ဆီးနိုင်ခဲ့ကြောင်း ရန်ကုန်းတိုင်း ရဲဌာနမှ သိရသည်။
စုံစမ်းထောက်လှမ်းရေးအစီအမံများကို ပြုပြင်ပြောင်းလဲမည်ဟု အိုဘားမားပြောကြား
စနိုးဒန် ဖွင့်ချပြောကြားပြီးနောက် ဝေဖန်မှုများ ခံလာရသောကြောင့် အမေရိကန် အစိုးရ၏ စုံစမ်း ထောက်လှမ်းရေးအစီအမံများကို ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း၊ ဖွင့်ချမှုကြောင့် လူထုယုံကြည်မှု ပျက်ခဲ့ သည့် ၎င်းအစီအမံသည် အမေရိကန် ပြည်သူများကို လုံခြုံစေရေးအတွက်သာ ဖြစ်ကြောင်း သမ္မတ အိုဘားမား ယမန်နေ့က ပြောကြားသည်။
နွားကျောင်း သား တစ်ဦး ရထားတိုက်သေ ဆုံး
ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ရွာသာကြီး
ရပ်ကွက်တွင် ယမန်နေ့ လေးနာရီခွဲအချိန်က သားသတ်ရုံ အနောက် ဖက်ရှိ
မီးရထားလမ်းဘေးတွင် နွားကျောင်းနေသောလူတစ်ဦး မီးရထားပွတ်တိုက်
သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက်အတွင်းမှ သိရသည်။
ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား နာဖစ်အား ထောင်ဒဏ် အနှစ် (၃၀) ချမှတ်ခဲ့
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အစိုးရဘဏ်အား ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား နာဖစ်အား ထောင်ဒဏ် အနှစ် (၃၀) ချမှတ်ခဲ့ကြောင်း သြဂုတ်လ (၉) ရက်နေ့က သိရှိရသည်။
ရန်ကုန်မြို့၊ လှည်းတန်းလမ်းဆုံတွင် အမျိုးသမီးတစ်ဦး ခြောက် လွှာတိုက်ပေါ်မှ ခုန်ချသေကြောင်း ကြံစည်မှုဖြစ်ပွား
လှည်တန်းလမ်းဆုံက အသစ်ဆောက်နေတဲ့ ကုန်တိုက်ကြီးနောက်ဖက် တိုက်တန်း ခြောက်လွှာပေါ်က အမျိုးသမီးငယ်တစ်ဦး ၁၀.၈.၂၀၁၃ နေ့လည် သုံးနာရီ ခွဲခန့်က ခုန်ချသေကြောင်းကြံစည် မှုဖြစ်ပွားခဲ့ ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ရေနံချောင်းပြန်ပို့မည်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရေနံချောင်းမြို့နယ် အ.ထ.က(၁) ကျောင်းမှ ယူဆောင် သွားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပါဠိဘာသာလက်ရေးမူစာအုပ်ကို စက်တင်ဘာလအတွင်း အဆို ပါကျောင်းသို့ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်(၂)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်း က ပြောကြားသည်။
ဗီယက်နမ်နှင့် အမေရိကန် စစ်ပွဲကြီး ပြီးသွားသည်ကို မသိပဲ တောနက်ထဲမှာ ပုန်းအောင်းနေခဲ့သည့် သားအဖနှစ်ဦး၊ နှစ်ပေါင်း (၄၀)ကြာမှ ရှာဖွေတွေ့ရှိ
အမေရိကန်းများ စစ်ရှုံးပြီး ဗီယက်နမ် စစ်ပွဲနိုင်ခဲ့သည့် သတင်းကို မသိနိုင်လောက်အောင် အပုန်းကောင်း ခဲ့သော သားအဖနှစ်ဦး နှစ်ပေါင်း (၄၀) ကြာမှ တော်နက်ထဲမှ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် အခမ်းအနားသို့ ဘင်္ဂလာဒေခ်ျ့ မှ ရခိုင် ၈၈ မျိုးဆက်များ တက်ရောက်
ရန်ကုန်မြို့တွင် သြဂတ်စ်လ ၆ ရက်နေ့မှ ၈ ရောက်နေ့ထိ ကျင်းပပြုလုပ်နေသော ၂၅ နှစ်မြောက် ရှစ်လေးလုံး ငွေရတုအခမ်းအနား သို့ ဘင်္ဂလာဒေခ်ျ့တွင် ရောက်ရှိနေကြသော ၈၈ မျိုးဆက် ကွန်ယက် (ရခိုင်)မှ အဖွဲ့ဝင် ၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာဖြစ်သည့် အများပြည်သူ အပန်းဖြေရာ ပြည်သူ့ရင်ပြင်အတွင်း လုံးဝဆောက်လုပ်ခွင့် မပြုသင့်သည့် သုံးထပ်အမြင့်ရှိ ရှော့ပင်းစင်တာ ရာခိုင်နှုန်း ၇၀ ပြီးစီး
ရှော့ပင်းစင်တာ ဆောက်လုပ်ငန်းရေး လုပ်ငန်းခွင်အား သြဂုတ် ၁၀ ရက်နေ့ က တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်) |
ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာထဲတွင် ပါဝင်နေသည့်အပြင် ရွှေတိဂုံစေတီတော်နှင့် နီးကပ်နေသည့် အများပြည်သူအပန်းဖြေရာ နေရာဖြစ်သော ပြည်သူ့ရင်ပြင်အတွင်း ဆောက်လုပ်ခွင့် မပြုသင့်သည့် ရှော့ပင်း စင်တာတစ်ခုကို ဆောက်လုပ်ခွင့်ပြုထားရာ ယခုအခါ ရာခိုင်နှုန်း ၇၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိ သည်။
စင်ကာပူနိုင်ငံ အခြေစိုက် Tiger Airways လေကြောင်းလိုင်း အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်-စင်ကာပူ ခရီးစဉ် စတင်ပြေးဆွဲမည်
စင်ကာပူနိုင်ငံ အခြေစိုက် Tiger Airways လေကြောင်းလိုင်းသည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်-စင်ကာပူ ခရီးစဉ်အား စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Tiger Airways လေကြောင်းလိုင်းသည် အာရှဒေသအတွင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲနေသော စရိတ်နည်း လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။
မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်အား လေကြောင်း ကုန်စည် ထောက်ပံ့ ပို့ဆောင်ရေး ဆုံရပ်အဖြစ် အဆင့်မြှင့် တင်ရန် ဂျပန်နိုင်ငံမှ Mitsubishi-Jalux Inc ကုမ္ပဏီ ရွေးချယ်ခံရ
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အား လေကြောင်းကုန်စည် ထောက်ပံ့ပို့ဆောင်ရေး ဆုံရပ်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရန် ဂျပန်နိုင်ငံမှ Mitsubishi -Jalux Inc ကုမ္ပဏီအား ရွေးချယ်ခဲ့ပြီး အရန်ကုမ္ပဏီအဖြစ် ပြင်သစ်နိုင်ငံမှ VINCI Airport ကုမ္ပဏီအား ရွေးချယ်ခဲ့ကြောင်း သိရသည်။
ထားဝယ် စီမံကိန်း အတွင်းရှိ မြန်မာ လုပ်သား အများစု အလုပ်ခွင် အတွင်း ခွဲခြား ဆက်ဆံခြင်းများ ကြုံတွေ့နေရ
တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ တွင် တည်ဆောက်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ၀င်ရောက်လုပ်ကိုင်နေသော ဒေသခံများနှင့် မြန်မာလုပ်သား များအနေဖြင့် ထိုင်းလုပ်သားများနှင့် ခွဲခြားဆက်ဆံမှုများ ကြုံတွေ့နေရကြောင်း စီမံကိန်းအတွင်း လုပ် ကိုင်နေသည့် မြန်မာလုပ်သားများထံမှ စုံစမ်းသိရှိရသည်။
ပုဂံညောင်ဦးဒေသ တွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း အခြေအနေ များနှင့် ပတ်သက်၍ ဒေသဆိုင်ရာ အာဏာပိုင် များ ဆွေးနွေး
ပုဂံဒေသတွင် ဖြစ်ပေါ်နေသော အခြေအနေများကို တာဝန်ရှိသူများမှ တွေ့ ဆုံဆွေးနွေး သည်ကို တွေ့ရစဉ် |
သြဂုတ်
၁၀ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူး
ဦးဇော်ဝင်းအောင် သည် ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ခရိုင်အထွေထွေ
အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် မန္တလေး
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် သြဂုတ်လဆန်းအတွင်း မိုးရွာသွန်းမှု ရှိလာပြီး မိုးရေချိန်လက်မများ ပိုလာနိုင်
မန္တလေးမြို့တွင် သြဂုတ် ၁၀ ရက် နံနက်ပိုင်းက မိုးရွာသွန်းမှုကို တွေ့ရစဉ်
၂၀၁၃ ခုနှစ် မိုးရာသီ ကာလအတွင်း၌ မိုးရွာသွန်းမှု နည်းပါးခဲ့သည့်
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသအချို့တွင် ယခုသြဂုတ် လဆန်းပိုင်းအတွင်း
မိုးရွာသွန်းမှုများ ရှိလာနေပြီး မိုးရေချိန်လက်မ ပိုမိုရရှိလာနိုင်ကြောင်း
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
ယခုနှစ် မိုးရာသီကာလတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌
မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ခဲ့သော်လည်း
အလယ်ပိုင်းဒေသ အချို့တွင် မိုးရွာသွန်းမှု မရှိခဲ့သောကြောင့် ဒေသတွင်း
တောင်သူများ ထွန်ယက်စိုက်ပျိုးရန် ခက်ခဲမှုများ ရှိနေခဲ့ကြသည်။
ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခိုးမှု ၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ထက်ဝက်ကျော်၏ ကျူးလွန်သူများကို ဖမ်းမမိသေး
လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်ကုမ္ပဏီမှ ငွေကျပ်သိန်း ၉၀၀ ကျော်ခိုးမှုမှ ကျူးလွန်သူများအား သက်သေခံငွေများနှင့် တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအတွင်း
ခိုးမှုဖြစ်စဉ် ၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ထက်ဝက်ကျော်၏
ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
စစ်တွေ ဘောဒူဖ ကယ်ဆယ်ရေးစခန်း အနီးရှိ လုံခြုံရေး ရဲကင်းစခန်း တစ်ခုအား ဘင်္ဂါလီများက မီးရှို့ဖျက်ဆီး၊ သေနတ်ပစ်ခတ်ခဲ့သဖြင့် ခုနစ်ဦး ဒဏ်ရာရရှိကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှထုတ်ပြန်
ဘောဒူဖကယ်ဆယ်ရေး စခန်းအနီးရှိ လုံခြုံရေး ရဲကင်းတွင် ဘင်္ဂါလီများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေစဉ်
စစ်တွေမြို့နယ် အတွင်းရှိ ဘောဒူဖ ကယ်ဆယ်ရေးစခန်း အနီးရှိ
ဒုက္ခသည်စခန်းတွင် တည်ဆောက် ထားသော လုံခြုံရေး ရဲကင်းစခန်း တစ်ခုအား
ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့မှုတစ်ရပ် သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့သော်လည်း
လူအသေအပျောက် မရှိကြောင်း၊ ဒဏ်ရာရရှိသူ ခုနစ်ဦးရှိကြောင်း
ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။
Subscribe to:
Posts (Atom)