Tuesday, June 11, 2013

ဗဟန်းမြို့နယ်တွင် လျှပ်စစ်မီတာပုံးအတွင်းမိုးရေ၀င်၍ ၀ါယာရှော့ဖြစ် မီးလောင်

၁၁-၆-၂၀၁၃ ရက်နေ့ ၁၁၄၀ အချိန် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်း၊ အမှတ်/၃၂-B ရှိ ကယ်လီဖိုးနီးယား အလှပြင်ဆိုင်တွင် နေအိမ်ခြံစည်းရိုး၌ ထားရှိသော လျှပ်စစ်မီတာပုံး ထဲသို့ မိုးရေယိုကျ၍ ၀ါယာရှော့ဖြစ်ကာ အိမ်သုံးမီတာ(၁) လုံး၊ ပါဝါမီတာ(၁)လုံးနှင့် ၀ါယာကြိုးများ မီးလောင် ကျွမ်းခဲ့ရာ တာမွေမြို့နယ် မီးသတ်ဦးစီးမှူး ရဲသူရိန်ဌေးဝင်းဦးစီး မီးသတ်ယာဉ် (၂)စီးဖြင့် ငြိမ်းသတ်ခဲ့၍ (၁၁၄၇)အချိန် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် တန်ဘိုး(၃၀၀၀၀ိ/-) ခန့် ဆုံးရှုံးခဲ့သဖြင့် ဆိုင်တာဝန်ခံ ကိုအောင်သန်းဇော် (ဘ) ဦးမိုးသွင်၊ ဗဟန်းမြို့နယ်နေသူအား ဗဟန်းမြို့မရဲစခန်းမှ (ပ)၂၂၆/၂၀၁၃၊ပုဒ်မ-၂၈၅ ဖြင့်အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

အချုပ်ယာဉ် ဘရိတ်ပေါက်၍ ယာဉ်တိုက်မှုဖြစ်

၁၁.၆.၂၀၁၃ ရက်နေ့ ၁၅၀၅ အချိန် မင်္ဂလာတောင်ညွှန့် မြို့နယ်တရားရုံးမှ အချုပ်တရားခံ ကျား(၅)ဦး၊ မ(၅)ဦး၊ ပေါင်း (၁၀)ဦးအား တပ်ဖွဲ့ဝင်များဖြင့်အင်းစိန်အကျဉ်းထောင်သို့ပို့ရန် ယာဉ်မောင်း ရဲတပ်သား စည်သူဝင်းနိုင် မောင်းနှင်သည့် ယာဉ်အမှတ် ၁ခ/၇၇၈၇ အချုပ်ယာဉ်သည် မင်္ဂလာတောင်ညွှန့်မြို့ နယ်၊

ကချင်စစ်ဘေး ဒုက္ခသည်များကို ထောက်ပံ့ရန် တနှစ်လုံးအတွက် ဒေါ်လာ သန်း ၄၀ ကျော် လိုအပ်

Photo: ကချင်စစ်ဘေး ဒုက္ခသည်များကို ထောက်ပံ့ရန် တနှစ်လုံးအတွက် ဒေါ်လာ သန်း ၄၀ ကျော် လိုအပ်
Tuesday, 11 June 2013

၂၀၁၃ ခုနှစ်အတွက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင် စစ်ဘေးရှောင် ဒုက္ခသည်များကို ထောက်ပံ့ရန် လိုငွေ ဒေါ်လာ ၄၄. ၂ သန်း ရှိကြောင်း သိရသည်။

ဗြိတိန် အစိုးရက ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ၃ ဒဿမ ၅ မီလျံပေါင် (၅ ဒဿမ ၄ မီလျံဒေါ်လာ) လှူဒါန်းမည်ဟု မေလဆန်းပိုင်းက ကတိပြုခဲ့သော်လည်း စုစုပေါင်းလိုအပ်ငွေ ဒေါ်လာ သန်းဆယ်ဂဏန်းနှင့်
ချီ၍ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

“ကတိပြုတယ်ဆိုတာ လက်ထဲရောက်တာ မဟုတ်သေးဘူး။ ဒီ အိုင်ဒီပီ (စစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရသူများ) တွေ အတွက် တနှစ်တာ လုံလောက်အောင် ပေးမယ် ဆိုရင် ၄၄. ၂ မီလျံဒေါ်လာ လိုအပ်တယ်။ ဒီဟာကို ရအောင် မလုပ်နိုင်သ၍ အိုင်ဒီပီ တွေကို ဘယ်လောက်ပဲ ဘယ်လိုကတိ ပေးပေး လက်ထဲ ရောက်မှာ မဟုတ်ဘူး” ဟု ကချင်ငြိမ်း
ချမ်းရေး ကွန်ရက် (Kachin Peace Network) မှ ဒေါ်ခွန်ဂျာက ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံကို နိုင်ငံတကာ ရန်ပုံငွေများ ခေါင်းစဉ် အမျိုးမျိုးဖြင့် စီးဝင်နေသော်လည်း ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် မလောက်မင ဖြစ်နေဆဲဖြစ်ကြောင်း ကချင်အရေး လှုပ်ရှားသူများက ဆိုသည်။

“သေချာတာက အစိုးရက နေပြီးတော့ ဒုက္ခသည်တွေ အတွက်ဆိုပြီး လျာထားတဲ့ ရန်ပုံငွေ တပြားမှ မရှိဘူး။ နိုင်ငံတကာက ရန်ပုံငွေတွေကလည်း တံတားဆောက်ဖို့၊ ဖွံ့ဖြိုးရေးအတွက်၊ ငြိမ်းချမ်းရေးအတွက် ဆိုပြီးတော့ ဒီမြန်မာငြိမ်းချမ်းရေး စင်တာကို နင်းကန် ထည့်တာတော့ တွေ့တယ်။ တကယ်တမ်း အိုင်ဒီပီတွေကို ကျွေးမွေးဖို့လို့ ပြောတဲ့ နေရာမှာ ရခိုင်နဲ့ ကချင် ၂ ခု စလုံးကို မပေးကြဘူး။ သဘောကတော့ ဒီနိုင်ငံတကာ ရန်ပုံငွေတွေက ဘာကိုပဲ အဓိက ထားသလဲ ဆိုတော့ သူတို့ စီးပွားရေးအတွက် သာစေတဲ့
 နေရာတွေအတွက်ပဲ သူတို့လှူတယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်” ဟု ဒေါ်ခွန်ဂျာက ပြောသည်။

ကချင်စစ်ဘေး ဒုက္ခသည်များအတွက် ထောက်ပံ့ငွေ မလောက်ငသည့် အချိန်တွင် ၎င်းတို့ နေရပ်ပြန်၍ လက်ငုတ်လက်ရင်း အလုပ်များ လုပ်ကိုင်ကြရန်လည်း မဖြစ်နိုင်သေးကြောင်း သိရသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ ဒု ဥက္ကဋ္ဌ သမ္မတရုံး
 ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မြစ်ကြီးနားမြို့ရှိ ဒုက္ခသည် စခန်းများကို လှည့်လည် ကြည့်ရှုစဉ် လာမည့် ၂ လအတွင်း ဒုက္ခသည်များ နေရပ် ပြန်နိုင်ရန် ဆောင်ရွက် ပေးမည်ဟု ကတိပေး ပြောကြားခဲ့သော်လည်း ဒုက္ခသည် စခန်းတာဝန်ခံများ၊ ဒုက္ခသည်များကို ကူညီ စောင့်ရှောက်နေသည့် အဖွဲ့အစည်းများကမူ ကချင်စစ်ဘေး ဒုက္ခသည်များ အနေဖြင့် လက်ရှိအနေအထားအရ
 နေရပ်ပြန်နိုင်ရန် မဖြစ်နိုင်သေးဟု ဆိုကြသည်။

KBC (Kachin Baptist Convention) လူမူကယ်ဆယ် ရေးအဖွဲ့မှ ဦးစမ်ဆွန်
က ဒုက္ခသည်များကို ၂ လအတွင်း ပြန်ပို့နိုင်ရန် မဖြစ်နိုင်သေးကြောင်း၊
 နှစ်ဘက်တပ်များ မရုပ်သေးသည့် အပြင် မြေမြှုပ်မိုင်းများ ရှင်းလင်းရန်နှင့် ၎င်းတို့၏ စားဝတ်နေရေး အတွက် လုပ်ဆောင်ပေးရန်လည်း လိုအပ်သေး
ကြောင်း ရှင်းပြသည်။

မိုင်းရှင်းလင်းရေးနှင့် ပတ်သတ်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက တပ်မတော်ဘက်မှ ထောင်ထားသည့် မြေမြှုပ် မိုင်းများကို တပ်မတော်ဘက်မှ တာဝန်ယူဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံ၏အကူအညီမှမယူဘဲ ရှင်းလင်းသွားမည် ဖြစ်ကြောင်း
 ပြောသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကလည်း “အစိုးရဘက်ကလိုပဲ ဒီဘက်က မိုင်းတွေလည်း ရှင်းသွားမှာပါ။ ဒီဘက်က ထောင်တာက ဘတ္ထရီ မိုင်းတွေဆိုတော့ ဒီမိုးတွင်းဆို ဘက်ထရီတွေက အားကုန်ပြီဆိုတော့ သိပ်ပြဿနာ မရှိတော့ဘူး” ဟု ဆိုသည်။

လက်ရှိ အနေအထားအရ လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ ဖြစ်သော အစိုးရ တပ်မတော်နှင့် KIA တို့ နိုင်ငံရေးအရ ဆွေးနွေးနေ ချိန်တွင် ဒုက္ခသည်များအတွက် ပြည်ပမှ အကူအညီအပါအဝင် အကူအညီများ
 ကောင်းမွန်စွာ မရောက်ကြောင်း၊ အကူအညီများသည့် ထိရောက်မှု မရှိကြောင်း သိရသည်။

“အခု နောက်ပိုင်းမှာ ကူညီထောက်ပံ့မှု ကလည်း ကောင်းကောင်း မရောက်ဘူး၊ မထိရောက်ဘူး ဖြစ်နေတယ်။ လက်နက်ကိုင် ၂ ဖွဲ့က
 နိုင်ငံရေးအရ ဆွေးနွေးနေချိန်မှာ တဘက်မှာလည်း အိုင်ဒီပီတွေကို
 နေရပ်ပြန်နေနိုင်ဖို့ လုပ်ကိုလုပ်ရမယ့် အနေအထား ဖြစ်နေတယ်။ အခုက ပြန်ဖို့ဘယ်လိုမှ မဖြစ်နိုင်သေးဘူး၊ နှစ်ဘက် အမှန်တကယ် အပစ်ရပ်သေးတာ မဟုတ်တော့ ဒုက္ခသည်တွေ ကိုယ်တိုင်လည်း မပြန်ရဲဘူး” ဟု ကချင်အရေး လှုပ်ရှားသူ ကိုဂျော်ဂွန်းက ဧရာဝတီကို ပြောသည်။

ဂျာမိုင်ကောင်း ကချင်စစ်ဘေး ဒုက္ခသည်စခန်းမှ မအေးငြိမ်းသူက နှစ်ဘက်
စစ်တပ်များကို ကြောက်ရွံ့ နေရဆဲဖြစ်ကြောင်းနှင့် နေရပ်၌ ပြန်လည် နေရမည်ဆိုပါက စားဝတ်နေရေးနှင့် ပတ်သက်၍ နှစ်ဘက်မှ ထောက်ပံ့မှုများ ထိထိရောက်ရောက် ပေးစေချင်သည်ဟု ဆိုသည်။

“ဆုံးရှုံးမှုတွေက အိမ်ထောင်စု စာရင်းနဲ့ ကုန်ကျတာတွေ စာရင်းကောက်
ထားပြီးပြီ။ အကုန်ပြန်ပေးမှာတော့ မဟုတ်ဘူး။ ပထမဆုံး မိုင်းရှင်းမယ်၊ ပြီးရင် အိမ်ဆောက်ပေးမယ်၊ ပြီးရင် စပါးမစိုက်နိုင်ခင် ထောက်ပံ့ကြေး
 ပေးရမယ်။ နောက် အလုပ်အကိုင် အခွင့်အလမ်းတွေ လုပ်ပေးမယ်။ ဆင်းရဲတဲ့ လူက ချမ်းသာတဲ့လူထက် ပိုရတာလည်း ရှိမယ်။ အားလုံး တပြေးညီ လုပ်ပေးသွားမှာပါ။ လှူချင်တဲ့လူတွေ ပေါင်း လုပ်သွားမယ်” ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းစဉ် ဖြေကြားခဲ့သည်။

ကချင် ပြည်နယ်အတွင်းရှိ စစ်ဘေးသင့် ပြည်သူများ ပြန်လည်နေရာ
ချထား နိုင်ရေးအတွက် ပြည်တွင်းရှိ အစိုးရ မဟုတ်သော လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများ စုပေါင်းကာ လူမှုကယ်ဆယ်ရေး ဖိုရမ်တခုလည်း ပြုလုပ်သွားရန် စီစဉ်နေကြောင်း ကြားသိရသည်။

အဆိုပါ ဆွေးနွေးပွဲကိုယခုလ ၂၇ ရက်တွင် မြစ်ကြီးနား၌ ကျင်းပသွားရန် စီစဉ်ထားကြောင်း၊ ကချင်ပြည်နယ်တွင် ကူညီနေသည့် ပြည်တွင်းလှုမှုရေး အဖွဲ့ ၈ ဖွဲ့ခန့် ပါဝင်မည်ဟုခန့်မှန်းထားကြောင်း KBC လူမှုကယ်ဆယ်ရေး အဖွဲ့မှ ဦးစမ်ဆွန်က ဆိုသည်။

“ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ဆိုတာမှာ တိကျခိုင်မာ ထိရောက်တဲ့ ကူညီမှုတွေ ရှိဖို့လိုပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမယ်။ ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေး အပိုင်းတွေကော
 နောက်ထပ် ကြုံလာမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်လို့ ရည်ရွယ်ထားတယ်” ဟု သူက ပြောသည်။

ကမ္ဘာ့ ကုလသမဂ္ဂ လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) မှ မေလကုန်တွင် ထုတ်ပြန်ခဲ့သော စာရင်းများအရ ကချင်ပြည်
နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကချင် စစ်ဘေးရှောင် ဒုက္ခသည် ၈၅၀၀၀ ကျော် ရှိပြီး ၂၀၁၃ ခုနှစ် အတွက် ၎င်းတို့ကို ထောက်ပံ့ရန် ၅၀. ၉ မီလျံဒေါ်လာ လိုအပ်လျှက်ရှိကာ ၁. ၂ မီလျံဒေါ်လာ ရရှိပြီး ဖြစ်ကြောင်း သိရသည်။

KIA နှင့် မြန်မာအစိုးရ တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားချိန် ၂ နှစ်နီးပါး အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့ကာ နောက်ဆုံး တွေ့ဆုံခဲ့သည့် မေလ ၂၉ ရက်နေ့တွင် ၂ ဘက် စစ်တပ်များ အပစ်ရပ် ထားရန် အကြို သဘောတူညီမှု ရရှိခဲ့သည်။ ထိုကဲ့သို့ သဘောတူညီမှု ရရှိထားသော်လည်း စစ်ဘေးရှောင် ဒုက္ခသည်
များ နေရပ်ပြန်ရေးမှာ မသေချာနိုင်သေးကြောင်း သိရသည်။ ကျေးရွာများ
တွင် မြန်မာစစ်တပ်မှ တပ်စွဲထားခြင်း၊ နေအိမ်နှင့် စာသင်ကျောင်းများ ပျက်စီးနေခြင်း စသည်တို့ကို ကြိုတင် ပြင်ဆင်ရန်နှင့် ၂ ဘက် စစ်တပ်၏ အမှန်တကယ် အပစ်အခတ် ရပ်စဲကြောင်း ကတိပြုမှုတို့ လိုအပ်ကြောင်း
 ဒေါ်ခွန်ဂျာက ဆိုသည်။

“အဖွဲ့တွေ ပေါင်းလုပ်ကြမှ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ်။ အစိုးရဘက်က ကတိတွေ အမျိုးမျိုး ပေးပေမယ့် လက်တွေ့ ဖြစ်လာတာ နည်းတော့ ခက်တယ်။ ပြောတာတွေ ဖြစ်မလာမှာ စိုးပါတယ်။ ၁၇/၁ ကိစ္စဆိုလည်း ဒီအတိုင်းပဲ။ အခုလည်း အပြောပဲ ဖြစ်မှာဆိုးတယ်။ ဘယ်သူမဆို အိမ်ပြန်ချင်ကြတယ်။ အစိုးရက မျှော်လင့်ချက်တွေ ခဏခဏ ပေးလွန်း
တယ်” ဟု ဦးစမ်ဆွန်က ပြောသည်။

ဧရာဝတီ
၂၀၁၃ ခုနှစ်အတွက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင် စစ်ဘေးရှောင် ဒုက္ခသည်များ ကို ထောက်ပံ့ရန် လိုငွေ ဒေါ်လာ ၄၄. ၂ သန်း ရှိကြောင်း သိရသည်။

KIA မိုင်းကြောင့် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိ…

၂၀၁၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှာ KIA နယ်မြေထဲမှာရှိတဲ့ ရွှေလုပ်ကွက်မှာ လုပ်ကိုင် နေ တဲ့ မောင်သောင်းဇော်၊ ၂၆ နှစ်ဟာ KIA ထောင်ထား တဲ့ မိုင်းနင်းမိတာကြောင့် ညာဘက် ခြေထောက် တစ်ဖက်ပြတ်သွားခဲ့ပြီး တုံမဏီရွှေမှော်မှာရှိတဲ့ ဆေးခန်းမှာ ဆေးကုသမှုခံယူ နေတယ်လို့ သိရှိရပါတယ်။

ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှုကြောင့် ကုန်သွယ်မှုပိုမိုတိုးမြှင့်လာ…

ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နဲ့ KIA အကြားတိုက်ပွဲများဖြစ်ပွားမှု တို့ကြောင့် ကန် ပိုက်တီးနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ သွင်းကုန်/ထုတ်ကုန်မရှိ သလောက် နည်းပါးခဲ့ပါတယ်။

လစ်ဗျား စစ်ဦးစီးချုပ် ရာထူးက နုတ်ထွက်

Photo: လစ်ဗျား စစ်ဦးစီးချုပ် ရာထူးက နုတ်ထွက်
Tuesday, June 11, 2013

ဘန်ဂါဇီမြို့မှာ ကန့်ကွက် ဆန္ဒပြသူ တွေနဲ့ ပြည်သူ့စစ် အဖွဲ့ တဖွဲ့ကြား လူ ၃ဝ သေဆုံးခဲ့ရတဲ့ အဓိကရုဏ်း နောက်ပိုင်း စစ်ဦးစီးချုပ် နုတ်ထွက်လွှာ တင်တာကို မနေ့က အမျိုးသား လွှတ်တော်က လက်ခံ လိုက်တာ ဖြစ်ပါတယ်။
ဘန်ဂါဇီမှာရှိတဲ့ Libya Shield Brigade လို့ ခေါ်တဲ့ ပြည်သူ့စစ် အဖွဲ့ စစ်ဌာနချုပ် အပြင်ဘက်မှာ အဲဒီအဖွဲ့ကိုဖျက်သိမ်း ဖို့ စနေနေ့က စုရုံးပြီး တောင်းဆို ဆန္ဒပြ ကြစဉ်မှာ ဆန္ဒပြသူ တွေနဲ့ ပြည်သူ့စစ်တွေ ခိုက်ရန် ဖြစ်ပွား ခဲ့ကြတာပါ။

လစ်ဗျားမှာ ၂၀၁၁ ခု ကဒါဖီ သေဆုံးခဲ့ပြီး ကတည်းက လက်နက်ကိုင် ပြည် သူ့ စစ်တွေ ရှိနေတဲ့ ကိစ္စကို ဖြေရှင်းဖို့ အစိုးရက ကြိုးစား နေခဲ့ ပါတယ်။ အခုတော့ ဘန်ဂါဇီမှာရှိတဲ့ Libya Shield Brigade ရဲ့ စစ်စခန်း အားလုံးကို စစ်တပ်က ထိန်းချုပ်ဖို့ အမိန့်ထုတ်ခဲ့ပြီး မကြာခင်မှာ စစ်ဦးစီးချုပ် ကို နုတ်ထွက်ခွင့် ပြုကြောင်း ကြေညာ ခဲ့တာ ဖြစ်ပါတယ်။ အခု စစ်ဦးစီးချုပ် ကို မထွက်ရင်လည်း မကြာခင် ဖယ်ရှား ပစ်တော့မှာ ဖြစ်တယ် လို့ ဘီဘီစီ သတင်းထောက်က ပြောပါ တယ်။သူဟာ လစ်ဗျားက ပြည်သူ့စစ်တွေနဲ့ ပတ်သက်တဲ့ ပြသနာ အများအပြား အတွက် တာဝန်ရှိသူ၊ ထိထိ ရောက် ရောက် မကိုင်တွယ် နိုင်သူလို့ မြင်ကြ ပါတယ်။

သေဆုံးသူတွေ အတွက် အမျိုးသား လွှတ်တော်က ဝမ်းနည်းကြောင်း အထိမ်း အမှတ် ၃ ရက် သတ်မှတ်ခဲ့ သလို သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးဖို့ တရားသူကြီး တဦးကိုလည်း ခန့်အပ် ခဲ့ပါတယ်။ စစ်ဦးစီးချုပ် နေရာမှာ သူ့ရဲ့ လက်ထောက် ဖြစ်သူကို ယာယီ ခန့်ထား လိုက်တယ် လို့ ဆိုပါတယ်။အခု သေဆုံးမှုတွေ ဖြစ်ခဲ့တဲ့ ပြည်သူ့စစ် ဌာနချုပ် ကိုလည်း အထူး တပ်ဖွဲ့ တဖွဲ့က ထိန်းသိမ်း ကွပ်ကဲနေတယ်လို့ စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဒါ ခဏပဲလား၊ ဒီပြည်သူ့စစ် အဖွဲ့ကို ဖျက်သိမ်းပြီး စစ်တပ်က ရေရှည် ထိန်းသိမ်း တော့မှာလား ဆိုတာ ကိုတော့ သဲသဲကွဲကွဲ မသိရဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။အမျိုးသား လွှတ်တော်က Libya Shield Brigade ပြည်သူ့စစ်အဖွဲ့ကို တိုက်ရိုက် ဝေဖန် တာမျိုး မလုပ်ခဲ့ ပါဘူး။
လစ်ဗျား အာဏာပိုင် တွေဟာ လက်နက်ကိုင် ပြည်သူ့စစ်တွေနဲ့ ပတ်သက်ရင် တည့်တည့် မပြောရဲ ကြသလို ထိပ်တိုက် ရင်ဆိုင် မပြောရဲ ကြတဲ့ အားနည်းချက် ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဘန်ဂါဇီမှာ ဥပဒေမဲ့ အနေအထားမျိုး ဆက်ဖြစ်နေတဲ့ အတွက် ပြည်သူ့ စစ် တွေကို အတော် များများက အပြစ်တင် ကြပြီး ဒီအဖွဲ့တွေ ဖျက်သိမ်းဖို့ မနှစ်က လူ ထောင် ချီပြီး လမ်းတွေပေါ်ထွက် ဆန္ဒပြ ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ ဧပြီလက ထရီပိုလီ မြို့တော်က ဝန်ကြီးဌာန တချို့ကို ပြည်သူ့စစ်တွေ ဝိုင်းရံ ပိတ်ဆို့ခဲ့ ပြီးနောက် သူတို့ အပေါ် လူတွေရဲ့ မကျေနပ်မှု ပိုပြီး တိုးပွား လာခဲ့တာ ဖြစ်ပါတယ်။

BBC
ဘန်ဂါဇီမြို့မှာ ကန့်ကွက် ဆန္ဒပြသူ တွေနဲ့ ပြည်သူ့စစ် အဖွဲ့ တဖွဲ့ကြား လူ ၃ဝ သေဆုံးခဲ့ရတဲ့ အဓိက ရုဏ်း နောက်ပိုင်း စစ်ဦးစီးချုပ် နုတ်ထွက်လွှာ တင်တာကို မနေ့က အမျိုးသား လွှတ်တော်က လက်ခံ လိုက်တာ ဖြစ်ပါတယ်။

တူရကီ ဝန်ကြီးချုပ် ဆန္ဒပြ ခေါင်းဆောင်တွေကို တွေ့ဖို့ သဘောတူလိုက်ပြီ

Photo: တူရကီ ဝန်ကြီးချုပ် ဆန္ဒပြ ခေါင်းဆောင်တွေကို တွေ့ဖို့ သဘောတူလိုက်ပြီ
Tuesday, June 11, 2013

တူရကီ နိုင်ငံမှာ ဝန်ကြီးချုပ် Recep Tayyip Erdogan ဟာ ဗုဒ္ဓဟူး နေ့ကျရင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ အဖွဲ့တချို့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ သဘောတူလိုက်ပြီလို့ ဒုဝန်ကြီးချုပ် Bulent Aric က ပြောပါတယ်။

အစ္စတန်ဘူးလ် မြို့လယ်က ပန်းခြံ နေရာကို ကုန်တိုက် ဆောက်မယ့် ကိစ္စကို ဆန့်ကျင် ဆန္ဒပြရာက နိုင်ငံတလွှား လူထု အုံကြွမှု ပြန့်နှံ ဖြစ်ပေါ်ခဲ့ပြီး လူသုံးယောက် သေဆုံးကာ ထောင်နဲ့ချီ ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။
ဒုဝန်ကြီးချုပ်နဲ့ ဆန္ဒပြသမားတွေ အရင်က တွေ့ဆုံခဲ့ပေမယ့် ထူးခြားမှု မရှိခဲ့ဘဲ အဲဒီကစလို့ နှစ်ဖက်ပိုပြီး တင်းမာလာခဲ့ တာလို့ အစ္စတန်ဘူးလ် မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကတော့ ဝန်ကြီးချုပ်က အခုလို ဆက်လက် ဆန္ဒပြနေမယ် ဆိုရင် ဆိုးဆိုးရွားရွား တုန့်ပြန်ခံရမယ် လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

BBC
တူရကီ နိုင်ငံမှာ ဝန်ကြီးချုပ် Recep Tayyip Erdogan ဟာ ဗုဒ္ဓဟူး နေ့ကျရင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ အဖွဲ့တချို့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ သဘောတူလိုက်ပြီလို့ ဒုဝန်ကြီးချုပ် Bulent Aric က ပြောပါတယ်။

ရှစ်လေးလုံး ငွေရတုပွဲ ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပရန် ကြိုးစား

 Photo: ရှစ်လေးလုံး ငွေရတုပွဲ ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပရန် ကြိုးစား
Tuesday, June 11, 2013

ရှစ်လေးလုံး ငွေရတုအခမ်းအနားကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပနိုင်ရန်ကြိုးစား လျက်ရှိကြောင်း အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ထားသည်။


၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အစပိုင်းကာလတွင်
ကျောင်းသားလှုပ်ရှားများသည် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမအနီး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကို ငြိမ်းချမ်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေးမူပေါ်တွင် အခြေခံ၍ ကျင်းပသွားမည်ဟု သိရသည်။ သြဂုတ်လတွင် ကျင်းပမည့် အခမ်းအနားတွင် နိုင်ငံရေးစာတမ်း ၆ ခု ဖတ်ကြားသွား မည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးလုပ်ငန်းကော်မတီမှ ဦးတိုးကျော်လှိုင်က ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရေး ဆရာတော်သံဃာတော်များအား ပင့်လျှောက်ပွဲ ၌ ပြောကြားသည်။

စာတမ်း ၆ ခု
- အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
- လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှု
- အနာဂတ်ပြည်ထောင်စု
- စစ်မှန်သောအမျိုးသားပြန်လည်သင့်မြတ်ရေး
- နိုင်ငံတော်တည်ဆောက်ရေးနှင့် ရှစ်လေးလုံး ဒီမိုကရေစီအင်အားစုများ၏ အခန်းကဏ္ဍ
- တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနှင့် ဖွံဖြိုးတိုးတက်ရေး

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင် ခဲ့ကြသော ပြည်တွင်းပြည်ပ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ယနေ့ထက်တိုင် အသွင်သဏ္ဍာန်မျိုးစုံဖြင့် တိုက်ပွဲဝင်ခဲ့ကြသော တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများ အားလုံး ပြန်လည်စုစည်းကြရန် ရည်ရွယ်သည်ဟု သိရသည်။

ငွေရတုအခမ်းအနား ကျင်းပရေးနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ၁၈ ဦးနှင့် ဆပ်ကော်မတီ ၁၀ ခု ဖွဲ့စည်း တာဝန်ပေးထားသည်။

Irrawaddy
ရှစ်လေးလုံး ငွေရတုအခမ်းအနားကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပနိုင်ရန်ကြိုးစား လျက်ရှိကြောင်း အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ထားသည်။

မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးဖို့ နိုင်ငံတော်သမ္မတကြီး ပြောကြား

Photo: မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးဖို့
နိုင်ငံတော်သမ္မတကြီး ပြောကြား
Tuesday, June 11, 2013

နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် တွေ့ဆုံမှာကြားပြီး နိုင်ငံခြားရေးဒုဝန်ကြီး၊ အလုပ်သမားဒုဝန်ကြီး ဦးဆောင်တဲ့ အထူးအဖွဲ့ဟာ ဒီကနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ထွက်ခွါမယ့် မလေးရှားအဲလိုင်းနဲ့ မလေးရှားကို သွားပါ မယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီအသင်းချုပ်က (၆)ဦးလည်း သွားရောက်မှာ ဖြစ်ပါတယ်။ အေဂျင်စီကိုယ်စားလှယ်(၁)ဦးကတော့ ရှေ့ပြေးသွားနှင့်ပြီး ဖြစ်ပါတယ်။

ဒီအထူးကိုယ်စားလှယ်အဖွဲ့ရဲ့ လေ့လာတင်ပြချက်တွေပေါ် မူတည်ပြီး အစိုးရအနေနဲ့ လိုအပ်တာ မှန်သမျှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

မိမိနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်လို့ရတာ အကုန်လုပ်ဖို့၊ လုပ်နိုင်တာ အကုန်လုပ်ဖို့ သမ္မတကြီးကိုယ်တိုင် ပြောကြားထားပါတယ်။

ပထမဆုံး ဖြစ်စဉ်တွေ ဖြစ်လာချိန်မှာ နိုင်ငံအချင်းချင်းဆက်ဆံရေးဆိုင်ရာ ကွန်ဗင်းရှင်းတွေနဲ့အညီ သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက်ရပါတယ်။ မိတ်ဆွေနိုင်ငံရဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကိုလည်း စောင့်ကြည့်ရပါတယ်။

ဆက်လက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ဖြစ် စဉ် ဖြစ်ရပ်အမှန်တွေကို တိတိကျကျ သိရှိနိုင်ဖို့၊ မိမိနိုင်ငံသားများကို ခိုင်ခိုင်မာမာ အကာအကွယ်ပေးနိုင်ဖို့ ခုလို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီအထူးကိုယ်စားလှယ်အဖွဲ့ရဲ့ တွေ့ရှိချက်၊ တင်ပြချက်တွေအပေါ် အခြေခံပြီး လုပ်စရာရှိတာ မှန်သမျှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

(မလေးရှားမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကိုယ်စား ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေ၊ အစိုးရချင် ညှိနှိုင်းဆောင်ရွက်ပေးစေလိုတဲ့ အချက်တွေကို ဒီအထူးကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်သွယ်ပြီး ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ အသိပေးကြဖို့ အရေးကြီးပါတယ်။ တစ်ချို့ ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေကို အကုန်အစင် အသေးစိတ် သိရှိနိုင်ဖို့ ခဲယဉ်းနိုင်တာ ကြောင့် ဖြစ်ပါတယ်)

ပထမဆုံး ဖြစ်စဉ်တွေ ဖြစ်လာချိန်မှာ နိုင်ငံအချင်းချင်းဆက်ဆံရေးဆိုင်ရာ ကွန်ဗင်းရှင်းတွေနဲ့အညီ သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက်ရပါတယ်။ မိတ်ဆွေနိုင်ငံရဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကိုလည်း စောင့်ကြည့်ရပါတယ်။

ဆက်လက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ဖြစ် စဉ် ဖြစ်ရပ်အမှန်တွေကို တိတိကျကျ သိရှိနိုင်ဖို့၊ မိမိနိုင်ငံသားများကို ခိုင်ခိုင်မာမာ အကာအကွယ်ပေးနိုင်ဖို့ ခုလို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီအထူးကိုယ်စားလှယ်အဖွဲ့ရဲ့ တွေ့ရှိချက်၊ တင်ပြချက်တွေအပေါ် အခြေခံပြီး လုပ်စရာရှိတာ မှန်သမျှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးဖို့
နိုင်ငံတော်သမ္မတကြီး ပြောကြားထားပြီး ဖြစ်ပါတယ်။

(မလေးရှားမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကိုယ်စား ဖြစ်ရပ်တွေ၊ လိုအပ် ချက်တွေ၊ အစိုးရချင် ညှိနှိုင်းဆောင်ရွက်ပေးစေလိုတဲ့ အချက်တွေကို ဒီအထူး ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်သွယ်ပြီး ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ အသိပေးကြဖို့ အရေးကြီးပါတယ်။ တစ်ချို့ ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေကို အကုန်အစင် အသေးစိတ် သိရှိနိုင်ဖို့ ခဲယဉ်းနိုင်တာ ကြောင့် ဖြစ်ပါတယ်)

ဒီတော့ ကပုန်းနာရေးအသင်းလိုမျိုး ဦးစီးဦးဆောင် ပြုနိုင်တဲ့ အဖွဲ့အစည်းတစ်ခုခုကနေ တာဝန်ယူပြီး မလေးရောက် မြန်မာ (နိုင်ငံသား)တွေ ကိုယ်စား စုစည်း ပြောကြားနိုင်ဖို့ လိုပါတယ်။ အချင်းချင်းလည်း ဆက်သွယ်ပြီး ပျောက်ဆုံးနေတာ အဆက် အသွယ်ပြတ်နေတာ မျိုးတွေ၊ ပြန်လာချင်တာတွေ၊ ထိခိုက်နစ်နာ ရတာတွေ၊ ငွေကြေး (သို့) ဥပဒေ အကာအကွယ် လိုအပ်နေတာတွေ စသည်ဖြင့် စနစ်တကျ စာရင်းဇယား ပြုစုပြီး အသိပေးနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း ဒီအဖွဲ့အနေနဲ့ သက်ဆိုင်ရာ အစိုးရကို ခိုင်ခိုင်မာမာ ထောက်ပြ ပြောဆို ညှိနှိုင်းပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်နည်း ဆိုရရင် မလေးရောက် မြန်မာတွေ ကြုံတွေ့နေရတဲ့ အခြေအနေမှန်၊ လိုအပ်ချက်၊ တောင်းဆိုချက် ပြည့်ပြည်စုံစုံ စုစည်းတင်ပြနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကိုလည်း မလေးရောက် မြန်မာတွေကိုယ်စား ကပုန်းနာရေးကူညီမှုအသင်းလိုမျိုး အဖွဲ့အစည်းတစ်ခုခုက ဦးဆောင်လုပ်ပေးဖို့ လိုပါတယ်။

ံHmuu Zaw
နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် တွေ့ဆုံမှာကြားပြီး နိုင်ငံခြားရေးဒုဝန်ကြီး၊ အလုပ်သမားဒုဝန်ကြီး ဦးဆောင် တဲ့ အထူးအဖွဲ့ဟာ ဒီကနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ထွက်ခွါမယ့် မလေးရှားအဲလိုင်းနဲ့ မလေးရှားကို သွားပါမယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီအသင်းချုပ်က (၆)ဦးလည်း သွားရောက်မှာ ဖြစ်ပါ တယ်။ အေဂျင်စီကိုယ်စားလှယ်(၁)ဦးကတော့ ရှေ့ပြေးသွားနှင့်ပြီး ဖြစ်ပါတယ်။

မလေးရှားတွင် အကြမ်းဖက် တိုက်ခိုက်ခံရ၍ ဆေးရုံတက်နေရသူများနှင့် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအတွက် ကမ္ဘောဇ ဘဏ်ဥက္ကဋ္ဌက အမေရိကန်ဒေါ်လာ ငါးသောင်း ကနဦး လှူဒါန်းမည်

မလေးရှားနိုင်ငံတွင် မေ ၃၀ ရက်မှစ၍ ဖြစ်ပွားလျက်ရှိသော မလေးရှားရောက် မြန်မာအလုပ်သမားများ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်နေသူများနှင့် အခက်အခဲ တွေ့နေသူများအတွက် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ကနဦးအနေဖြင့် အမေရိ ကန်ဒေါ်လာ ငါးသောင်းအား မလေးရှား နိုင်ငံရှိ ကပုန်း နာရေးကူညီမှုအသင်းသို့ Eleven Media Group မှ တစ်ဆင့် ဇွန် ၁၁ ရက်နေ့တွင် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့တပ်မတော်တွင် အမျိုးသမီးတပ်မှူးများ စတင်ခန့်အပ်

Photo: မြန်မာ့တပ်မတော်တွင် အမျိုးသမီးတပ်မှူးများ စတင်ခန့်အပ်
Tuesday, June 11, 2013

မြန်မာ့တပ်မတော်တွင် အမျိုးသမီးအရာရှိကြီးများအား ပထမဆုံးအကြိမ် အဖြစ် တပ်မှူးရာထူးများအား စတင်ခန့်အပ်ခဲ့ကြောင်းသိရှိရသည်။

ဆေးဘက်ဆိုင်ရာပါရဂူများဖြစ်သည့်ဗိုလ်မှူးကြီးဒေါ်ကေသီထွန်းအား တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ(ရန်ကုန်)တပ်သို့လည်းကောင်း၊ ဗိုလ်မှူးကြီးဒေါ်အေးအေး အား တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ (နေပြည်တော်)တပ်သို့လည်းကောင်း တပ်မှူးများ အဖြစ် ခန့်အပ်တာဝန်ပေး ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အမျိုးသမီးအရာရှိကြီးများအား မြန်မာ့တပ်မတော် တွင် တပ်မှူး ရာထူးပေးအပ်ခြင်း မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း အငြိမ်းစားတပ်မတော် အရာရှိကြီး တစ်ဦးမှပြောကြားခဲ့သည်။ ၎င်းမှ “အခုလို အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲအရည်အချင်းပေါ်မူတည်ပြီး ရာထူးတာဝန်ပေးအပ်တာ အလွန်ကောင်းတဲ့ အစဉ်အလာတစ်ခုပါ။ လက်ရှိ ကာချုပ်လက်ထက်မှာ အရာရှိတွေကို တာဝန်ပေးအပ်ရာမှာ တော်ရင်တော်သလို၊ လုပ်နိုင်ရင် လုပ်နိုင်သလို အရည်အချင်းကို ကြည့်ပြီး ရာထူးပေးတာကိုတွေ့ရပါတယ်။ အခုဆိုရင် အလုပ်သင်ဗိုလ်သင်တန်းကပြီးတဲ့ အရာရှိကြီးတွေ ကို ဒေသကွပ်ကဲမှုဌာနချုပ်မှူး တာဝန်တွေပေးလာတာကိုလည်းတွေ့ရပါတယ်။ ဒါကောင်းတဲ့ အစဉ်အလာ တစ်ခုပါ”ဟုပြောဆိုသွားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်ယခုနှစ် အစောပိုင်းကလည်း တိုက်ပွဲတွင်ထူးချွန်စွာ တိုက်ခိုက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များကိုလည်း တစ်ဆင့်မြင့်ရာထူးများ တိုးမြှင့် ပေးခဲ့ကြောင်း သိရသည်။

Win Thant
မြန်မာ့တပ်မတော်တွင် အမျိုးသမီးအရာရှိကြီးများအား ပထမဆုံးအကြိမ် အဖြစ် တပ်မှူးရာထူးများအား စတင်ခန့်အပ်ခဲ့ကြောင်းသိရှိရသည်။

ယူရိုသန်းချီတန် မြန်မာကျောက်စိမ်းတုံးကိစ္စ တရုတ်ကုမ္ပဏီက ပြန်လည်ပေးအပ်ရန် ကမ်းလှမ်းခဲ့ပြီး မြန်မာကုမ္ပဏီက အခွန်ငွေပေးဆောင်ရန် လျှောက်ထား

ယူရိုသန်းချီတန် မြန်မာ့ကျောက်စိမ်းတုံး နှစ်တုံးကိစ္စနှင့် တရုတ်နိုင်ငံတွင် တရားရင်ဆိုင်လျက်ရှိသော မြန် မာကုမ္ပဏီကို တရုတ်ကုမ္ပဏီက ကျောက်စိမ်းတုံးများ ပြန်လည်ပေးအပ်ရန် ကမ်းလှမ်းခဲ့ပြီး မြန်မာကုမ္ပဏီ က တရားဝင် အခွန်ငွေပေးဆောင်ရန်နှင့် တရားမ၀င် တင်သွင်းခဲ့သော လမ်းကြောင်းကို ဖော်ထုတ်ပေးရန် တရုတ်တရားရုံးသို့ ဆက်လက် လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။

မိမိ "Facebook Profile" ကို ဘယ်သူဝင်ကြည့်လဲဆိုတာ ကြည့်ကြရအောင်

Photo: မိမိ "Facebook Profile" ကို ဘယ်သူဝင်ကြည့်လဲဆိုတာ ကြည့်ကြရအောင်
Tuesday, June 11, 2013

တစ်ချို့ "Radymade" ဟာတွေရှိပါတယ် "Facebook" က "apps" ဆိုဒ် တွေ ပြီးတော့ မိမိ "Profile" ကို ဒီနေ့ဘယ်သူ ၀င်ကြည့် လဲ ကြည့်လို့ရပါတယ်ဆိုပြီး "Link" တွေပေးလို့မြင်ဖူးပါတယ်
ဒါပေမယ့် "Fake" တွေပေါပါတယ် အမှန်ကန်လဲရှိပါတယ် တစ်ခုရှိတာက အဲလို "apps" တွေ "Link" တွေ ကမိမိအကောင့်လုံခြုံရေး အတွက် သိပ်စိတ်မချရပါဘူး ဒါကြောင့် "Software" တွေ
ူ"Link" တွေမသုံးပဲ မိမိ "profile" ကို ဘယ်သူ ၀င်ကြည့်ခဲ့သလဲ ဆိုတာ ဖမ်းလို့ရတဲ့နည်းတွေရှိပါတယ်  "Software" တွေ "Link" တွေ မသုံး ဘဲ ကြည့်မှာမို့ နည်းနည်းတော့ အလုပ်ရှုပ်ပါလိမ့်မယ်....

ပထမဆုံး "www.facebook.com" ကိုသွားလိုက်ပါ "New Feed" ရှိတဲ့နေရာပေါ့။ ပြီးတော့ "Right Click" ထောက်ပြီး "View Page Source" ကိုနှိပ်လိုက်ပါ။ "Source" စာမျက်နှာတစ်ခု ထွက်လာပါလိမ့်မယ် အဲဒီစာမျက်နှာမှာ "Ctrl+F "ကိုနှိပ်လိုက်ပါ
"Search Box" တစ်ခုထွက်လာပါလိမ့်မယ် အဲဒီ "Search Box" မှာ ဒီစာလုံးကိုရိုက်ထည့်လိုက်ပါ "initialchat"
ကိုရိုက်ပြီးရှာလိုက်ပါ အဲမှာ ဒီလို နံပါတ်တွေ အများကြီး ထွက်လာပါမယ်

["100001241790011-2","100003514104670-2","100002679671166-2","100005194713535-2","100004784314763-2",
"100002982854938-2","100004067891541-2","100006031237268-0","100006031237268-3","100002377653177-2",
"100004539308850-2","100003734007169-2","100003514104670-0","100003514104670-3","100003668204081-2",
"1126290289-2","100004530373499-2","100003982304264-2","100004804567777-2","100005629993093-2",
"100002679671166-0","100002679671166-3","100004326606559-2","100002028771653-2","100005194713535-0",
"100005194713535-3","100004784314763-0","100004784314763-3","100004898681133-2","100005791452061-2",
"100005887802221-2","100002982854938-0","100002982854938-3","100004067891541-3","100005806841543-2",
"100004067891541-0","100004350790481-2","100003259954173-2","100005621973688-2","100000880486401-2",
"100003261853877-2","100002377653177-3","100002377653177-0","100005688464305-2","100005727782396-2",
"100004539308850-3","100004225351455-2","100003734007169-3","100003734007169-0","100003306277827-2",
"1126290289-0","100003657430946-2","100001774589027-2","100005206031689-2","100005880902534-2",
"1126290289-3","100001274580221-2","100005540911059-2","100001888164073-2","100003542209063-2",
"100004530373499-0","100004530373499-3","645943073-2","100003982304264-3","100003982304264-0",]

အဲနံပါတ်တွေဟာ မိမိ "profile" ကို ၀င်ကြည့်ထားသူတွေပါပဲ နေ့အလိုက် အတိကျတော့ မထွက်ဘူးပေါ့ ဒါပေမယ့် သူတို့တွေဟာ မကြာသေးတဲ့ ရက်ပိုင်းအတွင်းက ၀င်ကြည့်ထားတာပါ တစ်ချို့က ဒါကို "chat list" လိုပြောကြ တယ် "chat list" မဟုတ်ပါဘူး စစ်ကြည့်လိုက်ပါ တစ်ခါမှ "Chat" မပြောဖူးတဲ့ သူတွေလဲပါပါတယ်

ဟုတ်ပါပြီ ဒါဆို ဒီနံပါတ်တွေကဘာလုပ်မှာတုန်း ဆိုတော့ ဥပမာ ပထမဆုံနံပါတ်နဲ့ပြောပြပါမယ် ဒီနံပါတ်ပေါ့ "100001241790011-2" ဒီနံပါတ်မှာ - နောက်ကပါတဲ့
"2" ကိုမယူပါဘူး "100001241790011" ဒီလောက်ပဲယူပါမယ် ပြီးတော့ "www.facebook.com" နောက်က "/" ခံပြီးထည့်ပါမယ်
"https://www.facebook.com/100001241790011" ဒီလိုပေါ့ ပြီးရင် "address bar" ကိုသွားပြီး "enter" ခေါက်လိုက်ပါ ဟုတ်ကဲ့ ဘယ်သူလဲ ဆိုတာ ပေါ်ပါပြီ....

Myanmar Light
တစ်ချို့ "Radymade" ဟာတွေရှိပါတယ် "Facebook" က "apps" ဆိုဒ် တွေ ပြီးတော့ မိမိ "Profile" ကို ဒီနေ့ဘယ်သူ ၀င်ကြည့် လဲ ကြည့်လို့ရပါတယ်ဆိုပြီး "Link" တွေပေးလို့မြင်ဖူးပါတယ်။ ဒါပေမယ့် "Fake" တွေပေါပါတယ် အမှန်ကန်လဲရှိပါတယ် တစ်ခုရှိတာက အဲလို "apps" တွေ "Link" တွေ ကမိမိ အကောင့် လုံခြုံရေး အတွက် သိပ်စိတ်မချရပါဘူး ဒါကြောင့် "Software" တွေူ"Link" တွေမသုံးပဲ မိမိ "profile" ကို ဘယ်သူ ၀င်ကြည့်ခဲ့သလဲ ဆိုတာ ဖမ်းလို့ရတဲ့နည်းတွေရှိပါတယ် "Software" တွေ "Link" တွေ မသုံး ဘဲ ကြည့်မှာမို့ နည်းနည်းတော့ အလုပ်ရှုပ်ပါလိမ့်မယ်....

ကမ္ဘာ့အကြီးဆုံး ဟိုတယ်အုပ်စု တစ်ခုဖြစ်သည့် အမေရိကန် အခြေစိုက် Marriott International Inc. မှ မြန်မာနိုင်ငံတွင် ဟိုတယ်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေ

marriott-june10
အမေရိကန် ပြည်ထောင်စု မေရီလန်း အခြေစိုက် Marriott ကုမ္ပဏီ ရုံးချုပ်ကို တွေ့ရစဉ် (Photo - Marriott.com)
ကမ္ဘာ့အကြီးဆုံး ဟိုတယ်အုပ်စုများတွင် တစ်ခုအပါအ၀င်ဖြစ်သည့် အမေရိကန် အခြေစိုက် Marriott International Inc. မှ မြန်မာနိုင်ငံတွင် ဟိုတယ် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြောင်း Bloomberg သတင်း တွင် ဖော်ပြချက်အရ သိရသည်။

မြန်မာကို EU က ကုန်သွယ်ရေး အထူးခံစားခွင့် ပေးတော့မည်

Photo: မြန်မာကို EU က ကုန်သွယ်ရေး အထူးခံစားခွင့် ပေးတော့မည် 
Tuesday, June 11, 2013

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး အထူး ခံစားခွင့်တွေကို မကြာခင်မှာ စတင် ခွင့်ပြုဖို့ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို တုံ့ပြန်တဲ့ အနေနဲ့ရော၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ရော အထူး အခွင့်အရေးတွေ ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း EU က ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ EU တို့ရဲ့ ဆက်ဆံရေး နောက်ဆုံး ဖြစ်ပေါ် တိုးတက်မှုတွေကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
 
မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေအတွင်း တွေ့မြင်လာရတဲ့ အပြောင်းအလဲတွေကို အားပေးတဲ့အနေနဲ့ ဥရောပသမဂ္ဂ (EU) တာဝန်ရှိသူတွေက ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ တိုင်းပြည်တွေကို ပေးအပ်နေတဲ့ ကုန်သွယ်ရေး အထူး ခံစားခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်အရ EU ရဲ့ ကုန်သွယ်ရေး အထူး ခံစားခွင့်ရ တိုင်းပြည်တခုအဖြစ်နဲ့ မြန်မာနိုင်ငံကို ဒီလ ၂၀ ရက်နေ့မှာ တရားဝင် စာရင်းသွင်း သတ်မှတ်ဖို့ စီစဉ်ထားတဲ့အကြောင်း ဥရောပ ကော်မရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန် ကလန်စီ (John Clancy) ကပြောပါတယ်။
 
“အဖွဲ့ဝင်တွေ တွေ့ဆုံပြီး ဒီကိစ္စကို သဘောတူထားကြတာပါ။ ဒါကြောင့် လည်း ရှေ့လာမယ့် ၁၀ ရက်လောက်အတွင်း အသက်ဝင်လာတော့မှာပါ။ ဒီနောက်မှာတော့ လက်တွေ့ လုပ်ဆောင်မှုတွေနဲ့အတူ မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်ရေး အထူး ခံစားခွင့် အစီအစဉ်မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။”
 
မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ချမှတ်ခဲ့တဲ့ EU က ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့်တွေကိုလည်း ၂၀၀၃ ခုနှစ်ကတည်းက ရုပ်သိမ်းထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေအတွင်း အစိုးရ အပြောင်းအလဲတွေနဲ့အတူ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အားပေးဖို့ ရည်ရွယ်တဲ့အနေနဲ့ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပြီး အဆက်အဆံတွေ တိုးမြှင့်လာနေတဲ့ မူဝါဒရဲ့ တစိတ်တပိုင်းအဖြစ် ကုန်သွယ်ရေးအရ အထူးခံစားခွင့်တွေ ပြန် လည်ပေးအပ်ဖို့ EU က ဆုံးဖြတ်ခဲ့တာပါ။
 
“နိုင်ငံရေး၊ လူမှုရေးအရ အရေးကြီးတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ နဲ့ မြန်မာနိုင်ငံက အရှိန်မြှင့် ဆောင်ရွက်လာချိန်ကစလို့ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ပွင့်လင်းမြင်သာမှုတွေ၊ ဒီမိုကရေစီရေးနဲ့ လွတ်လပ်ခွင့်တွေကို ဦးတည်လာတဲ့အတွက် ဥရောပ သမဂ္ဂ အနေနဲ့ သူ့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲလာရတာပါ။ ဒါကြောင့်လည်း အခုနောက်ဆုံး ကုန်သွယ်ရေး အထူး ခံစားခွင့် အစီအစဉ်ကို ပြန်ပြီး ပေးအပ် ရတာ ဖြစ်ပါတယ်။”
 
မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်ရေး အထူးခံစားခွင့် ရလာတဲ့အခါ အဖွဲ့ဝင် ၂၇ နိုင်ငံရှိတဲ့ EU ရဲ့ လူဦးရေ သန်း ၅၀၀ ရှိတဲ့ ဈေးကွက်ကို စစ်လက်နက် ပစ္စည်းတွေက လွဲလို့ ကုန်ပစ္စည်းတွေ အားလုံးကို လွတ်လွတ်လပ်လပ် တင်ပို့ရောင်းချခွင့် ရလာတော့မှာပါ။ ဒီအစီအစဉ်အရ EU နိုင်ငံတွေကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေအတွက် အခွန်အတုပ် ပေးဆောင်စရာလိုမှာ မဟုတ်သလို၊ ခွဲတမ်းစနစ်နဲ့ ကန့်သတ်ချက်တွေလည်း ရှိမှာမဟုတ် တာကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ဖြစ်စေမယ် လို့ ဥရောပ ခေါင်းဆောင်တွေက ယုံကြည်ထားကြတဲ့အကြောင်း ဥရောပကော်မရှင်ရုံး ပြောခွင့်ရသူ ဂျွန် ကလန်စီ ကပြောပါတယ်။
 
“မြန်မာနိုင်ငံလို စီးပွားရေး ဖွံ့ဖြိုးစ တိုင်းပြည်တွေအတွက် အထောက်အကူပေးရာမှာ ဒီအစီအစဉ်က အင်မတန်မှ အရေးကြီးပါတယ်။ ဒီလိုပဲ EU ဈေးကွက်ကနေ သေချာပေါက် အကျိုးအမြတ် ခံစားရမယ့် အကောင်းဆုံး အခွင့်အလမ်း တစ်ခုလည်း ဖြစ်ပါတယ်။”
 
တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရကတော့ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတုန်းက ဒေါ်လာသန်းပေါင်း ၂၂၀ ကျော် တန်ဘိုးရှိတဲ့ မြန်မာနိုင်ငံ ရဲ့ ပြည်ပပို့ကုန် ၃ ရာခိုင်နှုန်းလောက်ဟာ EU နိုင်ငံတွေ ကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ EU လိုပဲ မြန်မာနိုင်ငံအပေါ်မှာ တချိန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စုကလည်း အလားတူ အခွန်လွတ် ကုန်ပစ္စည်းတွေ တင်ပို့ခွင့်ပေးမယ့် Generalized System of Preference (GSP) လို့ခေါ်တဲ့ ကုန်သွယ်ရေး အထူး ခံစားခွင့်ပေးရေး စဉ်းစားနေတာပါ။
 
ဒီလိုသာ အနောက်နိုင်ငံတွေနဲ့ ကုန်သွယ်ရေးမှာ အထူးအခွင့်အရေးတွေ ရလာမယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းတွေ အားကောင်း လာနိုင်ပြီး၊ အထူးသဖြင့် တချိန်က မြန်မာနိုင်ငံရဲ့ အဓိကပြည်ပပို့ကုန် လုပ်ငန်းတခုဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းတွေ ပြန်လည် ဦးမော့လာမယ်လို့လည်း စီးပွားရေး အသိုင်းအ၀ိုင်းက မျှော်လင့်နေကြ တာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံနဲ့ အဆက်အဆံတွေ တိုးမြှင့်လာနေတဲ့ EU က ကုန်သွယ်ရေးမှာ သာမက သံတမန်ရေးအရလည်း ထိတွေ့ ဆက်ဆံမှုတွေကို တိုးမြှင့်နေ တာပါ။ ပြီးခဲ့တဲ့နှစ် ဧပြီလကစလို့ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားခဲ့တဲ့ EU က ဘယ်လ်ဂျီယံနိုင်ငံသား ၀ါရင့်သံတမန်တဦးဖြစ်တဲ့ Roland Kobia ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ် လိုက်တဲ့အကြောင်းကိုလည်း ပြီးခဲ့တဲ့လနှောင်းပိုင်းကပဲ ကြေညာ ထားတာ ဖြစ်ပါတယ်။
VOA
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး အထူး ခံစားခွင့်တွေကို မကြာခင်မှာ စတင် ခွင့်ပြုဖို့ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို တုံ့ပြန်တဲ့ အနေနဲ့ရော၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ရော အထူး အခွင့်အရေးတွေ ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း EU က ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ EU တို့ရဲ့ ဆက်ဆံရေး နောက်ဆုံး ဖြစ်ပေါ် တိုးတက်မှုတွေကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံခြားကုမ္ပဏီများ အကျိုးတူ ဆောင်ရွက် သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများအတွက် ပို့ကုန်/သွင်းကုန် လိုင်စင် ကင်းလွတ်ခွင့်ပေး

6.10.5

ကန်ပေါက်မြို့နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထိန်းချုပ်ရေးစခန်း လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံခြားကုမ္ပဏီများအကြား အကျိုးတူ ဆောင်ရွက်သည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်းများအတွက် ပို့ကုန်/သွင်းကုန် လိုင်စင်လျှောက်ထားခြင်းကို ကင်းလွတ် ခွင့်ပေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်လာဈေး ကျပ် ၉၅၀ အထိ မြင့်တက်ခြင်း၏ အကျိုးဆက်ကြောင့် ဆန်၊ ဆီ၊ သား ငါးနှင့် အခြေခံ စားသောက်ကုန်များ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၆၀ အထိ ဈေးတက်

Photo: ဒေါ်လာဈေး ကျပ် ၉၅၀ အထိ မြင့်တက်ခြင်း၏ အကျိုးဆက်ကြောင့် ဆန်၊ ဆီ၊ သား ငါးနှင့် အခြေခံ စားသောက်ကုန်များ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၆၀ အထိ ဈေးတက်
Tuesday, June 11, 2013

ဆန်၊ ဆီ၊ သား ငါး အပါအ၀င် အခြေခံ စားသောက်ကုန်များမှာ တစ်လ အတွင်း ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

အခြေခံ စားသောက်ကုန်များထဲတွင် အများသုံး ဆန်ကြမ်းမှာ လက်လီ ဈေးကွက် အတွင်း တစ်ပြည်လျှင် ကျပ် ၁၀၀ ကျော်၊ တစ်အိတ်လျှင် ကျပ် ၃၀၀၀ နီးပါး မြင့်တက်ခဲ့ကြောင်း သိရသည်။

အများပြည်သူ အဓိက မှီခို စားသုံးရသည့် ငါးမြစ်ချင်း၊ ငါးကြင်းဈေးနှုန်း များမှာလည်း တစ်လအတွင်းမှာပင် ငါးမြစ်ချင်းဆိုပါက ယခင် တစ်ပိဿာ ကျပ် ၂၅၀၀ ၀န်းကျင်သာ ရှိရာမှ ယခုအခါ တစ်ပိဿာ ကျပ် ၃၅၀၀ သို့လည်းကောင်း၊ ယခင် တစ်ပိဿာ ကျပ် ၄၀၀၀ ၀န်းကျင်ရှိသည့် ငါးမြစ်ချင်းမှာ ယခု တစ်ပိဿာ ကျပ် ၆၅၀၀ သို့ လည်းကောင်း မြင့်တက် လာခဲ့သည်။

ဈေးအပေါဆုံး ပင်လယ်ငါးများပင် ဈေးနှုန်း မြင့်တက်လာခဲ့ပြီး ယခင် ဒိုင်ဈေး တစ်ပိဿာ ကျပ် ၈၀၀ မှ ကျပ် ၁၀၀၀ ၀န်းကျင်သာရှိသည့် ငါးသေတ္တာငါးမှာ တစ်ပိဿာ ကျပ် ၁၈၀၀ (ဒိုင်ဈေး) သို့ မြင့်တက် လာကြောင်း သိရသည်။

ငါးဈေးမြင့်တက်သည့်အပေါ် လက်လီ ငါးရောင်းသူ တစ်ဦးက ''ဗဟိုစံပြ ငါးဈေးမှာ သွားယူရတယ်။ ငါးဒိုင်တွေမှာ ကျွန်မက အရင်က နေ့တိုင်း တစ်ရက်ကို ၁၀ ပိဿာ ၀ယ်တယ်။ တန်းစီပြီး ၀ယ်ရတယ်။ အခု ကျွန်မ အလှည့် ရောက်လည်း ရောက်ရော ဘယ်လောက်ယူမလဲ မေးတယ်။ ၁၀ ပိဿာလို့ ပြောတော့ တောင်းကို ချက်ချင်း ယူပြီး လွှင့်ပစ်လိုက်တယ်။ ပိဿာ ၂၀၊ ၃၀ အနည်းဆုံးထားပြီး ၀ယ်တဲ့သူတွေကိုပဲ ဦးစားပေး ရောင်းတော့ တယ်။ ကျွန်မကလည်း တစ်ရက်ကို အချိန် ၁၀ လောက်ပဲ ကုန်တော့ ပိုမ၀ယ်နိုင်ဘူး။ အခု ငါးမရလို့ ဈေး မရောင်းဖြစ်တာ ငါးရက်ရှိနေပြီ။ ငါးဈေးတက်ပြီး ဒိုင်မှာ ငါးလိုသလောက် မရလို့ ဖြစ်တာပါ။ တချို့ငါးတွေကတော့ ဒိုင်ဈေးကို ခုန်တက်လာတာ'' ဟု ပြောပြသည်။

စားအုန်းဆီမှာလည်း တစ်ပိဿာ ကျပ် ၁၀၀ မြင့်တက်လာပြီး ယခင် ပိဿာလိုက် ဈေးနှုန်းဖြစ်သည့် တစ်ပိဿာ ကျပ် ၁၅၀၀ မှ ကျပ် ၁၆၀၀ သို့မြင့်တက်လာခဲ့ပြီး လက်လီ ၀ယ်ယူစားသုံးရသူများမှာ တစ်ဆယ်သား လျှင် ကျပ် ၁၇၀ မှ ကျပ် ၁၈၀ (တစ်ပိဿာ ၁၇၀၀ မှ ၁၈၀၀ ကျပ်) အထိ ပေးဝယ်နေကြရကြောင်း သိရသည်။

ပဲရောဆီမှာလည်း ထိုသို့ပင် ယခင် တစ်ပိဿာ ကျပ် ၂၄၀၀ ရှိရာမှ ယခု တစ်ပိဿာ ကျပ် ၂၅၀၀ အထိ မြင့်တက်လာသည်ဟု သိရသည်။

အမဲသားမှာလည်း ယခင် တစ်ပိဿာ ကျပ် ၅၀၀၀ မှ ယခုအခါ တစ်ပိဿာ ကျပ် ၇၀၀၀ သို့လည်းကောင်း၊ ၀က်သားမှာ တစ်ပိဿာကျပ် ၅၀၀၀ မှ ယခု တစ်ပိဿာ ကျပ် ၆၀၀၀ သို့လည်းကောင်း စသည်ဖြင့် အသားဈေးနှုန်း များ မြင့်တက်လာခဲ့သည်။

အာလူးဈေးနှုန်းမှာ တစ်ပိဿာ ကျပ် ၆၀၀၊ ကျပ် ၇၀၀ အမြင့်ဆုံးရှိရာမှ ယခုအခါ တစ်ပိဿာ ကျပ် ၁၀၀၀ (ဈေးအမြင့်ဆုံး အစား) အထိ မြင့်တက်လာခဲ့သည်ဟု သိရသည်။ အခြားသော အခြေခံ စားသောက်ကုန်များထဲတွင် ထိုင်းနိုင်ငံထုတ် စားသောက်ကုန် အချို့မှာလည်း ဈေးနှုန်း ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု သိရသည်။

လက်ရှိတွင် တစ်လအတွင်း စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်သည့် အနေအထားကို ခြုံကြည့်ပါက အခြေခံ စားသောက်ကုန်များမှာ အမျိုးအစား အလိုက် အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ အများဆုံး ရာခိုင်နှုန်း ၆၀ ကြား ဈေးနှုန်းမြင့်တက်လာကြောင်း သုံးသပ်တွေ့ရှိရသည်။

ထိုသို့ ဆန်ကြမ်းဈေးနှုန်း ယခုလို မြင့်တက်လာသည့် အတွက် မြန်မာနိုင်ငံ မှ ပြည်ပဆန်တင်ပို့မှုကိုပင် နှစ်လအထိ ရပ်ဆိုင်း ထားတော့မည်ဟု သိရသည်။

ထိုသို့ဈေးနှုန်း မြင့်တက်လာရသည့် အဓိက အကြောင်းအရာများအနက် အများစုမှာ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမြင့်တက်ခြင်းကြောင့် ဖြစ်ပြီး အချို့စားသောက်ကုန်များမှာ ရောင်းလိုအားနှင့် ၀ယ်လိုအား မမျှသည့် အတွက် ယခုလို ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ နှစ်လအတွင်း ယခင် တစ်ဒေါ်လာ ကျပ် ၈၇၀ ၀န်းကျင်မှ ယခုအခါ တစ်ဒေါ်လာ ကျပ် ၉၅၀ ၀န်းကျင် အထိ မြင့်တက် ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း မြင့်တက်သည့်အတွက် ပြည်ပ မှ ဒေါ်လာ အသုံးပြု တင်သွင်းရသည့် အခြေခံ စားသောက်ကုန် ဈေးနှုန်း များ လိုက်ပါမြင့်တက်ခြင်း၊ စက်သုံးဆီဈေး အနည်းငယ်မြင့် တက်သည့် အတွက် ပြည်တွင်းအခြေခံ စားသောက်ကုန်များ၏ သယ်ယူစရိတ် အနည်းငယ် လိုက်ပါမြင့်တက်မှုအပေါ် မူတည်၍လည်း အခြေခံ စားသောက်ကုန်အချို့ ဈေးနှုန်းမြင့်တက်ခဲ့သည်။

အခြေခံ စားသောက်ကုန်များအပြင် မိုးစပါးအတွက် တင်သွင်းသည့် ဓာတ်မြေသြဇာ ဈေးနှုန်းများလည်း လိုက်ပါမြင့်တက်သည့် အတွက် တောင်သူ များ ယခုနှစ် မိုးစပါးအတွက် အမြင့်ဈေးဖြင့် ၀ယ်ယူ အသုံးပြုရတော့မည် ဖြစ်သည်။

Eleven Media Group
ဆန်၊ ဆီ၊ သားငါးအပါအ၀င် အခြေခံစားသောက်ကုန်များမှာ တစ်လအတွင်း ဈေးနှုန်းများ ဆက်တိုက် မြင့် တက် လာကြောင်း ဈေးကွက် အတွင်းမှ သိရသည်။