Monday, October 13, 2014

အမျိုးသမီးများဘဝ မြှင့်တင်ရေးအတွက် Ericsson နှင့် ဗြိတိန်အစိုးရ ပူးပေါင်းကူညီမည်

မြန်မာနိုင်ငံရှိ အမျိုးသမီးများ လူမှုဘဝ မြှင့်တင်ရေးနှင့် ပညာ ဆက်လက် သင်ယူနိုင်ရေးအတွက် ဆွီဒင်အခြေစိုက် Ericsson ကုမ္ပဏီနှင့် ဗြိတိန်အစိုးရ ဖွံ့ဖြိုးရေးဌာန (DFID) တို့က ပူးပေါင်းကူညီမည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့တွင် Ericsson က ထုတ်ပြန်ထားသည်။အဆိုပါ စီမံကိန်းအရ နိုင်ငံတစ်ဝန်းမှ အမျိုးသမီး ၁၄,၀၀၀ ကျော်၏ ပညာရေး တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး အလယ်တန်းပညာ ဆက်လက်သင်ယူရန် ခက်ခဲသော အမျိုးသမီးများအတွက် ပညာသင်ဆု ၆၀၀ ကျော်နှင့် အလယ်တန်းကျောင်း ၅၀ ကျော်ကို အင်တာနက် အသုံးပြုနိုင်ရန်လည်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး နိုဝင်ဘာ ၁၂ ရက်နေ့တွင် စတင်မည်

အမျိုးသားပညာရေး ဥပဒေ အပါအဝင် လက်ရှိ ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဦးတည်ဆွေးနွေးမည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို လာမည့် နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇေယျာလွင်က ပြောကြားသည်။
အမျိုးသားပညာရေး ဥပဒေကို တက္ကသိုလ် ကျောင်းသားများ ကျောင်းပိတ်ချိန်တွင် အတည်ပြုသွားခြင်းကြောင့် ယင်းကဲ့သို့ အရေးပေါ် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၁၀ နှစ်အတွင်း ရဲဘက်အကျဉ်းသား ၁၀၀၀ ကျော် သေဆုံး

ရဲဘက်စခန်းကို အမည်ပြောင်းထားတဲ့  စိုက်ပျိုးမွေးမြူရေး အသက်မွေးမှု အတတ်သင်စခန်းတွေနဲ့ ကုန်ထုတ်စခန်းတွေမှာ  သေဆုံးသူအကျဉ်းသားပေါင်း ၁၀ နှစ်တာအတွင်းမှာ ၁၀၀၀ ကျော် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးပွဲမှာ သင်္ဃန်းကျွန်းမြို့နယ်အမတ် ဦးသိန်းညွန့်ရဲ့  မြန်မာနိုင်ငံမှာ ရဲဘက်အကျဉ်းစခန်း ဘယ်လောက်ရှိပြီး ရဲဘက်အရေအတွက် ဘယ်လောက်ရှိသလဲဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်းပြောသွားတာပါ။

ကုန်သွယ်မှုလိုငွေ ဖြေရှင်းရန် မဖြစ်နိုင်သေးဟု စီး/ကူးဝန်ကြီး ဆို

ကုန်သွယ်မှု လိုငွေများနေခြင်းကို လက်ရှိအချိန်တွင် ဖြေရှင်းရန် မဖြစ်နိုင်သေးဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အောက်တိုဘာ ၁၀ ရက် ညပိုင်း၌ ကျင်းပသော Mazada 3 ကားမော်ဒယ်အသစ် မိတ်ဆက်ပွဲ အခမ်းအနားတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ပြည်တွင်းစီးပွားရေး ရေရှည်တိုးတက်မှုအတွက် ဦးတည်ကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အများအပြားကို ခွင့်ပြု နေချိန်ဖြစ်၍ ၎င်းလုပ်ငန်းများက တင်သွင်းသည့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများနေသဖြင့် ကုန်သွယ်မှုလိုငွေ များနေခြင်းကို လျှော့ချဖြေရှင်းရန် မဖြစ်နိုင်သေးဟု ရှင်းလင်းပြောသည်။

ကလေးစက်မှုဇုန် မြေကွက်လွတ်များကို အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူထံ လွှဲပြောင်းချထားပေးသွားမည် ဟုဆို

ကလေးစက်မှုဇုန် မြေကွက်လွတ်များကို လုပ်ငန်းအမှန်တကယ် လုပ်ကိုင်မည့် သူများထံသို့ ပြန်လည်ချထား
ပေးရန်ရှိသည်ဟု အဆိုပါ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီက ပြောသည်။ကလေးစက်မှုဇုန်မြေများကို ၂၀၀၄ ခုနှစ် မှ စတင်ချထားပေးခဲ့သော်လည်း မြေကွက်အလွတ် ၁၀၀ ၀န်းကျင် မှာ ယခုအချိန်အထိ ငွေအကျေပေးချေမှု မရှိသဖြင့် အမှန်တကယ် လုပ်ကိုင်မည့်သူများထံ ချထားပေးတော့ မည်ဟု ဇုန်စီမံခန့်ခွဲရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစိုးသန်းက ပြောသည်။
၎င်းက “စက်မှုဇုန် မြေကွက်တွေကို အရင် ၁၀ နှစ်လောက်ကတည်းက ချထားပေးခဲ့တယ်။ အခုထပ်တိုးတာ တွေနဲ့ဆို အကွက် ပေါင်း ၇၂၀ ကျော်မှာ လုပ်ငန်းမလုပ်သလို ငွေအကျေမပေးတာက အကွက် ၁၀၀ ကျော် လောက်ရှိနေတယ်။ သတ်မှတ်ရက်အတွင်း အကြောင်းကြားလို့ ငွေမသွင်းရင် တခြားအလုပ်လုပ်မယ့်သူတွေကို ပြန်ချပေးဖို့ လုပ်နေပါတယ်” ဟု ဆိုသည်။

လစ်လပ်နေသည့် တိုင်းနှင့်ပြည်နယ်က အလုပ်အမှုဆောင်များကို NLD ပါတီ ပြန်လည်ဖြည့်တင်းရန် စီစဉ်


၂ဝ၁၅ ရွေးကောက်ပွဲနီးကပ်လာသော ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပါတီအနေဖြင့် တိုင်း နှင့်ပြည်နယ်အသီးသီးရှိ အလုပ်အ မှုဆောင် လစ်လပ်လျက်ရှိသော နေ ရာများကို ပြန်လည်ဖြည့်တင်းသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သတင်းပြန် ကြားရေးအဖွဲ့ဝင် ဦးမျိုးခင်(မုန်း ခက်)က ဒီမိုကရေစီတူဒေးသတင်း စာသို့ အောက်တိုဘာ ၁၂ရက်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ တိုင်းနှင့်ပြည်နယ်အသီးသီး တွင်ရှိသော အလုပ်အမှုဆောင်များ မှာ ကျန်းမာရေးကြောင့် ပါတီ၏ လုပ် ငန်းများကို မလုပ်ကိုင်နိုင်ခြင်းနှင့် သေဆုံးသူများကြောင့် လစ်လပ်နေ ရာများ ရှိနေသည့်အတွက် ယင်းကဲ့သို့ ပါတီအင်အားကို ဖြည့်တင်းရခြင်းဖြစ် ကြောင်းသိရသည်။

ရန်ကုန်မြို့တော်တွင် တယ်လီနော ဆင်းမ်ကတ်များ အောက်တိုဘာလ ၁၅ ရက်နေ့၌ ရောင်းချမည်


မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သော နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောမြန်မာက ဆင်းမ်ကတ်များကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့တော်၌ ရောင်းချမည် ဖြစ်ကြောင်း တယ်လီနော ဆင်းမ်ကတ်များ ရောင်းချမည့် အရောင်းဆိုင်များထံမှ သိရသည်။
“တယ်လီနောဆင်းမ်ကတ် ဝယ်ဖို့ ကြိုပြီး လျှောက်စရာ မလိုပါဘူး။ တယ်လီနော ဆင်းမ်ကတ်တွေ လိုင်းဖွင့်ပေးတဲ့ မာစတာ ဆင်းမ်ကတ်ကရပြီ။ ဆင်းမ်ကတ်တွေကို ၁၅ ရက်နေ့မှာ ရောင်းချမှာပါ” ဟု တယ်လီနော ဆင်းမ်ကတ်များ ရောင်းချရန် ကိုယ်စားလှယ် ယူထားသော အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တော်တွင် တယ်လီနော ဆင်းမ်ကတ်များကို ရောင်းချရန် အရောင်းကိုယ်စားလှယ် ဆိုင်များကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ချထားပေးမည်ဟု တယ်လီနောမှ ပြောကြားထားသည်ဟု လူကြီးမင်း မိုဘိုင်းလ်ဆိုင်မှ အထွေထွေမန်နေဂျာ ဒေါ်ဇာခြည်က ပြောကြားသည်။

တယ်လီနောဖုန်းများတွင် အခမဲ့ဝန်ဆောင်မှု အများအပြားပါဝင်မည်

တယ်လီနောဆင်းမ်ကတ် အသုံးပြုသူများအနေဖြင့် ဖုန်းခေါ်ဆိုရာတွင် အသုံးပြုနိုင်သည့် အခြေခံဝန်ဆောင်မှု ခုနစ်ခုကို အခမဲ့အသုံးပြုနိုင်ကြောင်း ၎င်းတို့၏ ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ ‘‘Call Forwarding နဲ့ Call Waiting တို့ဆိုရင် MPT လို ပြန်လျှောက်စရာမလိုဘူး။ ၀န်ဆောင်ခအနေနဲ့လည်း ကောက်ယူခြင်းမရှိဘဲ အခမဲ့အနေနဲ့ တစ်ခါတည်း အသုံးပြုလို့ရပါတယ်’’ ဟု တယ်လီနော၏ Call Center မှ တာဝန်ခံတစ်ဦးက ပြောသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းခေါ်ဆိုရာတွင် အသုံးပြုနိုင်သည့် ၀န်ဆောင်မှုလေးခုကို ပေးလျက်ရှိပြီး Call Waiting ၀န်ဆောင်မှုအတွက် ငါးရာကျပ်၊ Call Forwarding ၀န်ဆောင်မှုအတွက် ကိုးထောင်ကျပ်၊ Miss Call Alarm နှင့် Voice mail ၀န်ဆောင်မှုတို့အတွက် တစ်ထောင်ကျပ်နှုန်းဖြင့် ၀န်ဆောင်မှုအသုံးပြုခအဖြစ် တစ်လလျှင်တစ်ကြိမ် ကောက်ယူလျက်ရှိသည်။
‘‘တယ်လီနောဆင်းမ်ကတ်ထဲမှာ အဲဒီဝန်ဆောင်မှုတွေ အသုံးပြုချင်တယ်ဆိုရင်တော့ ဟန်းဆက်ရဲ့ ဖုန်းခေါ်ဆိုမှုစနစ်ထဲကို ၀င်ပြီးတော့ Setting ကိုချိန်လိုက်မယ်ဆိုရင် အသုံးပြုလို့ရပါတယ်။ ဖုန်းပြောခကလွဲရင် ၀န်ဆောင်ခကို ပေးစရာမလိုပါဘူး’’ဟု တယ်လီနောCall Center မှတာဝန်ခံတစ်ဦးကဆိုသည်။

စီးပွားရေးပြပွဲတွင် ပြသသည့်ပစ္စည်းများကို အခွန်မဆောင်ဘဲ ရောင်းချ၍ ဝန်ကြီးဌာနသတိပေး


ရန်ကုန်မြို့တွင် လာရောက် ပြုလုပ်လေ့ရှိသည့် နိုင်ငံတကာ စီးပွားရေးပြပွဲကြီးများ၌ ပြသထားသည့်ပစ္စည်းများကို အခွန်မဆောင်ဘဲ တင်သွင်းလာပြီး ပြပွဲတွင် တိုက်ရိုက်ရောင်းချမှုများရှိသဖြင့် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ လုပ်ငန်းရှင်များအား ခေါ်ယူသတိပေးထားကြောင်း သတင်း ရရှိသည်။
‘‘ပြပွဲ ကာလအတွင်းမှာ ပစ္စည်းကို တိုက်ရိုက်ရောင်းမယ် ဆိုရင် ပြပွဲကျင်းပသူတွေကို အရင်ဆုံးအသိပေးရမယ်။ ပြီးတော့ အကောက်ခွန်နဲ့ စီးပွားကူးသန်းမှာ ဒီပစ္စည်းတွေကို ပြည်ပက တင်သွင်းလာတဲ့အတွက် အခွန်ဆောင်ရမယ်။ ဒါမှ တိုက်ရိုက်ရောင်းချလို့ရမှာ’’ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးဇော်မင်းကပြောသည်။
စီးပွားရေးဆိုင်ရာ ပြပွဲများ တွင် နမူနာအဖြစ်ပြသရန် ကုန် ပစ္စည်းများကို အခွန်လွတ်တင် သွင်းခွင့်ပေးထားပြီး ပြပွဲကာလ အတွင်းရောင်းချနိုင်လျှင် ပြခန်းပိုင်ရှင်ကပြပွဲကျင်းပသူ၊ အကောက် ခွန်နှင့် စီးပွားကူးသန်းတို့အား အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးလေဆိပ်နှင့် ရေကြောင်းမှ တရားမ၀င်ကုန်သွယ်မှုများကို ရွှေ့လျားစစ်ဆေးအဖွဲ့ဖြင့် စစ်ဆေးအရေးယူမည်

 လေကြောင်းနှင့် ရေ ကြောင်းများမှတစ်ဆင့် မန္တလေး မြို့သို့ ၀င်ရောက်နေသည့် တရား မ၀င် ကုန်သွယ်နေမှုများအား လာမည့် နိုဝင်ဘာမှ စတင်၍ ရွှေ့လျားစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးအရေးယူရန် စီစဉ်နေကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သတင်းရရှိသည်။
တရားမ၀င်ကုန်သွယ်မှုများ စစ်ဆေးထိန်းချုပ်ရန် စီးပွားကူး သန်းဝန်ကြီးဌာန ဦးဆောင်ကာ နိုင်ငံတော်အဆင့် ဖွဲ့စည်းထား သည့် တရားမ၀င် ကုန်သွယ်မှု ပပျောက်ရေး Mobile Team အ ဖွဲ့ဖြင့် လက်ရှိအချိန်တွင် နယ်စပ် ကုန်သွယ်ရေး စခန်းများနှင့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများကို စစ် ဆေးအရေးယူမှုများ ပြုလုပ်နေ ပြီး မကြာမီကာလအတွင်း မန္တလေး မြို့လေဆိပ်နှင့် ရေဆိပ်များကို စစ်ဆေးအရေးယူရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။‘‘လောလောဆယ်  စီစဉ် နေဆဲပါ။ အစောဆုံး နိုဝင်ဘာလ ထဲမှာ စနိုင်မယ်ထင်ပါတယ်။ နယ်မြေ ကွင်းဆင်းပြီး ဆာဗေး လုပ်တာတွေ ဘာတွေတော့ပြီးပါ ပြီ။ အသုံးစရိတ် တွက်ချက်တာ တွေ၊ လူတွေစုဖွဲ့ပြီး ဘယ်လို ထားမယ်ဆိုတာတွေ စီစဉ်နေပါ တယ်’’ ဟု Mobile Team အဖွဲ့ ခေါင်းဆောင် စီးပွားကူးသန်းဝန် ကြီးဌာန ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောသည်။

ဆုပ်လည်းဆူး စားလည်းရူး ဘ၀ရောက်နေရသော SSA(၀မ်ဟိုင်း)အဖွဲ့


အစိုးရတပ်များနှင့် SSA(၀မ်ဟိုင်း)အဖွဲ့တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် နှစ်ဖက်စလုံး၌ သေကြေဒဏ်ရာ ရရှိမှုအနည်းနှင့်အများ ရှိခဲ့ကြသည်။ သို့သော် ထိခိုက်နစ်နာမှုခြင်းကတော့ ကွာခြားသည်ဟုဆိုလိုရပါမည်။ အစိုးရတပ်များမှ အရာရှိ၊ စစ်သည်များ ကျဆုံးသည့်တိုင်ခံယူချက်၊ ယုံကြည်ချက်ဖြင့် တာဝန်ထမ်းဆောင်နေသူ များဖြစ်၍ ကျစ်ရစ်သူ မိဘမောင်ဘွားများက လေးစားဂုဏ်ယူကျေနပ်ခဲ့ကြသည်။ သို့သော် SSA(၀မ်ဟိုင်း)အဖွဲ့ ကတော့ ရှမ်းလူငယ်၊ ရှမ်းတိုင်းရင်းသားများကို လူမျိုးစွဲပါဒဖြင့် စည်းရုံးကာ တိုက်ပွဲများကို ဆင်နွှဲခိုင်းခြင်း ကြောင့်သေဆုံး သွားမှု အပေါ် ကျန်ရစ်သူမိသားစုများက ဖြေမဆည်နိုင်ဖြစ်ရသည်။