Tuesday, September 25, 2012

့ ကြံခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်ပိုင်းကို ရှေ့ လ ထဲမှာ ပြန်လည်ရွေးချယ်တော့မည်

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကြံခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်ပိုင်းကို ရှေ့ လ ထဲမှာ ပြန်လည်ရွေးချယ်မဲ့အကြောင်း ပါတီအထွေထွေအတွင်းရေးမှုး ဦးဌေးဥိးကို ကိုးကားပြီး AFP သတင်းမှာ ရေးထားပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပါတီညီလာခံကျင်းပပြီး လစ်လပ်နေတဲ့ ခေါင်းဆောင်ပိုင်း နေရာတွေကို ရွေးချယ်မဲ့အကြောင်းနဲ့ ဒါဟာ ပါတီကို ပိုပြီးခိုင်မာအားကောင်းစေဖို့ဖြစ်တယ်လို့ ဦးဌေးဥိးက ပြောပါ တယ်။ အရင်က

KIO မှ ကချင်ပြည်နယ်အတွက် သီးသန့် FM ရေဒီယို အစီစဉ်တစ်ခု စတင်ထုတ်လွင့်

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)မှ ကချင်ပြည်နယ် နေရာအနှံ့တွင် ဖမ်းယူနားဆင်နိုင်ရန်ရည်ရွယ်၍FM ရေဒီယို အသံလွှင့် အစီအစဉ်ကို အစမ်းသေ ဘာဖြင့် လိုင်ဇာဌာနချုပ် မှအစီစဉ်တစ်ခု စတင်ထုတ်လွှင့်လိုက်သည်။
စက်တင်ဘာ ၂၂ ရက်နေ့မှစ၍ FM ရေဒီယိုအစီအစဉ်ကို KIO လိုင်ဇာဌာနချုပ်မှ အကွာအဝေးမည်မျှနားဆင်နိုင်သည်ကို စမ်းသပ်သောအနေဖြင့် “လိုင်ဇာ ရေဒီယို FM”မှ သီချင်းများကို ၂၄ နာရီ စတင်ထုတ်လွှင့်လိုက်ခြင်းဖြစ်ကြောင်း KIO ဒု အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန်က ပြောသည်။

KIO မှ အူလန်ပါမြို့နယ်မှူး မန်ဝိန်းကြီးကျေးရွာတွင် အရပ်သား ၁၂ ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

KIO မှ ဆရာကြီး ဘရန်အောင်နှင့် အဖွဲ့ဝင်(၅)ယောက်ခန့်သည် စက်တင်ဘာလ(၂၂)ရက်နေ့ ည(၁၁)နာရီ၌ မန်ဝိန်းကြီး ကျေးရွာ(၅)ရပ်ကွက်ရှိ ဦးနေထွန်း၏နေအိမ်တွင် ဦးနေထွန်းနှင့် သူ၏သူငယ်ချင်းဖြစ်သူ
ဦးအိုက်ထွန်း တို့နှစ်ဦးတို့အား မူးယစ်ဆေးဝါးသုံစွဲနေစဉ်တွင် ဖမ်းဆီး၍ မံမွန်းကျေးရွာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါတယ်။

မြန်မာပြည်သွားသည့် မဇ္စျိမသတင်းဌာန ဂျာနယ်ထုတ်ပြီ၊ ယနေ့ စတင် ဖြန့်ဝေ

ယနေ့ ထုတ်ဝေသော မဇ္ဈိမဂျာနယ် မျက်နှာဖုံး
ပြည်ပအခြေစိုက် မဇ္ဈိမ သတင်းဌာနက ရန်ကုန်မြို့သို့ ပြောင်းရွှေ့ပြီးနောက် အပတ်စဉ်ထုတ် မြန်မာသတင်းဂျာနယ်ကို ယနေ့ စတင် ဖြန့်ချိလိုက်ပြီဖြစ်သည်။ 
 ”တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချရန် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ အနယ်နယ်အမြို့မြို့ကို ရောက်ရှိအောင် ကြိုးစားထားပါတယ်”ဟု မဇ္ဈိမအယ်ဒီတာ စိန်ဝင်းက သူ၏ ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။


From -မိုးမခ

အထက (၂) ကမာရွတ်တွင် ဓားပြတိုက်ခံရ


မြန်မာပြည်မှာ မိမိကိုယ်ပိုင်ကားများကို ထုခွဲရောင်းချကာ ကျောင်းဆော င်သစ်ဆောက်လုပ်နေသော ကျောင်းအုပ်ကြီးတစ်ယောက်အ ကြောင်းကတော့ နဲနဲဆန်းမည်ဟုထင်ပါသည်။
အထက (၂) ကမာရွတ်၊ ရန်ကုန်ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်မေလှရီ သည် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အတွက် ကျောင်းသားမိဘများကို တစ်ရက်လျှင် တစ်တန်းစီ အစည်းအဝေးခေါ်ယူပြီး ကျောင်းသားမိဘတစ်ဦးလျှင် အနည်းဆုံး ငွေကျပ် တစ်သိန်းစီ ထည့်ဝင်ရန် အတင်းအကျပ် လက်မှတ်ထိုးခိုင်းနေပါသဖြင့် ငွေကြေးမတတ်နိုင်သော ကျောင်းသားမိဘများအတွက် အခက်ကြုံနေရပါ သည်။

တရားဥပဒေ စိုးမိုးရေး ကော်မတီ တာမွေတရားရုံးသို့ သွားရောက် လေ့လာ


မန္တလေး စည်ပင်သို့ တိုင်ကြားစာ အီးမေးလ်ပို့ ၍ တိုင်ကြားနိင်ပြီ

မန္တလေး- စက်တင်ဘာ၂၅

တိုင်ကြား လိုသူများ အနေဖြင့် အမည် ၊နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ၊် အဖ အမည် ၊ဆက်သွယ်ရမည့် တယ်လီဖုန်းများကိုပြည့်ပြည့် စုံစုံ ဖော်ပြလျက် root@mandalaycity.info ကို မေးလ် ပို့ တိုင်ကြားနိုင်ကြကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီFacebook စာမျက်နှာတွင် စက်တင်ဘာ၂၅ရက်နေ့က ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။ MDY
 From - Popular Myanmar News Journal

မြန်မာပြည်အတွက် သတင်းကောင်းများ သယ်ဆောင်လာပါ

သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်သည် နှစ် ၅၀ ကျော်အတွင်း မြန်မာပြည် အဆင့်အမြင့်ဆုံး ခေါင်းဆောင် တဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သောကြောင့် အမေရိကန် – မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းဝင်ခရီးစဉ်ဟု ဆိုရမည်ဖြစ်သည်။

၃ ရက် ၁ ကားမှသည် …၊ မန္တလာသူတို့ရဲ့ အတိုအပြတ် ဆန့်ကျင်ပွဲ

မြန်မာဗီဒီယို ဇာတ်ကားများ

မြန်မာ့ရုပ်ရှင် အရည်အသွေးမြှင့်ဖို့
မြန်မာ့ရုပ်ရှင် ဗီဒီယိုလောကမှာ ရုပ်ရှင်ဇာတ်ကား ၂၀ရက်၊ ဗီဒီယိုဇာတ်ကား ၁၀ ရက်၊ တလကို ဗီဒီယိုဇာတ်ကား ၃ ကားနှုန်း အချိန်ပေး ရိုက်ကူးမှု မရှိဘူးဆိုရင် ၃ ကားထက် ပိုလာတဲ့ ဇာတ်ကားတွေကို ဆင်ဆာကြည့်ရှုခွင့် ထောက်ခံချက် ပေးမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဧရာဝတီကိုပြောပါတယ်။

အသက်ကြီးတိုင်း Senior ကျတိုင်း သူမြတ်သူကောင်းဖြစ်ပါသလားဆိုတဲ့ ဧရာဝတီခြင်္သေ့ကြီး(သို့)ပြည်ခိုင်ဖြိုးအထွေထွေအတွင်းရေးမှူးကို ရှင်းလင်းတုံ့ပြန်လိုက်တဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ

(၉.၉.၂၀၁၂) ရက်နေ့၌ ညောင်တုန်းရိပ်သာတွင် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြည်ခိုင်ဖြိုးပါတီဝင်တိုင်းလွှတ်တော်ကိုယ် စားလှယ်များကိုခေါ်ယူပြီးဖိအားပေးမှုပြော    ဆိုမှုများကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှပြန်လည်ရှင်းလင်းမှုများပြု   လုပ်ခဲ့သည်။ အဆိုပါရှင်းလင်းပွဲကို တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေးခန်း  မတွင် (၂၄.၉.၂၀၁၂) နေ့တွင် ပြုလုပ်ရာ  Hot News ဂျာနယ်အပါအ၀င်မီဒီယာ  ဌာန (၁၉) ခုမှ တက်ရောက်ခဲ့သည်။ ထိုရှင်းလင်းပွဲတွင် ဦးဌေးဦး၏စကားများ  အပေါ်ဦးဆန်းဆင့်မှ ပြန်လည်ရှင်းလင်း  ချက်များအနက်မှ အချို့ကိုကောက်နှုတ် ဖော်ပြလိုက်ပါသည်။

ခြေခြေမြစ်မြစ် ၊ နှစ်နှစ်ကာကာသိမှရေးစေလိုပါသည်

Hot News  ဂျာနယ်မှ ယာဉ်ပိုင်ရှင် များ၏ဒုက္ခကို သက်ဆိုင်ရာက ကူညီဖြေ ရှင်းပေးစေလိုခေါင်းစဉ်ပါသတင်းဆောင်း ပါးနှင့် ပတ်သက်၍ ကျွန်တော်နှင့်ခင်မင် ရင်းနှီးသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး  အား မေးမြန်းစုံစမ်းကြည့်ရာအဆိုပါတပ် ဖွဲ့ဝင်မှ သူတို့နေ့စဉ်တာဝန်ထမ်းဆောင် နေရသည့် အခြေအနေနှင့် အခက်အခဲ များကို ပွင့်လင်းစွာရှင်းလင်းပြောပြသဖြင့်  သိခွင့်ရခဲ့ပါသည်။ ဆောင်းပါးရေးသား သူစတုတ္ထမဏ္ဍိုင်နှင့်အခြားသူများ ပါသိ  ရှိနိုင်ရန် အောက်ပါအတိုင်းဖော်ပြလိုက်ပါ သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာအိုင်စီတီပြပွဲ ပြုလုပ်တော့မည်

တရုတ်နဲ့ ဆက်ဆံရေးကိစ္စ ပြောရပေဦးမယ် (ပြောချင်လွန်းလို့-မောင်ဝံသ)

အိမ်နီးချင်းကို   ရွေးလို့ မရ
ဆွေမျိုးဆိုတာ မခေါ်ရင်ရပေမယ့် မတော်ချင်လို့တော့ မရဘူးဆိုသလို ကမ္ဘာမှာ အိမ်နီးချင်းနိုင်ငံ ဆိုတာလည်း ရွေးလို့ရတာမျိုး မဟုတ်ဘူးဗျ။ ကိုယ့်အိမ်နီးချင်း ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ မဖြစ်မနေ မိတ်ဝတ်မပျက် ဆက်ဆံရမှာပဲ ဖြစ်တယ်ဗျာ။ သိပ်ဆိုးတဲ့ အိမ်နီးချင်း ဆိုရင်တော့ အဆက်အဆံ မလုပ်ဘဲ ကိုယ့်ခြံစည်းရိုးကို ကိုယ်လုံခြုံအောင် ပိတ်ဆို့ထားဖို့ပဲ ရှိတယ်ဗျ။  ဒါပေမဲ့ ကိုယ့်ထက် အဆပေါင်းများစွာ အင်အား ပိုမို ကြီးထွားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရတဲ့ နိုင်ငံငယ်တစ်ခုရဲ့ ဦးစီးခေါင်းဆောင်တွေ အနေနဲ့ကတော့

ရခိုင်ပြည်နယ် ၀န်ကြီးဌာနများ ၀န်ထမ်းလစာပေးရန် ဘတ်ဂျက် မရှိဖြစ်နေ

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင် ၀န်ကြီးဌာနများရှိ ၀န်ထမ်းများကို လစာပေးရန် ဘတ်ဂျက်ငွေ မရှိ ဖြစ်နေကြောင်း သတင်းရရှိသည်။
“  ရခိုင်အစိုးရက ခုလို ၀န်ထမ်းတွေ လစာအတွက် ဘတ်ဂျက် မရှိ ဖြစ်နေတာကို  မနေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ တင်ပြပါတယ်” ဟု စစ်တွေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

ရဲတပ်ဖွဲ့မှူးရုံး မှ မာစတာဂျစ် ပထမနှစ် ကျောင်းသား တစ်ဦးမောင်းနှင်လာသော(နံပတ် မပါ)ဆိုင် တစ် စီးနှ င့် မျ က်နှာ ချင်း ဆိုင် ထိပ်တိုက် တိုက်မိခဲ့

24-9-2012 နေ့ ညနေ(၅)နာရီအချိန်ခန့် မုံရွာတက္ကသိုလ်သို့ အသွားအပြန် ပြုလုပ်ရာ ကျောက္ကာလမ်းကြီးပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ မာစတာဂျစ်(သ/၈၇၄) ကားနှင့် မုံရွာစီးပွားရေးတက္ကသိုလ် ပထမနှစ် ကျောင်းသား တစ်ဦးမောင်းနှင်လာသော(နံပတ်
မပါ)ဆိုင် တစ်  စီးနှ  င့် မျ က်နှာ ချင်း ဆိုင် ထိပ်တိုက် တိုက်မိခဲ့ ကြကြောင်း သလ္လာဝတီတိုင်းမ်မှ သတင်းရရှိ သည်။ ဆိုင်မောင်းနှင်လာသည့်ကျောင်းသားမှာ မောင်မျိုသူရိန်လင်း ပထနှစ်သင် တန်းစီးပွားရေးတက္ကသိုလ် မှဖြစ်သည်။ section-8 တွင်တက်ရောက်နေပြီး ခုံအမှတ်(ပစ-၁၀၄၀) ၊ ပင်စင်ရွာ ၊၀က်လက်မြို့နယ်မှ ဟုလည်း နောက်ဆက် တွဲစုံစမ်းသိရှိရသည်။
FROM-သလာဝတီ

ကျားဖြူပါတီဥက္ကဌ နှလုံးရောဂါခံစား ဘန်ကောက်၌ဆေးကုသမှုခံယူ

Sai_Aik_Baoသျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီဥက္ကဌ စိုင်းအိုက်ပေါင်း
ထိုင်းနိုင်ငံ၌ နှလုံးရောဂါဆေးကုသမှုခံယူနေရသောကြောင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီဥက္ကဌ စိုင်းအိုက်ပေါင်း ပြည်နယ်လွှတ်တော်အစည်းအဝေး အမှီ မတက်နိုင် တော့ကြောင်း ပါတီဝင်များအသိုင်း အဝိုင်းကပြော သည်။

မြေကွက်မရှိသေးတဲ့သူအတွက် မြေကွက်ချပေး

ကရင်နီ(ကယား)ပြည်နယ် ဘောလခဲမြို့နယ်တွင် နေစရာမြေကွက်မရှိသေးတဲ့ နန်းဖဲရွာမှ ဒေသခံတွေအတွက် မြေကွက်များကို စနစ်တကျတိုင်းတာပြီး ချပေးနေတယ်လို့ သိရပါတယ်။

မြို့နယ် မြေစာရင်းဦးစီဌာနမှ ဝန်ထမ်းတဦးက “အဲဒီရွာတွေမှာနေတဲ့ သူတွေအတွက်ချပေး တာဖြစ်တယ်။ မြေမရှိသေးတဲ့သူတွေအတွက် ပေးတာဖြစ်တယ်။ ယူချင်တဲ့လူတိုင်းမရဘူး။ ရပ်ကွက်လူကြီးနဲ့ညှိပြီး  တကယ်တမ်း အိမ်မရှိသေးတဲ့လူနဲ့ လိုအပ်တဲ့လူအတွက်ကိုဘဲပေးမယ်” လို့ ပြောပါတယ်။

နိုင်ငံရေးဘာသာရပ်များသင်ကြားပေးတော့မည့် မန်းတက္ကသိုလ်

 
 နိုင်ငံရေးကိုစိတ်ဝင်စားသော လူငယ်များအ တွက် နိုင်ငံရေး သင်ခန်းစာများပါဝင်သော နိုင်ငံတကာ ဆက်ဆံရေးပညာဘွဲ့လွန် (ဒီပလိုမာ) အချိန်ပိုင်းသင်တန်း ( Diploma in International Relations ) DIRအား မန္တလေးတက္ကသိုလ်တွင် လာမည့် ဒီဇင်ဘာလ(၆)ရက်နေ့မှစတင် သင်ကြားတော့ မည်ဖြစ်ကြာင်း နိုင်ငံတကာဆက်ဆံရေးပညာဌာနမှုး ပါမောက္ခဒေါ်မိမိကြီး က ဆိုသည်။

တရုတ်က တိုက်ရိုက်ကုန်ကြမ်းယူ ကုန်ချောသွင်းနေ၍ မြန်မာ့ကြိမ်ဈေးကွက်ပျက်လာ

ပြည်တွင်းထွက်ရှိသောကြိမ်များအား ကုန်ကြမ်းအဖြစ်ပြည်ပသို့ တိုက်ရိုတ်တင်ပို့နေခြင်း ကြောင့် ပြည်တွင်းဈေးကွက် ၌ ကုန်ကြမ်းရှားပါးကာ ကြိမ်လုပ်ငန်းရှင်များအနေဖြင့် ရပ်တည်ရန်ခက်ခဲလာကြောင်း သိရှိရသည်။

ပူတာအိုတွင် ဆန်ပြတ်လပ်၍ ကားလမ်းများပြန်ပွင့်ရန် ဒေသခံများ မျှော်လင့်

 ကချင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ပူတာအိုမြို့တွင် ဆန်ပြတ်လျှက်ရှိနေသောကြောင့်  ဆန်ဆိုင်များတွင် ဆန်အိတ်လိုက်ရောင်းချခြင်း မရှိတော့ကြောင်း သိရှိရသည်။
 
ယနေ့ စက်တင်ဘာ(၂၅)ရက်နေ့ မနက်(၆)နာရီဝန်းကျင်ခန့်က ဆန်ဆိုင်များက လူတစ်ဦးလျှင် ဆန်နို့ဆီ နှစ်ဘူးခန့်သာ ရောင်းချခဲ့ပြီး ဆန်နို့ဆီဘူးတစ်လုံးလျှင် ငွေ(၅၀၀)ကျပ်ဖြင့် ရောင်းချကာ မနက်(၆)နာရီခွဲ ၀န်းကျင်တွင် ဆန်အရောင်းအ၀ယ် မပြုလုပ်တော့ကြောင်း ဒေသခံများထံက သိရှိရသည်။

ပါတီသြဇာလွှမ်းမိုးစေရန်ပြုလုပ်ခဲ့သည့် ဦးဋ္ဌေးဦးအား ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌ ကန့်ကွက်

 တိုင်းလွှတ်တော်ဥက္ကဌအား အသိမပေးဘဲ ဧရာဝတီတိုင်းရှိ ပါတီမှလွှတ်တော်ကိုယ်စားလှယ်များကို သီးသန့် တွေ့ဆုံခဲ့သော   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးအား ကန့်ကွက်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်အား စက်တင်ဘာ(၂၄)ရက်နေ့က တိုင်းလွှတ်တော်အစည်းအဝေးခန်းမတွင်  ပြုလုပ်ခဲ့သည်။
 

4G ကွန်ယက်စနစ်အတွက် ITU ခွင့်ပြုမိန့် စောင့်ဆိုင်းဆဲ

မြန်မာနိုင်ငံအတွင်း 4G ကွန်ယက်စနစ် အသုံးပြုနိုင်ရန်အတွက် နိုင်ငံတကာဆက်သွယ်ရေးအဖွဲ့၏ ခွင့်ပြုချက် ရရှိရန်ဆောင်ရွက် ဆဲဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
  လာမည့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းအချိန်မီ 4G အင်တာနက်စနစ် သုံးပြုနိုင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်း သိရသည်။

ရာထူးမှဖယ်ရှားခံရမည့် လက်မှတ်ထိုးကမ်ပိန်းအပေါ်တွင် စိတ်လှုပ်ရှားနေသည့် မန္တလေးမြို့တော်ဝန်

မြို့တော်ဝန်ရာထူးမှ ဖယ်ရှားရန် လက်မှတ်ထိုးတောင်းဆိုမည့် ကမ်ပိန်းအပေါ်တွင် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်နေကြောင်း မြို့တော် စည်ပင် ခန်းမတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မန္တလေးမြို့တော်ဝန်က ပြောကြားခဲ့သည်။
  မန္တလေးမြို့တော်ဝန်အား ရာထူးမှဖယ်ရှားရန် လက်မှတ်ထိုးကမ်ပိန်းကို (၈၈)ကျောင်းသား ရဲဘော်ဟောင်းများအဖွဲ့မှ လုပ်ဆောင်နေခြင်းဖြစ်သည်။

ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရန် ကားပါကင်အတွက် လမ်းချဲ့သင့်ဟု မထသ အကြံပြု

ရန်ကုန်မြို့အား ယာဉ်ကြောပိတ်ဆို့မှုမှကာကွယ်ရန် လက်ရှိ လမ်းမများပေါ်တွင် ကားရပ်နားထားမှု များကြောင့် ကားလမ်းကျဉ်းမြောင်းလာသဖြင့် ကားပါကင်အတွက် လမ်းများအား တိုးချဲ့သင့်ကြောင့် မထသ (ဗဟို)က အကြံပြုပြောကြားသည်။

ဒုတိယဧရာဝတီ (သို့) ချင်းတွင်းအလှကာကွယ်ရေးဆွေးနွေးပွဲ (၈၈)ဦးဆောင်မည်

 လက်ပန်းတောင်းတောင်ရှိ ကြေးနီစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးကို ကာကွယ်ရန်နှင့် လယ်မြေဆုံးရှုံးခဲ့သည့် ရွာသားများ၏ အခွင့်အရေးများ ရရှိရန်အတွက် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ဒေသလူထုအစည်းအဝေးပွဲ စတငိကျင်းပ

ရခိုင်ဒေသလူထုအစည်းအဝေးပွဲသို့ ယနေ့မနက်(၁၀း၀၀)နာရီအရောက်တွင် လာရောက် နားထောင် သူပေါင်း ထောင်ကျော်လာသည်ကိုတွေ့ရသည်။
ခန်းမအတွင်းကိုယ်စားလှယ် (၃၅၀)ကျော် တက်ရောက်နေပြီး ခန်းမပြင်ဘက်ရှိ ယာယီမဏ္ဍာပ် များ၊ လေးဘက်လေးတန်ေ နရာကွက်လပ်များ ကျောင်းဆောင်များတွင်လူ (၁၀၀၀)ကျော်ခန့် ရှိလာကြ သည်။

ဇာတ်လမ်းတွဲသရုပ်ဆောင်ကြေး ဒေါ်လာ ၁၂,၀၀၀ ရရှိသည့် မျောက်မလေး

 အမေရိကန်ရုပ်သံကုမ္ပဏီ NBC ၏ Animal Practice ဟာသဇာတ်လမ်းတွဲတွင် Dr. Rizzo အဖြစ် ပါဝင်သရုပ်ဆောင်သည့် Crystal အမည်ရှိ မျောက်မလေးမှာ ဇာတ်လမ်းတွဲသစ်၏ ဇာတ်လမ်းပိုင်းတစ်ခုအတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၁၂,၀၀၀ ဖြင့် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ Crystal သည် နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများဖြစ်သည့် Museum နှင့် The Hangover တို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

အားနည်းသူကို ကူညီပါ

အားနည်းသူကို ကူညီပါဒီနေ့ ဆေးခန်းသွားရင်း စိတ်ကူးရတာနဲ့ City Mart ကိုဝင်လိုက် တယ်။ ပြီးတော့ ကစားစရာတန်းက သေနတ်လေးတွေ သွားကြည့် နေလိုက်တယ်။ (ကျွန်တော်က သေနတ်လေးတွေ စုရတာ ဝါသနာ ပါလို့ပါ)။ အဲဒီမှာ သေနတ်တစ်လက် သွားတွေ့တယ်။ ဈေးတော့ နည်းနည်းကြီး တယ်။ ရိုးရိုး မောင်းတင် ပစ်ရတာမျိုး မဟုတ်ဘဲ ဘက်ထရီ အားသွင်းပြီး ပစ်ရတဲ့ သေနတ်ဗျ။ မောင်းပြန် တင်ပေးစရာ မလိုဘဲ ဆက်တိုက်ပစ်လို့ ရတဲ့ သေနတ်ပေါ့ဗျာ။ ကျွန်တော်လည်း သေနတ် ခရေဇီ ဆိုတော့ ဝယ်မယ်ဆိုပြီး ယူပြီးမှ စိတ်ကူး ပြောင်းသွားတာနဲ့ ဆေးခန်းက ပြန်တော့မှ ဝင်ဝယ်မယ် ဆိုပြီး မှတ်ထားလိုက်တယ်။

ဘယ်အရွယ်မှာ နိုင်ငံရေးနယ်ပယ်ထဲ ၀င်သင့်သလဲ

Photo 

၁၉၈၉ ခုနှစ် ဇူလိုင်လ၏ တစ်ခုသောညနေခင်းတွင် ထိုစဉ်က အသက် ၁၅ နှစ်ခန့်သာ ရှိသေးသည့် သူမ၏သားဖြစ်သူ ကိုးတန်းကျောင်းသား ကိုဘိုဘိုတစ်ယောက် စစ်အာဏာရှင်ကို ဆန့်ကျင်ရန် မြန်မာနိုင်ငံမြောက်ဘက်ရှိ တောတွင်းလက်နက်ကိုင် တပ်ဖွဲ့တစ်ခုဆီသို့ ထွက်ခွာသွားသည်ဟု သိလိုက်ရချိန်မှ စတင်ပြီး သတင်းအစအန ပျောက်သွားခဲ့သည့် သားဖြစ်သူ အသက်အန္တရာယ်

လက်ဖြောင့်ပါစ မြားနတ်မောင်

(တစ်)
မြန်မာမှုနယ်ပယ်၌ မင်္ဂလာတရားနှင့် ပတ်သက်၍ နှစ်မျိုးနှစ်စား ကွဲပြားခြားနားရာ တစ်မျိုးက လောကုတ္တရာမင်္ဂလာဖြစ်ပြီး တစ်မျိုးက လောကီရေးရာမင်္ဂလာ ဖြစ်ပါသည်။ အမျိုးအမည်အားဖြင့် မထင်ရှားသူ နတ်သားတစ်ပါးက လျှောက်ထားမေးမြန်းလာသဖြင့် မင်္ဂလာတရားဆိုတာဘာဟု ဂေါတမဘုရားရှင်က မိန့်ကြားသော မင်္ဂလာရှိသည့် အခြားအရာတို့မှာ စုစုပေါင်း ၃၈ ခုရှိရာ ယင်းတို့သည် ၃၈ ဖြာမင်္ဂလာအဖြစ် ထင်ရှားပါသည်။ နောက်တစ်မျိုးကမူ နိစ္စဓူဝ-လူမှုလောကထဲ၌ လုပ်ကိုင်ဆောင်ရွက်နေကြသည့် မင်္ဂလာများဖြစ်ပြီး လောကီရေးရာမင်္ဂလာ ၁၂ ပါးအဖြစ်

တရုတ်နိုင်ငံမှ သံတိုင်အကမယ် (Pole Dancer) များ


လက်ငင်း၊ အရစ်ကျ၊ ဘဏ်ချေးငွေစနစ်များဖြင့် အိမ်စီးကားအပြင် လုပ်ငန်းသုံးကားမျိုးစုံ၊ ဘတ်စ်ကားနှင့် ယန္တရားများအထိရောင်းချမည့် "မဟာကားပြပွဲ" သုံးပွဲဆက်တိုက် ရန်ကုန်တွင် ကျင်းပမည်


အိမ်စီးကားအပြင် လုပ်ငန်းသုံးကား၊ ဘတ်စ်ကားများမှစ၍ ယန္တရားများအထိ ပါဝင်ရောင်းချမည့် "မဟာကားပြပွဲ" သုံးပွဲဆက်တိုက်ကို ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ပြခန်းပေါင်း ၁၄၀၀ ကျော်အထိ ပါဝင်ပြသရောင်းချမည်ဖြစ်ပြီး လက်ငင်း၊ အရစ်ကျ၊ ဘဏ်ချေးငွေစ နစ်များဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် မတိုင်ခင် အထိ ရိက္ခာတွေ ယူသွားကြ ဦးမှာလား’ ဆောင်းပါးမှ ကောက်နုတ်ချက် [ Voice Of The Day ]

ဘာမဆို လုပ်ချင်ရင် ချက်ချင်း အကောင်အထည် ဖော်လို့ ရပါတယ်။ မခက်ပါ ဘူး။ ခက်အောင် လုပ်ချင်ကြတဲ့ လူတွေ ရှိနေလို့ ခက်နေတာပါ။ (ဒါကြောင့်လည်း အယ်လ်ဒီစီ နိုင်ငံ ဖြစ်သွားရတာပါ။ အခုနှစ်ဆို အယ်လ်ဒီစီ နိုင်ငံဖြစ်တာ ငွေရတု တိုင်ခဲ့ပါပြီ။)ပြည်သူတွေ သက်သာစွာနဲ့ ခေတ်မီစေဖို့ ၅၀၀၀ တန် ဖုန်း လုပ်ပေးပါရစေ။ လုပ်လို့ ရပါတယ်။ ကိုယ့်ပစ္စည်းနဲ့ ကိုယ်လုပ်မှာပါ။ နိုင်ငံခြားက ပညာရှင်တွေ ဘေးမှာထားပြီး ရှင်းပြ၊ တင်ပြတာကို လုပ်လို့ မရသေးပါဘူး ဆိုပြီး အတင်း ငြင်းတယ်။ ၅ သိန်း ဆက်မလုပ်တော့ဘဲ ၂ သိန်းတန် လုပ်တယ်။
ဖုန်းဈေးနှုန်းကိုလည်း ထောင်ဂဏန်းအထိ ကျအောင် လုပ်လို့ရပါတယ်။ မခက်ပါဘူး။ အာမခံ ပေးမယ့်သူက အဆင်သင့် ရှိနေတာပဲ။ တစ်ဦးတည်း မူပိုင်၊ တစ်ဖွဲ့တည်း မူပိုင် မလုပ်ကြပါနဲ့။ ခေတ်စနစ်နဲ့ အတူ လိုက်ပြောင်းကြပါလို့။
စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် Open News သတင်းဂျာနယ်ပါ ‘ဆောင်းပါးရှင် မိုးလင်း၏ ၂၀၁၅ ခုနှစ် မတိုင်ခင် အထိ ရိက္ခာတွေ ယူသွားကြ ဦးမှာလား’ ဆောင်းပါးမှ ကောက်နုတ်ချက်
From-TheVoiceWeekly

ဖားကန့်မှာ (၈၈) မျိုးဆက် ရုံးစိုက်ပေးဖို့ ဒေသခံများတောင်းဆို


ဖားကန့်ဒေသခံ ပြည်သူတွေက (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ကို ဖားကန့်ဒေသမှာ ရုံးစိုက်ပေးစေချင်တယ်လို့ တောင်းဆိုကြတဲ့ အတွက် ပြည်သူတွေရဲ့ ဆန္ဒအတိုင်း စီစဉ်ပေးဖို့ရှိတယ်လိ
ု့ ရန်ကုန်မြို့က (၈၈) မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။

CAT-5 စူပါတိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာသည့် JELAWAT

စက်တင်ဘာလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဖိလစ်ပိုင်ပင် လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် စူပါတိုင်ဖွန်းမုန်တိုင်း JELAWAT(18W-ဖိလစ်ပိုင် အမည်ဖြင့် LAWIN) သည် အဆင့်-၅ စူပါတိုင်မုန်တိုင်းကြီး ဖြစ်လာပြီးး၊ မနီလာမြို့တော် အရှေ့ဘက် မိုင် ၄၆၀ ခန့်၊ အိုကီနာဝါကျွန်း၏ တောင်ဘက်စူးစူး မိုင် ၇၂၀ ခန့် ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဗဟိုပြုလျှက်ရှိပါသည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တာမွေမြို့နယ် တရားရုံးသို့ သွားရောက် စစ်ဆေး


ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းေ ရး ကော်မတီမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် တာမွေမြို့နယ် တရားရုံးသို့ သွာရောက် စစ်ဆေးမေးမြန်းမှုများ စတင် ပြုလုပ်နေကြောင်း သိရပါသည်။

ကျူးကျော် ရှင်းလင်းရေး ဆက်လုပ်မည်ဟု မန္တလေးမြို့တော်ဝန် ပြော

(ဓာတ်ပုံ – မန်းသားလေး/ဧရာဝတီ)
မန္တလေးမြို့တော်ဝန်က ကံကြီးကုန်းကျေးရွာရှိ မကွေးကျောင်းတိုက်တွင် ကျူးကျော်နေထိုင် သူများကို အသိပညာပေး ပြောကြားပြီး ပြန်လည်ထွက်ခွာရာ၌ ရာနှင့်ချီသော ဒေသခံများက မကျေနပ်၍ မြို့တော်ဝန် ပြန်မည့် ကားတန်းကို ၀ိုင်းဝန်းပိတ်ဆို့ ဟန့်တားမှု ဖြစ်ပွားခဲ့သေးသည်။ ထိုသို့ ပိတ်ဆို့ ဟန့်တားသူများကို ရဲ တပ်ဖွဲ့မှ ရိုက်နှက်ထိုးကြိတ်မှု ပြုလုပ်ကြောင်း သိရသည်။

လူထုစိန်ဝင်း ပညာသင်ဆု ရရှိသူများစာရင်း ထုတ်ပြန်ခြင်း

 နောက်ဆုံးအဆင့် ရွေးချယ်ခဲ့သူ (၁၇) ဦးကို လူထုစိန်ဝင်း ပညာသင်ဆု ရွေးချယ်ရေး နာယက ဟံသာဝတီ ဦးဝင်းတင်နှင့် ဆရာမောင်မိုးသူတို့မှ စိစစ်နေစဉ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှ (၃၀) ရက်နေ့ အထိ လူထုစိန်ဝင်း ပညာ သင်ဆု အတွက် လျှောက် ထားသူ စုစုပေါင်း(၇၂) ဦး ရှိခဲ့ သည်။ လျှောက်ထားသူ အများ စုမှာ ပညာ ထူးချွန် သူများ ဖြစ်ကြသည့် အပြင် ပညာ ဆက်လက် သင်ကြားရန် အကူအညီ လိုအပ်နေသူများ ဖြစ်ခြင်းကြောင့် လူထုစိန်ဝင်း ပညာသင် ဆု ရွေးချယ်ရေး အဖွဲ့ဝင်များက ပညာသင်ဆု လျှောက်လွှာများကို အချိန်ယူ၍ အကြိမ်ကြိမ် ဖတ်ရှုပြီး သေချာစွာ စိစစ် ရွေးချယ် ခဲ့ပါသည်။ 

ချစ်ဇနီး

အဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။ ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတယ်။ ကျွန်တော့ အမျိုးသမီး ရေးချိုးခန်းကထွက်လာပြီး ကျွန်တော့ကို ပြောတယ် 

“ခြေထောက်မှာ ဘာလို့မှဲ့တစ်လုံးထွက်လာပါလိမ့်?” 

အကျဉ်းသားကို ထောင်မှူး ကိုယ်ထိလက်ရောက်ထိုးကြိတ်

ပဲခူးမြို့ အကျဉ်းထောင်မှာ ထောင်ကျနေသူ အကျဉ်းသား ဦးလှမိုးကို ထောင်မှူး ဦးကျော်စွာသင်းက ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့တဲ့အတွက် အကျဉ်းသားရဲ့ဇနီးဖြစ်သူ မခင်ကြည်ကြည်ချိုက ပဲခူးထောင် ညွှန်မှူး ဦးနိုင်ဝင်း၊ ဦးစီးအရာရှိ ဦးသိန်းစိုး၊ ထောင်ပိုင် ဦးဝင်းတင်တို့ကို မနေ့မနက်က တွေဆုံ တိုင်ကြားခဲ့ပါတယ်။

နိုင်ငံတကာ နိုင်ငံရေး အရှုပ်တော်ပုံကြောင့် တရုတ် ရဲချုပ်ဟောင်း ထောင် ၁၅နှစ်ကျ

တရုတ်နိုင်ငံက ရဲချုပ်ဟောင်းတဦးကို တရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ နိုင်ငံရေးအရှုပ်တော်ပုံ တခု ပေါ်ပေါက်ခဲ့ပြီး ထိပ်တန်းနိုင်ငံရေးသများ Bo Xilai ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီးတဲ့နောက် အဲဒီဖြစ်ရပ်တွေနဲ့ ဆက်စပ် နေတဲ့ ထိပ်တန်းရဲအရာရှိဟောင်းကို အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

အကြမ်းဖက်သမား ဖယ်ရှားဖို့ စီစဉ်

ဒီမိုကရေစီစနစ် တိုးတက်လာရေးကို နည်းအမျိုးမျိုးနဲ့ တားဆီးနှောင့်ယှက်နေတဲ့  မြောက်ကို ရီးယားနဲ့ အရှေ့အလယ်ပိုင်းလို ဒေသတွေက အစွန်းရောက်သမားတွေကို တကမ္ဘာလုံးက ညီညီညွတ်ညွတ်လက်တွဲပြီး ဆန့်ကျင်ကြဖို့ လိုအပ်တယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောဆိုလိုက်ပါတယ်၊ အမေရိကန်နိုင်ငံ New York မြို့ မှာ ရှိတဲ့ နိုင်ငံခြားရေး Clinton ရဲ့ ခင်ပွန်း သမ္မတဟောင်း Bill Clinton ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရှေ့ဆောင် ဦးရွက်ရေး Clinton Global Initiative  အဖွဲ့ ကြီး က ဦးစီးကျင်းပတဲ့နှစ်ပါတ်လည် နိင်ငံတကာ ဆွေးနွေးပွဲ မှာ သူမက ခုလိုပြောသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အကူအညီဆက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ လာနေတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ အကူအညီတွေဆက်ပေး သွားဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ကင်တာကီပြည်နယ် လူဝီဗီးလ် တက္ကသိုလ်မှာ မကြာသေးခင် အချိန်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။ လူဝီဗီးလ် တက္ကသိုလ်က ဆရာတွေ၊ ကျောင်းသူကျောင်းသားတွေ အပြင် ကင်တာကီပြည်နယ် တ၀ိုက်က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံစဉ်မှာ ခုလို ပြောသွားတာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။