မန္တလေးမြို့တွင် ယာဉ် ကြောရှုပ်ထွေးမှုများ ဖြေလျှော့ စေမည့် ကန်ဒေါ်လာ ၂၃ သန်း တန် ခေတ်မီနည်းစနစ်အသုံးပြု ရန် ဂျပန်နိုင်ငံတိုယိုတာကုမ္ပဏီ က လာရောက်အဆိုပြုတင်ပြထား ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီတာဝန်ရှိ သူများနှင့် တိုယိုတာကုမ္ပဏီမှတာ ၀န်ရှိသူများ ယခုလ ၁၃ရက်ကအ ထက်ပါ ကိစ္စနှင့်ပတ်သက်၍ တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။တိုယိုတာကုမ္ပဏီမှတင်ပြ သည့် နည်းစနစ်များတွင် လမ်းအ သုံးပြုနေသည့် ပြည်သူများအ တွက် မိုးကာလသဘာဝဘေးအန္တ ရာယ်ကာကွယ်ပေးနိုင်ခြင်း၊ယာဉ် ကြောရှုပ်ထွေးသည့်နေရာအား ကြိုတင်သတင်းအချက်အလက် ပေးပို့ရယူနိုင်ခြင်း၊ သတ်မှတ်ချိန် အတွင်း သတ်မှတ်သည့်နေရာသို့ ရောက်ရှိမည့်ထိန်းချုပ်နိုင်သော ဘတ်စ်ကားလိုင်းများပြေးဆွဲခြင်း၊ မြို့တွင်းမီးပွိုင့်များတွင် ဖြတ် သန်းသွားလာသည့် ကားအရေအ တွက်၊ အမျိုးအစား၊ နံပါတ်၊လမ်း လျှောက်ဖြတ်သန်းသူဦးရေအစရှိ သည့် ကိန်းဂဏန်းအချက်အ လက်များ မှတ်သားပေးနိုင် မည့် နည်းပညာများပါဝင်သည့် Intergrated Traffic and Transit Control Center Projectဖြစ် ကြောင်း မန္တလေးစည်ပင်မှတာဝန် ရှိသူများကပြောသည်။
Friday, August 15, 2014
တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများ တစ်ဆင့်ခံ ပြန်လည်ရောင်းဝယ်မှုများရှိလာ
ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်အတွင်း တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများအား တစ်ဆင့်ပြန်လည်ဝယ်ယူရန် လာရောက် စုံစမ်းသူများရှိနေ ပြီး ရောင်းချသူများ လည်းရှိကြောင်း ရန်ကုန်မြို့အိမ်ခြံ မြေဈေးကွက်အတွင်းမှ သိရှိရသည်။
''တန်ဖိုးမျှတ တိုက်ခန်းတွေကို ဈေးကွက်ထဲမှာ လိုက်ဝယ်နေတဲ့သူ တွေ ရှိသလို ရောင်းတဲ့သူတွေလဲ ပြန် ရောင်းလာကြတာ တွေ့ရတယ်။ ဒါပေမဲ့ ရောင်းတဲ့သူ နည်းပါတယ်။ မရောင်းဘူးဆိုတာကလဲ ဈေးညှိမရ လို့သာ မရောင်းကြတာပါ။ ရောင်းချ ခွင့်မရှိဘူးဆိုပေမယ့်လဲ နားလည်မှု နဲ့ ရောင်းဝယ်နေကြတဲ့သဘောပေါ့'' ဟု ရွှေမင်္ဂလာအိမ်ခြံမြေအကျိုးဆောင် မှ ကိုအာကာကျော်က ပြောသည်။
တိုက်ခန်းဝယ်ယူသူများသည် ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချ ခြင်း မပြုလုပ်ရန်နှင့် သတ်မှတ်ချိန်ကျော် လွန်၍ ပြုလုပ်လိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြလျှောက်ထားပြီးခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်းရောင်းချခွင့်ရှိကြောင်းစသည့် စည်းကမ်းချက်များ ပါဝင် ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာ ကော်မတီမှ သိရသည်။

၂၀၀၈ ပြင်ဆင်ရေးမှ အလုံးစုံပျက်သုဉ်းရေးသို့
ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကွန်မြူနစ်ဝါဒ အသက်ဝင်ခဲ့သည်မှာ ၇၅ နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၅ နှစ်၊ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ အရှေ့ပိုင်းရပ်၊ ၄၈ လမ်း နေအိမ်တစ်လုံးတွင် မက်စ်ဝါဒ ယုံကြည်သူ မြန်မာလူငယ်တစ်စုက ကွန်မြူနစ်ပါတီကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ပါတီစတင်ထူထောင်သူများမှာ သခင်စိုး (လူထုခေါင်းဆောင်)၊ ရဲဘော်ဂိုရှယ် (စည်းရုံးရေးမှူးနှင့် လျှို့ဝှက်လုပ်ငန်း)၊ သခင်ဗဟိန်း (ကျောင်းသားစည်းရုံးရေး)၊
သခင်လှဖေ (ဘဏ္ဍာရေးမှူး)၊ ရဲဘော်နတ် (စာကြည့်တိုက်မှူး)နှင့် သခင်အောင်ဆန်း(အထွေထွေအတွင်းရေးမှူး) တို့ဖြစ်ကြပါသည်။
ယခုသော် အခြေအနေများ ပြောင်းပြန်ကွာခြားခဲ့ပြီး မက်စ်ဝါဒသည် မြန်မာနိုင်ငံတွင် ရေပန်းမစားတော့ပါ။ သို့သော် တစ်ချိန်က မက်စ်ဝါဒီအဖြစ် ပြင်းထန်စွာ ယုံကြည်ခဲ့ကြသော ကွန်မြူနစ်အိုကြီးများ၏ နေ၀င်ချိန်တွင်တော့ နောင်တတရားတို့နှင့် ရောပြွမ်းနေသော အတွေးအမြင်များကို ရရှိခဲ့ပါသည်။ စာဖတ်သူများ ဝေဖန်ဆန်းစစ်နိုင်ရန် မေးမြန်းတင်ပြလိုက်ရပါသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကော့မှူးတွင် ဟိုတယ်သင်တန်းဖွင့်၍ အခမဲ့သင်ကြားပေးရန် စီစဉ်
ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းက ကော့မှူးမြို့တွင် ဟိုတယ် ၀န်ဆောင်မှုဆိုင်ရာ သင်တန်း ကျောင်းတစ်ခုဖွင့်လှစ်၍ အခမဲ့ သင်ကြားပေးရေး အစီအစဉ်ကို အောက်တိုဘာတွင် စတင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
သင်တန်းကျောင်းကို Ho−spitality and Catering Train-ing Academy ဟု အမည်ပေး ထားပြီး ဟိုတယ်ဆိုင်ရာ ၀န် ဆောင်မှုများဖြစ်သည့် Hotel Operationသင်တန်းနှင့် အချက် အပြုတ်နှင့် စားသောက်ခန်းကျွမ်း ကျင်သင်တန်းစသည့်သင်တန်း နှစ်မျိုးကို အသိအမှတ်ပြုလက် မှတ်ရသည်အထိ အခမဲ့သင်ကြား ပေးသွားမည်ဖြစ်ကြောင်းဖောင် ဒေးရှင်း ဒါရိုက်တာ ကိုဇွဲနန္ဒက ပြောသည်။
သြဂုတ်လ ၁၈ ရက်တွင် လျှောက်လွှာများ စတင်ခေါ်ယူ သွားမည်ဖြစ်ပြီး အပတ်စဉ်တစ်ခု လျှင် စာတွေ့ခြောက်လနှင့်လက် တွေ့ နှစ်လစုစုပေါင်း ရှစ်လအ ကြား သင်ကြားပေးသွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။
‘‘ကျောင်းမှာ ခြောက်လ၊ နောက်နှစ်လက အင်းလျားလိတ် စတဲ့ ရန်ကုန်ကဟိုတယ်ကြီးတွေ မှာ On Job Trainingလုပ်ရမယ်။ ပြီးတော့ ကျောင်းမှာဟိုတယ်ခန်း တွေလည်း ပုံစံတွေရှိတယ်။ စား သောက်ဆိုင်တွေလည်းရှိတယ်။ ဒါကြောင့် သင်တန်းသားတွေက စာတွေ့တင်မက လက်တွေ့ပါ လုပ်နိုင်မှာပါ’’ဟု ကိုဇွဲနန္ဒကပြော သည်။

အစိုးရနှင့် ကေအိုင်အေ ဆွေးနွေးပွဲ ရက်ပိုင်းအလို တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား
အစိုးရတပ်နှင့် ကေအိုင် အေတို့ကြား သြဂုတ်လ ဒုတိယ ပတ်အတွင်း တိုက်ပွဲများ ဆက် တိုက် ပြန်လည်ဖြစ်ပွားခဲ့သည်။
ဖားကန့်-ကာမိုင်း လမ်းတံ တားညီနောင်ကျေးရွာ မြောက် ဘက်ဆဘော့မှော်အနီးတွင် သြ ဂုတ် ၈ ရက်က အစိုးရတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့သည်။ သြဂုတ် ၁၁ ရက်ကလည်း အင်းတော်ကြီး ဒေသ ကွေကန့်မှော်အနီးတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ သည်။ လက်ရှိအချိန်တွင်လည်း ယင်းဒေသများသို့ အစိုးရတပ်ဘက်မှ အင်အားတိုးချဲ့ထားပြီး နှစ်ဖက်တင်းမာမှုများရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များကဆိုသည်။သြဂုတ် ၈ ရက်က တိုက်ပွဲ များဖြစ်ပွားခဲ့ရခြင်းမှာ မြန်မာ့ တပ်မတော်နယ်မြေခံစစ်ကြောင်း များက ကာမိုင်း-ဖားကန့်လမ်း ပိုင်းတွင် ဆက်ကြေးကောက်ယူမှု များမဖြစ်ပွားစေရန် နယ်မြေလုံ ခြုံရေးရှင်းလင်းရာမှ ကေအိုင်အေ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဘေးပတ်ဝန်းကျင်နယ်မြေများကို ဆက်လက်ရှင်းလင်းရာတွင်တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်(မပခ) မှ ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။

မော်လမြိုင်ကျောင်းအုပ်ဆရာမကြီးကိစ္စ ခုံရုံးဖွဲ့စစ်ရန် ၀န်ကြီးဌာနသို့တင်ပြထား
ဆရာ၊ ဆရာမများနှင့် အစည်းအဝေးပြုလုပ်ခဲ့စဉ်ဂါရ၀မဲ့အပြုအမူများ လုပ်ဆောင်ခဲ့သည်ဆိုသည့် အထ က(၁)မော်လမြိုင်မှကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည်ကိုရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍
စစ် ဆေးပြီးဖြစ်ပြီး ခုံရုံးဖွဲ့၍ ထပ်မံ စစ်ဆေးနိုင်ရန် ပညာရေးဝန်ကြီး
ဌာနသို့ တင်ပြထားကြောင်းသ တင်းရရှိသည်။ သြဂုတ်၅ရက်တွင်
ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်နှင့် ၎င်း၏ကျောင်းမှ ဆရာ၊ဆရာမများကို
ခေါ်ယူတွေ့ဆုံစစ်ဆေးခဲ့ ပြီးနောက်အမှတ်(၁) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေး
မှူးချုပ်မှတ်ချက်ဖြင့် ဌာနဆိုင် ရာခုံရုံးဖွဲ့၍ ထပ်မံစစ်ဆေးနိုင်ရန်
ဝန်ကြီးဌာနသို့ သြဂုတ် ၁၂ရက် တွင် တင်ပြထားကြောင်းအမှတ်
(၁)အခြေခံပညာဦးစီးဌာနမှ သ တင်းရရှိသည်။ ‘‘အမှုအကြီးအသေးပေါ် မူ
တည်ပြီးတော့ ခုံရုံးဖွဲ့ပြီးစစ်ဆေး ပြီးတော့မှ အရေးယူဆောင်ရွက်
လို့ရမှာပါ’’ဟု အမှတ်(၁)အခြေခံ ပညာဦးစီးဌာနမှအဆင့်မြင့်အရာ
ရှိတစ်ဦးကပြောသည်။
မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရွေးကောက်ပွဲစနစ်ကို လေ့လာရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရန် ဦးတည်ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
ပီအာရ်စနစ်ကျင့်သုံးရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရန်ကုန်မြို့၌ သြဂုတ် ၅ ရက်က ဆန္ဒပြစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်) |
မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရွေးကောက်ပွဲစနစ်ကို လေ့လာရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရန်ဦးတည်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲ စနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဌ ဦးတင်မောင်ဦးက ဩဂုတ် ၁၄ ရက်တွင် ပြောကြားသည်။လက်ရှိ မြန်မာနိုင်ငံရွေးကောက်ပွဲများတွင် ကျင့်သုံးနေသောစနစ်ဖြစ်သည့် မဲများသူအနိုင်ယူသည့် စနစ် (FPTP) အစား အချိုးကျကိုယ်စားပြုစနစ် (PR) အား ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးများတွင် ပြောင်းလဲကျင့်သုံး ရန် အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းလာပြီးနောက် ယခုကဲ့သို့ရွေးကောက်ပွဲစနစ် အား လေ့လာရေးကော်မရှင်ကို လွှတ်တော်၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာ သုံးသပ်ရေးကော်မရှင်ဥက္ကဌ ဦးတင်မောင်ဦးက “ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်ကို လေ့လာရာမှာ နံပါတ်တစ်ရည်ရွယ်ချက်က တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး ဖြစ်ပါတယ်။ နံပါတ်နှစ်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်မှာဖြစ်ပါတယ်။ တတိယအချက်က ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ရေးလည်း ဦးတည် ပြီး မြန်မာနိုင်ငံနဲ့ သင့်တော်မယ့်ရွေးကောက်ပွဲစနစ် ကို လေ့လာသွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။
Bi မွန်းတည့်နေဂျာနယ် သတင်းသမားများအာမခံမရ
ပုဒ်မ ၅၀၅(ခ)ဖြင့်တရား စွဲဆိုခံထားရသော Bi မွန်းတည့်နေ ဂျာနယ်မှ သတင်းထောက်၊ ထုတ် ဝေသူနှင့် အယ်ဒီတာငါးဦးအ တွက်အာမခံလျှောက်ထားမှုကို ပန်းဘဲတန်းတရားရုံးက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
အမှုမှာ အာမခံပေးရန် လုံ လောက်သည့်အဆင့်မဟုတ်သေး ၍ အာမခံပေးရန် စဉ်းစား၍မရ သေးကြောင်း ပန်းဘဲတန်းမြို့နယ် တရားသူကြီးက ပြောကြားခဲ့ သည်ဟု Bi မွန်းတည့်နေဘက်မှ လိုက်ပါ ဆောင်ရွက်သူ ရှေ့နေဦးကျော် ၀င်းကပြောသည်။
‘‘အာမခံရအောင် လျှောက် ခဲ့တာပဲ။ အာမခံလိုချင်လို့ ကာယ ကံရှင်ငါးဦးလက်မှတ်ထိုးပြီး လျှောက်ခဲ့တာ။ ဒါပေမဲ့ ဥပဒေဘက်ကနေ မထောက်ခံဘူးဆိုပြီး တရားသူကြီးကပြောတယ်။ ဒါက တရားရုံးရဲ့ ဆင်ခြင်တုံတရားပေါ့။ ဆိုလိုတာက တရားလိုပြသက် သေက တရားစွဲဆိုထားတဲ့တရား လိုရဲမှူးထွန်းသိန်းအပါအ၀င် ၃၇ ယောက်ဖြစ်တယ်’’ဟု ၎င်းက ပြောသည်။
ယခုအာမခံကို မြို့နယ်တ ရားရုံးတွင် ပယ်ချခံရခြင်းကြောင့် အထက်ရုံးအဆင့်ဆင့်သို့ဆက် လက်တက်ရောက်ရန်ရှိ၊မရှိကိုအ မှုသည်နှင့် တိုင်ပင်မည်ဟု ဦးကျော်ဝင်းကပြောသည်။
ရန်ကုန်မြို့လယ် ဗုံးဖောက်ခွဲမှုများအတွက် စွပ်စွဲခံရသူက ဗုံးကိုထားရုံသာထားခဲ့ဟု ဖြောင့်ချက်ပေး
ရန်ကုန်မြို့ရှိ ကုန်သည် ကြီးများ ဟိုတယ်နှင့်အလုံလမ်းရှိ Western Park စားသောက်ဆိုင် တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နောက် ကျူးလွန်သူဟု သံသယရှိ သူ သုံးဦးကို ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးလျက်ရှိသည်။ သြဂုတ် ၁၄ ရက်က အနောက်ပိုင်းခရိုင် တရားရုံး၌ Western Park စား သောက်ဆိုင်တွင် ဗုံးရှာဖွေတွေ့ရှိ ခဲ့မှုနှင့် ပတ်သက်၍ တရားသူကြီး က ၎င်းတို့ သုံးဦးအား အပြစ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ၎င်းတို့က မရှိ ကြောင်းပြန်လည်ချေပပြောဆိုခဲ့ သည်။ယင်းသို့ဖြောင့်ချက်ပေးဖြေ ကြားရာတွင် အဓိကျူးလွန်သူဟု စွပ်စွဲထားသူ စောမြင့်လွင်(ခ) မောထက ‘‘ကျွန်တော်မထောင်ပါ ဘူး။ ကျွန်တော်ထားခဲ့တာပဲရှိတာ ပါ’’ဟု ဖြောင့်ချက်ပေးခဲ့သည်။
မော်လမြိုင်ကျောင်းအုပ်ဆရာမကြီးကိစ္စ ခုံရုံးဖွဲ့စစ်ရန် ၀န်ကြီးဌာနသို့တင်ပြထား
ဆရာ၊ ဆရာမများနှင့် အစည်းအဝေးပြုလုပ်ခဲ့စဉ်
ဂါရ၀မဲ့အပြုအမူများ လုပ်ဆောင်ခဲ့သည်ဆိုသည့် အထ က(၁)မော်လမြိုင်မှကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည်ကိုရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ် ဆေးပြီးဖြစ်ပြီး ခုံရုံးဖွဲ့၍ ထပ်မံ စစ်ဆေးနိုင်ရန် ပညာရေးဝန်ကြီး ဌာနသို့ တင်ပြထားကြောင်းသ တင်းရရှိသည်။
မလေးရှားတွင် ထောင်ဒဏ်တစ်နှစ်စီချခံရသည့် မြန်မာလုပ်သား ၅၂ဦးကိစ္စ သက်ရောက်မှုကြီးမား မလေးရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်သည့်အနေအထားတွင်ရှိဟုဆို
မလေးရှား နိုင်ငံတွင် ထောင်ဒဏ်တစ်နှစ်စီကျ ခံခဲ့ရသည့် မြန်မာအလုပ်သမား ၅၂ ဦးအရေးကို ထိရောက်စွာ ဖြေရှင်း မဆောင်ရွက်နိုင်ပါက မြန်မာ-မလေး ရှား နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြား နိုင်ဖွယ်ရှိသဖြင့် ယင်းကိစ္စကို နှစ်နိုင်ငံ အစိုးရက ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသို့ ပြောသည်။ယင်းကိစ္စသည် သက်ရောက် မှုအတိုင်းအတာပမာဏ ကြီးမား ကြောင်း၊ မြန်မာအလုပ်သမားများကို စေလွှတ်သည့်အေဂျင်စီ၊ မလေးရှား ရှိ မြန်မာသံရုံးများကိုလည်း ယင်းကိစ္စ နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှု များ ပြုလုပ်နေကြောင်း သိရသည်။အလုပ်သမားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိက ''ဒီကိစ္စကိုသေချာ ဖြေရှင်းဖို့ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ဆောင်ရွက်နေပါတယ်။ သေချာမဖြေရှင်းရင် မလေးရှားနဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးကိုတောင် ထိခိုက်နိုင်တဲ့အနေအထားရှိတယ်'' ဟု ပြောသည်။
နိုင်ငံခြား ရုပ်ရှင်ဓာတ်ပြား ပိတ်ပင်မထားပါနဲ့တော့
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က ပုဇွန်တောင်မြို့နယ်ထဲမှာ တရားမ၀င်ဗီဒီယိုဓာတ်ပြားတွေ ခိုးကူးထုတ်လုပ်နေတဲ့ လုပ်ငန်းကနေ ခွေကူးစက် (၁၀) စုံနဲ့ ဆင်ဆာမဲ့ နိုင်ငံခြားရုပ်ရှင် ဓာတ်ပြား လေးသောင်းနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ နေ့စဉ်ထုတ်သတင်းစာနဲ့ ဂျာနယ်တွေက ရေးသားဖော်ပြပါတယ်။ တစ်ချိန်တည်းမှာ အဲဒီလိုနေရာမျိုးက ခိုးကူး ထုတ်လုပ်လိုက်တဲ့ တရားမ၀င်ဘူးဆိုတဲ့ ဓာတ်ပြားတွေကိုလည်း လက်ညှိုးထိုးမလွဲ၊ နေရာအနှံ့ နိုင်ငံအနှံ့ ရောင်းချနေတာ တွေ့ကြရမှာဖြစ်ပါတယ်။ ပြည်သူတွေကလည်း အဲဒီတရားမ၀င်ပါဘူးလို့ဆိုတဲ့ လမ်းဘေးဓာတ်ပြားဆိုင်က ရုပ်ရှင်ဇာတ်ကား ဓာတ်ပြားတွေကိုပဲ ၀ယ်ယူအားပေး ကြည့်ရှုနေကြရပါတယ်။ ဒါပြဿနာတစ်ခုပါ။ အစိုးရက ဖြေရှင်းပေးဖို့လိုတဲ့ ပြဿနာပါ။ ဒီကနေ့ လမ်းဘေးက ဓာတ်ပြားတွေအကြောင်း ဆွေးနွေးကြည့်ကြရအောင်ပါ။
ထိုင်းနိုင်ငံမှာ နှုတ်ပိတ်ခံထားရတဲ့ မြန်မာပြည်သား သေဆုံးမှု
သေဆုံးသူ မြန်မာအလုပ်သမား ဦးစိုင်းလှိုင်ပန် |
ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ အလုပ်လုပ်နေတဲ့ အသက် ၅၂ နှစ် မြန်မာနိုင်ငံသား ဦးစိုင်းလှိုင်ပန် သည် သြဂုတ်လ ၁၀ ရက်နေ့ နေ့ခင်းပိုင်းမှာ ငြမ်းဆင်နေရင်း ၅ ထပ်တိုက်ပေါ်ကနေ ပြုတ် ကျပြီး သေးဆုံး ခဲ့ ပါတယ်။
ထိုင်းအလုပ်ရှင်ဖြစ်သူက သေးဆုံးသူအတွက် သင်္ဂြိုလ်စရိတ် ဘတ် တစ်သောင်းခွဲ ( မြန်မာကျပ်ငွေအားဖြင့် ၅ သိန်းဝန်းကျင်သာ) ပေးဆောင်ခဲ့ပြီး နစ်နာကြေးကို မပေးလိုတာကြောင့် သေးဆုံးသူ၏ သားဖြစ်သူ ကို နူတ်ပိတ်ထားသလို ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်။ “ အဖေဆုံးသွားတော့ ချင်းမိုင်မှာ ဦးလေးဘပဲ ရှိတော့တယ်။ အမေကလည်း မြန်မာပြည်မှာဘဲ။ သူဌေးက ကျတော့်နဲ့ ဦးလေးကို ထိုင်းမှာ ရေရှည်နေချင်ရင် အသံမထွက်နဲ့ လို့ ပြောတယ်။ အဲဒါကြောင့် ဘယ်လိုမှ မလုပ်ရဲဘူး၊ နစ်နာကြေးတော့ လိုချင်ပါတယ် ” ဟု သေဆုံးသူ၏ သားဖြစ်သူ ဆိုင်ဟံသူက ဧရာဝတီ ကို ပြောပါတယ်။
မိုးရာသီအတွင်း ယာဉ်အန္တရာယ်စိုးရိမ်ရသည့်အတွက် ချင်းပြည်နယ်အတွင်းရှိ အချို့လမ်းပိုင်းများတွင် ၁၀ ဘီးနှင့်အထက်ယာဉ်များ ဖြတ်သန်းမှု တားမြစ်
ချင်းပြည်နယ်အတွင်းရှိ လမ်းများတွင် ယာဉ်အန္တရာယ်ဖြစ်မည်စိုးသောကြောင့် ၁ဝ ဘီးနှင့်အထက်ယာဉ်များကို မိုးရာသီကာလအတွင်း ဖြတ်သန်းမှုကို တားမြစ်ထားကြောင်း ချင်းပြည်နယ်ပြည်သူ့ဆောက်လုပ်ရေးဌာနမှ သိရသည်။
“မိုးရာသီကာလဆိုတော့ ယာဉ်တွေအန္တရာယ်ဖြစ်မှာစိုးလို့ ဖြတ်သန်းခွင့်ကို ပိတ်ပင်ထားပါတယ်”ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။ ချင်းပြည်နယ်အတွင်းရှိ လမ်းများသည် မိုးရာသီကာလအတွင်းတွင် လမ်းသားပဲ့ကျခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် ယာဉ်များ မကြာခဏ တိမ်းမှောက်မှုများလည်းရှိသည် ဟု သိရသည် ။
“မိုးရာသီအတွင်း လမ်းမကောင်းတဲ့နေရာ၊ တောင်ပြိုတတ်တဲ့နေရာတွေ၊ လမ်းသားပဲ့ကျနိုင်တဲ့ နေရာတွေမှာ စက်ကြီးတွေကို ထားပေးတာများပါတယ်။ အဲဒါဆိုတော့ သူတို့လမ်းပွင့်အောင်လုပ်ပေးတဲ့ အချိန်လေးတော့ စောင့်ရတာပေါ့။ အခြေအနေပေါ်မူတည်ပြီး ကြန့်ကြာမှုတွေတော့ ရှိပါတယ်”ဟု ချင်းတောင်သွား ယာဉ်မောင်းတစ်ဦးက ဆိုသည်။
ချင်းပြည်နယ်အတွင်းရှိ ဟားခါး-ဂန့်ဂေါလမ်း၊ ဟားခါး-ဖလမ်း-ကလေးလမ်း၊ ကလေး-တီးတိန်လမ်းတို့ကို ဩဂုတ်လဆန်းပိုင်းမှစတင်၍ ပိတ်ပင်ထားခဲ့ပြီး မိုးရာသီကုန်လွန်သည့် နိုဝင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ သိရသည်။

ကိုရီယား ကေပေါ့ပ်ဆီက တကယ့် အတုယူစရာက ဘာလဲ
ကိုရီယား K-PoP ဟာ ယနေ့ အာရှသာမက ကမ္ဘာတဝန်းက သန်းနဲ့ ချီတဲ့ လူငယ်တွေအကြား လူကြိုက် များပြီး နာမည်ရလာနေပါတယ်။ မြန်မာနိုင်ငံမှာလည်း ကိုရီယား လှိုင်းနဲ့ အတူ ကေပေါ့ပ်ကို စွဲမက်ကြ တယ်။ အားကျ အတုယူကြတယ်။
တကယ်အတုယူစရာတွေက ဘာတွေလဲ ဆိုတာ သိစေဖို့ ကေပေါ့ပ် အကြောင်းတစေ့တစောင်း ကို ဖော်ပြ
ပေး လိုက်ပါတယ်။ ကိုရီယား ကေပေါ့ပ် အဖွဲ့ဝင်တွေဟာလဲ ပရိသတ်ထဲ နာမည်ရလာတာနဲ့ အမျှ သူတိုတွေ့ရဲ့ ကိုယ်ပိုင်အချိန်
တွေ ဟာလဲ နည်းပါးလာခဲ့ပါတယ်လို့ ကေပေါ့ပ်အဖွဲဝင်တွေ က ပြောကြ ပါတယ်။ ပြောရရင် အောင်မြင်တဲ့ အနုပညာရှင်တိုင်း မိမိကိုယ်ပိုင်အချိန်ဆိုတာ နည်းပါးလာကြတာပါဘဲ။ ကေပေါ့ပ် အဖွဲ့ဟာ ပရတ်သတ်တွေရှေ့မှာ မဖျော်ဖြေခင်ကတည်းက နေတိုင်း အကတိုက်ပြီး လေ့ကျင့်ခန်းတွေ လုပ်ကြရတာပါတဲ့။ သူတို့ရဲ့ အက တိုက်ချိန်နဲ့ သီချင်း သီဆိုဖို့ အတွက်ကို တနေ့ ၁၆ နာရီလောက် အချိန်ပေးကြရတယ်လို့ ဆိုပါတယ်။

ကေပေါ့ပ်တဖွဲ့ လေ့ကျင့်စဉ် မြင်ကွင်း၊ ဓာတ်ပုံ- Rappler.com |
ရေအောက်ကေဘယ်ကြိုး ပြတ်တောက်ခဲ့ခြင်းကြောင့် အင်တာနက်လိုင်းများ နှေးကွေးနေပြီး ပြင်ဆင်ချိန် တစ်လခန့်ကြာမည်
စင်ကာပူနှင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်ချိတ်ဆက်ထားသည့် ရေအောက်ကေဘယ်ဆက်ကြောင်းမှ ဩဂုတ် ၁၂ ရက် ည ၁၂ နာရီ ၈ မိနစ်ခန့် တွင် ကေဘယ်ကြိုး ပြတ်တောက်မှုဖြစ်ပွားခဲ့ပြီး အင်တာနက်လိုင်းများ နှေးကွေးကာ ပြင်ဆင်ချိန် တစ်လခန့် ကြာမြင့် မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း Oversea Department ဌာနမှ ဦးဝင်းအောင်က ပြောကြားသည်။
အူရီဒူး၏ အင်တာနက်အသုံးပြုခအား နေ့စဉ် 30MB အတွက် ကျပ် ၅၀၀ မှ တစ်လလျှင် 1GB သုံးစွဲမှုအတွက် ကျပ် ၁၂၀၀၀ သတ်မှတ်
အူရီဒူး၏ ဖုန်းအင်တာနက်အသုံးပြုခအား 1 Mb လျှင် ၂၅ ကျပ်နှုန်း သတ်မှတ်ထားသော်လည်း ဩဂုတ် ၁၄ ရက်တွင် အခြား Package Plan များကို နေပြည်တော်၌ ပြုလုပ်သော အူရီဒူးမြန်မာ၏ ဈေးကွက်စတင် မိတ်ဆက်ခြင်း အထိမ်းအမှတ်ပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။
Subscribe to:
Posts (Atom)