Tuesday, April 9, 2013

မြန်မာနိုင်ငံကို အားလုံး အေးအေးချမ်းချမ်း၊ ချစ်ချစ်ခင်ခင် နေနိုင်သည့် နိုင်ငံမျိုး ဖြစ်စေချင်ကြောင်း အစ္စလာမ် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

w1-9-4-2မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက် အတွင်းပိုင်းအား ဧပြီလ ၆ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ၀ဏ္ဏစိုး၊ မိတ္ထီလာ)
မြန်မာနိုင်ငံကို အားလုံး အေးအေးချမ်းချမ်း၊ ချစ်ချစ်ခင်ခင် နေနိုင်သည့် နိုင်ငံမျိုး ဖြစ်စေ ချင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင်
ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆင်းမ်ကတ် အခမဲ့ ရမယ်

မြန်မာနိုင်ငံမှာ မိုဘိုင်းတယ်လီဖုန်း ဆင်းမ်ကတ်တွေ အခမဲ့ ရပါတော့မယ်။

ဒါကလည်း မကြာသေးခင်က အစိုးရ က WCDMA 800 MHZ ဆင်းမ်ကတ်တခုကို ကျပ်ငွေ ၁၅၀၀ နဲ့ လာမယ့် ဧပြီလ ၂၄ ရက်နေ့က စတင် ရောင်းချပေး တော့မယ်ဆိုတဲ့ အသိပေးချက်အပြီး ထွက်ပေါ်လာ တာပါ။

ပထမဆုံးအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံ ကျင်းပမည်


မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် တိုင်းရင်းသားမီဒီယာ ညီလာခံတစ်ခုကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လာမယ့်ဧပြီလ ၂၅ ရက်နေ့မှာ ကျင်းပမယ်လို့ ညီလာခံဖြစ်မြောက်ရေး ကော်မတီက RFA ကို ဒီနေ့မှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် အစ္စလာမ္မအစွန်းရောက်များဆန္ဒပြတောင်းဆိုသော အစ္စလာမ်ဘာသာနှင့် တမန်တော် မိုဟာ မက်ကို စော်ကားသော လူများကို အပြစ်ပေးရေး ဘာသာရေးဥပဒေသစ်တစ်ခု ကို တောင်းဆို ခဲ့ခြင်းအပေါ် တိကျစွာ ပယ်ချ

  ဘာသာရေးဆိုင်ရာ ဥပဒေသစ်တောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ပယ်ချ
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် အစ္စလာမ္မအစွန်းရောက်များဆန္ဒပြတောင်းဆိုသော အစ္စလာမ်ဘာသာနှင့် တမန်တော် မိုဟာ မက်ကို စော်ကားသော လူများကို အပြစ်ပေးရေး ဘာသာရေးဥပဒေသစ်တစ်ခု ကို တောင်းဆို ခဲ့ခြင်းအပေါ် တိကျစွာ ပယ်ချလိုက်သည်။

တောင်ကိုရီးယားရှိ နိုင်ငံခြားသံတမန်များဘေးလွတ်ရာသို့ပြောင်ရွှေ့ရန်မြောက်ကိုရီးယားသတိပေး

 
ယနေ့ဧပြီလ(၉)ရက် နေ့လည်(၁)နာရီခန့်က မြောက်ကိုရီးယား သည် တောင်ကိုရီးယားရှိ သံတမန်များအား ဘေးကင်း ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် သတိပေးလိုက်ကြောင်း သတင်းရရှိ သည်။ သို့သော် တောင်ကိုရီးယားတို့ဘက်က

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရွှေ့တာ တရုတ်နိုင်ငံကြောင့်လား

ပျက်သွားခဲ့သော ဆွေးနွေးပွဲမှာ ဖေဖော်ဝါရီလတွင် တရုတ်နယ်စပ်မြို့ ရွှေလီမြို့ ၌ကျင်းပခဲ့သော ဆွေးနွေးပွဲ ၏ နောက်ဆက်တွဲဖြစ်သည် (ဓာတ်ပုံ – ဧရာဝတီ)


ပြီးခဲ့သောအပတ် သောကြာနေ့ ဧပြီလ ၆ ရက်နေ့တွင် ပြုလုပ်ရ မည့် မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့များ၏ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ရခြင်းမှာ တရုတ်နိုင်ငံက ကန့်ကွက်သောကြောင့်ဟု ကချင်အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်ပြောဆိုခဲ့ကြသည်။

အခွန်ဆောင် မရှောင်သင့်ကြောင်း သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် မှာကြား

ဧပြီ (၉) ရက်နေ့ နေ့လည်(၁း၀၀)နာရီအချိန်က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံးချုပ်၌ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် လုပ်ငန်းရှင်များတွေ့ဆုံကာ ၎င်းတို့၏အခက်အခဲများအား လွှတ်တော်ဥက္ကဌထံ တင်ပြခဲ့ကြသည်။

ယဉ်ကြောရှုပ်ထွေးနချိန်ထိုင်ရာမထ၀ီစီမှုတ်နေသောယာဉ်ထိန်းရဲများအားစစ်ဆေးအရေးယူသွားမည်ဟုဆို

 
ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောရှုပ်ထွေးနေသောနေရာ များသို့သွားရောက်ရှင်းလင်းခြင်း မပြုဘဲ အဝေးမှညွှန်ကြားနေသည့်  ယာဉ်ထိန်းရဲများအား စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှအရာရှိတစ် ဦးကပြောသည်။

ရွေးကောက်ပွဲ မဲအချိုးကျစနစ် ပါတီများ သဘောထားကွဲ

၂၀၁၀ ရွေးကောက်ပွဲကာလ ရန်ကုန်မြို့ရှိ မဲရုံတရုံ၌ မဲရေတွက်နေစဉ် (ဓာတ်ပုံ – Reuters)


၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွှေးကောက်ပွဲ တွင်  ပြည်သူလူထု၏ ထောက်ခံမဲ ရရှိမှုပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် အချိုးကျ ရရှိသည့်စနစ်(Propotional Representative) ကျင့်သုံးရေး ကြိုးပမ်းမှုအပေါ် နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲေ နကြောင်း သိရှိရသည်။

သင်္ကြန်လည်ရန် ကြိုတင်ပြင်ဆင်သူ များပြား

သင်္ကြန်အတွက် လျှော့ဈေး အရောင်းဆိုင်တဆိုင် မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ယခုနှစ် သင်္ကြန်တွင် လူငယ် လူလတ်အများစုက မဏ္ဍပ်ထိုင်ခြင်း၊ ကားဖြင့်လည်ခြင်း၊ အပန်းဖြေ ခရီးထွက်ခြင်း စသည်တို့ကို ပြုလုပ်ရန် အဝတ်အစားနှင့် ငွေကြေးများကို ကြိုတင် စုဆောင်းပြင်ဆင်ထားကြကြောင်း သိရသည်။

အခွန်ဆောင် မရှောင်သင့်ကြောင်း သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် မှာကြား













ဧပြီ (၉) ရက်နေ့ နေ့လည်(၁း၀၀)နာရီအချိန်က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံးချုပ် ၌ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် လုပ်ငန်းရှင်များတွေ့ဆုံကာ ၎င်းတို့၏ အခက်အခဲ များအား လွှတ်တော်ဥက္ကဌထံ တင်ပြခဲ့ကြသည်။
 

မြန်မာ အိမ်အကူ အမျိုးသမီးများကို နှိပ်စက်သည့် ထိုင်းမိသားစု ဖမ်းဆီးခံရ

Photo: မြန်မာ အိမ်အကူ အမျိုးသမီးများကို နှိပ်စက်သည့် ထိုင်းမိသားစု ဖမ်းဆီးခံရ
Tuesday, April 9, 2013

မြန်မာ အိမ်အကူ အမျိုးသမီးငယ် ၃ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လခမပေးဘဲ ခိုင်းစေသည့် ထိုင်းမိသားစုအား လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲများ
က ဧပြီလ ၅ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန့်ဘွန်ရပ်၊ ဧကချိုင် လမ်းကြီး၊ လမ်းသွယ် ၆၉/၂ တွင် နေထိုင်သော အသက် ၅၀ ခန့်ရှိ နိုင်ဒေပါနုနှင့် ၎င်း၏ မိသားစု
အား စစ်အရာရှိ အယောင်ဆောင်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ မုဒိမ်းမှု၊ အဓမ္မအလုပ်ခိုင်းစေမှု စသည့် အမှုများဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း
မြန်မာ မိန်းကလေးများ လွတ်မြောက်ရေးအတွက် အကူအညီပေးပြီး စကားပြန်လည်း လုပ်ပေးသူ ဒေါ်မာလီက ဧရာဝတီသို့ ပြောသည်။

“ဒီလူက လမ်းထဲမှာ သူ့ကိုယ်သူ စစ်အရာရှိကြီးဆိုပြီး ခပ်တည်တည် နေနေ
တယ်။ တကယ်တော့ သူက ဘာအရာရှိမှ မဟုတ်ဘူးလေ။ ဗိုလ်တုပဲ။ စာရွက်စာတမ်း အတုတွေရယ်၊ တပ်မတော်က အထူးအရာရှိဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း ခပ်တည်တည် သူ့အိမ်မှာ ထားထားတယ်” ဟု ဒေါ်မာလီက ပြောသည်။

၎င်းက ဆက်လက်၍ “ဒီလူက ကျမတို့ မြန်မာ မိန်းကလေးတွေကို လုပ်ခမပေးဘဲ အလုပ်ခိုင်းတဲ့ အပြင် မုဒိမ်းလည်းကျင့်တယ်။ မုဒိမ်းကျင့်ရာ
မှာ ကိုယ်တင် ကျင့်တာမဟုတ်ဘူး။ သူ့သားကိုလည်း ကျင့်ခိုင်းတယ်။ ပြီးတော့ သူ့အိမ်မှာ အလုပ်လာတဲ့ လာအိုလူမျိုးကို ထပ်ကျင့်ခိုင်းတယ်။ သူ့ဆီက လက်နက်လည်း ဖမ်းမိတယ်။ 

ကလေးမလေးတွေကို သော့ခတ်ပြီးချည်တဲ့ သံကြိုးတွေရော၊ လက်
ထိပ်တွေ ဘာတွေရော သူ့အိမ်ထဲမှာ မိတယ်။ ဒီအမှုတွေနဲ့ ပတ်သက်
သို့ စစ်ဗိုလ်တု နိုင်ဒေပါနုနဲ့ ဇနီးရယ်၊ သားနဲ့ သမီးရယ်၊ မုဒိန်းကျင့်တဲ့ လာအိုနိုင်ငံသား အလုပ်သမားတယောက် စုစုပေါင်း ၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်” ဟု ပြောသည်။

နိုင်ဒေပါနု၏ အိမ်တွင် အလုပ်လုပ်ကြသည့် မြန်မာ အမျိုးသမီးငယ်များ
မှာ တနင်္သာရီတိုင်း သရက်ချောင်း မြို့နယ်မှ ဖြစ်ကြပြီး တဦးက အသက် ၁၈ နှစ်နှင့် ကျန် နှစ်ဦးမှာ အသက် ၁၅ နှစ်စီ ရှိကြကြောင်း၊ အလုပ်
လုပ်နေကြသည်မှာ ၃ လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ထို ၃ လအတွက် လုပ်ခလစာလည်းမရ၊ ညှဉ်းပန်းနှိပ်စက်မှုလည်း ခံနေရသောကြောင့် ဧပြီလ ၂ ရက်နေ့က နိုင်ဒေပါနု၏ အိမ်မှ ထွက်ပြေး
၏ကြရာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကို အိမ်ရှင်က ပြန်ဖမ်းမိ
သွားပြီး ကျန် နှစ်ယောက် လွတ်မြောက်ခဲ့ကြောင်း ဒေါ်မာလီက ပြောသည်။

“ထွက်ပြေးလာတဲ့အထဲက ကောင်မလေးက ကျမဆီကို အကြောင်းကြား
လာတယ်။ အဒေါ်ရယ် ကျန်ခဲ့တဲ့ ကောင်မလေးတော့ သေလား ရှင်လား မသိဘူး၊ ကယ်ပါဦးဆိုပြီး အကြောင်းကြားလာတယ်။ ဒါကြောင့် ကျမလည်း သတင်းဌာနတွေရယ်နဲ့ အခြား အကြောင်းကြားသင့်တဲ့ နေရာတွေကို အကြောင်းကြားပြီး အထောက်အထား ခိုင်လုံတာနဲ့ ဒီ ပေါ်ခေါ်မော် (လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲ) အဖွဲ့ရဲ့ အကူအညီနဲ့ အခုလို လိုက်ပါကူညီ ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါ်မာလီက ဆိုသည်။

ဧပြီလ ၂ ရက်နေ့တွင် အယောင်ဆောင် စစ်ဗိုလ် နိုင်ဒေပါနုက မိန်းကလေးတဦးအား ပြန်လည် ဖမ်းဆီး ခေါ်ဆောင်သွားပုံနှင့် 
ပတ်သက်၍ အဆိုပါလမ်းထဲတွင် နေထိုင်သူ ဒေါ်အေးအေးငယ်
က ယခုကဲ့သို့ ပြောပြသည်။

“အဲဒီနေ့က ဒီလူဟာ ကလေးမလေးကို လည်ပင်းညှစ်ပြီး ဒရွတ်တိုက် ဆွဲခေါ်လာတာ။ ကလေးရဲ့ အဖြစ်ကို မြင်ရတာ သိပ်သနားစရာ ကောင်း
တယ်။ ဒီလူက တော်တော် အာဏာရှိတယ်လို့ ပြောကြတယ်။

တော်ရုံပုလိပ်က မဖမ်းနိုင်ဘူးတဲ့။ ဒီလူ လုပ်ပုံက တော်တော် လူမဆန်တာပဲ။ ကလေးမလေး တယောက်ကို ကျွဲနွားဆက်ဆံသလို အနိုင်ကျင့်တာကို မြင်
ရတော့ မခံနိုင်ဘူး။ စိတ်ထဲမှာ တော်တော်လေးလည်း ခံပြင်းတယ်။ အနားက ထိုင်းတွေလည်း တော်တော် ဒေါသထွက်ကြတယ်” ဟု ဒေါ်အေးအေးငယ်
က ပြောသည်။

ယင်းစစ်ဗိုလ်အတုသည် ယခင်ကလည်း မြန်မာ အိမ်အကူ မိန်းကလေးများအား ညှဉ်းပန်း နှိပ်စက်ခဲ့ဖူးကြောင်း အဆိုပါ
လမ်းထဲရှိ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ကိုမိုးက 
ဆိုသည်။

“အရင်ကလည်း ဒီလူဟာ အိမ်မှာ အလုပ်လာလုပ်တဲ့ ကရင်မလေးတွေကို ခုလိုပဲ မတရား ညှဉ်းပန်းတယ်။ မုဒိမ်းကျင့်တယ်။ လစာလည်း မမေးဘူး။ ကလေးမလေးတွေကို သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ဒါကြောင့် သူ့အိမ်က မိန်းကလေးတွေ ထွက်ပြေးဖို့ ကျနော် ကူညီ ခိုးထုတ်ပေးဖူးတယ်” ဟု ကိုမိုးက ပြောသည်။

ယခုအခါ မြန်မာ အလုပ်သများအတွက် ယာယီ နိုင်ငံကူးလက်
မှတ် ပြုလုပ်ပေးနေပြီး တရားဝင် အလုပ်လုပ်ခွင့် ရနေပြီ ဖြစ်သဖြင့် ပွဲစားများနှင့် ဆက်သွယ်ကာ တရားမဝင် အလုပ်လုပ်ခြင်းကို ဆင်ခြင်
သင့်ကြောင်း ထိုင်း-မြန်မာ မဟာမိတ် ဖောင်ဒေးရှင်းမှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဆိုသည်။

“ဒီလိုမျိုး အိမ်ရှင်တယောက်က အနိုင်ကျင့်ခွင့်ရအောင် အလုပ်သွင်းပေးတဲ့ တရားမ၀င် မြန်မာပြည်သား ပွဲစားတွေပေါ့ဗျာ။ အလုပ်သွင်းပေးနေကြတဲ့ သူတွေပေါ့ဗျာ။ လူလိုလို့ အလုပ်သမား ရှာခိုင်းတယ်ဆိုရင် အဲဒီလူတွေက ဘယ်လိုလူမျိုးတွေလဲ ဆိုတာကို နောက်ကြောင်း ဘာရှိတယ်ဆိုတာကိုလဲ ထည့်စဉ်းစားသင့်တာပေါ့ဗျာ။ အားလုံးက ပတ်စ်ပို့နဲ့ ၀ါ့ခ်ပါမစ်နဲ့ တရား
ဝင်ဖြစ်နေတဲ့ အခုလို ကာလမှာတောင်မှ ဘာလို့ ဒီအဖြစ်မျိုး ကြုံတွေ့နေကြ
ရသလဲ ဆိုတာကို ထောက်ပြချင်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး အလုပ်လုပ်နေသူ မြန်
မာ အလုပ်သမား ၁ သန်းခန့် ရှိပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသူများ
မှာ နောက်ထပ် ၁ သန်းခန့် ရှိနိုင်ကြောင်း ထိုင်းနှင့် မြန်မာ အာဏာပိုင်များ
၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဧရာဝတီ မြန်မာ အိမ်အကူ အမျိုးသမီးငယ် ၃ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လခ မပေးဘဲ ခိုင်းစေသည့် ထိုင်းမိသားစုအား လူမှောင်ခိုမှု တိုက်ဖျက်ရေး ဌာနမှထိုင်းရဲများ က ဧပြီလ ၅ ရက်နေ့တွင် ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန့်ဘွန်ရပ်၊ ဧကချိုင် လမ်းကြီး၊ လမ်းသွယ် ၆၉/၂ တွင် နေထိုင်သော အသက် ၅၀ ခန့်ရှိ နိုင်ဒေပါနုနှင့် ၎င်း၏ မိသားစုအား စစ်အရာရှိ အယောင်ဆောင်မှု၊ တရားမဝင် လက် နက်ကိုင်ဆောင်မှု၊ မုဒိမ်းမှု၊ အဓမ္မအလုပ်ခိုင်းစေမှု စသည့် အမှုများဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်းမြန်မာ မိန်းကလေးများ လွတ်မြောက်ရေး အတွက်အကူအညီပေးပြီး စကားပြန် လည်းလုပ်ပေးသူ ဒေါ်မာလီက ဧရာဝတီ သို့ ပြော သည်။

ရေသောက်ခြင်းက ဝိတ်ကျစေ

ရေသောက်ခြင်းက ဝိတ်ကျစေ

တော်တော်များများ သိပြီးသား ဖြစ်မယ်ထင် ပါတယ်။ ရေသောက်ခြင်းက တကယ် ဝိတ်ကျစေပါတယ်။ 

ရေသောက်ခြင်းက ခန္ဓာကိုယ်တွင်းက ကယ်လိုရီတွေ ကို လောင်ကျွမ်းစေ ပါတယ်။ ဒါကြောင့် အဆီဖြစ်နိုင်ချေရှိမယ့် အဟာရဓာတ်များကို ဖျက်ဆီးပြီး ကျန်းမာစေပါတယ်။ ရေက သဘာဝ အဆိပ်ဖြေဆေး တစ်မျိုးလိုပါပဲ။ တစ်နေ့တာ မိမိစားသုံး သမျှ အစားအစာထဲက မလိုအပ်တဲ့ အဆီ၊အဆိပ်များ ကို ရေသောက်ခြင်းဖြင့် ဖယ်ရှားပေးပါတယ်။ 

ယင်းဖယ်ရှားလိုက်တဲ့ အဆိပ်နဲ့ အညစ်အကြေးကို ဆီးအဖြစ် ဆီး လမ်းကြောင်းမှ တစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ရေကို လိုအပ်သလို သင့်တင့်မျှတစွာ ပုံမှန် သောက်သုံးခြင်းဖြင့် အဆီ မတက်စေပဲ ဝိတ်ကျရန် များစွာ အထောက်အကူ ပြုနိုင်ကြောင်း သိရပါတယ်။ 
--
Ref: medic-fcats
International news for myanmar တော်တော်များများ သိပြီးသား ဖြစ်မယ်ထင် ပါတယ်။ ရေသောက်ခြင်း က တကယ် ဝိတ်ကျစေပါတယ်။
ရေသောက်ခြင်းက ခန္ဓာကိုယ်တွင်းက ကယ်လိုရီတွေ ကို လောင် ကျွမ်းစေပါတယ်။ ဒါကြောင့် အဆီဖြစ်နိုင်ချေရှိမယ့် အဟာရ ဓာတ်များ ကို ဖျက်ဆီးပြီး ကျန်းမာစေပါတယ်။ ရေက သဘာဝ အဆိပ်ဖြေဆေး တစ်မျိုးလိုပါပဲ။ တစ်နေ့တာ မိမိစားသုံးသမျှ အစားအစာထဲက မလိုအပ် တဲ့အဆီ၊အဆိပ်များကို ရေသောက်ခြင်းဖြင့် ဖယ်ရှားပေးပါတယ်။

ဖုန်း မျက်နှာပြင်အား ပွတ်ဆွဲပြီး သော့ဖွင့်သည့် လုပ်ဆောင်ချက်နှင့် ပတ်သက်၍ Apple အား ဂျာမနီတွင် တရားစွဲ

Photo: ဖုန်း မျက်နှာပြင်အား ပွတ်ဆွဲပြီး သော့ဖွင့်သည့် လုပ်ဆောင်ချက်နှင့် ပတ်သက်၍ Apple အား ဂျာမနီတွင် တရားစွဲ
Tuesday, April 9, 2013

ကမ္ဘာကျော် စမတ်ဖုန်း ကုမ္ပဏီဖြစ်သည့် Apple ကုမ္ပဏီမှ ထုတ်လုပ်သည့် Apple ဖုန်းများ၏ လုပ်ဆောင်ချက် တစ်ခုဖြစ်သည့် ဖုန်းမျက်နှာပြင်အား
ပွတ်ဆွဲခြင်းဖြင့် သော့ဖွင့်သည့် လုပ်ဆောင်ချက်အား ဖျက်ပေးရန် ဂျာမ
နီ နိုင်ငံ၏ မူပိုင်ခွင့် တရားရုံးမှ အမိန့် ချမှတ်လိုက်သည်။

Apple ကုမ္ပဏီ၏ စမတ်ဖုန်းများတွင် ဖုန်းမျက်နှာပြင်အား ပွတ်ဆွဲခြင်းဖြင့်
သော့ဖွင့်သည့် လုပ်ဆောင်ချက်ကို ထည့်သွင်း အသုံးပြုထားခြင်းကို မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် Motorola ကုမ္ပဏီနှင့် Samsung ကုမ္ပဏီတို့မှ ဂျာမနီ နိုင်ငံ တရားရုံးတွင် တရားစွဲဆိုထားရာ Apple ကုမ္ပဏီမှ ပြန်လည် အယူခံဝင် ထားကြောင်း သိရှိရသည်။

ရေပြင်ညီအလိုက် လက်ကိုအသုံးပြု၍ လုပ်ဆောင်ရသည့် နည်းပညာသည် အသစ် တီထွင်ထားခြင်း မဟုတ်ဟု ယူဆထားသည့် အတွက် ဥရောပသမဂ္ဂ စံနှုန်း ၊ မူပိုင်ခွင့်ဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိကြောင်း ဂျာမ
နီနိုင်ငံ ဗဟိုမူပိုင်ခွင့် တရားရုံးမှ မှတ်ချက်ချထားသည်။ Apple ကုမ္ပဏီမှမူ အဆိုပါ လုပ်ဆောင်ချက်သည် စမတ်ဖုန်း အသုံးပြုသူများ ပိုမို လွယ်ကူစေ
ရန် အသုံးပြုထားသည့် ရည်ရွယ်ချက်သာ ရှိပြီး တိကျသည့် နည်းပညာ ပြဿ
နာကို ဖြေရှင်းထားခြင်း မဟုတ်ပါဟု အယူခံဝင်ထားသည်။ 

D.မိုးသား ကမ္ဘာကျော် စမတ်ဖုန်း ကုမ္ပဏီဖြစ်သည့် Apple ကုမ္ပဏီမှ ထုတ်လုပ် သည့် Apple ဖုန်းများ၏ လုပ်ဆောင်ချက် တစ်ခုဖြစ်သည့် ဖုန်း မျက်နှာပြင်အားပွတ်ဆွဲခြင်းဖြင့် သော့ဖွင့်သည့် လုပ်ဆောင်ချက်အား ဖျက်ပေးရန် ဂျာမနီ နိုင်ငံ၏ မူပိုင်ခွင့် တရားရုံးမှ အမိန့်ချမှတ်လိုက် သည်။
Apple ကုမ္ပဏီ၏ စမတ်ဖုန်းများတွင် ဖုန်းမျက်နှာပြင်အား ပွတ် ဆွဲခြင်းဖြင့်သော့ဖွင့်သည့် လုပ်ဆောင်ချက်ကို ထည့်သွင်း အသုံးပြု ထားခြင်းကို မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် Motorola ကုမ္ပဏီနှင့် Samsung ကုမ္ပဏီတို့မှ ဂျာမနီ နိုင်ငံ တရားရုံးတွင် တရားစွဲဆိုထားရာ Apple ကုမ္ပဏီမှ ပြန်လည် အယူခံဝင် ထားကြောင်း သိရှိရသည်။

ဘုရင်နောင်ခုံးကျော်တံတား ဖြတ်သန်းခွင့်လမ်းကြောင်း အသိပေးကြေညာ

ဘုရင်နောင်ခုံးကျော်တံတား ဖြတ်သန်းခွင့်လမ်းကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးကြေညာထားသည်။

နှစ်နိုင်ငံတွင် တစ်ပြိုင်နက်တည်း နေနိုင်သည့် နေရာ


နှစ်နိုင်ငံတွင် တစ်ပြိုင်နက်တည်း နေနိုင်သည့် နေရာ 
Tuesday, April 9, 2013

နိုင်ငံနှစ်နိုင်ငံလုံးကို တစ်ပြိုင်နက်တည်း ခွရပ်လို့ ရတဲ့ နေရာ တကယ် ရှိပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ Baarle-Hertog မြို့ နဲ့ နယ်သာလန်နိုင်ငံ 
Baarle-Nassau မြို့ တို့ ထိစပ်နေတဲ့ နယ်စပ်ဖြစ်ပါတယ်။

ယင်းနယ်စပ်က ထူခြားပါတယ်။ Enclave and exclave လို့ခေါ်တဲ့ သူ့
နယ်မှာ ကိုယ်မြေရှိ၊ ကိုယ့်မြေမှာ သူ့မြေရှိ ပုံစံမျိုးနဲ့ ဖြစ်ပြီး သူ့မြို့ ထဲမှာ
လည်း ဧကအနည်းငယ်ကို တစ်ဖက်စီက ပိုင်ဆိုင်နေကြပြန် ပါသေးတယ်။

ယနေ့တိုင် ပိုင်ဆိုင်မှု ရှုပ်ထွေးတဲ့ နေရာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီအတွက် နှစ်ဖက်လုံး အငြင်း မပွားပါဘူး။ ပိုင်ဆိုင်မှုများအတွက် သဘောတူညီကြပြီး သူ့နိုင်ငံလူက သူ့နိုင်ငံမှာ မှတ်ပုံတင်ကြပါတယ်။ 

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း စားသောက်ဆိုင် ဘေးမှာ နယ်ခြားထားတာကို ယခုလို မြင်တွေ့ရပါတယ်။

ဒီလိုထူးထူးခြားခြား နယ်မြေခြားပေမယ့် နှစ်ခုရောပြီး ထပ်နေတဲ့ Baarle-Hertog နဲ့ Baarle-Nassau မြို့ ငယ်လေးများဟာ ယနေ့တိုင် လူသိများ
ပါတယ်။

Ref: wiki
http://www.innewsmyanmar.com/2012/11/blog-post_23.html
ကနောင်သားလေး နိုင်ငံနှစ်နိုင်ငံလုံးကို တစ်ပြိုင်နက်တည်း ခွရပ်လို့ ရတဲ့ နေရာ တကယ် ရှိပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ Baarle-Hertog မြို့ နဲ့ နယ်သာလန်နိုင်ငံ
Baarle-Nassau မြို့ တို့ ထိစပ်နေတဲ့ နယ်စပ်ဖြစ်ပါတယ်။
ယင်းနယ်စပ်က ထူခြားပါတယ်။ Enclave and exclave လို့ခေါ်တဲ့သူ့
နယ်မှာ ကိုယ်မြေရှိ၊ ကိုယ့်မြေမှာ သူ့မြေရှိ ပုံစံမျိုးနဲ့ ဖြစ်ပြီး သူ့မြို့ ထဲမှာ
လည်း ဧကအနည်းငယ်ကို တစ်ဖက်စီက ပိုင်ဆိုင်နေကြပြန် ပါသေး တယ်။

သင်္ကြန်ပွဲတော်အတွင်း လည်ပတ်နေသောယာဉ်အား ဘေးဖြစ်စေသည့် အရာဝတ္ထုဖြင့် ပစ်ခတ်လျှင် အရေးယူနိုင်

သင်္ကြန်ပွဲတော်အတွင်း လည်ပတ်နေသောယာဉ်အား ဘေးဖြစ်စေသည့် အရာဝတ္ထုဖြင့် ပစ်ခတ်လျှင် အရေးယူနိုင်
Tuesday, April 9, 2013

မကြာမီ ကျရောက်လာတော့မည့် မဟာသင်္ကြန် ပွဲတော် တွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား
အားလုံးမှ ပါဝင်ဆင်နွှဲကြမည် ဖြစ်ပါသည်။ တချို့သော 
ဗုဒ္ဓဘာသာဝင်များက သက်ကြီးရွယ်အိုများ အား ခေါင်းလျှော်သန့်ရှင်းမှုများ ပြုလုပ်ပေးကြသလို တချို့မှာ 
ရဟန်းခံရှင်ပြု ဒုလ္လဘရဟန်းဝတ်ခြင်းနှင့် ဥပုသ်သီလ ဆောက်
တည်ခြင်းဖြင့် ကုသိုလ်ယူကြပါသည်။ သို့ပါသော်လည်း အများစုမှာ သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲကြပါသည်။ 

တချို့မှာ ရေပက်မဏ္ဍပ်များတွင် ရေပက်ခြင်း၊ တချို့သော ကုမ္ပဏီများမှ မဏ္ဍပ်များ တည်ဆောက်ကာ အကအခုန် သီချင်းများဖြင့် ဖျော်ဖြေမှုများ ပြုလုပ်ကြပါသည်။ တချို့သော ပြည်သူများသည် ပျော်ရွှင်မှုတစ်ရပ် အနေဖြင့် ရေထဲတွင် အမွှေးနံ့သာများ၊ ပင်ပွားများ၊ မှို့များထည့်၍ လောင်းတတ်ကြပါသည်။ တစ်ခါတစ်ရံ ရေခဲများ ထည့်ထားသော အေးခဲနေ သည့် ရေများဖြင့်လည်း လောင်းတတ်ကြပါသည်။ 

ယင်းသို့ပြုလုပ်၍ ရေပက်ရာတွင် ရေပက်ခံသော ပြည်သူများအတွက်
 ဘေးအန္တရာယ် မဖြစ်သော်လည်း လုံခြုံမှုကို ဘေးဖြစ်စေတန်ရာသော ရည်ရွယ်ချက်ဖြင့် ဘေးဖြစ်နိုင်သော အခြားအရာဝတ္ထု တစ်ခု (ရေခဲတုံးသေးများ၊ သစ်သားစများ)ကို ရေနှင့်ရော၍ လောင်းမိလျှင် ဥပဒေအရ အရေးယူခံရနိုင်ပါသည်။ ယခုလို မဟာသင်္ကြန်ကာလ မတိုင်မီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ မြို့တော်စည်ပင် သို့မဟုတ် အုပ်ချုပ်ရေးဌာနများမှ ပြည်သူများ ထိခိုက်နစ်နာမှု မရှိရအောင် အမိန့်၊ စည်းကမ်းများ ထုတ်ပြန်လေ့ ရှိကြပါသည်။ ရေထဲတွင် ခွေးလှေးယားသီး  ၏ အရည်၊ ရေခဲတုံးအသေး၊ အက်စစ်၊ မသန့်ရှင်းသောရေ၊ သစ်တိုသစ်စများ၊ ခဲများနှင့် အခြား လူကိုဘေးအန္တရာယ် ဖြစ်စေနိုင်သော အရာဝတ္ထု တစ်ခုခုကိုရော၍ လောင်းမည်ဆိုလျှင် ဘေးအန္တရာယ် ဖြစ်စေသည်ကို သိပါလျက်နှင့် ပြုလုပ်ပါက ရာဇသတ်ကြီး အက်ဥပဒေပုဒ်မ ၂၇၉ (က)အရ တရားစွဲဆို ခံရနိုင်ပါသည်။ 

ယင်းဥပဒေမူရင်းအား တင်ပြရပါလျှင် ရာဇသတ်ကြီး အက်ဥပဒေပုဒ်မ ၂၇၉(က) ''မည်သူမဆို ယာဉ်တစ်စီးစီးတွင် စီးနင်းလာသူ တစ်ဦးတစ်ယောက်၏ လုံခြုံမှုကို ဘေးဖြစ်စေတန်ရာသော အကြံဖြင့်သော်လည်းကောင်း၊ ထိုသို့ဖြစ်စေတန်ရာသည်ကို သိလျက်နှင့်သော် လည်းကောင်း၊ အများပြည်သူဆိုင်ရာ နေရာ၌ ယာဉ်တစ်စီးစီးကို သစ်သားဖြင့်ဖြစ်စေ၊ ခဲဖြင့်ဖြစ်စေ၊ အက်စစ်ဖြင့်ဖြစ်စေ၊ အခြားအရာဝတ္ထုဖြင့်ဖြစ်စေ ပစ်ခတ်လျှင် သို့တည်းမဟုတ် ရိုက်ပုတ်လျှင် သို့တည်းမဟုတ် ထိုယာဉ်တစ်စီးစီးပေါ်၌ ထိုအရာတစ်ခုခုကို ကျစေလျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်'' ဟု ပြဋ္ဌာန်းထားပါသည်။ ရခိုင်ရိုးရာသင်္ကြန် ရေသဘင် ဆင်ယင်ကျင်းပမှုသည် ယဉ်ကျေး၍ စည်းကမ်းကျပြီး ဘေးအန္တရာယ် ဖြစ်စေနိုင်သော အကြောင်းတရားများ မရှိသည်ကို တွေ့ရှိရပါသည်။ နှစ်စဉ်ကျင်းပလျက်ရှိသော သင်္ကြန်ပွဲတော်အား အေးချမ်း ပျော်ရွှင်စွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် သတိထား ပါဝင်ဆင်နွှဲကြစေလိုပါသည်။ 

သို့ပါသောကြောင့် သင်္ကြန်ပွဲတော်အတွင်း လည်ပတ်နေသော ယာဉ်ကို ဘေးဖြစ်စေသည့် အရာဝတ္ထုဖြင့် ပစ်ခတ်ခြင်း မပြုရမိအောင် လွန်ကဲသော သတိတရားများဖြင့် ဆင်ခြင်ပါဝင် ဆင်နွှဲကြစေလိုပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ် မကြာမီ ကျရောက်လာတော့မည့် မဟာသင်္ကြန် ပွဲတော် တွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား အားလုံးမှ ပါဝင်ဆင်နွှဲကြမည် ဖြစ်ပါသည်။ တချို့သော ဗုဒ္ဓဘာသာဝင်များက သက်ကြီးရွယ်အိုများ အား ခေါင်းလျှော်သန့်ရှင်း မှုများ ပြုလုပ်ပေး ကြ သလို တချို့မှာရဟန်းခံရှင်ပြု ဒုလ္လဘရဟန်းဝတ်ခြင်းနှင့် ဥပုသ် သီလ ဆောက်တည်ခြင်းဖြင့် ကုသိုလ်ယူကြပါသည်။ သို့ပါသော်လည်း အများစုမှာ သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲကြပါသည်။

အရေးပေါ် ဖုန်းနံပါတ်များဖြင့် နစ်နာမှု များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်

ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူတို့ရဲ့ လုံခြုံရေးအား ကူညီစောင့်ရှောက် ဖို့နဲ့ ပြည်သူလူထုမှ ပူးပေါင်း ကူညီဖို့ အတွက် အရေးပေါ် ဖုန်းနံပါတ်များနဲ့တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်များအား ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ဖုန်းနံပါတ်များမှာတော့ အရေးပေါ် Hot Line တယ်လီဖုန်း အမှတ် ၁၉၉ တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ များမှာ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်၊ နေပြည်တော်ရဲတပ်ဖွဲ့၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့များနဲ့ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့များ ဖြစ်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှာ ခရိုင် ၄ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးများ၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှာ အမှတ် ၁ ရဲတပ်ဖွဲ့ စခန်းနဲ့ တောင်ကြီးမြို့ တို့မှာလည်း တပ်ဆင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲစနစ် ပြင်ဆင်နိုင်ရန် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက လက်ရှိစနစ်အတိုင်းသာ ကျင့်သုံးမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား

4.9.2ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ များ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - စိုးမင်းထိုက်)
ရွေးကောက်ပွဲစနစ် ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်ပြန်စသည့် အချိန်တွင် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက လက်ရှိစနစ် အတိုင်းသာ ကျင့်သုံးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဧပြီ ၈ ရက်က နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ကျန်းမာရေး အတွက် ခေါင်းအုံးကို သန့်စင်အောင် ထားရန်

ကျန်းမာရေး အတွက် ခေါင်းအုံးကို သန့်စင်အောင် ထားရန်
================================
မည်သူမဆို အိပ်ရာဝင်သည့် အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။
လူ့ခန္ဓာကိုယ် အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံး အတွင်းပိုင်းသို့ စိမ့်ဝင် သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက်သော ချွေးစေးနှင့် အဆီများ သည်လည်း ခေါင်းအုံးကို ညစ်ညမ်း စေနိုင်သည်။ အချိန်ကြာလျှင် ခေါင်းအုံးသည် အညစ်အကြေး စု၍ နေသော နေရာ ဖြစ်တတ်သည်။

ခေါင်းအုံးထဲ သွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွား လာတတ်သည်။ အထူးသဖြင့် အသက်ရှူ လမ်းကြောင်း ရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြား ရောဂါရှိသူနှင့် ကူးစက် ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ ရှိသဖြင့် အနာရောဂါ ကူးစက်တတ်သည်။ ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံး ပဝါကို မကြာခဏ လျှော်ဖွပ် ပေးရမည့် အပြင် ခေါင်းအုံးစွပ် ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်း ပေးရပါမည်။


Read Mroe == > http://myawady.com.mm/health/preventing/item/11164-2013-04-09-08-37-45
မည်သူမဆို အိပ်ရာဝင်သည့် အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။
လူ့ခန္ဓာကိုယ် အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံး အတွင်းပိုင်းသို့ စိမ့်ဝင် သွားတတ် သည်။ ဦးခေါင်းမှစိမ့်ထွက်သော ချွေးစေးနှင့် အဆီများသည် လည်း ခေါင်းအုံးကို ညစ်ညမ်း စေနိုင်သည်။ အချိန်ကြာ လျှင် ခေါင်းအုံး သည် အညစ်အကြေးစု၍ နေသော နေရာ ဖြစ်တတ်သည်။

ရထားလိုင်းအချို့ သင်္ကြန်ရက် အတွင်းရပ်နားမည်ဟု သိရ

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရထားလိုင်း အချို့အား ဧပြီလ ၁၄ ရက်မှ ၁၆ ရက်နေ့ အထိရပ်နားသွား မည် ဖြစ်ကြောင်း ၊ လက်ရှိ ပြေးဆွဲ နေသော မီးရထားများ၌သွားလာရန် ခက်ခံသော နေရာများတွင် ရထားများ အားလုံးကိုရပ်နားခြင်း မပြုကြောင်း ၊ ရထားများ ပြုပြင်ထိန်းသိမ်းရန် နှင့် ခရီးသွားများ သွားလာမှုနည်းနိုင်သည့် အချိန် ဖြစ်ခြင်းကြောင့် ရပ်နားထားခြင်း ဖြစ်ကြောင်း နှင့် နှစ်ဆန်းတစ်ရက်နေ့ ၌ ခရီးစဉ် အားလုံးကို ပြန်လည် ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

မဒေးကျွန်း တရုတ် ကုမ္ပဏီကို ဆန္ဒပြရန် အစိုးရက ခွင့်ပြုချက် ပေး လိုက်ပြီဟုဆို

မဒေးကျွန်း တရုတ် ကုမ္ပဏီကို ဆန္ဒပြရန် အစိုးရက ခွင့်ပြုချက် ပေး
လိုက်ပြီဟုဆို
Tuesday, April 9, 2013

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း အဓိက တည်ရှိရာ ကျောက်ဖြူ မဒေး
ကျွန်း ဒေသခံများက တရုတ်ကုမ္ပဏီအား ဆန္ဒပြရန် ရခိုင်ပြည်နယ် အစိုး
ရထံ ခွင့်ပြုချက်တင်ထားရာ ယခုအခါ အစိုးရမှ ခွင့်ပြုချက် ပေးလိုက်ပြီ
ဖြစ်ကြောင်း သတင်း ရရှိသည်။

ဦးဆောင် လူပ်ရှားရာတွင် ပါဝင်သူ ဦးထွန်းကြည်အား ဖုံးထဲက တဆင့် မေးမြန်းစဉ် ခွင့်ပြုချက် ရရှိထားမူ အခြေအနေကို ယခုလို 
နိရဉ္စရာသို့ ရှင်းပြ ပြောဆိုသည်။

“ ပြည်နယ် အစိုးရဆီက တိုက်ရိုက်ခွင့်ပြုချက်ကိုတော့ ကျွန်တော်တို့ လက်ခံ ရရှိခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ကျောက်ဖြူခရိုင် ရဲမှူးကြီးက ပြည်နယ်က ခွင့်ပြုချက်ပေးလိုက်ပြီ ဆိုပြီး အကြောင်းကြားလာတဲ့ အတွက် သိရှိရတာ ဖြစ်
ပါတယ်” ဟု ဆိုသည်။

မဒေးကျွန်း ဒေသခံများက ဆန္ဒပြပွဲကို လာမည့် ဧပြီလ ၁၁ ရက်နေ့တွင် ပြု
လုပ်သွားမည်ဟု ဆိုသည်။

“ ကျွန်တော်တို့က အမျိုးသား အင်အား ၂၀၀၊ အမျိုးသမီး အင်အား 
၅၀၊ စုစုပေါင်း အင်အား ၂၅၀ တင်ထားပါတယ်။ အဲဒီနေ့မှာ မဒေးကျွန်း ဘုန်းတော်ကြီး ကျောင်းကနေ တရုတ်ကုမ္ပစီ CNPC ထိ ချီတက်ပြီး ဆန္ဒပြကြမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းကြည်က ပြောသည်။

တရုတ်ကုမ္ပဏီအား ဆန္ဒပြရန် စီစဉ်ရခြင်းမှာ ရွှေသဘာဝ ဓါတ်ငွေ့စီမံ
ကိန်းကြောင်း ဒေသခံများ အတွက် ထိခိုက်နစ်နာမူများနှင့် အတူ ရပ်
တည်ရေးပိုင်းကိုပါ ခြိမ်းခြောက်မူများ ရှိလာ၍ ဖြစ်ကြောင်း သူက ပြော
ဆိုသည်။

“ကျွန်တော်တို့မှာ လယ်ယာမြေတွေ အများကြီး ဆုံးရှုံးသွားပေ
မယ့် လျှော်ကြေးငွေ အပြည့်အ၀ မရဘူး။ ဒါ့ပြင် ကျွန်တော်တို့ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက်လာတဲ့ မြေတွေ
ကို မြေလွှတ် မြေရိုင်းတွေဆိုပြီး အာဏာပိုင် အရာရှိကြီးတွေ
က သိမ်းယူသွားတယ်။ ပီးရင်သူတို့က တရုတ်ကုမ္ပဏီက ပိုက်
ဆံတွေကို ထုတ်ယူသွားတယ်။ ဒေသခံတွေ အနေနဲ့ အဲဒီမြေတွေ
အတွက် လျှော်ကြေးငွေ တပြား တချပ်မှ မရဘူး။ 

ဒါတွေကို ကျွန်တော်တို့က ကန့်ကွက် ဆန္ဒပြ တောင်းဆိုသွားမယ်” ဟု ဆိုသည်။

မဒေးကျွန်းပေါ်ရှိ ဒေသခံများ၏ ဘ၀ရပ်တည်ရေး ခြိမ်းခြောက်ခံနေရမူနှင့် ဆက်စပ်ပြီးလည်း သူက ယခုလို ပြောသည်။

“ ရပ်တည်ရေးပိုင်းနဲ့ ပတ်သက်ပြီး ပြောရရင် ကုန်းပေါ်မှာ လုပ်ကိုင်
စားသောက်စရာ မြေနေရာ မရှိတော့ဘူး။ ရေထဲကျပြန်တော့လည်း ကျွန်တော်တို့ လုပ်ကိုင် စားသောက်နေတဲ့ မဒေးကျွန်း တ၀ိုက် ရေပြင်
မှာ ငါးမဖမ်းရဘူးဆိုပြီး တားမြစ်ထားတယ်။ လုပ်ကိုင် စားသောက်စရာ ကုန်းပေါ်မှာရော ရေထဲမှာရော နေရာ မရှိုဖြစ်လာတဲ့ အတွက် ကျွန်တော်
တို့မှာ စားဝတ်နေရေး အထူးကျပ်တည်းလာတယ်။ ဒါတွေကို တင်ပြ တောင်း
ဆိုသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မြန်မာ အာဏာပိုင်များနှင့် တရုတ်ကုမ္ပဏီ အရာရှိများသည် ဒေသ
ခံများ တောင်းဆိုသော ကျွန်းပေါ်ရှိ ရွာဆက်လမ်းများအား ဖေါက်
လုပ်ပေးမည်ဟု ကတိခံထားသော်လည်း ယခုအချိန်ထိ ပြုလုပ်ပေးခြင်း မရှိသလို ကျွန်းပေါ်ရှိ ကျေးရွာများအား လျှပ်စစ်မီး ရရှိအောင်ဆောင်
ရွက်ပေးမည်ဟု ကတိပြုထားသော်လည်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

ကျွန်းပေါ်တွင် တရုတ်အရာရှိများ နေထိုင်သော တိုက်တာ အဆောက်အဦး
များတွင် လျှပ်စစ်မီးများ ထိန်ထိန်လင်းနေသော်လည်း ဒေသခံ ရခိုင်ပြည်သူ
များ နေထိုင်သော နေရာများတွင် မှောင်ကြီးကျကာ မိုက်မှောင်လျှက် ရှိနေ
သည်ဟု သိရသည်။

ယခု ပြုလုပ်မည့် ဆန္ဒပြပွဲတွင် ဒေသခံ ပြည်သူများက သူတို့ နစ်နာချက်များ၊ လိုလားချက်များကို ပိုစတာများ၊ ဆိုင်းဘုတ်များတွင် ရေးသားကာ ကြွေးကြော်
သံများ ကြွေးကြော်ပြီး တရုတ်ကုမ္ပဏီ ရုံးရှေ့ထိ ချီတက် ဆန္ဒပြသွားကြမည်
ဟု သတင်း ရရှိသည်။

NEWS COLLECTION ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း အဓိက တည်ရှိရာ ကျောက်ဖြူ မဒေး
ကျွန်း ဒေသခံများက တရုတ်ကုမ္ပဏီအား ဆန္ဒပြရန် ရခိုင်ပြည်နယ် အစိုးရထံ ခွင့်ပြုချက်တင်ထားရာ ယခုအခါ အစိုးရမှ ခွင့်ပြုချက် ပေး လိုက်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်နိုင်လျှင် တရုတ်ရင်းနှီးမြှုပ်နှံမှု များကို ကြိုဆိုကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်နိုင်လျှင် တရုတ်ရင်းနှီးမြှုပ်နှံမှု များကို ကြိုဆိုကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

 မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်မည်ဆိုလျှင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း သမ္မတဦးသိန်း စိန်က  ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် သွားရောက်သည့် ခရီးစဉ်အတွင်း China Daily သတင်းစာနှင့် ဧပြီလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည့် သီးခြားအင်တာဗျူး တစ်ခုတွင် သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တရုတ်စီးပွားရေး လုပ်ငန်းများကို မြန်မာနိုင်ငံက များစွာကြိုဆိုမှု မရှိကြောင်း သတင်းများ ထွက်ပေါ်နေမှုကိုလည်း ငြင်းဆိုခဲ့သည်။ "တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုများဟာ တရုတ်ရင်းနှီးမြှုပ်နှံသူများကို အကျိုးဖြစ်ထွန်းစေရုံ သာမက မြန်မာနိုင်ငံသားများ အတွက်လည်း အကူအညီများစွာ ဖြစ်စေပါတယ်" ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ လျင်မြန်စွာ စီးဝင်နေသော် လည်း မြန် မာနိုင်ငံတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် အများဆုံး ဖြစ်နေဆဲ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို ဥပဒေကြောင်းအရ ကာကွယ်ရန် အတွက် မြန်မာနိုင်ငံတွင် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ ကို ပြင် ဆင်ပြီးဖြစ်ကြောင်း အဆိုပါ တွေ့ဆုံမှုတွင် ၎င်းက ထည့်သွင်း ပြောကြား ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အားလုံးတွင် တရုတ်နိုင်ငံက ၃၃ ဒသမ ၈ ရာခိုင်နှုန်း ပါဝင်နေပြီး မြန်မာ၏ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင် ၄၅ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၃၃ ရာခိုင်နှုန်း၊ သတ္တုတွင်း ကဏ္ဍတွင် ၆၀ ရာခိုင်နှုန်း အသီးသီး ပါဝင်လုပ်ကိုင်လျက် ရှိသည်။ မြန်မာ၏ အဓိကဦးစားပေး လုပ်ငန်းများတွင် သီးနှံအထွက်တိုးရေး၊ ကျေးလက်ဒေသ ဆင်းရဲနွမ်း ပါးမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေး တို့ ဖြစ်သောကြောင့် အ ဆိုပါ လုပ်ငန်းများအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြား လိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲ ဖြစ်ပွားရခြင်း အကြောင်းရင်းများတွင် အနောက်နိုင်ငံများ၏ ယခင်ပိတ်ဆို့ အရေးယူမှုများသည်လည်း ပါဝင်ခဲ့ကြောင်း သမ္မတ ဦးသိန်း စိန်က ထောက်ပြပြော ဆိုခဲ့သည်။ မြန်မာနှင့် တရုတ်တို့သည် ရှေးယခင် ကပင် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ရှိခဲ့ကြောင်း၊ အနောက်နိုင်ငံများ ၏ နှစ်ပေါင်း ၂၀ ခန့် ပိတ်ဆို့မှု ခံခဲ့ရသည့် ကာလအတွင်း မြန်မာသည် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများ ရရှိခဲ့ကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတ ကာရေးရာများတွင် တရုတ်နိုင်ငံ အနေဖြင့် မြန်မာကို ကူညီခဲ့သည့်အတွက် အစိုးရနှင့် ပြည်သူများက ကျေးဇူးတင်ကြောင်း ဦးသိန်းစိန် က ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံတွင် တရုတ်လူမျိုးများစွာ နေထိုင်သော်လည်း မိမိတို့အချင်းချင်း ပြဿနာမဖြစ်ဘဲ မိသားစုတစ်စုအဖြစ် နေထိုင်လျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

BY: ခေတ်လူငယ် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်မည်ဆိုလျှင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း သမ္မတဦးသိန်း စိန်က ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် သွားရောက်သည့် ခရီးစဉ်အတွင်း China Daily သတင်းစာနှင့် ဧပြီလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည့် သီးခြားအင်တာဗျူး တစ်ခုတွင် သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ တရုတ်စီးပွားရေး လုပ်ငန်းများကို မြန်မာနိုင်ငံက များစွာကြိုဆိုမှု မရှိကြောင်း

SSA(ယွက်ဆစ်)အဖွဲ့ သစ်စက်ပိုင်ရှင်များထံမှ ငွေကောက်ခံလျက်ရှိ

SSA(ယွက်ဆစ်)အဖွဲ့ သစ်စက်ပိုင်ရှင်များထံမှ ငွေကောက်ခံလျက်ရှိ
Tuesday, April 9, 2013

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်ခွဲရှိ သစ်စက်ပိုင်ရှင်များထံမှ SSA(ယွက်ဆစ်) အဖွဲ့က ဧပြီ(၆)ရက်နေ့တွင် ငွေများကောက်ခံသွားသည်ဟု ဒေသခံများ ၏ ပြောပြ ချက် အရ သိရှိရသည်။

“SSA(ယွက်ဆစ်)အဖွဲ့ ခေါင်းဆောင် မုနိ ဦးစီးပြီး အဖွဲ့ဝင်(၁၅၀)ဦးလောက် မနေ့က ရွာထဲကို ၀င်လာတယ်၊ ပြီးတော့ သစ်စက်ပိုင်ရှင်တွေဆီက ငွေတောင်းတယ်၊ ဒီရွာနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သစ်စက်ပိုင်ရှင်တွေကတော့ သစ်စက် ၁ လုံးရှိရင် ငွေ ၂ သိန်းခွဲ ချက်ချင်းပေးလိုက်ရတယ်၊ ချက်ချင်း မပေးနိုင်တဲ့ ပိုင်ရှင်တွေကို တစ်ပတ်ရက်ချိန်းနောက်ဆုတ်ပေးတယ်၊ အဲဒီငွေတွေကို လိုက်ကောက် ဖို့ SSA(ယွက်ဆစ်)အဖွဲ့က အမာခံတွေကို ရွာထဲ မှာ စောင့်ခိုင်းထားတယ်” ဟု ပါလိုင်ကျေးရွာမှ ရွာသား တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်ခွဲတို့တွင် ယခုပွင့်လင်းရာသီ၌ သစ်စက်အလုံးရေ ရာကျော်ရှိသည် ဟု ဒေသခံများမှ ပြောပြသည်။ SSA(ယွက်ဆစ်)အဖွဲ့မှ တောင်းထားသော ငွေ ၂ သိန်းခွဲမှာ နှစ်စဉ် ပုံမှန်ပေးနေရသော အခွန်ကြေးဖြစ်ပြီး သစ်စက်ပိုင်ရှင်များမှ အစိုးရအဖွဲ့အစည်းများသို့ တိုင်ကြားမှုများ မပြုလုပ်ရဲကြောင်း နှင့် တိုင်ကြားသည်ဟု သတင်းထွက်ပေါ်က သစ်စက်အားလုံးကို SSA(ယွက်ဆစ်) အဖွဲ့မှ ပိတ်ခိုင်းပြီး သစ်စက် ပိုင်ရှင်များကိုလည်း ထိုးကြိတ်ရိုက်နှက်ကာ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတတ်သည်ဟု သစ်စက်အလုပ်သမားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

စော်ဘွားလေး
http://shannnews.blogspot.com/ ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်ခွဲရှိ သစ်စက်ပိုင်ရှင်များထံမှ SSA(ယွက်ဆစ်) အဖွဲ့က ဧပြီ(၆)ရက်နေ့ တွင် ငွေများကောက်ခံသွားသည်ဟု ဒေသခံများ ၏ ပြောပြ ချက် အရ သိရှိရသည်။

ကလေးသူငယ်များအား ညံ့ဖြင်းအောင် ပြုလုပ်နေသည့် အင်တာနက်

ကလေးသူငယ်များအား ညံ့ဖြင်းအောင် ပြုလုပ်နေသည့် အင်တာနက်

အင်တာနက်ရဲ့ စွမ်းဆောင်ရည်နဲ့ လူသားများအတွက် အတိုင်းအဆမရှိ အကျိုးပြုတယ်ဆိုတာ ငြင်းမရနိုင်တဲ့ အချက်များပဲ ဖြစ်ပါတယ်။

သို့သော်လည်း လူမှုရေးကွန်ယက်တွေ၊ ဖုန်း၊ တက်ဘလက် စတဲ့ အင်တာနက်ချိတ်ဆက် ပစ္စည်းတွေ စတာတွေ တနေ့တခြား ပိုမိုများပြား လာနေတဲ့ ခေတ်ကြီးမှာ ကလေးသူငယ်၊ လူငယ်လူရွယ်များရဲ့ အင်တာနက် သုံးစွဲမှု ပမာဏမှာလည်း စံချိန်တင် များပြားလို့ လာနေပါတယ်။

အောက်ပါ အချက်အလက်ကားချပ်မှာ အင်တာနက်ကြောင့် ကလေးသူငယ်တွေဟာ ယခင်ကလို မဟုတ်တော့ပဲ လူမှုဆက်ဆံရေးနဲ့ လေ့လာသင်ကြားရေး အပိုင်းတွေမှာ စွမ်းဆောင်ရည်တွေ ကျဆင်းပြီး ညံ့ဖြင်းလာနေတယ်ဆိုတာ တွေ့ရပါမယ်။

၁၉၉၀ ပြည့်နှစ်များနဲ့ ၂၀၀၀ ပြည့်နှစ်များမှာ ရေပန်းစားခဲ့တဲ့ ဂိမ်းကစားခြင်းရဲ့ အကျိုးဆက်များကိုတော့ အင်တာနက် သုံးစွဲမှုရဲ့ အကျိုးဆက်တွေက အနိုင်ယူသွားပြီ ဖြစ်ပါတယ်။
Credit:Myanmar Consumer Guide အင်တာနက်ရဲ့ စွမ်းဆောင်ရည်နဲ့ လူသားများအတွက် အတိုင်းအဆမရှိ အကျိုးပြုတယ်ဆိုတာ ငြင်းမရနိုင်တဲ့ အချက်များပဲ ဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ခြင်း၏ အကျိုးကျေးဇူးများ


ဆေးလိပ်ဖြတ်ပြီးနောက်..

ဆေးလိပ်ဖြတ်ပြီး ၈ နာရီ ကြာတဲ့အခါ သွေးထဲမှာ စုပုံနေတဲ့ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်ငွေ့တွေကို ခန္ဓာကိုယ်က ဖယ်ရှားပေးပါတယ်။

၅ ရက်ကြာတဲ့အခါ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ နီကိုတင်းဓာတ်တော်တော်များများ မရှိတော့ဘူး။

၁ ပတ်ကြာတဲ့အခါ အနံ့အာရုံနဲ့ အရသာအာရုံ ပိုကောင်းလာပါတယ်။

၃ လ ကြာတဲ့အခါ အဆုတ်က ၃၀ % ပိုကောင်းလာပါတယ်။ 
အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေကို ပိုလုပ်နိုင်လို့ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ပိုဖယ်ရှားပေးနိုင်ပြီး အောက်ဆီဂျင်ပိုရလာလို့ ကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။

၁ နှစ်ကျော်ကြာတဲ့အခါမှာတော့ နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ချေ တ၀က်မကကျသွားသလို ဆေးလိပ်ဖိုးတွေ သိန်းနဲ့ချီပြီး စုမိသွားပါပြီ။

သူငယ်ချင်းတို့ရေ.. ကိုယ့်ရဲ့အသက်နဲ့ စုဆောင်းထားသမျှ ပိုက်ဆံတွေကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းဖို့ ခုပဲ ဆေးလိပ်ဖြတ်လိုက်တော့နော်…. ဆေးလိပ်ဖြတ်ပြီး ၈ နာရီ ကြာတဲ့အခါ သွေးထဲမှာ စုပုံနေတဲ့ ကာဗွန်မိုနောက် ဆိုဒ်အဆိပ်ငွေ့တွေကို ခန္ဓာကိုယ်က ဖယ်ရှားပေးပါတယ်။
၅ ရက်ကြာတဲ့အခါ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ နီကိုတင်းဓာတ်တော်တော် များများ မရှိတော့ဘူး။
၁ ပတ်ကြာတဲ့အခါ အနံ့အာရုံနဲ့ အရသာအာရုံ ပိုကောင်းလာပါတယ်။
၃ လ ကြာတဲ့အခါ အဆုတ်က ၃၀ % ပိုကောင်းလာပါတယ်။
အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေကို ပိုလုပ်နိုင်လို့ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ပိုဖယ် ရှားပေးနိုင်ပြီး အောက်ဆီဂျင်ပိုရလာလို့ ကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။


လှည်းတန်းခုံးကျော် တံတားအား ဧပြီ ၁ဝ ရက်နေ့မှ စတင်ကာ စမ်းသပ်ဖွင့်လှစ် ပေးသွားမည်

လှည်းတန်းခုံးကျော် တံတားအား ဧပြီ ၁ဝ ရက်နေ့မှ စတင်ကာ စမ်းသပ်ဖွင့်လှစ် ပေးသွားမည်


မဟာသင်္ကြန် ကာလတွင် ယာဉ်နှင့် လူစည်ကား ထူထပ်မည့် ရန်ကုန်-ပြည်လမ်း တစ်လျှောက် တွင် ယာဉ်ကျပ် တောင့်မှုများ မရှိစေရန် လှည်းတန်းခုံးကျော် တံတားအား ဧပြီ ၁ဝ ရက်နေ့မှ စတင်ကာ စမ်းသပ် မောင်းနှင် ခွင့်ပြုပေး သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ လမ်း/ တံတား ဌာနမှ သိရသည်။

''မဟာသင်္ကြန် ကာလမှာ စည်ကားတဲ့ နေရာတွေ ဖြစ်တဲ့ တက္ကသိုလ်ရိပ်သာ လမ်းတို့၊ ရန်ကုန်- ပြည်လမ်းတို့၊ ရန်ကုန်- အင်းစိန် လမ်းတို့မှာ ယာဉ်ပိတ်ဆို့ မှုတွေ မဖြစ်အောင် ကြိုတင် ပြီးတော့ တံတားသစ်ကြီးကို အသုံးပြု နိုင်တော့မှာ ဖြစ်ပါတယ်။ အချောထည်ပိုင်း တွေ ကျန်ရှိ နေသေးတဲ့အတွက် ဖွင့်ပွဲကိုတော့ မေလ ပထမပတ်လောက် အတွင်းမှာ ဖွင့်လှစ် ပေးသွား မှာဖြစ်ပါတယ်။ ဒီတံတား သစ်ကြီးက ၂ဝ၁၂ ခုနှစ် မတ်လမှာ ပန္နက်ရိုက် ခဲ့တာ ဖြစ်တဲ့ အတွက် အခု ၂ဝ၁၃ ခုနှစ် ဧပြီ ၁ဝ ရက်မှာ စတင် အသုံးပြုနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

ကျန်ရှိနေတဲ့ ဘုရင့်နောင်၊ ရွှေဂုံတိုင် ခုံးကျော် တွေလည်းပဲ အများပြည်သူတွေ အခုလိုပဲ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်အောင် စိတ်လက် ချမ်းသာစွာ သွားလာ နိုင်ရေးအတွက် ဆောင်ရွက် နေပြီ ဖြစ် သလို နောင်မှာလည်း မြေနီကုန်း လမ်းဆုံတို့၊ ရှစ်မိုင်လမ်းဆုံ တို့မှာ လည်း ဆက်လက်ပြီးတော့ ခုံးကျော် တံတားတွေ ဆောင်ရွက်သွားဖို့ ရှိပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော် မတီ၊ လမ်း/ တံတားဌာန ဒုတိယ ဌာနမှူး ဦးစည်သူလွင် က ပြောကြားသည်။

ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီမှ လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရေး စီမံကိန်း မန်နေဂျာ ဦးအောင်နိုင်မြင့်က သတ်မှတ်ကာလ ထက်စော၍ အောင်မြင်စွာ တည်ဆောက် ပြီးစီးကာ လှည်းတန်း ခုံးကျော် တံတားအား မြန်မြန်ဆန်ဆန် အသုံးပြု နိုင်သည်မှာ ရန်ကုန်မြို့တော်နေ ပြည်သူများ နေ့စဉ်ရင်ဆိုင် နေရသည့် ယာဉ်ကြော ကျပ်တောင့်မှုများကို လျှော့ချနိုင်ရေး လုပ်ငန်း၏ တစ်စိတ် တစ်ဒေသ အောင်မြင်ခြင်းဟု ဆိုပါသည်။ အချောထည် လုပ်ငန်းများ အပြီးသတ် နိုင်ရန်လည်း တည်ဆောက်ရေး ကာလကဲ့သို့ပင် နေ့ည ဆောင်ရွက် နေသည်ဟု ၎င်းက ဖြည့် စွက် ပြောကြားသည်။

''သတ်မှတ်ကာလထက် စောစီးစွာ ပြီးစီးနိုင်အောင် ညပိုင်းကို တော်တော် များများ အချိန်ယူ ဆောင်ရွက် ခဲ့ရပါတယ်။ တံတားကြီးရဲ့ သံမဏိ သံပေါင်တွေ တပ်ဆင်တဲ့ ကာလမှာ ညပိုင်းလိုင်း ကားတွေ ပိတ်သိမ်းတဲ့ ည ၁၁ နာရီဝန်းကျင်ကနေ မိုးလင်းပေါက် ညစဉ် ဆောင်ရွက်ခဲ့ ရပါတယ်၊ ပြည်ပက ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ လက်တွဲ ဆောင်ရွက်ခဲ့ရတဲ့ အတွက် ကျွန်တော်တို့ အတွက်လည်း နည်းပညာ ပိုင်းဆိုင်ရာ အတွေ့အကြုံ ကောင်းတွေ ရရှိခဲ့ပါ တယ်'' ဟု စီမံကိန်း အင်ဂျင်နီယာ ဦးစိန်ဝင်းက သူ့အမြင်ကို ပြောပြခဲ့သည်။

တံတားကြီး ပြီးစီးသွားပြီး နောက်ပိုင်းတွင် တံတားတည်ဆောက်ရေး စီမံကိန်းတွင် ထပ်တိုး လုပ်ငန်းများ ပါရှိလာသည့်အတွက် ခန့်မှန်းထားသည်ထက် ပိုမိုလာမည့် ထပ်တိုး ကုန်ကျ ငွေများကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြသွားရန် ရှိသည်ဟုလည်း သိရသည်။ တံတားကြီးအား အသုံးပြုခွင့် ပေးသည့်အချိန်တွင် နာနတ်တောလမ်းဆုံ၌ မီးပွိုင့် ထားရှိခြင်း ရှိ၊မရှိနှင့် ပတ်သက်၍လည်း ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ''ဒီအပိုင်းမှာလည်း ကျွန်တော်တို့ မြေပြင် ကွင်းဆင်းပြီး တော့ လေ့လာတွက်ချက်မှုတွေ လုပ်ထားတာ ရှိပါတယ်။ တံတားပေါ်က ဆင်းလာတဲ့ ကားတန်းကို နာနတ်တောလမ်း မီးပွိုင့်ဟာ အဟန့်အတားဖြစ်၊ မဖြစ်ဆိုတာလည်း ကျွန်တော်တို့ သုံးသပ် ဆုံးဖြတ်ပြီးမှ ဆောင်ရွက် မှာ ဖြစ်ပါတယ်။ သေချာ တာကတော့ ကျွန်တော်တို့ ဆောင်ရွက်မှုရဲ့ အဖြေဟာ ရန်ကုန်- ပြည်လမ်းကြီး တစ်လျှောက်မှာ ယာဉ်ကျပ် တောင့်မှုကို လျှော့ချ သွားဖို့ပါပဲ''ဟု ဖြေကြားသွားသည်။ ။

 http://bit.ly/Ze5rIH
မဟာသင်္ကြန်ကာလတွင် ယာဉ်နှင့်လူစည်ကား ထူထပ်မည့် ရန်ကုန်-ပြည်လမ်း တစ်လျှောက်တွင် ယာဉ်ကျပ် တောင့်မှုများ မရှိစေ ရန် လှည်းတန်းခုံးကျော် တံတားအား ဧပြီ ၁ဝ ရက်နေ့မှ စတင်ကာ စမ်းသပ် မောင်းနှင်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ လမ်း/ တံတား ဌာနမှ သိရသည်။

တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ကောင်းကျိုးနှင့် ဆိုးကျိုးနှစ်မျိုးလုံး ရှိနိုင်

တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်အပေါ်တွင် ကောင်းကျိုးနှင့် ဆိုးကျိုး နှစ်မျိုး စလုံးရှိနိုင်သဖြင့် ဥပဒေကို ပြဋ္ဌာန်းရာတွင် စနစ်တကျ ရှိရန်လိုကြောင်း အမျိုးသမီးဖွံ့ ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်လျှက်ရှိသည့် ဖန်တီးအိမ် မှ ဒေါ်ရွှေရွှေစိန်လတ် က ပြော သည်။

ဂျပန် တက္ကသိုလ်တွေက ဒေါ်စုကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးမယ်

Photo: ဂျပန် တက္ကသိုလ်တွေက ဒေါ်စုကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးမယ်
Tuesday, April 9, 2013

ဒေါ်အောင်ဆန်းစုကြည်က လာမည့် စနေနေ့မှာ ဂျပန်နိုင်ငံကိုသွားရောက်ဖို့ ရှိ ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရှိ တဲ့  Ryukoku တက္ကသိုလ်က ဒေါ်အောင်
ဆန်းစုကြည်ကို မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်း အလဲတွေ လုပ်ဆောင်
တာကို ဂုဏ်ပြုတဲ့အနေနဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို အပ်နှင်းမှာ ဖြစ်တယ်
လို့ သိရပါတယ်။

၁၉၈၅ ခုကနေ ၁၉၈၆ခုနှစ်တွေ အတွင်း ဒေါ်အောင်ဆန်းစုကြည်က ကျိုတို တက္ကသိုလ်မှာ သုတေသန ပြုလုပ် ခဲ့တဲ့ အတွက် ကျိုတို တက္ကသိုလ်ကလဲ သူ့ကို တက္ကသိုလ် ရဲ့ဂုဏ်ထူးဆောင်အဖွဲ့ဝင် အဖြစ် ဂုဏ်ပြုဖို့ စီစဉ်နေတယ်
လို့လဲ သိရပါတယ်။

ဒေါ်အောင်ဆန်းစု ကြည်က ကျိုတို တက္ကသိုလ်မှာ သုတေသန ပြုလုပ်နေစဉ်
အတွင်း Ryukoku တက္ကသိုလ်ကိုလဲ မကြာခဏသွားရောက်ခဲ့တယ်လို့ ဆို
ပါတယ်။

Ryukoku တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ကို အပ်နှင်းဖို့ ဆုံးဖြတ်ချက် ချခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာ နိုင်ငံအဖို့ ဒီမိုကရေစီ ရ ရှိရေး အတွက် နှစ်ရှည်လများ ကြိုးပမ်း
ခဲ့ တာတွေ ကြောင့် ဖြစ်ပြီး တက္ကသိုလ်အနေနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ရ ရှိ ဖို့ 
ဆောင် ရွက်သူ တွေကို အားပေး ဂုဏ်ပြုလေ့ ရှိ တဲ့ အတွက်ကြောင့်ဖြစ်
တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က ဧပြီလ ၁၅ ရက်နေ့မှာ Ryukoku တက္ကသိုလ် ကို သွားရောက် ဂုဏ်ထူးဆောင် ဘွဲ့ ကို လက် ခံ ပြီး မိန့်ခွန်း ပြောကြားမှာဖြစ် တဲ့
အပြင် ကျောင်းသူကျောင်းသားတွေ နဲ့လဲ တွေ့ ဆုံ မှာဖြစ်ပါတယ်။

NEWS COLLECTION ဒေါ်အောင်ဆန်းစုကြည်က လာမည့် စနေနေ့မှာ ဂျပန်နိုင်ငံကို သွားရောက်ဖို့ရှိပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရှိ တဲ့ Ryukoku တက္ကသိုလ် က ဒေါ်အောင် ဆန်းစုကြည်ကို မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်း အလဲတွေ လုပ်ဆောင်တာကို ဂုဏ်ပြုတဲ့အနေနဲ့ ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ကို အပ်နှင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့အသားအရေဖြစ်စေဖို

Photo: ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့အသားအရေဖြစ်စေဖို 
Tuesday, April 9, 2013

သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့နည်းလေးတွေရှိပါတယ်။ ချွေးပေါက်လေးတွေ ပြန်ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရပါမယ်။
ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေကို ပြောပြပေးမယ်နော်။

အသားအရေထိန်းသိမ်းမယ်

- အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ၀က်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။
- တစ်ရက်ကို ၂ ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Facial Cleanser နဲ့ မျက်နှာသစ်ပေးပါ။
- ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။
- မျက်နှာသစ်ပြီးတိုင်း Toner သုံးပေးရမယ်နော်။
- ဗီတာမင်စီပါတဲ့ ခရမ်တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။
- ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Scrud နဲ့ မျက်နှာချေးချွတ်ပါ။
- တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။
- Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ်းဆေးတွေကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

နေရောင်ခြည်ဒဏ်က ကာကွယ်မယ်

- နေရောင်ခြည်က အသားအရေရဲ့ တကယ့်ရန်သူပဲနော်။
- ချွေးပေါက်တွေကျယ်စေတဲ့ အဓိကအချက်လည်း ဖြစ်နေတော့ ဒီဆိုးကျိုးအရမ်းပေးတဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်မယ်။
- နေရောင်ကာကွယ်ဆေးတွေ လိမ်းမယ်။
- နေကာမျက်မှန်၊ ထီး၊ ဦးထုပ်ပါမှ အပြင်ထွက်ကြမယ်လေ။

မိတ်ကပ်ကို အားမကိုးပါနဲ့

- ချွေးပေါက်တွေကို ဖုံးအောင်ဆိုပြီး မိတ်ကပ်တွေကို အထူကြီးလိမ်းမလို့လား။ မလုပ်လိုက်နဲ့နော်။
- သင့်အရေပြားလေး ကောင်းကောင်းအသက်ရှုပါစေလား။
- မိတ်ကပ်ကို အထူကြီးလိမ်းလေလေ ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အသားအရေကို ပိုထိခိုက်လေလေပဲလေ။
- မျက်နှာပြောင်ဖြစ်နေမှာဆိုးရင်တော့ ပေါင်ဒါမှုန့်တွေ၊ ပေါင်ဒါခဲ (Powder Cake) တွေ လိမ်းရင်ကို OK တယ်နော်။
- Oil Control အမျိုးအစားကိုပဲ ရွေးချယ်ဖို့တော့ မမေ့ပါနဲ့။
- မိတ်ကပ်လိမ်းတာ နဲလေ ကောင်းလေပါနော်။
- မိတ်ကပ်လိမ်းရင် အသုံးပြုတဲ့ ရေမြုပ်၊ ဘရှပ် စတာတွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပါ။
- ရေမြုပ်၊ ဘရှပ်တွေပေါ်မှာရှိနေတဲ့ အဆီတွေ ဘက်တီးရီးယားတွေဟာ သင့်ချွေးပေါက်တွေထဲကို ၀င်ပြီး ကောင်းကောင်းဒုက္ခပေးနိုင်တယ်လေ။
- အဲဒီတော့ ရေမြုပ်၊ ဘရှပ်တွေကို အမြဲသန့်ရှင်းနေအောင် ဂရုစိုက်ရမယ်နော်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်

- ရေကို များများသောက်ပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာလေ။
- အသီးအရွက်၊ အဆီနည်းတဲ့အသား၊ ငါး များများစားပါ။
- ရယ်ဒီမိတ်စားစရာတွေ၊ အချိုတွေ၊ အဆီအဆိမ့်တွေ၊ ကော်ဖီတွေက အရေပြားက အဆီထုတ်လုပ်မှုကို များစေလို့ ချွေးပေါက်ထဲမှာ အဆီတွေကြောင့် ချွေးပေါက်ပိုကျယ်လာစေသလို ချွေးပေါက်ပိတ်ပြီး ၀က်ခြံတွေပါ ဖြစ်စေနိုင်လို့ ဝေးဝေးက ရှောင်ရမယ်နော်။

ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ

ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။
- အရင်ဆုံး မျက်နှာသစ်ပါ။
- ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။
- ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
- ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။
- ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။
- တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။

ချွေးပေါက်လေးတွေကျဉ်းစေတဲ့ အကုန်အကျလည်းမများ လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းတွေကိုလည်း လေ့လာကြည့်ရအောင်..။

သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး

- ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။
- ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။
- ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။
- မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။


ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး

- သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။
- ပြီးတော့ မျက်လုံးတ၀ှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။
- ၃၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်
ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေ
တဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။

ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး

- ဒါကတော့ အလွယ်ဆုံးနည်းလေးပါပဲ။
- ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။
- ၁၀ မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။
- အရမ်းလွယ်တယ်နော်.. ဒါပေမယ့် အရမ်းလည်း အစွမ်းထက်ပါတယ်။
- ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ချောမွေ့စေတယ်လေ။
- ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။
- ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။

ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေ

- ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေဆိုတော့ စိတ်ဝင်စားသွားပြီ ဟုတ် ??
- ချွေးပေါက်တွေ ချက်ချင်းကျဉ်းစေဖို့အတွက် အအေးဓာတ်ကို သုံးရမှာပါ။
- နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ Alpha Hydroxy Acid ဟာ အသားအရေကို နူးညံ့ချောမွေ့စေသလို ဆဲလ်အသစ်ပွားတာကိုလည်း အားပေးတယ်လေ။
- အဲဒီတော့ အအေးဓာတ်နဲ့ နို့ရဲ့ အစွမ်းတွေကို အသုံးချပြီး ချွေးပေါက်တွေကျဉ်းအောင် လုပ်ကြစို့နော်။
- အ၀တ်သန့်သန့်တစ်ခုကို အအေးခံထားတဲ့နို့ထဲ နှစ်လိုက်ပါ။
- အ၀တ်မှာ ပိုနေတဲ့နို့တွေကို ညှစ်လိုက်ပြီး အ၀တ်ကိုမျက်နှာပေါ် ကပ်ထားပါ။
- ၅-၁၀ မိနစ်ကြာတဲ့အခါ အ၀တ်ကိုဖယ်ပြီး ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။
- ဒီနည်းလေးဟာ ချွေးပေါက်တွေကို ယာယီကျဉ်းသွားစေပြီး အသားအရေ
ကို ချောမွေ့သွားစေသလို ချွေးပေါက်တွေထဲကို မိတ်ကပ်တွေ မ၀င်အောင်လည်း ကာကွယ်ပေးပါတယ်။
- အားလုံးအတွက် အသုံးတည့်မှာပါနော်။

ရင်နှင်းအပေါ်မှာ ပြောပြခဲ့တာလေးတွေကို သေချာလိုက်လုပ်ပေးရင် ချွေးပေါက်လေးတွေ တဖြည်းဖြည်းကျဉ်းလာမယ့်အပြင် အသားအရေလည်း တကယ်ကို လှလာမှာနော်။ ချွေးပေါက်တွေကျဉ်းပြီး တင်းရင်းချောမွေ့လှပတဲ့ မျက်နှာလေးကို မြန်မြန်ပိုင်ဆိုင်နိုင်ပါစေရှင်။ :pray

credit >>>Myanmar Health & Beauty
ပိုပိုဇော်(သဘာဝအားအင်) သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့ နည်းလေးတွေရှိပါတယ်။ ချွေးပေါက်လေးတွေ ပြန် ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရ ပါမယ်။
ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရ မှာတွေ ကို ပြောပြပေးမယ်နော်။

အမေရိကန်သံတမန် မှတ်တမ်းများ WikiLeaks ဖော်ပြ

အစိုးရတွေရဲ့ လျို့ဝှက် သတင်းအချက်အလက်တွေကို လူသိရှင်ကြား အင်တာနက်မှာ ထုတ်ဖော်ခဲ့တဲ့ WikiLeaks ကနေ အမေရိကန် သံတမန်ဆိုင်ရာ အချက်အလက်တွေ နဲ့ ထောက်လှမ်းရေး အချက်အလက်ပေါင်း ၂ သန်းနီးပါးကို အင်တာနက်မှာ အများ ရှာဖွေနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။

ရန်ကုန် အိမ်ခြံမြေ ဝယ်လက်များ နယ်ဘက်သို့လှည့်၊ အနားသတ်မြို့နယ်အချို့ အရောင်းအဝယ်ဖြစ်


ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အတွင်းရှိ ဝယ်လက်များ စီမံကိန်းဒေသရှိရာ အခြားနယ်များ သို့ အဓိက လှည့်လည် ဝယ်ယူနေပြီး ရန်ကုန်မြို့ အနားသတ် မြို့နယ်အချို့ရှိ မြေကွက်များသာ အရောင်း အဝယ်ရှိနေကြောင်း အကျိုးဆောင်များက ဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမြန်လုပ်ဖို့ ကချင်ဒေသခံတွေလိုလား


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့ တိတိကျကျ ရက်သတ်မှတ်နိုင်ခြင်း မရှိသေးတဲ့အပေါ်  နယ်မြေ မငြိမ်သက်မှုကြောင့်

စက်မှုဇုန်ကအလုပ်သမားတွေ မြောက်ကိုရီးယားပြန်ခေါ်

စက်မှုဇုန်ကအလုပ်သမားတွေ မြောက်ကိုရီးယားပြန်ခေါ်

ဗွီအိုအေ(မြန်မာဌာန)   ---  08.04.2013

မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားနဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ Kaesong စက်မှုဇုန်ကနေ သူ့ရဲ့ နိုင်ငံသား အလုပ်သမား ၅ သောင်းကျော်ကို ပြန်လည်ခေါ်ယူ လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ကျန်ရှိနေတဲ့ နောက်ဆုံး အဆက် အသွယ်ကို ဖြတ်တောက်ပစ်လိုက်တာလည်းဖြစ်ပါတယ်။
 
စက်မှုဇုန်ရဲ့ လုပ်ငန်း လုပ်ဆောင်မှုတွေအားလုံးကို အမြဲ ပိတ်ပစ်လိုက်မှာလား ပြန်ဖွင့် မလားဆိုတာကို တာဝန်ရှိသူတွေအနေနဲ့ ဆုံးဖြတ်ချက် ချဖို့ စဉ်းစားနေချိန်မှာ စက်မှုဇုန်ရဲ့ လည်ပတ်မှု အားလုံးကို ရပ်တန့်ထားရလိမ့်မယ်လို့ မြောက်ကိုရီးယားနိုင်ငံ အာဏာရပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ကင်ယန်ဂွန် (Kim Yang Gon) က နိုင်ငံပိုင် သတင်းဌာန ဖြစ်တဲ့ KCNA ကို တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
 
မြောက်ကိုရီးယားနိုင်ငံဟာ စတုတ္ထအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ ပြင် ဆင်နေတယ်ဆိုပြီး တောင်ကိုရီးယားနိုင်ငံက ပြောဆိုလိုက်ပြီးတဲ့နောက် မြောက်ကိုရီးယားဘက်က အခုလို တုန့်ပြန်လုပ်ဆောင်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
 
မြောက်ကိုရီးယားရဲ့ ဖေါင်ဂျီရီ နျူကလီးယား စမ်းသပ်မှုပြုလုပ်တဲ့နေရာမှာ လှုပ်ရှားမှုတွေ ရှိနေတဲ့ အရိပ်အယောင် တွေ့ရတဲ့အကြောင်း တောင်ကိုရီးယား
နိုင်င်ငံရဲ့ ပြန်လည်ပေါင်းစီးရေးဝန်ကြီး ရီယို ခေယေး (Ryoo Kihl-jae) က ဥပဒေပြု လွှတ်တော်အမတ်တွေကို ပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီလို အထောက်အထားတွေ မတွေ့ရပါဘူးလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
 
တောင်ကိုရီးယား နိုင်ငံသားတဦးဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က နောက်ထပ် ခြိမ်းခြောက်မှုတွေ ထပ်မလုပ်ဖို့ မြောက်ကိုရီးယားနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။
 
မြောက်ကိုရီးယားအနေနဲ့ စတုတ္ထအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်မယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ မစ္စတာ ဘန်ကီမွန်း က  the Hague မှာ ပြောဆိုလိုက်တာပါ။  မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားနဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ Kaesong စက်မှုဇုန်ကနေ သူ့ရဲ့ နိုင်ငံသား အလုပ်သမား ၅ သောင်းကျော်ကို ပြန်လည်ခေါ်ယူလိုက်ပါတယ်။ ဒီလုပ်ရပ် ဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ကျန်ရှိနေတဲ့ နောက်ဆုံး အဆက် အသွယ် ကို ဖြတ်တောက်ပစ်လိုက်တာလည်းဖြစ်ပါတယ်။

မြန်မာ - ရုရှား သံတမန် ဆက်ဆံရေး အထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

မြန်မာ - ရုရှား သံတမန် ဆက်ဆံရေး အထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်
နေပြည်တော် ၊ ၉-၄-၂၀၁၃

http://myawady-myawady.blogspot.com/2013/04/blog-post_9.html

ဆက်သွယ်ရေး နှင့် သတင်းအချက် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာ - ရုရှား သံတမန် ဆက်ဆံရေး ၆၅ နှစ်မြောက် အထိမ်းအမှတ် ကျပ် ၅၀၀ တန် အထူးထုတ် စာပို့ တံဆိပ်ခေါင်း သစ်ကို တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုက်) များ၌ ဧပြီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

အထူး အစီအစဉ် တစ်ရပ် အနေဖြင့် နေပြည်တော် ဗဟို စာတိုက်ကြီး ၊ ရန်ကုန် စာတိုက်ကြီး နှင့် မန္တလေး စာတိုက်ကြီး တို့၌ ဧပြီလ ၁၀ ရက်တွင် ၀ယ်ယူသော စာပို့ တံဆိပ်ခေါင်း များပေါ်၌ နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
ဆက်သွယ်ရေး နှင့် သတင်းအချက် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာ - ရုရှား သံတမန် ဆက်ဆံရေး ၆၅ နှစ်မြောက် အထိမ်းအမှတ် ကျပ် ၅၀၀ တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ်ကို တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုက်) များ၌ ဧပြီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ ရောင်းချသွား မည် ဖြစ်ကြောင်း သိရသည်။

တန်ဖိုးနည်းဖုန်း ရောင်းချရေး ရန်ကုန်တိုင်း လွှတ်တော်မှာ ဆွေးနွေး

Photo: တန်ဖိုးနည်းဖုန်း ရောင်းချရေး ရန်ကုန်တိုင်း လွှတ်တော်မှာ ဆွေးနွေး 

တန်ဖိုးနည်း မိုဘိုင်းဆင်းကတ်တွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ရောင်းချပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက တင်သွင်းခဲ့ပါတယ်။ 

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ အစိုးရက ကြေညာထားတဲ့ ၁၅၀၀ ကျပ်တန် မိုဘိုင်းဆင်းကတ်တွေ ရောင်းချရာမှာ ကုမ္ပဏီတစ်ခုလက်ထဲ ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်လက်ထဲ အားလုံးလွှဲပေးလိုက်တာမျိုးမဖြစ်စေဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ရောင်းချပေးဖို့ကို ဒေါက်တာ ညိုညိုသင်းက ဒီနေ့မှာတင်ပြခဲ့တာပါ။ 

ဒါပေမယ့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဆင်းကတ်တွေ ဘယ်လိုရောင်းချရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့က တိတိကျကျ ညွှန်ကြားချက် မရှိသေးတာကြောင့် အဲဒီလို အဆိုတင်သွင်း ဆွေးနွေးမှုဟာ မှတ်တမ်းတင်တဲ့အဆင့်ပဲ ရောက်ခဲ့ရတယ်လို့ ဒေါက်တာ ညိုညိုသင်းက အခုလို ပြောပါတယ်။ 

“ကုမ္ပဏီတစ်ခုကို ပုဒ်ဖြတ်ပေးလိုက်တာတို့၊ ဌာနတစ်ခုကို လုံးဝလွဲအပ်ပြီး ရောင်းချလိုက်တာတို့၊ ဝန်ကြီးဌာနတစ်ခုကိုပဲ ကိုင်တွယ်ခိုင်းတာတို့၊ အဲဒါမျိုးတွေ မဖြစ်သင့်ဘူးဆိုပြီး အရေးတကြီး အဆိုတင်တယ်၊ ဒီအဆိုကို မဲခွဲပြီးဆုံးဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဥက္ကဌကြီးက ဒါဟာဆိုလို့ရှိရင် ပြည်ထောင်စုအစိုးရအဖွဲ့က ဘယ်လိုလုပ်ပါဆိုတဲ့ ညွှန်ကြားချက် မရသေးတဲ့အတွက်ကြောင့်မို့ အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ မသိသေးဘူး၊ ဒါကြောင့်ဒီအဆိုကို မှတ်တမ်းပဲတင်ထားပေးပါဆိုပြီး ဒါဥက္ကဌကြီး ကိုယ်တိုင်က မှတ်တမ်းပဲတင်ထားလိုက်တာပေါ့၊”

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငွေကျပ် ၁၅၀၀ တန် CDMA 800 MHz ဆင်းကတ်အရေအတွက် လစဉ် ၃ သိန်းခွဲကို ပြည်နယ်နဲ့ တိုင်းအသီးသီးအတွက် ခွဲဝေပေးမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်အလိုက် ရလာတဲ့ခွဲတမ်းအရေအတွက်ကို ဒေသခံတွေဆီ ပြန်လည်ရောင်းချပေးရမှာဖြစ်ပါတယ်။ 

အဲဒီလို ဆင်းကတ်အရေအတွက်ကို ကန့်သတ်ချက်နဲ့ ရောင်းချပေးမှာ ဖြစ်တာကြောင့် ပြည်သူတွေဝယ်ယူရာမှာ လုံလောက်မှုမရှိနိုင်ဘူးလို့လည်း ပြောဆိုနေကြပါတယ်။ တန်ဖိုးနည်း မိုဘိုင်းဆင်းကတ်တွေကို ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ ရောင်း ချပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့ပါတယ်။
လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ အစိုးရ က ကြေ ညာထားတဲ့ ၁၅၀၀ ကျပ်တန် မိုဘိုင်းဆင်းကတ်တွေ ရောင်းချရာမှာ ကုမ္ပဏီတစ်ခုလက်ထဲ ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်လက်ထဲ အားလုံးလွှဲပေးလိုက်တာမျိုးမဖြစ်စေဖို့နဲပွင့်လင်းမြင်သာ မှုရှိရှိ ရောင်း ချပေးဖို့ကို ဒေါက်တာ ညိုညိုသင်းက ဒီနေ့မှာတင်ပြခဲ့တာပါ။