Wednesday, December 25, 2013

၈၈ မျိုးဆက်ကျောင်းသားများ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဆန္ဒပြမည်

Photo: ၈၈ မျိုးဆက်ကျောင်းသားများ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဆန္ဒပြမည်
Wednesday, December 25, 2013

အစိုးရက လောင်စာဆီဈေး မြှင့်တင်မှုကို ဆန္ဒပြခဲ့သည့် ၂၀၀၇ ခုနှစ် နောက်ပိုင်း ငါးနှစ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများအတွက် ပထမဆုံး ဖြစ်လာမည့် ဆန္ဒပြပွဲ တစ်ရပ်ကို ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ပြုလုပ်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမာကီးက The Voice သို့ ပြောကြားသည်။

အငြင်းပွားနေသောပုဒ်မ ၁၈၊ ၅၀၅ (ခ) စသည်တို့ ပြင်ဆင် ဖျက်သိမ်းပေးရန် အပါအဝင် နိုင်ငံရေးနှင့် အရပ်ဘက် လူမှုအဖွဲ့ ၅၉ ဖွဲ့တို့ ပူးပေါင်း ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီတို့ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဘက် လူထုအဖွဲ့အစည်း ၅၉ ဖွဲ့မှ စုစုပေါင်း လူအင်အား သုံးရာခန့်ဖြင့် ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ဆန္ဒထုတ်ဖော်ရန် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ခွင့်ပြုမိန့် တောင်းခံထားကြောင်း ၈၈ မျိုးဆက်ကျောင်းသား ၎င်းကထပ်လောင်း ပြောကြားသည်။

နိုင်ငံရေး ဖိနှိပ်မှုများ မပြုလုပ်ရန်၊ နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများကို ပြင်ဆင် ဖျက်သိမ်းပေးရန်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် တရားစွဲဆိုဆဲ အမှုများကို ဖျက်သိမ်းပေးရန် တို့ကို ဆန္ဒထုတ်ဖော်ပွဲတွင် အစိုးရထံ တောင်းဆို သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် တောင်းတဲ့အတွက် အာဏာပိုင်တွေကလည်း ငြိမ်းချမ်းစွာ ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသား ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးပြုံးချိုက The Voice သို့ ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခွင့် ပြုမပြုကို ဇန်နဝါရီလ ၁ ရက်နေ့တွင် အကြောင်းပြန်မည် ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

လက်ရှိ အချိန်တွင် နိုင်ငံရေး ပုဒ်မများဖြင့် ဖမ်းဆီး ထောင်ချခံရသော နိုင်ငံရေးသမား ၄၀ ရှိပြီး တရားစွဲဆိုခြင်း ခံထားရသူပေါင်း နှစ်ရာကျော် ရှိနေကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှ ကိုတိတ်နိုင်က ပြောဆိုသည်။

အခြေခံဥပဒေနှင့် ရှေ့နောက်မညီ ဖြစ်နေသည့် ပုဒ်မဟု ပြည်တွင်းပြည်ပက ဝေဖန်ခံထားရသည့် ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ (၁၈) ကို လာမည့် ဇန်နဝါရီ လွှတ်တော် အစည်းအဝေး များတွင် ပြင်ဆင်နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားထားသည်။

၂၀၀၇ ရွှေဝါရောင် အရေးအခင်းကို ဖြစ်ပွားစေသည့် ကိစ္စများအနက် တစ်ခုဖြစ်သည့် လောင်စာဆီဈေး မြင့်တက်မှုကို ဆန္ဒပြမှုကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရသည်။

The Voice Weekly
အစိုးရက လောင်စာဆီဈေး မြှင့်တင်မှုကို ဆန္ဒပြခဲ့သည့် ၂၀၀၇ ခုနှစ် နောက်ပိုင်း ငါးနှစ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများအတွက် ပထမဆုံး ဖြစ်လာမည့် ဆန္ဒပြပွဲ တစ်ရပ်ကို ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ပြုလုပ်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမာကီးက The Voice သို့ ပြောကြားသည်။

ကာ/ချုပ်နှင့် နိုင်ငံရေး အင်အားစုများထံသို့ အခြေခံဥပဒေ ပြင်ဆင်ချက်များ ၈၈ မျိုးဆက်အဖွဲ့ ပေးပို့

၈၈ မျိုးဆက်ကျောင်းသား ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက်များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါ အဝင် နိုင်ငံရေး အင်အားစုများ အားလုံးထံသို့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ပေးပို့လိုက်ကြောင်း ယင်းအဖွဲ့မှ ဦးမြအေးက ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ချက်များကို ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ အပါအဝင် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော် ၊ ပြည်သူ့ လွှတ်တော်နှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ထံသို့ ပေးပို့ လိုက်ကြောင်း ၎င်းကဆိုသည်။

AFC U-22 Championship 2013 ပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် ပဏာမကစားသမား ၂၇ ဦး ရွေးချယ်ပြင်ဆင်နေ

အာဆီယံဒေသတွင်း နိုင်ငံများအနက် တစ်သင်းတည်းသော အာရှခြေစစ်ပွဲအောင်သည့်အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သော မြန်မာယူ-၂၂ အသင်းသည် ယခုအခါ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ၀င် ရောက် ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။
အဆိုပါအသင်း၏ နည်းပြချုပ်ရာထူးအတွက် မြန်မာ ယူ-၁၉ အသင်းအား တိုးတက်အောင်မြင်စေရန် ဦးဆောင်မှုပေးနိုင်ခဲ့သည့် ဂျာမနီနိုင်ငံသား မစ္စတာဂတ်အား တာဝန်ပေးအပ်ခဲ့ပြီး ၎င်းနှင့် အတူ မြန်မာ့ ဘောလုံးငွေခေတ် လက်ရွေးစင်ဟောင်းများဖြစ်သည့် ဦးသန်းတိုးအောင်နှင့် ဦးကြည်လွင် တို့အား အသင်းအုပ်ချုပ်သူနှင့် နည်းပြရာထူးများပေးအပ်ခဲ့သည်။

ဦးဝီရသူ သံတွဲမြို့သို့ တရားဟောကြွမည် လူမျိုးစုနှစ်ခု ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက်ဟု ဆို

အောက်တိုဘာလတွင်းက လူမျိုးစုနှစ်ခု ပဋိပက္ခဖြစ်ပွားခဲ့သော သံတွဲမြို့သို့ မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက်ဆရာတော် ဦးဝီရသူက ငြိမ်းချမ်းရေးတရားဟောကြားရန် ကြွရောက်မည်ဟု ဦးဝီရသူက ဒီဇင်ဘာ ၂၅ ရက်တွင် မဇ္ဈိမကို မိန့်ကြားလိုက်သည်။
၁၅ ရက်ကြာမည့် မတ်လခရီးစဉ်တွင် သံတွဲမြို့သို့ အဓိက ကြွရောက်မည်ဖြစ်ပြီး အခြားမြို့ များသို့ ကြွရောက် ရန်လည်း ဦးဝီရသူအနေနှင့် ရည်ရွယ်ထားသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ သတိပေး

ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ၏ တွေ့ဆုံပွဲကို ဒီဇင်ဘာလ၂၁ ရက်နေ့က မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ တင်ပြပြောဆိုမှု အဆင်မပြေသော မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုးက ပြင်းထန်စွာ သတိပေးခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသူ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

မန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင်တွင် သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အနုကြမ်းစီးသူကို ဖမ်းဆီးရမိ

F.25.12
သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့် မန္တလေးမြို့မှ မောင်ကိန်းရွှေဆိုင်
မန္တလေးမြို့လမ်း ၈၀ နှင့် ၂၉ လမ်း ထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင် ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီ ခန့်က သေနတ်ပစ်ဖောက်ကာ အနုကြမ်းစီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ ဆိုင်အပြင်အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် လမ်းတွင် သွားလာနေသူတစ်ဦး ခြေသလုံးတွင် ထိခိုက်မိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ် လူမှုရေးမတည်ငြိမ်မှု ဖြစ်နိုင်ခြေမြင့်မားမှု ခန့်မှန်းစာရင်း၌ မြန်မာနိုင်ငံပါဝင်နေကြောင်း The Economist ၀က်ဘ်ဆိုက်တွင် ဖော်ပြ

ကမ္ဘာကျော် The Economist ၀က်ဘ်ဆိုက်တွင် ၂၀၁၄ ခုနှစ်၌ တစ်ကမ္ဘာလုံးရှိနိုင်ငံများတွင် လူမှုရေး မတည်ငြိမ်မှုဖြစ်နိုင်ခြေ ခန့်မှန်းမှုစာရင်းကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင် အာရှ နိုင်ငံ အများ အပြားမှာ လူမှုရေးမတည်ငြိမ်မှု ဖြစ်နိုင်ခြေမြင့်မားသော စာရင်းထဲတွင် ပါဝင်နေ သည် ကို တွေ့ရ သည်။ ၂၀၁၄ ခုနှစ်အတွက် လူမှုရေးမတည်ငြိမ်မှု ဖြစ်နိုင်ခြေဇယားကို ထုတ်ပြန်ခဲ့ ရာတွင် နိုင်ငံပေါင်း ၁၅၀ ကို လေ့လာပြုစုပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။