အိုဇုန်းလွှာပေါက်ပြဲခြင်းကြောင့် ခရမ်းလွန်ရောင်ခြည် ကျရောက်လျက် ရှိရာတွင် မြန်မာနိုင်ငံပေါ်သို့ အလွန်ပြင်းထန်သော အဆင့် နထအမ
နာနူနလနူ ၁၂ ဒသမ ၈ အထိ ယခုအပတ်အတွင်း ကျရောက်မည်
ဖြစ်ကြောင်း www.uvawareness.com သတင်းစာမျက်နှာတွင် ခန့်မှန်း တွက်ချက် ဖော်ပြထားသည်။
ဧပြီလ ၄ ရက်နေ့မှ စတင်ကာ ၆ ရက် နေ့အထိ မြန်မာနိုင်ငံသို့ ကျရောက်မည့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ သည် နံနက် ၉ နာရီမှ မွန်းလွဲ၂ နာရီအထိ အညွှန်းကိန်း ၆ ဒသမ ၇ မှ ၁၂ ဒသမ ၈ အထိ ရှိနိုင်ကြောင်း၊ အညွှန်းကိန်းသည် ၁၁ အထက် ကျော်လွန်ပါက Extreme အဆင့် သတ်မှတ်ထားပြီး ကာကွယ်မှုမဖြစ်မနေ ပြုလုပ်ရမည် ဖြစ်ကြောင်း ယင်း website စာမျက်နှာတွင် ထုတ်ပြန်ကြေညာ ထားသည်။