Sunday, July 22, 2012

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို သမိုင်းအမှန်တွေနဲ့ပဲ သမိုင်းတွင်စေလို (ပေးစာ)


ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့ကိုပေးပို့ထားတဲ့မေးလ်လို့ ဆိုပါတယ်။ မြန်မာ့ သားကောင်းကိုလဲ ပေးပို့လာတဲ့ အတွက် ဖေါ်ပြလိုက်ပါသည်။ ပေးပို့လာသူရဲ့ အာဘော် ဖြစ်ပါတယ်။



သမိုင်းသုတေသီတစ်ဦး။

နိုင်ငံတကာကို ကြည့်မယ်ဆိုရင် ကိုယ့်နိုင်ငံရဲ့ ပြည်သူ တွေ ချစ်ခင် လေးစားတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေရဲ့ သမိုင်း  မှတ်တမ်းတွေကို ရုပ်ရှင်၊ ဗွီဒီယိုတွေ ရိုက်ကူးပြီး မှတ်တမ်းတင် ဂုဏ်ပြုကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ပြည်သူတွေ လေးစား ချစ်ခင်ရတဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့အကြောင်း သမိုင်း ရုပ်ရှင်ရိုက်ကူးမယ်လို့ ကြားသိ လိုက်ရတော့ နိုင်ငံ့ သမိုင်းကို ပေါ်လွင် ထင်ဟပ်စေမဲ့ ဇာတ်ကား ဖြစ်တာကြောင့် အလွန်ပဲ အရေးပါတာကို သိလိုက် ရပါတယ်။
ပီပီပြင်ပြင်နဲ့ သမိုင်းရုပ်ရှင် ဇာတ်ကားကြီး အဖြစ် ပေါ်ထွက် လာဖို့ အတွက်လည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့( Bogyoke  Aung  San  Film Executive  Board)ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ အဖြစ် ဒေါ်စု ကဆောင်ရွက်ပါတယ်။ သမိုင်းရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် သမိုင်းအမှားတွေ မဖြစ်ရအောင် သမိုင်းပညာရှင် များလည်း ပါဝင်တယ်လို့ သိရတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံအတွက် တကယ့်ကို ရာဇ၀င်တွင်မယ့် ဇာတ်ကားကြီး ဖြစ်မှာပါ။




ဗိုလ်ချုပ်အောင်ဆန်းနေရာနဲ့ ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်မယ့် လူတွေကိုတော့ ဘုတ်အဖွဲ့ဝင် အနုပညာ ရှင်ကြီးများနှင့် ဒေါ်စုကိုယ်တိုင် သူမရဲ့နေအိမ်မှာ အထူးစိစစ်ရွေးချယ်ပေးခဲ့တယ်လို့ သိရပါတယ်။ အခြားနိုင်ငံတွေမှာလည်း လူတစ်ဦးတစ်ယောက်ရဲ့ သမိုင်း ကြောင်းကို ရိုက်တော့မယ်ဆိုရင် သူနဲ့သက်ဆိုင်တဲ့ အကောင်းအဆိုးအားလုံးကို ပီပြင်စွာ ရိုက်ကူးတင်ဆက် ကြတာကို တွေ့ရပါတယ်။ အခု ကျွန်တော်တို့နိုင်ငံမှာ ရိုက်ကူးမဲ့ရုပ်ရှင်ဇာတ်ကားကလည်း သမိုင်းကိုဖော်ပြတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် သမိုင်းကို အမှန်အတိုင်းပဲ ရိုက်ကူးတင်ဆက်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ပြည်သူ တစ်ရပ်လုံးက သမိုင်းအမှန်ကို သိရှိကြရမှာဖြစ်ပါတယ်။
ဗိုလ်ချုပ်ရဲ့သမိုင်းကြောင်းကို ရိုက်ကူးတင်ဆက်မှာဖြစ်တဲ့အတွက် ဗိုလ်ချုပ်ရဲ့မိသားစုဖြစ်တဲ့ ဇနီးဒေါ်ခင်ကြည်နဲ့ သားသမီးတွေရဲ့အစိတ်အပိုင်းတွေကလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်နေမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ဘဝလမ်းကြောင်းမှာ အကောင်းအဆိုးရှိသလို၊ အောင်မြင်ခြင်းမှု ဆုံးရှုံးမှုတွေ၊ ဝမ်းသားစရာတွေ မျက်ရည်ကျစရာတွေလည်း ရှိနေမှာဟာ ဒါ.ဘဝရဲ့နိယာမတရားတွေပါ။ ဗိုလ်ချုပ်နဲ့ ပတ်သတ်ရင်လည်း တိုင်းပြည်နဲ့လူမျိုးအတွက် ကောင်းတဲ့အချက်အများကြီးရှိသလို အချို့အားနည်းချက်တွေ ရှိရင်လည်း ဒီဇာတ်ကားက သမိုင်းကြောင်းကို ဖော်ထုတ်ရိုက်ကူးတာဖြစ်တဲ့အတွက် အားသာချက်၊ ကောင်းတဲ့ အချက်တွေကိုပဲဖော်ပြပြီး အားနည်းချက်တွေကိုမဖော်ပြတာမျိုး၊ ဖျောက်ဖျက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ မြန်မာ့စာပေသမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ထင်းရှားကျော်ကြားတဲ့စာရေးဆရာကြီးများဖြစ်ကြတဲ့ ဆရာကြီးရွှေဥဒေါင်းတို့ ပခုက္ကူဆရာဦးအုံးဖေတို့ဆိုရင်လည်း သူတို့ရဲ့ဘဝဇာတ်ကြောင်းအတ္ထုပတ္ထိကို ပြန်ရေးတဲ့ အခါမှာ ဘဝရဲ့နိယာမတရားအတိုင်းဖြစ်ပျက်ခဲ့တဲ့ ကောင်းတာတွေရော ဆိုးတာတွေရော (တချို့အချက်တွေ ဆိုရင် ပတ်ဝန်းကျင်ကလက်မခံနိုင်တဲ့ ကိုယ်ကျင့်တရား ဖောက်ဖျက်ကျူးလွန်ခဲ့တာတွေကိုတောင်) ရေးသားဖော်ပြခဲ့တာကို အားလုံးသိရှိကြမှာပါ။




 ဒီဇာတ်ကားရဲ့ရည်ရွယ်ချက်က ဘာလဲ၊ ပုဂ္ဂိုလ်ရေးအမွှန်းတင်ပြီး ဒီဇာတ်ကားကို ပုံဖော်ချင်တာလား၊ ဒါမျိုးရည်ရွယ်ချက်နဲ့ဆိုရင်တော့ သူတို့ကြိုက်သလိုရိုက်ကူးလို့ရပါတယ်။ ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီကနေပြီး “ဒီဇာတ်ကားက ဗိုလ်ချုပ်နဲ့ သူ့မိသားစုတို့ အတ္ထုပတ္ထိအပြင် မြန်မာ့ သမိုင်းကြောင်းကိုပါ ဖော်ထုတ်ပြသမယ့် သမိုင်းရုပ်ရှင်ကားဖြစ်တယ်လို့” ပြည်သူလူထုကို ကြေငြာထားပြီးရင်တော့ ကောင်းတာတွေရော၊ ဆိုးတာတွေရော သမိုင်းအမှန်တွေကို တင်ဆက်ပေးဖို့လိုပါတယ်။  
ကျွန်တော်သိသလောက်၊ ကျွန်တော့်မှာရှိတဲ့ အထောက်အထားတွေအရဆိုရင် ဗိုလ်ချုပ်အကြောင်း 





ပြောပလောက်အောင် အားနည်းချက်တွေမရှိသော်လည်းဘဲ ဇနီးဖြစ်သူဒေါ်ခင်ကြည်နဲ့ပတ်သတ်တဲ့ အဖြစ်များ ကိုတော့ ပြည်သူလူထုကို အမှန်အတိုင်းတင်ပြပေးဖို့လိုပါတယ်။ ဒေါ်ခင်ကြည်က ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်ပါတယ်။ ဆိုရှယ်ကျတဲ့ မိန်းမတစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်နဲ့ မတွေ့မီကတည်းက သူမရဲ့ ဆရာဖြစ်တဲ့ ဆေးရုံတစ်ခုတည်းမှာ အတူတူအလုပ်လုပ်ကြရတဲ့ မိန်းမနဲ့ပက်သက်ရင် နာမည်ကြီးတဲ့ ဆရာဝန်ကြီးတစ်ဦးနဲ့ လူမှုရေးရှုပ်ထွေးမှုတွေရှိခဲ့တာကို သူမနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကလူအားလုံး သိရှိပြီးဖြစ်ပါတယ်။ နိုင်ငံရေးက လွဲပြီး ဘာကိုမှစိတ်မ၀င်စားဘဲ မိန်းမအကြောင်း ဘာမှမသိရှာတဲ့ ဗိုလ်ချုပ်ကို အဲဒီဆရာကြီးက ဆေးရုံကို အတင်းတက်နားခိုင်းပြီး ဒေါ်ခင်ကြည်နဲ့တွေ့အောင် သေချာစီစဉ်ပေးခဲ့လို့ ဗိုလ်ချုပ်နဲ့အကြောင်းပါခဲ့ရတာပါ။ နောက်ပြီး ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက်ပိုင်းမှာလည်း အားငယ်နေတဲ့ လှပတဲ့မုဆိုးမလေးအနေနဲ့ ကချင်ဒူဝါတစ်ဦးနဲ့ အချစ်ဇာတ်လမ်းတွေဖြစ်ခဲ့ကြတယ်ဆိုတာလည်း လူ့သဘာဝပါပဲ။ ဒီဇာတ်လမ်းကို ယနေ့အသက် ၈၀ ကျော်တဲ့ လူကြီးတွေ ကြားသိခဲ့ကြရမှာပါ။ အဲဒီအချိန်တုန်းက နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ ဦးနုက အမြင်မတော်လို့ဆိုပြီး အိန္ဒိယနိုင်ငံကို သံအမတ်ကြီးခန့်အပ်ပြီး ပြောင်းရွှေ့ပေးလိုက်ရပါတယ်။ အိန္ဒိယရောက်တော့လည်း လူမှုရေးရှုပ်ထွေးမှုတွေ ထပ်ပြီးတော့ ရှိခဲ့ပါတယ်။ ဒါတွေကို ပြောနေတာဟာ သူမရဲ့မကောင်းကြောင်းတွေကိုပဲ ပြောနေတာမဟုတ်ပါဘူး၊ ဒီဖြစ်ရပ်တွေက လောကရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားလေးတွေပါ။
          ဒေါ်ခင်ကြည်ရဲ့သမီးဖြစ်တဲ့ ဒေါ်စု လည်း Oxford တက္ကသိုလ်တက်နေစဉ်ကာလက ပါကစ္စတန် နိုင်ငံသားကျောင်းသားတစ်ဦးနဲ့ လူမှုရေးရှုပ်ထွေးမှုတွေ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့လို့ ဆွေမျိုးအသိုင်းအ၀ိုင်း တွေက ဝိုင်းပြီးထိန်းပေးခဲ့ရပါတယ်။ ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်စဉ်တုန်းကလည်း အနောက်တိုင်း ခေတ်ရေစီးကြောင်းအတိုင်း ဆိုရှယ်ကျကာ ပွင့်ပွင့်လင်းလင်းပဲ နေထိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒီအချက်တွေကပဲ အကိုကြီးဖြစ်သူ ဦးအောင်ဆန်းဦးနဲ့အဆင်မပြေမှုတွေ ဖြစ်စေခဲ့တာပါ။ ဒီလိုပဲ လူတွေဟာ ကိုယ့်သမိုင်းကို ရေးခဲ့ကြတာပါ။ အခြားလူတွေက ဝင်ပြီး ကိုယ့်သမိုင်းကို ရေးလို့မရနိုင်ပါဘူး။ ဗိုလ်ချုပ်မိသားစုနဲ့ပတ်သတ်တဲ့ အထောက်အထားတွေ ကျွန်တော့်ဆီမှာ အများကြီးရှိပါတယ်။ ဒီအချက်အလက်တွေ ပြောပြပေးတာကလည်း လူတစ်ဦးတစ်ယောက်ကို အပုပ်ချချင်လို့ ရေးသားခြင်းမဟုတ်ဘဲ သမိုင်းအမှန်ကို ပြည်သူတွေသိစေချင်လို့ ဗိုလ်ချုပ်အောင်ဆန်း သမိုင်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က ထည့်သွင်းစဉ်းစားလို့ရအောင်လို့ ရေးသားရခြင်း ဖြစ်ပါတယ်။
          ဒီအကြောင်းတွေကို ကျွန်တော့အနေနဲ့ ဖော်ပြရာမှာ လက်လွတ်စပယ်အထောက်အထားမဲ့ ပြောဆိုခြင်းမဟုတ်ပါ၊ ကျွန်တော်ပြောပြခဲ့တဲ့ အချက်တွေနဲ့ပတ်သတ်ပြီး မှန်ကန်ကြောင်းသက်သေပြနိုင်တဲ့ သမိုင်းအထောက်အထားတွေ၊ သက်သေတွေနဲ့တွေ့ဆုံမေးမြန်းထားတဲ့ မှတ်တမ်းတွေလည်းရှိပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့အနေနဲ့ သမိုင်းအမှန်အတိုင်း ထည့်သွင်းဖော်ပြဖို့ဆန္ဒရှိပါက ကျွန်တော့ အနေဖြင့် ပေးပို့နိုင်ပါကြောင်း ရေးသားပေးပို့လိုက်ရပါတယ်။






3 comments:

  1. ဘာအထောက်အထားနဲ့ပြောတာလဲ

    ReplyDelete
    Replies
    1. အထောက်အထားများ ရှိရင် ဖော်ထုတ်ပေးပါအုံး၊ ဆက်လက်ပေးပို့ပါအုံး...ဒီလောက်နဲ့တော့ မယုံနိုင်သေးဘူး

      Delete
  2. သူ့ဟာသူဘာလုပ်လုပ် .. ဘာဖြစ်ဖြစ် ... နိုင်ငံအကျိုးပြည်သူအကျိုး ဘယ်လောက်အလေးထားလဲ၊ နိုင်ငံ့ဂုဏ်ကို ဘယ်လောက်အထိတက်စေသလဲ ဆိုတဲ့ပေတံနဲ့ပဲ ပြည်သူတွေအနေနဲ့တိုင်းသင့်ပါတယ် (ထိုင်းကမြန်မာအလုပ်သမားတွေအတွက် အခွင့်အရေးရယူပေးခဲ့ပုံကိုကြည့်ပါ ၊ နိုင်ငံတကာက ပေးနေရတဲ့ဆုတွေကိုကြည့်ပါ၊)( ဦးသိန်းစိန်ဆိုရင်လည်း အရင်က စစ်သားတစ်ယောက်ပါ ... ဒါပေမယ့် လူတွေရင်ထဲမှာ သူ့ကို အာဏာရှင်လို့ ဘယ်သူမှမသတ်မှတ်ကြတော့ပါဘူး ... ဘပြောင်လက်ထက်မှာ ဧရာဝတီကိစ္စတွေ ... ကျွန်တော်တို့မကြားဖူးတဲ့ ဖုန်းဈေးနှုန်းတွေ .. ကားဈေးနှုန်းတွေ ... ကျွန်တော်တို့မမြင်ဘူးတဲ့ ပညာရှင်အခန်းကဏ္ဍတွေ က ဘပြောင်ကိုဘယ်လိုလူစားလဲဆိုတာပေါ်လွင်စေပါတယ် ... )... မှားတာရှိရင်ခွင့်လွှတ်ပါ .. အကျင့်သီလတွေဘယ်လောက်ကောင်းကောင်း ကိုယ့်တကိုယ်ရေတကာယအတွက်ပဲကြည့်နေမယ် အများအကျိုးအတွက်အမြင်နည်းနေမယ်ဆိုရင်လည်း သိပ်ပြီးထူးခြားမှုမရှိဘူးလို့ပဲမြင်ပါတယ်... ကုန်ကုန်ပြောမယ်ဗျာ ... နားနဲ့မနာ ဖ၀ါးနဲ့နာ ကြပါ ... မြန်မာပြည်ကိုဦးဆောင်မယ့်လူဟာ ... အရင်က -- ဖာခေါင်းပဲ လုပ်ခဲ့လုပ်ခဲ့ .. ဖာ သည်ပဲဖြစ်ခဲ့ဖြစ်ခဲ့ ... ပြည်သူတွေအနေနဲ့ဂရုမစိုက်ပါဘူး... လက်ရှိအချိန်မှာသူဘာလုပ်နေသလဲ ... အနာဂါတ်မှာ သူဘာလုပ်မှာလဲ ဆိုတဲ့ အချက်တွေကိုသာ စောင့်ကြည့်နေကြတာပါ... (မိုးနတ်မင်းတွေ ၊ ဖယောင်းတိုင်တွေ ၊ လျှပ်စစ်စွမ်းအားပိုလျှံတယ်ထင်သူတွေ၊ မြစ်ဆုံမှာ ဆည်ဆောက်ရမှ ကျေနပ်မည့်သူတွေ ... အားလုံးကိုလည်း ပြည်သူတွေက အကုသိုလ်မပွားပဲ ... ဟာသလုပ်တတ်နေပါပြီ)

    ReplyDelete