Monday, January 28, 2013

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ဇာတိမြို့၌ ဖောက်ထွင်းမှုများ ဆက်တိုက်ဖြစ်သဖြင့် မြို့နေလူထု လုံခြုံရေး ကင်းလှည့်နေရ


ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ကညွတ်ကွင်းမြို့၌ စက်တင်ဘာလ လလယ်ပိုင်းမှ စတင်၍ တစ်လ
တာအတွင်း ဖောက် ထွင်းခိုးယူမှုများ၊ သူခိုးကပ်မှုများ နေ့စဉ် နီးပါး ဆက်တိုက်ဖြစ်ပွားလျက်ရှိနေ
ကြောင်းနှင့် စက်တင်ဘာလကုန်အထိ ဖောက်ထွင်းခိုးယူခံရမှု ခုနစ်မှုရှိခဲ့ကြောင်း သိရပြီး ၎င်းမြို့၏
ရပ်မိရပ်ဖများ ညအချိန်တွင် မိမိအစီအစဉ်ဖြင့်မိမိ အုပ်စုဖွဲ့ကာ ကင်းလှည့်ဆောင်ရွက်နေရ ကြောင်း
ဒေသခံများကပြောကြားသည်။

"ကညွတ်ကွင်းတောင်ပိုင်းနဲ့ မြောက် ပိုင်းတွေမှာ ဒီရက်ပိုင်းအတွင်း ခိုးမှုတွေ ဆက်တိုက်ဖြစ်နေ
တယ်။ ကျွန်တော်တို့ တစ်တွေ ညကျရင် ကိုယ့်ရပ်ကွက်အပိုင် အလိုက် အစုအဖွဲ့တွေစီစဉ်ပြီး 
ကင်းစောင့်နေရတဲ့အတွက်ကြောင့် ကိုယ့်အလုပ်ကိုယ် မလုပ်နိုင်ဘဲ ဖြစ်နေရတယ်။ တောင်ပိုင်းမှာ
၁၂ အိမ်၊ မြောက်ပိုင်းမှာ နှစ်အိမ် ခိုးခံရတယ်။ တောင်ပိုင်းက ၁၂ အိမ်ဆိုပေမယ့် ဖောက်ခံရတဲ့အိမ်
ကများပြီး ပစ္စည်းမပါသွားတဲ့အိမ်တွေလည်းရှိတယ်။ ပါတဲ့အိမ်က ငါးအိမ်လောက်ပဲရှိ တယ်။ ပထမ
သူခိုးနှစ်ယောက်မိတယ်။ အခုတစ်ယောက်ပဲ ကျန်တော့တယ်။ တစ်ယောက်က ဆေးရုံကနေ
လွတ်သွား တယ်"ဟု အဆိုပါကျေးရွာအုပ်စု၌ နေထိုင်သူတစ်ဦးက ယခုလ ၂၃ရက်နေ့ က ပြော
သည်။

ရပ်ကွက်အတွင်း ဖောက်ထွင်းခိုးယူသည်ဆိုသူတစ်ဦးကို ရပ်ကွက်နေ မိဘပြည်သူများက ဖမ်းဆီး
ပေးခဲ့ကြောင်းနှင့် ပတ်သက်၍ ၎င်းမြို့ မြောက်ပိုင်းမှ ရာအိမ်မှူး ဦးစိုးဝင်းက "ရပ်ကွက်ထဲကို မျက်နှာ
စိမ်း အချိန်မတော်ဝင်လာလို့ နောက်က လိုက်ကြည့်ရင်း ဘုန်းကြီးကျောင်းအပေါက်ဝက မီးရောင်နဲ့
အဲဒီမျက်နှာစိမ်းရဲ့ မျက်နှာနဲ့ ကိုယ်ခန္ဓာအနေအထားကို ထင်ထင်ရှားရှားကြီး တွေ့လိုက်ရတယ်။ 
အဲဒီသူက ခင်ဗျားဘာကြောင့် ကျုပ်နောက်ကို လိုက်လာတာလဲလို့ မေးတယ်။ ဒါနဲ့ ကျုပ်က မင်း
ဘယ်သူလို့မေး ပြီး ငါက ဒီရပ်ကွက်ရဲ့ တာဝန်ရှိသူလို့ ပြောတော့ လေးခွနဲ့ပြန်ပစ်တယ်။ ရှောင် 
လိုက်လို့မထိဘူး။ မနက်မိုးလင်းတော့ ရဲစခန်းမှာ သူခိုးမိတယ်လို့ကြားလို့ သွား ကြည့်တော့ ညက
ကျွန်တော့ကို လေးခွနဲ့ ပစ်သွားတဲ့သူ ဖြစ်နေတယ်။

"သူခိုးမိပုံကလည်း ဒီလို။ တောင်ပိုင်းက ကိုအောင်မင်းအိမ်ကို အဲဒီညကသူခိုး ကပ်တယ်။ လူသိ
သွားလို့ ပြေးသွားတယ်။ အဲဒီနေ့ မနက်ပဲ ကိုအောင်မင်းက အိမ်ရှေ့ထွက်ရပ်နေတဲ့အချိန် လူတစ်
ယောက် ဆိုင်ကယ်စီးလာတာတွေ့ တယ်။ ဖိနပ်မပါဘူး၊ ဆိုင်ကယ်မှာ သော့ လည်း မပါဘူး။
ခြေထောက်မှာလည်း ရွှံ့ပေနေတာနဲ့ မနေ့ညက သူ့အိမ်ကိုကပ် တဲ့ သူခိုးမှန်းသိလို့လိုက်တာ 
သူခိုးကလည်း ဆိုင်ကယ်နဲ့ရှေ့ကပြေး၊ နောက်ကလိုက်နဲ့ ကညွှတ်ကွင်းကားဂိတ်နားက ဆီဆိုင်မှာ
သူခိုးစီးတဲ့ဆိုင်ကယ် ဆီပြတ်သွားလို့ ၀င်ထည့်တဲ့အချိန် အနီးကလူတွေနဲ့ ပေါင်းပြီးဖမ်းတယ်။
ပြီးတော့ ရဲစခန်းကို အကြောင်းကြားတယ်။ ရဲကလာခေါ် သွားတယ်။ သူခိုးဆီမှာ ဆိုင်ကယ်တစ်စီး၊ 
ဖုန်းတစ်လုံးနဲ့ ငွေ ၂၆,၀၀၀ တွေ့တယ်။ သူခိုးကို အချုပ်ထဲမှာပဲထားတယ်။ သူ့ကို ၀ိုင်းဖမ်းတဲ့အခါ
ထိခိုက်တာတွေရှိမှာပေါ့၊ ဆေးရုံမှာ ဆေးကုနေတယ်။ ကျွန်တော်တို့တစ်တွေ သွားကြည့်တယ်"ဟု
၎င်းက ပြောသည်။

ရွှေထည်ပစ္စည်း ကျပ်သိန်း ၂၀နီးပါး ဖိုးခန့် ခိုးယူခံရသည့် ကညွတ်ကွင်း အနောက် ဗိုလ်တဲရပ်
မြောက်ပိုင်းနေ ကိုလွင်ဦးတို့ ဇနီးမောင်နှံကလည်း "ကျွန်တော်က သူခိုးတွေပူနေတဲ့အတွက်
နွားတဲမှာ သူခိုးဖမ်းဖို့ စောင့်တယ်။ ဇနီးသည်က အိမ်ရှေ့ဈေးဆိုင်မှာ စောင့် တယ်။ တိုက်အိမ်မ
ကြီးကတော့ ဒီအတိုင်း ပိတ်ထားတယ်။ နံနက် ၃ နာရီလောက် အပေါ့သွားတော့ ပြတင်းပေါက်
ပွင့်နေ တာတွေ့လို့ အိမ်ထဲဝင်ကြည့်တာ ဗီရိုထဲ က အ၀တ်အစားတွေ ပြန့်ကျဲနေတယ်။ ဗီရိုထဲက
အင်္ကျီပုံကြားထဲမှာထည့်ထား တဲ့ ရွှေထည်ပစ္စည်းတွေနဲ့ ငွေ ပါသွား တယ်။ ပြတင်းပေါက် တံခါး
ချက်ကို ကလန့်ပြီး ၀င်ခိုးသွားတာ။ ဖြစ်ဖြစ်ချင်း တော့ ရဲစခန်းကို အကြောင်းမကြားဘူး။ မနက်ပိုင်း
တန်းစီအမီ ၇ နာရီလောက် သွားပြောတယ်။ ကိုယ့်အိမ်ကိုယ် လုံခြုံအောင်ထားလို့ ပြန်ပြောတယ်။
အမှုတော့ မဖွင့်ပေးဘူး။ အဲဒီသူခိုးကို ဖမ်းမိတယ် ကြားတယ်။ ဆေးရုံရောက်နေတယ်လို့ ပြောတာ
နဲ့ သွားကြည့်ခဲ့တယ်။

"ညနေပိုင်းကျတော့ အိမ်ကို အမှုလာဖွင့်ပါဆို ပြီး ခေါ်တယ်။ ရဲတွေက နောက်တစ်နေ့မနက်မှ 
လာပြီး စစ်တာဆေးတာတွေ လုပ်ကြတယ်။ ကျွန်တော်တို့အိမ် အခိုးခံရတဲ့နေ့ပဲ (အဲဒီည)မှာ တင်
သုံးလေးအိမ်ကျော်က နှစ်ထပ်တိုက်က ရွှေ တစ်ကျပ်သားနဲ့ ငွေတွေပါသွားတယ်။ အမှုက လော
လောဆယ် ကျွန်တော်တို့တစ်ဦးတည်းပဲ ဖွင့်ထားတယ်"ဟု ၎င်းက ပြောသည်။

ကညွတ်ကွင်းတောင်ပိုင်းမှ ရပ်မိရပ်ဖများက ဖမ်းဆီးပေးထားသည့် ပဲနွယ်ကုန်းအနောက် မကျီးပင်
ရွာနေ မောင်ဇော်(ခ) ငမဲကို ဖြူးမြို့နယ် ရဲစခန်း၌ ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကနဦး စုံစမ်းချက်များ
အရ မောင်ဇော် (ခ) ငမဲ၏ ကျောက်တံခါးမြို့နယ်အတွင်းမှ ခိုးမှုများပေါ် ပေါက်ခဲ့ပြီး ကညွတ်ကွင်း
တောင်ပိုင်းမှ နေအိမ် များကို ဖခင်ဖြစ်သူ ဦးစိုးတင့်မှ ခိုးယူခဲ့ကြောင်း၊ ဦးစိုးတင့်မှာ ထွက်ပြေးတိမ်း
ရှောင်နေကြောင်း ကညွတ်ကွင်း အနောက်ပိုင်းရပ်ကွက် အုပ်ချုပ် ရေးမှူးထံမှ သိရသည်။

၎င်းတို့သားအဖနှစ်ဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ သူဖြစ်ကြောင်းလည်း သိရ
သည်။ ခိုးမှုများဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ ၎င်း အုပ်ချုပ်ရေးမှူးကလည်း "ရပ်ရွာတည်ငြိမ်ရေးနဲ့ 
တရားဥပဒေစိုးမိုးရေးကို အဓိကထားပြီး ဆောင် ရွက်နေကြပါတယ်။ ရပ်ကွက်ရုံးတောင်မှ နေ့ခင်း
ပိုင်း ဖွင့်ထားတယ်။ မီးဘေးအန္တရာယ် စိုးရိမ်ရ တာရယ်၊ ရပ်ရွာ သာရေးနာရေးတွေအတွက်ပါ
စီစဉ်ပြီးတော့ ဖွင့်ပေးထားတယ်။ အခုခိုးမှုတွေဖြစ်နေတော့ ညကျရင် ကောင်းကောင်း မနေနိုင်ဘူး။
ကိုယ်တင်မကဘူး၊ ရပ်ကွက်ထဲက ကလေးတွေကို ခုနစ်ယောက် တစ်ဖွဲ့ ဖွဲ့ပြီး မိုးလင်းအထိ 
ကင်းလှည့်နေရတဲ့ အတွက်ကြောင့် အခုရက်ပိုင်းတော့ နည်းနည်း အေးသွားတယ်။

"ပြီးခဲ့တဲ့လက အခိုးခံရတဲ့အိမ်တွေထဲမှာ အန်ကယ့်အိမ်က ၁၅ သိန်းဖိုးလောက် ပါသွား တယ်။
တောင်ပိုင်းက ဖမ်းတဲ့သူခိုးက ဖြူးရဲစခန်း ထဲမှာရှိတယ်။ မြောက်ပိုင်းက ရပ်မိရပ်ဖတွေ ၀ိုင်းဖမ်းပေး
တဲ့သူက ဆိုင်ကယ်၊ ငွေနဲ့ လက်ကိုင် ဖုန်းပါမိတယ်။ ဒါပေမယ့် ဖမ်းတဲ့အချိန်မှာ ထိခိုက်မှုတွေရှိလို့
ဆေးရုံကိုပို့ရတယ်လို့ ကြား တယ်။ ဆေးရုံကို သွားကြည့်ခဲ့တယ်။

"နောက်တစ်နေ့ ညောင်ကုန်း ကျေးရွာ အုပ် ချုပ်ရေးမှူး ရဲစခန်းကိုရောက်နေတယ်လို့သိရလို့ 
သွားကြည့်တာ ဟိုရောက်တော့ ညောင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ အဆိုအရ လွှတ်ပေး
လိုက်တဲ့လူဆီက သိမ်းထားတဲ့ဆိုင်ကယ်က အခိုးခံထားရတဲ့ဆိုင်ကယ်လို့ သိရတယ်။ စာချုပ် 
စာတမ်းတွေ၊ အထောက်အထားတွေပြတော့ ဆိုင်ကယ်ကို ပြန်ထုတ်ပေးလိုက်တယ်။ ငွေနဲ့ 
လက်ကိုင်ဖုန်းကတော့ မသိဘူး" ဟု ကညွတ် ကွင်းအနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက
ပြောသည်။

ကညွတ်ကွင်းတောင်ပိုင်းနှင့် မြောက်ပိုင်း တို့တွင် ခိုးမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် 
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဦးစီး၍ ညစဉ် အစု အဖွဲ့ဖြင့် ကင်းလှည့်နေရကြောင်း သိရသည်
မြန်မာ့တိုင်းမ်

No comments:

Post a Comment