Thursday, August 16, 2012

ရခိုင်မှာ ဖမ်းဆီးထားတဲ့ AZG ဝန်ထမ်းအချို့ကို ပြန်လွှတ်ပေး

ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဖမ်းဆီးထိန်းသိမ်း ထားတဲ့ ဟော်လန် အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့(AZG)အဖွဲ့အစည်းက ရခိုင်ပြည်နယ်ဆိုင်ရာ တာဝန်ခံအရာရှိ ဦးကျော်လှအောင်နဲ့ ဝန်ထမ်းအချို့ကို အာဏာပိုင်တွေက ဒီကနေ့ ပြန်လွှတ်ေ ပးလိုက်တယ်လို့ သိရပါတယ်။အဲဒီဖမ်းဆီးထားသူေ တွထဲက ၂ ဦးကို စစ်တွေအကျဉ်းထောင်က ဒီကနေ့ နေ့လည်ပိုင်းမှာ ပြန်လွှ တ် ပေးလိုက်တာဖြစ်ပြီး ၃ ဦးကိုတော့ ဘူးသီးတောင် တရားရုံးကနေ ဒီကနေ့ ညနေ ၅ နာရီလောက်မှာ လွှ တ်ပေး လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းတွေက ဝန်ထမ်းအချို့ကို မကြာသေးခင်က ဒေသခံ ရခိုင် တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေ အကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအကြောင်းရင်းတွေနဲ့ တစ်နည်းတစ်ဖုံ ဆက်နွယ်ပတ်သက်နေတယ်လို့ ယူဆကာ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်း ထားခဲ့ပါတယ်။ ဒါပေမယ့် AZG ဝန်ထမ်းတွေကိုတော့ ဒီကနေ့ အပြီးအပြတ်လွှတ်ပေး လိုက်တာဖြစ်တယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။


ဘူးသီးတောင်ထောင်မှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲ (၃) ဦးဟာ များမကြာမီက လာရောက်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ တွေ့ဆုံခဲ့သူတွေဖြစ်ပါတယ်။
 
From -RFA

No comments:

Post a Comment