Sunday, August 19, 2012

ရခိုင်အမျိုးသား ကွန်ရက်မှ ရခိုင်အရေးနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖေါ်

ရခိုင်အမျိုးသား ကွန်ရက်ဟု အမည်ပေးထားသည့် အဖွဲ့မှ ဦးစီးကာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသည့် အရေးကိစ္စများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖေါ်မှု တရပ်ကို ယနေ့ နံနက် ၁၁နာရီခွဲဝန်းကျင်မှ စတင်ပြုလုပ်လျှက်ရှိသည်။တီရှပ် ၀တ်သူ အရေအတွက် ၅၀ ၀န်းကျင်နှင့် လိုက်ပါသူ ၅၀ နီးပါး စုစုပေါင်း လူ ၁၀၀ နီးပါး ပါဝငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်သူများက ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံခြင်းကို ရပ်တန့်ရန်၊ သမ္မတကြီးဆုံးဖြတ်ချက်ကို လေးစားရန်နှင့် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများကို ဖန်တီးခြင်းရပ်တန့်ပါ အစရှိသည့် လိုလားချက်များကို တီရှပ်များနှင့် လက်ကိုင် ပိုစတာများဖြင့် ဖေါ်ပြကာ ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်သည်။ င်သည့်


ယနေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခြင်းကို သက်ဆိုင်ရာ ရဲစခန်းတွင် လျှောက်ထားပြီး လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။


စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ရှင်စောပုလမ်းထောင့်မှ ပြည်လမ်းဘက်သို့ သွားလျှက်ရှိကာ ပြည်လမ်းထောင့်တွင် စီတန်းလှည့်လည်ခြင်းကို အဆုံးသတ်မည်ဟု သိရသည်.
 
From -YPI

No comments:

Post a Comment