Friday, August 17, 2012

' သူမ အိမ်ကိုဘယ်တော့ပြန်လာရမလဲ "

                                           
ပဲခူးတိုင်းဒေသကြီး၊ဒိုက်ဦြး မို့နယ်၊  တောင် သလဲမြောင် ကျေးရွာ အုပ်စု၊ သူဌေး ကုန်းကျေး ရွာနေ မု ဆိုး မေ တာင် သူ လယ် သမား အသ က်(၄၉)နှစ် အရွယ်ရှိ ဒေါ်တင်ရွှေ ဆိုသူအားဒိုက်ဦးရဲ စခ န်းမှ  ခြေချု ပ်နှ င့်ခံဝန် အက် ဥပဒေဖြင့် ဖမ်းဆီး အရေယူ တရားစွဲဆို ထားေ ကြာင်းသိရှိ ရသည်။  မြို့နယ်အထွေေ ထွအုပ်ချု ပ်ရေးဦး စီးဌာန နှင့် မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံး ၏ညွန်ကြားချက်အရ ဇွန်လ (၃၀)ရက် နေ့တွင် အဆိုပါရေနု တ်မြော င်း သည် ဒေါ်တ င်ရွှေ၏ လယ်ယာမြေအတွင်း  တူးဖော်ခဲ့သော သုံးခုမြော က် ရေနုတ်မြော င်း ဖြစ် သဖြ င့် လယ်ယာမြေများပျက်ဆီးဆုံး ရှုံးရပြီး စိုက်ဧကနည်းလာသည့်အတွက် မူလရေနုတ် မြောင်းေ ဟာင်းကို
သာ ပြန်လည်တူးဖော်ပါရန် သက်ဆိုင်ရာသို့ အကြိမ်ကြိမ် တင်ပြခဲ့ပါသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရွာသူ/ရွာသားအချို့မှ ရေနုတ်မြောင်းအသစ်လာရောက်တူးဖော်ခဲ့ပါသည်။
             ဒေါ်တင်ရွှေ က   “နုတ်မြောင်းသစ်အား ပြန်လည်ပိတ်ဆို့ပြီး စပါးစိုက်ပျိုးခဲ့တာကြောင့် ဒိုက်ဦးမြို့နယ် တရားရုံးက ကျမ ကို (၃၊ ၁၊၂၀၁၁)ရက်နေ့ မှာ တစ်နှစ်အတွင်း ကောင်းမွန်စွာနေထိုင်ရန် ခံဝန်ခြေချုပ်ဖြင့် အပြစ်ဒဏ် တစ်ကြိမ် ချမှတ်ခြင်းခံခဲ့ပါတယ်” ဟုပြောသည်။

             ဇွန်လ ၇ ရက်နေ့ က  မြို့နယ် အထွေ ထွေအုပ် ချုပ်ရေးဦးစီးဌာနက တရားစွဲတင်ပို့ခဲ့ရာ ဒိုက်ဦးမြို့ နယ်တရားရုံး၊မြို့နယ်တရားသူကြီးရုံးက ရာသေးအမှတ် ၁၀၇/၁၂ ဖြင့်လည်းကောင်း၊ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးစိုးမြင့်မှ တရားလိုပြုလုပ်ပြီးတရားစွဲဆိုထားသော အမှုအား ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၃၂ ဖြင့် အမှုဖွင့်ကာ
ပြစ်မှုအမှတ် ၇၅၂/၁၂ ဖြင့်လည်းကောင်း အမှုကိုလက်ခံပြီးစစ် ဆေးနေကြောင်းသိရှိရသည်။
                ဒေါ်တင်ရွှေသည် မိန်းမသားတစ်ဦးဖြစ်သည့်အတွက် (၂၅၊ ၇၊ ၂၀၁၂)ရက်နေ့၌တရားရုံး အာမခံရ ရှိရန် လျှောက်ထားခဲ့ရာ လာမည် သြဂုတ်(၁)ရက်နေ့တွင်ဒိုက်ဦးမြို့နယ်တရားရုံး၊ မြို့နယ်တရားသူကြီးရုံးက အာမခံ ရ/မရဆုံးဖြတ်မည်ဖြစ်ကြောင်း သူမ၏ အမှုကိုလိုက်ပါဆောင်ရွက်နေ သည့်ရှေ့နေဦးအောင်မင်း မှ ပြောသည်။
             မိသားစုမှ အားကိုးအားထားပြုနေရသူ ဒေါ်တင်ရွှေတစ်ယောက်ဘယ်နေ့အိမ်ပြန်ရောက်မလဲ  ဘာတွေဆက်ဖြစ်ဦးမ လဲဆိုတာကို နေအိမ်ရှိ မိဘနှင့်သားသမီးများက စိုးရိမ်ပူန်နေကြကြော င်းသိရှိရပါသည်။ 
From -ရွှေလုပ်သား ဘလော့

No comments:

Post a Comment