Tuesday, August 7, 2012

Goodbye မြန်မာပြည်

From - Voice Of  Myanmar ဘလော့

 
 ဟိုး အ ရ င်ခေ တ် ဆက် ဆက် က လည်း အစိုးရ သတင်း စာတွေ က ရေးချင် တာရေးနေ တာကိုပဲ ပြည်သူတွေက ဖတ်ချင်သည် ဖြစ်စေ မဖတ်ချင်သည် ဖြစ်စေ ဖတ်ခဲ့ရတယ် ၊ ခုသမ္မတကြီး ဦးသိန်းစိန် လက်ထက်ရောက်တော့ လည်း မီဒီယာ လွတ်လပ်ခွင့် အထိုက်လျောက် ဆိုသလိုရလာလို့ ပြည်သူတွေ အသိပညာ ဗဟုသုတ တိုးမလားအောင့်မေ့ပါတယ်ဂျာနယ်တွေ  ရးချင်တာ  ရေးချင် သလိုေ ရးေ န တာ ကို ဖတ်နေရတာပါဘဲ၊ အစွန်းတစ်ဘက် ကနေ နောက်ထပ် အစွန်းတစ်ဘက်ကိုရောက်သွားတာကလွဲလို့ ဘာမှထူးမလာပါဘူး ။ 
 
ဟိုးအရင်ခေတ်အဆက်ဆက်က နယ်စပ်တလျောက်မှာ လက်နက်ကိုင် တော်လှန်မှုတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်ကို ခုသမ္မတကြီး လက်ထက်မှာ ငြိမ်းချမ်းရေးတွေ ဘာတွေရလို့ အေးအေးချမ်းချမ်းနေရမလားအောင့်မေ့ပါတယ် အတွင်းမှာ အချင်းချင်းကွဲလိုက်ကြ ပြဲလိုက်ကြ ဆန္ဒတွေပြလိုက်ကြ ၊ ဆန္ဒတွေထုတ်ဖေါ်လိုက်ကြ ၊ သတ်လိုက်ကြ ဖြတ်လိုက်ကြ ၊ မီးတွေရှို့လိုက်ကြ ၊ လူမှုကွန်ယက်တွေမှာ ငြင်းလိုက်ကြ ခုန်လိုက်ကြ ၊  ဆဲလိုက်ဆိုလိုက်ကြ တွေဟာ တစ်နေ့ထက်တစ်နေ့ ပိုတိုးတိုးလာတာပဲ တွေ့နေရပါတယ် ။ မြန်မာတွေ စည်းလုံးပြီး ကမ္ဘာမှာ မြန်မာဟေ့လို့ ဖြစ်လာမလားဆိုပြီး မျှော်လင့်နေခဲ့တာကြာပါပြီ ... ဖွံ့ဖြိုးပြီး တိုင်းပြည်တွေက လူ့အဖွဲ့အစည်းတွေလို ဖြစ်လာလေမလား မျှော်လင့်ခဲ့တာလည်းကြာပါပြီ ခုတော့ဘာမှဖြစ်မလာပဲ တနေ့ထက်တနေ့ ပိုပို ဆိုးလာတာပဲတွေ့ရပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကို သွားသတိရမိတယ်...   " အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့် အထင်လွဲပါ ၊ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမလဲ ၊၊ " တဲ့ဗျာ... မှန်လိုက်တာဆရာကြီးရယ်...  ပြောရမယ်ဆိုရင် အရိပ်လို နေပူကစောင့်ဆိုလို့ စောင့်နေခဲ့တာကြာပါပြီ နေလောင်တာပဲ အဖတ်တင်ပါတယ် ၊ ဆိတ်ဖွားကတော့ ဒီနေ့ ဒီလိုပြောင်းပြီးစဉ်းစားလိုက်တယ် အရိပ်လို နေပူကစောင့်မနေတော့ဘူး ... ကြာတယ်... ရိပ်တဲ့နေရာမှာပဲ သွားနေလိုက်တော့မယ် .... Goodbye မြန်မာပြည် ဒေါက်တာဆိတ်ဖွား

No comments:

Post a Comment