စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉နာရီအချိန်တွင်
ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲကြီးရှားခဲလေးတွင် ဒေသခံ
အချို့နှင့် သမအဖွဲ့ဝင်အချို့ တို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ထိခိုက်
ဒဏ်ရာရမှုများနှင့် အတူ သေဆုံးမှုအချို့ ရှိခဲ့ကြောင်း ဒေသခံများက
ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့များမှ
ထိန်းသိမ်းလျက်ရှိနေပါသည်။
ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲရွာအနီးတွင် ရှိနေသော ရှားခဲအင်းကိစ္စနှင့် ပတ်သက်ပြီး ပဋိပက္ခများမှာ မကြာခဏဖြစ်ပွားလေ့ ရှိကာ ပြီးခဲ့သည့် မေလအတွင်းကလည်း ရှားခဲအင်းလေလံကိစ္စနှင့် ပတ်သက်ပြီး ရှားခဲကျေးရွာ၌ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။
From-EMG
ပြောင်းလဲနေပါပီ၊
ReplyDeleteသန့်ရှင်းတဲ့အစိုးရကြီးဖြစ်နေပီတဲ့
စစ်တပ်ကစစ်ဗိုလ်တွေပဲ၊ရှိသမျှအခွင်းအရေးတွေခွစားနေကြတုန်းပဲ
ရှိသမျှအင်းတွေ.သမအမည်ခံ.စစ်ဗိုလ်တွေပဲလုပ်စားနေကြတာပါ။
သမဆိုတဲ့အတိုင်း၊ ဝိုင်းသမနေကြတာပြောင်သလင်းခါနေပီ။
ဒါလဲ၊ဒီသမကမပီးတော့ဘူး၊မအောင်မြင်တဲ့ဟာကြီးကို၊စုံလုံးကန်း
မျက်စေ့မှိတ်၊ကိုယ်စားရပီးရော.မဖျက်သိမ်းနိုင်ဘူး။
စိတ်အပျက်ဆုံးကတော့၊စစ်တပ်ပဲ၊ပြည်သူ့တပ်မတော်မဟုတ်၊
ပြည်သူ့ချင်ဖတ်၊ဒါးမြတွေပဲ။