Saturday, September 8, 2012

ဆင်ဖုံ ၊ သင်္ဃန်းကျွန်းကြီး ၊ ချစ်တီးကုန်း ရွာသားများ ဆန္ဒပြတဲ့ သတင်း

ဆင်ဖုံ နဲ့ သဃ်န်းကျွန်းကြီးရွာသားတွေ ဟာ သူတို့ပိုင် လယ်ယာ မြေတွေ ကို သိမ်းဆည်းခံရပြီး အဲဒီ လယ်ယာ မြေတွေပေါ် မှာ ဇေကမ္ဘာ ကုမ်ပဏီအနေနဲ့ စက်မှုဇုန် (၁)(၂)(၃) ဆိုပြီး ထူထောင်ပါတယ် ။ လမ်းတွေ မီးတိုင်တွေ နဲ့ စက်ရုံ အနည်းငယ်ကလွဲပြီး လယ်ကွင်းတွေ အတိုင်း တည်ရှိနေပါတယ် ။
1997 ခုလောက်ကတည်းက ထူထောင်ထားတဲ့စက်မှုဇုန်ဟာအခုထိ......
...စက်ရုံတွေအစီအရီ ဖြစ်ထွန်း မလာတဲ့ အတွက် အလုပ်အကိုင် အခွင့်အလမ်း တွေမဖန်တီးနိုင်ပါဘူး ။ဒီထက်ဆိုးတာက တောင်သူတွေအနေနဲ့ နစ်နာကြေး တစ်ဧက 20000 နှစ်သောင်းကျပ် ရတဲ့သူတွေ ရှိသလို - နစ်နာကြေး၊ ဂရုဏာကြေး၊ လျော်ကြေး တစ်ပြားမှမရဘဲ လက်လွတ်ဖယ်ရှားခံရတဲ့ သူတွေလည်း အများ ကြီးပါ ။
ဒီနေ့ဆန္ဒပြသူတွေကတော့ တစ်ပြားမှမရတဲ့သူတွေဘဲဖြစ်ပါတယ် ။ရွာ သုံးရွာပေါင်း(ဆင်ဖုံ+သင်္ဃန်း ကျွန်းကြီး+ချစ်တီးကုန်း) အိမ်ထောင်စု ပေါင်း 111 စု ဧက ပေါင်း 3000 ကျော် -

ရဲက လူလျှော့ဆန္ဒပြဖို့ စာတင်တဲ့အခါ အကန့်အသတ်တွေများလွန်းလှပါတယ် ။ လူဦးရေ 200 အတွက် တင်ပြတဲ့အခါ လူဦးရေ 75 ယောက်သာ ချထားပေးပါတယ် ။ ဘုန်းကြီးကျောင်းတို့ ဓမ္မာရုံတို့ကို လည်းခွင့် မပြုပါဘူး ။ စားသောက်ဆိုင်မှာ လုပ်ရင်တော့ ဆိုင်ရှင်ရဲ့ ခွင့်ပြုချက်တောင်းပါတယ် ။ လုပ်ငန်းစဉ်တွေ များပြားရှုပ်ထွေး လွန်းလို့ ပီဒီပီ ဌာနချုပ်ကို နေရာရွေးတဲ့အခါ လူဦးရေ ၇၅ ယောက်ဘဲခွင့်ပြုပါတယ် ။
သေးသေးတင်မခံတဲ့နည်းဥပဒေ
အိမ်ထဲမှာ လူမဆန့်တော့ အိမ်ရှေ့ လမ်းဘေးကို လူတွေ ရောက် နေကြတယ် သိပ်တော့မများပါဘူး ။ လမ်းဘေးမှာ ရောက်နေသူတွေက 30 / 40 လောက်တော့ရှိပါတယ် ။ ဒါကို အထဲဝင်ဖို့ ရဲက တကျည်ကျည် လုပ်နေပါ သေးတယ် ။

မီဒီယာစိတ်ဝင်စားဖို့ဆန္ဒပြတယ်ဆိုတာ အုပ်ချုပ်ရေးပိုင်းကို အကြိမ်ကြိမ် တင်ပြတိုင် ကြားပေမဲ့ အရေးယူဆောင်ရွက်မှု မရှိတာ တလွဲတချော် လုပ်နေတာ တွေကြောင့် လူထုကို တိုင်တည်ပြီး ( ဖွပြီး ) အစိုးရကို ဖိအားပေးနည်း တစ်မျိုးပါ ။ အဲဒါကြောင့် လူမြင်ဖို့လိုပါတယ် ။ ရဲက ပုံမှန်လမ်းကြောင်းကို ခွင့်ပြုရင် ဗွက်တွေထနေတဲ့ ထောက်ကြန့်မြနန္ဒာ ပန်းခြံကိုဘဲ ခွင့်ပြုပါတယ် ။
အဲဒီဗွက်တောမှာ ဆန္ဒပြရင် မီဒီယာတွေလာမယ်မလာ ဘူးမသေ ချာပါဘူး ။ လမ်းလျှောက်ရ တဲ့နေရာ ကလည်း လူထုအများမြင်သာတဲ့နေ ရာမဟုတ်ပါဘူး ။ လူထုအများမမြင်သာတဲ့နေရာမှာ ဆန္ဒပြတာ ကတော့ ရေချိုးခန်းထဲမှာ ကုန်းအော်နေတာနဲ့ အတူတူပါဘဲ ။
အဲဒါအပြင် မီဒီယာတွေရိုက်ကွင်းရမှ သတင်းဂျာနယ်မှာ လူထုအများ စိတ်ဝင်စားမှာဖြစ်တယ် ။ ဒါ့ကြောင့် အိမ်ရှေ့ဘေး မှာ ဆိုင်းပုဒ်တွေကိုင်ပြီး မီဒီယာ ဆွဲဆောင်မှုလုပ်ရပါတယ် ။ အဲဒီနေရာကို ဟောပြောဖို့ ရဲက ခွင့်မပြုပါဘူး ။ အိမ်ထဲမှာ မဆန့်လို့ အပြင်မှာ ရှိနေတယ် ဆိုတာမျိုးနဲ့ ရဲကို နားလည်မှုယူထားရ တာဖြစ်ပါတယ် ။
မီဒီယာတွေအနေနဲ့ အဲဒီပြယုဂ်နေရာကလူတွေထံမှာ ကလီးယား မက် ဆေ့ခ်ျ မရနိုင်ပါဘူး ။ ဒါပေမဲ့ ရွာသား ငတုံးတွေ ပြောသမျှထဲက နှိုက်တတ်ရင်တော့ တကယ်ကောင်းတဲ့ရေးကွက်ရမှာပါ ။

ငတုံးပေးတဲ့ မက်ဆေ့ခ်ျ နဲ့ လူလည်ဝန်ထမ်းအကြောင်း ရွာသားတွေက ငတုံးတွေပါ ဘယ်လောက်တုံးသလဲ ဆိုရင် ကိုယ် အနှစ် 20 လောက် စိုက်ထားတဲ့ လယ်ကနေ တစ်ပြားမှ မပေးဘဲ မောင်း ထုတ် တဲ့သူက နှစ်စဉ် မိုး 40000 နွေ 40000 ကျပ်နဲ့ ပြန်ငှားပြီး တရားမ၀င်သီးစားချစားတာကိုတောင် ကျေးဇူးရှင်ထင်တတ်တဲ့ အမျိုးပါ ။ ကိုယ့်လယ်ကိုယ် တစ်နှစ် 80000 ကျပ်ပေးပြီး ပြန်ငှားစိုက်ရတာ ကိုတောင် ကျေးဇူး တင်နေတဲ့အမျိုးပါ ။
နိုင်ငံဝန်ထမ်း အခုတော့ ပြည်သူ့ဝန်ထမ်းပေါ့ဗျာ တွေကလည်း လူလည်တွေပါ ။ ခိုးတယ် ၀ှက်တယ် လာဘ်စားတယ်ဆိုလို့ အချဉ်တွေ မဟုတ်ပါဘူး ။ စာရင်းစစ်ကို ကွက်တိပြနိုင်ဖို့ မလွတ်တော့ရင် ညှိဖို့ စတဲ့အထိ ပြင်ဆင်ထားပြီးသားပါ ။ ( တစ်နေ့လောက် သင်တန်း ပေးချင် ပါသေးတယ် )
အဲဒီလိုအခြေအနေမှာ တောသားငတုံးတွေဆီက ရတဲ့သတင်းစကား ကို အပေါ်ယံဖော်ပြမိရင် - လူလည် ၀န်ထမ်းရဲ့ ထောင်ချောက်ထဲမှာ ကားကနဲမိပါပြီ ။
လယ်သမားတွေအတွက်စစ်ကူခေါ်ထားရလယ်ယာမြေမတရားသိမ်းယူမှုတွေကို ဖော်ထုတ်တိုက်ပွဲဝင်နေ တဲ့အခါမှာ - အရေးကြီးတဲ့ တန်ပြန်ချေးမှုန်း စကားရှိပါတယ် ။ အဲဒါကတော့ ဒီနိုင်ငံရေးသမားတွေက လယ်သမားတွေကို မြှောက်ပေးပြီး ဖွံ့ဖြိုးတိုးတက် ရေးကို နှောက်ယှက်တယ် ဆိုတဲ့စကားပါဘဲ ။
အဲဒါကြောင့် လယ်သမားအရေးသက်သက်နဲ့ တိုက်လို့မရတော့ပါ ဘူး ။ စက်မှုဖွံ့ဖြိုးရေးမှာပါ ခရိုနီတွေ ဘယ်လို ၀င်ဒုက္ခပေး နှောက်ယှက် တယ် ဆိုတာကို ပေါ်လွင်ဖို့ - အမှန်တကယ် စက်မှုလုပ်ငန်းရှင် တစ်ဦးကို စစ်ကူခေါ်ထားပါတယ် ။ စက်မှုလုပ်ငန်းရှင် အစစ်တွေအနေနဲ့ မြေယာကို တိုက်ရိုက်ရယူဖို့ ဘယ်လို ခက်ခဲနေတယ် ။ ဘယ်သူတွေကြောင့် ခက်ခဲ နေတယ် ။ စသဖြင့် ဖော်ထုတ်ဖို့လိုပါတယ် ။ ဒါမှသာ ဆွေမျိုး နီးစပ် ခရိုနီမြေပွဲစားတွေရဲ့ အခြေအနေမှန်ကို ဖော်ထုတ်နိုင်မှာပါ ။

ကျနော်တို့ဟာ အက်တစ်ဗစ်မဟုတ်ပါကျနော်တို့ကို လှုပ်ရှားတက်ကြွသူတစ်ယောက်အဖြစ် မမြင်သင့်ပါ ဘူး ။ လှုပ်ရှားတက်ကြွတဲ့အလုပ်ကို လုပ်နေရပေမဲ့ လေးနက်တဲ့သတင်း စကားတွေပေးစရာရှိပါတယ် ။

၃ နှစ်သား ကလေးကို ထိန်းချင်ရင်၇ နှစ်သားလောက်တော့ ကြီးရမယ် သန့်ရှင်းသောအစိုးရဖြစ်ဖို့ သတင်း မီဒီယာတွေနဲ့ နိုင်င့ရေးသမား တွေက ထိန်းကျောင်းရမှာပါ ။ ၃ နှစ်သားကလေးကို ထိန်းချင်ရင် အနည်းဆုံး ၇ နှစ်သားလောက်တော့ ကြီးပြင်းထားဖို့လိုပါတယ် ။ ကိုယ်က ၂ နှစ်သားဆိုရင်တော့ ၃ နှစ် သားကလေးဆိုးကို မထိန်းနိုင်ပါဘူး ။ ငတက်ပြား ကိုဖမ်းချင်ရင် သတိုးမင်းဖျား လောက်တော့ စွမ်းနေရပါမယ် ။
မီဒီယာသမားလေးတွေက စိတ်စေတနာဘဲရှိပြီး ငယ်လွန်းကြတော့ ၀န်ထမ်းဆိုးတွေရဲ့ လှည့်ကွက်ကို မသိနိုင်ပါဘူး ။ နိုင်ငံရေးသမား အများစုကလည်း လည်လည်ရှုပ်ရှုပ် သိပ်မသိကြဘူး ။ ဒီတော့ ၀န်ထမ်းဆိုး ကို ဘယ်လိုထိန်းကြမလဲ ။

No comments:

Post a Comment