Tuesday, September 25, 2012

KIO မှ အူလန်ပါမြို့နယ်မှူး မန်ဝိန်းကြီးကျေးရွာတွင် အရပ်သား ၁၂ ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

KIO မှ ဆရာကြီး ဘရန်အောင်နှင့် အဖွဲ့ဝင်(၅)ယောက်ခန့်သည် စက်တင်ဘာလ(၂၂)ရက်နေ့ ည(၁၁)နာရီ၌ မန်ဝိန်းကြီး ကျေးရွာ(၅)ရပ်ကွက်ရှိ ဦးနေထွန်း၏နေအိမ်တွင် ဦးနေထွန်းနှင့် သူ၏သူငယ်ချင်းဖြစ်သူ
ဦးအိုက်ထွန်း တို့နှစ်ဦးတို့အား မူးယစ်ဆေးဝါးသုံစွဲနေစဉ်တွင် ဖမ်းဆီး၍ မံမွန်းကျေးရွာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါတယ်။

ဦးအိုက်ထွန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး သူ၏သူငယ်ချင်းဖြစ်သူ ဦးနေထွန်း၏ နေအိမ်သို့ လာရောက်လည်ပတ်စဉ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။
ဖမ်းဆီးစဉ်တွင် ဦးနေထွန်းနှင့် ဦးအိုက်ထွန်းတို့၏ ခရီးဆောင်အိတ်များကိုပါ ဆိုင်ကယ်သုံးစီဖြင့် တစ်ပါတည်းသိမ်းဆည်း ယူဆောင်သွားခဲ့ကြောင်း ဆရာကြီး ဘရန်အောင်နှင့် အဖွဲ့သည် ယခင်ကတည်းက မံမွန်းကျေးရွာနှင့် မန်းဝိန်ကြီးကျေးရွာပတ်ဝန်းကျင်တို့တွင်လူသစ်စုခြင်း၊ဆက်ကြေးကောက်ခြင်းများ  ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်ကြောင်းမံမွန်ရွာသားတစ်ဦး ပြောကြားခဲ့ပါတယ်။
စက်တင်ဘာလ(၂၃)ရက်နေ့ ညပိုင်းတွင်လည်း ဘရန်အောင်နှင့် KIA မှ (၁၅)ဦးခန့် မန်းဝိန်ကြီးရွာ ရပ်ကွက်(၁/၂/၅) တို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများအား ဖမ်းဆီး၇န်ဟု အကြောင်းပြကာ မန်ဝိန်းကြီးကျေးရွာတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ရွာသား(၁၀)ဦးအား ထပ်မံဖမ်းဆီးခဲ့သည်။ ဖမ်းဆီးပြီးနောက် ၂၄-၉-၂၀၁၂ ရက်နေ့ နေ့လည်ပိုင်းတွင် ဖမ်းဆီးထားသော ရွာသားများအား ခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။
KIA တို့သည် ရွာသားများအား မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘိန်းဖျက်စခန်း သို့ ပို့ဆောင်ပြီး ဘိန်းဖျက်ပြီးပါက လူသစ်အဖြစ်အသုံးပြုလျက်ရှိကြောင်း သိရပါတယ်။ ယခုဖမ်းဆီးသွားသူများအားလည်း ထိုသို့လူသစ်အဖြစ်သုံးစွဲမည်ဟု ထင်ကြောင်း ရွာသားတစ်ဦးက ပြောကြားခဲ့ပါတယ်။
``သူတို့က ဒီလိုဘဲ လူသစ်လိုရင် ဘိန်းသုံးတယ်ဆိုပြီး အရင်ကတည်းက လိုက်ဖမ်းနေတာ၊ ခုဖမ်းသွားတာလည်း ဒီလို လူသစ်စုဖို့အတွက်ဘဲ ဖြစ်မှာပေါ့၊ ကချင်လူထုကလည်း KIA ထဲကိုမ၀င်တော့ဘူးလေ ဒါကြောင့် သူတို့ကဒီလိုလူသစ်စုမှရတော့မှာပေါ့´´ ဟု KDN သို့ ပြောကြားခဲ့ပါတယ်။ 
From-ကချင်နေစဉ်သတင်း

No comments:

Post a Comment