Thursday, February 12, 2015

တိုက်ပွဲဝင်တပ်မတော်သားများကို ဂုဏ်ပြုသောအားဖြင့် စစ်ဝတ်စုံ၊ မြန်မာဝတ်စုံများဖြင့် ဓါတ်ပုံရိုက် ဖေ့စ်ဘွခ်တင်မယ်ဆိုတဲ့ ဇာဇာထက်


ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း လောက်ကိုင်တွင် တိုက်ပွဲဝင်နေသည့် တပ်မတော်သားများအား ဂုဏ်ပြုသောအားဖြင့် စစ်ဝတ်စုံ ၊ မြန်မာဝတ်စုံများ ရိုက်ကာ ဖေ့စ်ဘွခ်တင် သွားမည်ဖြစ်ကြောင်း Sexy မော်ဒယ် ဇာဇာထက် က News Watch ဂျာနယ်သို့ပြောသည်။
“အစ်မအမြဲတမ်း sexy ပုံရိုက်တယ်။ အစ်မက sexy ပုံကို Professional ရိုက်တယ်။ ဒါပေမဲ့ အခု ကိုယ်မလုပ်နိုင်တဲ့အရာတွေကိုလုပ်တဲ့အတွက်ရယ် မြန်မာလူမျိုးဖြစ်တဲ့အတွက်ရယ် တိုက်ပွဲဝင်တဲ့ ရဲဘော်တွေအတွက် ဘုရား သွားမယ်။ ကောင်းမှုကုသိုလ်တွေကို တတ်နိုင်တဲ့ဘက်က ပြုလုပ်ပေးမယ်။ ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ နေ့တိုင်း တပတ်လုံးလုံး မြန်မာဝတ်စုံလေး တွေကို ရိုက်ပြီး Facebook တင်မှာပါ။ စစ်ဝတ်စုံနဲ့ အလှမပြင်ဘဲ အလေးပြု တဲ့ပုံကို ရိုးရိုးလေးပဲရိုက်ပြီးတင်မှာပါ။” ဟု ၄င်းကပြောသည်။

ဇာဇာထက်သည် ၀တ်လစ်စားလစ်ပုံများဖြင့် အင်တာနက် လူမှုကွန် ယက်စာမျက်နှာများတွင် အောင်မြင်နေသည့် ဓါတ်ပုံမော်ဒယ်တဦးဖြစ်ပြီး ၄င်းအနေဖြင့် ယခုဖြစ်ပွားနေသည့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း လောက်ကိုင်စစ်ပွဲတွင် လိုအပ်လာလျှင် လက်နက်စွဲကိုင်၍ တိုက်ပွဲ ၀င်သွား မည်ဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောသည်။ ထို့ပြင် သူမ၏ဖေ့စ်ဘွခ်ပေါ် တွင် “နိုင်ငံနဲ့ပတ်သတ်လာရင် တာဝန်ထမ်းဆောင်ဖို့အမြဲ အဆင် သင့်ပဲ။ ကြိုက်တဲ့အချိန်လာ ခေါ်လို့ရတယ်”ဟုလည်း ရေးသားထားသည်။
“နည်းစနစ်ကျကျ သင်ထားတာ မဟုတ်ပေမဲ့ တကယ်လိုအပ်ရင်တော့ တိုင်းပြည်နဲ့ပတ်သတ်လာရင် ပစ်သင့်ရင်ပစ်ရမယ်။ ထမ်းသင့်ရင်ထမ်းရမယ်။ အများ မိုးခါးရေးသောက်ရင် သောက်ရမယ်။ ဒါကတော့ ကိုယ့်ရဲ့ရဲရင့်တဲ့စိတ်ဓါတ်ပဲ၊ အပြောလား လက်တွေ့လား ဆို တာကို ပရိတ်သတ်ကြီးကို စောင့်ကြည့်စေချင်တယ်။ အရေးကြီးရင် သွေး စည်းရမဲ့ဆိုတဲ့ အဓိပ္ဗါယ်ရှိတယ်။ ကိုယ့်နိုင်ငံကို သူများကလာပြီး အုပ်ချုပ်မယ် ဆိုရင် အကုန်လုံးက ပေါင်းစည်းပြီးတော့ တိုက်ထုတ်ရမှာပဲလေ။” ဟု ဇာဇာထက် က ပြောသည်။ ယခု ၄င်း၏ ကိုယ်ပိုင်ဖေ့စ်ဘွခ် Profile အား လည်း ငြိမ်းချမ်းရေး အလံပုံ ပြောင်းထားသည်။
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းလောက်ကိုင် တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဗိုလ်ကြီး ပြည့်ဖြိုလင်း၊ဗိုလ်ကြီးအောင်ကျော်မြင့်၊ ဗိုလ် လှမျိုး တို့အနက် ဗိုလ်ကြီး အောင်ကျော်မြင့် နေအိမ်သို့သွားရောက်ကာ ကျန်ရစ်သည့် မိသားစုများအား ထောက်ပံ့ကြေးအလှူငွေ ပေးအပ်သွားရန်ရှိကြောင်းလည်း သူမ က ပြောသည်။
နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

10 comments:

  1. ရှေ့တန်း လိုက်သွားပါ။ တကယ်လိုအပ်နေလို့ပါ။

    ReplyDelete
  2. ညီမလေး ထမိန်အစုတ်တွေမရှိဘူးလား။မင်းမော်ကွန်း၊ နေတိုး တို့ အမျိုးသမီးအတွင်းခံတံဆိပ်နဲ့ အငြိမ့် အဖွဲ့ ကိုခေါင်းအုံးလုပ်အိပ်ခိုင်းမလို့ ။တိုင်းပြည်အပါ် မိန်းမတယောက်လောက်မှအသိတရားမရှိတဲ့ ကောင်တွေ။သူတို့ ရဲ့ ဘ၀ကိုသနားတယ်။ဒီကောင်တွေရဲ့ ဘ၀ဟာသူများအကြောင်းမကောင်းပြောမှထမင်းစားရမဲ့ ဘ၀ဆိုတာနားလည်လိုက်ပြီ။နိုင်ငံနဲ့ ပတ်သက်လာယင်တာဝန်ထမ်းဆောင်ဖို့ အမြဲအဆင်သင့် ပဲကြိုက်တဲ့ အချိန်လာခေါ်ဆိုတာ၊ညီမလေးရဲ့  ရဲစွမ်းသတ္တိကိုလေးစားပါတယ်။ ပထွေးကိုအဖေလုပ် ကျွန်ဆော်နံ နေတဲ့ ကောင်တွေရဲ့ စိတ်ဓါတ်နဲ့ ညီမလေးရဲ့ စိတ်ဓါတ်က မိုးနဲ့ မြေလိုကွာခြားပါတယ်။ငါတို့ နိုင်ငံသားတွေမှာညီမလေးလိုစိတ်ဓါတ်ပိုင်ရှင်များများရှိဖို့ လိုတယ်။
    ညီမလေးဇာဇာထက်အားအစဉ်လေးစားလျှက်............

    ReplyDelete
  3. ကိုမေကိုလိုး ဟားငါးကောင်ပါ အစ်မကြီးစပတ် ၇ရက်လောက်ရေမဆေးပဲယက်ခိုင်းရမှာ။သူများရီမှထမင်းစားရမဲ့ ကောင်တွေ။သူမျာကိုပုတ်ခတ်ပြီးရီစရာလုပ်တာ
    အရမ်းအောက်တန်းကျတဲ့ ကောင်တွေ။ညီမလေးလုံချည်နဲ့ မတန်ဘူး ဖာသယ်မလုံချည်ခေါင်းအုံးအိပ်ခိုင်းရမှာ။

    ReplyDelete
  4. အပေါ်ဆုံးကကောင် မင်းအမေ မင်းနှမ မင်းကြီးတော်ကို ရှေ့ တန်းထည့် လိုက်ပါလား။

    ReplyDelete
  5. နာရေးကူညီမှူ့  ခေါင်းစဉ်တပ်ပြီး နိုင်ငံရေးလုပ်နေတဲ့ ကျော်သူ၊မြောက်ပင့် ပေးနေတဲ့ ဇာဂနာ မင်းတို့ စိတ်ဓါတ်နဲ့  ဇာဇာထက်စိတ်ဓါတ်ဘယ်လိုကွာတယ်ဆိုတာ နားလည်သဘောပေါက်ပါ။လူတယောက်ရဲ့ စိတ်ဓါတ်ကရုပ်ကိုပြောင်းစေတယ်ဆိုတာသဘောပေါက်ပါ။မင်းနဲ့ ခောတ်ပြိုင် မင်းသားစိုးသူက မင်းသားရုပ်ပဲ။မင်းကတော့ သူတောင်းစားရုပ်ဖြစ်နေပြီ။

    ReplyDelete
  6. ငါတို့ မြန်မာပြည်မှာ အပြောတမျိုး အလုပ်တမျိုး ခေါင်းစဉ်တပ်တာတမျိုး ဒီမိုကရေစီယောင်ယောင်လုပ်နေတဲ့ သူတောင်းစားတွေအများကြီးပဲ။

    ReplyDelete
  7. ဇာဇာထက်ပုံမြန်မာ့ သားကောင်းမှာလည်းတင်ပေးပါ။လူထုခေါင်းဆောင်လို့ နာမည်တပ်ထားတဲ့ သူထက်စိတ်ကူးကကောင်းလှချည်လား။ညီမလေးသတင်းကိုဖတ်ရတာ အရပ်သားတယောက်တောင် အားရှိတယ်။တပ်မတော်သားဆိုယင်ဘယ်လောက်ဘားရှိလိုက်မလဲ

    ReplyDelete
  8. ညီလေးရေ ဟားငါးကောင်တင်မကဘူး အကုသိုလ်လုပ်ငန်းလို့  ဓမ္မကထိကတွေကသတ်မှတ်ထားတဲ့ အလုပ်တွေကိုလုပ်နေတဲ့ ဒီမိုကရေစီအရေခြုံတွေ၊စာမှူခလေးရဖို့ အသည်းအသန်လုပ်နေတဲ့ လေးဘက်ထောက်မီဒီယာတွေ၊သမိုင်းလိမ်လူသတ် ကျောင်းသားအမည်ခံတွေ၊ဆန့် ကျင်ဖက်လုပ်လို့ ဘာညာဒေါက်တာဘွဲ့ ရတွေ၊ဟိုကွန်ယက် ဒီကွန်ယက်တွေ အားလုံးကို ရေမဆေးပဲနေ့ တိုင်းယက်ခိုင်းရမှာ။ငါတို့ မြန်မာပြည်မှာကျွန်ဆော်နံတဲ့ လူတွေများလေလေ တိုင်းပြည်အနာဂါတ်အတွက်စိုးရိမ်ရလေပဲ။မှန်ပါပေတယ်လူထုခေါင်းဆောင်ဆိုသူထက်စိတ်ကူးကောင်းတာ။

    ReplyDelete
  9. ဘယ်တက္ကသိုလ်မှဆက်မတက်ပဲဘွဲ့ တွေရထားတဲ့  ဒေါက်တာကျော်သူကို သူတောင်းစားရုပ်လို့ မပြောပါနဲ့ ခင်ဗျ။ဒွန်းစဏားရုပ်လို့ ပြောပါခင်ဗျ။

    ReplyDelete
  10. ဘာစစ်မှမတိုက်လဲ သူရဘွဲ့ ပါပေးသင့် တယ်။အမျိုးသမီးစိတ်ကူးဥာဏ်လေးနဲ့ ရဲစွမ်းသတ္တိရှိလို့ ပါ။

    ReplyDelete