Sunday, October 14, 2012

အမေရိကန် B-2 ဗုံးကြဲလေယာဉ်များ နည်းပညာမြှင့်တင်မှု ပြုလုပ်မည်



အမေရိကန် B-2 ဗုံးကြဲလေယာဉ်များ နည်းပညာမြှင့်တင်မှု ပြုလုပ်မည်
 အမေရိကန် လေတပ်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် B-2များအတွက် ဆက်သွယ်ရေးနှင့် လက်နက်သယ်ယူမှု စနစ်များ ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်နေကြောင်း သိရသည်။ အမေရိကန် လေတပ်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် B-2များအတွက် ဆက်သွယ်ရေးနှင့် လက်နက်သယ်ယူမှု စနစ်များ ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်နေကြောင်း သိရသည်။ Northrop Grumman ကုမ္ပဏီက မြန်နှုန်းမြင့် Processing စနစ်သစ် တစ်ခုအတွက် Softwareရော၊ Hardwareပိုင်းပါ မြှင့်တင်မှုကို ပြုလုပ်သွားမည်ဟု အတည်ပြုခဲ့သည်။

လေတပ်၏ ကန့်သတ် အရေအတွက်ဖြင့် တည်ဆောက်ထားသည့် B-2 အမျိုးအစား လေယာဉ်များတွင်သာ အဆိုပါ စနစ်ကို မွမ်းမံခြင်း ဖြစ်သည်။ B-2များသည် ဂြိုဟ်တု ကွန်ရက် ဆက်သွယ်မှု ကြိမ်နှုန်းမြင့် ဖမ်းယူချိတ်ဆက်လာနိုင်မည် ဖြစ်ပြီး ယင်းအတွက် ဒေါ်လာ (၁၀၈)သန်းမျှ ကုန်ကျဖွယ် ရှိနေသည်။ ထို့အပြင် လေယာဉ်အတွင်း ကွန်ပျူတာ အချက်အလက်များ လျင်မြန်စွာ တွက်ချက်နိုင်ရန် Fiber-Optic ကြိုးများ အစားထိုး တပ်ဆင်သွားရန်လည်း လေတပ်က စီစဉ်ထားသည်။

Northrop Grummanက ထုတ်လုပ်သော B-2လေယာဉ်များကို ကမ္ဘာပေါ်တွင် အမေရိကန် လေတပ် တစ်ခုတည်းကသာ ပိုင်ဆိုင်သည်။ ကာလပေါက်ဈေး တစ်စင်းလျှင် ဒေါ်လာ (၁)ဘီလျံကျော် တန်ဖိုးရှိသည့် လေယာဉ်များကို (၁၉၉၇)ခုနှစ် ကတည်းက စုစုပေါင်း (၂၁)စင်းထိ တည်ဆောက်ခဲ့ပြီး ကိုဆိုဗို၊ အီရတ်၊ အာဖဂန်နစ္စတန်နှင့် လစ်ဗျား စစ်ပွဲများတွင် အသုံးပြုခဲ့သည်။ (၂၀၀၈)ခုနှစ်က B-2တစ်စင်း ပြေးလမ်းမှ အတက်တွင် ပျက်ကျခဲ့သည့်နောက် လတ်တလောတွင် အမေရိကန် လေတပ်၌ B-2 အစင်း(၂၀)သာ ရှိတော့ကြောင်းလည်း သိရှိရသည်။
from - Planet

No comments:

Post a Comment