Tuesday, October 9, 2012

“မိုးပျံရထားလမ်းတည်ဆောက်ရေး လုပ်ငန်းခွင်သေဆုံးမှုကုမ္ပဏီမှ ဘတ်တစ်သိန်းပေးလျှော်”


အောက်တိုဘာ ၈ -အောင်ခန့်
           ဘန်ကောက်မြို့ ဖက်ကဆင်လမ်းမကြီး စရန်တက္ကသိုလ်အနီး မိုးပျံမီးရထားလမ်းဆောက် လုပ်ရေး လုပ်ငန်းခွင်တွင်းငြမ်း စင်ပေါ်မှ  ပြုတ် ကျသေ  ဆုံးမြန်မာ အလုပ်သမားတစ်ဦး အတွက် ကျန်ရစ်သူဇနီးအား Subpen Company Limited မှ လျှော်ကြေးဘတ်ငွေ တစ်သိန်းပေးကြောင်း သိရှိရသည်။
              သေဆုံးသွားသူအတွက်နစ်နာကြေးဘတ်၁သိန်းကိုကူညီရေးဆရာတော်ဦးဇောတိက  မြန်မာ

အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင့် နှင့် ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံသား များ အဖွဲ့ MAT တို့၏ဆောင်ရွက် မှုကြောင့် ယနေ့တွင် ရရှိခဲ့သည်။
        သေဆုံးသူမှာပဲခူးတိုင်း၊ ကျောက်ကြီးမြို့ နယ်၊  ညောင်ပင်သာရွာမှ အသက် (၃၈ နှစ်) ကိုဇော်မင်းဦး   ဖြစ်သည်။ သေဆုံးသူမှာ နဝရတ်ကုမ္ပဏီမှ MOU ဖြင့် ထိုင်းနိုင်ငံသို့ ဇွန်လ ၅ ရက်နေ့က ရောက်ရှိ လာခဲ့ သူဖြစ်သည်။      ထိုပန်းရံဆိုဒ်တွင် ၃ လကြာလုပ်ခဲ့ပြီး စက်တင် ဘာလ ၂၃ ရက်နေ့ ညဘက်အလုပ်အလုပ်နေ စဉ် ညဥ့်၁နာရီခွဲ ခန့်တွင် ငြမ်းစင်ပေါ်မှ ပြုတ်ကျသေ ဆုံးသွားခဲ့သည်။
     သေဆုံးသူ ကိုဇော်မင်းဦးတွင် အသက် (၃၄ နှစ်) အရွယ် ဇနီးဖြစ်သူမရီသန်းနှင့် သမီး မသန်းသန်းဌေး အသက် (၁၅ နှစ်)၊ သား မောင်ကျော်သက်ဦး အသက် (၁၂ နှစ်)၊ သား မောင်ဖြိုးသီဟ အသက် ( ၉နှစ်)တို့ သားသမီး ၃ ယောက်ကျန်ရှိခဲ့သည်။
    သေဆုံးသူ၏ ဇနီးဖြစ်သူ မရီသန်းက “ကျမယောက်ျားသဂြိုဟ်တဲ့နေ့က ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ဘတ်ငွေ သုံးသောင်းနစ်နာ ကြေးပေးမယ် ကျေနပ်မလားလို့မေးတော့ ကျမက လက်မခံနိုင်ဘူးလို့ ပြော လိုက် ပါတယ်။ ၀ပ်တလုံးဘုန်းတော်ကြီးကျောင်းမှ ကူညီရေးဆရာတော် ဦးဇောတိက ထိုင်းနိုင် ငံရောက်   မြန်မာနိုင်ငံသား များအဖွဲ့ MAT အဖွဲ့ကို  သွားရောက်ကူညီ တောင်းခဲ့ပါတယ်။
  MAT အဖွဲ့ရဲ့အကူညီနဲ့ မြန်မာသံရုံးကို သွားခဲ့ရာ   မြန်မာသံရုံး အလုပ်သမားအရာရှိ ဦးကျော်ကျော် လွင် က ဘတ်တစ်သိန်းပေး ရင် ကျေနပ်မလားလို့ မေးတယ်။ ကျေနပ်ပါတယ် လို့ပြောခဲ့ပြီး ကျန်တာတော့ ကျမဘာမှ မသိတော့ဘူး”ဟု သူမကပြောသည်။
ယခုကိစ္စကို ကူညီဆောက်ရွက်ပေးခဲ့သော MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက “MOU နဲ့လာ ကြ တဲ့ အလုပ်သမားတွေဟာ ကိုယ်လာတဲ့ ကုမ္ပဏီရဲ့နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ မိမိကို တင်ပိုလိုက်သော ပွဲစားများရဲ့ ဖုန်းနံပါတ်ကိုသိဖို့လို့ပါတယ်။ နောက်ပြီး ထိုင်းနိုင်ငံကိုရောက်ရင်လဲ ကိုယ်အလုပ်လုပ်တဲ့ အလုပ်ရုံရဲ့နေရပ် လိပ်စာ၊ ဆယ်သွယ်ရမယ့် ဖုန်တွေကို သိဖို့အရမ်းအရေးကြီး ပါတယ်။ ပြဿနာဖြစ်လို့ အကူညီလာတောင်းပြီ ဆိုရင် အချက်အလက်တွေမေးရင် ဘာတစ်ခုမှမသိဘူး အရမ်းစိတ်ပျက်ဖို့ကောင်း ပါတယ်” ဟုပြောဆိုခဲ့သည်။
              ထိုင်းနိုင်ငံအတွင်း နှစ်နိုင်ငံသဘောတူညီမှုနားလည်မှုစာချွန်လွှာ MOU ဖြင့် ထိုင်းနိုင်ငံ အတွင်း သို့ မြန်မာအစိုး ရနှင့် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများက တင်ပို့ထားပြီးဖြစ်သည်။
သို့ရာတွင် နယ်စပ်တွင် ချုပ်ဆိုသော စာချုပ်ပါစည်းကမ်းချက်များကို ချိုးဖေါက်ခံရခြင်း၊  ကိုယ်လက် အင်္ဂါ ချွတ် ယွင်းပျက်စီးခြင်းနှင့် အသက်သေဆုံးမှုများအတွက် တိကျသည့် နစ်နာကြေးသတ်မှတ်မှုများ မရှိခြင်း၊ MOU လုပ်ငန်းခွင့်တို့သို့ ဝင်ရောက်စစ်ဆေးခြင်းမျိုးတို့မရှိခြင်းတို့ကြောင့်  အကူညီပေးသူများအခက်အခဲ ကြုံရကြောင်း MAT အဖွဲ့ ကပြောသည်။
        MOUကုမ္ပဏီများမှပွဲစားများသည်  မြန်မာနိုင်ငံအနှံ့အပြားတို့သို့ သွားရောက်လျှက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် အလုပ်သမားများအား မြူဆွယ်စည်းရုံးလျှက်ရှိသည်။ နယ်စပ်တွင် ချုပ်ဆိုသော စာချုပ်ပါစည်းကမ်းများဖြင့် ကိုက်ညီမှုမရှိ၍ ဖြစ်စေ၊ မူလသတ်မှတ်ထားသည့် အလုပ်မဟုတ်၍ဖြစ်စေ၊ ပတ်စပို့စာအုပ်ဖိုးကျေပြီးနောက်ဖြစ်စေ MOU ဖြင့်လာသည့်ပတ်စပို့များမှာ နယ်စပ်တွင် ချုပ်ဆိုသည့် ကုမ္ပဏီမှလွဲ၍ အခြားအလုပ်ရုံများတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်မရရှိပါ။ MOU စည်းကမ်းချက် များတွင် အကြောင်းကြောင်းကြောင့် အလုပ်သမားများအား နယ်စပ်သို့ ပြန်လည် ပို့ဆောင်မည်ဟု ပါရှိသော်လည်း အလုပ်သမားများ မူလက ပေးချေခဲ့သည့် ပွဲစားခများ ဖြတ်တောက်ငွေများအား ပြန် လည်ပေးဆောင်မည်ဟူ၍လုံးဝမပါရှိကြောင်း အလုပ်သမားရေးကျွမ်းကျင်သူများကပြောသည်။
From-ရွှေလုပ်သားဂျာနယ်

No comments:

Post a Comment