Saturday, October 13, 2012

ရခိုင်တက္ကသိုလ်ကျောင်းသားများ ဆန္ဒထုတ်ဖော်ပွဲနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်






530193 458286920869125 1870883242 n 






စစ်တွေမြို့ပေါ်ရှိ အဝေးသင်တက္ကသိုလ်(စစ်တွေ)၊ နည်းပညာ တက္ကသိုလ်ကျောင်းသူကျောင်းသားများစုပေါင်း၍ ဆန္ဒထုတ်ဖော်တောင်းဆိုမှုနှင့် သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဝေးသင်ကျောင်းသားတက်ကြွလှုပ်ရှားသူတစ်ဦးက "အခုပြောနိုင်တာကတော့ ကျွန်တော်တို့စစ်တွေက တက္ကသိုလ်ကျောင်းကိုသွားတဲ့လမ်းပေါ်၊ လမ်းဘေးက ဘင်္ဂလီရွာတွေကို အမြန်ဆုံးနောက်ဆုတ်ပေးဖို့ရယ်၊ အဲဒီတက္ကသိုလ်ကျောင်းလမ်းတွေကို ချောမွေ့ကောင်းမွန်အောင် ပြုပြင်ပေးဖို့ရယ်၊ တက္ကသိုလ်ကျောင်းတွေ ပတ်ဝန်းကျင်က ဘင်္ဂလီရွာတွေနေရာမှာ ကျောင်းသူကျောင်းသားတွေအတွက် အစိုးရအဆောင်တွေ အစားထိုးဆောက်လုပ်ပေးဖို့ရယ် စတာတွေပါဝင်တဲ့  အချက်ငါးချက်ကို  နိုင်ငံတော်သမ္မတကြီးဆီ ကျောင်းသားတွေ လက်မှတ်ရေးထိုးပြီးတော့(၁၄)ရက်နေ့မှာ တင်ပါမယ်၊ အဲဒီနေ့မှာပဲ မီဒီယာတွေ၊ ပါတီတွေ၊ လူမှုရေးအသင်းအဖွဲ့တွေကိုဖိတ်ပြီး တောင်းဆိုချက်တွေကို သတင်းစာရှင်းလင်းပွဲလုပ်မှာပါ။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အကြောင်းကြားတာ၊ အရေးယူဆောင်ရွက်ပေးတာ တစ်စုံတစ်ရာမရှိဘူးဆိုရင် ရခိုင်ကျောင်းသားထုတစ်ခုလုံး အနေနဲ့ ကြီးမားတဲ့ တောင်းဆိုဆန္ဒဖော်ထုတ်ပွဲတစ်ခုကိုပြုလုပ်သွားပါမယ်"ဟု ပြောသည်။
စစ်တွေမြို့တွင် တက္ကသိုလ်ကျောင်းများသည် ဘင်္ဂလီရွာတွေအနီး မြို့အပြင်မှာတည်ရှိပြီး ပညာသင်ကြားဆည်းပူးနေသော ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများအတွက် စိုးရိမ်ဖွယ်ဖြစ်နေကြောင်းသိရသည်။

No comments:

Post a Comment