Monday, October 1, 2012

ဆီးရီးယားအတိုက်အခံများက အစိုးရ၏ဓာတုလက်နက်ထားရှိရာ နေရာများကိုဖော်ပြသည့် ဗီဒီယိုဖိုင်များလွှင့်တင်

120928105429-syria-chemical-weapons-sat-photo-story-topဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်အစိုးရသည် ဓာတုလက်နက်များအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို အတိုက်အခံများက စတင်အာရုံစိုက်လာနေပြီး ယင်းလက်နက်များထားရှိရာ နေရာများကိုပြသသည့် ဗီဒီယိုများအား အတိုက်အခံများက YouTube တွင် လွှင့်တင်ခဲ့ကြောင်း သိရသည်။

ယင်းဗီဒီယိုများကို ဇူလိုင်လတွင် စတင်လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းဗီဒီယိုပြုလုပ်သူများက Google Earth၏ ဂြိုဟ်တုဓာတ်ပုံများကို အသုံးပြုကာ ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်များ၊ ဒုံးကျည်များကို ထုတ်လုပ်သည့်၊ ထိန်းသိမ်းထားသည့်  ဖြစ်ဖွယ်ရှိသောေ နရာများအားအသေးစိတ်ဖော်ပြထားခြင်း ဖြစ်သည်။
YouTube  တွင်လွှင့်တင်ခဲ့သော ဗီဒီယိုများ၌ ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်အနောက်တောင်ပိုင်းရှိ al-Mazzeh  မြို့ကိုအနီးကပ်ရိုက်ပြခဲ့ ပြီး Mezeh-86 အမည်ရ ယင်းဒေသတွင် လက်နက်သိုလှောင်ရုံတစ်ခုရှိကြောင်း ဖော်ပြခဲ့သည်။ ယင်းသို လှောင်ရုံတွင် ဓာတုလက်နက်များ၊ အရွယ်စုံဓာတုဗုံးများ ထိန်းသိမ်းထားပြီး ယင်းအဆောက်အအုံကို ခရုဇ်ဒုံး ကျည်များဖြင့်ပင် ပစ်ခွဲရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ဗီဒီယိုတွင်ပါဝင်သော အမည်မဖော်သော နောက်ခံစကားပြောသူတစ်ဦးက ပြောကြားခဲ့သည်။
ယင်းအချိန်တွင် ဆီးရီးယားစစ်တပ်မှ ဗိုလ်ချုပ်ဟောင်း Adnan Sillu  က သူသည် ဓာတုလက်နက်များဆိုင်ရာ အကြီးအကဲဖြစ်ခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး အီရန် နည်းပညာရှင်များသည် ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်များဆိုင်ရာ သုတေသနလုပ်ငန်းများကို ကူညီပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းလက်နက်များကို လက်ဘနွန်စစ်သွေးကြွဟစ်ဇ်ဘိုလာအဖွဲ့ထံ ဆီးရီးယားအစိုးရက အလွယ်တကူလွှဲပြောင်း ပေးနိုင်သည်ဟုလည်း Sillu က ပြောကြားခဲ့သည်။
အလက်ပိုမြို့အနီး Al Safir စက်ရုံတွင် ဆီးရီးယားနှင့် အီရန် ကျွမ်းကျင်ပညာရှင်များသည် ဓာတုလက်နက်များဆိုင်ရာ သုတေသနကို ကာလရှည်ကြာ ပူးတွဲလုပ်ဆောင်ခဲ့ကြောင်း Sillu  က ပြောကြားခဲ့သည်။
ယင်းစက်ရုံတွင် ရှုပ်ထွေးသောဥမင်များရှိနေပြီး စကတ်ဒ်ဒုံးကျည်များထားသည့် မြေအောက်ခန်းရှိကြောင်းလည်း သူက ပြောကြားခဲ့သည်။ ထို့ပြင် Sarin ဓာတ်ငွေ့၊ Tabun ဓာတ်ငွေ့နှင့် Mustard ဓာတ်ငွေ့များစသော အဆိပ်ငွေ့ပါသည့် လက်ပစ်ဗုံးများကို စမ်းသပ်တီထွင်မှုပြုလုပ်နေသော ဂိုဒေါင်များလည်းရှိကြောင်း Sillu က ပြောကြားခဲ့သည်။ ဆီးရီးယားအစိုးရ၏ လက်နက်ရုံအများအပြားတွင် အဆိပ်ငွေ့လက်နက်များစွာရှိသည်ဟု တူရကီမှနေ၍ CNN က ဖုန်းဖြင့် အင်တာဗျူးပြုလုပ်ရာတွင် Sillu က ပြောကြားခဲ့သည်။
ဆီးရီးယားဓာတုလက်နက်များဆိုင်ရာအဖွဲ့ခေါင်းဆောင်သည် အီရန်နှင့် မြောက်ကိုရီးယားသို့ အကြိမ်ကြိမ် သွားရောက်ကြောင်းလည်း Sillu က ပြောကြားခဲ့သည်။    
Ref:CNN
From-EMG

No comments:

Post a Comment